Measures relating to အမိန့်ကြော်ငြာစာအမှတ် ၇/ ၉၆


Domestic Regulations
sr. Para measures mode remarks

တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ ၁၁ အရ၊ မှတ်ပုံတင်ပြီးသော တိုင်းရင်းဆေးဝါးကို ထုတ်လုပ်လိုသူသည် တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့် လိုင်စင်ရရှိရန် သက်ဆိုင်ရာ မြို့နယ် တိုင်းရင်းဆေးဝါး ကြီးကြပ်ရေး ကော်မတီသို့ လျှောက်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

လိုင်စင်လျှောက်ထားသူသည်-

(က) မြန်မာနိုင်ငံအတွင်းနေထိုင်သူဖြစ်ရမည်။ ကုမ္ပဏီ၊ စီးပွားရေးလုပ်ငန်း အတွက်ဖွဲ့စည်းထား သော အသင်းအဖွဲ့၊ သို့မဟုတ် ကော်ပိုရေးရှင်းဖြစ်ပါက သက်ဆိုင်ရာကုမ္ပဏီ၊ အသင်းအဖွဲ့၊ သို့မဟုတ် ကော်ပိုရေးရှင်း၏ တရားဝင်ကိုယ်စားလှယ်ဖြစ်ရမည်၊

(ခ) အသက်၂၀ ပြည့်ပြီးသူဖြစ်ရမည်၊

(ဂ) စိတ်ပေါ့သွပ်သူမဖြစ်စေရ၊

(ဃ) တိုင်းရင်းဆေးဝါးဥပဒေအရ အပြစ်ပေးခံရဖူးသူမဖြစ်စေရ၊

(င) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများသုံးစွဲသူ၊ သို့မဟုတ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူအပြစ်ပေး ခံရဖူးသူ မဖြစ်စေရ၊

(စ) အကျင့်စာရိတ္တ ကောင်းမွန်သူ ဖြစ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

လိုင်စင်လျှောက်ထားရာတွင် လျှောက်လွှာပုံစံကို ပြည့်စုံစွာဖြည့်စွက်၍ အောက်ပါတို့ နှင့်အတူ ပူးတွဲ တင်ပြရမည်-

(က) လုပ်ငန်းဌာန၏ အဆောက်အအုံနှင့်မြေနေရာ အခင်းအကျင်း၊ အတိုင်းအတာ အကျယ်အဝန်း၊

(ခ) လုပ်ငန်းတွင် အသုံးပြုမည့် စက်ပစ္စည်းကိရိယာများစာရင်း၊ ယင်းတို့အား အသုံးပြုမည့် လုပ်ငန်းများ နှင့် အခြားသက်ဆိုင်သော အချက်အလက်များ၊

(ဂ) ကြီးကြပ်ဆောင်ရွက်မည့်သူစာရင်း၊ ယင်းတို့၏ ပညာအရည်အချင်းနှင့် လုပ်ငန်းတာဝန်များ၊

(ဃ) ဝန်ထမ်းများစာရင်း၊ ယင်းတို့၏ ပညာအရည်အချင်းနှင့်လုပ်ငန်းတာဝန်များ၊

(င) သတ်မှတ်ထားသော လိုင်စင်ကြေးကို ပေးသွင်းပြီးကြောင်း အထောက်အထား စာရွက် စာတမ်း၊

(စ) အထက်အပိုဒ် ၂ ပါ အချက်များနှင့် စပ်လျဉ်းသည့် အထောက်အထားစာရွက် စာတမ်းများ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

လိုင်စင်လျှောက်ထားစဉ်က ဖော်ပြထားသောနေရပ်၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သည့် လုပ်ငန်း တည်ရှိရာအပြင် အခြားတစ်နေရာတွင်ဆောင်ရွက်လိုပါက အဆောက်အအုံနှင့် မြေနေရာ တစ်ခုစီအတွက် လိုင်စင်တစ်ခုစီ လျှောက်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

လိုင်စင်ငြင်းပယ်ခြင်းခံရသူသည် လိုအပ်ချက်များကို လိုက်နာဆောင်ရွက်ပြီးနောက် လိုင်စင်ထုတ် ပေးရန်ပြန်လည်လျှောက်ထားနိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

လိုင်စင်ထုတ်ပေးရန် အပြီးအပြတ်ငြင်းပယ်ခြင်းခံရပါက လျှောက်ထားစဉ်က ပေးသွင်းထားသော လိုင်စင်ကြေး၏ ၅၀ ရာခိုင်နှုန်းကိုသာ ပြန်လည်ထုတ်ပေးသည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၀

လိုင်စင်တစ်ခု၏ သက်တမ်းသည် လိုင်စင်ထုတ်ပေးသည့်နေ့မှစ၍ ၃ နှစ်ဖြစ်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁

လိုင်စင်သက်တမ်းကုန်ဆုံး၍ အသစ်လဲလှယ်လိုသူသည် လိုင်စင်သက်တမ်း မကုန်မီရက်ပေါင်း ၉၀ ကြိုတင်၍ လျှောက်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၂

လိုင်စင်အသစ် လဲလှယ်ပေးရန် လျှောက်ထားခြင်းမရှိပါက မူလလိုင်စင်သည် သက်တမ်း ကုန်ဆုံးသည့်နေ့မှစ၍ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၀ ၁၃

တိုင်းရင်းဆေးဝါး ထုတ်လုပ်ခြင်းကို နိုင်ငံတကာအဆင့်မီစေရေးအတွက် ကောင်းမွန်သော ဆေးဝါး ထုတ်လုပ်ခြင်း ကျင့်စဉ်ပါ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁ ၁၄

တိုင်းရင်းဆေးဝါး ထုတ်လုပ်သည့် နေရာသည် အောက်ပါအချက်များနှင့် ညီညွတ်ရမည်-

(က) လုံလောက်သော အလင်းရောင်နှင့် လေဝင်လေထွက်ရှိခြင်း၊

(ခ) လိုအပ်သော အပူချိန်နှင့်စိုထိုင်းစ တည်ရှိစေနိုင်ခြင်း၊

(ဂ) စက်ပစ္စည်းကိရိယာများအား စနစ်တကျ ထားသိုနိုင်ခြင်း၊

(ဃ) ဆေးဝါးထုတ်လုပ်သည့် အဆောက်အအုံအခန်းများအတွင်းသို့ တိရစ္ဆာန်နှင့် ပိုးကောင်များ မဝင်နိုင်ခြင်း၊

(င) အတွင်းဘက်မျက်နှာပြင်(နံရံ၊ အောက်ခင်း၊ မျက်နှာကျက်) တို့သည် သန့်ရှင်းသပ်ရပ်ခြင်း၊ ချောမွေ့ ၍ အက်ကြောင်းများကင်းမဲ့ခြင်း၊ အမှုန်အမွှားများ မကျရောက်နိုင်ခြင်းနှင့် ဆေးကြောသန့်စင်ရန် လွယ်ကူခြင်း၊

(စ) ဆေးဝါးထုတ်လုပ်သည့် နေရာ၊ အခန်း၊ အဆောက်အအုံကို ဆေးဝါး ထုတ်လုပ်ရန်အတွက်သာ သီးခြားအသုံးပြုခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၂ ၁၅

ပိုးမွှားကင်းတိုင်းရင်းဆေးဝါး (ဥပမာ-မျက်စဉ်း၊ နားသန့်ဆေး) ထုတ်လုပ်လိုပါက ယင်းဆေးဝါးကို ပိုးမွှားကင်းစင်စွာ ထုတ်လုပ်နိုင်ရန်အတွက် သတ်မှတ်ထားချက်များနှင့် ကိုက်ညီသည့်နေရာ ဖြစ်စေရမည်။ ပိုးမွှားကင်းစင်ရေးအတွက် လိုအပ်သည့် စက်ပစ္စည်းကိရိယာများလည်း တပ်ဆင်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၃ ၁၆

တိုင်းရင်းဆေးဝါး သိုလှောင်သည့်နေရာသည် လုံလောက်သော အလင်းရောင်နှင့် လေဝင် လေထွက် ရှိရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၄ ၁၇

တိုင်းရင်းဆေးဝါး ထုတ်လုပ်ခြင်းနှင့် အရည်အသွေး စစ်ဆေးခြင်းအား ကြီးကြပ်ရမည့်သူသည်-

(က) အစိုးရအသိအမှတ်ပြု တိုင်းရင်းဆေးဆရာ မှတ်ပုံတင်လက်မှတ် ရရှိပြီးသူ ဖြစ်ရမည်၊

(ခ) လုပ်ငန်းအတွေ့အကြုံ ရှိရမည်၊

(ဂ) မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများသုံးစွဲသူ၊ သို့မဟုတ် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူအပြစ် ပေးခံရဖူးသူ မဖြစ်စေရ၊

(ဃ) ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၅ ၁၈

တိုင်းရင်းဆေးဝါး ထုတ်လုပ်ခြင်းနှင့် အရည်အသွေးစစ်ဆေးခြင်းအတွက် အသုံးပြုသည့် စက်ပစ္စည်း ကိရိယာများ၏ တည်ဆောက်ပုံသည် အောက်ဖော်ပြပါအတိုင်း ဖြစ်စေရမည်-

(က) ပြုလုပ်မည့် လုပ်ငန်းအတွက် သင့်လျော်ခြင်း၊

(ခ) ဆေးကြောရန် လွယ်ကူခြင်း၊

(ဂ) မလိုလားအပ်သော အခြားပစ္စည်းများ ရောနှောသွားခြင်းမှ ကာကွယ်နိုင်ခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၆ ၁၉

တိုင်းရင်းဆေးဝါး အရည်အသွေးစစ်ဆေးရာတွင် ထုတ်လုပ်သည့်တိုင်းရင်းဆေးဝါး အရည်အသွေး ကောင်းမွန်မှု၊ အာနိသင်ရှိမှုနှင့် ဘေးဥပဒ် ကင်းရှင်းမှုတို့ကို အာမခံနိုင်ရန် တိုင်းရင်းဆေးဝါး ကုန်ကြမ်း ကိုသော်လည်းကောင်း၊ ထုတ်လုပ်ပြီးသော တိုင်းရင်းဆေးဝါးကို သော်လည်းကောင်း အရည်အသွေး စစ်ဆေးရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၇ ၂၀

တိုင်းရင်ဆေးဝါး ထုတ်လုပ်ခွင့် လိုင်စင်ရရှိသူသည် အောက်ပါတို့ကို လိုက်နာရမည်-

(က) လုပ်ငန်းအမည်၊ လုပ်ငန်းတည်ရာလိပ်စာ၊ ပိုင်ရှင်၊ သို့မဟုတ် ကြီးကြပ်သူ၏ အမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့် တိုင်းရင်းဆေးဝါးများသည် လိုင်စင်တွင် ဖော်ပြထားချက်များ နှင့်အညီ ဖြစ်ရမည်၊

(ခ) လိုင်စင်တွင် ဖော်ပြထားသော အပိုဒ်ခွဲ (က) ပါအချက်တစ်ခုခုနှင့် စပ်လျဉ်း၍ ပြောင်းလဲ ဆောင်ရွက် လိုပါက ဗဟို တိုင်းရင်းဆေးဝါး ကြီးကြပ်ရေးကော်မတီ၏ ခွင့်ပြုချက်ရပြီးမှ ဆောင်ရွက်ရမည်၊

(ဂ) တိုင်းရင်းဆေးဝါးကုန်ကြမ်းမှစ၍ တိုင်းရင်းဆေးဝါး ထုတ်လုပ်ခြင်းမဟုတ်ဘဲ ပရဆေးဆိုင် များမှ ကုန်ကြမ်းများကို ဝယ်ယူရောစပ်ပြီး ထုတ်လုပ်ခြင်းဖြစ်ပါက ထိုပရဆေးကုန်ကြမ်း ရောင်းချသည့် ဆိုင်ရှင်အမည်နှင့် လိပ်စာကို ဗဟို တိုင်းရင်း ဆေးဝါး ကြီးကြပ်ရေး ကော်မတီသို့ တင်ပြရမည်၊

(ဃ) ကောင်းမွန်သော ထုတ်လုပ်ခြင်း ကျင့်စဉ်များကို လိုက်နာရမည်၊

(င) ထုတ်လုပ်သည့် တိုင်းရင်းဆေးဝါးသည် ယင်းတိုင်းရင်းဆေးဝါး၏ အရည် အသွေး၊ အာနိသင်တို့နှင့် စပ်လျဉ်း၍ ဖော်ပြထားသော အသေးစိတ်သတ်မှတ်ချက်များ နှင့် ကိုက်ညီမှုရှိကြောင်း အာမခံရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၈ ၂၁

တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင်ရရှိသူသည်-

(က) မိမိထုတ်လုပ်သော တိုင်းရင်းဆေးဝါးများအား လက်လီလက်ကား ရောင်းချ ပိုင်ခွင့်ရှိသည်၊

(ခ) ဗဟိုတိုင်းရင်းဆေးဝါး ကြီးကြပ်ရေးကော်မတီမှ အခွင့်အာဏာလွှဲအပ်ခြင်း ခံရသူက တောင်းဆိုလာလျှင် တိုင်းရင်းဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းနှင့်သက်ဆိုင် သောနေရာ၊ အခန်း၊ ဝန်ထမ်း၊ ပစ္စည်း ကိရိယာ၊ တိုင်းရင်းဆေးဝါး၊ တိုင်းရင်း ဆေးဝါးကုန်ကြမ်းနှင့် အခြားပစ္စည်းများ၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်ခြင်း နှင့်ပတ်သက်သော စာရွက်စာတမ်း များ၊ မှတ်တမ်းများအား စစ်ဆေးခွင့်ပေးရမည်။ မှတ်တမ်းများကိုလည်း ဗဟိုတိုင်းရင်း ဆေးဝါးကြီးကြပ်ရေးကော်မတီမှ ညွှန်ကြား ပါက သတ်မှတ်ထား သော ပုံစံတွင် ဖြည့်စွက်၍ သိမ်းဆည်းထားရမည်၊

(ဂ) တိုင်းရင်းဆေးဝါးထုတ်လုပ်ခြင်းနှင့် သက်ဆိုင်သော စာရွက်စာတမ်း၊ မှတ်တမ်းများကို ဗဟိုတိုင်းရင်းဆေးဝါး ကြီးကြပ်ရေးကော်မတီ၏ ခွင့်ပြုချက်မရရှိဘဲ ၂နှစ်အတွင်း ဖျက်ဆီးခြင်းမပြုရ၊

(ဃ) ထုတ်လုပ်သည့် တိုင်းရင်းဆေးဝါးသည် ဘေးဥပဒ်ဖြစ်စေနိုင်ကြောင်း သိရှိသတိပြုမိပါက ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ၊ သက်ဆိုင်ရာ တိုင်းရင်းဆေးဝါးအား ပြည်ပသို့တင်ပို့သူနှင့် ဖြန့်ဖြူး ရောင်းချသူတို့ထံ ချက်ချင်း အကြောင်းကြားရမည်၊

(င) တိုင်းရင်းဆေးဝါးသည် ဘေးဥပဒ်ဖြစ်စေနိုင်ကြောင်း၊ တိုင်းရင်းဆေးဝါး၏ အရည်အသွေး၊ အာနိသင်တို့နှင့် စပ်လျဉ်းသည့် အသေးစိတ် သတ်မှတ်ချက်များနှင့် မကိုက်ညီကြောင်း သိရှိသတိပြုမိ လျှင်၊ သို့မဟုတ် ဗဟိုတိုင်းရင်းဆေးဝါး ကြီးကြပ်ရေးကော်မတီမှ ထိုသို့ ဖြစ်သည်ဟု အကြောင်းကြားလျှင် သက်ဆိုင်ရာ တိုင်းရင်းဆေးဝါးကို သိုလှောင်ဖြန့်ဖြူး ရောင်းချသူများထံ သယ်ပို့ခြင်းအား ချက်ချင်း ရပ်ဆိုင်းခြင်း၊ ဈေးကွက်မှ ပြန်လည် သိမ်းယူခြင်းများ ပြုလုပ်ရမည်။ သိုလှောင် ဖြန့်ဖြူး ရောင်းချနေသူ များထံသို့လည်း ယင်းတိုင်းရင်းဆေးဝါး၏ အဆိုပါ အကြောင်းအရာ အပြည့်အစုံကို အကြောင်းကြားရ မည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဗဟိုတိုင်းရင်းဆေးဝါး ကြီးကြပ်ရေးကော်မတီမှ ညွှန်ကြားသည်များကိုလည်း လိုက်နာ ဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း