Measures Relating to Committee Directive No. 1/2011


Domestic Regulations
sr. Para measures mode remarks

အသေးစားငွေရေးကြေးရေးလုပ်ကိုင်လိုသည့် အဖွဲ့အစည်းသည် မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေ၊ သမဝါယမအသင်းဥပဒေ၊ အသင်းအဖွဲ့များဖွဲ့စည်းခြင်း ဆိုင်ရာ ဥပဒေနှင့် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ဖွဲ့စည်းတည်ထောင်ထားသော အဖွဲ့အစည်းဖြစ်မှသာ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် လျှောက်ထားခွင့်ရှိသည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေပုဒ် ၇၊ ပုဒမခွဲ (စ) (ဆ)၊ ပုဒ် ၈၊ ပုဒ်မခွဲ (က) အရ  ၄-၈-၂၀၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်း အဝေးအမှတ်စဉ် (၁၆/၂၀၁၁) သဘောတူညီချက်ဖြင့် အသေးစား ငွေရေးကြေးရေးလုပ်ငန်းအဖွဲ့အစည်းများတွင် အနည်းဆုံးထားရှိရမည့် မတည်ငွေ ရင်း၊ အတိုးနှုန်း၊ လိုင်စင်ကြေးနှင့် ဝန်ဆောင်မှုစရိတ်များကို အောက်ပါအတိုင်း သတ်မှတ်လိုက်သည် -

(က) မတည်ငွေရင်း 

(၁) အပ်ငွေလက်ခံခြင်းမပြုသည့်အဖွဲ့အစည်း။  ကျပ် ၁၅ သန်း၊ 

(၂) အပ်ငွေလက်ခံသည့် အဖွဲ့အစည်း။  ကျပ်  ၃၀ သန်း။

(မှတ်ချက်။ လက်ရှိဖွဲ့စည်းဆောင်ရွက်လျက်ရှိသော သမဝါယမအသင်း အဖွဲ့များ၏ မတည်ငွေရင်းနှင့်ပတ်သက်၍ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီမှ အထူးကိစ္စတစ်ရပ်အနေဖြင့် ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။)

(ခ) အတိုးနှုန်း

(၁) အသေးစားချေးငွေအပေါ် အတိုးနှုန်းအား ကျပ် ၁၀၀ တစ်လလျှင် ၂.၅၀ကျပ်၊ တစ်နှစ်လျှင် ၃၀ ကျပ်နှုန်းထက်မများရ။

(၂) အပ်ငွေ /စုဆောင်းငွေအပေါ်အတိုးနှုန်းအား ကျပ် ၁၀၀ တစ်လလျှင် ၁.၂၅ ကျပ်၊ တစ်နှစ်လျှင် ၁၅ ကျပ်နှုန်းထက်မနည်းရ။

(ဂ) ဝန်ဆောင်မှုစရိတ်

(၁) ရုံးခွဲများတည်ထောင်ခြင်း၊ လုပ်ငန်းနေရာရွှေ့ပြောင်းခြင်းနှင့် လုပ်ငန်း ပိတ်ခြင်း တို့အတွက် ဝန်ဆောင်မှုစရိတ် ကျပ် ၅၀၀၀၀၊

(မှတ်ချက်။  မြို့နယ်အတွင်း ရွှေ့ပြောင်းခြင်းနှင့် ဝန်ဆောင်မှုစရိတ် ပေးဆောင်ရန် မလိုဟု ကြီးကြပ်မှုကော်မတီကသတ်မှတ်သော တစ်မြို့နယ်မှ တစ်မြို့နယ်သို့ ရွှေ့ပြောင်းခြင်းများအတွက် ဝန်ဆောင်မှု စရိတ် ပေးဆောင်ရန် မလိုပါ။

(၂) လုပ်ငန်းအမျိုးအစား (အပ်ငွေလက်ခံခြင်း မပြုသည့်အဖွဲ့အစည်း / အပ်ငွေ လက်ခံသည့်အဖွဲ့အစည်း) ပြောင်းလဲလုပ်ကိုင်ခြင်းအတွက် ဝန်ဆောင်မှု စရိတ် ကျပ် ၅၀၀၀၀။

(ဃ) လိုင်စင်ကြေး

(၁) ကနဦးလိုင်စင်ကြေး ။  လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသည့်နေ့မှစ၍ ၁၅ ရက် အတွင်း ထည့်ဝင်ပြီး မတည်ငွေ၏ ၀.၁ ရာခိုင်နှုန်းနှင့်ညီမျှသော ငွေပမာဏကို ပေးသွင်းရမည်။

(၂) တိုးမြှင့်ထည့်ဝင်သည့်မတည်ငွေရင်းအပေါ် ပေးဆောင်ရမည့်လိုင်စင်ကြေး။ မိမိ ထည့်ဝင်ပြီး မတည်ငွေရင်းကို တိုးမြှင့်ပါက တိုးမြှင့်သည့်ငွေပမာဏ၏ ၀.၁ ရာခိုင်နှုန်းကို ထပ်မံပေးသွင်းရမည်။

(၃) နှစ်စဉ်လိုင်စင်ကြေး ။    နှစ်စဉ်ဘဏ္ဍာရေးနှစ်၏ ဧပြီလတွင် ထည့်ဝင်ပြီး မတည်ငွေရင်း၏ ၀.၁ ရာခိုင်နှုန်းနှင့် ညီမျှသောငွေပမာဏကို ပေးသွင်းရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း