Measures relating to spectrum rules


Domestic Regulations
sr. Rules measures mode remarks

ဝန်ကြီးဌာနသည် အောက်ပါလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဦးစီးဌာနအား တာဝန်ပေးအပ်နိုင်သည်-

(က) နိုင်ငံလုံးဆိုင်ရာ လှိုင်းနှုန်းစဉ်လျာထားချက်ကို ဒေသဆိုင်ရာလျာထားချက်၊ အိုင်တီယူ လျာထားချက် တို့နှင့်ညီညွတ်မှုရှိစေရန် ရေးဆွဲခြင်း၊

(ခ) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းသစ်များနှင့် ထိရောက်သောပြိုင်ဆိုင်မှုကို တိုးမြှင့်ရန် ပြည့်စုံလုံ လောက်သော လှိုင်းနှုန်းစဉ်ရရှိရေးကို စီမံဆောင်ရွက်ခြင်း၊

(ဂ) လှိုင်းနှုန်းစဉ်ကို ပြန်လည်လျာထားသတ်မှတ်ရန်  လိုအပ်ခြင်း ရှိ မရှိ အခါအားလျော်စွာ သုံးသပ်မှုများပြုလုပ်ခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၆ (ဂ)

(ဂ) စိတ်ဝင်စားသောပုဂ္ဂိုလ်က နည်းဥပဒေ ၃ ပါပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုရှိစေရန် ဝန်ကြီးဌာန သို့မဟုတ် ဦးစီးဌာနသို့ အဆိုပြုနိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

သီးခြားအသုံးပြုခွင့် ရယူရန်မလိုအပ်သည့် လှိုင်းနှုန်းခွင်အသုံးပြုသူများသည်-

(က) လိုင်စင်ရရှိသူများ၏ ဝန်ဆောင်မှုလုပ်ငန်းများမှ လှိုင်းနှုန်းနှောင့်ယှက်မှုကို ခံနိုင်ရမည်။

(ခ) လိုင်စင်ရရှိသူများနှင့် အခြားသူများကို လှိုင်းနှုန်းနှောင့်ယှက်မှုမရှိစေရန် လိုအပ်သည့် နည်းပညာ များ ထားရှိဆောင်ရွက်ရမည်။

(ဂ) ဦးစီးဌာနက အခါအားလျော်စွာထုတ်ပြန်သည့်လွှင့်အား၊ လွှင့်ထုတ်သောစရိုက်လက္ခာဏာ များ (Class of Emission) နှင့်အခြားသော အသေးစိတ်အချက်အလက်များကို လိုက်နာရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၂

၁၂။ လှိုင်းနှုန်းခွင် အသုံးပြုခွင့်ရရှိသူသည် ဦးစီးဌာနကထုတ်ပေးထားသည့် အောက်ပါခွင့်ပြုချက် တို့မှ လွဲ၍လှိုင်းနှုန်းစဉ်ကို ထုတ်လွှင့်ခြင်းမပြုရ-

(က) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ရန် လိုအပ်သည့်လုပ်ငန်းလိုင်စင်၊

(ခ) ဆက်သွယ်ရေးပစ္စည်းဆိုင်ရာလိုင်စင်၊

(ဂ) လှိုင်းနှုန်းခွင်အသုံးပြုခွင့်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၅

လှိုင်းနှုန်းအသုံးပြုခွင့်ရရှိသူသည် ဦးစီးဌာနကသတ်မှတ်ထားသော အောက်ပါစည်းကမ်းချက်များ ကို  လိုက်နာရမည်-

(က) အသုံးပြုသည့် လှိုင်းနှုန်းများ သို့မဟုတ် လှိုင်းနှုန်းခွင်သည် နိုင်ငံလုံးဆိုင်ရာ လှိုင်းနှုန်းစဉ် လျာထားချက်နှင့်ကိုက်ညီစေရမည်။

(ခ) လိုင်စင်ရရှိသူများသည် ကာကွယ်ထားသော ဆက်သွယ်ရေးလှိုင်းနှုန်းခွင်များကို နှောင့်ယှက်မှုမရှိစေ ရန် သက်ဆိုင်ရာပြဋ္ဌာန်းချက်များကို လိုက်နာရမည်။

(ဂ) လိုင်စင်ရရှိသူများသည် ဤနည်းဥပဒေများ အခန်း ၄ ပါပြဋ္ဌာန်းချက်များကိုလိုက်နာရမည်။

(ဃ) တူညီသောလှိုင်းနှုန်းခွင်အတွက်အသုံးပြုခွင့်ရရှိသူအားလုံးသည် ယင်းလှိုင်းနှုန်းစဉ်ဆိုင်ရာ သတ်မှတ်စည်းကမ်းချက်များကို လိုက်နာရမည်။

(င) အသုံးပြုခွင့်ရရှိသူသည် မိမိအားခွင့်ပြုထားသည့်အသုံးပြုခွင့်အား ဦးစီးဌာန၏ကြိုတင် ခွင့်ပြုချက်မရရှိဘဲ အခြားပုဂ္ဂိုလ်တစ်ဦးသို့ လှိုင်းနှုန်းခွင်ဆိုင်ရာ အသုံးပြုခွင့်ကိုဖြစ်စေ၊ အကျိုးစီးပွား ကိုဖြစ်စေ၊ တာဝန်ဝတ္တရားကိုဖြစ်စေ လွှဲပြောင်းခြင်းတို့ကို မပြုလုပ်ရ။

(စ) လှိုင်းနှုန်းခွင် အသုံးပြုခွင့်ပေးခြင်းသည် လှိုင်းနှုန်းစဉ်ပိုင်ဆိုင်ခွင့်ပေးပြီးခြင်းဟု အဓိပ္ပာယ် သက်ရောက်ခြင်းမရှိစေရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၆

လှိုင်းနှုန်းခွင်အသုံးပြုခွင့်ရရှိသူသည် အသုံးပြုခွင့်ရရှိသည့် ကာလတိုးမြှင့်ရန်အတွက် ဦးစီးဌာန သို့စာဖြင့်တင်ပြလျှောက်ထားရမည်။ လျှောက်ထားချက်သည် ယခင်ခွင့်ပြုထားသည့် သက်တမ်း မကုန်ဆုံးမီ ၂ နှစ်ထက်မစောရမည့်အပြင် တစ်နှစ်ထက်နောက်မကျစေရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၈

ဦးစီးဌာနသည် အသုံးပြုခွင့်သက်တမ်းတိုးလျှောက်ထားခြင်းကို ခွင့်ပြုခြင်းမရှိပါက လျှောက်ထား သူထံစာဖြင့် အကြောင်းကြားရမည်။ အကြောင်းကြားစာတွင် အောက်ပါတို့ပါဝင်သည်-

(က) ခွင့်ပြုချက်ရရှိရန် လိုအပ်သောအချက်အလက်များ၊

(ခ) အသုံးပြုခွင့်ပြင်ဆင်လျှောက်ထားရန် သို့မဟုတ် အသုံးပြုခွင့်အသစ် လျှောက်ထားရန်၊

(ဂ) လျှောက်ထားသူမှ ရက်ပေါင်း ၆၀ အတွင်း အသုံးပြုခွင့်ပြန်လည်လျှောက်ထားရန်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၉

အသုံးပြုခွင့်ရရှိသူသည် တိုးမြှင့်တောင်းခံသည့် ကာလအလိုက် လှိုင်းနှုန်းစဉ်အသုံးပြုခကို ပေးဆောင်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၀

လှိုင်းနှုန်းခွင် အသုံးပြုခွင့်ကာလသည် သက်ဆိုင်ရာလုပ်ငန်းလိုင်စင်သက်တမ်းထက် မကျော်လွန်စေရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၀ ၂၁

လှိုင်းနှုန်းခွင် အသုံးပြုခွင့်ရသူအားလုံးသည် အောက်ပါအခကြေးငွေများကို ပေးဆောင်ရမည်-

(က) လှိုင်းနှုန်းစဉ်အသုံးပြုခကို သတ်မှတ်ချက်များနှင့်အညီ ပေးဆောင်ရမည်။

(ခ) လှိုင်းနှုန်းစဉ် အသုံးပြုခ၏အစိတ်အပိုင်းဖြစ်သည့် လှိုင်းနှုန်းစဉ်စီမံခန့်ခွဲခကို နှစ်စဉ်ပေး ဆောင်ရမည်။

(ဂ) အသုံးပြုခွင့်ကာလတိုးမြှင့်ခြင်းအတွက် သက်ဆိုင်ရာအသုံးပြုခွင့် ကာလအလိုက် ပေးဆောင် ရမည်။

(ဃ) ဆက်သွယ်ရေးဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ (ဂ) နှင့် ဤနည်းဥပဒေများအရ ဦးစီးဌာနက သတ်မှတ်ထားသော ကျိုးကြောင်းခိုင်လုံသည့် အခြားအခကြေးငွေများကို ပေးဆောင်ရ မည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁ ၂၂

လှိုင်းနှုန်းခွင်အသုံးပြုခွင့်ကို အောက်ပါအခြေအနေတစ်ရပ်ရပ်အရ ပြင်ဆင်ပြောင်းလဲနိုင်သည်-

(က) အသုံးပြုခွင့်ရရှိသူကတောင်းဆိုခြင်း၊

(ခ) ဆက်သွယ်ရေးဥပဒေနှင့် ဤနည်းဥပဒေများအရ အများပြည်သူအကျိုးအတွက် ပြုလုပ်ရန် လိုအပ်သည်ဟုဦးစီးဌာနကဆုံးဖြတ်ခြင်း၊

(ဂ) နိုင်ငံတကာသဘောတူစာချုပ်များ သို့မဟုတ် ဆက်သွယ်ရေးနည်းဥပဒေ သို့မဟုတ် နည်းဥပဒေများ အပြင်နိုင်ငံလုံးဆိုင်ရာ လှိုင်းနှုန်းစဉ်လျာထားချက်တို့နှင့် ကိုက်ညီရန် လိုအပ်ခြင်း၊

(ဃ) သက်ဆိုင်ရာလုပ်ငန်းလိုင်စင်၏ စည်းကမ်းချက်များတွင် ဖြစ်ပေါ်လာသော ပြောင်းလဲမှု များနှင့် ကိုက်ညီရန်လိုအပ်ခြင်း၊

(င) အသုံးပြုခွင့်ရရှိသူသည် အောက်ပါအချက်များအနက် တစ်ခုခုကိုလိုက်နာရန် ပျက်ကွက် သည်ဟု ဦးစီးဌာနက ဆုံးဖြတ်လျှင်-

(၁) ဆက်သွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်၊

(၂) သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းမူဘောင်၊

(၃) လိုင်စင်တွင်ပါဝင်သောအချက်အလက်များ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၂ ၂၃ (က) (ခ) (ဂ) (ဃ)

အသုံးပြုခွင့်ရရှိသူသည့် အောက်ပါအချက်အလက်များကို လိုက်နာရမည်ဖြစ်သည်-

(က) ဥပဒေ၊ နည်းဥပဒေများ၊ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းမူဘောင်များနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်များတွင် အောက်ပါတို့ပါဝင်သည်-

(၁) ဆက်သွယ်ရေးဆိုင်ရာနိုင်ငံတကာသဘောတူညီချက်များ၊

(၂) ဆက်သွယ်ရေးဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များ၊

(၃) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း လှိုင်းနှုန်းခွင်အသုံးပြုခွင့်နှင့် အကျုံး ဝင်သော အခြားဥပဒေပြဋ္ဌာန်းချက်များ။

(ခ) သက်ဆိုင်ရာလုပ်ငန်းလိုင်စင်ပါစည်းကမ်းချက်များ၊

(ဂ) အသုံးပြုခွင့်ရရှိသည့် လှိုင်းနှုန်းခွင်အသုံးပြုခွင့်ဆိုင်ရာစည်းကမ်းချက်များ၊

(ဃ) ဦးစီးဌာနကခွင့်ပြုထားသောအခြားလိုင်စင်တစ်ခုခုပါ စည်းကမ်းချက်များ၊

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၃ ၂၃ (င)

(င) ဦးစီးဌာနက အခါအားလျော်စွာသတ်မှတ်ထားသည့်အတိုင်း အချိန်နှင့်တစ်ပြေးညီ ပြုစု ထိန်းသိမ်းထားရမည့်လုပ်ငန်းဆောင်ရွက်မှုများနှင့် ဆက်သွယ်ရေးပစ္စည်းများ၏ မှတ်တမ်းများတွင် အောက်ပါ အချက်များအနည်းဆုံးပါဝင်ရမည်-

(၁) ရေဒီယိုစခန်းများတွင် အသုံးပြုထားသော လိုင်စင်ဖြင့် ခွင့်ပြုထားသည့် ရေဒီယို ပစ္စည်းများ၏ အချက်အလက်များ၊

(၂) လုပ်ငန်းလိုင်စင်ရရှိသူ၏ ဆက်သွယ်ရေးကွန်ရက်နှင့် ရေဒီယိုစခန်း တစ်ခုချင်းစီက လွှမ်းခြုံ နိုင်သော နယ်မြေဧရိယာဆိုင်ရာ အချက်အလက်များ၊

(၃) ရေဒီယိုစခန်းတစ်ခုချင်းစီ၏အမြင့်၊ တည်နေရာနှင့် ထုတ်လွှင့်မှုအား (Effective Radiated Power) ၊

(၄) ရေဒီယိုစခန်းတစ်ခုစီသည် အများပြည်သူကိုဖြစ်စေ၊ လုပ်ငန်းလိုင်စင်ရရှိသူ၏ ဝန်ထမ်းများ နှင့် ကန်ထရိုက်တာများကိုဖြစ်စေ ဘေးဖြစ်စေသောထုတ်လွှင့်မှုမျိုး မဖြစ်စေရန်ဆောင်ရွက်မှုများ၊

(၅) နိုင်ငံလုံးဆိုင်ရာ လှိုင်းနှုန်းစဉ်လျာထားချက်၊ လှိုင်းနှုန်းခွင့်ပြုမှတ်တမ်းတို့ကို ဦးစီးဌာနက ပြုစုနိုင်ရေးနှင့် အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်နိုင်ရေးအတွက် လိုအပ်သောသတင်း အချက် အလက်များ၊

(၆) ရေဒီယိုစခန်းတစ်ခုစီ၏ ထုတ်လွှင့်မှုအမျိုးအစား (Emission Designation)၊

(၇) သတ်မှတ်ပေးထားသော လှိုင်းနှုန်းများကို အသုံးပြုသည့် ဝန်ဆောင်မှု အမျိုးအစားများ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၄ ၂၃ (စ)

(စ) ဆက်သွယ်ရေးဥပဒေပုဒ်မ ၄၀ နှင့်ဤနည်းဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဦးစီးဌာနက အသုံးပြုခွင့်ရရှိသူများသို့ စာဖြင့်ညွှန်ကြားလာပါက သင့်လျော်သော သတ်မှတ်ကာလ အတွင်း အောက်ပါ တို့ကို ဖြည့်ဆည်းပေးရမည်-

(၁) သက်ဆိုင်ရာတာဝန်ရှိသူများကို ဦးစီးဌာနက စစ်ဆေးနိုင်ရန် ဆောင်ရွက်ပေးခြင်း၊

(၂) အသုံးပြုထားသောလှိုင်းနှုန်းများ၊ အသုံးပြုရန်လျာထားသော လှိုင်းနှုန်းများ၊ လှိုင်းနှုန်းနှင့် သက်ဆိုင်သည့် အချက်အလက်၊ အထောက်အထား၊ စာရွက်စာတမ်းများ သို့မဟုတ် အခြား လိုအပ်သည့် အချက်အလက်များ၊

(၃) ရေဒီယိုစခန်းများတွင် အသုံးပြုထားသောလိုင်စင်ဖြင့် ခွင့်ပြုထားသည့် ရေဒီယို ပစ္စည်းများ၏ အချက်အလက်များ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၅ ၂၃ (ဆ)

(ဆ) ဦးစီးဌာနမှ သတ်မှတ်ပေးထားသည့် လှိုင်းနှုန်းများအားထိရောက်စွာ အသုံးပြုခြင်း ရှိ မရှိကိုဖြစ်စေ၊ လှိုင်းနှုန်းများအားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းအား အမှန်တကယ် လိုအပ်ချက် ရှိ မရှိကိုဖြစ်စေ စစ်ဆေးနိုင်ရန်အတွက် ဦးစီးဌာနနှင့် အပြည့်အဝပူးပေါင်း ဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၆ ၂၃ (ဈ)

(ဈ) ဆက်သွယ်ရေးဥပဒေပုဒ်မ ၄၀ (က) (၂) ပါ ပြဋ္ဌာန်းချက်များအရ ဦးစီးဌာနက စာဖြင့်ညွှန်ကြားပါကသင့်လျော်သော သတ်မှတ်ကာလအတွင်း အောက်ပါတို့ကို ဖြည့်ဆည်းပေး ရမည်-

(၁) ဦးစီးဌာနကိုဖြစ်စေ၊ ယင်းကတာဝန်ပေးအပ်သူ တစ်ဦးဦးကိုဖြစ်စေ မိမိ၏ အဆောက်အအုံ ပရဝဏ်များအတွင်းသို့ ဝင်ရောက်စစ်ဆေးခြင်း၊ စာရင်းစစ်ခြင်းနှင့် ရေဒီယိုပစ္စည်းများကို စစ်ဆေးခြင်းတို့ကို ပြုလုပ်နိုင်ရန် ခွင့်ပြုခြင်း၊

(၂) ဦးစီးဌာန သို့မဟုတ် ယင်းကတာဝန်ပေးအပ်သူမှ ညွှန်ကြားသော ကျိုးကြောင်းဆီလျော် သည့် မည်သည့်အကူအညီကိုမဆို ဆောင်ရွက်ပေးခြင်း၊

(၃) အရေးပေါ်အခြေအနေ သို့မဟုတ် အခြားအရေးကြီးအခြေအနေများမှလွဲ၍ ဦးစီးဌာနက စစ်ဆေးမှုမပြုလုပ်မီ  ကြိုတင်အကြောင်းကြားသည့်အခါတွင် လူပုဂ္ဂိုလ် သို့မဟုတ် ပစ္စည်းများအား ထိခိုက်ပျက်စီးမှု မဖြစ်စေရေးအတွက် ဆောင်ရွက်ချက်များ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၇ ၂၄

လိုင်စင်ရရှိသူသည် လိုင်စင်တွင်ပါဝင်သော စည်းမျဉ်းစည်းကမ်း သို့မဟုတ် အကျုံးဝင်သော စည်းမျဉ်းစည်းကမ်းများတွင် ပြဋ္ဌာန်းထားသော တာဝန်ဝတ္တရားတစ်ရပ်ရပ်ကို ချိုးဖောက်သည်ဟု ခိုင်မာသည့်အကြောင်းအချက်အလက်များအရ ဦးစီးဌာနက ယုံကြည်လျှင်ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၅၇ နှင့် ဤနည်းဥပဒေများပါ ပြဋ္ဌာန်းချက်တို့နှင့်အညီ အရေးယူရန် စတင်ဆောင်ရွက်နိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၈ ၂၆

ဖြေရှင်းခွင့်ပေးပြီးနောက် လိုင်စင်ရရှိသူက ချိုးဖောက်သည်ဟု ဦးစီးဌာနက ဆုံးဖြတ်လျှင် အောက်ပါအရေးယူဆောင်ရွက်မှုများအနက် တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ချမှတ်နိုင်သည်-

(က) သတိပေးခြင်း၊

(ခ) ချိုးဖောက်မှုကိုကုစားရန်လိုအပ်သည့် ဆောင်ရွက်မှုများပြုလုပ်ရန်နှင့် ထပ်မံချိုးဖောက် ခြင်းမှ ရှောင်ကြဉ်ရန် သို့မဟုတ် နှစ်ရပ်စလုံးကိုပြုလုပ်ရန် ညွှန်ကြားချက်ထုတ်ပြန်ခြင်း၊

(ဂ) ကျိုးကြောင်းဆီလျော်မှုရှိ၍ လိုင်စင်ရရှိသူလိုက်နာနိုင်ခြင်းရှိစေသော သက်ဆိုင်သော ဝင်ငွေ (Relevant Revenue) ၏ ၅ ရာခိုင်နှုန်းအထိ ရှိသောငွေပမာဏကို ဒဏ်ကြေး အဖြစ်နောက် ပြက္ခဒိန်နှစ် အတွင်း ပေးဆောင်စေခြင်း၊

(ဃ) လိုင်စင်ရရှိသူအား ခွင့်ပြုထားသည့် လှိုင်းနှုန်းအားလုံးကိုဖြစ်စေ၊ အစိတ်အပိုင်းကိုဖြစ်စေ ပြန်လည်သိမ်းယူခွင့်ရှိခြင်း၊

(င) လိုင်စင်ကို ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းကို အောက်ပါအခြေအနေတွင် ဆောင်ရွက်ရမည်-

(၁) လိုင်စင်ရရှိသူသည် နည်းဥပဒေခွဲ (က) မှ (ဃ) ပါပြဋ္ဌာန်းချက်များကိုလိုက်နာရန် ပျက်ကွက်မှုနှင့် နောင်တွင်လိုက်နာနိုင်မည့် အခြေအနေမရှိလျှင်၊

(၂) လိုင်စင်ရရှိသူက အယူခံခုံရုံးသို့ တင်ပြမှုမပြုခြင်းနှင့် တင်ပြခဲ့လျှင်လည်းခုံရုံးက ယခင် ဆုံးဖြတ်ချက် ကိုအတည်အဖြစ် အပြီးသတ်ဆုံးဖြတ်လျှင်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၉ ၂၉

နည်းဥပဒေ ၂၇ မှ ၃၀ ပါပြဋ္ဌာန်းချက်များတွင် ဖော်ပြမထားသော်လည်း အခြားလိုင်စင်ရရှိသူတစ် ဦးမှ ၎င်းအားသတ်မှတ်ပေးထားသော လှိုင်းနှုန်းခွင်များအတွင်း လိုင်စင်နှင့်အညီ ထုတ်လွှင့်မှု များအပေါ် ဘေးဖြစ်စေသော လှိုင်းနှုန်းနှောင့်ယှက်မှုကြောင့် (Harmful Interference) လုပ်ငန်း မဆောင်ရွက်နိုင်သည်အထိ အဟန့်အတားဖြစ်ပေါ်လာလျှင် ဦးစီးဌာနက လိုင်စင်ရရှိသူ အသုံးပြု သော ဆက်သွယ်ရေးပစ္စည်းများ၏ထုတ်လွှင့်မှုကို လိုအပ်သလို ပြင်ဆင်ရန် သို့မဟုတ် အပြီးသတ် ဖြေရှင်းပြီးသည်အထိ ၎င်း၏လုပ်ငန်းဆောင်ရွက်မှုကို ရပ်ဆိုင်းထားရန် ညွှန်ကြားနိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၀ ၃၀

ဆက်သွယ်ရေးဥပဒေနှင့်သော်လည်းကောင်း၊ အကျုံးဝင်သော စည်းမျဉ်းစည်းကမ်းနှင့်သော် လည်းကောင်း ညီညွတ်ခြင်းမရှိပါက-

(က) နည်းဥပဒေ ၂၈၊ နည်းဥပဒေခွဲ (ဂ) အရ အရေးယူမှုဆောင်ရွက်ရာတွင် လိုင်စင်ရရှိသူသည် ဦးစီးဌာန အားပေးဆောင်ရန် ကျန်ရှိသည့်အခကြေးငွေကို ပေးဆောင်ရမည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း မပေးဆောင်ခဲ့လျှင် ပေးချေရန် စေ့ရောက်သည့်နေ့အထိ နောက်ကြောင်းပြန်၍ သတ်မှတ်ထားသော ရက်လွန်ကြေးနှင့်အတူ ပေးဆောင်ရမည်။

(ခ) လိုင်စင်ရရှိသူသည် ဦးစီးဌာနအားပေးရန်ရှိသည့် မည်သည့်အခကြေးငွေမဆို ပေးချေ ရမည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ပေးချေရန်တမင်ရည်ရွယ်၍ဖြစ်စေ၊ ထပ်ကာ ထပ်ကာဖြစ်စေ ပျက်ကွက်ခဲ့လျှင် ဦးစီးဌာနသည် နည်းဥပဒေ ၂၆၊ နည်းဥပဒေခွဲ (ဃ) အရ အရေးယူ ဆောင်ရွက်နိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၁ ၃၂

အများပြည်သူသုံး မိုဘိုင်းလှိုင်းနှုန်းခွင် အသုံးပြုခြင်းနှင့်စပ်လျဉ်း၍-

(က) လှိုင်းနှုန်းခွင်အသုံးပြုခွင့် လျှောက်ထားခြင်းမပြုမီ သက်ဆိုင်ရာလုပ်ငန်းလိုင်စင် လိုအပ်သည်။

(ခ) လှိုင်းနှုန်းခွင် အသုံးပြုခွင့်ရရှိသူသည် သတ်မှတ်ထားသော လှိုင်းနှုန်းအသုံးပြုသည့် ရေဒီယိုစခန်းများ၊ ယင်းနှင့်ချိတ်ဆက်သည့် အသုံးပြုသူ၏ရေဒီယိုပစ္စည်းတစ်ခုစီအတွက် သီးခြားခွင့်ပြုချက် ရယူရန် မလိုအပ်ပါ။

(ဂ) ဆက်သွယ်ရေးကွန်ရက်နှင့် အသုံးပြုသူ၏ ရေဒီယိုပစ္စည်းများအတွက် ဦးစီးဌာနမှ ကြိုတင် ခွင့်ပြုချက်ရယူရန် မလိုပါ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၂ ၃၃

အများပြည်သူသုံးမိုဘိုင်းလှိုင်းနှုန်းခွင် အသုံးပြုခွင့်ရရှိသူအားလုံးသည် အောက်ပါတာဝန်ဝတ္တရား များကို လိုက်နာရမည်-

(က) ဦးစီးဌာနက သတ်မှတ်ထားသော လှိုင်းနှုန်းများ သို့မဟုတ် လှိုင်းနှုန်းခွင်များကိုသာ အသုံးပြုရမည်။

(ခ) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွင် အသုံးပြုသည့်ရေဒီယိုပစ္စည်းများအားလုံးကို မှတ်ပုံတင်ရမည်။

(ဂ) လှိုင်းနှုန်းနှောင့်ယှက်မှု (frequency interference) ဆိုင်ရာကိစ္စများ ကိုင်တွယ်ဖြေရှင်း နိုင်ရန်အတွက် လိုအပ်သည့်အချက်အလက်များကို မှတ်တမ်းထားရှိရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၃ ၃၄

လုပ်ငန်းလိုင်စင်ရရှိသူသည် ၎င်း၏ လှိုင်းနှုန်းခွင်အသုံးပြုခွင့်အား ပြန်လည်အပ်နှံလိုပါက-

(က) ဦးစီးဌာနသို့ ကြိုတင်ခွင့်ပြုချက်ရယူရန် လိုအပ်သည်။

(ခ) ပြန်လည်အပ်နှံလိုကြောင်း ကြိုတင်ခွင့်ပြုချက် တောင်းခံခြင်းသည် အပ်နှံမည့်ရက်မတိုင်မီ ရက်ပေါင်း ၁၈၀ ထက်နောက်မကျစေရ။

(ဂ) အပ်နှံခွင့်ပြုခဲ့ပါက ထိခိုက်နစ်နာမှုရှိနိုင်သည့် အသုံးပြုသူများအား ဝန်ဆောင်မှုပေးသည့် အခြားသူများ၏ ဝန်ဆောင်မှုများကို ပြောင်းလဲရယူနိုင်ရေးအတွက် ဦးစီးဌာနမှ ညွှန်ကြားသည့် အတိုင်း ဆောင်ရွက်ပေးရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၄ ၃၈

(က) ရေကြောင်းစခန်းတစ်ခုရှိ ရေဒီယိုပစ္စည်းများကို လုပ်ကိုင်ဆောင်ရွက်လိုသူသည် ဝန်ကြီး ဌာနမှအတည်ပြုပြီး ဦးစီးဌာနကထုတ်ပေးသော သက်ဆိုင်ရာကျွမ်းကျင်မှု အောင်လက်မှတ် ရရှိသူဖြစ်ရမည်။

(ခ) ဦးစီးဌာနသည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၈၄ (ခ) နှင့်အညီ ကျွမ်းကျင်မှုစစ်ဆေး အောင်မြင်ပြီးသူများကိုသက်ဆိုင်ရာကျွမ်းကျင်မှု အောင်လက်မှတ်ထုတ်ပေးရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၅ ၃၉ (ဂ)

(ဂ) ရေကြောင်းစခန်းသုံး လှိုင်းနှုန်းခွင်အသုံးပြုသည့် ဆက်သွယ်ရေးပစ္စည်းများကို နည်းဥပဒေ ၃၈ အရ သက်ဆိုင်ရာကျွမ်းကျင်မှု အောင်လက်မှတ်ရရှိသူမှ ဆောင်ရွက်ရန်ဖြစ်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၆ ၄၀

ရေကြောင်းစခန်းသုံး လှိုင်းနှုန်းခွင်အသုံးပြုခွင့်ရရှိသူအားလုံးသည် အောက်ပါတာဝန် ဝတ္တရား များကို လိုက်နာရမည်-

(က) ဦးစီးဌာနကသတ်မှတ်ထားသော ခွင့်ပြုလှိုင်းနှုန်းများ သို့မဟုတ် လှိုင်းနှုန်းခွင်များကိုသာ အသုံးပြုရမည်။

(ခ) ရေကြောင်းစခန်းသုံး လှိုင်းနှုန်းခွင်အသုံးပြုသည့် ရေဒီယိုပစ္စည်းများအားလုံးကို ဆက်သွယ်ရေး ပစ္စည်း ဆိုင်ရာလိုင်စင်ရယူရမည်။

(ဂ) လှိုင်းနှုန်းနှောင့်ယှက်မှု (frequency interference) ဆိုင်ရာကိစ္စများကိုင်တွယ်ဖြေရှင်း နိုင်ရန် အတွက်လိုအပ်သည့်မှတ်တမ်းများကို ထိန်းသိမ်းထားရှိရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၇ ၄၅

(က) လေကြောင်းစခန်းတစ်ခုရှိ ရေဒီယိုပစ္စည်းများကို လုပ်ကိုင်ဆောင်ရွက်လိုသူသည် ဦးစီးဌာနက ထုတ်ပေးသောသက်ဆိုင်ရာကျွမ်းကျင်မှု အောင်လက်မှတ်ရရှိသူ ဖြစ်ရမည်။

(ခ) ဦးစီးဌာနသည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၈၄ (ခ) နှင့်အညီ ကျွမ်းကျင်မှုစစ်ဆေး အောင်မြင်ပြီးသူများကို သက်ဆိုင်ရာ ကျွမ်းကျင်မှု အောင်လက်မှတ်ထုတ်ပေးရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၈ ၄၆ (ဂ)

(ဂ) လေကြောင်းဆက်သွယ်ရေး (aeronautical communication) ကို နည်းဥပဒေ ၄၅ အရသက်ဆိုင်ရာ ကျွမ်းကျင်မှု အောင်လက်မှတ်ရရှိသူမှ ဆောင်ရွက်ရန်ဖြစ်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၉ ၄၇

လေကြောင်းစခန်းသုံး လှိုင်းနှုန်းခွင်အသုံးပြုခွင့် ရရှိသူအားလုံးသည် အောက်ပါတာဝန် ဝတ္တရားများကို လိုက်နာရမည်-

(က) ဦးစီးဌာနကသတ်မှတ်ထားသော ခွင့်ပြုလှိုင်းနှုန်းများ သို့မဟုတ် လှိုင်းနှုန်းခွင်များကိုသာ အသုံးပြုရမည်။

(ခ) လေကြောင်းစခန်းသုံး လှိုင်းနှုန်းခွင်အသုံးပြုသည့် ရေဒီယိုပစ္စည်းများအားလုံးကို ဆက်သွယ် ရေးပစ္စည်းဆိုင်ရာလိုင်စင်ရယူရမည်။

(ဂ) လှိုင်းနှုန်းနှောင့်ယှက်မှု (frequency interference) ဆိုင်ရာကိစ္စများ ကိုယ်တွယ် ဖြေရှင်းနိုင်ရန် အတွက်လိုအပ်သည့်မှတ်တမ်းများကို ထိန်းသိမ်းထားရှိရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၀ ၅၁

အောက်ပါကိစ္စရပ်များကို ဂြိုဟ်တုလှိုင်းနှုန်းခွင်အသုံးပြုခွင့် လျှောက်ထားရမည်-

(က) Very Small Apature Terminal- VSAT အသုံးပြုခြင်း၊

(ခ) သတင်းများကို ဂြိုဟ်တုဆက်သွယ်ရေးနည်းဖြင့် စုဆောင်းခြင်းလုပ်ငန်း၊

(ဂ) သင်္ဘောနှင့်လေယာဉ်တို့တွင်တပ်ဆင်ထားသော ဂြိုဟ်တုဆက်သွယ်ရေးစနစ်များ၊

(ဃ) မြေပြင်စခန်းမှ ဂြိုဟ်တုသို့ ထုတ်လွှင့်ခြင်းလုပ်ငန်းများ

(င) မိုဘိုင်းဂြိုဟ်တုဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ၊

(စ) DTH (Direct to Home) စနစ်အပါအဝင် ဂြိုဟ်တုရုပ်မြင်သံကြား ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၁ ၅၂ (ဂ)

(ဂ) နိုင်ငံတကာဂြိုဟ်တုအော်ပရေတာများသည် အမှန်တကယ်သုံးစွဲသူများသို့ ဂြိုဟ်တု ဆက်သွယ်ရေးဝန်ဆောင်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်အတွက် လိုင်စင်ထုတ် ပေးခြင်းဆိုင်ရာ နည်းဥပဒေများတွင် ဖော်ပြထားသည့်သင့်လျော်သော လုပ်ငန်းလိုင်စင်ကို ရယူရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၂ ၅၂ (ဃ)

(ဃ) နိုင်ငံတကာဂြိုဟ်တုအော်ပရေတာများမှ တိုက်ရိုက်ဖြစ်စေ၊ ကိုယ်စားလှယ်မှ တစ်ဆင့် ဖြစ်စေ အသုံးပြုသူများသို့ ရေဒီယိုဆက်သွယ်ရေးပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်း အတွက် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၂၇ အရဦးစီးဌာနမှ နည်းပညာဆိုင်ရာ ထောက်ခံချက် ရယူရန် လိုအပ်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၃ ၅၃ (က) (ဂ)(ဃ)

ဂြိုဟ်တုစနစ်အသုံးပြုသော လက်ခံမှုသက်သက်သာဆောင်ရွက်သည့် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍-

(က) ဂြိုဟ်တုရုပ်မြင်သံကြားထုတ်လွှင့်ခြင်းလုပ်ငန်း ဆောင်ရွက်လိုသူမည်သူမဆို ပြန်ကြားရေး ဝန်ကြီး ဌာနမှ သီးခြားရုပ်သံထုတ်လွှင့်ခွင့်လိုင်စင်ရယူရန် လိုအပ်သည်။

(ဂ) ဂြိုဟ်တုရုပ်မြင်သံကြားအချက်အလက်ပေးပို့သည် လုပ်ငန်းဆောင်ရွက်လိုသူမည်သူမဆို ပြန်ကြားရေးဝန်ကြီးဌာနမှ သီးခြားရုပ်သံထုတ်လွှင့်ခွင့်လိုင်စင် ရယူရန်လိုအပ်သည်။ ဦးစီးဌာနမှ ဂြိုဟ်တုလှိုင်းနှုန်းစဉ် အသုံးပြုခွင့် ရယူရန်လိုအပ်သည်။

(ဃ) မည်သူမဆိုဂြိုဟ်တုတစ်ခုမှ ထုတ်လွှင့်မှုများကို လက်ခံမှုသက်သက်သာ လုပ်နိုင်စွမ်းရှိပြီး ထုတ်လွှင့်နိုင်စွမ်းမရှိသော ဆက်သွယ်ရေးစက်များကို အမှန်တကယ်အသုံးပြုသူများသို့ ဖြန့်ဖြူး ရောင်းချခြင်းအတွက် ဆက်သွယ်ရေးဥပဒေပုဒ်မ ၂၇ အရ ဦးစီးဌာနမှ  နည်းပညာဆိုင်ရာ ထောက်ခံချက် ရယူရန် လိုအပ်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၄ ၅၄ (ခ) မှ (စ)

(ခ) နိုင်ငံလုံးဆိုင်ရာ လှိုင်းနှုန်းစဉ်လျာထားချက်တွင် ဂြိုဟ်တုဝန်ဆောင်မှုလုပ်ငန်းများအတွက် သတ်မှတ်သောလှိုင်းနှုန်းများမှအပ အခြားသောလှိုင်းနှုန်းများကိုအသုံးပြုခြင်း မရှိစေရ။

(ဂ) ဆက်သွယ်ရေးဆက်ကြောင်း(fixed service) နှင့်လှိုင်းနှုန်းမျှဝေအသုံးပြုခြင်းတွင် လှိုင်းနှုန်းနှောင့် ယှက်မှုကို ရှောင်ကြဉ်သည့်လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မျှဝေအသုံးပြုမှု ဆန်းစစ်ချက် (sharing analysis) ပြုလုပ်ရန်လိုသည်။

(ဃ) အမှန်တကယ်အသုံးပြုသူများသို့ ဖြည့်ဆည်းပေးသည့် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများအတွက် သက်ဆိုင်ရာလုပ်ငန်းလိုင်စင်လိုအပ်သည်။ ထို့အပြင် လုပ်ငန်း လိုင်စင်ရရှိထား သော ကွန်ရက်တစ်ခုကို အပြန်အလှန်ချိတ်ဆက်ပေးသော မည်သည့် ဝန်ဆောင်မှုလုပ်ငန်း အတွက်မဆို သက်ဆိုင်ရာလုပ်ငန်းလိုင်စင်လိုအပ်သည်။ အဆိုပါ အပြန်အလှန်ချိတ်ဆက်ပေးခြင်း သည် ကုမ္ပဏီတစ်ခု၏အဖွဲ့ဝင်များနှင့် ယင်း၏ဆက်စပ် ပါဝင်နေသော အဖွဲ့အစည်းများ (Affiliates) အတွင်း ကိုယ်ပိုင်အသုံးပြုမှုနှင့် အဖွဲ့ အစည်းအတွင်း အသုံးပြုမှုအတွက် လုပ်ငန်းလိုင်စင်မလိုအပ်ပါ။

(င) ကွန်ရက်အထောက်အကူပြုပစ္စည်းများနှင့် အမှန်တကယ်အသုံးပြုသူ၏ ရေဒီယိုပစ္စည်း များသည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၂၆ အရ ဦးစီးဌာနမှ သတ်မှတ်ထားသည့် ဆက်သွယ်ရေး ပစ္စည်းများ၏ စံချိန်စံညွှန်းနှင့်ကိုက်ညီရမည်။

(စ) ဤနည်းဥပဒေအရ ခွင့်ပြုသည့် အမှန်တကယ်သုံးစွဲသူ၏ရေဒီယိုပစ္စည်းများသည် ဝန်ကြီး ဌာနနှင့် ဦးစီးဌာနမှ သတ်မှတ်ထားသောနည်းပညာစံချိန်စံညွှန်းများနှင့် ကိုက်ညီရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၅ ၅၅

ဂြိုဟ်တုလှိုင်းနှုန်းခွင် အသုံးပြုခွင့်ရရှိထားသူသည် အောက်ပါတာဝန်ဝတ္တရားများကို လိုက်နာရမည်-

(က) သက်ဆိုင်ရာစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အာကာသအစိတ်အပိုင်း (space segment) တစ်ခုခုကို အသုံးပြုခွင့်အတွက် ဦးစီးဌာနမှ ကြိုတင်ခွင့်ပြုချက် ရယူရမည်။

(ခ) ဂြိုဟ်တုအော်ပရေတာအတွက် သတ်မှတ်ထားသောအချက်အလက်များကို ဂြိုဟ်တုအသုံး မပြုမီ ဦးစီးဌာနသို့ ကြိုတင်ပေးပို့ရမည်။

(ဂ) ဂြိုဟ်တုလှိုင်းနှုန်းခွင်အသုံးပြုခွင့်ရယူပြီးက အခကြေးငွေများအား ပေးဆောင်ရမည်။

(ဃ) ဦးစီးဌာနကသတ်မှတ်ထားသော ခွင့်ပြုလှိုင်းနှုန်းများ သို့မဟုတ် လှိုင်းနှုန်းခွင်များကိုသာ အသုံးပြု ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၆ ၅၉ (ဃ)

(ဃ) ကွန်ရက်အထောက်အကူပြုပစ္စည်းနှင့် အမှန်တကယ်အသုံးပြုသူ၏ ရေဒီယိုပစ္စည်းများ အတွက်  လုပ်ငန်းများစတင်လည်ပတ်ခြင်းမပြုမီ ဦးစီးဌာနထံမှ ကြိုတင်ခွင့်ပြုချက် မလိုအပ်ပါ။ သို့ရာတွင် ကွန်ရက်အထောက်အကူပြုပစ္စည်းနှင့်  အမှန်တကယ် အသုံးပြုသူ၏ ရေဒီယိုပစ္စည်းများ သည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၂၆ အရ ဦးစီးဌာနမှ သတ်မှတ်ထားသည့် ဆက်သွယ်ရေးပစ္စည်းများ ဖြစ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၇ ၆၀

ပုဂ္ဂလိကကွန်ရက်လှိုင်းနှုန်းခွင်အသုံးပြုခွင့်ရရှိထားသူသည် အောက်ပါတာဝန်ဝတ္တရားများကို လိုက်နာရမည်-

(က) ဦးစီးဌာနကသတ်မှတ်ထားသော ခွင့်ပြုလှိုင်းနှုန်းများ သို့မဟုတ် လှိုင်းနှုန်းခွင်များကိုသာ အသုံးပြုရမည်။

(ခ) ပုဂ္ဂလိကကွန်ရက် လှိုင်းနှုန်းခွင် အသုံးပြုသည့်ရေဒီယိုပစ္စည်းများအားလုံးကို ဆက်သွယ်ရေး ပစ္စည်းဆိုင်ရာ လိုင်စင်ရယူရမည်။

(ဂ) ကွန်ရက်အထောက်အကူပြုပစ္စည်းနှင့် အမှန်တကယ်အသုံးပြုသူ၏ ရေဒီယိုပစ္စည်းများ သည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၂၆ အရ ဦးစီးဌာနက သတ်မှတ်ထားသည့် ဆက်သွယ် ရေးပစ္စည်းများ၏ စံချိန်စံညွှန်းနှင့်ကိုက်ညီရမည်။

(ဃ) အသုံးပြုသည့်တာဝါနှင့် အင်တာနာအားလုံးကို မှတ်ပုံတင်ရမည်။ ထို့အပြင်တာဝါ တည်ဆောက်ခြင်းအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဒေသဆိုင်ရာအာဏာပိုင် အဖွဲ့အစည်း များထံမှ ခွင့်ပြုချက် များရယူရန်လိုအပ်သည်။

(င) လှိုင်းနှုန်းနှောင့်ယှက်မှု (frequency interference) ဆိုင်ရာကိစ္စများ ကိုင်တွယ် ဖြေရှင်းနိုင်ရန်အတွက် လိုအပ်သည့်မှတ်တမ်းများကို ထိန်းသိမ်းထားရှိရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၈ ၆၅ (က)

ဆက်သွယ်ရေးဆက်ကြောင်းသုံး လှိုင်းနှုန်းခွင် အသုံးပြုခြင်းနှင့် စပ်လျဉ်း၍-

(က) အခြားပုဂ္ဂိုလ်တစ်ဦးသို့ ဆက်သွယ်ရေးဆက်ကြောင်းဝန်ဆောင်မှုရောင်းချရန် (for sale) အတွက် သက်ဆိုင်ရာလုပ်ငန်းလိုင်စင်လိုအပ်သည်။ ထို့အပြင် လိုင်စင်ရရှိထားသော ကွန်ရက်အချင်း ချင်းအကြား အပြန်အလှန်ဆက်သွယ်မှုပေးသော ဝန်ဆောင်မှုလုပ်ငန်းများအတွက် သက်ဆိုင်ရာ လုပ်ငန်း လိုင်စင်လိုအပ်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၉ ၆၅ (ဃ)

(ဃ) ဆက်သွယ်ရေးဆက်ကြောင်းသုံး လှိုင်းနှုန်းခွင်အသုံးပြုခွင့်လျှောက်ထားသူသည် လုပ်ငန်း မစတင်မီ ယင်း၏လုပ်ငန်းဆောင်ရွက်ချက်ကြောင့် ဆက်သွယ်ရေးဆက်ကြောင်း (fixed service) ဆောင်ရွက်နေသည့်အခြားအသုံးပြုခွင့်ရရှိသူများကို လှိုင်းနှုန်းနှောင့်ယှက်မှု ဖြစ်နိုင်ခြေ ရှိ မရှိ ဆုံးဖြတ်နိုင်ရန် လေ့လာချက် (study) တစ်ခုကိုပြီးပြည့်စုံအောင် ဆောင်ရွက်ရမည်။ ခွင့်ပြုချက် လျှောက်ထားသည့်အခါ အဆိုပါလေ့လာချက် (study) ကိုပူးတွဲတင်ပြရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၀ ၆၅ (င)

(င) လှိုင်းနှုန်းနှောင့်ယှက်မှု ဖြစ်နိုင်ခြေလေ့လာချက် (study) အပေါ်မူတည်၍ အသုံးပြုခွင့် ရရှိသူသည် ဆက်သွယ်ရေးဆက်ကြောင်း (fixed service) ဆောင်ရွက်နေသည့် အခြားအသုံးပြုခွင့် ရရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၁ ၆၅ (စ)

(စ) ကွန်ရက်အထောက်အကူပြုပစ္စည်းနှင့် အမှန်တကယ်အသုံးပြုသူ၏ရေဒီယိုပစ္စည်းများ သည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၂၆ အရ ဦးစီးဌာနမှ သတ်မှတ်ထားသည့် ဆက်သွယ် ရေးပစ္စည်းများ၏ စံချိန်စံညွှန်းနှင့်ကိုက်ညီရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၂ ၆၅ (ဆ)

အသုံးပြုလှိုင်းနှုန်းခွင် အနည်းဆုံးအကွာအဝေး
4 GHZ ၁၀ ကီလိုမီတာ
5 GHZ ၁၀ ကီလိုမီတာ
6 GHZ (5.925-6.425 GHZ) ၁၀ ကီလိုမီတာ
6 GHZ (6.425-7.125 GHZ) ၁၀ ကီလိုမီတာ
7 GHZ ၁၀ ကီလိုမီတာ
8 GHZ ၁၀ ကီလိုမီတာ
10 GHZ ၅ ကီလိုမီတာ
11 GHZ ၅ ကီလိုမီတာ
13 GHZ ၅ ကီလိုမီတာ
15 GHZ ၅ ကီလိုမီတာ
18 GHZ ၅ ကီလိုမီတာ
23 GHZ ၁ ကီလိုမီတာ

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၃ ၆၅ (ဇ)

(ဇ) အခြားဝန်ဆောင်မှုလုပ်ငန်းများနှင့်အသုံးပြုခွင့်ရရှိသူများအား လှိုင်းနှုန်းနှောင့်ယှက်မှု (frequency interference) လျော့နည်းစေရန်အတွက် နည်းပညာဆိုင်ရာအချက်များကို အခါအား လျော်စွာ သတ်မှတ်နိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၄ ၆၆

ဆက်သွယ်ရေးဆက်ကြောင်းသုံး လှိုင်းနှုန်းခွင်အသုံးပြုခွင့် ရရှိထားသူအားလုံးသည်-

(က) ဦးစီးဌာနကခွင့်ပြုထားသောလှိုင်းနှုန်းများ သို့မဟုတ် လှိုင်းနှုန်းခွင်များကိုသာ အသုံးပြု ရမည်။

(ခ) ဆက်သွယ်ရေးဆက်ကြောင်းအတွက် အသုံးပြုသည့်တာဝါတည်နေရာကို မှတ်ပုံတင်ရမည်။ ထို့အပြင် တာဝါတည်ဆောက်ခြင်းအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများထံမှ ခွင့်ပြုချက်များ ရယူရန်လိုအပ်သည်။

(ဂ) လှိုင်းနှုန်းနှောင့်ယှက်မှု (frequency interference) ဆိုင်ရာကိစ္စများ ကိုင်တွယ်ဖြေရှင်း နိုင်ရန် အတွက် လိုအပ်သည့်အချက်အလက်များကို မှတ်တမ်းထားရှိရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၅ ၇၀ (ခ)

(ခ) ရုပ်သံလွှင့်လှိုင်းနှုန်းခွင် အသုံးပြုခွင့်လျှောက်ထားသူသည် လုပ်ငန်းမစတင်မီ ယင်း၏ လုပ်ငန်း ဆောင်ရွက်ချက်ကြောင့် ရုပ်သံလွှင့်ဝန်ဆောင်မှုလုပ်ငန်း (broadcasting service) ဆောင်ရွက်နေ သည့် အခြားလိုင်စင်ရရှိသူများအား လှိုင်းနှုန်းနှောင့်ယှက်မှု ဖြစ်နိုင်ခြေ ရှိ မရှိ ဆုံးဖြတ်နိုင်ရန် လေ့လာချက် (study) တစ်ခုကိုပြီးပြည့်စုံအောင် ဆောင်ရွက်ရမည်။ ခွင့်ပြုချက်လျှောက်ထားသည့် အခါ အဆိုပါ လေ့လာချက် (study) ကိုပူးတွဲတင်ပြရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၆ ၇၀ (ဂ)

(ဂ) ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းဆောင်ရွက်လိုသည့် ပုဂ္ဂိုလ်များသည် ပြန်ကြားရေးဝန်ကြီး ဌာနမှ ရုပ်သံထုတ်လွှင့်ခွင့် လိုင်စင်သီးခြားရယူရန် လိုအပ်သည်။ ပြန်ကြားရေးဝန်ကြီးဌာန က ပုဂ္ဂိုလ်တစ်ဦးကို ရုပ်သံထုတ်လွှင့်ခွင့် လိုင်စင်ခွင့်ပြုခဲ့ပါက ရုပ်သံလွှင့်လှိုင်းနှုန်းခွင် အသုံးပြုခွင့်လျှောက်ထားချက်ကို ရက်ပေါင်း ၃၀ အတွင်းဦးစီးဌာနသို့ တင်ပြရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၇ ၇၀ (စ) နှင့် (ဆ)

(စ) လှိုင်းနှုန်းနှောင့်ယှက်မှု ဖြစ်နိုင်ခြေလေ့လာချက် (study) အပေါ်မူတည်၍ လိုင်စင်ရရှိသူသည် ရုပ်သံလွှင့်ဝန်ဆောင်မှုလုပ်ငန်း (broadcasting service) ဆောင်ရွက်နေသည့် အခြားလိုင်စင်ရရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်။

(ဆ) ရုပ်သံလွှင့်လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုသည့်ရေဒီယိုပစ္စည်းများသည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၂၆ အရ ဦးစီးဌာနမှသတ်မှတ်ထားသည့် ဆက်သွယ်ရေးပစ္စည်းများ၏ စံချိန်စံညွှန်း နှင့် ကိုက်ညီရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၈ ၇၁

ရုပ်သံလွှင့်လှိုင်းနှုန်းခွင် အသုံးပြုခွင့်ရရှိသူအားလုံးသည် အောက်ပါတာဝန်ဝတ္တရားများကို  လိုက်နာရမည်-

(က) ဦးစီးဌာနကသတ်မှတ်သော ရုပ်သံလွှင့်လှိုင်းနှုန်းများ (Broadcasting Frequencies) သို့မဟုတ် ရုပ်သံလွှင့်လှိုင်းနှုန်းခွင်များ (Broadcasting Bands) နှင့်လွှင့်အားသတ်မှတ်ချက် အတိုင်းသာ အသုံးပြုရမည်။

(ခ) ရုပ်သံလွှင့်လှိုင်းနှုန်းခွင် အသုံးပြုခွင့်လျှောက်ထားရာတွင် အခြားရုပ်သံလွှင့်လှိုင်းနှုန်းခွင် အသုံးပြုခွင့် ရရှိထားသူများ၏ လှိုင်းနှုန်းစဉ်ကို နှောင့်ယှက်မှုမဖြစ်စေရန် ဆောင်ရွက်မည့် အစီအစဉ်ကို ဖော်ပြရမည်။

(ဂ) ရုပ်သံလွှင့်လုပ်ငန်းဝန်ဆောင်မှုအတွက် အသုံးပြုသည့်တာဝါတည်နေရာကို ဦးစီးဌာနတွင် မှတ်ပုံတင်ရမည်။  ထို့အပြင် တာဝါတည်ဆောက်ခြင်းအတွက် အစိုးရနှင့်ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများထံမှ ခွင့်ပြုချက်များရယူရန် လိုအပ်သည်။

(ဃ) အသုံးပြုသောရေဒီယိုပစ္စည်းများသည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၂၆ အရ ဦးစီးဌာနမှ သတ်မှတ်ထားသည့် ဆက်သွယ်ရေးပစ္စည်းများ၏ စံချိန်စံညွှန်းနှင့် ကိုက်ညီရမည့်အပြင် အသုံးပြုခွင့် တောင်းခံစဉ်က တင်ပြထားသည့် စက်မှုပိုင်းဆိုင်ရာ အချက်များနှင့်လည်း ကိုက်ညီရမည်။

(င) လက်ရှိရုပ်သံလွှင့်လှိုင်းနှုန်းလိုင်စင်ရရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေသည့် စခန်းများကို လှိုင်းနှုန်းနှောင့်ယှက်မှုမရှိစေရန် ညှိနှိုင်းဆောင်ရွက်ရမည်။

(စ) လှိုင်းနှုန်းနှောင့်ယှက်မှု ဖြစ်ပေါ်မှုအတွက် ဖြေရှင်းဆောင်ရွက်ချက် မှတ်တမ်းများကို ထိန်းသိမ်းထားရှိရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၉ ၇၅

အပျော်တမ်းလှိုင်းနှုန်းခွင် အသုံးပြုခြင်းနှင့်စပ်လျဉ်း၍-

(က) အပျော်တမ်းလှိုင်းနှုန်းခွင်အသုံးပြုခွင့် ရယူလိုသောပုဂ္ဂိုလ်များသည် အနိမ့်ဆုံးအပျော်တမ်း ရေဒီယိုအရည်အချင်းကိုအခြေခံသည့် အောင်လက်မှတ်ရရှိရန် လုပ်ငန်းကျွမ်းကျင်မှုနှင့် နည်းပညာ အရည်အချင်း စစ်စာမေးပွဲကို အောင်မြင်ပြီးသူဖြစ်ရမည်။

(ခ) အပျော်တမ်းရေဒီယိုအောင်လက်မှတ် ရရှိပြီးသူများသည် အပျော်တမ်းလှိုင်းနှုန်းခွင် အသုံးပြု ခွင့် လျှောက်ထားနိုင်သည်။

(ဂ) အပျော်တမ်းလှိုင်းနှုန်းခွင်အသုံးပြုသော ရေဒီယိုပစ္စည်းများအတွက် ဆက်သွယ်ရေးပစ္စည်း ဆိုင်ရာ လိုင်စင်လိုအပ်သည်။

(ဃ) အပျော်တမ်းရေဒီယိုပစ္စည်းများကို ဦးစီးဌာနသို့မှတ်ပုံတင်ထားသော နေရာများတွင်သာ အသုံးပြုရမည်။

(င) အသုံးပြုခွင့်ရရှိသူကသာ အပျော်တမ်းရေဒီယိုပစ္စည်းများကို ခွင့်ပြုထားသောကိစ္စအားလုံး အတွက် အသုံးပြုရမည်။

(စ) အပျော်တမ်းရေဒီယိုပစ္စည်းများသည် ဆက်သွယ်ရေးဥပဒေပုဒ်မ  ၂၆ အရ ဦးစီးဌာနမှ သတ်မှတ်ထားသည့်ဆက်သွယ်ရေးပစ္စည်းများ၏ စံချိန်စံညွှန်းနှင့်ကိုက်ညီရမည့်အပြင် အိုင်တီယူတွင် ကျင့်သုံးနေသည့် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီစေရမည်။

(ဆ) အပျော်တမ်းရေဒီယိုပစ္စည်းများနှင့် ဆက်စပ်အသုံးပြုသည့်တာဝါ၊ အင်တာနာများစသည် တို့ကို ထူထောင်ခြင်း၊ အသုံးပြုခြင်းတို့ကြောင့် အခြားသောဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း များကို လှိုင်းနှုန်းနှောင့်ယှက်မှုမရှိစေရ။

(ဇ) အပျော်တမ်းလှိုင်းနှုန်းခွင် အသုံးပြုခွင့်အရထုတ်လွှင့်သော သတင်းအချက်အလက်များ သည် ရှင်းလင်းရမည့်အပြင် အသုံးပြုခွင့်ရရှိသူ၏ လက်တွေ့စမ်းသပ်မှုများ သို့မဟုတ် အသုံးပြုခွင့်ရရှိသူက ဆက်သွယ်မှုပြုသောပုဂ္ဂိုလ်၏ စီးပွားဖြစ်မဟုတ်သော  ကိုယ်ရေး ကိုယ်တာကိစ္စများသာ ဖြစ်ရမည်။

(ဈ) အခကြေးငွေရရှိရန်အတွက်မဟုတ်ဘဲ ကိုယ်ရေးကိုယ်တာကိစ္စရပ်များကိုဖြစ်စေ၊ ကိုယ်တိုင် လေ့ကျင့်ရန်ဖြစ်စေ၊ အပြန်အလှန်ဆက်သွယ်မှုပြုခြင်းနှင့် ရေဒီယိုနည်းပညာ အသုံးချနိုင်မှုကို ရည်ရွယ်သည့်ကိစ္စများအတွက်သာ အပျော်တမ်း ရေဒီယိုစခန်းများ စစ်ဆေးရန်ဖြစ်စေ အချင်းချင်း ပြည်တွင်းနှင့်နိုင်ငံတကာ ဆက်သွယ်မှုပြုခြင်းကို ခွင့်ပြုရမည်။

(ည) လိုင်စင်ရရှိသူများနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများအား လှိုင်းနှုန်းနှောင့်ယှက်မှု လျော့နည်းစေရန်အတွက်အခါအားလျော်စွာသတ်မှတ်ထားသည့် နည်းပညာဆိုင်ရာ စည်းကမ်းချက် များ နှင့်သတ်မှတ်ချက်များကို လိုက်နာရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၅၀ ၇၆

အပျော်တမ်းလှိုင်းနှုန်းခွင် အသုံးပြုခွင့်ရရှိသူ အားလုံးသည်-

(က) ဦးစီးဌာနကခွင့်ပြုသောလှိုင်းနှုန်းများ သို့မဟုတ် လှိုင်းနှုန်းခွင်များကိုအသုံးပြု၍ အပျော်တမ်း လှိုင်းနှုန်းခွင် အသုံးပြုခွင့်ရရှိသူအချင်းချင်း ဆက်သွယ်နိုင်သည်။

(ခ) အပျော်တမ်းရေဒီယိုစခန်းအချင်းချင်း ဆက်သွယ်ဆောင်ရွက်ရာတွင် ဝှက်စာစနစ်အသုံးပြုသော ဆက်သွယ်ရေးပစ္စည်းများ သို့မဟုတ် စကားဝှက်သုံးစွဲခြင်းမပြုရ။

(ဂ) အပျော်တမ်းရေဒီယိုထုတ်လွှင့်နေသော အခြားစခန်းတစ်ခုခုကို လှိုင်းနှုန်းနှောင့်ယှက်မှု မရှိစေရေး အတွက်အသုံးပြုမည့်လှိုင်းနှုန်းကို စိစစ်ခြင်းမပြုဘဲ စတင်ထုတ်လွှင့်ခြင်းမပြုရ။

(ဃ) စတင်ထုတ်လွှင့်သည့်အခါတွင်ဖြစ်စေ၊ ထုတ်လွှင့်မှုပြီးဆုံးသည့်အခါတွင်ဖြစ်စေ ဦးစီးဌာန က သတ်မှတ်ထားသော ခေါ်ဆိုမှုလက္ခဏာသင်္ကေတ (call sign) ကိုထုတ်လွှင့်ခြင်းအား ဖြင့် မိမိကိုယ်ကို ထုတ်ဖော်ရမည်။

(င) ရေဒီယိုစခန်းများနှင့်ဆက်သွယ်ဆောင်ရွက်ရာတွင် အသုံးပြုမည့်တိုင်များ သို့မဟုတ် အင်တာနာတစ် ခုခုကိုထူထောင်ခြင်းမပြုမီ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ အားလုံးထံမှ ခွင့်ပြုချက်ရယူရမည်။

(စ) ထုတ်လွှင့်မှုကာလတစ်ခုချင်းစီ၏ နေ့စွဲနှင့်အချိန်၊ လှိုင်းနှုန်းနှင့်ထုတ်လွှင့်မှုအမျိုးအစား တို့ကို ဖော်ပြထားသောထုတ်လွှင့်သည့် ကာလအတိုင်းအတွက် ဆောင်ရွက်မှုမှတ်တမ်း (running record) ကိုပြုစုထားရမည်။ ထိုမှတ်တမ်းကို ၁၂ လအထိ ထိန်းသိမ်းထား ရမည်ဖြစ်ပြီး ဦးစီးဌာနက စစ်ဆေးရန် ညွှန်ကြားလာပါက ပေးအပ်ရမည်။

(ဆ) သတင်းများ၊ ကြော်ငြာများ၊ စီးပွားရေးလုပ်ငန်း သို့မဟုတ် လက်တွေ့စမ်းသပ်သော လုပ်ငန်းနှင့် သက်ဆိုင်ခြင်းမရှိသည့် ဆက်သွယ်မှုများ သို့မဟုတ် သတင်းပေးပို့မှုများကို အခကြေးငွေ ရယူရန် အတွက် ထုတ်လွှင့်ခြင်းမပြုရ။

(ဇ) အိုင်တီယူရေဒီယိုစည်းမျဉ်း အခန်း ၂၅ (Article 25 of the Radio Regulations) တွင်ပါရှိသည့် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်းသည့်ဆက်သွယ်ရေးလိုအပ် ချက်များနှင့် ကိုက်ညီစေရန် ကြိုတင်ပြင်ဆင်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၅၁ ၈၄

ဤနည်းဥပဒေတွင်ဖော်ပြထားခြင်းမရှိသော အခြားရေဒီယိုဆက်သွယ်ရေးလုပ်ငန်းများ (Radio Communication Services) အတွက်လှိုင်းနှုန်းခွင်အသုံးပြုခွင့်ကို ဦးစီးဌာနထံသို့ တိုက်ရိုက် လျှောက်ထားနိုင်သည်။ အဆိုပါအသုံးပြုခွင့်များတွင် အောက်ပါတို့ပါဝင်သည်-

(က) ရေဒါကဲ့သို့သော လမ်းညွှန်စနစ်အတွက် လှိုင်းနှုန်းခွင်အသုံးပြုခွင့်များ၊

(ခ) လမ်းပြစနစ်များအတွက် လှိုင်းနှုန်းခွင်အသုံးပြုခွင့်များ၊

(ဂ) အာဏာသလေ့လာရေးလုပ်ငန်းအတွက် လှိုင်းနှုန်းခွင်အသုံးပြုခွင့်များ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၅၂ ၈၈

ခွင့်ပြုလှိုင်းနှုန်းခွင်ကို အကျိုးရှိစွာအသုံးပြုနိုင်ရန်-

(က) အသုံးပြုသူအားလုံးသည် လှိုင်းနှုန်းခွင်အသုံးပြုရာတွင် အိုင်တီယူရေဒီယိုစည်းမျဉ်း အပါအဝင် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီရမည့်အပြင် လှိုင်းနှုန်းခွင်အသုံး ပြုခွင့်ရရှိသည့် အခြားသူများကို လုပ်ငန်းဆောင်ရွက်မှုထိခိုက်စေသည့် လှိုင်းနှုန်းနှောင့် ယှက်မှု (Harmful Interference) မဖြစ်စေရန် လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းရမည်။

(ခ) လုပ်ငန်းဆောင်ရွက်မှုထိခိုက်စေသည့် လှိုင်းနှုန်းနှောင့်ယှက်မှု (Harmuful Interference) ဖြစ်ပေါ်ခြင်းနှင့်စပ်လျဉ်း၍ဖြစ်စေ၊ ကြိုတင်ကာကွယ်ခြင်းနှင့် စပ်လျဉ်း၍ဖြစ်စေ အသုံးပြု ခွင့်ရရှိသူ နှစ်ဦး သို့မဟုတ် အများအကြားသဘောထားကွဲလွဲမှုပေါ်ပေါက်ပါက သက်ဆိုင်မှုရှိသော အသုံးပြုခွင့် ရရှိသူများအကြား ထိုအငြင်းပွားမှုကို ဆောလျင်စွာဖြေရှင်းရန် တာဝန်ရှိမည်ဖြစ်ပြီး ယင်း၏ဖြေရှင်း ရန် ကြိုးပမ်းအားထုတ်မှုများမအောင်မြင်လျှင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၅၀ နှင့်အညီ ဦးစီးဌာနသို့ တင်ပြနိုင်သည်။

(ဂ) လုပ်ငန်းဆောင်ရွက်မှုထိခိုက်စေသည့် လှိုင်းနှုန်းနှောင့်ယှက်မှု (Harmuful Interference) လျှော့ချရန်ဦးစီးဌာနသည် အိမ်နီးချင်းနိုင်ငံများရှိသက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ရန် တာဝန်ရှိသည်။ အသုံးပြုခွင့်ရရှိသူများကလုပ်ငန်းဆောင်ရွက်မှု ထိခိုက်စေသည့် နယ်စပ်ဖြတ်ကျော်၍ လှိုင်းနှုန်းနှောင့်ယှက်မှုဖြေရှင်းရန် ဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၅၃ ၈၉

အသုံးပြုခွင့်ရရှိသူများသည်-

(က) လှိုင်းနှုန်းစဉ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့အတွက် ဦးစီးဌာနနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရမည့်အပြင် ယင်းတို့အား ခွင့်ပြုသည့် လှိုင်းနှုန်းများကို အထိရောက်ဆုံး အသုံးပြုရမည်။

(ခ) ခွင့်ပြုထားသည့်လှိုင်းနှုန်းများအနက် တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ သို့မဟုတ် အားလုံးကို ဖြစ်စေ အသုံးပြုရန်မလိုလျှင် ဦးစီးဌာနသို့ ဆောလျင်စွာ အကြောင်းကြားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း