Measures Relating to telecommunications numbering rules


Domestic Regulations
sr. Rules measures mode remarks
၅ (ခ)

(ခ) ဦးစီးဌာနသည် ထုတ်ပြန်ပြီးသော ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်၏ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ ပြင်ဆင်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း သို့မဟုတ် ထပ်မံဖြည့်စွက်ခြင်းတို့ကို အခါအားလျော်စွာ ပြုလုပ်နိုင်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် အများပြည်သူသဘောထားတောင်းခံခြင်း ပြုလုပ်ပြီးမှသာ ဆောင်ရွက်ရမည်။ အများပြည်သူ သဘောထားတောင်းခံသည့် ကာလသည် သာမန်အားဖြင့် ရက်ပေါင်း ၉၀ ရှိရမည်ဖြစ်ပြီး ခြွင်းချက်ထားရမည့်ကိစ္စများတွင် ရက်ပေါင်း ၃၀ ထက် မနည်းစေရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၅ (ဂ)

(ဂ) လိုင်စင်ရရှိသူများသည် နည်းဥပဒေခွဲ (ခ) အရ ပြုလုပ်သည့်ပြောင်းလဲမှုများနှင့်ကိုက်ညီမှု ရှိစေမည့်ပြင်ဆင်မှုများကို ဦးစီးဌာန၏အပြီးသတ်ဆုံးဖြတ်ချက် သို့မဟုတ် ပြောင်းလဲမှု အတွက် အကြောင်းကြားစာ ထုတ်ပြန်သည့်နေ့ရက်မှ ရက်ပေါင်း ၉၀အတွင်း ဆောင်ရွက် ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

(က) လိုင်စင်ရရှိသူများသည် ယင်းတို့အားခွဲဝေသတ်မှတ်ပေးထားသည့် ဆက်သွယ်ရေးနံပါတ် များ သို့မဟုတ် နံပါတ်သင်္ကေတများအတိုင်း ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ အစီအစဉ်ကို ပြုစုထုတ်ပြန် ရမည်ဖြစ်ပြီး ယင်းသည် ဦးစီးဌာနမှ ရေးဆွဲပြုစုထားသည့် ဆက်သွယ်ရေး နံပါတ်လျာထား သတ်မှတ်ချက်နှင့် ကိုက်ညီရမည်။

(ခ) လိုင်စင်ရရှိသူများသည် ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များ ခွဲဝေသတ်မှတ်ပေးစဉ်က တင်ပြခဲ့သည့် ရည်ရွယ်ချက်အတိုင်းသာ ဆက်သွယ်ရေးနံပါတ်များကို အသုံးပြုရမည်ဖြစ်ပြီး ဆက်သွယ် ရေးနံပါတ်အရင်းအမြစ်များ ခွဲဝေသတ်မှတ်ခြင်းဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာရမည်။ စည်းကမ်းချက်များကို လိုက်နာခြင်းမရှိသည့် လိုင်စင်ရရှိသူ အား ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ပါစည်းကမ်းချက်များကို ချိုးဖောက်သူ အဖြစ် သတ်မှတ်မည်။

(ဂ) လိုင်စင်ရရှိသူများသည် ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များကို ထိထိရောက် ရောက်အသုံးပြုရ မည်။

(ဃ) လိုင်စင်ရရှိသူသည် ခိုင်လုံသော အကြောင်းပြချက်ရှိမှသာလျှင် သုံးစွဲသူတစ်ဦး၏ ဆက်သွယ်ရေး နံပါတ်ကို ပြောင်းလဲရမည်ဖြစ်ပြီး အဆိုပါသုံးစွဲသူထံ ပြောင်းလဲရခြင်း၏ အကြောင်းအရင်း နှင့်ပြောင်းလဲရန်ခန့်မှန်းထားသည့်နေ့ရက်ကိုဖော်ပြလျက်ကျိုးကြောင်းခိုင်လုံသော ကြိုတင်အသိပေးစာ ပေးပို့ရမည်ဖြစ်ပြီး အရေးပေါ်ကိစ္စရပ်များတွင် နှုတ်ဖြင့် ကြိုတင်အသိပေးပြီး နောက် စာဖြင့်အတည်ပြုရမည်။

(င) လိုင်စင်ရရှိသူများသည် မိမိခွဲဝေရရှိထားသည့် ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များ အသုံးပြုမှုနှင့်စပ်လျဉ်း၍ ဦးစီးဌာနကတောင်းဆိုသည့် အချက်အလက်များကို ပေးပို့ရ မည်။

(စ) လိုင်စင်ရရှိသူတစ်ဦးချင်းသည် ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ နှစ်စဉ်ပြန်လည်တင်ပြချက်ကို ဦးစီးဌာန သို့ တင်ပြရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁ (က)

(က) လိုင်စင်ရရှိသူများကပြုစုထားသည့် ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ အစီအစဉ်တစ်ခုချင်း သည် သက်ဆိုင်ရာ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိရမည်။ အထူးသဖြင့် အောက်ပါ ဆိုင်တီယူ-တီ အကြံပြု စာတမ်းများနှင့် တတ်နိုင်သမျှ ကိုက်ညီရမည်-

(၁) အီး.၁၂၃ (E.123) - ပြည်တွင်း၊ ပြည်ပ တယ်လီဖုန်းနံပါတ်များအတွက် စံသတ်မှတ်ချက် (Standard Notation)၊

(၂) အီး.၁၆၁ (E.161) - တယ်လီဖုန်းကွန်ရက်အား ချိတ်ဆက် အသုံးပြုနိုင်သည့်တယ်လီဖုန်းနှင့် အခြား ပစ္စည်းကိရိယာများအတွက် သတ်မှတ်ထားသည့်ဂဏန်းများ၊ အက္ခရာများနှင့် သင်္ကေတများ (symbols) ၏ အစီအစဉ်၊

(၃) အီး.၁၆၄ (E.164)- အပြည်ပြည်ဆိုင်ရာ အများပြည်သူသုံး ဆက်သွယ်ရေးနံပါတ် လျာထား သတ်မှတ်ချက်၊

(၄) အီး.၁၆၆ (E.166) - အီး.၁၆၄ (E.164) နှင့် အိပ်စ်. ၁၂၁ (X.121) တို့ အပြန်အလှန် လုပ်ငန်း ဆောင်ရွက်ရန်အတွက် ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်၊

(၅) အိပ်စ်. ၁၂၁ (X.121)- အများသုံးအချက်အလက်ကွန်ရက်များနှင့် သက်ဆိုင်သည့် အပြည်ပြည် ဆိုင်ရာ ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁ (ဃ)

(ဃ) ဆက်သွယ်ရေးနံပါတ်များသည် အိုင်တီယူ-တီ အကြံပြုစာတမ်းအီး. ၁၆၄ (E.164) နှင့် ကိုက်ညီရမည်။ အများဆုံးထားရှိနိုင်သော ကိန်းဂဏန်းအရေအတွက်မှာ ပြည်ပခေါ်ဆိုမှု အစသင်္ကေတ (International prefix) မပါဝင်ဘဲ ၁၅ လုံးဖြစ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁ (င)

(င) ခေါ်ဆိုမှုအစသင်္ကေတ ‘၀’ (“0” prefix) သည် အောက်ပါအချက်များနှင့် ကိုက်ညီရမည်-

(၁) မြို့တွင်းခေါ်ဆိုမှုနှင့် အထူးချိတ်ဆက်နံပါတ်များတို့သို့ ခေါ်ဆိုမှုမှတစ်ပါးပြည်တွင်း တယ်လီဖုန်းခေါ်ဆိုမှု အားလုံးအတွက် ခေါ်ဆိုမှုအစသင်္ကေတ ‘၀’ (“0” prefix) ကို အသုံးပြုရမည်။ ပြည်တွင်းခေါ်ဆိုမှု များအတွက် ယင်းသင်္ကေတ၏နောက်တွင် နိုင်ငံလုံးဆိုင်ရာ သီးသန့်နံပါတ်ရှိရမည်။

(၂) တယ်လီဖုန်းခေါ်ဆိုမှုအားလုံးတွင် နိုင်ငံအတွင်း၌ခေါ်ဆိုရန်သတ်မှတ်ထားသည့် တယ်လီဖုန်း ခေါ်ဆိုမှု နံပါတ်ပုံစံအတိုင်းဖြစ်စေရန် လိုင်စင်ရရှိသူများက အချိန် ကာလတစ်ခုအတွင်း လိုအပ်သည့် စက်မှုပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များကို ဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁ (စ)

(စ) ပြည်ပသို့ ခေါ်ဆိုမှုအတွက် ပြည်ပခေါ်ဆိုမှု အစသင်္ကေတ ‘၀၀’(“00” prefix) ကို အသုံးပြုရမည်။ ယင်းသင်္ကေတ၏နောက်တွင် နိုင်ငံသင်္ကေတနှင့် နိုင်ငံလုံးဆိုင်ရာ သီးသန့် နံပါတ်တို့ ရှိရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁ (ဇ)

(ဇ) ပီအက်စ်တီအန် (PSTN) သုံးစွဲသူနံပါတ်များ၏ ထိပ်စည်းကိန်းဂဏန်းမှာ ၁ မှ ၈ ဖြင့် စရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁ (ဈ)

(ဈ) ကြိုးဖုန်း ဧရိယာသင်္ကေတများသည် ကိန်းဂဏန်း ၁ မှ ၈ ဖြင့် စရမည်ဖြစ်ပြီး၊ ကြိုးဖုန်း သို့မဟုတ် မိုဘိုင်းဖုန်းသုံးစွဲသူများက ခေါ်ဆိုသည့်အခါ နယ်အဝေးခေါ်ဆိုမှုသင်္ကေတ (Trunk Code) ကို ရှေ့တွင် ထည့်၍ ခေါ်ဆိုရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၀ ၁၁ (ည)

(ည) မိုဘိုင်းဖုန်းနံပါတ်များ၏ ထိပ်စည်းကိန်းဂဏန်းမှာ ၉ ဖြစ်ရမည်ဖြစ်ပြီး၊ ကြိုးဖုန်း သို့မဟုတ် မိုဘိုင်း ဖုန်းသုံးစွဲသူများက ခေါ်ဆိုသည့်အခါ နယ်အဝေးခေါ်ဆိုမှုသင်္ကေတ (Trunk Code) ကို ရှေ့တွင်ထည့်၍ ခေါ်ဆိုရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁ ၁၂ (ည)

(ည)   ခွဲဝေသတ်မှတ်မှုအား ပြောင်းလဲခြင်း

(၁) ဆက်သွယ်ရေးနံပါတ်အရင်းအမြစ် ခွဲဝေရရှိထားသည့် လိုင်စင်ရရှိသူများသည် အောက်ပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြောင်းလဲမှုတစ်ခုခုမပြုလုပ်မီ ဦးစီးဌာနသို့ ခွင့်ပြုချက်ရရှိရန် လျှောက်ထား ရမည်-

(ကက) ဆက်သွယ်ရေးနံပါတ်အတွဲ သို့မဟုတ် နံပါတ်သင်္ကေတမှတ်ပုံတင်ခြင်း၊

(ခခ) ခွဲဝေရရှိထားသည့် ဆက်သွယ်ရေးနံပါတ်၏ ရည်ရွယ်ချက် သို့မဟုတ် အသုံးပြုပုံ၊

(ဂဂ) ခွဲဝေရရှိထားသည့် ဆက်သွယ်ရေးနံပါတ်အား အသုံးပြုမှုအခြေအနေ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၂ ၁၂ (ဌ)

(ဌ) ခွဲဝေသတ်မှတ်မှုအား ပြန်လည်အပ်နှံခြင်း

(၁) လိုင်စင်ရရှိသူသည် ရရှိထားသည့် ဆက်သွယ်ရေးနံပါတ်အရင်းအမြစ် ခွဲဝေ သတ်မှတ်မှုအား ဆက်လက်အသုံးမပြုလိုပါက ဦးစီးဌာနသို့ဆောလျင်စွာ ပြန်လည် အပ်နှံရမည်။

(၂) လိုင်စင်ရရှိသူသည် ဆက်သွယ်ရေးနံပါတ်အတွဲ တစ်ခုလုံးကိုသာ ပြန်လည်အပ်နှံ နိုင်သည်။ ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ်အတွဲ၏ တစ်စိတ်တစ်ပိုင်းအား ပြန်လည်အပ်နှံခြင်းကို သာမန်အားဖြင့် လက်ခံခြင်းမပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၃ ၁၃ (ခ)

(ခ) စစ်ဆေးခြင်းနှင့်ကြီးကြပ်ခြင်းလုပ်ငန်းစဉ်

(၁) ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များ ခွဲဝေသတ်မှတ်မှု ရရှိထားသူတစ်ဦးချင်း သည် ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ နှစ်စဉ်ပြန်လည်တင်ပြချက်ကို ဦးစီးဌာနသို့ တင်ပြရမည်။

(၂) ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ နှစ်စဉ်ပြန်လည်တင်ပြချက်တွင်-

(ကက) ပြက္ခဒိန်နှစ်ကုန်ဆုံးသည့် နေ့ရက်အထိ အကျုံးဝင်သောအချက်အလက် များပါဝင်ရမည်ဖြစ်ပြီး ဦးစီးဌာနမှ ညွှန်ကြားသည့်အတိုင်း တင်ပြရမည်။ သာမန်အားဖြင့် သက်ဆိုင်ရာ ပြက္ခဒိန်နှစ်ကုန်ဆုံးသည့် နေ့ရက်မှ ရက်ပေါင်း ၄၅ ရက်အတွင်း တင်ပြရမည်။

(ခခ) ရရှိထားသည့် ခွဲဝေသတ်မှတ်မှု တစ်ခုချင်းစီအတွက် အောက်ပါအချက် အလက်များကို ဖော်ပြရမည်-

(ခခ-၁) လက်ရှိ အသုံးပြုမှုအခြေအနေ၊

(ခခ-၂) အမှန်တကယ် သုံးစွဲသူများက သုံးစွဲလျက်ရှိသည့်နံပါတ်များ၊

(ခခ-၃) လျာထားသည့် ဆက်သွယ်ရေးနံပါတ် တိုးတက်မှုအတွက်သော် လည်းကောင်း၊ သုံးစွဲသူ၏အမှာ စာများအတွက် သော်လည်းကောင်း၊ အခြားအသုံးပြုလိုမှုတို့အတွက် သော်လည်းကောင်း ဖယ်ချန်ထားသည့် ဆက်သွယ်ရေးနံပါတ်များ၏ အသေးစိတ်အချက်အလက်များနှင့် တကွ ရှင်းလင်းချက်များ၊

(ခခ-၄) အမှန်တကယ် သုံးစွဲသူများမှအပ အခြားမည်သည့် သုံးစွဲသူသို့မဆို ခွဲဝေ ပေးထားသည့် ဆက် သွယ်ရေးနံပါတ်အတွဲများ။

(ဂဂ) ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ နှစ်စဉ်ပြန်လည် တင်ပြချက်တိုင်းတွင် အောက်ပါအချက်များ ထည့်သွင်းဖော်ပြရမည်-

(ဂဂ-၁) ဦးစီးဌာနကသတ်မှတ်ပေးထားသည့် သိသာသော ဆက်သွယ်ရေးနံပါတ် အပိုင်းအခြားအတွင်းတွင် ဖြစ်ပေါ်လာနိုင်သည့် ၃ နှစ်အတွက် ဆက်သွယ် ရေးနံပါတ် ခန့်မှန်း လိုအပ်ချက်၊

(ဂဂ-၂) ဆက်သွယ်ရေးနံပါတ်အရင်းအမြစ် ဆက်လက်အရန်ထားရှိခြင်းအတွက် လိုင်စင်ရရှိသူ၏ ကျိုးကြောင်းရှင်းလင်းချက်၊

(ဂဂ-၃) ဦးစီးဌာနက ညွှန်ကြားသော လိုအပ်သည့်အခြားအချက်အလက်များ။

(ဃဃ) အထက်အပိုဒ် (ဂဂ) ပါအချက်အလက်များအား ဦးစီးဌာနကသတ်မှတ် ထားသည့်ပုံစံအတိုင်းတင်ပြရမည်။ သို့သော် ဦးစီးဌာနက အချက်အလက် များစုဆောင်းခြင်း သို့မဟုတ် စိစစ်သုံးသပ်ခြင်း ပြုလုပ်ရန် အတွက် တင်ပြစေသည့် အချက်အလက်များသည် ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ နှစ်စဉ်ပြန်လည်တင်ပြ ချက်တင်ပြသော အဖွဲ့အစည်းအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၄ ၁၃ (ဃ) (၁) (၂)

(ဃ) အသိပေးအကြောင်းကြားခြင်း

(၁) ဆက်သွယ်ရေးနံပါတ်အရင်းအမြစ် ခွဲဝေသတ်မှတ်မှုတစ်ခုအား စတင် အသုံးပြုရာ တွင် ယင်းခွဲဝေသတ်မှတ်မှုကိုရရှိသူသည် အခြားသက်ဆိုင်ရာ လိုင်စင်ရရှိသူများသို့ အကြောင်းကြားရန် (လိုအပ်ပါကညှိ နှိုင်းဆောင်ရွက်ရန်) နှင့် သင့်လျော်ပါ ကပြည်ပဆက်သွယ်ရေးအဖွဲ့အစည်းများသို့ အကြောင်းကြားရန် တာဝန်ရှိသည်။

(၂) ဆက်သွယ်ရေးနံပါတ်အရင်းအမြစ် ခွဲဝေသတ်မှတ်မှုကို ရရှိထားသူများသည် ၎င်းတို့၏ အဖွဲ့အစည်းများအတွက် ဆက်သွယ်ဆောင်ရွက်ရမည့်ပုဂ္ဂိုလ်၏ အမည်နှင့်အချက်အလက်များအား ဦးစီးဌာနသို့ အကြောင်းကြားရမည်။ ဆက်သွယ်ဆောင်ရွက်ရမည့်ပုဂ္ဂိုလ်၏ အချက်အလက်များ ပြောင်းလဲမှုရှိပါက ဦးစီးဌာနသို့ဆောလျင်စွာ အကြောင်းကြားရမည်။ ဦးစီးဌာနသည် ခွဲဝေသတ်မှတ် ပေးထားသည့်နံပါတ်သင်္ကေတများနှင့်ဆက်သွယ်ရေးနံပါတ်အတွဲများ၏ စတင်အသုံးပြုရမည့် ရက်စွဲများပါဝင်သည့် အကြောင်းကြားစာအား အဆိုပါပုဂ္ဂိုလ်ထံ ပေးပို့ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၅ ၁၅ (က)

ခွဲဝေသတ်မှတ်ပေးထားသည့် ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များ အသုံးပြုခြင်းနှင့်သက်ဆိုင်သော စည်းကမ်းချက်များနှင့်သတ်မှတ်ချက်များ

(က) ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များအား အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ စည်းကမ်းချက်များသည် ခွဲဝေသတ်မှတ်မှုအားလုံးနှင့် သက်ဆိုင်သည်-

(၁) ဆက်သွယ်ရေးနံပါတ်လျာထားသတ်မှတ်ချက်တွင် ဖော်ပြထားသည့်အတိုင်း အမျိုးအစားအရ သော်လည်းကောင်း၊ ဝန်ဆောင်ခနှုန်းထားအရသော်လည်းကောင်း၊ ခွဲခြားသတ်မှတ်မှုများအပါအဝင် လိုင်စင်ရရှိသူ၏ လျှောက်ထားချက်တွင်ဖော်ပြထားသည့် ရည်ရွယ်ချက်အတွက်သာ ဆက်သွယ်ရေး နံပါတ်အရင်းအမြစ်များကို အသုံးပြုရမည်။

(၂) ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များအား မူလပထမရရှိထားသည့် လိုင်စင် ရရှိသူသည် ယင်းနံပါတ်များအတွက် တာဝန်ရှိစေရမည်။

(၃) လိုင်စင်ရရှိသူများသည် ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များအား အမှတ်တံဆိပ် သဖွယ် အသုံးပြု၍သော်လည်းကောင်း၊ လိုင်စင်ရရှိသူနှင့် ဆက်သွယ်ရေးနံပါတ် အပိုင်းအခြားကို တွဲဖက်၍ သော်လည်းကောင်း ကြော်ငြာခြင်းနှင့် အခြားနည်းလမ်း တစ်ခုခုဖြင့် အများသိစေရန် မပြုလုပ်ရ။

(၄) လိုင်စင်ရရှိသူအချင်းချင်း ဆက်သွယ်ရေးနံပါတ်များနှင့် နံပါတ်အတွဲများ အားလဲလှယ်ခြင်း သို့မဟုတ် ရောင်းဝယ်ခြင်းမပြုရ။

(၅) လိုင်စင်ရရှိသူအား ခွဲဝေသတ်မှတ်ပေးထားသည့် ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်သည် ၎င်းနှင့်ရာသက်ပန်သက်ဆိုင်မှုရှိသည်။ သို့သော် မည်သည့်လိုင်စင်ရရှိသူ သို့မဟုတ် သုံးစွဲသူတစ်ဦးကမျှ ဦးစီးဌာနက ခွဲဝေသတ်မှတ် ပေးထားသည့် မည်သည့်ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များကိုမဆို ပိုင်ဆိုင်ခွင့် မရှိ ပါ။

(၆) ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များ ခွဲဝေသတ်မှတ်ပေးမှုကို ရရှိထားသည့် လိုင်စင်ရရှိသူ အနေဖြင့် နည်းဥပဒေ ၁၂၊ နည်းဥပဒေခွဲ(ည) အရ ပြောင်းလဲထား ခြင်းမရှိပါက ၎င်းအားအသုံးပြုရန် ခွင့်ပြုထားသည့် ရည်ရွယ်ချက်များ အတွက်သာလျှင် ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များကို အသုံးပြုရမည်။

(၇) ဆက်သွယ်ရေးနံပါတ်အရင်းအမြစ် ခွဲဝေသတ်မှတ်ပေးမှုကိုရရှိသူသည် ယင်းအား အသုံးပြုမှုကို မှတ်တမ်းထားရှိရမည်။

(၈) ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များကို ရရှိထားသူများသည် ဦးစီးဌာန၏ ခွင့်ပြု ချက်တစ်စုံတစ်ရာမရှိလျှင် သုံးစွဲသူတစ်ဦး၏ တောင်းဆိုချက်အရ ယင်းသုံးစွဲသူထံ သတ်မှတ်ပေးသည့် နံပါတ် (coveted number) မှအပ ၎င်းအားခွဲဝေသတ်မှတ် ပေးထားသည့် ဆက်သွယ်ရေးနံပါတ် အတွက် မည်သူတစ်ဦးတစ် ယောက်ထံကမျှ အခကြေးငွေကောက်ခံခြင်းမပြုရ။

(၉) ဆက်သွယ်ရေးနံပါတ်အား အသုံးမပြုပဲထားခြင်းမှ ကာကွယ်ရန်အတွက် သုံးစွဲသူများသည် ၎င်းတို့၏ဆက်သွယ်ရေးနံပါတ်အားရရှိသည့်နေ့ရက်မှ ရက် ပေါင်း ၁၈၀ အတွင်း အသုံးပြုရမည်။ ဆက်သွယ်ရေး နံပါတ်အား အသုံးပြုခြင်းဆိုသည်မှာ PSTN တွင် ယင်းဆက်သွယ်ရေးနံပါတ်အား ချိတ်ဆက်နိုင်ခြင်း ကိုဆိုသည်။ ထိုသို့အသုံးပြုခြင်းမရှိသော ဆက်သွယ်ရေးနံပါတ်များကို သုံးစွဲသူ အသစ်သို့ သတ်မှတ်ပေးနိုင်သည်။

(၁၀) လိုင်စင်ရရှိသူတစ်ဦးသည် ဆက်သွယ်ရေးနံပါတ်လျာထားသတ်မှတ်ချက်ရှိ ယင်းအားခွဲဝေသတ် မှတ်ပေးထားသည့် ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များ ကိုသာ အသုံးပြုရမည်။

(၁၁) ဦးစီးဌာနက လိုအပ်၍ပြုလုပ်သော မည်သည့် ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ ပြောင်းလဲမှု များကိုမဆို လိုင်စင်ရရှိသူများအားလုံးက တစ်ပြိုင်တည်း အကောင် အထည်ဖော် ဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း