measures relating to Veterinary Council Law


Market Access
sr. Section measures mode remarks
၁၁-က

တိရစ္ဆာန်ဆေးကုဆရာဝန်အဖြစ် မှတ်ပုံတင်ခွင့်ရရှိလိုသူ နိုင်ငံခြားသားသည် အောက်ပါ အရည်အချင်းတစ်ရပ်ရပ်နှင့် ကိုက်ညီပါက မှတ်ပုံတင်ခွင့်ပြုရန် ကောင်စီသို့ လျှောက်ထားရမည်-

(က) ကောင်စီက အသိအမှတ်ပြုသည့်ပြည်ပတက္ကသိုလ်တစ်ခုခုမှ တိရစ္ဆာန်ဆေးပညာ ဘွဲ့ နှင့် အလားတူဘွဲ့ရရှိသူ၊

(ခ) ကောင်စီကအသိအမှတ်ပြုထားခြင်း မရှိသည့်ပြည်ပတက္ကသိုလ်တစ်ခုခုမှ တိရစ္ဆာန် ဆေးပညာဘွဲ့ နှင့် အလားတူဘွဲ့ရရှိပြီး ကောင်စီကကျင်းပပြုလုပ်သောအရည်အချင်း စစ်စာမေးပွဲကို အောင်မြင်သူ။

နည်းလမ်း ၄ ဈေးကွက်ဝင်ရောက်နိုင်မှု
Domestic Regulations
sr. Section measures mode remarks
၁၁

တိရစ္ဆာန်ဆေးကုဆရာဝန်အဖြစ် မှတ်ပုံတင်ခွင့်ရရှိလိုသူ နိုင်ငံသားသည် အောက်ပါ အရည်အချင်း တစ်ရပ်ရပ်နှင့် ကိုက်ညီပါက မှတ်ပုံတင်ပေးရန် ကောင်စီသို့ လျှောက်ထားနိုင်သည်-

(က) ကောင်စီကအသိအမှတ်ပြုသည့် ပြည်တွင်းတက္ကသိုလ်တစ်ခုခုမှ တိရစ္ဆာန် ဆေးပညာ ဘွဲ့ သို့မဟုတ် အလားတူဘွဲ့ ရရှိသူ၊

(ခ) ကောင်စီကအသိအမှတ်ပြုသည့် ပြည်ပတက္ကသိုလ်တစ်ခုခုမှ တိရစ္ဆာန်ဆေးပညာဘွဲ့ နှင့် အလားတူဘွဲ့ရရှိသူ။

နည်းလမ်း ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၄

တိရစ္ဆာန်ဆေးကုဆရာဝန်သည်-

(က) ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များကို လိုက်နာရမည်၊

(ခ) ကောင်စီက သတ်မှတ်သည့် ကျင့်ဝတ်များကို စောင့်ထိန်းရမည်။

နည်းလမ်း ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၃

မည်သူမျှ ကောင်စီက ထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ်မရရှိဘဲ တိရစ္ဆာန်ဆေးကု ဆရာဝန်အဖြစ် လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ။

နည်းလမ်း ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၄

မည်သူမျှ ကောင်စီက ထုတ်ပေးသည့် ခွင့်ပြုလက်မှတ်မရရှိဘဲ တိရစ္ဆာန်ဆေးပညာဆိုင်ရာ အထောက်အကူပြုအတတ်ပညာတစ်ရပ်ရပ်ကို အသုံးချလုပ်ကိုင်ခြင်းမပြုရ။

နည်းလမ်း ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၅ (က) (ခ)

(က) တိရစ္ဆာန်ဆေးပညာဘွဲ့ရရှိသူသည် ပုဒ်မ ၂၃ ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ် ကျပ်သုံးသိန်း ချမှတ်ရမည်၊

(ခ) တိရစ္ဆာန်ဆေးပညာဘွဲ့ ရရှိသူမှအပ မည်သူမဆို ပုဒ်မ ၂၃ ပါပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် တစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ကျပ်သုံးသိန်း အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

နည်းလမ်း ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၆

မည်သူမဆို ပုဒ်မ ၂၄ ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်တစ်နှစ် အထိဖြစ်စေ၊ ငွေဒဏ်ကျပ်သုံးသိန်း အထိဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည်။

နည်းလမ်း ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၉

ဤဥပဒေပါ ပြစ်မှုများကို ပြည်သူ့ရဲတပ်ဖွဲ့က အရေးယူပိုင်ခွင့်ရှိသော ပြစ်မှုအဖြစ် သတ်မှတ်သည်။

နည်းလမ်း ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း