Measures Relating to The Railway Transport Service Rules


Domestic Regulations
sr. Rules measures mode remarks
၂ (ဃ)

(ဃ) တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်းခြင်း (Build-Operate and Transfer=BOT) ဆိုသည်မှာ နှစ်ရှည်သဘောတူစာချုပ်ပါစီမံကိန်း သို့မဟုတ် လုပ်ငန်းကို လုပ်ငန်းလုပ် ဆောင်သူက တည်ဆောက်ခြင်း၊ လုပ်ငန်း လည်ပတ်ဆောင်ရွက်ခြင်းနှင့် စာချုပ်သက် တမ်းကုန်ဆုံးချိန်တွင် လုပ်ငန်းလုပ်ဆောင်သူတို့က သက်ဆိုင်ရာသို့ လွှဲပြောင်းပေးခြင်းကို ဆိုသည်၊

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂ (င)

(င) တည်ဆောက်-ပိုင်ဆိုင်-လုပ်ကိုင်-လွှဲပြောင်းခြင်း (Build- Own- Operate and Transfer=BOOT) ဆိုသည်မှာ အစိုးရဌာန၊ အဖွဲ့အစည်းကဲ့သို့ အများပိုင်အဖွဲ့အစည်းနှင့် ပုဂ္ဂလိကအဖွဲ့အစည်းတို့က အများပြည်သူဆိုင်ရာ ကြီးမားသော အခြေခံအဆောက်အအုံ စီမံကိန်းကို ပုဂ္ဂလိကအဖွဲ့အစည်းက ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံ၍ စီမံကိန်း ရေးဆွဲခြင်း၊ တည်ဆောက်ခြင်းပြုလုပ်ပြီး အသုံးပြုသူများထံမှ ငွေကြေးကောက်ခံကာ လုပ်ငန်းလည်ပတ်ခွင့်ကို စည်းကမ်းချက်ဖြင့် စာချုပ်ချုပ်ဆိုစေပြီး ဆောင်ရွက်စေကာ ငွေကြေးအရင်းအနှီးများ ကျေပြီးစာချုပ်သက်တမ်းကုန်ဆုံးသည့်အခါ သို့မဟုတ် အရင်းမကျေသေး၍ တိုးမြှင့်ပေးသည့် သက်တမ်း ကုန်ဆုံးသည့်အခါ သက်ဆိုင်ရာသို့ ပိုင်ဆိုင်မှုကို အဖိုးစားနားမပါရှိဘဲဖြစ်စေ၊ အဖိုးစားနားဖြင့် ဖြစ်စေ သဘောတူညီချက် တစ်ရပ်ရပ်ဖြင့် လွှဲပြောင်းပေးခြင်းကိုဆိုသည်၊

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂ (စ)

(စ) တည်ဆောက်-ပိုင်ဆိုင်-လုပ်ကိုင်ခြင်း (Build - Own and Operate= BOO) ဆိုသည်မှာ သဘောတူစာချုပ်ပါ လုပ်ငန်းစီမံချက်ကို လုပ်ငန်းလုပ်ဆောင်သူက ငွေကြေးအမြောက် အများရင်းနှီးမြှုပ်နှံ၍ တည်ဆောက်ပြီး လုပ်ငန်းစီမံချက်ကို ပိုင်ရှင်အနေဖြင့် ကုန်ကျထား သည့် ငွေကြေးအရင်းအနှီးနှင့် စရိတ်စကများ ပြေကျေစေရန် သုံးစွဲသူများထံမှ အခကြေး ငွေ ဝန်ဆောင်ခရယူလုပ်ကိုင်ဆောင်ရွက်ခြင်းကို ဆိုသည်၊

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂ (ဆ)

တည်ဆောက်-ငှားရမ်း-လွှဲပြောင်းခြင်း (Build - Lease and Transfer-BLT) ဆိုသည်မှာ သဘောတူစာချုပ်ပါ လုပ်ငန်းစီမံချက်ကို လုပ်ငန်းဆောင်ရွက်သူက ငွေကြေးစိုက်ထုတ် ကာ လုပ်ငန်းစီမံချက်ပြီးစီးသည် အထိ တည်ဆောက်ပြီးနောက် လုပ်ငန်းစီမံချက်ပိုင်ရှင် အဖြစ် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းသို့ ကာလသတ်မှတ်၍ ငှားရမ်းခြင်းဖြစ်ပြီး ထိုငှားရမ်းသည့် ကာလ ကုန်ဆုံးသည့်အခါ လုပ်ငန်းနှင့် ပစ္စည်းအားလုံးကို သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းသို့ အဖိုးစားနားမပါရှိဘဲဖြစ်စေ၊ အဖိုးစားနားသတ်မှတ်၍ ဖြစ်စေ သဘောတူညီချက် တစ်ရပ်ရပ်ဖြင့် ပြန်လည်လွှဲပြောင်းပေးခြင်းကို ဆိုသည်၊

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂ (ဇ)

ပုံစံထုတ်-တည်ဆောက်-ငွေကြေးပံ့ပိုး-လုပ်ကိုင်ခြင်း (Design - Build – Finance and Operate = DBFO) ဆိုသည်မှာ နှစ်ရှည် သဘောတူစာချုပ်အရ လုပ်ငန်းလုပ်ဆောင်သူ အား လုပ်ငန်းပိုင်ဆိုင်မှုကို လွှဲပြောင်းမပေးဘဲ လုပ်ငန်းစီမံချက်ကိုသာ လွှဲအပ်လုပ်ကိုင် စေခြင်းဖြစ်ပြီး စီမံကိန်းတစ်ခုခုကို ဒီဇိုင်းရေးဆွဲ ခြင်းမှစ၍ ငွေကြေးရင်းနှီးမြှုပ်နှံကာ တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် လုပ်ငန်းလုပ်ကိုင်စေခြင်းကို ဆိုသည်၊

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂ (ဈ)

(ဈ) ပုံစံထုတ်-ဆောက်လုပ်-စီမံ-ငွေကြေးထောက်ပံ့ခြင်း (Design-Construct-Manage and Finance= DCMF) ဆိုသည်မှာ သဘောတူစာချုပ်အရ အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခု၏ လုပ်ငန်းစီမံချက်နှင့် အတိအကျဖော်ပြထားသော အချက်များကို ဖြည့်ဆည်းပေးရန် ပုဂ္ဂလိက လုပ်ငန်းရှင်က ပုံစံထုတ်ခြင်းမှစ၍ အဆောက်အအုံဆောက်လုပ်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ငွေကြေး စိုက်ထုတ်ထောက်ပံ့ခြင်းတို့ပြုရာတွင် ဖြည့်ဆည်းပေးသည့် ပစ္စည်းများအတွက် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းက ဈေးနှုန်းနှင့် အရည်အသွေး တို့အား ကြီးကြပ်ခြင်းကို ဆိုသည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

ရထားကုမ္ပဏီအဖြစ် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေနှင့်အညီ ဖွဲ့စည်းလိုသူများသည်-

(က) အစုရှယ်ယာဝင်အနည်းဆုံး ၂ ဦးမှ အများဆုံး ၅၀ ဦးထိ ပါဝင်သော အများနှင့် မသက်ဆိုင်သည့်ကုမ္ပဏီ (Private Company) ကို သော်လည်းကောင်း၊ အစုရှယ်ယာဝင် အနည်းဆုံး ၇ ဦးမှ အများဆုံး အကန့်အသတ် မရှိပါဝင်သော အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီ (Public Company) ကို သော်လည်းကောင်း ဖွဲ့စည်းနိုင်သည်၊

(ခ) နည်းဥပဒေခွဲ(က) အရ ဖွဲ့စည်းရာတွင်-

(၁) အစုရှယ်ယာဝင်အားလုံး မြန်မာနိုင်ငံသားများသာပါဝင်ပြီး ကြီးကြပ်စီမံခန့်ခွဲသည့် မြန်မာ ကုမ္ပဏီအဖြစ် ဖွဲ့စည်းနိုင်သည်၊

(၂) အစုရှယ်ယာဝင် အားလုံးဖြစ်စေ၊ တစ်ဦးဦးဖြစ်စေ နိုင်ငံခြားသားပါဝင်သည့် နိုင်ငံခြား ကုမ္ပဏီအဖြစ်သော်လည်းကောင်း၊ ပြည်ပတွင် ဖွဲ့စည်းထားသည့် ကုမ္ပဏီ၏ ရုံးခွဲ သို့မဟုတ် ကိုယ်စားလှယ်ရုံး တည်ထောင် ဖွင့်လှစ်လုပ်ကိုင်သည့် နိုင်ငံခြားကုမ္ပဏီအဖြစ် သော်လည်းကောင်း ဖွဲ့စည်းနိုင်သည်။

(ဂ) နည်းဥပဒေခွဲ(က) နှင့် (ခ)တို့ပါ ကုမ္ပဏီတစ်ခုခုကို သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်း တို့နှင့်အတူ မြန်မာနိုင်ငံကုမ္ပဏီများမှတ်ပုံတင်ရုံးတွင် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်၍ ဖွဲ့စည်းနိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

နိုင်ငံတော်အစိုးရ၏ မတည်ရင်းနှီးငွေပါဝင်သော ရထားကုမ္ပဏီကို ဖွဲ့စည်းလိုသူများသည် နိုင်ငံတော်သမ္မတက အတည်ပြုထားသော သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းတို့နှင့်အတူ ၁၉၅၀ ပြည့်နှစ်၊ အထူးကုမ္ပဏီ အက်ဥပဒေနှင့်အညီ ကုမ္ပဏီများမှတ်ပုံတင်ရုံးတွင် သတ်မှတ်ချက်များ နှင့်အညီ မှတ်ပုံတင်၍ ဖွဲ့စည်းနိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

နည်းဥပဒေ ၃ နှင့် ၄ ပါ ပြဋ္ဌာန်းချက်နှင့်အညီ မှတ်ပုံတင်လက်မှတ်ရရှိပြီး သက်တမ်းရှိသော ရထား ကုမ္ပဏီတစ်ခုခုသည် ရထားပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်လိုပါက လုပ်ငန်းလိုင်စင် မလျှောက်ထား မီ အဆိုပြုရထားလုပ်ငန်းစီမံချက် (Railway Scheme) ကို အောက်ပါလိုအပ်သည့် အချက်အလက် များ ဖော်ပြရေးဆွဲရမည်-

(က) အဆိုပြုရထားလမ်းအမျိုးအစား၊ ရထားအမျိုးအစားနှင့် ရထားပြေးဆွဲပုံစနစ်၊

(ခ) အဆိုပြုရထား ပြေးဆွဲပုံစနစ်၏ ယေဘုယျလမ်းကြောင်း၊ ခရီးလမ်းဆုံနေရာနှင့် ရထား လမ်းကြောင်း အကွာအဝေး အရှည်မိုင်၊

(ဂ) ဖောက်လုပ်ရမည့် ရထားလမ်းသစ်များ၊ တည်ဆောက်ရမည့် ရထားလမ်းမြှောင်များ၊ လမ်းမွှာ များနှင့် ရထားယာဒ်ဝင်းများ၊

(ဃ) လက်ရှိပြေးဆွဲနေသော ရထားလိုင်းများနှင့်ဆက်စပ်၍ ဖောက်လုပ်ရမည့်ရထားလိုင်းများ၊

(င) ရထားကို ထိန်းသိမ်းမောင်းနှင်ရာတွင် ထည့်သွင်းတည်ဆောက်ရမည့်နည်းပညာ၊ လျှပ်စစ်ဓာတ်အားသုံး စနစ်နှင့် အချက်ပြစနစ်၊ ဆက်သွယ်ရေးစနစ်၊

(စ) အသစ်ဆောက်လုပ်မည့် ဘူတာစင်္ကြံများ၊ ၎င်းတို့အတွက် မြေအသုံးချမှုအစီအစဉ်၊

(ဆ) အသုံးပြုမည့်ယာဉ်၊ ရထား၊ ကားတို့၏ ဝင်ထွက်ပုံလမ်းကြောင်း၊

(ဇ) ဆက်စပ်နေသော သယ်ယူပို့ဆောင်ရေး ကွန်ယက်စနစ်၊

(ဈ) ရထားလမ်းကြောင်းတွင် မြစ်၊ ချောင်း၊ တူးမြောင်း၊ လိုဏ်ခေါင်းနှင့် တံတား ရှိ မရှိနှင့် ရှိလျှင် ယင်းတို့၏ အခြေအနေ၊

(ည) အဆိုပြုရထားပြေးဆွဲပုံစနစ်၏ ရထားလမ်းဘေးကင်းလုံခြုံမှုအနေအထား၊

(ဋ) အဆိုပြုရထားခ၊ ကုန်စည်သယ်ဆောင်ခနှင့် ကုန်စည်ပို့ဆောင်မှုစနစ်၊

(ဌ) ရထားလမ်းအခြေအနေ၊ ရထားကုမ္ပဏီက တာဝန်ယူဆောက်လုပ်ရမည့် သို့မဟုတ် အဆင့်မြှင့်တင်ပေး ရမည့် ရထားလမ်း၊ ရထားလမ်းအစိတ်အပိုင်းနှင့် တံတား၊

(ဍ) ရထားလမ်းကြောင်းတွင် မြန်မာ့မီးရထားပိုင်မဟုတ်သည့် မြေအမျိုးအစား (အစိုးရက စီမံခန့်ခွဲပိုင်ခွင့် ရှိသောမြေ၊ အစိုးရဌာန၊ အဖွဲ့အစည်းပိုင်မြေ၊ လယ်ယာမြေ၊ မြေလွတ်၊ မြေရိုင်း၊ ပုဂ္ဂလိကပိုင်မြေ သို့မဟုတ် အခြားမြေအမျိုးအစား)နှင့် မြေပိုင်ဆိုင်မှု၊ မြေစီမံခန့်ခွဲမှု အနေအထား၊

(ဎ) မသန်စွမ်းသူများ လွယ်ကူအဆင်ပြေစွာ လိုက်ပါစီးနင်းနိုင်မည့်အစီအမံများ၊

(ဏ) အဆိုပါ ရထားလမ်းကြောင်းနှင့် လက်ရှိရထားလမ်းနှင့်ပေါင်း၍ ပြေးဆွဲမည့်အစီအစဉ် သို့မဟုတ် သီးခြားရထားလမ်း ဖောက်လုပ်မည့်အစီအစဉ်များ၊

(တ) အဆိုပြုရထားဘူတာများနှင့် တည်းခိုဆောင်များ၊ ယာဉ်ပြင်အလုပ်ရုံများ၊ ကုန်လှောင်ရုံ များ၊ စားသောက်ဆိုင်များနှင့် ဝင်းခြံများပါဝင်သည့်ရပ်နားစခန်းများ၊

(ထ) ရထားစက်ခေါင်းများ၊ ရထားတွဲများ၊ ရထားသံလမ်းများနှင့် အခြားဆက်စပ်သည့် ပစ္စည်းများ ထုတ်လုပ်ခြင်း၊ တပ်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း အစီအစဉ်များ၊

(ဒ) ရင်းနှီးမြှုပ်နှံမှုပြုရာတွင် ပြည်တွင်းအဖွဲ့အစည်း၊ ပြည်ပအဖွဲ့အစည်းတို့၏ ခန့်မှန်း ရင်းနှီးမြှုပ်နှံမည့် ငွေပမာဏ၊

(ဓ) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက သတ်မှတ်သည့် အခြားလိုအပ်ချက်များ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၀

ရထားကုမ္ပဏီသည်-

(က) နည်းဥပဒေ ၅ နှင့်အညီ ရေးဆွဲထားသည့် အဆိုပြုရထားလုပ်ငန်းစီမံချက်ကို အတည်ပြု ချက်ရရှိရန် သတ်မှတ်ထားသော စိစစ်ရေးနှင့် ကွင်းဆင်းစစ်ဆေးခပေးသွင်း၍ ဗဟို ကြီးကြပ်ရေး အဖွဲ့သို့ ပုံစံ(၁) ဖြင့် လျှောက်ထားရမည်။ ထိုပုံစံ(၁)လျှောက်လွှာတွင် ရုံးခွန်အက် ဥပဒေနှင့်အညီ ရုံးခွန်တံဆိပ်ခေါင်းကပ်ရမည်၊

(ခ) နည်းဥပဒေခွဲ(က) အရ လျှောက်ထားရာတွင် အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

(၁) အဆိုပြုရထားလုပ်ငန်းစီမံချက်၊

(၂) အဆိုပြုရထားလမ်းကြောင်းမြေပုံ၊

(၃) ရထားကုမ္ပဏီ၏ ကုမ္ပဏီဖွဲ့စည်းခွင့်မှတ်ပုံတင်ကဒ်ပြား၊ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့ စည်းမျဉ်း၊ အစုရှယ်ယာထည့်ဝင်မှု စာရင်းပုံစံ(၆)နှင့် ကုမ္ပဏီဒါရိုက်တာ အဖွဲ့ဝင်စာရင်းပုံစံ (၂၆)တို့ ၏ ဓာတ်ပုံမိတ္တူများ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁

နည်းဥပဒေ ၆ အရ လျှောက်ထားသည့် ရထားကုမ္ပဏီသည် အဆိုပြုရထားလုပ်ငန်းစီမံချက်ပါ ရထားလမ်းအတွက် မြေအစိတ်အပိုင်းတစ်ခုခုမှာ ပုဂ္ဂလိကပိုင်မြေ သို့မဟုတ် ပုဂ္ဂလိက လက်ရှိ ထားအသုံးပြုသည့်မြေဖြစ်ပြီး ထိုမြေကို အသုံးပြုရန်လိုအပ်ပါက ရထားပို့ဆောင်ရေး လုပ်ငန်းဥပဒေ၊ တည်ဆဲမြေသိမ်းအက်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သိမ်းယူနိုင်ရေးအတွက် အောက်ပါအချက်အလက်များကိုပူးတွဲ၍ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ တင်ပြရမည်-

(က) မြေအမျိုးအစားနှင့် မြေအကျယ်အဝန်း ခန့်မှန်းဧက၊

(ခ) မြေကွက်အမှတ်၊ ကွင်းအမှတ်၊ မြေတိုင်းအမှတ်နှင့် မြေကွက်တည်နေရာလိပ်စာ၊

(ဂ) မြေပိုင်ရှင်၊ မြေလက်ဝယ်ရှိထားသူအမည်နှင့် နေရပ်လိပ်စာ၊

(ဃ) မြေကွက်ရှိ အပင်၊ သီးနှံပင်များနှင့် ခန့်မှန်းကာလတန်ဖိုး၊

(င) မြေကွက်ရှိ အဆောက်အအုံနှင့် ခန့်မှန်းကာလတန်ဖိုး၊

(စ) မြေကွက် ခန့်မှန်းကာလတန်ဖိုး၊

(ဆ) မြေကွက်ပိုင်ဆိုင်မှု အထောက်အထား၊

(ဇ) မြေပုံ၊ မြေရာဇဝင်နှင့် မြေစာရင်း မှတ်တမ်းမိတ္တူများ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၂ ၁၇

ဗဟိုကြီးကြပ်ရေးအဖွဲ့သည် အတည်ပြုထားသည့် ရထားလုပ်ငန်းစီမံချက်ပါ ရထားလမ်းအတွက် ပုဂ္ဂလိကပိုင်မြေကို အများပြည်သူအကျိုးငှာ အသုံးပြုရန် လိုအပ်ပါက ရထားလမ်းအတွက် လိုအပ်သောမြေ၏ ပိုင်ရှင်နှင့် ညှိနှိုင်းဆောင်ရွက်ရန်တင်ပြသည့် ရထားကုမ္ပဏီအား တာဝန်ပေး သည့်အကြောင်းကြားစာကို ထိုရထားကုမ္ပဏီသို့ ပေးပို့ပြီး အကြောင်းကြားစာ မိတ္တူကို သက်ဆိုင် ရာမြေပိုင်ရှင် သို့မဟုတ် မြေအသုံးပြုခွင့်ရသူသို့ ပေးပို့ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၃ ၁၈

သက်ဆိုင်ရာ ရထားကုမ္ပဏီသည် နည်းဥပဒေ ၁၇ အရ ပေးပို့သည့် အကြောင်းကြားစာ လက်ခံ ရရှိသော အခါ -

(က) သက်ဆိုင်ရာမြေပိုင်ရှင်နှင့် တွေ့ဆုံ၍ ထိုမြေကွက်ကို ရထားကုမ္ပဏီ၏ အမည်ဖြင့် ကာလတန်ဖိုးပေး၍ ဝယ်ယူခြင်း သို့မဟုတ် သတ်မှတ်ငှားရမ်းခပေး၍ နှစ်ရှည်ငှားရမ်းခြင်း တို့အတွက် ညှိနှိုင်းပြီး နှစ်ဖက်သဘောတူ ပြုလုပ်သည့် မြေအရောင်းအဝယ်စာချုပ် သို့မဟုတ် နှစ်ရှည်အငှားစာချုပ်ကို သတ်မှတ်ထားသည့်အခွန် တံဆိပ်ခေါင်းကပ်၍ သက်ဆိုင်ရာမြို့နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတွင် မှတ်ပုံတင်ရမည်။ ထိုသို့ မှတ်ပုံတင်ထားသည့် သဘောတူ စာချုပ်မိတ္တူကို ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ တင်ပြရမည်။

(ခ) နည်းဥပဒေခွဲ(က)နှင့်အညီ ကာလတန်ဖိုးပေး၍ ဝယ်ယူခြင်း သို့မဟုတ် ကာလပေါက်ဈေး ငှားရမ်းခပေး၍ နှစ်ရှည်ငှားရမ်းခြင်းပြုသော်လည်း မြေပိုင်ရှင် သို့မဟုတ် မြေအသုံးပြုခွင့် ရသူက ထိုမြေကွက်ကို ရောင်းချရန် သို့မဟုတ် နှစ်ရှည်ငှားရမ်းရန် သဘောမတူ ငြင်းဆိုပါက ရထားလမ်း အတွက်လိုအပ်သည့် ထိုမြေကွက်ကို ရထားပို့ဆောင်ရေး လုပ်ငန်းဥပဒေနှင့် တည်ဆဲမြေသိမ်း အက်ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ အရ မြေသိမ်းယူနိုင်ရန် ဗဟိုကြီးကြပ်ရေး အဖွဲ့သို့ တင်ပြရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၄ ၂၀

မြေသိမ်းအက်ဥပဒေနှင့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများအရ သိမ်းယူသည့်မြေအတွက် လျော်ကြေးသတ်မှတ်ရာတွင် နည်းဥပဒေ ၁၉၊ နည်းဥပဒေခွဲ(ခ)အရ ညှိနှိုင်း၍ နေရာပြန်လည် ချထားသည့်အခါ သင့်လျော်သော လျော်ကြေးတစ်စိတ်တစ်ဒေသကိုသော်လည်းကောင်း၊ နေရာ ပြန်လည်ချထားပေးနိုင်ခြင်းမရှိသည့်အခါ လျော်ကြေးအပြည့်အဝကိုသော်လည်းကောင်း အတည်ပြု ချက်ရရှိသည့် ရထားကုမ္ပဏီကပေးစေရန် ထိုကုမ္ပဏီသို့ အကြောင်းကြားစာ ပေးပို့ရမည်။ ထို့ပြင် ထိုအကြောင်းကြားစာမိတ္တူကို သက်ဆိုင်ရာ မြေပိုင်ရှင် သို့မဟုတ် မြေအသုံးပြုခွင့်ရသူထံသို့ ပေးပို့ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၅ ၂၁

သက်ဆိုင်ရာ ရထားကုမ္ပဏီသည် -

(က) နည်းဥပဒေ ၂၀ အရ အကြောင်းကြားလာသည့်အခါ သတ်မှတ်ထားသည့်လျော်ကြေးကို မြေသိမ်းယူခြင်း ခံရသည့် မြေပိုင်ရှင် သို့မဟုတ် မြေအသုံးပြုခွင့်ရသူအားပေးပြီး ထိုသို့ ပေးပြီး ဖြစ်ကြောင်း အထောက်အထားကို ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ တင်ပြရမည်၊

(ခ) ရထားလမ်းသစ်ဖောက်လုပ်ရေးအတွက် တာပေါင်တိုင်းတာခြင်း၊ မြေဖို့ခြင်း၊ မြေတူးခြင်း နှင့် မြေသယ်ခြင်းတို့ပြုရာတွင် ရထားလမ်းသစ်ဖောက်လုပ်နေသည့်မြေနှင့် သက်ဆိုင်သူများ၊ အနီး ဝန်းကျင်မှပြည်သူများအား အဆင်မပြေမှုနှင့် ထိခိုက်နစ်နာမှုများ မဖြစ်စေရန် နှင့် အပျက်အစီး နည်းနိုင်သမျှ နည်းစေရန် ဆောင်ရွက် ရမည်၊

(ဂ) ရထားလမ်းသစ် ဖောက်လုပ်ရာတွင်ဖြစ်စေ၊ ရထားလမ်းများတပ်ဆင်ရာတွင်ဖြစ်စေ၊ ရထား လမ်းထိန်းအဆောက်အအုံများ ဆောက်လုပ်ရာတွင်ဖြစ်စေ ပေါ်ပေါက်လာသည့် ထိခိုက်နစ်နာမှု၊ ပျက်စီးချို့ယွင်းမှုများ အတွက် နစ်နာသူများအား နစ်နာကြေးပေးရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၆ ၂၂

ရထားလုပ်ငန်းစီမံချက်ကို အတည်ပြုလက်မှတ်ရရှိသော ရထားကုမ္ပဏီသည် အောက်ပါအချက် တစ်ရပ်ရပ်နှင့် ငြိစွန်းခြင်းမရှိလျှင် ရထားပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ရေးအတွက် လုပ်ငန်း လိုင်စင် ရရှိရန် ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ ပုံစံ(၃)ဖြင့် လျှောက်ထားရမည် -

(က) တည်ဆဲလူမွဲအဖြစ်ခံယူခြင်း အက်ဥပဒေအရ လူမွဲအဖြစ် သက်ဆိုင်ရာတရားရုံး၏ ကြေညာ ထားခြင်းမှ လွတ်မြောက်ခွင့်မရသေးသော ရထားကုမ္ပဏီ သို့မဟုတ် ပုဂ္ဂိုလ်၊

(ခ) ရထားကုမ္ပဏီကိုဖြစ်စေ၊ ရထားကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဦးကိုဖြစ်စေ နာမည် ပျက်စာရင်း တင်သွင်းထားခြင်းခံရသူ၊

(ဂ) ရထားကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးဦးအား -

(၁) ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ သို့မဟုတ် ၁၉၆၃ ခုနှစ်၊ အများနှင့် သက်ဆိုင် သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေအရ ပြစ်မှုထင်ရှားစီရင် ခြင်းခံခဲ့ဖူးသူ သို့မဟုတ် ခံနေရသူ၊

(၂) ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု၊ လိမ်လည်မှု စသည့်ကိုယ်ကျင့်တရားနှင့် ပတ်သက်သော ပြစ်မှုတစ်ခုခုဖြြစင့် ပ်မှုထင်ရှား စီရင်ခြင်းခံခဲ့ဖူးသူ သို့မဟုတ် ခံနေရသူ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၇ ၂၃

ရထားကုမ္ပဏီသည် ရထားပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိရန် နည်းဥပဒေ ၂၂ အရ ပုံစံ(၃)ဖြင့် လုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် -

(က) ရထားမတော်တဆမှုဖြစ်ပွားခြင်းကြောင့် သူတစ်ဦးဦး ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှု အတွက် လျော်ကြေးပေးနိုင်ရန် တည်ဆဲဥပဒေနှင့်အညီ သူတစ်ပါးထိခိုက်မှု အာမခံ ထားရှိပြီးဖြစ်ကြောင်း အထောက်အထား မိတ္တူပူးတွဲတင်ရမည်၊

(ခ) လုပ်ငန်းလိုင်စင်လျှောက်လွှာ၌ ရုံးခွန်အက်ဥပဒေနှင့်အညီ ရုံးခွန်တံဆိပ်ခေါင်းကပ်ရမည်၊

(ဂ) ဗဟိုကြီးကြပ်ရေးအဖွဲ့က အတည်ပြုထားသော ရထားလုပ်ငန်းစီမံချက်နှင့်အတူ ထုတ်ပေး ထားသော အတည်ပြုလက်မှတ် ပုံစံ(၂)မိတ္တူ ပူးတွဲတင်ပြရမည်၊

(ဃ) အဆိုပြုရထားလမ်းတွင် ပုဂ္ဂလိကပိုင်မြေကို အသုံးပြုရန် လိုအပ်သည့်ကိစ္စတွင် ထိုမြေကို ကာလတန်ဖိုးပေး၍ ဝယ်ယူခြင်း သို့မဟုတ် နှစ်ရှည်ငှားရမ်းခြင်းပြုသည့်ကိစ္စတွင် မြေအရောင်း အဝယ် မှတ်ပုံတင်စာချုပ် သို့မဟုတ် နှစ်ရှည်မြေငှားရမ်းခြင်း မှတ်ပုံတင် စာချုပ်မိတ္တူ ပူးတွဲတင်ပြရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၈ ၂၇

နည်းဥပဒေ ၂၆ အရ လုပ်ငန်းလိုင်စင်ရရှိသူသည် -

(က) သတ်မှတ်ထားသော လုပ်ငန်းလိုင်စင် စည်းကမ်းချက်များကို လိုက်နာရမည်၊

(ခ) လုပ်ငန်းလိုင်စင်ကို ဗဟိုကြီးကြပ်ရေးအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ လွှဲပြောင်းခြင်းမပြုရ၊

(ဂ) အတည်ပြုထားသော ရထားလုပ်ငန်းစီမံချက်နှင့်အညီ ဆောင်ရွက်ခွင့်ရှိသည်၊

(ဃ) ရထားလမ်းများ အသစ်ဖွင့်လှစ်ခြင်း၊ ပိတ်ခြင်း၊ ပြောင်းလဲပြေးဆွဲခြင်းနှင့် တိုးချဲ့ခြင်းတို့နှင့် စပ်လျဉ်း၍ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၉ ၂၈

လုပ်ငန်းလိုင်စင်ရရှိသော ရထားကုမ္ပဏီသည် -

(က) လုပ်ငန်းလိုင်စင်သက်တမ်းကုန်ဆုံးပြီးနောက် မိမိ၏ လုပ်ငန်းကို ဆက်လက်လုပ်ကိုင် လိုပါက လုပ်ငန်းလိုင်စင်သက်တမ်းမကုန်ဆုံးမီ အနည်းဆုံးရက်ပေါင်း ၆၀ ကြိုတင်၍ လိုင်စင်သက်တမ်း တိုးမြှင့်ပေးရန် ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ ပုံစံ(၅)ဖြင့် လျှောက်ထား ရမည်။

(ခ) နည်းဥပဒေခွဲ(က)အရ လုပ်ငန်းလိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားရာတွင် နည်းဥပဒေ ၂၃၊ နည်းဥပဒေခွဲ(က)၊ (ခ)နှင့် (ဂ) တို့ပါ လိုအပ်ချက်များကို လိုက်နာ ဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၀ ၃၀

ရပ်နားစခန်းလုပ်ကိုင်လိုသည့်ပုဂ္ဂိုလ် သို့မဟုတ် ရထားကုမ္ပဏီတို့သည် ရထားလမ်းကြောင်း တစ်ကြောင်းတည်း ပြေးဆွဲသည့်ရထားဘူတာ အနီးအနားတွင်ဖြစ်စေ၊ ရထားလမ်းဆုံ သို့မဟုတ် ရထားလမ်းနှင့် အဝေးပြေး ခရီးသည်တင်မော်တော်ယာဉ်ဆုံရာ ဘူတာအနီးအနားတွင်ဖြစ်စေ၊ အဝေးပြေးခရီးသည်တင်မော်တော် ယာဉ်များရပ်နားရာ နေရာတွင်ဖြစ်စေ ခေတ္တရပ်နားခြင်း၊ တည်းခိုခြင်း၊ စားသောက်ခြင်း၊ မော်တော်ယာဉ် ပြင်ဆင်ခြင်း၊ ရထားပြင်ဆင်ခြင်း သို့မဟုတ် ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်းတစ်ခုခုအတွက် ဝန်ဆောင်မှုပေး သည့်လုပ်ငန်းတစ်ခုခုကို ဆောင်ရွက်ရန် ရပ်နားစခန်းဖွင့်လှစ်လိုလျှင် လုပ်ငန်းလိုင်စင်ရရှိရန် ဗဟိုကြီးကြပ်ရေး အဖွဲ့သို့ ပုံစံ(၆)ဖြင့် လျှောက်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၁ ၃၁

ရပ်နားစခန်း လုပ်ကိုင်လိုသည့်ပုဂ္ဂိုလ် သို့မဟုတ် ရထားကုမ္ပဏီတို့သည် နည်းဥပဒေ ၃၀ အရ ပုံစံ(၆)ဖြင့် ရပ်နားစခန်းလုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် -

(က) ရပ်နားစခန်းလုပ်ငန်း တည်ထောင်ဖွင့်လှစ်မည့်တည်နေရာနှင့် လျှောက်ထားသူ၏ လိပ်စာ၊ ဆက်သွယ် ရန် ဖုန်း၊ ဖက်စ်အမှတ်နှင့် အီးမေးလ်လိပ်စာ ဖော်ပြရမည်၊

(ခ) ရပ်နားစခန်းတွင် ဝန်ဆောင်မှုပေးမည့်လုပ်ငန်းများ အသေးစိတ်ဖော်ပြရမည်၊

(ဂ) ဝန်ဆောင်မှုပေးမည့် လုပ်ငန်းတစ်ခုချင်းအလိုက် ဝန်ဆောင်မှုပေးမည့် ဝန်ထမ်းနှင့် အလုပ် သမားများ၏ ဦးရေနှင့် ၎င်းတို့၏ ကျွမ်းကျင်မှုအခြေအနေ ဖော်ပြရမည်၊

(ဃ) လုပ်ငန်းလိုင်စင်လျှောက်လွှာ၌ ရုံးခွန်အက်ဥပဒေနှင့်အညီ ရုံးခွန်တံဆိပ်ခေါင်းကပ်ရမည်၊

(င) ဗဟိုကြီးကြပ်ရေးအဖွဲ့က သတ်မှတ်ထားသော လုပ်ငန်းလိုင်စင်လျှောက်လွှာစိစစ်ခနှင့် ကွင်းဆင်း စစ်ဆေး ခကို ပေးသွင်းရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၂ ၃၃

နည်းဥပဒေ ၃၂အရ လုပ်ငန်းလိုင်စင်ရသူသည်-

(က) သတ်မှတ်ထားသော လုပ်ငန်းလိုင်စင် စည်းကမ်းချက်များကို လိုက်နာရမည်၊

(ခ) လုပ်ငန်းလိုင်စင်ကို ဗဟိုကြီးကြပ်ရေးအဖွဲ့၏ခွင့်ပြုချက်မရှိဘဲ လွှဲပြောင်းခြင်းမပြုရ၊

(ဂ) ခွင့်ပြုထားသည့် လုပ်ငန်းလိုင်စင်ပါ ရပ်နားစခန်းလုပ်ငန်းများကို လုပ်ကိုင်ခွင့်ရှိသည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၃ ၃၄

ရပ်နားစခန်း လုပ်ငန်းလိုင်စင်ရသူသည်-

(က) လုပ်ငန်းလိုင်စင် သက်တမ်းကုန်ဆုံးပြီးနောက် မိမိ၏လုပ်ငန်းကို ဆက်လက်လုပ်ကိုင် လိုပါက လုပ်ငန်း လိုင်စင်သက်တမ်းမကုန်ဆုံးမီ အနည်းဆုံးရက်ပေါင်း(၆၀) ကြိုတင်၍ လိုင်စင်သက်တမ်း တိုးမြှင့်ပေးရန် ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ ပုံစံ(၈)ဖြင့် လျှောက်ထား ရမည်၊

(ခ) နည်းဥပဒေခွဲ (က) အရ လုပ်ငန်းလိုင်စင် သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားရာတွင် နည်းဥပဒေ ၃၁ နှင့်အညီ ဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၄ ၃၆

ဗဟိုကြီးကြပ်ရေးအဖွဲ့သည် ရရှိသော သတင်းအချက်အလက်အရဖြစ်စေ၊ စီမံရေးအဖွဲ့၏ စစ်ဆေး တွေ့ရှိချက်အရ ဖြစ်စေ၊ မိမိအဖွဲ့ကခန့်အပ်သော စစ်ဆေးရေးအရာရှိ သို့မဟုတ် ဖွဲ့စည်းပေးသော စစ်ဆေးရေး အရာရှိ၏စစ်ဆေးတွေ့ရှိချက်အရ ဖြစ်စေ ရထားပို့ဆောင်ရေးလုပ်ငန်း လိုင်စင်ရရှိသော ရထားကုမ္ပဏီက သော်လည်းကောင်း၊ ရပ်နားစခန်း လုပ်ငန်းလိုင်စင်ရရှိသည့် ပုဂ္ဂိုလ် သို့မဟုတ် ရထားကုမ္ပဏီက သော်လည်းကောင်း သက်ဆိုင်ရာလုပ်ငန်းလိုင်စင် စည်းကမ်း ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ခိုင်လုံသောသက်သေခံချက် အထောက်အထား တွေ့ရှိရ လျှင် ထိုလုပ်ငန်းလိုင်စင်ရရှိသူအား အောက်ပါစီမံ ခန့်ခွဲရေး ပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ်နိုင် သည်-

(က) ရထားပို့ဆောင်ရေးလုပ်ငန်းဖြစ်ပါက ဒဏ်ကြေး အနည်းဆုံးကျပ်သန်း ၂၀ မှ အများဆုံး ကျပ်သန်း ၁၀၀ အထိ ပေးဆောင်စေခြင်း၊

(ခ) ရပ်နားစခန်းလုပ်ငန်းဖြစ်ပါက ဒဏ်ကြေးအနည်းဆုံး ကျပ် ၁၀ သန်းမှ အများဆုံး ကျပ်သန်း ၅၀ အထိ ပေးဆောင်စေခြင်း၊

(ဂ) လုပ်ငန်းလိုင်စင်ကို ကာလသတ်မှတ်၍ ယာယီရပ်ဆိုင်းခြင်း၊

(ဃ) လုပ်ငန်းလိုင်စင်ကို ပယ်ဖျက်ခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၅ ၃၇

မြန်မာ့မီးရထားသည် အများပြည်သူသွားလာရေး ပိုမိုလွယ်ကူချောမွေ့စွာ အဆင်ပြေစေရန်နှင့် နိုင်ငံတော်၏ စီးပွားရေးကိုအထောက်အကူပြုရန်အလို့ငှာ ရထားပို့ဆောင်ရေးလုပ်ငန်းကို သော်လည်းကောင်း၊ ရထားပို့ဆောင်ရေးနှင့် ဆက်စပ်သည့်စီးပွားရေးလုပ်ငန်း တစ်ခုခုကို သော်လည်းကောင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ၊ ရထားကုမ္ပဏီများနှင့် အောက်ဖော်ပြ ပါ စီးပွားရေးလုပ်ငန်းပုံစံတစ်မျိုးမျိုးကို ဗဟိုကြီးကြပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင် ဆောင်ရွက် နိုင်သည်-

(က) နှစ်ဖက်သဘောတူထားသည့် မတည်ရင်းနှီးငွေထည့်ဝင်ပြီး ရင်းနှီးမြှပ်နှံမှု အချိုးကျ အကျိုးအမြတ် ခွဲဝေယူသည့် ဖက်စပ်စနစ်ဖြင့် အများနှင့်မသက်ဆိုင်သော ဖက်စပ်ကုမ္ပဏီ (Private Joint-Venture Company) ဖွဲ့စည်းတည်ထောင်၍ ပူးပေါင်းလုပ်ကိုင်ခြင်း၊

(ခ) မြန်မာ့မီးရထားပိုင် ရထားလုပ်ငန်းဆိုင်ရာ ပစ္စည်းများကို တန်ဖိုးသင့်၍ မတည်ရင်းနှီးငွေ ထည့်ဝင်ပြီး အများပြည်သူ၏ အစုရှယ်ယာမတည်ရင်းနှီးငွေများကို ဖိတ်ခေါ်ကာအများနှင့် သက်ဆိုင်သောကုမ္ပဏီ (Public Company) ဖွဲ့စည်းတည်ထောင်၍ လုပ်ကိုင် ဆောင်ရွက် ခြင်း၊

(ဂ) တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း (BOT) စနစ်၊ တည်ဆောက်-ပိုင်ဆိုင်-လုပ်ကိုင်-လွှဲပြောင်း (BOOT) စနစ်၊ တည်ဆောက်-ငှားရမ်း-လွှဲပြောင်း (BLT)စနစ်၊ ပုံစံထုတ်-တည်ဆောက်-ငွေကြေးပံ့ပိုး-လုပ်ကိုင် (DBFO)စနစ်၊ ပုံစံထုတ်-ဆောက်လုပ်-စီမံ-ငွေကြေးထောက်ပံ့ (DCMF) စနစ်စသည့်နှစ်ဖက်သဘောတူသော အခြားစနစ်တစ်မျိုးမျိုး ဖြင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၆ ၃၈

ပုဂ္ဂလိကလုပ်ငန်းရှင်နှင့် ရထားကုမ္ပဏီတစ်ခုခုသည် မြန်မာ့မီးရထားနှင့် နည်းဥပဒေ ၃၇ ပါလုပ်ငန်း တစ်ခုခုကို ဖက်စပ်စနစ်ဖြင့် လုပ်ကိုင်လိုပါက အောက်ပါအချက်အလက်များ ပါဝင်သော အဆိုပြုချက်ပုံစံကို ဖြည့်စွက်၍ ခွင့်ပြုချက်ရရှိရန် ဗဟိုကြီးကြပ်ရေးအဖွဲ့ သို့လျှောက် ထားရမည်-

(က) ရင်းနှီးမြှုပ်နှံလိုသည့် ရထားလုပ်ငန်းစီမံကိန်းခေါင်းစဉ်၊ လုပ်ငန်းအမျိုးအစား၊

(ခ) အဆိုပြုလျှောက်ထားသူ၏ အမည်၊ နိုင်ငံသား၊ နိုင်ငံခြားသား၊ ရထားလုပ်ငန်းစီမံကိန်း တည်ရှိရာ လိပ်စာ၊

(ဂ) အဆိုပြုသူ၏ ရုံးခန်းတည်ရှိရာ နေရာလိပ်စာ၊ ဆက်သွယ်ရန် ဖုန်း၊ ဖက်စ်အမှတ်နှင့် အီးမေးလ် လိပ်စာ၊

(ဃ) ရင်းနှီးမြှုပ်နှံလိုသူ၏ ငွေရေးကြေးရေး အထောက်အထား၊ ပြည်တွင်းကျပ်ငွေ၊ နိုင်ငံခြားငွေ၊ ဘဏ်ချေးငွေ ပါဝင်ပါက ချေးငွေရရှိနိုင်မည့် အထောက်အထေား၊

(င) ရထားလုပ်ငန်း စီမံကိန်းစတင်မည့်အချိန်နှင့် တည်ဆောက်မှုကာလအချိန်ဇယား၊ ပြီးစီးမည့် အချိန်ကာလ၊

(စ) ရင်းနှီးမြှုပ်နှံမည့် သက်တမ်းနှင့် စုစုပေါင်းစီမံကိန်း ကုန်ကျစရိတ်၊

(ဆ) လိုအပ်သည့် မြေနေရာအကျယ်အဝန်း၊ မြေငှားရမ်းခနှုန်းထား၊ ငှားရမ်းအသုံးပြုလိုသည့် အဆောက်အအုံ၊ ရထားတွဲ၊ စက်ခေါင်း၊ ရထားလမ်းယာဉ်၊ ဆက်သွယ်ရေးကေဘယ် လိုင်းများ၊ လိုင်းကြိုးများ၊ စက်ရုံ၊ အလုပ်ရုံ၊ စက်ကိရိယာ၊

(ဇ) ရထားလုပ်ငန်း စီမံကိန်းတွင် အသုံးပြုမည့်နည်းပညာနှင့် စနစ်များ၊

(ဈ) သုံးစွဲမည့်စွမ်းအင်အမျိုးအစားနှင့် ပမာဏ၊ စွမ်းအင်ရရှိနိုင်မည့်ရင်းမြစ်၊

(ည) တည်ဆောက်ရေးကာလတွင် အသုံးပြုမည့် စက်ကိရိယာနှင့် လုပ်ငန်းသုံးပစ္စည်းများ၏ အရေအတွက်နှင့် တန်ဖိုး၊

(ဋ) ပြည်တွင်းတွင် ဝယ်ယူမည့်ပစ္စည်းနှင့် ပြည်ပမှ တင်သွင်းမည့်ပစ္စည်းစာရင်း၊

(ဌ) ရထားလုပ်ငန်းစီမံကိန်းတွင် ပေါ်ထွက်လာမည့် အလုပ်အကိုင်၊ ပြည်တွင်းမှလုပ်သားဦးရေ၊ ပြည်ပမှ ကျွမ်းကျင်သူဝန်ထမ်းဦးရေနှင့် အချိုးအစား၊

(ဍ) ရထားလုပ်ငန်းစီမံကိန်းမှ ရရှိနိုင်မည့် စီးပွားရေးအကျိုးအမြတ်နှင့် ရရှိနိုင်သည့် အချိန်ကာလ၊

(ဎ) ဖက်စပ်ကုမ္ပဏီ ဖွဲ့စည်းလုပ်ကိုင်မည်ဆိုပါက ဖက်စပ်စာချုပ် မူကြမ်းနှင့် ရင်းနှီးမြှပ်နှံမှု အချိုးအစား၊ အကျိုးအမြတ်ခွဲဝေမည့် အချိုးအစား၊ ဖက်စပ်ပါဝင်သူတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊

(ဏ) မြန်မာ့မီးရထားနှင့် ဖက်စပ်ဆောင်ရွက်မည့်ကုမ္ပဏီသည် လီမိတက်ကုမ္ပဏီဖြစ်ပါက သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းမူကြမ်း၊ ကုမ္ပဏီ၏ခွင့်ပြုမတည်ငွေရင်း၊ အစုရှယ်ယာ အမျိုးအစား၊ အစုရှယ်ယာဝင်များက ထည့်ဝင်မည့် အစုရှယ်ယာပမာဏ၊

(တ) မြန်မာ့မီးရထားနှင့် ဖက်စပ်ဆောင်ရွက်မည့် ကုမ္ပဏီသည် ပြည်တွင်းနှင့်ပြည်ပ ဖက်စပ် ကုမ္ပဏီဖြစ်ပါက ပြည်တွင်းနှင့်ပြည်ပမှ ထည့်ဝင်မည့် မတည်ငွေရင်းအချိုးအစား၊ နိုင်ငံတွင်းသို့ ယူဆောင်လာမည့် နိုင်ငံခြားမတည်ငွေရင်းတို့နှင့် စပ်လျဉ်း၍ စုစုပေါင်း တန်ဖိုး၊ အမျိုးအစား အသီးသီးတို့၏ တန်ဖိုးများနှင့် ယူဆောင်လာမည့်ကာလ၊

(ထ) အဆိုပြု ရထားစီမံကိန်း၏ သဘာဝအရ သီးသန့်လိုအပ်သော အချက်များ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၇ ၃၉

ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ ၂၅ ပါ ရထားပို့ဆောင်ရေးလုပ်ငန်းနှင့် ဆက်စပ်သည့် လုပ်ငန်းတစ်ရပ်ရပ်ကို ဆောင်ရွက်ရာတွင် ကုမ္ပဏီများပူးပေါင်းထားသည့်လုပ်ငန်းစုနှင့် မြန်မာ့ မီးရထားတို့ ပူးပေါင်း၍သော်လည်းကောင်း၊ ကုမ္ပဏီတစ်ခုချင်းနှင့် မြန်မာ့မီးရထားတို့ ပူးပေါင်း၍ သော်လည်းကောင်း၊ ကုမ္ပဏီများအချင်းချင်းပူးပေါင်း၍သော်လည်းကောင်း အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်သည်။ ထိုသို့လုပ်ကိုင်ဆောင်ရွက် နိုင်ရေးအတွက် ခွင့်ပြုချက်ရရှိရန် အောက်ပါ အချက်များကို ဖော်ပြပြီး ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ လျှောက်ထားနိုင်သည်-

(က) အဆိုပြုလျှောက်ထားမည့် စုစည်းထားသော လုပ်ငန်းစု၏အမည်၊

(ခ) လုပ်ငန်းစု အဖွဲ့ဝင်အရေအတွက်နှင့် ခွဲဝေလုပ်ကိုင်မည့် လုပ်ငန်းအမျိုးအစား၊

(ဂ) အဆိုပြုထားသည့် အဖွဲ့ဝင်များ၏ လုပ်ငန်းစုတွင် ပါဝင်မည့် အစုရှယ်ယာပိုင်ဆိုင်မှု အချိုးအစား၊

(ဃ) လုပ်ငန်းစုတစ်ခုလုံး၏ နှစ်အလိုက်ထည့်ဝင်မည့် မတည်အရင်းအနှီးနှင့် စုစုပေါင်းတန်ဖိုး၊

(င) လုပ်ငန်းစုအဖွဲ့ဝင်တစ်ဦးချင်းနှင့် လုပ်ငန်းတစ်ခုချင်း၏ မတည်ငွေရင်းနှင့် နှစ်အလိုက် ထည့်ဝင်မည့် မတည်ငွေရင်း စုစုပေါင်းတန်ဖိုး၊

(စ) လုပ်ငန်းစုကို ဦးဆောင်မည့်သူအမည်၊ နိုင်ငံသား၊ နိုင်ငံခြားသား ရထားလုပ်ငန်း စီမံကိန်း ကို စီမံခန့်ခွဲမည့် ဌာနချုပ်၊

(ဆ) လုပ်ငန်းစုတွင် ရင်းနှီးမြှုပ်နှံမည့် ငွေရေးကြေးရေးအထောက်အထား (ပြည်တွင်းကျပ်ငွေ၊ နိုင်ငံခြားငွေ)၊ နိုင်ငံခြားချေးငွေ ပါဝင်ပါက ချေးငွေရနိုင်မည့် အထောက်အထား၊

(ဇ) လုပ်ငန်းစုရထားလုပ်ငန်းစီမံကိန်း စတင်မည့်အချိန်နှင့် တည်ဆောက်မည့်ကာလ၊ ပြီးစီးမည့်အချိန်၊

(ဈ) ရင်းနှီးမြှုပ်နှံမည့် သက်တမ်းနှင့် လုပ်ငန်းစုရထားလုပ်ငန်း စီမံကိန်းအတွက် ကုန်ကျစရိတ်၊ ပြည်တွင်း ကျပ်ငွေနှင့် ပြည်ပငွေကြေးထည့်ဝင်မည့် မတည်ငွေရင်း အချိုးအစား၊ နိုင်ငံတွင်းသို့ ယူဆောင်လာမည့် နိုင်ငံခြားမတည်ငွေရင်းတို့နှင့် စပ်လျဉ်း၍ စုစုပေါင်း တန်ဖိုး၊ အမျိုးအစားအသီးသီး၏ တန်ဖိုးများနှင့် ယူဆောင်လာမည့်ကာလ၊

(ည) လုပ်ငန်းစု ရထားလုပ်ငန်းစီမံကိန်းအတွက် လိုအပ်မည့် မြေနေရာများနှင့် အကျယ်အဝန်း များ (မြန်မာ့မီရထားထံမှ ငှားရမ်းယူလိုက တည်နေရာနှင့် အကျယ်အဝန်း)၊

(ဋ) စီမံကိန်းတွင် အသုံးပြုမည့် နည်းပညာနှင့် စနစ်များ၊

(ဌ) သုံးစွဲမည့် စွမ်းအင်အမျိုးအစားနှင့် ပမာဏ၊ စွမ်းအင်ရရှိနိုင်မည့် အရင်းအမြစ်၊

(ဍ) တည်ဆောက်ရေးကာလတွင် အသုံးပြုမည့် စက်ကိရိယာနှင့် လုပ်ငန်းသုံးပစ္စည်းများ၏ အရေအတွက်နှင့် တန်ဖိုး (မြန်မာ့မီးရထား၏ ရထားလမ်းနှင့် အဆောက်အအုံ၊ စက်ရုံ၊ ရထားတွဲနှင့် စက်ခေါင်း၊ သံလမ်းယာဉ်၊ ဆက်သွယ်ရေးလိုင်းကြိုးများ၊ စက်ကိရိယာများကို ငှားရမ်းလိုပါက ခွဲခြားဖော်ပြရန်)၊

(ဎ) လုပ်ငန်းစုစီမံကိန်းအတွက် ပြည်တွင်းတွင် ဝယ်ယူမည့်ပစ္စည်းနှင့် ပြည်ပမှတင်သွင်းမည့် ပစ္စည်းစာရင်း၊

(ဏ) စီမံကိန်းက ပေါ်ထွက်လာမည့် အလုပ်အကိုင်၊ ပြည်တွင်းလုပ်သားနှင့် ပြည်ပလုပ်သား အချိုး၊

(တ) စီမံကိန်းမှရရှိနိုင်မည့် စီးပွားရေးအကျိုးအမြတ်နှင့် ရရှိနိုင်သည့် အချိန်ကာလ၊

(ထ) လုပ်ငန်းစု ဦးဆောင်သူနှင့် လုပ်ငန်းစုအဖွဲ့ဝင်များသည် လီမိတက်ကုမ္ပဏီဖြစ်ပါက သက်ဆိုင်ရာ ပဋိညာဉ် စာချုပ်မူကြမ်း၊ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းမူကြမ်း၊ ကုမ္ပဏီ၏ခွင့်ပြု မတည်ငွေရင်း၊ အစုရှယ်ယာအမျိုးအစား၊ အစုရှယ်ယာဝင်များက ထည့်ဝင်သည့် အစုရှယ်ယာပမာဏ၊

(ဒ) လုပ်ငန်းစီမံကိန်း၏ သဘာဝအရ သီးသန့်လိုအပ်သော အချက်များ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၈ ၄၀

ပုဂ္ဂလိကလုပ်ငန်းရှင်နှင့် ရထားကုမ္ပဏီတို့သည် နည်းဥပဒေ ၃၈ နှင့် ၃၉ တို့အရ လျှောက်ထားရာတွင် ရထားလုပ်ငန်းစီမံကိန်းအရ မြေအသုံးချပရီမီယံကြေး (Land Used Premium) နှင့် လုပ်ငန်း ဆောင်ရွက်မှု အာမခံကြေးငွေ (Performance Bank Guarantee) နှင့် သီးသန့်လိုအပ်သောအချက်များကို တင်ပြရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၉ ၄၅

ရထားပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ရန်လုပ်ငန်းလိုင်စင်ရရှိထားသည့် ရထားကုမ္ပဏီသည် မိမိစီမံ ခန့်ခွဲခွင့်ရှိသော သို့မဟုတ် ပိုင်ဆိုင်သောမြေ၊ အဆောက်အအုံနှင့် ရထားလုပ်ငန်းဆိုင်ရာ ပစ္စည်းများ ကိုအသုံးပြု၍ ဝင်ငွေတိုးတက်ရရှိရေးအတွက် ရထားပို့ဆောင်ရေးလုပ်ငန်းနှင့် ဆက်စပ်သည့် ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၂၅ ပါ စီးပွားရေးလုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင် ဆောင်ရွက်လိုပါက ခွင့်ပြုချက်ရရှိရန် ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ ပုံစံ (၉) ဖြင့် လျှောက်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၀ ၄၆

ရထားပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ရန် လုပ်ငန်းလိုင်စင်ရရှိထားသည့် ရထားကုမ္ပဏီသည် အများပြည်သူအကျိုးအတွက် ရထားလမ်းဖောက်လုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ ရထား ပို့ဆောင် ရေးလုပ်ငန်းနှင့် ဆက်စပ်သော အခြေခံအဆောက်အဦများ ဆောက်လုပ်ခြင်းတို့နှင့် စပ်လျဉ်း၍ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၂၈ ပါ လုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင် ဆောင်ရွက်လိုပါက ခွင့်ပြုချက်ရရှိရန် ဗဟိုကြီးကြပ်ရေး အဖွဲ့သို့ ပုံစံ (၁၀) ဖြင့် လျှောက်ထား ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၁ ၄၇

ရထားကုမ္ပဏီသည် နည်းဥပဒေ ၄၅ နှင့် ၄၆ တို့အရ ခွင့်ပြုချက်လျှောက်ထားရာတွင်-

(က) လုပ်ငန်းအစီအစဉ်ပူးတွဲတင်ပြရမည်၊

(ခ) လုပ်ငန်းလုပ်ကိုင်မည့် တည်နေရာလိပ်စာနှင့် ဆက်သွယ်ရန် ဖုန်း၊ဖက်စ် အမှတ်နှင့် အီးမေးလ် လိပ်စာ ဖော်ပြရမည်၊

(ဂ) လုပ်ငန်းတည်ဆောက်မည့် အချိန်ဇယားနှင့် ပြီးစီးမည့် အချိန်ကာလဖော်ပြရမည်၊

(ဃ) ခွင့်ပြုချက်လျှောက်လွှာ၌ ရုံးခွန်အက်ဥပဒေနှင့်အညီ ရုံးခွန်တံဆိပ်ခေါင်းကပ်ရမည်၊

(င) သတ်မှတ်ထားသော ခွင့်ပြုချက် လျှောက်လွှာစိစစ်ခနှင့် ကွင်းဆင်းစစ်ဆေးခ ပေးသွင်းရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၂ ၄၉

မြန်မာ့မီးရထား စီမံခန့်ခွဲရေးအဖွဲ့နှင့် ရထားကုမ္ပဏီဒါရိုက်တာအဖွဲ့တို့သည် ရထားပို့ဆောင်ရေး လုပ်ငန်း ဥပဒေပုဒ်မ ၂၈ ပါ လုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင်ရန် ခွင့်ပြုချက်ရရှိပြီးနောက် လုပ်ငန်း လုပ်ကိုင်ဆောင်ရွက် ခြင်းမပြုမီ ဆောင်ရွက်မည့် ရည်ရွယ်ချက်နှင့် အကြောင်းကိစ္စကို ဖော်ပြ၍ ကန့်ကွက်ရန်ရှိပါက ကန့်ကွက်စာတင်ပြနိုင်ရန် မြေအသုံးပြုခွင့်ရသူ သို့မဟုတ် ထိုမြေပေါ် တွင်နေထိုင်သူထံသို့ အောက်ပါတို့ကို တိကျပြည့်စုံစွာ ဖော်ပြ၍ အကြောင်းကြားစာပေးပို့ရမည်-

(က) လုပ်ငန်းဆောင်ရွက်မည့် မြေတည်နေရာ လိပ်စာ၊ အကျယ်အဝန်း အတိုင်းအတာ၊

(ခ) မြေပိုင်ရှင်၊ မြေလက်ရှိအသုံးချသူ သို့မဟုတ် မြေပေါ်တွင်နေထိုင်သူအမည်၊

(ဂ) လုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်နှင့် လုပ်ငန်းသဘာဝ၊

(ဃ) လုပ်ငန်းအစီအစဉ် စတင်ဆောင်ရွက်မည့် အချိန်ကာလနှင့် ပြီးစီးမည့် အချိန်ကာလ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၃ ၅၃

နည်းဥပဒေ ၄၈ အရ ရထားလုပ်ငန်းတစ်ခုခုကိုလုပ်ကိုင်ရန် ခွင့်ပြုသောမြေမှာ ပုဂ္ဂလိကပိုင်မြေ ဖြစ်ပါက ထိုမြေပိုင်ရှင် သို့မဟုတ် မြေအသုံးပြုခွင့်ရသူနှင့် ရထားအဖွဲ့အစည်းတို့က ညှိနှိုင်း၍ ဝယ်ယူရေး သို့မဟုတ် နှစ်ရှည်ငှားရမ်းရေးကိစ္စ၊ ထိုသို့ ညှိနှိုင်း၍မရလျှင် ရထားပို့ဆောင်ရေး လုပ်ငန်းဥပဒေနှင့် တည်ဆဲမြေသိမ်း အက်ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေသိမ်းယူရေးကိစ္စ၊ သက်ဆိုင်ရာမြေပိုင်ရှင် သို့မဟုတ် မြေအသုံးပြုခွင့်ရသူအား သင့်လျော်သော လျော်ကြေးပေးရေးကိစ္စနှင့် သင့်လျော်သောနေရာ သို့မဟုတ် အခန်းတွင် ပြန်လည်နေရာချထား ရေးကိစ္စတို့ကို နည်းဥပဒေ ၁၇၊ ၁၈၊ ၁၉၊ ၂၀ နှင့် ၂၁ တို့နှင့်အညီ ဆီလျော်သလို လိုက်နာ ဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၄ ၅၆

မြန်မာ့မီးရထားနှင့် လုပ်ငန်းလိုင်စင်ရရှိသော ရထားကုမ္ပဏီတို့၏ ရထားဝန်ထမ်းများ၏ အလုပ်ချိန် နှင့်စပ်လျဉ်း၍-

(က) ရုံးချိန်အတွင်း တာဝန်ထမ်းဆောင်ရသော ရုံးဝန်ထမ်း၏ အလုပ်ချိန်သည် နိုင်ငံ့ ဝန်ထမ်းများအတွက် သတ်မှတ်ထားသည့် ရုံးချိန်အတိုင်းဖြစ်သည်။

(ခ) စက်ရုံနှင့် အလုပ်ရုံရထားဝန်ထမ်းများ၏ အလုပ်ချိန်သည်-

(၁) ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေအရ လူကြီး အလုပ်သမားများအတွက် ရက်သတ္တပတ်လျှင် ၄၄ နာရီထက်မပိုစေရ။ သို့ရာတွင် အလုပ်ရုံ၌ အလုပ်လုပ် နည်းနှင့်စပ်လျဉ်းသည့် အကြောင်းထူးများကြောင့် တစ်ရက်ပတ်လုံး အဆက်မပြတ်လုပ်ရသည့်အလုပ်တွင် ရက်သတ္တပတ် လျှင် ၄၈ နာရီမျှ အလုပ်လုပ်နိုင် သည်၊

(၂) မည်သည့်ရက်တွင်မဆို တစ်ရက်လျှင် ၈ နာရီထက်မပိုစေရ၊

(၃) တစ်ဆက်တည်း ၅ နာရီထက် မပိုစေရ။ ထို့ပြင် အနည်းဆုံး နာရီဝက်နားစေရန် အားလပ်ချိန် မပေးဘဲ ၅ နာရီထက် တစ်ဆက်တည်း အလုပ်မလုပ်စေရ။ ထိုသို့ အလုပ်လုပ်ချိန်နှင့် အားလပ်ချိန် စုစုပေါင်း ၁၀ နာရီထက် မပိုစေရ။

(၄) အထက်ဖော်ပြပါ အလုပ်ချိန်နှင့်စပ်လျဉ်း၍ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ အရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနက ထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရမည်၊

(ဂ) ရထားခရီးစဉ်ဇယားအလိုက် တာဝန်ထမ်းဆောင်ရသော ရထားဝန်ထမ်းများ၏ အလုပ်ချိန် နှင့် နားချိန်တို့သည် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ ၄၈၊ ပုဒ်မခွဲ (ခ) ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဖြစ်စေရမည်၊

(ဃ) လုပ်ငန်းသဘာဝအရ တာဝန်ထမ်းဆောင်ရသော ရထားဝန်ထမ်းများနှင့် ထူးခြားသော အခြေအနေဖြစ်ပေါ်သည့်ကိစ္စများတွင် ရထားဝန်ထမ်းများ၏ အလုပ်ချိန်သည် ရထားပို့ ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ ၄၉၊ ၅၀ နှင့် ၅၁ တို့အတိုင်း ဖြစ်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၅ ၆၁

ရထားအဖွဲ့အစည်းများသည်-

(က) ဗဟိုကြီးကြပ်ရေးအဖွဲ့ကဖြစ်စေ၊ မြန်မာ့မီးရထားနှင့် လုပ်ငန်းလိုင်စင်ရရှိသည့် ရထားကုမ္ပဏီကဖြစ်စေ သတ်မှတ်ထားသော ယာဉ်မြိတ်စွန်းနှင့် အများဆုံးခွင့်ပြုဝန်ချိန် ထက်မပိုစေဘဲ ရထားပေါ် ကုန်တင်ဆောင် ရမည်။ ထို့ပြင်အများဆုံးတင်ဆောင်နိုင်သည့် ခွင့်ပြုဝန်ချိန်ကို ကုန်တင်တွဲ၏ မြင်သာသောနေရာ၌ ရေးသား ဖော်ပြထားရမည်။

(ခ) ကုန်စည်များကို ဘူတာတစ်ခုမှတစ်ခုသို့ ပို့ဆောင်ပေးရာတွင် ရထားဝန်ထမ်းတစ်ဦးက အကိုးအကားပြုကောက်ခံသည့် မြန်မာ့မီးရထားနှင့် လုပ်ငန်းလိုင်စင်ရရှိသည့် ရထား ကုမ္ပဏီက သတ်မှတ်ပေးထားသော နှုန်းထားခစာရင်းစာအုပ်များကိုဖြစ်စေ၊ ကုန်စည်ပို့ ဆောင်ခနှုန်းထားစာရင်း အထောက်အထားများကိုဖြစ်စေ ကြည့်ရှုလိုသူမည်သူ့ကိုမဆို ရထားဝန်ထမ်းထံမှ အခမဲ့ကြည့်ရှုခွင့် ပြုရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၆ ၆၁

(က) ရထားဖြင့် ကုန်စည်သယ်ဆောင်ရသည့်အတွက် ကျသင့်သည့်အခကြေးငွေကို မြန်မာ့ မီးရထား နှင့်လုပ်ငန်းလိုင်စင်ရရှိသည့် ရထားကုမ္ပဏီက ကောက်ခံ၍ ပေးချေပြီးနောက် ငွေပေးရသူကဖြစ်စေ၊ ၎င်း၏ကိုယ်စားလှယ်ကဖြစ်စေတောင်းခံသည့် ငွေစာရင်းကို တောင်းဆို လာပါက အောက်ပါခေါင်းစဉ် များပါဝင်သော စာရင်းတစ်ခုပြုလုပ်ပေးရမည်-

(၁) ရထားကုန်တင် တန်ဆာခ၊

(၂) ကုန်လှောင်ရုံခ၊

(၃) ဝန်ဆောင်ခ၊

(၄) ရထားရပ်ဆိုင်းနေရသည့် ဒဏ်ငွေ သို့မဟုတ် ကြန့်ကြာဒဏ်ငွေ (တွဲလုံးပြည့် တင်ဆောင်မှုအတွက် တွဲဒဏ်၊ အစိတ်အပိုင်းအလိုက် တင်ဆောင်မှုအတွက် ကုန်ဒဏ်)၊

(၅) ကုန်စည်စုစည်းပေးခြင်းနှင့်ထုတ်ပေးခြင်းတို့အတွက် ကုန်ကျစရိတ်မှစ၍ အခြား စရိတ်များ။

(ခ) နည်းဥပဒေခွဲ (က) အရ အသေးစိတ်ငွေစာရင်း တောင်းဆိုလိုပါက ငွေပေးချေပြီးနောက် တစ်လအတွင်း သက်ဆိုင်ရာ မြန်မာ့မီးရထားနှင့် လုပ်ငန်းလိုင်စင်ရရှိသည့် ရထားကုမ္ပဏီ ထံ စာဖြင့်ရေးသားတောင်းဆိုရမည်။ သက်ဆိုင်ရာ မြန်မာ့မီးရထားနှင့် လုပ်ငန်းလိုင်စင် ရရှိသည့် ရထားကုမ္ပဏီက ငွေပေးချေသူ၏ အသေးစိတ် စာရင်းတောင်းဆိုချက် ရရှိပြီး နောက် ၂ လအတွင်း ပြုစုပေးအပ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၇ ၆၂

ရထားအဖွဲ့အစည်း အချင်းချင်းသော်လည်းကောင်း၊ အခြားပို့ဆောင်ရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်၍ ကုန်စည်ပို့ဆောင်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာတွင် မူဘောင်အရ သဘောတူညီချက်များ၊ အဖွဲ့အစည်းနှစ်ခုအတွင်း နှစ်ဘက်သဘောတူညီချက်များပါဝင်သော ပိဋိညာဉ်များအဖြစ် ရေးဆွဲချုပ်ဆို၍ ဆောင်ရွက်ရမည်။ သဘောတူညီချက်များနှင့်ပတ်သက်၍ ဗဟိုကြီးကြပ်ရေးအဖွဲ့၏ သဘောတူခွင့်ပြုချက်များ ရရှိထားပြီးဖြစ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၈ ၆၃

အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်ဖြတ်ကျော်၍ ကုန်စည်များသယ်ယူပို့ဆောင်ခြင်း၊ ကုန်ရထားများ ပြေးဆွဲခြင်းတို့ကို ဆောင်ရွက်ရာတွင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်း များနှင့် နိုင်ငံတော်ကချမှတ်ထားသော မူဝါဒများစသည့် တည်ဆဲဥပဒေများ၊ သဘောတူညီချက် များနှင့် ကိုက်ညီအောင် ဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၉ ၆၉

ရထားအဖွဲ့အစည်းများသည်-

(က) ဗဟိုကြီးကြပ်ရေးအဖွဲ့၏ သဘောတူညီချက်ဖြင့် လူစီးရထားတွဲ တစ်တွဲပေါ်ပါ အခန်း သို့မဟုတ် တွဲအတန်းအစားနှင့် ထိုင်ခုံအမှတ်များကို ထင်ရှားစွာ ရေးသားထားရမည်၊

(ခ) လူစီးရထားတွဲ တစ်တွဲပေါ်ပါ ခရီးသည်အများဆုံးဦးရေကို ထင်ရှားစွာရေးသားထားရမည်၊

(ဂ) လူစီးရထားတွဲတိုင်းတွင် ဗဟိုကြီးကြပ်ရေးအဖွဲ့က အတည်ပြုထားသည့် အနေအထား အတိုင်း လိုအပ်သည့်အချိန်တွင် ကောင်းစွာအသုံးပြုနိုင်သည့် လျှပ်စစ်မီး တပ်ဆင်ထား ရှိရမည်၊

(ဃ) မြို့ပတ်ဆင်ဖြေဖုံး ရထားတွဲများမှအပ ခရီးဝေးပြေးဆွဲသည့် လူစီးရထားတွဲတိုင်းတွင် သန့်ရှင်းသော ရေအိမ်သာနှင့် လက်ဆေးကန် အနည်းဆုံးတစ်ခုစီပါရှိရမည့်အပြင် ရေကောင်း၊ ရေသန့်လုံလောက်စွာ စီစဉ် ထားရှိပေးရမည်၊

(င) လူစီးရထားအားလုံး၌ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ် ရေးဥပဒေ (အမှတ် ၅/၂၀၀၆) အရ သတ်မှတ်ထားသော အမိန့်၊ ညွှန်ကြားချက်နှင့်အညီ ဆိုင်းဘုတ်နှင့် စာတမ်း အမှတ်အသားများ တပ်ဆင်ချိတ်ဆွဲထားရမည်၊

(စ) ဘူတာတိုင်းတွင် လက်မှတ်ရုံနှင့် မြင်သာသောနေရာများ၌ မြန်မာဘာသာဖြင့် တည်ဆဲ ရထားအချိန်စာရင်းနှင့် ထိုဘူတာမှ အခြားဘူတာအသီးသီးသို့ ကျသင့်သည့် ရထားလက်မှတ်ခ သတ်မှတ်ချက်များကို မြန်မာဘာသာဖြင့် ထင်ရှားစွာရေးသားချိတ်ဆွဲ ထားရန်စီစဉ်ရမည်။ လိုအပ်ပါက အပြည်ပြည်ဆိုင်ရာ သုံးသည့် ဘာသာတစ်မျိုးမျိုးဖြင့် ရေးသားနိုင်သည်၊

(ဆ) ဘူတာတိုင်းတွင် ထိုဘူတာသို့ ရထားများဝင်ထွက်မည့် အချိန်များကို ကြော်ငြာသင်ပုန်း တွင်ရေးသားခြင်းဖြင့်ဖြစ်စေ၊ အသံချဲ့စက်၊ ရုပ်မြင်သံကြားတို့ဖြင့် ကြေညာပေးခြင်းဖြင့် ဖြစ်စေ ခရီးသည်များ ကြိုတင်သိရှိရန် ဆောင်ရွက်ရမည်၊

(ဇ) ခရီးသွားရထားလက်မှတ်ဝယ်သူထံ တွဲအတန်းအစား၊ ခရီးအစနှင့် ခရီးဆုံးဘူတာအထိ ကျသင့်သည့် ခရီးသွားရထား လက်မှတ်ခများဖော်ပြပါရှိသည့် ရထားလက်မှတ်များကိုသာ ရောင်းချရမည်။ လိုအပ်ချက်အရ မြန်မာ့မီးရထားနှင့် လုပ်ငန်းလိုင်စင်ရရှိသည့် ရထား ကုမ္ပဏီက ရထားအမျိုးအစား အလိုက်သတ်မှတ်ထား သည့် ရထားလက်မှတ် စောင်ရေ အရ ထိုင်ခုံမဲ့ရထား လက်မှတ်များအဖြစ် ရောင်းချခွင့်ရှိသည်၊

(ဈ) ဘူတာများတွင်သန့်ရှင်းသော ရေအိမ်သာများထားရှိရေး၊ ကူးစက်တတ်သည့် ရောဂါရှိ သော ခရီးသည်များအား သီးသန့်တွဲတွင် စီစဉ်ထားရှိရေးနှင့် ခရီးသည်များ ထိခိုက်ဒဏ်ရာ ရမှု၊ သေဆုံးမှုတို့အတွက် တည်ဆဲ ဥပဒေနှင့်အညီ သူတစ်ပါး ထိခိုက်မှုအာမခံထားရှိရေး တို့နှင့်စပ်လျဉ်း၍ ရထား ပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ ၆၀ ပါပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်၊

(ည) ခရီးသည် သယ်ယူပို့ဆောင်ခြင်းနှင့်စပ်လျဉ်း၍ ဗဟိုကြီးကြပ်ရေးအဖွဲ့က အခါအားလျှော် စွာ သတ်မှတ်ပေးသော အခြားလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၀ ၇၃

ရထားအဖွဲ့အစည်းသည် ရထားအဖွဲ့အစည်းအချင်းချင်း သော်လည်းကောင်း၊ အခြားပို့ဆောင်ရေး အဖွဲ့အစည်းများဖြင့် ဆက်စပ်လျက်သော်လည်းကောင်း၊ ခရီးသည်ပို့ဆောင်ရေး လွယ်ကူချောမွေ့ စေရေး အဆင်ပြေစေရေးညှိနှိုင်းဆောင်ရွက်ရမည်။ လိုအပ်ပါက ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ တင်ပြ ဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၁ ၇၄

အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်ဖြတ်ကျော်၍ နိုင်ငံရပ်ခြားသို့ဖြစ်စေ နိုင်ငံခြားရထားအဖွဲ့အစည်း များနှင့်ဖြစ်စေ ခရီးသည်ပို့ဆောင်ခြင်း၊ ခရီးသည် ရထားပေးဆွဲခြင်းတို့ကို နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ နှစ်နိုင်ငံသဘောတူညီချက်များနှင့် နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများ၊ တည်ဆဲ ဥပဒေများ၊ သဘောတူညီချက်များနှင့် အညီဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၂ ၈၀

မြန်မာ့မီးရထားနှင့် သက်ဆိုင်ရာ လုပ်ငန်းလိုင်စင်ရရှိသည့် ရထားကုမ္ပဏီတို့သည် နည်းဥပဒေ ၇၉ ပါ လျော်ကြေးပေးရန်တာဝန်မရှိသော ကုန်စည်များမှအပ ကုန်စည်များလက်ခံသည့် အချိန်မှစ၍ ခရီးလမ်းဆုံးတွင် ကုန်စည်များလွှဲပြောင်းပေးအပ်သည့်အချိန်အထိ ပျောက်ဆုံးခြင်း၊ ထိခိုက် ပျက်စီးခြင်း၊ ယို့ယွင်းပျက်စီးခြင်း သို့မဟုတ် ကုန်စည်များထုတ်ပေးရာတွင် နှောင့်နှေးခြင်းကြောင့် ဆုံးရှုံးနစ်နာမှုအတွက် လျော်ကြေး ပေးရန် တာဝန်ရှိသည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၃ ၈၇

မြန်မာ့မီးရထားနှင့် သက်ဆိုင်ရာလုပ်ငန်းလိုင်စင်ရရှိသည့် ရထားကုမ္ပဏီတို့သည် မတော်တဆမှု ဖြစ်ခြင်း၊ ရာသီဥတုဆိုးရွားခြင်း သို့မဟုတ် သဘာဝဘေးအန္တရာယ်ဖြစ်ပွားခြင်းတို့ကြောင့် ရထားလမ်းခေတ္တပိတ်ခြင်းနှင့် ရထားလမ်းပြုပြင်ပြီး ပြန်လည်ပြေးဆွဲခြင်းကိုသော်လည်းကောင်း၊ ရထားလမ်းတို့ချဲ့ခြင်း၊ လမ်းကြောင်း ပြောင်းလဲခြင်း၊ ရထားအချိန်စာရင်း၊ ခရီးစဉ်နှင့်စနစ် မတူသော ရထားလမ်းယာဉ်များ ပြောင်းလဲပြေးဆွဲခြင်းကို သော်လည်းကောင်း ဗဟိုကြီးကြပ်ရေး အဖွဲ့၏ ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၄ ၁၀၉

လုပ်ငန်းလိုင်စင်ရရှိသည့် ရထားကုမ္ပဏီက တာဝန်ပေးသည့် လက်မှတ်စစ်အဖွဲ့သည် ရထားပို့ဆောင် ရေးလုပ်ငန်း ဥပဒေ ပုဒ်မ ၇၅ အရ တပ်ရိုက်သည့် ဒဏ်ငွေနှင့်စပ်လျဉ်း၍-

(က) ကျူးလွန်သည့် ကိစ္စရပ်အလိုက် ကောက်ခံထားသော ဒဏ်ငွေစာရင်းကို သက်ဆိုင်ရာ ရထား ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့သို့ သတ်မှတ်ထားသော ပုံစံနှင့်အတူ ဆောလျင်စွာ အစီရင်ခံရမည်၊

(ခ) ရထားကုမ္ပဏီ ဒါရိုက်တာအဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ ဒဏ်ငွေများကို သတ်မှတ်ထားသော ငွေစာရင်းသို့ ပေးသွင်းရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း