Measures relating to အမိန့်ကြော်ငြာစာအမှတ် ၆/၉၆


Domestic Regulations
sr. Para measures mode remarks

တိုင်းရင်းဆေးဝါးအမှတ်တံဆိပ်ပြုလုပ်ခြင်းနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်းလိုက်နာ ဆောင်ရွက်ရမည်-

(က) မှတ်ပုံတင်ထားသောတိုင်းရင်းဆေးဝါးတိုင်းသည် အမှတ်တံဆိပ်ပါရှိရမည်၊

(ခ) အမှတ်တံဆိပ်နှင့် သုံးစွဲနည်းဆေးညွှန်းစာကို မြန်မာဘာသာဖြင့် သော်လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့်သော် လည်းကောင်း ရေးသားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

တိုင်းရင်းဆေးဝါးထည့်သော ပစ္စည်းများဖြစ်သည့် ဆေးပုလင်း၊ ဆေးဘူး၊ ဆေးကတ်ပြား၊ ဆေးဘူးခွံ၊ ထုပ်ပိုးပစ္စည်းတို့တွင် အောက်ပါအချက်များကို ဖော်ပြရမည်-

(က) တိုင်းရင်းဆေးဝါးအမည်( တိုင်းရင်းဆေးဝါးကုန်အမှတ်တံဆိပ်အမည်)၊

(ခ) တိုင်းရင်းဆေးဝါးတွင်ပါဝင်သော တိုင်းရင်းဆေးဝါး ကုန်ကြမ်းပစ္စည်းများ၏အမည်၊

(ဂ) တိုင်းရင်းဆေးဝါးထုတ်လုပ်သည့်ရက်စွဲ၊

(ဃ) တိုင်းရင်းဆေးဝါးသက်တမ်းကုန်ဆုံးရက်၊

(င) တိုင်းရင်းဆေးဝါးထုတ်လုပ်သည့်လုပ်ငန်း၏ အမည်နှင့် လုပ်ငန်းတည်ရှိရာ လိပ်စာ၊

(စ) တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ်၊

(ဆ) တိုင်းရင်းဆေးဝါးထားသိုနည်း၊

(ဇ) တိရစ္ဆာန်တိုင်းရင်းဆေးဝါးများအတွက် “တိရစ္ဆာန်များအတွက်သာ” ဟူသည့် စာတန်း၊

(ဈ) တိုင်းရင်းဆေးဝါး သုံးစွဲရာတွင် သတိပြုရမည့်အချက်များ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

သုံးစွဲရန်ဆေးညွှန်းစာတွင် အောက်ပါတို့ကို ဖော်ပြရမည်-

(က) တိုင်းရင်းဆေးဝါးအမည် (တိုင်းရင်းဆေးဝါးကုန်အမှတ်တံဆိပ်အမည်)၊

(ခ) တိုင်းရင်းဆေးဝါးတွင် ပါဝင်သော တိုင်းရင်းဆေးဝါးကုန်ကြမ်းပစ္စည်းများ၏ အမည်၊

(ဂ) တိုင်းရင်းဆေးဝါး၏ အာနိသင်၊

(ဃ) တိုင်းရင်းဆေးဝါးသုံးစွဲနိုင်သည့်ဝေဒနာ၊

(င) တိုင်းရင်းဆေးဝါးကို သုံးစွဲရန်မသင့်သည့်အခြေအနေများ၊

(စ) အခြားသောဆေးဝါးများနှင့် ရောနှောသုံးစွဲရန်မသင့်သော အခြေအနေများ၊

(ဆ) တိုင်းရင်းဆေးဝါးအချင်းချင်း အာနိသင်သက်ရောက်မှုများ၊

(ဇ) တိုင်းရင်းဆေးဝါးသုံးစွဲရာတွင် သတိပြုရမည့်အချက်များ၊

(ဈ) ဆေးအချိန်အဆ၊

(ည) တိုင်းရင်းဆေးဝါးထားသိုနည်း၊

(ဋ) တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ်၊

(ဌ) တိုင်းရင်းဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းအမည်နှင့် လုပ်ငန်းတည်ရှိရာ လိပ်စာ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

ကြော်ငြာသည့် တိုင်းရင်းဆေးဝါးသည် မှတ်ပုံတင်ထားသော တိုင်းရင်းဆေးဝါးသာ ဖြစ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

တိုင်းရင်းဆေးဝါးကြော်ငြာရာတွင် အောက်ပါတို့ကို လိုက်နာရမည်-

(က) တိုင်းရင်းဆေးဝါးနှင့် စပ်လျဉ်း၍ ဖော်ပြသည့် အကြောင်းအရာအားလုံးသည် မှန်ကန်မှုရှိရမည်၊

(ခ) မှန်ကန်မှုရှိသည့် တိုင်းရင်းဆေးဝါး အကြောင်းအရာများကို ဖော်ပြရာတွင် လည်း ထင်ယောင်ထင် မှားဖြစ်စေနိုင်သည့်ဖော်ပြမှုမျိုး မဖြစ်စေရ၊

(ဂ) အများပြည်သူနားမလည်နိုင်သော၊ သို့မဟုတ် အဓိပ္ပာယ်ကောက်လွဲမှား နိုင်သော အသိပညာဆိုင်ရာ အသုံးအနှုန်း စကားရပ်များကို သုံးနှုန်းခြင်းမပြုရ၊

(ဃ) တိုင်းရင်းဆေးဝါးကို လွဲမှားစွာ သုံးစွဲစေနိုင်မည့်  ကြော်ငြာခြင်းမျိုး မပြုလုပ်ရ၊

(င) အခြားသောဆေးဝါးများနှင့် နှိုင်းယှဉ်ဖော်ပြ၍ ကြော်ငြာခြင်းမပြုလုပ်ရ၊

(စ) ရောဂါဝေဒနာခံစားနေရသော လူနာပုံများ၊ ရေးသားချက်များ၊ ထောက်ခံချက် များ၊ သို့မဟုတ် အခြားမည်သည့် ရည်ညွှန်းချက်များကိုမျှ ဖော်ပြခြင်းမပြုရ၊

(ဆ) ဆေးမစားမီနှင့် ဆေးစားပြီး နှိုင်းယှဉ်ဖော်ပြမှုမျိုးကို မည်သည့်ပုံစံနှင့်မျှ မပြုလုပ်ရ၊

(ဇ) တိုင်းရင်းဆေးသမားတော်များ၊ အခြားထင်ရှားသော ပုဂ္ဂိုလ်များ စသည်တို့၏ ထောက်ခံချက်များကို ဖော်ပြ၍ဖြစ်စေ၊ ကိုးကား၍ဖြစ်စေ၊ အခြားမည်သည့်နည်း နှင့်ဖြစ်စေ ကြော်ငြာခြင်းမျိုး မပြုလုပ်ရ၊

(ဈ) စာပေသင်ကြားခြင်း၊ အားကစား လှုပ်ရှားခြင်း တို့ကို ရည်ညွှန်းလျက် ထင်ယောင် ထင်မှား ဖြစ်စေသော နည်းတစ်မျိုးမျိုးဖြင့် ကြော်ငြာခြင်းမပြုလုပ်ရ၊

(ည) တိုင်းရင်းဆေးဝါးကို စမ်းသပ်သုံးစွဲကြည့်ရန် အာမခံချက်ပေး၍ ကြော်ငြာခြင်းမျိုး မပြုလုပ်ရ၊

(ဋ) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်၊ သာသနာဆိုင်ရာ အထိမ်းအမှတ်တံဆိပ်များ၊ အခေါ် အဝေါ်အသုံးအနှုန်းများ၊ သို့မဟုတ် ရုပ်ပုံကားချပ်များကို အသုံးပြု၍ ကြော်ငြာ ခြင်းမပြုရ၊

(ဌ) တိုင်းရင်းဆေးဝါးနမူနာပေး၍သော်လည်းကောင်း၊ ငွေကြေး၊ လက်ဆောင် ပစ္စည်း၊ သို့မဟုတ် ကံစမ်းမဲများထည့်သွင်း၍ သော်လည်းကောင်း ကြော်ငြာခြင်း မပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း