Measures Relating to the Road Transport Operations Law


Market Access
sr. Section measures mode remarks
၂၆

ပြည်တွင်းမှ နယ်စပ်ဖြတ်ကျော်၍ အခြားစာချုပ်ဝင်နိုင်ငံတစ်ခုခုသို့ သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည်-

(က) ပုဒ်မ ၁၃ ပါ လိုအပ်ချက်များနှင့် ကိုက်ညီသူ ဖြစ်ရမည်။

(ခ) နိုင်ငံခြားသားနှင့် ဖက်စပ်လုပ်ငန်းလုပ်ကိုင်လျှင် မြန်မာနိုင်ငံသားသည် မတည်ငွေရင်း၏ ထက်ဝက်ကျော်ကို ပိုင်ဆိုင်ရမည့်အပြင် စီမံခန့်ခွဲမှုအပိုင်းတွင် နိုင်ငံခြားသားထက် ပိုမို၍ စီမံခန့်ခွဲ ပိုင်ခွင့်ရှိရမည်။

(ဂ) နိုင်ငံတော်၏ နယ်စပ်ကိုဖြတ်ကျော်၍ ခရီးသည်ကိုဖြစ်စေ၊ ကုန်စည်ကိုဖြစ်စေ၊ ခရီးသည်နှင့် ကုန်စည်နှစ်မျိုးလုံးကိုဖြစ်စေ သယ်ယူပို့ဆောင်သည့် အတွေ့အကြုံရှိသူနှင့် လုပ်ငန်းကျွမ်းကျင် သူဖြစ်ရမည်။

(ဃ) နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့်သက်ဆိုင်သည့် ပြည်တွင်း နှင့် အခြားစာချုပ်ဝင်နိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို လိုက်နာရမည်။

နည်းလမ်း ၃ ဈေးကွက်ဝင်ရောက်နိုင်မှု/ ပြည်တွင်းစည်းမျဥ်းစည်းကမ်း
Domestic Regulations
sr. Section measures mode remarks
13

ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ရန် လျှောက်ထားသူသည်-

(က) ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ ကုန်စည်ပျက်စီးမှု၊ ပျောက်ဆုံးမှု သို့မဟုတ် နှောင့်နှေးကြန့်ကြာမှုအတွက် လုံလောက်စွာ ပေးလျော်နိုင်စွမ်းရှိသူ ဖြစ်ရမည်။

(ခ) ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် ဤဥပဒေအရ ထုတ်ပြန်သည့်နည်းဥပဒေ များအရ သတ်မှတ်ထားသည့် လိုအပ်ချက်များနှင့် ကိုက်ညီသူ ဖြစ်ရမည်။

(ဂ) ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများ နှင့် စည်းမျဉ်းစည်းကမ်းများ ဖောက်ဖျက်မှုအတွက် နာမည်ပျက်စာရင်းထည့်သွင်းခံထား ရသူမဖြစ်စေရ။

(ဃ) ထောင်ဒဏ်ကျခံနေရသူ မဖြစ်စေရ။

(င) သက်ဆိုင်ရာ တရားရုံးက လူမွဲအဖြစ် ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့်မရသေးသူ မဖြစ်စေရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၅

ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ရန် လျှောက်ထားသူသည် ပုဒ်မ ၁၃ပါ သတ်မှတ်ချက်များနှင့် ညီညွတ်ပါက-

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း သယ်ယူပို့ဆောင်ခြင်းဖြစ်လျှင် လုပ်ငန်း လိုင်စင်ရရှိရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာနသို့ဖြစ်စေ၊ ဦးစီးဌာနက လွှဲအပ်တာဝန်ပေးထားသည့် ခရိုင် သို့မဟုတ် မြို့နယ်ဦးစီးဌာနသို့ဖြစ်စေ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်။

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကျော်လွန်၍ သယ်ယူပို့ဆောင်ခြင်းဖြစ်လျှင် လုပ်ငန်း လိုင်စင်ရရှိရန် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာနမှ တစ်ဆင့် ဦးစီးဌာနသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း (ဗဟိုနှင့် ဒေသဆိုင်ရာ)
၁၈

လုပ်ငန်းလိုင်စင်လျှောက်ထားသူသည် ၎င်း၏ဆန္ဒအရ လုပ်ငန်းလိုင်စင်သက်တမ်းကို တစ်နှစ်မှ သုံးနှစ်အထိ လျှောက်ထားနိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၉

လုပ်ငန်းလိုင်စင်ရရှိသူသည်-

(က) သတ်မှတ်ထားသော လုပ်ငန်းလိုင်စင် စည်းကမ်းချက်များကို လိုက်နာရမည်။

(ခ) သယ်ယူပို့ဆောင်မည့်ခရီးသည်အတွက် သူတစ်ပါးထိခိုက်မှု အာမခံကိုလည်းကောင်း၊ ကုန်စည်အတွက် ကုန်းလမ်းကုန်ပစ္စည်းအာမခံကိုလည်းကောင်း တည်ဆဲဥပဒေနှင့်အညီ ထားရှိပြီးဖြစ်ရမည်။

(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း သယ်ယူပို့ဆောင်သော ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းအတွက် လုပ်ငန်းလိုင်စင်ကိုသော်လည်းကောင်း၊ လုပ်ငန်းလိုင်စင် အရ အသုံးပြု သည့် မော်တော်ယာဉ်ကိုသော်လည်းကောင်း သတ်မှတ်ချက်များနှင့်အညီ လွှဲပြောင်းခွင့်ရှိသည်။

(ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကျော်လွန်၍ သယ်ယူပို့ဆောင်သော ကုန်းလမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် လုပ်ငန်းလိုင်စင်ကိုသော်လည်းကောင်း၊ လုပ်ငန်း လိုင်စင်အရ အသုံးပြုသည့်မော်တော်ယာဉ်ကိုသော်လည်းကောင်း သတ်မှတ်ချက်များနှင့် အညီ လွှဲပြောင်းခွင့် ရှိသည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၀

လုပ်ငန်းလိုင်စင်ရရှိသူသည် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်လိုပါ က သတ်မှတ်ထားသည့် သက်တမ်းမကုန်ဆုံးမီ အနည်းဆုံး ရက်ပေါင်း ၃၀ ကြိုတင်၍ လုပ်ငန်း လိုင်စင်သက်တမ်းတိုးမြှင့်ပေးရန်-

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း သယ်ယူပို့ဆောင်သော ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာန သို့လည်းကောင်း၊ ဦးစီးဌာနက လွှဲအပ်တာဝန်ပေးထားသည့် ခရိုင် သို့မဟုတ် မြို့နယ်ဦးစီး ဌာနသို့လည်းကောင်းသတ်မှတ်ချက်များ နှင့်အညီ လျှောက်ထားရမည်။

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကျော်လွန်၍ သယ်ယူပို့ဆောင်သော ကုန်းလမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် ဦးစီးဌာနသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက် ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း (ဗဟိုနှင့် ဒေသဆိုင်ရာ)
၂၃

ဦးစီးဌာနကဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာနကဖြစ်စေ၊ ဦးစီးဌာနကလွှဲအပ် တာဝန်ပေးထားသည့် ခရိုင် သို့မဟုတ် မြို့နယ်ဦးစီးဌာနကဖြစ်စေ မိမိ၏သဘောဆန္ဒအရ သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦး၏ လျှောက်ထားချက်အရ-

(က) အရေးတကြီး သို့မဟုတ် အထူးလိုအပ်ချက်များကို ဖြည့်တင်းဆောင်ရွက်ရန် ကုန်းလမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို စီမံထားရှိရေးအတွက် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်း ဆောင်ရွက်ရန် တစ်ကြိမ်လျှင် ရက်ပေါင်း ၃၀ ထက် မပိုသောကာလအတွက် အများဆုံး သုံးကြိမ်အထိ ယာယီခွင့်ပြုလက်မှတ် ထုတ်ပေးနိုင်သည်။ ထိုသို့ ထုတ်ပေးခြင်း သည် လုပ်ငန်းလိုင်စင် ထုတ်ပေးရန်အကြောင်းဖြစ်သည်ဟု မမှတ်ယူရ၊

(ခ) လုပ်ငန်းလိုင်စင်သက်တမ်းတိုးမြှင့်ပေးရန်နည်းလမ်းတကျတင်သွင်းသည့် လျှောက်လွှာကို စိစစ်ရာ၌ ကြိုတင်မမျှော်မှန်းနိုင်သော အခြေအနေတစ်ရပ်တွင် ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေး လုပ်ငန်းဆောင်ရွက်ရန် ရက်ပေါင်း ၃၀ ရက်ထက် မပိုသောကာလအတွက် တစ်ကြိမ်သာ ယာယီ ခွင့်ပြုလက်မှတ်ထုတ်ပေးနိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း (ဗဟိုနှင့် ဒေသဆိုင်ရာ)
၂၇

သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူသည် ပုဒ်မ ၂၆ ပါ သတ်မှတ်ချက်များနှင့် ညီညွတ်ပြီး နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်လိုပါက လုပ်ငန်းလိုင်စင်ရရှိရန် ဦးစီးဌာနသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၉

အခြားစာချုပ်ဝင်နိုင်ငံမှ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူသည် ပြည် တွင်းသို့ ခရီးသည်များကိုဖြစ်စေ၊ ကုန်စည်များကိုဖြစ်စေ၊ ခရီးသည်နှင့်ကုန်စည်နှစ်မျိုးလုံး ကိုဖြစ်စေ ယာယီဝင်ရောက်ရန်ရှိလျှင်သော်လည်းကောင်း၊ နိုင်ငံတော်မှတစ်ဆင့်ဖြတ်သန်း၍ သယ်ယူပို့ဆောင် ရန်ရှိလျှင်သော်လည်းကောင်း အောက်ပါကိစ္စများမှအပ ခွင့်ပြုချက်ရရှိရန် နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများကြီးကြပ်ကွပ်ကဲရေးလုပ်ငန်းကော်မတီသို့ လျှောက်ထားရမည်-

(က) ကိုယ်ပိုင်ကိစ္စအတွက် သယ်ယူပို့ဆောင်ခြင်းဖြစ်ကြောင်း မိခင်စာချုပ်ဝင်နိုင်ငံက သက်သေခံ လက်မှတ် ထုတ်ပေးထားခြင်း၊

(ခ) စီးပွားရေးကိစ္စအတွက် ပြေးဆွဲခြင်းမဟုတ်သည့် မော်တော်ယာဉ်၊

(ဂ) အသုဘ ပို့ဆောင်ခြင်း၊

(ဃ) လူနာတင်မော်တော်ယာဉ်၊ မီးသတ်ယာဉ်၊ ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေး မော်တော်ယာဉ်ဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းများမှ လည်းကောင်း အရေးပေါ် အကူအညီပေးခြင်းလုပ်ငန်းများ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၀ ၃၁

နယ်စပ်ဖြတ်ကျော်၍ ပြည်တွင်းသို့ ဝင်ရောက်သည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူ များ၊ ယာဉ်မောင်းနှင့် ယာဉ်အကူများသည် ၎င်းတို့၏ သက်တမ်းရှိ နိုင်ငံကူးလက်မှတ် သို့မဟုတ် အပြည်ပြည်ဆိုင်ရာခရီးသွားလက်မှတ်ကို ကိုင်ဆောင်ထားရမည်ဖြစ်ပြီး ဒေသဆိုင်ရာ သဘောတူ စာချုပ်အရဖြစ်စေ၊ အခြားစာချုပ်ဝင်နိုင်ငံနှင့် နှစ်နိုင်ငံသဘောတူစာချုပ်အရဖြစ်စေ ဗီဇာကင်း လွတ်ခွင့်ပြုမထားလျှင် ဗီဇာ သို့မဟုတ် အနည်းဆုံးတစ်နှစ်အတွင်း အကြိမ်ကြိမ်ဝင်ထွက်ခွင့် ဗီဇာထုတ်ပေးရန် နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကြီးကြပ် ကွပ်ကဲရေးလုပ်ငန်းကော်မတီသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁ ၃၃

ပြည်ပမှ နယ်စပ်ဖြတ်ကျော်၍ ပြည်တွင်းသို့ ဝင်ရောက်ခြင်းနှင့်စပ်လျဉ်း၍-

(က) အခြားစာချုပ်ဝင်နိုင်ငံတွင် မှတ်ပုံတင်ထားသည့် သက်တမ်းရှိ မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်ကို မော်တော်ယာဉ်နှင့်အတူ သယ်ဆောင်ထားရှိရမည်။ ထို့ပြင် မှတ်ပုံတင် နံပါတ်ပြားကို သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်၏ ရှေ့နှင့်နောက်တွင် တပ်ဆင်ထားပြီး မှတ်ပုံတင်ထားသည့် နိုင်ငံ၏ အမှတ်အသားကို သိသာထင်ရှားအောင် ပြသထားရမည်။

(ခ) သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်သည် နိုင်ငံတော်က သတ်မှတ်ထားသော မော်တော် ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စံချိန်စံညွှန်းများ၊ မီးခိုးထုတ်လွှင့်မှုနှင့် လေထုညစ် ညမ်းမှု စံချိန်စံညွှန်းများနှင့်  မော်တော်ယာဉ်ဝန်တင်ခံနိုင်ရည် အလေးချိန်စံချိန်စံညွှန်းများနှင့် ကိုက်ညီရမည်။

(ဂ) အခြားစာချုပ်ဝင်နိုင်ငံက ထုတ်ပေးသည့် မော်တော်ယာဉ်မှာ ကြံ့ခိုင်ကောင်းမွန်ကြောင်း စစ်ဆေးထားသည့် မော်တော်ယာဉ်စစ်ဆေးချက် သက်သေခံလက်မှတ်ပါရှိရမည်ဖြစ်ပြီး လုပ်ငန်း ကော်မတီက ဖွဲ့စည်းပေးသည့် စစ်ဆေးရေးအဖွဲ့သည် ထိုမော်တော်ယာဉ် စစ်ဆေးခြင်း လက်မှတ်ကို အသိအမှတ်ပြုရမည်။

(ဃ) ပြည်တွင်းသို့ ဝင်ရောက်သည့် သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်၏ ပိုင်ရှင်သည် ထိုမော်တော်ယာဉ်အတွက် နိုင်ငံတော်၏ တည်ဆဲဥပဒေနှင့်အညီ သူတစ်ပါးထိခိုက်မှု အာမခံ ထားရှိရမည်။

(င) အခြားစာချုပ်ဝင်နိုင်ငံတွင် မှတ်ပုံတင်ထားသည့် သက်တမ်းရှိမော်တော်ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်မှာ သတ်မှတ်ချက်များနှင့်ညီညွတ်ပါက ထိုမော်တော်ယာဉ်အတွက် ယာယီ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၂ ၃၄

ပြည်တွင်းမှနယ်စပ်ဖြတ်ကျော်၍ အခြားစာချုပ်ဝင်နိုင်ငံအတွင်းသို့ သယ်ယူပို့ဆောင်သည့် သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်နှင့် စပ်လျဉ်း၍ မော်တော်ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့သည် ပုဒ်မ ၃၃ ပါပြဋ္ဌာန်းချက်များကို အပြန်အလှန် အသိအမှတ်ပြု လိုက်နာဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၃ ၃၅

နယ်စပ်ဖြတ်ကျော်၍ ပြည်တွင်းသို့ဝင်ရောက်သည့် သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်၏ ယာဉ် မောင်းနှင့် ယာဉ်အကူတို့သည်-

(က) အိမ်ရှင်စာချုပ်ဝင်နိုင်ငံမှ ထုတ်ပေးထားသည့် သက်တမ်းရှိ ယာဉ်မောင်းလိုင်စင် သို့မဟုတ် အပြည်ပြည်ဆိုင်ရာ ယာဉ်မောင်းနှင်ခွင့်လက်မှတ်ကို ယာဉ်မောင်းနှင့်အတူ တစ်ပါတည်း ပါရှိရမည်။

(ခ) အိမ်ရှင်စာချုပ်ဝင်နိုင်ငံမှ ထုတ်ပေးထားသည့် သက်တမ်းရှိ ယာဉ်အကူလက်မှတ်ကို ယာဉ်အကူနှင့် အတူ တစ်ပါတည်းပါရှိရမည်။

(ဂ) မော်တော်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်ကပြဋ္ဌာန်း ထားသည့်  တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၄ ၃၇

ဒေသဆိုင်ရာ သဘောတူစာချုပ်နှင့်အညီ နိုင်ငံတော်၏ နယ်စပ်ဖြတ်ကျော်၍ သယ်ယူပို့ဆောင် ရေးလုပ်ငန်းလုပ်ကိုင်သူ၊ မော်တော်ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ်အကူနှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့သည် အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်-

(က) ဘေးအန္တရာယ်ရှိသော ကုန်စည်များ သယ်ယူပို့ဆောင်ခြင်း၊

(ခ) နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များ မှတ်ပုံတင်ခြင်း၊

(ဂ) ပုပ်သိုးပျက်စီးလွယ်သောကုန်စည်များ သယ်ယူပို့ဆောင်ခြင်း၊

(ဃ) နယ်စပ်ဖြတ်ကျော်၍ ကုန်းလမ်းပို့ဆောင်ရာတွင် လွယ်ကူချောမွေ့စေရန်ဆောင်ရွက်ခြင်း၊

(င) သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူ၊ ယာဉ်မောင်း၊ ယာဉ်အကူနှင့် ခရီးသည်များ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခြင်း၊

(စ) စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံမှတစ်ဆင့် ဖြတ်သန်းခြင်းနှင့် ပြည်တွင်းအကောက်ခွန် ရှင်းလင်း ခြင်း၊

(ဆ) ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဆိုင်ရာ စည်းမျဉ်းများနှင့် အချက်ပြစနစ်များ၊

(ဇ) သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များ ယာယီတင်သွင်းခြင်းဆိုင်ရာကိစ္စရပ်များ၊

(ဈ) နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူများအား လုပ်ငန်းလိုင်စင် ထုတ်ပေးခြင်း၊

(ည) ကုန်စည်များ သယ်ယူပို့ဆောင်ရာတွင် စည်းကမ်းချက်များသတ်မှတ်ခြင်း၊

(ဋ) လမ်း၊ တံတားဒီဇိုင်းနှင့် ဆောက်လုပ်ရေး စံချိန်စံညွှန်းများ၊ အဆင့်အတန်း၊ အသေးစိတ် ဖော်ပြချက် များနှင့် စပ်လျဉ်းသည့် အချက်အလက်များ၊

(ဌ) နယ်စပ်ဖြတ်ကျော်ခြင်းနှင့်စာချုပ်ဝင်နိုင်ငံမှတစ်ဆင့်ဖြတ်သန်းရာတွင် လွယ်ကူအဆင်ပြေ စေခြင်း နှင့်ဝန်ဆောင်မှုပေးခြင်း၊

(ဍ) သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးထက်ပို၍ သယ်ယူပို့ဆောင်ရာတွင် လျော်ကြေးပေးလျော်ရန် တာဝန်၊

(ဎ) ကွန်တိန်နာအပေါ် အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊

(ဏ) ကုန်စည်အမျိုးအစား ခွဲခြားသတ်မှတ်ခြင်းစနစ်၊

(တ) ယာဉ်မောင်းလိုင်စင်အတွက် လိုအပ်ချက်များ၊

(ထ) နယ်စပ်ဖြတ်ကျော်၍ သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များ အဝင်အထွက်ဂိတ် သတ်မှတ်ခြင်းနှင့် လမ်းကြောင်း သတ်မှတ်ခြင်း၊

(ဒ) နိုင်ငံဖြတ်ကျော်၍ သယ်ယူပို့ဆောင်ရာတွင် ကောက်ခံမည့် အခကြေးငွေများ၊

(ဓ) နိုင်ငံဖြတ်ကျော်၍ မော်တော်ယာဉ်ဝင်ထွက်နိုင်သည့် ခေါက်ရေအကြိမ်၊ စီးရေ၊ ဝန်ဆောင်မှု ပေးနိုင်သည့် စွမ်းအား၊ ခွင့်ပြုချက်ပေးနိုင်သည့်ခွဲတမ်း အရေအတွက်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၅ ၃၈

သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူသည် ကုန်စည်ကို တာဝန်ယူ၍ ပို့ဆောင်ရန် လက်ခံသည့်အချိန်မှစ၍ သဘောတူညီချက်အရ ကုန်စည်ကို လွှဲပြောင်းပေးပို့ပြီးသည့်အချိန်အထိ ထိုကုန်စည်အတွက် တာဝန်ရှိသည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၆ ၃၉

သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူသည် မိမိ၏လုပ်ငန်းတာဝန်များကို ဆောင်ရွက်နေစဉ်အ တွင်း မိမိ၏ ဝန်ထမ်း သို့မဟုတ် ကိုယ်စားလှယ်၏ပြုလုပ်မှုနှင့် ပျက်ကွက်မှုများအတွက်သော် လည်းကောင်း၊ အခြားပုဂ္ဂိုလ်တစ်ဦးဦးနှင့် ထပ်ဆင့်ချုပ်ဆိုသည့် ပဋိညာဉ်အရ ဆောင်ရွက်ရာတွင် ထိုသူ၏ ပြုလုပ်မှုနှင့် ပျက်ကွက်မှုများအတွက်သော်လည်းကောင်း မိမိကိုယ်တိုင်ပြုလုပ်မှုနှင့် ပျက်ကွက်မှုဖြစ်ဘိသကဲ့သို့ တာဝန်ရှိစေရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၇ ၄၀

သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူသည်-

(က) ကုန်စည်ကို လက်ခံသည့်အခါ အရေအတွက်၊ အလေးချိန်နှင့်မြင်သာသည့်ကုန်စည် အခြေအနေတို့ကို စစ်ဆေးပြီး တွေ့ရှိချက်ကို ကုန်ပို့လွှာတွင် ရေးမှတ်ရမည်။ ထိုသို့ စစ်ဆေးတွေ့ရှိချက်ကို ရေးမှတ်ခြင်းမပြုပါက ကုန်စည်မှာ ကောင်းမွန်သည့် အခြေအနေ တွင်ရှိသည်ဟု မှတ်ယူရမည်။

(ခ) ကုန်ပို့လွှာတွင် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများဖြင့် သတ်မှတ်ထားသည့် အသေးစိတ် အချက်များ ပါရှိစေရမည်။

(ဂ) ကုန်ပို့လွှာတွင် လက်မှတ်ရေးထိုးပြီး ကုန်ပို့လွှာ၃ စောင်ပြုစုရမည်။ ပထမမူရင်းကုန်ပို့လွှာ ၁ စောင်ကို ကုန်စည်အပ်နှံသူသို့လည်းကောင်း၊ မူရင်းခွဲကုန်ပို့လွှာ ၁ စောင်ကို ကုန်စည် များနှင့်အတူ တစ်ပါတည်း ကုန်စည်ကို သယ်ယူပို့ဆောင်သည့် မော်တော်ယာဉ်သို့ လည်းကောင်း၊ ဒုတိယ မူရင်းခွဲကုန်ပို့လွှာ ၁ စောင်ကို သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသို့လည်းကောင်းပေးရမည်။

(ဃ) ကုန်ပို့လွှာတွင် သီးခြားသဘောတူညီချက်မပါရှိလျှင် ကုန်စည်အပ်နှံသူ၏ အခွင့်အရေးအရ ၎င်း၏ကုန်စည်ကို စီမံခန့်ခွဲပိုင်ခွင့်၊ လမ်းခရီးတွင် ရပ်တန့်ခွင့် သို့မဟုတ် အခြားကုန်စည် လက်ခံသူသို့ ပြောင်းလဲပေးပို့ခွင့်ကို အသိအမှတ်ပြုရမည်။

(င) ကုန်ပို့လွှာတွင် သီးခြားသဘောတူညီချက်ပါရှိပါက မူလကုန်စည်တင်ပို့ရာနေရာသို့ ပြန်ပို့ခွင့် သို့မဟုတ် အခြားခရီးစဉ်သို့ ပြောင်းလဲခွင့်နှင့်စပ်လျဉ်း၍ ကုန်စည်အပ်နှံသူနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၈ ၄၁

သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူသည်-

(က) ကုန်စည်သယ်ယူပို့ဆောင်ရေး ပဋိညာဉ်အရ တာဝန်ယူပို့ဆောင်ရန် ကုန်စည်ကို စတင် လက်ခံသည့်အချိန်မှစ၍ မိမိကိုယ်တိုင် တာဝန်ယူဆောင်ရွက်ရာတွင်ဖြစ်စေ၊ မိမိ၏ ဝန်ထမ်း သို့မဟုတ် ကိုယ်စားလှယ်က ဆောင်ရွက်ရာတွင်ဖြစ်စေ ကုန်စည်များ ပျက်စီးမှု၊ ဆုံးရှုံးမှု သို့မဟုတ် ကုန်စည်လွှဲပြောင်းပေးပို့ရန် နှောင့်နှေးကြန့်ကြာမှုကြောင့် ပျက်စီးမှု၊ ဆုံးရှုံးမှုအတွက် မိမိကိုယ်တိုင် တွင်သော်လည်းကောင်း၊ မိမိ၏ ဝန်ထမ်း သို့မဟုတ် ကိုယ်စားလှယ်တွင်သော်လည်းကောင်း တာဝန်မရှိကြောင်း သက်သေအထောက်အထား မတင်ပြနိုင်လျှင် ယင်းပျက်စီးဆုံးရှုံးမှုအတွက် တာဝန်ရှိစေရမည်။

(ခ) ကုန်စည်လွှဲပြောင်းပို့ရမည့်အချိန်ကာလနှင့်စပ်လျဉ်း၍ ကုန်စည်အပ်နှံသူက ကြေညာခြင်း မပြုဘဲ ကုန်စည်ကိုလက်ခံခဲ့ခြင်းဖြစ်လျှင် ကုန်စည်လွှဲပြောင်းပေးပို့ရန် နှောင့်နှေးကြန့် ကြာမှုကြောင့် ဖြစ်ပေါ် လာသည့် ပျက်စီးဆုံးရှုံးမှုအတွက် တာဝန်မရှိစေရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၉ ၄၂

ကုန်စည်ကို လက်ခံမည့်သူထံသို့ လွှဲပြောင်းပေးပို့ရန် သဘောတူထားသည့်နေ့တွင်သော်လည်း ကောင်း၊ ထိုသို့သဘောတူထားခြင်းမရှိခဲ့လျှင် ကုန်စည်ကို စတင်လက်ခံသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်းသော်လည်းကောင်း လက်ခံမည့်သူထံသို့ လွှဲပြောင်းပေးပို့ခြင်းမပြုနိုင်ဘဲ နှောင့်နှေးကြန့် ကြာမှုဖြစ်ပေါ်လျှင် အခြားဆန့်ကျင်ကွဲလွဲသည့် သက်သေအထောက်အထားမရှိပါက ကုန်စည်ကို တောင်းဆိုပိုင်ခွင့်ရှိသူသည် ယင်းကုန်စည်ကို ပျောက်ဆုံးသည့်ကုန်စည်အဖြစ် မှတ်ယူ၍ ဆောင်ရွက်နိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၀ ၄၃

ပုဒ်မ ၃၈၊ ပုဒ်မ ၃၉ နှင့် ပုဒ်မ ၄၁ ပုဒ်မခွဲ (က) တို့တွင် မည်သို့ပင်ပြဋ္ဌာန်းပါရှိစေကာမူ သယ်ယူပို့ ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူသည်  ကုန်စည်နှင့် စပ်လျဉ်း၍ သယ်ယူပို့ဆောင်သည့် ကာလ အတွင်း အောက်ပါအခြေအနေတစ်ရပ်ရပ်ပေါ်ပေါက်ကြောင်း သက်သေထင်ရှားပြနိုင်ပါက အဆိုပါ ကုန်စည်ဆုံးရှုံးမှု၊ ပျက်စီးမှု သို့မဟုတ် ကုန်စည်လွှဲပြောင်းပေးပို့ရန် နှောင့်နှေး ကြန့်ကြာမှုအတွက် တာဝန်မရှိစေရ-

(က) ကုန်စည်အပ်နှံသူ၊ ကုန်စည်လက်ခံသူ သို့မဟုတ် ယင်း၏ကိုယ်စားဆောင်ရွက်သူ သို့မဟုတ် ကိုယ် စားလှယ်၏ ပြုလုပ်မှု သို့မဟုတ် ပေါ့ဆမှု၊

(ခ) ကုန်စည်ကို ထုပ်ပိုးခြင်း၊ အမှတ်တံဆိပ်ပြုလုပ်ခြင်း သို့မဟုတ် ကုန်စည်နံပါတ်တပ်ခြင်း ပြုလုပ်ရာ တွင် မပြည့်စုံမှု သို့မဟုတ် အားနည်းချို့ယွင်းမှု၊

(ဂ) ကုန်စည်အပ်နှံသူ၊ ကုန်စည်လက်ခံသူ သို့မဟုတ် ယင်း၏ကိုယ်စားဆောင်ရွက်သူ သို့မဟုတ် ကိုယ် စားလှယ်က ပေါ့ဆစွာ ကုန်စည်ကိုင်တွယ်ထိန်းသိမ်းမှု၊ ကုန်စည်တင်မှု၊ ကုန်စည်ချမှု သို့မဟုတ် သို လှောင် ထိန်းသိမ်းထားရှိမှု၊

(ဃ) ပုပ်သိုးပျက်စီးလွယ်သော ကုန်စည်ဖြစ်မှု၊ ကုန်စည်၏ ပင်ကိုသဘာဝချို့ယွင်းမှု သို့မဟုတ် မမြင်သာသော ချို့ယွင်းမှု၊

(င) သက်ဆိုင်သည့် အလုပ်သမားများ အစုအဝေးဖြင့်ဆန္ဒပြမှု၊ အလုပ်ပိတ်မှု၊ အလုပ်ရပ်နား ထားမှု၊ အလုပ်ကို လုံးဝဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ မလုပ်စေရန် တားဆီးခံရမှု၊

(စ) သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှု အပါအဝင် ကြိုတင်မမျှော်မှန်းနိုင်သော အခြေအနေ ပေါ်ပေါက်မှု။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၁ ၄၄

ကုန်စည်ဆုံးရှုံးခြင်း၊ ပျက်စီးခြင်း သို့မဟုတ် နှောင့်နှေးကြန့်ကြာမှုဖြစ်ခြင်းအတွက် လျော်ကြေး သတ်မှတ်ရာ၌ ကုန်စည်လက်ခံသူသို့ ကုန်စည်လွှဲပြောင်းပေးပို့သည့်နေရာနှင့် အချိန်ကာလတို့ တွင်တည်ရှိသော ကုန်စည်တန်ဖိုးကိုသော်လည်းကောင်း၊ ပဋိညဉ်နှင့်အညီ ကုန်စည်လွှဲပြောင်း ပေးပို့ရမည့်နေရာနှင့် အချိန်ကာလတို့တွင် တည်ရှိသော ကုန်စည်၏ ကာလတန်ဖိုးကို သော်လည်းကောင်း အခြေခံရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၁ ၄၅

ကုန်စည်ကိုလျော့၍ ပေးအပ်မှု သို့မဟုတ် ကုန်စည်ပျက်စီးဆုံးရှုံးမှုနှင့်စပ်လျဉ်း၍-

(က) ပြည်တွင်း ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူက ပေးလျော်ရမည့်လျော်ကြေးမှာ ဤဥပဒေအရ ထုတ်ပြန်သည့်နည်းဥပဒေ များတွင် သတ်မှတ်သည့်အတိုင်း ဖြစ်စေရမည်။

(ခ) သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူသည် နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းအတွက် ပေးလျော်ရမည့်လျော်ကြေးမှာ ဤဥပဒေအရ ထုတ်ပြန် သည့်နည်း ဥပဒေများတွင်   သတ်မှတ်ထားသည့် အများဆုံးပေးလျော်ရမည့် အထူး ငွေကြေးထုတ်ယူပိုင်ခွင့် ယူနစ်ပမာဏထက်ပို၍ ပေးလျော်ရန် တာဝန်မရှိစေရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၃ ၄၆

ကုန်စည်လုံးဝ သို့မဟုတ် တစ်စိတ်တစ်ဒေသ ပျောက်ဆုံးမှုဖြစ်လျှင် သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည်-

(က) ကုန်စည်တန်ဖိုးကြေညာလွှာပါ တန်ဖိုးငွေကိုဖြစ်စေ၊ ထိုသို့ ကြေညာထားခြင်းမရှိလျှင် ကုန်စည် လက်ခံရာနေရာရှိ ကာလတန်ဖိုးကိုဖြစ်စေ ပေးလျော်ရမည်။

(ခ) သယ်ယူပို့ဆောင်ခ၊ အကောက်ခွန်နှင့် အခြားကုန်ကျစရိတ်များအားလုံးကို ပြန်လည် ပေးလျော်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၄ ၄၇

သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် ကုန်စည်လွှဲပြောင်းပေးပို့ရာ၌ နှောင့်နှေးကြန့် ကြာမှု ရှိလျှင် ပေးလျော်ရမည့် ပမာဏမှာ သယ်ယူပို့ဆောင်ခထက် မပိုစေရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၅ ၅၁

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာနသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်ရရှိသူက လုပ်ငန်းလိုင်စင် စည်းကမ်းချက်တစ်ရပ်ရပ် ကိုသော်လည်းကောင်း၊ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များပါ တားမြစ်ချက်တစ်ရပ်ရပ်ကို သော်လည်းကောင်း ဖောက်ဖျက်ကြောင်းတွေ့ရှိလျှင် ထိုသူအား အောက်ပါစီမံခန့်ခွဲ ရေးပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-

(က) ကာလသတ်မှတ်၍ လုပ်ငန်းလိုင်စင်ကို ယာယီရပ်ဆိုင်းခြင်း၊

(ခ) လုပ်ငန်းလိုင်စင်ကို ပယ်ဖျက်ခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၆ ၅၂

ဦးစီးဌာနသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကျော်လွန်၍ သယ်ယူပို့ဆောင်ရေးလုပ်ငန်းအ တွက် လုပ်ငန်းလိုင်စင်ရရှိသူကဖြစ်စေ၊ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် လုပ်ငန်းလိုင်စင်ရရှိသူ သို့မဟုတ် ခွင့်ပြုချက်ရရှိသူကဖြစ်စေ လုပ်ငန်းလိုင်စင် သို့မဟုတ် ခွင့်ပြုချက်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကိုသော်လည်းကောင်း၊ နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များပါ တားမြစ်ချက်တစ်ရပ်ရပ်ကို သော်လည်းကောင်း ဖောက်ဖျက်ကြောင်း တွေ့ရှိလျှင် ထိုသူအား အောက်ပါစီမံခန့်ခွဲရေး ပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-

(က) ကာလသတ်မှတ်၍ လုပ်ငန်းလိုင်စင်ကို ယာယီရပ်ဆိုင်းခြင်း၊

(ခ) လုပ်ငန်းလိုင်စင်ပယ်ဖျက်ခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၇ ၅၃

ဦးစီးဌာနက လွှဲအပ်တာဝန်ပေးထားသည့် ခရိုင် သို့မဟုတ် မြို့နယ်ဦးစီးဌာနသည် စီမံခန့်ခွဲရေး  ပြစ်ဒဏ်များအနက် ပုဒ်မ ၅၁၊ ပုဒ်မခွဲ (က)ပါ ပြစ်ဒဏ်ကို ချမှတ်နိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း (ဗဟိုနှင့် ဒေသဆိုင်ရာ)
၂၈ ၆၂

မည်သူမျှ-

(က) နယ်စပ်ဖြတ်ကျော်၍ ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းအတွက် လုပ်ငန်းလိုင်စင် မရှိဘဲ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းကို လုပ်ကိုင်ခြင်းမပြုရ။

(ခ) အခြားစာချုပ်ဝင်နိုင်ငံမှ နယ်စပ်ဖြတ်ကျော်၍ ပြည်တွင်းသို့ ခရီးသည်များကိုဖြစ်စေ၊ ကုန်စည်များကိုဖြစ်စေ၊ ခရီးသည်နှင့်ကုန်စည်နှစ်မျိုးလုံးကိုဖြစ်စေ ယာယီဝင်ရောက်ခွင့် အတွက် သော်လည်းကောင်း၊ နိုင်ငံတော်မှတစ်ဆင့် ဖြတ်သန်း၍ သယ်ယူပို့ဆောင်ခွင့် အတွက်သော် လည်းကောင်း ဤဥပဒေအရထုတ်ပေးသည့် ခွင့်ပြုချက်မရှိဘဲ ပြည်တွင်းတွင် ကုန်းလမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို လုပ်ကိုင်ခြင်းမပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၉ ၆၃

မည်သူမျှ လုပ်ငန်းလိုင်စင်ကိုဖြစ်စေ၊ ခွင့်ပြုချက်ကိုဖြစ်စေ၊ ယင်းတို့နှင့်သက်ဆိုင်သည့် စာတမ်း အမှတ်အသားများကို ဖြစ်စေ-

(က) ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် အတုအပပြုလုပ်ခြင်း မပြုရ။

(ခ) သက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်နှင့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများမှအပ အခြားနေရာများတွင် အသုံးမပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၀ ၆၄

မည်သည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူမျှ နယ်စပ်ဖြတ်ကျော်၍ ပြည်တွင်းသို့ ဝင်ရောက်သည့် သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်အား ခိုင်လုံသော အကြောင်းမရှိဘဲ-

(က) ပြည်တွင်းတွင် သယ်ယူပို့ဆောင်ရမည့် သတ်မှတ်ထားသော လမ်းကြောင်းနှင့် ခရီးစဉ် အတိုင်း မဟုတ်ဘဲ ပြောင်းလဲ၍ ပြေးဆွဲခြင်း မပြုရ။

(ခ) သတ်မှတ်ထားသည့် ထွက်ခွာချိန်ထက် နောက်ကျ၍ ထွက်ခွာခြင်းမပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၁ ၆၅

မည်သူမျှ လုပ်ငန်းလိုင်စင် မရှိဘဲ-

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းကို လုပ်ကိုင်ခြင်း မပြုရ။

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကျော်လွန်၍ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းကို လုပ်ကိုင်ခြင်းမပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၂ ၆၆

မည်သူမျှ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် နည်းလမ်းများမှ တစ်ပါး လုပ်ငန်းလိုင်စင်ကို ဦးစီးဌာန၏ ကြိုတင်ခွင့်ပြုချက်မရဘဲ လွှဲပြောင်းခြင်းမပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၃ ၆၈

မည်သူမဆို ပုဒ်မ ၆၂ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ် တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်း ၁၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၄ ၆၉

မည်သူမဆို ပုဒ်မ ၆၃ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ် တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်း ၁၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၅ ၇၀

မည်သူမဆို ပုဒ်မ ၆၄ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ် ခုနှစ်သိန်းမှ အများဆုံး ကျပ်သိန်း ၇၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၆ ၇၁

မည်သူမဆို ပုဒ်မ ၆၅၊ ပုဒ်မခွဲ (က) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင် ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ် ငါးသိန်းမှ အများဆုံးကျပ် သိန်း ၅၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၇ ၇၂

မည်သူမဆို ပုဒ်မ ၆၅၊ ပုဒ်မခွဲ (ခ) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ် ခုနှစ်သိန်းမှ အများဆုံးကျပ် သိန်း ၇၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၈ ၇၃

မည်သူမဆို ပုဒ်မ ၆၆  ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ် နှစ်သိန်းမှ အများဆုံး ကျပ် သိန်း  ၂၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း