Measures Relating to Multi-modal Transport Law


Domestic Regulations
sr. Section measures mode remarks

ဤဥပဒေသည် အောက်ပါတို့နှင့်သက်ဆိုင်စေရမည်-

(က) ဤဥပဒေအရ ဗဟိုအဖွဲ့တွင် မှတ်ပုံတင်ပြီး မှတ်ပုံတင်လက်မှတ်ရယူထားသည့် ဘက်စုံ ပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူများ၊

(ခ) တရားမကြောင်းအရ တောင်းဆိုသည့် နစ်နာမှုများ ဖြေရှင်းရန်အလို့ငှာ ဘက်စုံ ပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူက ပဋိညာဉ်တွင် သတ်မှတ်ထား သည့်အတိုင်း-

(၁) ပဋိညာဉ်အရ ကုန်စည်ကိုတာဝန်ယူ၍ သယ်ယူပို့ဆောင်ရန် လွှဲပြောင်း လက်ခံသည့် နေရာသည် မြန်မာနိုင်ငံတွင် တည်ရှိပြီး လွှဲပြောင်းပေးပို့ ရမည့်နေရာသည် စာချုပ်ဝင် အခြားနိုင်ငံ တစ်နိုင်ငံတွင် တည်ရှိသည့် ပဋိညာဉ်များ သို့မဟုတ်

(၂) ကုန်စည်ကို လွှဲပြောင်းပေးပို့ရမည့်နေရာသည် မြန်မာနိုင်ငံတွင် တည်ရှိပြီး ပဋိညာဉ်အရ ကုန်စည်ကိုတာဝန်ယူ၍ သယ်ယူပို့ဆောင်ရန် လွှဲပြောင်းလက်ခံသည့်နေရာသည်စာချုပ်ဝင် အခြား နိုင်ငံတစ်နိုင်ငံတွင် တည်ရှိသည့် ပဋိညာဉ်များ။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

ဤဥပဒေတွင်သုံးနှုန်းထားသော “ဘက်စုံပို့ဆောင်ရေး”၊ “ဘက်စုံပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူ”၊ “ပဋိညာဉ်” နှင့် “ဘက်စုံပို့ဆောင်ရေးကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထား လက်မှတ်” ဆိုသည့်စကားရပ်များသည် အပြည်ပြည် ဆိုင်ရာ သို့မဟုတ် ဒေသဆိုင်ရာ သဘော သဘာဝရှိသည့် အသုံးအနှုန်းဖြစ်သည်ဟု မှတ်ယူရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၉ (က)

(က) ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူအဖြစ်သော်လည်းကောင်း၊ နိုင်ငံတော်က အဖွဲ့ဝင်ဖြစ် သော ဘက်စုံပို့ဆောင်ရေးနှင့်စပ်လျဉ်းသည့် အပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်း သို့မဟုတ် ဒေသဆိုင်ရာ သဘောတူစာချုပ်၏ အဖွဲ့ဝင်ဖြစ်သည့် ပြည်ပနိုင်ငံတစ်ခုခုမှ မှတ်ပုံတင်လက်မှတ်ရရှိသော ဘက်စုံ ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူ၏ ကိုယ်စားလှယ်အဖြစ်သော်လည်းကောင်း ဘက်စုံပို့ဆောင်ရေး လုပ်ငန်းကို လုပ်ကိုင်လိုသူ သို့မဟုတ် လုပ်ကိုင် ဆောင်ရွက်လျက်ရှိသူသည် မှတ်ပုံတင်လက်မှတ်ရရှိရန် သတ်မှတ်ချက် များနှင့် အညီ ဗဟိုအဖွဲ့သို့ လျှောက်ထားရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၀ (က)

(က) ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူသည် မှတ်ပုံတင်သက်တမ်း ကုန်ဆုံး သည့်အခါ ဘက်စုံပို့ဆောင်ရေးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်လိုပါက မှတ်ပုံတင်သက်တမ်းတိုးမြှင့်ပေးရန် သတ်မှတ်ချက်များနှင့်အညီ ဗဟိုအဖွဲ့သို့ လျှောက်ထားရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁

ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူသည် ပဋိညာဉ်အရ ကုန်စည်ကို တာဝန်ယူ၍ သယ်ယူ ပို့ဆောင်ရန် လွှဲပြောင်းလက်ခံသည့်အခါ ဘက်စုံပို့ဆောင်ရေးကုန်စည် တင်ဆောင်သည့် သက်သေခံ အထောက်အထားလက်မှတ်မှာ လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းဖြစ်သည် သို့မဟုတ် လွှဲပြောင်းခြင်း မပြုနိုင်သော စာချုပ်စာတမ်းဖြစ်သည်ကို ကုန်စည်အပ်နှံသူက ရွေးချယ်လက်ခံသည့် အတိုင်း ဖော်ပြ၍ ဘက်စုံ ပို့ဆောင်ရေးကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထားလက်မှတ်ကို ကုန်စည် အပ်နှံသူအား ထုတ်ပေးရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၂

ပုဒ်မ ၁၁ အရ ထုတ်ပေးသောလက်မှတ်တွင် ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူ ကဖြစ်စေ၊ ၎င်း၏ အခွင့်အာဏာရပုဂ္ဂိုလ်တစ်ဦးကဖြစ်စေ လက်မှတ်ရေးထိုးရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၃

ဘက်စုံပို့ဆောင်ရေးကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထား လက်မှတ်တွင် အောက်ပါ အချက်များ ပါရှိရမည်-

(က) ကုန်စည်အပ်နှံသူက ပေးသောကုန်နှင့်စပ်ဆိုင်သည့် ဖော်ပြချက်၊ မည်သည့် ကုန်စည် ဖြစ်ကြောင်းဖော်ပြချက်၊ လိုအပ်သည့် အမှတ်တံဆိပ်၊ ပျက်စီး လွယ်သော သို့မဟုတ် အန္တရာယ်ရှိသော ကုန်စည်ဖြစ်လျှင် ထိုသို့ဖြစ်ကြောင်း ဖော်ပြချက်၊ ထုပ်ပိုးပစ္စည်း သို့မဟုတ် ပစ္စည်းအစိတ်အပိုင်း အရေအတွက်၊ အခြားနည်းဖြင့်ဖော်ပြသည့် ကုန်စည်စုစုပေါင်းအလေးချိန်၊ ပမာဏသို့မဟုတ် အရေအတွက်၊

(ခ) ကုန်စည်၏ လက်ရှိမျက်မြင်အခြေအနေ၊

(ဂ) ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူ၏ လုပ်ငန်းအမည်နှင့် အခြေစိုက် (ရုံးချုပ်) တည်နေရာ လိပ်စာ၊

(ဃ) ကုန်စည်အပ်နှံသူအမည်၊

(င) ကုန်စည်အပ်နှံသူက ပေးသည့် ကုန်စည်လက်ခံမည့်သူအမည်၊

(စ) ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူက ပဋိညာဉ်အရ ကုန်စည်ကို တာဝန်ယူ၍ သယ်ယူပို့ ဆောင်ရန် လွှဲပြောင်းလက်ခံသည့်နေရာနှင့် ရက်စွဲ၊

(ဆ) ကုန်စည်လွှဲပြောင်းပေးပို့ရမည့်နေရာ၊

(ဇ) ကုန်စည်လွှဲပြောင်းပေးပို့ရမည့်နေရာ၊ နေ့ရက် သို့မဟုတ် အချိန်ကာလကို စာချုပ်ဝင်များက အတိအလင်းသဘောတူဖော်ပြထားလျှင် ယင်းသို့ဖော်ပြ သည့် လွှဲပြောင်းပေးပို့ရမည့်နေရာ၊ နေ့ ရက် သို့မဟုတ် အချိန်ကာလ၊

(ဈ) ဘက်စုံပို့ဆောင်ရေးကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထား လက်မှတ်မှာ လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းဖြစ်သည် သို့မဟုတ် လွှဲပြောင်းခြင်းမပြုနိုင်သော စာချုပ်စာတမ်း ဖြစ်သည်ဟု ဖော်ပြချက်၊

(ည) ဘက်စုံပို့ဆောင်ရေးကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထား လက်မှတ် ထုတ်ပေးသည့် နေရာနှင့် နေ့ရက်၊

(ဋ) ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူ သို့မဟုတ် ၎င်း၏အခွင့်အာဏာရ ပုဂ္ဂိုလ်၏ လက်မှတ်၊

(ဌ) စာချုပ်ဝင်များက အတိအလင်းသဘောတူထားလျှင် ယင်းသို့ သဘောတူ ထားသည့်အတိုင်း ပို့ဆောင်ရေးနည်းလမ်းတစ်ခုစီအတွက် ကုန်စည်သယ်ယူ ပို့ဆောင်ခ သို့မဟုတ် ကုန်စည်လက်ခံသူက ပေးရမည့် ငွေကြေးအမျိုးအစား အပါအဝင် ကုန်စည်သယ်ယူပို့ဆောင်ခ သို့မဟုတ် ၎င်းက ကုန်စည် သယ်ယူ ပို့ဆောင်ခအတွက် ပေးရမည့် အခြားဖော်ပြချက်၊

(ဍ) ဘက်စုံပို့ဆောင်ရေးကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထား လက်မှတ် ထုတ်ပေးချိန်တွင် သိရှိရသည့် ပို့ဆောင်ရေးခရီးစဉ်လမ်းကြောင်း၊ ပို့ဆောင်ရေးနည်းလမ်းနှင့် တစ်ဆင့် လွှဲပြောင်း သယ်ဆောင်ရမည့်နေရာ၊

(ဎ) စာချုပ်ဝင်တို့ သဘောတူညီထားသည့် တည်ဆဲဥပဒေများနှင့် ဆန့်ကျင်ခြင်း မရှိသော အခြားဖော်ပြချက်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၃

ဗဟိုအဖွဲ့သည် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာနှင့် အမိန့်တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကိုဖြစ်စေ၊ မှတ်ပုံတင်စည်းကမ်းချက်တစ်ခုခု ကိုဖြစ်စေ ဖောက်ဖျက်ကျူးလွန် သော သို့မဟုတ် လိုက်နာရန်ပျက်ကွက်သော ဘက်စုံ ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူအား အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ် ရပ်ကို ချမှတ်နိုင်သည်-

(က) သတိပေးခြင်းနှင့် သတ်မှတ်ထားသောဒဏ်ကြေးကို ပေးဆောင်စေခြင်း၊

(ခ) မှတ်ပုံတင်လက်မှတ်ကို ကာလသတ်မှတ်၍ ရပ်ဆိုင်းခြင်း၊

(ဂ) မှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်ခြင်း။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၅၁

မည်သူမဆို မှတ်ပုံတင်လက်မှတ်မရှိဘဲ ဘက်စုံပို့ဆောင်ရေးလုပ်ငန်းကို လုပ်ကိုင် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူသည် ငွေဒဏ် အနည်းဆုံး ကျပ် ၂၅ သိန်းမှ အများဆုံး ကျပ်သိန်း ၁၅၀ အထိ ချမှတ်ခြင်းခံရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း