Measures Relating to Yangon City Development Law


Domestic Regulations
sr. Section measures mode remarks
၃၀

အစိုးရဌာနများ၊ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ သည် မြို့တော်နယ် နိမိတ်အတွင်း အောက်ပါလုပ်ငန်းကိစ္စများ လုပ်ကိုင်ဆောင်ရွက်လိုလျှင် ကော်မတီနှင့် ညှိနှိုင်းဆောင်ရွက် ရမည် -

(က) မြို့တော်နယ်နိမိတ်အတွင်း မြေအသုံးချခြင်း၊ အဆောက် အအုံတည်ဆောက်ခြင်း၊ မြေပြုပြင်ခြင်း၊

(ခ) အထူးစီးပွားရေးဇုန်များနှင့် စက်မှုဇုန်များတည်ထောင် ခြင်း၊ လုပ်ကိုင်ခြင်း၊

(ဂ) လမ်းနှင့်တံတားဆောက်လုပ်ခြင်း၊ ဆက်သွယ်ရေးတာဝါ တိုင်များ၊ လျှပ်စစ်မီးတိုင်များ၊ မြေပေါ်မြေအောက်ဆက်သွယ်ရေး ကွန်ရက်များ၊ နန်းကြိုးများ၊ ပြွန်များနှင့် ပိုက်လိုင်းများ ဆက်သွယ်ခြင်း၊ မြေအောက်ဥမင်လိုဏ်ခေါင်းများ ဆောက်လုပ်ခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၇၂

မည်သူမဆိုအဆောက်အအုံတစ်ခုခုကိုအသစ်ဆောက်လုပ်ခြင်း၊ ပြင်ဆင်မွမ်းမံခြင်း၊ ဖျက်သိမ်းခြင်းများပြုလုပ်ရာ၌ အများပြည်သူ ဆိုင်ရာနေရာများတွင်ဖြစ်လျှင် သွားလာလုပ်ကိုင်နေထိုင်ကြ သူတို့၏အသက်အန္တရာယ် နှင့် အနှောင့်အယှက် မဖြစ်စေရန် လိုအပ်သော ကြိုတင်ပြင်ဆင်ကာကွယ်မှုများကို ဆောင်ရွက်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၇၃

ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်နေသည့် အဆောက် အအုံ လုပ်ငန်းတစ်ရပ်ရပ်ကြောင့် ကပ်လျက်ရှိသည့် အဆောက် အအုံ သို့မဟုတ် အဆောက်အအုံ အစိတ်အပိုင်း တစ်ခုခုကို ပျက်စီးချို့ယွင်းစေခဲ့လျှင် ပျက်စီးသည့် အဆောက်အအုံကို ပိုင်ဆိုင်သူ သို့မဟုတ် နေထိုင်သူက ကော်မတီထံသို့ ကန့်ကွက် စာတင်သွင်းနိုင်သည်။ အဆိုပါ ကန့်ကွက်စာနှင့်စပ်လျဉ်း၍ ကော်မတီကလိုအပ်သည့် စစ်ဆေးမှုများကိုအမြန်ဆုံး ပြုလုပ်စေ ရမည်။ ပျက်စီးမှုအတွက်ဆောက်လုပ်သူတွင်တာဝန်ရှိသည်ဟု ဆုံးဖြတ်ပါက ကော်မတီသည် သင့်လျော်သည့် လျော်ကြေးကို ပေးဆောင်ရန်ညွှန်ကြားရမည်။ လျော်ကြေးအတွက်ပျက်စီးသည့် အဆောက်အအုံကို ပိုင်ဆိုင်သူ သို့မဟုတ် နေထိုင်သူက ကျေနပ်မှုမရှိလျှင် တည်ဆဲဥပဒေအရ ဆက်လက်ဆောင်ရွက်နိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၇၄

မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံတစ်ခုခု သို့မဟုတ် အစိတ်အပိုင်း တစ်ရပ်ရပ်၏ ပျက်စီးမှုအခြေအနေသည် မြို့တော် အင်္ဂါရပ်ကို ထိခိုက်စေလျှင်ဖြစ်စေ၊ နောင်တွင် အန္တရာယ်ရှိနိုင် သည်အထိ အခြေအနေ ဆိုးရွားလာနိုင်လျှင်ဖြစ်စေ၊ ကော်မတီသည် ပိုင်ရှင် သို့မဟုတ် နေထိုင်သူအား မူလအတိုင်း ပြန်လည် ပြင်ဆင်ရန် ဆင့်ဆိုနိုင်သည်။ ယင်းအဆောက်အအုံပိုင်ရှင်က ငြင်းဆန်ခြင်းမရှိစေရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၇၅ (က)

(က) မြို့တော်နယ်နိမိတ်အတွင်း ယာယီတဲ၊ ပျဉ်ထောင်အိမ်နှင့် သုံးထပ်အထိ လုံးချင်းအိမ်မှတစ်ပါး အဆောက်အအုံများ ဆောက်လုပ်လိုပါက ကော်မတီက အသိအမှတ်ပြုထားသည့် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရ ကန်ထရိုက်တာ တစ်ဦးဦးကိုသာ ငှားရမ်းဆောက်လုပ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၇၇

မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံတစ်ခုကို ဆောက်လုပ်သူ သို့မဟုတ် ထပ်မံဆောက်လုပ်သူ မည်သူမဆို ယင်း အဆောက်အအုံ ဆောက်လုပ်ပြီးစီးပြီးနောက် ရက်ပေါင်း ၃ဝ အတွင်း အဆောက်အအုံပြီးစီးကြောင်း အစီရင်ခံစာကို ကော်မတီသို့ တင်ပြရမည်။ ယင်းသို့တင်ပြရာ၌ အဆောက်အအုံကိုလည်း စစ်ဆေးခံနိုင်ရန် လိုအပ်ချက်များ အားလုံးအသင့်ပြင်ဆင် ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၂၃

မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူသွားလာရန်ဖြစ်စေ၊ ကိုယ်ပိုင်အသုံးပြုရန် ဖြစ်စေ၊ ကိုယ်ပိုင်လမ်း တစ်ခုခုကို ဖောက်လုပ်လိုလျှင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၅၁

အဆောက်အအုံပိုင်ရှင် သို့မဟုတ် မြေပိုင်ရှင်တစ်ဦးဦးက မိမိပိုင်ရေမြောင်းကို ကော်မတီပိုင် ရေမြောင်းနှင့် ဆက်သွယ်ဖောက်လုပ်ရန် လိုအပ်ပါက ကော်မတီသို့ တင်ပြ ဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၇၆

မြို့တော်နယ်နိမိတ်အတွင်း ဈေး၊ အဆောက်အအုံ၊ ဆိုင်ခန်း၊ လူအများစားသုံးသည့် နေရာနှင့် ရောင်းချရန်အတွက် ချက်ပြုတ်ကြော်လှော်သည့် နေရာများ၊ ယင်းနေရာ များရှိ စားသောက်ကုန်ပစ္စည်းများ ချက်ပြုတ်ကြော်လှော်သည့် အသုံးအဆောင်များ ကိုဖြစ်စေ၊ ဆေးဝါးပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် အသုံးအဆောင်ပစ္စည်း ကိရိယာများကို ဖြစ်စေ ကော်မတီကတာဝန်ပေးအပ်သည့် မည်သည့် ဝန်ထမ်း သို့မဟုတ် အဖွဲ့အစည်းကမဆို စစ်ဆေးနိုင်ခွင့်ရှိသည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၀ ၂၀၀

ကော်မတီက တာဝန်ပေးအပ်ထားသည့် မည်သည့်ဝန်ထမ်းကမဆို အစားအသောက်၊ လူသုံးကုန် ပစ္စည်း၊ ဆေးဝါးများရောင်းချနေသောဈေး၊ အဆောက်အအုံနှင့် ဆိုင်ကြီး ဆိုင်ငယ်များတွင် အသုံးပြုနေသည့် အလေး၊ တင်းတောင်း၊ အတိုင်းအတာနှင့် ချိန်တွယ်သည့် ပစ္စည်းကိရိယာများသည် စံအဖြစ် သတ်မှတ်ထားသည့်အတိုင်း ကိုက်ညီ ခြင်း ရှိ မရှိ အချိန်မရွေး ဝင်ရောက်စစ်ဆေးခွင့်ရှိသည်။ စံချိန်စံညွှန်း မကိုက်ညီသည့် အလေး၊ တင်းတောင်း၊ အတိုင်းအတာနှင့်ချိန်တွယ်သည့်ပစ္စည်းကိရိယာများ အသုံးပြုခြင်းကိုတွေ့ရှိပါက စည်းကမ်းသတ်မှတ်ချက်နှင့်အညီ အရေးယူရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁ ၃၁၀

မြို့ပြစီမံကိန်းနှင့်မြေများစီမံခန့်ခွဲခြင်းဆိုင်ရာတားမြစ်ချက်များ

(က) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်းကော်မတီ၏ စည်းကမ်းသတ်မှတ်ချက်များ နှင့်အညီ မြေငှားစာချုပ်၊ လိုင်စင်၊ ပါမစ်၊ ခွင့်ပြုချက်များ မရရှိဘဲ လူနေထိုင်ရန် အဆောက်အအုံများဆောက်လုပ်ခြင်း၊ စက်မှုလုပ်ငန်းများလုပ်ကိုင်ခြင်း၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း သို့မဟုတ် အခြားလုပ်ငန်း တစ်ရပ်ရပ် ဆောင်ရွက်ခြင်း မပြုရ၊

(ခ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက စည်းကမ်းသတ်မှတ်၍ ခွင့်ပြုထားသည့် မြေငှားစာချုပ်၊ လိုင်စင်၊ ပါမစ်များသက်တမ်းကုန်ဆုံးပြီးနောက် အသစ်ထပ်မံလျှောက်ထား ရယူခြင်းမရှိဘဲ ပုဒ်မခွဲ (က) ပါ လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်ခြင်းမပြုရ၊

(ဂ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း မိမိပိုင်မြေကို အဆောက်အအုံဆောက် လုပ်ရန်အတွက်ဖြစ်စေ၊ အခြားသူအားရောင်းချရန်အတွက်ဖြစ်စေ၊ ခွဲစိတ်လို၍ ဖြစ်စေ မြေတိုင်းတာခြင်းကို ကော်မတီက ဖွဲ့စည်းပေးသည့် မြေတိုင်းတာရေး အဖွဲ့ သို့မဟုတ် အရာထမ်းမှလွဲ၍ အခြားမည်သည့်အဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ်နှင့်မျှ တိုင်းတာခြင်းမပြုရ၊

(ဃ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေနှင့် ကော်မတီက မြေငှားစာချုပ်၊ လိုင်စင်၊ ပါမစ်ထုတ်ပေးထားသော မြေအတွင်းသို့ ကော်မတီ ၏ ခွင့်ပြုချက်အရ ဆောင်ရွက်သော မြေတိုင်းတာရေးအဖွဲ့ သို့မဟုတ် အရာရှိအား ဟန့်တားနှောင့်ယှက်ခြင်း မပြုရ၊

(င) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်ခြင်း မရှိသည့် နေရာများကို ကော်မတီက စနစ်တကျမြို့ကွက်ရိုက်ခြင်းနှင့် ပြန်လည်နေရာချ ထားခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တားမြစ်ခြင်း၊ နှောင့်ယှက်ခြင်းမပြုရ၊

(စ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီပိုင်မြေများ သို့မဟုတ် စီမံကိန်း မြေများဖြစ်ကြောင်း စိုက်ထူထားသည့် ဆိုင်းဘုတ်များ၊ နယ်နိမိတ် ကျောက်တိုင် များ၊ ခြံစည်းရိုး နှင့် ခြံစည်းရိုးပင်များကို ဖျက်ဆီးခြင်း၊ ရွှေ့ပြောင်းခြင်းမပြုရ၊

(ဆ) မည်သူမျှ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေများပေါ် တွင် ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံများ၊ နေအိမ်များနှင့်တဲများကို ကျူးကျော်ဆောက်လုပ်နေထိုင်ခြင်းနှင့် လုပ်ငန်းတစ်ခုခု လုပ်ကိုင်ဆောင်ရွက် ခြင်းမပြု ရ၊

(ဇ) မည်သူမျှ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေများပေါ် တွင် တရားမဝင်ကျူးကျော်ခြင်းမပြုနိုင်ရန်တားမြစ်ခြင်း၊ တရားမဝင်ကျူးကျော် ဆောက်လုပ်ထားသည့် အဆောက်အအုံများကိုဖယ်ရှားခြင်း၊ တရားမဝင်ကျူး ကျော်သူ များအားဖယ်ရှားခြင်း၊ ကျူးကျော်လုပ်ကိုင်နေသော လုပ်ငန်းတစ်ခုခုကို ဖယ်ရှားခြင်း စသည့် ဆောင်ရွက်မှုများကို ဟန့်တားနှောင့်ယှက်ခြင်းမပြုရ၊

(စျ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်းအသုံးပြုခြင်းမရှိသော ပိတ်သိမ်းပြီးဖြစ် သည့် သုသာန်မြေများနှင့် သဘာဝဘေးအန္တရာယ် တစ်ခုခုကြောင့် ပျက်စီးသွား၍ ပေါ်ပေါက်လာသော မြေများပေါ်တွင် ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ကျူးကျော် နေထိုင်ခြင်း၊ လုပ်ငန်း တစ်ရပ်ရပ် လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၂ ၃၁၁

ပန်းဥယျာဉ်နှင့်ကစားကွင်းများဆိုင်ရာ တားမြစ်ချက်များ

(က) မည်သူမျှမြို့တော်နယ်နိမိတ်အတွင်း ကော်မတီက စီမံပြုလုပ်ထားသော လမ်းလယ်ကျွန်း၊ မြက်ခင်းအဝိုင်း၊ တြိဂံမြက်ခင်း၊ ပျိုးခြံပန်းဥယျာဉ်၊ ကွက်လပ် မြေနေရာ သို့မဟုတ် လမ်းလယ် ပန်းခုံ၊ ပန်းအိုး၊ စိုက်ပျိုးထား သည့်မြက်ခင်း၊ အပင် သို့မဟုတ် ပစ္စည်းတစ်ခုခုယူခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် ပျက်စီးစေခြင်း မပြုလုပ်ရ၊

(ခ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီကစီမံပြုလုပ်ထားသော လမ်းလယ်ကျွန်း၊ မြက်ခင်းအဝိုင်း၊ မြေကွက်လပ်၊ မြေနေရာ၊ တြိဂံ မြက်ခင်း၊ ပျိုးခြံ၊ ပန်းဥယျာဉ်၊ အားကစားကွင်းနေရာ၊ ကိုယ်လက် ကျန်းမာကြံ့ခိုင်ရေး မြေနေရာ၊ မြေယာရှုခင်းနေရာ များတွင် ဆိုင်းဘုတ်များ စိုက်ထူခြင်း၊ ကျူးကျော်ခင်းကျင်းခြင်း၊ ဝင်ရောက်နေထိုင်ခြင်း၊ ဈေးရောင်းချခြင်း မပြုရ၊

(ဂ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်းရှိ ပန်းဥယျာဉ်၊ ကွက်လပ်မြေနေရာ သို့မဟုတ် ရှုခင်းနေရာအတွင်းရှိ ရေကန်၊ ရေကန်ပေါင်၊ ရေဖြန့်ဝေသည့် ရေပန့်များ၊ ရေပိုက်များ သို့မဟုတ် ရေလှောင်ကန်ကို ဖျက်ဆီးခြင်း၊ တူးဆွခြင်း သို့မဟုတ် ပျက်စီးစေခြင်း မပြုရ၊

(ဃ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း သဘာဝအလျောက် ပေါက်ရောက် လျက်ရှိသော သစ်ပင်၊ စိုက်ပျိုးထားသောသစ်ပင်များကို ကော်မတီ၏ ခွင့်ပြုချက် မရှိဘဲ ခုတ်ထွင်ခြင်း၊ ချိုးဖဲ့ခြင်း၊ ချိုင်ခြင်း၊ ရွှေ့ပြောင်းခြင်း သို့မဟုတ် ခုတ်လှဲခြင်း မပြုရ၊

(င) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မြို့တော် စိမ်းလန်းစိုပြည်ရေးအတွက် စိုက်ပျိုးထားသောအပင်များမှ အသီးအပွင့်၊ အရွက်၊ အကိုင်းအခက် တို့ကိုခူးယူခြင်း၊ ချိုးဖဲ့ခြင်း၊ ပျက်စီးစေခြင်းမပြုရ၊

(စ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ပန်းဥယျာဉ်များ၊ ရှုခင်းများနှင့်မြေကွက် လပ်နေရာများတွင် အဆောက်အအုံဆောက်လုပ်ခြင်း၊ စားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းချခြင်း၊ အပင်စိုက်ပျိုးခြင်း၊ အားကစားကွင်းပြုလုပ်ခြင်း သို့မဟုတ် ပြပွဲ၊ ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ပွဲလမ်းသဘင်များ၊ အခမ်းအနားများ ကျင်းပခြင်း မပြုရ၊

(ဆ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အစိုးရဌာန အဖွဲ့အစည်းများက ဆောင်ရွက် သည့် ကိစ္စမှအပ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားရေး အလို့ငှာ ပျော်ရွှင်ဖွယ် အားကစားကွင်းများ၊ ကျန်းမာရေးလေ့ကျင့်ခန်း အားကစားကွင်းများ၊ အားကစား ရုံများ၊ အားကစား ခန်းမများ၊ ရေကူးကန်များနှင့် အားကစားနည်းပညာ သင်တန်းကျောင်းများ ဖွင့်လှစ် လုပ်ကိုင်ခြင်း မပြုလုပ်ရ၊

(ဇ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီကတာဝန်ယူ တည်ထောင် ထိန်းသိမ်းထားသော ပန်းဥယျာဉ်များ၊ ရှုခင်းနေရာများ၊ ပျိုးခြံများ၊ ကွက်လပ်မြေ နေရာများ၊ အားကစားကွင်းများကို တစ်နည်းနည်းဖြင့် ဖျက်ဆီးခြင်း၊ ပျက်စီးစေခြင်း မပြုရ၊

(ဈ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားရေး အလို့ငှာ ပျိုးခြံတည်ထောင်ခြင်း၊ ပျိုးပင်အရောင်းဆိုင် ဖွင့်ခြင်း မပြုရ၊

(ည) မည်သူမျှ ကော်မတီက တည်ထောင်ဖွင့် လှစ်ထားသည့် ပန်းဥယျာဉ်၊ ပန်းခြံများအတွင်း အမှိုက်မီးရှို့ခြင်း၊ သစ်ပင်ခုတ်ထွင်ခြင်း၊ တိရစ္ဆာန်များကို ဖမ်းဆီးခြင်း မပြုရ၊

(ဋ) မည်သူမျှ ကော်မတီကဖွင့်လှစ်ထားသော ပန်းခြံများအတွင်းရှိ ရေကန်အတွင်းသို့ လည်းကောင်း၊ ကော်မတီက စီမံခန့်ခွဲသော ရေကန်ကြီးအတွင်းသို့ လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများမှ ရေဆိုးများကိုတိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း သန့်စင်ခြင်းမပြုဘဲ စီးဝင်စေခြင်း၊ စွန့်ပစ်ခြင်းမပြုရ၊

(ဌ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက စီမံပြုလုပ်ထားသော ပန်းခြံ၊ ပန်း ဥယျာဉ်များအတွင်း အများပြည်သူအပန်းဖြေလမ်းလျှောက်ရန် အတွက်သာ သတ်မှတ် ထားသောလမ်းပေါ်တွင် မသန်စွမ်းသူများ အသုံးပြုသည့် ယာဉ်ကိရိယာများမှအပ စက်တပ်ယာဉ် မောင်းနှင်ခြင်း၊ စက်မဲ့ယာဉ် စီးနင်းခြင်း နှင့် စကိတ်စီးခြင်း မပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၃ ၃၁၂

အဆောက်အအုံဆိုင်ရာတားမြစ်ချက်များ

(က) မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခြင်းမပြုရ၊ အားပေး ကူညီခြင်း မပြုရ၊

(ခ) မည်သူမျှ ကော်မတီက အဆောက်အအုံဆောက်လုပ်ခြင်း၊ လုပ်ငန်းဆောင်ရွက် ခြင်းမပြုရန် တားမြစ်ထားသော အဆောက်အအုံကို ဆောက်လုပ်ခြင်း၊ ပြင်ဆင် ခြင်းမပြုရ၊

(ဂ) (၁) မည်သူမျှ ကော်မတီက အဆောက်အအုံဆောက်လုပ်ခွင့်ကို ကာလ အကန့်အသတ်ဖြင့် ရပ်ဆိုင်းထားသော အဆောက်အအုံကို ဆောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်းမပြုရ၊

(၂) မည်သူမျှ ကော်မတီက အပြီးအပြတ်ပယ်ဖျက်ထားသော အဆောက်အအုံကို ဆောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်းမပြုရ၊

(ဃ) မည်သူမျှ ကော်မတီက ခွင့်ပြုထားသည့် အဆောက်အအုံခွင့်ပြုမိန့်၊ အဆောက်အအုံပုံစံနှင့် ကွဲလွဲခြားနားသည့် အဆောက်အအုံကို ဆောက်လုပ်ခြင်း၊ လုပ်ငန်း လုပ်ကိုင်ခြင်း မပြုရ၊

(င) မည်သူမျှဆောက်လုပ်ပြီးသော အဆောက်အအုံတစ်ခုတွင်ဖြစ်စေ၊ ယင်း အဆောက်အအုံ၏ အစိတ်အပိုင်းတစ်ခုတွင်ဖြစ်စေ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်ခြင်း၊ အသုံးပြုခြင်းမပြုရ၊

(စ) မည်သူမျှ လူနေထိုင်ရန်အတွက်ဆောက်လုပ်ထားသော အဆောက်အအုံတွင် ကော်မတီက ခွင့်မပြုသည့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်းမပြုရ၊

(ဆ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ပစ္စည်းသိုလှောင်ရန်အတွက် ဆောက်လုပ် ထားသည့် အဆောက်အအုံတွင် လူနေထိုင်ခြင်းမပြုရ၊

(ဇ) မည်သူမျှ ကော်မတီက ထုတ်ပေးထားသော လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကန်ထရိုက်တာ အဖြစ် ဆောင်ရွက်ခြင်း မပြုရ၊

(စျ) မည်သူမျှ ကော်မတီက လူနေထိုင်ခြင်းမပြုရန် တားမြစ်သင်္ကေတ အမှတ်အသား ရေးမှတ်ထားသည့် အဆောက်အအုံ သို့မဟုတ် အဆောက်အအုံ၏ တစ်စိတ် တစ်ဒေသအတွင်း ဝင်ရောက်နေထိုင်ခြင်း မပြုရ၊

(ည) မည်သူမျှ ကော်မတီကဖြိုဖျက်ထားသည့် အန္တရာယ်ရှိ အဆောက်အအုံရှိရာ မြေကွက် အတွင်းဝင်ရောက်နေထိုင်ခြင်းမပြုရ၊

(ဋ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်းရှိ အများပြည်သူဆိုင်ရာလမ်းပေါ်တွင် စမုတ်ဆောင်၊ လသာဆောင်၊ ဆင်ဝင်လှေခါး၊ နေကာ၊ တံစက်မြိတ်၊ လှေကားထစ်၊ အုတ်ခုံ၊ အုတ်မြစ်၊ ဆင်ခြေလျှော၊ ဓာတ်ဆီဆိုင်၊ ဓာတ်ဆီပန့်၊ မိလ္လာကန်၊ လူကူးခုံးကျော်တံတား၊ ယာယီမဏ္ဍပ် သို့မဟုတ် အခြား အဆောက်အအုံကို ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခြင်း မပြုရ၊

(ဌ) မည်သူမျှကော်မတီက ယာယီအားဖြင့် ခွင့်ပြုထားသည့် အတိုင်းအတာထက်ပို၍ အများ ပြည်သူဆိုင်ရာလမ်းပေါ်တွင် ဆောက်လုပ်ရေးပစ္စည်းများ စုပုံထားခြင်း မပြုရ၊

(ဍ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ကြော်ငြာဆိုင်းဘုတ် စိုက်ထူခြင်း၊ တပ်ဆင်ခြင်း၊ ကပ်ခြင်း၊ ချိတ်ဆွဲခြင်း သို့မဟုတ် ရေးဆွဲခြင်းမပြုရ၊

(ဎ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မူလရှိသောမြေအမြင့်ကိုနှိမ့်ခြင်း၊ နိမ့်သွားစေခြင်း၊ မူလနိမ့်သည့်မြေ၊ မူလချိုင့်ဝှမ်း သို့မဟုတ် မူလရေအိုင်၊ ရေကန်ကိုမြေဖို့ခြင်း၊ ပုံသဏ္ဌာန်ပြောင်းလဲခြင်း မပြုရ၊

(ဏ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်းအဆောက်အအုံများ ဆောက်လုပ်ရာတွင် အဆောက်အအုံမှကျဆင်းသောရေများကို စွန့်ထုတ်ရန်အတွက် ရေနုတ်မြောင်း များဖောက်လုပ်ခြင်း၊ အများပြည်သူဆိုင်ရာရေမြောင်းနှင့်ဆက်သွယ်ခြင်းစသည့် သတ်မှတ်ချက်များကို တိကျစွာ လိုက်နာခြင်းမရှိဘဲ အဆောက်အအုံဆောက်လုပ် ခြင်း မပြုရ၊

(တ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်းရှိ လူနေရပ်ကွက်များ၌ အဆောက်အအုံ များဆောက်လုပ်ရာတွင် အများပြည်သူ အနှောင့်အယှက်ဖြစ်ခြင်းကို အကာအကွယ် ပေးရန် ထုတ်ပြန်ထားသည့် ကော်မတီ၏ ညွှန်ကြားချက်များကို ဖောက်ဖျက်ခြင်းမပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၄ ၃၁၃

မြို့ပြအမွေအနှစ်အဆောက်အအုံများဆိုင်ရာ တားမြစ်ချက်များ

(က) မည်သူမျှမြို့တော်နယ်နိမိတ်အတွင်းရှိ မြို့ပြအမွေအနှစ်အဆောက်အအုံကို ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မူလပုံစံပျက်ယွင်းစေရန် ပြင်ဆင်ခြင်း၊ ဖြိုဖျက်ခြင်း၊ ရွှေ့ပြောင်းခြင်းများ မပြုရ၊

(ခ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်းရှိ မြို့ပြအမွေအနှစ် အဆောက်အအုံ ဖြစ်ကြောင်း သို့မဟုတ် အမွေအနှစ်နယ်မြေဖြစ်ကြောင်း အများပြည်သူသိရှိရန် တပ်ဆင်ထားသည့် ကြော်ငြာဆိုင်းဘုတ်များ၊ ခြံစည်းရိုးအကာအရံများ စသည် တို့ကို ဖြုတ်ခြင်း၊ ဖျက်ဆီးခြင်း၊ ရွှေ့ပြောင်းခြင်းမပြုရ၊

(ဂ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်းရှိ မြို့ပြအမွေအနှစ် အဆောက်အအုံ တည်ရှိရာ နယ်နိမိတ်အတွင်းကျူးကျော်ဝင်ရောက်နေထိုင်ခြင်း၊ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ လုပ်ငန်း တစ်ခုခု လုပ်ကိုင်ခြင်းမပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၅ ၃၁၄

အခွန်၊ အခများ စည်းကြပ်ကောက်ခံခြင်းဆိုင်ရာ တားမြစ်ချက်များ

(က) မည်သူမျှ ကော်မတီက တာဝန်ပေးအပ်ခြင်းမရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း စည်ပင် သာယာဆိုင်ရာ အခွန်၊ အခများ ကောက်ခံခြင်း မပြုရ၊

(ခ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မော်တော်ယာဉ် ရပ်နားခ ကောက်ခံခြင်း မပြုရ၊

(ဂ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက သတ်မှတ်ထားသည့် နေရာနှင့် လမ်း မှအပ ကော်မတီပိုင်လမ်းများနှင့် မြေများပေါ်တွင် (၃) တန် အထက် ကုန်တင်ယာဉ်များ၊ ကုန်သေတ္တာတင် နောက်တွဲယာဉ်များကို ညအိပ် ရပ်နားခြင်း သို့မဟုတ် ဝင်ရောက်ခြင်း မပြုရ၊

(ဃ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မိမိပိုင် မြေနှင့် ယင်းမြေပေါ်ရှိအဆောက်အအုံ သို့မဟုတ် မိမိလက်ဝယ်ရှိ မြေနှင့်ယင်းမြေ ပေါ်ရှိ အဆောက်အအုံကို အခကြေးငွေယူ၍ သော်လည်းကောင်း၊ တစ်နည်းနည်း ဖြင့် လွှဲပြောင်းလုပ်ပိုင်ခွင့် ပေး၍သော်လည်းကောင်း၊ ယာဉ်ရပ်နားစခန်း သို့မဟုတ် ယာဉ်မောင်းသင်ကွင်းအဖြစ် မပြုရ၊

(င) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မိမိပိုင်မြေ သို့မဟုတ် ယင်းမြေပေါ်ရှိ အဆောက်အအုံကို အခကြေးငွေယူ၍သော် လည်းကောင်း၊ တစ်နည်းနည်းဖြင့် လွှဲပြောင်းလုပ်ပိုင်ခွင့်ပေး၍သော်လည်းကောင်း၊ ခရီးသည် တင်ချ ပြုလုပ်သည့် မော်တော်ယာဉ်လက်မှတ်ရောင်းရန်နေရာ သို့မဟုတ် မော်တော်ယာဉ် ဝင်ထွက် ရပ်နား ဂိတ်ထိုးရန်နေရာအဖြစ် မပြုရ၊

(စ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ကော်မတီပိုင်လမ်း၊ လမ်းနယ် သို့မဟုတ် လူသွားစင်္ကြံတို့တွင် အနှေးယာဉ်ရပ်နား ရန် နေရာအဖြစ်လည်းကောင်း၊ ခရီးသည် တင်ချပြုလုပ်သည့် မော်တော်ယာဉ် လက်မှတ်ရောင်းရန် နေရာ သို့မဟုတ်မော်တော်ယာဉ် ဝင်ထွက်ရပ်နား ဂိတ်ထိုးရန် နေရာ အဖြစ်မပြုရ၊

(ဆ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီကထုတ်ပေးသော အနှေးယာဉ် မှတ်ပုံတင် လက်မှတ်နှင့် အနှေးယာဉ်မောင်းလိုင်စင်မရှိဘဲ လမ်းပေါ်တွင်အနှေး ယာဉ်နင်းခြင်း၊ တွန်းခြင်း၊ ဆွဲခြင်း၊ မောင်းနှင်ခြင်း မပြုရ၊

(ဇ) မည်သူမျှမြို့တော်နယ်နိမိတ်အတွင်း ကော်မတီကသတ်မှတ်ထားသည့် နယ်မြေ နှင့်လမ်းများ ပေါ်တွင် ကန့်သတ်ကာလအချိန်အတွင်း၌ အနှေးယာဉ်ကို နင်းခြင်း၊ တွန်းခြင်း၊ ဆွဲခြင်း၊ မောင်းနှင်ခြင်း မပြုရ၊

(ဈ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီကထုတ်ပေးသော လိုင်စင်မရှိဘဲ ပုဂ္ဂလိက အသေးစားငွေချေးလုပ်ငန်း လုပ်ကိုင်ခြင်းမပြုရ၊

(ည) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီကထုတ်ပေးသော လိုင်စင်မရှိဘဲ ကူးတို့ လုပ်ငန်း လုပ်ကိုင်ခြင်း မပြုလုပ်ရ၊

(ဋ) မည်သူမျှမြို့တော်နယ်နိမိတ်အတွင်းကော်မတီ၏ ခွင့်ပြုချက်လိုင်စင်မရှိဘဲ အကျိုးဆောင်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၆ ၃၁၅

လမ်း၊ တံတား၊ စင်္ကြံနှင့်ရေမြောင်းများဆိုင်ရာတားမြစ်ချက်များ

(က) မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူ ဆိုင်ရာလမ်းဖြစ်စေ၊ ကိုယ်ပိုင်လမ်းဖြစ်စေ ဖောက်လုပ်ခြင်းမပြုရ၊

(ခ) မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မြေအောက်ကဖြစ်စေ၊ မြေပေါ်က ဖြစ်စေ တံတားများ၊ လမ်းများဖောက်လုပ်ခြင်းမပြုရ၊

(ဂ) မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာ လမ်း၊ တံတား သို့မဟုတ် စင်္ကြံ တို့ကို တူးဖော်ခြင်း၊ ဖျက်ဆီးခြင်းမပြုရ၊

(ဃ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ လမ်း၏မြေပြင်အနေအထားကို ပြောင်းလဲစေ သည့် တူးဆွခြင်း သို့မဟုတ် မြေဖို့ခြင်း သို့မဟုတ် ပြုပြင်ခြင်း မပြုရ၊

(င) မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာ လမ်း၊ စင်္ကြံအပေါ် အုပ်မိုး၍ ဖြစ်စေ၊ အစွန်းထွက်၍ဖြစ်စေ အဆောက်အအုံဆောက်လုပ်ခြင်း၊ ဈေးဆိုင် ဖွင့်လှစ်ရောင်းချခြင်း မပြုရ၊

(စ) မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာလမ်း၊ စင်္ကြံ အပေါ်တွင် ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ အိမ်ထောင်ပရိဘောဂ၊ ပစ္စည်း များစုပုံခြင်း၊ ရောင်းချခြင်း၊ ခင်းကျင်းခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ထားရှိခြင်း မပြုရ၊

(ဆ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ကော်မတီကတပ်ဆင်ထားသည့် လမ်းအမည်၊ လမ်းအမှတ်နှင့် လမ်းညွှန်အမှတ်အသားများကို ဖျက်ဆီးခြင်း၊ ရွှေ့ပြောင်းတပ်ဆင်ခြင်း သို့မဟုတ် အခြားအမည်ပြောင်းလဲရေးသားခြင်း၊ တပ်ဆင်ခြင်း မပြုရ၊

(ဇ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာ လမ်းများ၊ စင်္ကြံများ၊ တံတားများနှင့် လမ်းတံတားဆိုင်ရာ အတားအဆီးများကို ဖယ်ရှား ခြင်း၊ ရွှေ့ပြောင်းခြင်း၊ ပိတ်ဆို့ခြင်း၊ ဖျက်ဆီးခြင်း၊ ဖြိုဖျက်ခြင်း၊ ပိုင်းဖြတ်ခြင်း၊ ညစ်ညမ်း စေခြင်းမပြုရ၊

(ဈ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း လမ်းနှင့်စင်္ကြံများပေါ်တွင် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ ညစ်ညမ်းစေသည့်ပစ္စည်း၊ စွန့်ပစ်ပစ္စည်းနှင့် အခြားပစ္စည်း များကို စွန့်ပစ်ခြင်း၊ ဖိတ်စင်စေခြင်း မပြုရ၊

(ည) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း လမ်းနှင့်စင်္ကြံများပေါ်တွင် အညစ်အကြေး စွန့်ခြင်း၊ ရေချိုးခြင်း၊ အဝတ်လျှော်ခြင်း၊ အဝတ်လှန်းခြင်းနှင့် ကစားခြင်းမပြုရ၊

(ဋ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း လမ်းနှင့်စင်္ကြံများပေါ်တွင် ယာဉ်တစ်မျိုး မျိုးကို ရေဆေးခြင်း၊ ပြင်ဆင်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ ညအိပ်ရပ်နားခြင်း မပြုရ၊

(ဌ) မည်သူမျှကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ကော်မတီကသတ်မှတ်သည့် လမ်းတွင် မောင်းနှင်ခွင့်မပြုသော ယာဉ်အမျိုးအစားဖြစ်စေ၊ ခွင့်ပြုသည့် ဝန်ထက်ပို၍ တင်ဆောင်ထားသော ယာဉ်ဖြစ်စေ မောင်းနှင်ခြင်းမပြုရ၊

(ဍ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူဆိုင်ရာလမ်းပေါ်တွင် အကြောင်းမဲ့ ကြာမြင့်စွာ ယာဉ်ရပ်တန့်ခြင်း၊ ပြုပြင်ခြင်း၊ ထားရှိခြင်း မပြုရ၊

(ဎ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူဆိုင်ရာလမ်းပေါ်တွင် ယာဉ်သွားလာခြင်း၊ ရပ်နားခြင်းကို အနှောင့်အယှက်ဖြစ်စေသည့် အတားအဆီး မပြုရ၊

(ဏ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံဥပစာမှ အများပြည်သူ ဆိုင်ရာလမ်းသို့ ယာဉ်ဝင်ထွက်ရန်နေရာကို ခွင့်ပြုချက်မရှိဘဲ ပြုလုပ်ခြင်း၊ ခွင့်ပြုသတ်မှတ်ပုံစံနှင့် ကွဲလွဲ ပြုလုပ်ခြင်း မပြုရ၊

(တ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း မီးစက်နှင့်အခြားပစ္စည်းကိရိယာများကို အများ ပြည်သူဆိုင်ရာလမ်း၊ စင်္ကြံများပေါ်တွင် ချထားခြင်း၊ သုံးစွဲခြင်း မပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၇ ၃၁၆

ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းများဆိုင်ရာ တားမြစ်ချက်များ

(က) မည်သူမျှ ကော်မတီက မြို့တော်နယ်နိမိတ်အတွင်း နေထိုင်သူများအတွက် သောက်သုံးရေနေ့စဉ်ဖြန့်ဖြူးပေးသည့် လုပ်ငန်းနှင့်စပ်လျဉ်း၍ ဤဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း မပြုရ၊

(ခ) မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း ရေ ဆက်သွယ်ခြင်းဖြစ်စေ၊ ရေဆက်သွယ်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းဖြစ်စေ လုပ်ကိုင်ခြင်း မပြုရ၊

(ဂ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း အောက်ပါရေ ဆက်သွယ်ခြင်း လုပ်ငန်းတစ်ခုခု လုပ်ကိုင်ခြင်း မပြုရ -

(၁) ရေပိုက်ကိုဖောက်ခြင်း၊ ရေပိုက်ကိုဖောက်၍ နေအိမ်အတွင်းသို့ ဆက်သွယ် ရယူခြင်း၊

(၂) ခွင့်ပြုထားသောရေသွယ်ပိုက်မှ ဆင့်ပွားပိုက်ဆက်ဖြင့် တပ်ဆင် ဆက်သွယ်ခြင်း၊

(၃) ခွင့်ပြုထားသော ရေသွယ်ပိုက်မှ ရေကို ပိုမိုရရှိရန် လျှပ်စစ် သို့မဟုတ် စွမ်းအင် တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လက်နှိပ်တုံကင်အသုံးပြု၍ ဖြစ်စေရေကို ရယူ သုံးစွဲခြင်း၊

(၄) ခွင့်ပြုချက်ဖြင့် မူလတပ်ဆင်ထားသော ရေနှင့်သန့်ရှင်းမှုဆိုင်ရာ ပစ္စည်း အမျိုးအစား၊ အရွယ်အစားနှင့် အရေအတွက်တို့ကို ဖြည့်စွက် ပြောင်းလဲ တပ်ဆင်ခြင်း သို့မဟုတ် တိုးချဲ့တပ်ဆင်ခြင်း၊

(ဃ) မည်သူမျှ ကော်မတီကတပ်ဆင်ထားသော ရေမီတာကို တရားမဝင် ပြုပြင်ခြင်း၊ ဖျက်ဆီးခြင်း၊ ဖြုတ်သိမ်းခြင်း၊ တစ်နည်းနည်းဖြင့် ပြောင်းလဲ တပ်ဆင်ခြင်း၊ တပ်ဆင်ထား သော ရေမီတာကိုအသုံးမပြုဘဲ ရေ ဆက်သွယ်ခြင်း မပြုရ၊

(င) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီကဖြန့်ဝေပေးသော ရေပေးဝေ ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ အောက်ပါတို့ကို ဆောင်ရွက်ခြင်းမပြုရ -

(၁) သောက်သုံးရေကို တစ်နည်းနည်းဖြင့် ညစ်ညမ်းအောင်ပြုခြင်း၊

(၂) ရေဖြုန်းတီးခြင်း၊ တစ်ဆင့်ဖြန့်ဝေပေးခြင်း၊ ရောင်းစားခြင်း၊

(၃) ရေပေးဝေရေးလုပ်ငန်းနှင့် သက်ဆိုင်သော မြေပေါ်တွင် ပစ္စည်းစုပုံခြင်း၊ မြေတူးဆွခြင်း၊ မြေဖို့ခြင်းနှင့် မြှုပ်နှံခြင်း၊

(၄) ရေလှောင်ကန်အတွင်းသို့ တိရစ္ဆာန်ဝင်ရောက်စေခြင်း၊ သတ်မှတ်ထားသော နယ်နိမိတ်အတွင်း ရေဆေးကြောခြင်း၊ ရေချိုးခြင်း၊

(၅) ရေလှောင်ကန်အတွင်းသို့ ရေညစ်ညမ်းမှုဖြစ်စေသော၊ ရေအရည်အသွေး ကျဆင်းစေသော မည်သည့်ပစ္စည်းမဆိုပစ်ခြင်း၊

(၆) ရေလှောင်ကန်၏ သတ်မှတ်နယ်နိမိတ်အတွင်း သစ်ပင်၊ သစ်တောထိခိုက် ပျက်စီးမှုမရှိစေရန် ထုတ်ပြန်ထားသော စည်းကမ်းတစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ခြင်း၊

(စ) မည်သူမျှ ကော်မတီက ရေပေးဝေရေးလုပ်ငန်းအတွက် ထိန်းသိမ်းထားရှိသော ရေကန်နှင့် ရေလှောင်ကန်၏ ကန်ပေါင်၊ ဝင်းခြံနယ်နိမိတ်၊ ပိုက်လိုင်း နယ်နိမိတ် အတွင်း ကျူးကျော် နေထိုင်ခြင်း၊ လုပ်ငန်းတစ်စုံတစ်ရာ လုပ်ကိုင်ခြင်း မပြုရ၊

(ဆ) မည်သူမျှ ရေပေးဝေရေးလုပ်ငန်းနှင့် သက်ဆိုင်သည့် ရေစုကန်များ၊ ရေစစ်ကန် များနှင့် ရေလှောင်ကန်များ အပေါ်တွင် ဖြစ်စေ၊ သတ်မှတ်ထားသော အကွာ အဝေးအတွင်း၌ ဖြစ်စေ အဆောက်အဦ ဆောက်လုပ်ခြင်း၊ မြေဖို့ခြင်း မပြုရ၊

(ဇ) မည်သူမျှ ကန်ပေါင်နှင့်ဝင်းခြံ၊ ရေပိုက်နှင့် ဆက်စပ်ပစ္စည်းများကို ရွှေ့ပြောင်းခြင်း၊ ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ ဖျက်ဆီးခြင်း မပြုရ၊

(စျ) မည်သူမျှရေလှောင်ကန်ကြီးများနှင့် ရေပိုက်လိုင်းများတွင် တပ်ဆင်ထားသည့် ရေတံခါးကို ခွင့်ပြုချက်မရှိဘဲ ဖွင့်ခြင်း၊ ပိတ်ခြင်း၊ အတိုးအလျှော့ပြုလုပ်ခြင်း၊ အသစ်တပ်ဆင်ခြင်း၊ ရေတံခါးအား ဖြုတ်သိမ်းခြင်း၊ နေရာရွှေ့ပြောင်းခြင်း မပြုရ၊

(ည) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မြို့တော် နယ်နိမိတ်ပြင်ပမှ ဆက်သွယ် သည့် ရေပို့ပိုက်မကြီး၊ မြို့တွင်း ပင်မရေပိုက်များ ပေါ်တွင် လမ်း၊ သံလမ်း၊ တံတား၊ အဆောက်အအုံ ဆောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်း မပြုရ၊

(ဋ) မည်သူမျှ ရေလှောင်ကန်များတွင် လှေလှော်ခြင်း၊ ရေကူးခြင်း၊ ငါးဖမ်းခြင်း၊ အဝတ်လျှော်ခြင်း၊ ရေချိုးခြင်း မပြုရ၊

(ဌ) မည်သူမျှ ရေလှောင်ကန်၏ သတ်မှတ်ထားသော နယ်နိမိတ်အတွင်း ရေချိုးခြင်း၊ အဝတ်လျှော်ခြင်း၊ မြေတူးခြင်း၊ မြေဖို့ခြင်း၊ ယာဉ်များရေဆေးခြင်း မပြုရ၊

(ဍ) ည်သူမျှ ခြံ၊ မြေ၊ အဆောက်အအုံ၊ စက်ရုံ၊ အလုပ်ရုံ၊ အထပ်မြင့်များရှိ မိလ္လာပိုက်၊ ရေဆိုးပိုက်များအတွင်းမှ အများပြည်သူကို အန္တရာယ်ဖြစ်စေနိုင်သော၊ ငြိုငြင်စေမှု ကို ဖြစ်စေသောအရာနှင့် အညစ်အကြေး၊ အနံ့ဆိုးထွက်သော အရာများကို ပတ်ဝန်းကျင်သို့ စီးထွက်စေခြင်း၊ စိမ့်ထွက်စေခြင်း၊ စွန့်ပစ်ခြင်း မပြုရ၊

(ဎ) မည်သူမျှ အဆောက်အအုံ၊ အဝန်းအဝိုင်းမှ ထွက်ရှိသော အညစ်အကြေး၊ ရေဆိုးကို ခွင့်ပြုချက်မရှိဘဲ ကော်မတီကစီမံခန့်ခွဲသော မိလ္လာပြွန်စနစ်သို့ ဆက်သွယ်စွန့်ပစ်ခြင်း မပြုရ၊

(ဏ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း နေထိုင်သည့် ပြည်သူများအတွက် သောက်သုံးရေ လုံလောက်စေရန် ရေအရင်းအမြစ်များရှာဖွေခြင်း၊ ပြင်ပ ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများကို နှောင့်ယှက်ခြင်း၊ တားဆီးခြင်းမပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၈ ၃၁၇

ရေနုတ်မြောင်းများဆိုင်ရာ တားမြစ်ချက်များ

(က) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ် အတွင်းရှိ သဘာဝမြစ်ချောင်း၊ မြစ်ထွက်ပေါက်ကိုဖြစ်စေ၊ ယင်း၏အစိတ်အပိုင်းကိုဖြစ်စေ၊ ရေမြောင်းကိုဖြစ်စေ၊ မြေအောက်ရေမြောင်းကိုဖြစ်စေ၊ သဘာဝရေစီးကြောင်း ကိုဖြစ်စေ တစ်နည်းနည်းဖြင့် ပိတ်ဆို့ခြင်း၊ ရေလမ်းကြောင်းပြောင်းလဲစေခြင်း၊ ရေစီးရေလာကိုအနှောင့်အယှက်ဖြစ်စေခြင်း၊ မြေဖို့ခြင်း၊ လွှဲပြောင်း စီးဆင်းစေ ခြင်း မပြုရ၊

(ခ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်းရှိ အများပြည်သူဆိုင်ရာ လမ်းဘေး ရေမြောင်းငယ်၊ ရေမြောင်းကြီး၊ မြစ်နှင့်မြစ်ထွက်ပေါက်များ၊ ချောင်းများ အတွင်းသို့ စွန့်ပစ်ပစ္စည်းများ၊ ရေဆိုးများစီးဝင်စေခြင်း၊ စွန့်ပစ်ခြင်း၊ ပိတ်ဆို့ စေခြင်း မပြုရ၊

(ဂ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံပရိဝုဏ်အတွင်းမှ ထွက်ရှိ လာသော ရေဆိုးများကို အများပြည်သူဆိုင်ရာရေမြောင်းများ၊ မြစ်ချောင်းများ အတွင်းသို့ ခွင့်ပြုချက် မရှိဘဲ စွန့်ထုတ်ခြင်း၊ ဖောက်ထုတ်ခြင်း၊ စီးဆင်းစေခြင်း မပြုရ၊

(ဃ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း ရေမြောင်း၊ ရေထုတ်ပြွန်၊ ရေတံခါး၊ ချောင်းကာနံရံ၊ ရေကန်ကာနံရံ၊ မြေထိန်းနံရံတို့ကို အသစ်တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ ဖျက်ဆီးခြင်း မပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၉ ၃၁၈

မိလ္လာနှင့်ရေဆိုး သိမ်းဆည်း၊ သန့်စင်၊ စွန့်ပစ်ခြင်းဆိုင်ရာ တားမြစ်ချက်များ

(က) မည်သူမျှ ရေဆွဲအိမ်သာ၊ ရေလောင်းအိမ်သာ၊ မိလ္လာပိုက်၊ ရေဆိုးပိုက်၊ မိလ္လာကန်၊ မိလ္လာ နှင့်ရေဆိုးသန့်စင်စနစ်မပါဘဲ စက်ရုံ၊ အလုပ်ရုံ၊ အဆောက်အအုံများ ဆောက်လုပ်ခြင်း မပြုရ၊

(ခ) မည်သူမျှ မိလ္လာကန်၊ ရေဆိုးသန့်စင်ကန်၊ မိလ္လာနှင့်ရေဆိုးသန့်စင်ကန်၊ မိလ္လာကန်ငယ်၊ မိလ္လာပြွန်၊ မိလ္လာပိုက်လိုင်း၊ ရေဆိုးပိုက်လိုင်းများအား ထိခိုက်စေသော၊ အနှောင့်အယှက် ဖြစ်စေသော အဆောက်အအုံ ဆောက်လုပ် ခြင်း၊ ပစ္စည်းများစုပုံထားခြင်း မပြုရ၊

(ဂ) မည်သူမျှ ကော်မတီကသတ်မှတ်ထားသော အရည်အသွေးနှင့် ကိုက်ညီခြင်း မရှိသည့် မိလ္လာနှင့် ရေဆိုးများကို ရေမြောင်းများ၊ မြစ်ချောင်းများထဲသို့ စည်းကမ်း မဲ့စွန့်ပစ်ခြင်း မပြုရ၊

(ဃ) မည်သူမျှ ရေဆိုးသန့်စင်စနစ် ပျက်စီးစေရန် လုပ်ဆောင်ခြင်း မပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၀ ၃၁၉

ကျန်းမာရေးဆိုင်ရာ တားမြစ်ချက်များ

(က) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ရောဂါဖြစ်စေနိုင်သော၊ အရည်အသွေး မပြည့်သော၊ ကျန်းမာရေးနှင့်ညီညွတ်ခြင်းမရှိသော၊ လူအများစားသုံးရန် မသင့်သော သားငါး၊ အစားအသောက် ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန် ခင်းကျင်းခြင်း၊ သိုလှောင်ခြင်းမပြုရ၊

(ခ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အစားအသောက် ထုတ်လုပ်သော နေရာ၊ သိုလှောင်သောနေရာ၊ ရောင်းချသောနေရာသို့ အစားအသောက်မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါရှိသူကို ဝင်ရောက်စေခြင်း၊ အလုပ် လုပ်ကိုင်စေခြင်း မပြုရ၊

(ဂ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်းပတ်ဝန်းကျင်နေထိုင်သူများ၏ ကျန်းမာရေး ကိုထိခိုက်နိုင်သည့် စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများကို ကော်မတီက တားမြစ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သည်အထိ ပြုပြင်ရန် ညွှန်ကြားခြင်းတို့ကို လိုက်နာရန် ပျက်ကွက်ခြင်း မရှိစေရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၁ ၃၂၀

ဈေးများဆိုင်ရာတားမြစ်ချက်များ

(က) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက ခွင့်ပြုဖွင့်လှစ်ထားသော ဈေးများမှအပ အခြား မည်သည့်နေရာတွင်မှဈေးတည်ထောင် ဖွင့်လှစ်ခြင်း၊ ရောင်းချခြင်း မပြုရ၊

(ခ) မည်သူမျှ မြို့တော်စည်ပင်သာယာ ဈေးဧရိယာအတွင်းရှိ ဈေးရုံများတွင် မှတ်ပုံတင်ခွင့်ပြု ထားသော ဈေးသည်များမှအပခွင့်ပြုချက်မရှိဘဲ ဈေးရောင်းခြင်း၊ ခင်းကျင်းခြင်း၊ ကြော်ငြာခြင်း မပြုရ၊

(ဂ) မည်သူမျှ စည်ပင်သာယာဈေးများအတွင်း ဖွင့်လှစ်ထားရှိသော မှတ်ပုံတင် ဆိုင်ခန်းများတွင် ကော်မတီမှ တရားဝင်ရောင်းချခွင့်ပြုထားသူများမှ အပ ဈေးရောင်းချခြင်း မပြုရ၊

(ဃ) မည်သူမျှ စည်ပင်သာယာဈေးများအတွင်း ကော်မတီကတရားဝင် အငှားချ ထားပေးသော ဆိုင်ခန်းကို ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ တဆင့် ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်း မပြုရ၊

(င) မည်သူမျှ စည်ပင်သာယာဈေးများအတွင်း မမှန်ကန်သည့် အလေး၊ ချိန်ခွင်၊ အချိန်အတွယ်၊ အတိုင်းအတာတို့ဖြင့် ရောင်းချခြင်းမပြုရ၊

(စ) မည်သူမျှဈေးများအတွင်းစားသုံးရန်မသင့်သော သားငါး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ စသည့် အစားအသောက်များ၊ သက်ဆိုင်ရာဌာနများက တားမြစ်ထား သည့် ဆေးဝါး၊ အစားအသောက်၊ အလှကုန်၊ လူသုံးကုန် ပစ္စည်းများကို ရောင်းချခြင်း၊ တည်ခင်းခြင်း၊ သိုလှောင်ခြင်း မပြုရ၊

(ဆ) စည်ပင်သာယာဈေးရှိ မှတ်ပုံတင်ဆိုင်ခန်းတွင် ရောင်းချသူသည် ဈေးရုံ အလိုက်၊ ဆိုင်ခန်းအလိုက် သတ်မှတ်ခွင့်ပြုထားသော ကုန်ပစ္စည်းများမှအပ အခြားကုန် ပစ္စည်းများ ရောင်းချခြင်းမပြုရ၊

(ဇ) မည်သူမျှ စည်ပင်သာယာဈေးအတွင်း ယာယီ သို့မဟုတ် အမြဲတမ်း အဆောက် အအုံကို ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခြင်းမပြုရ၊

(ဈ) မည်သူမျှ စည်ပင်သာယာဈေး နယ်နိမိတ်အတွင်းဖြစ်စေ၊ ဈေးရုံအတွင်းဖြစ်စေ၊ ဆိုင်ဥပစာတွင်ဖြစ်စေ၊ ညအိပ်နေထိုင်ခြင်း၊ မီးဖိုခြင်း၊ အမှိုက်မီးရှို့ခြင်း၊ ချက်ပြုတ်ကြော်လှော်ခြင်း၊ မီးလောင်ကျွမ်းမှုဖြစ်စေနိုင်သည့် ကိစ္စရပ်တစ်ခုခုကို လုပ်ဆောင်ခြင်း၊ ရေချိုးခြင်း၊ အဝတ်လျှော်ခြင်း မပြုရ၊

(ည) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ စည်ပင်သာယာဈေးအတွင်း လျှပ်စစ်နှင့် ရေ ဆက်သွယ်သုံးစွဲခြင်းမပြုရ၊

(ဋ) မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ စည်ပင်သာယာဈေးအတွင်း လျှပ်စစ်ဓာတ်အား ကို သတ်မှတ်ခွင့်ပြုထားသည်ထက် ပိုမိုသုံးစွဲခြင်း မပြုရ၊

(ဌ) မည်သူမျှ စည်ပင်သာယာဈေးအတွင်း ကော်မတီက သတ်မှတ်ပေးထားသော နေရာမှအပ အခြားနေရာတွင် အစားအစာအလို့ငှာ တိရစ္ဆာန်များကိုသတ်ခြင်း၊ အမွေးနုတ်ခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန်အတွက် ပြင်ဆင်ခြင်း မပြုရ၊

(ဍ) မည်သူမျှစည်ပင်သာယာဈေးအတွင်း သတ်မှတ်နေရာမှအပအခြားနေရာတွင် မော်တော်ယာဉ် နှင့် ယာဉ်တစ်မျိုးမျိုး ယူဆောင်ခြင်း၊ မောင်းနှင် စီးနင်းခြင်း မပြုရ၊

(ဎ) မည်သူမျှစည်ပင်သာယာဈေးများတွင် ကော်မတီကတာဝန်ပေးသည့် ဝန်ထမ်း သို့မဟုတ် အဖွဲ့အစည်းမှအပ အခွန်အခ ကောက်ခံခြင်း မပြုရ၊

(ဏ) မည်သူမျှ စည်ပင်သာယာဈေးများတွင် ဈေးရုံ၊ အဆောက်အအုံ၊ စျေးဆိုင်ခန်း၊ ခြံစည်းရိုး သို့မဟုတ် ၎င်းတို့၏ တစ်စိတ်တစ်ဒေသကို ကော်မတီ၏ ခွင့်ပြုချက် မရှိဘဲ ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်း၊ ဖြိုဖျက်ခြင်းမပြုရ၊

(တ) မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ စည်ပင်သာယာဈေးအတွင်း အလှူငွေ ကောက်ခံခြင်း၊ ဖျော်ဖြေပွဲများပြုလုပ်ခြင်း၊ ဟောပြောခြင်း၊ အခြားပွဲများ ကျင်းပ ခြင်းမပြုရ၊

(ထ) မည်သူမျှ စည်ပင်သာယာဈေးအတွင်း အများပြည်သူအနှောင့်အယှက် ဖြစ်စေ သော ပြုလုပ်မှု တစ်ခုခုကို လုပ်ဆောင်ခြင်းမပြုရ၊

(ဒ) စည်ပင်သာယာဈေးတွင် ကော်မတီခွင့်ပြုချက်ဖြင့် ဖွဲ့စည်းထားသော ဈေးသာယာရေးအဖွဲ့ကို ခွင့်ပြုချက်မရှိဘဲ ပြင်ဆင်တိုးချဲ့ဖွဲ့စည်းခြင်းမပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၂ ၃၂၁

တိရစ္ဆာန်များမွေးမြူခြင်း၊ အသားထုတ်လုပ်ခြင်း၊ ရောင်းချခြင်းဆိုင်ရာ တားမြစ်ချက်များ

(က) မည်သူမျှမြို့တော်နယ်နိမိတ်အတွင်းကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အများပြည်သူ ဆိုင်ရာ နေရာနှင့် ကော်မတီကအခါ အားလျော်စွာ သတ်မှတ်သည့် နယ်မြေ ဒေသတွင် ကျွဲ၊ နွား တိရစ္ဆာန်ကိုဖြစ်စေ၊ အိမ်မွေးတိရစ္ဆာန်မှအပကော်မတီက သတ်မှတ်သည့် အခြားတိရစ္ဆာန် တစ်မျိုးမျိုးကိုဖြစ်စေ၊ မွေးမြူခြင်း၊ သိုလှောင်ခြင်း၊ ထိန်းကျောင်းခြင်း၊ မောင်းနှင်ခြင်း၊ ဆွဲယူခြင်း၊ စီးခြင်း၊ သယ်ဆောင်ခြင်းမပြုရ၊

(ခ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက ထုတ်ပေးသည့် မှတ်ပုံတင် လက်မှတ် သို့မဟုတ် လုပ်ငန်းလိုင်စင်မရှိဘဲ အိမ်မွေးတိရစ္ဆာန် မွေးမြူခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းချခြင်း မပြုရ၊

(ဂ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်းကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ တိရစ္ဆာန် ထိန်းသိမ်းရေးရုံ တည်ထောင် ဖွင့်လှစ်ခြင်းမပြုရ၊

(ဃ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ တိရစ္ဆာန် ဆေးကုနှင့် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ၊

(င) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အန္တရာယ်ဖြစ်စေနိုင်သည့် တိရစ္ဆာန်များကို မွေးမြူခြင်း၊ ထားရှိခြင်း၊ ထိန်းသိမ်းခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းချခြင်း မပြုရ၊

(စ) သက်ဆိုင်ရာအာဏာပိုင်က ဘာသာရေးနှင့် အခြားကိစ္စရပ်များအတွက် သတ်ဖြတ်ခွင့် အမိန့်ထုတ်ပေးသည့်ကိစ္စမှအပ မည်သူမျှ မြို့တော်နယ်နိမိတ် အတွင်း ကော်မတီ၏ ခွင့်ပြုချက် မရှိဘဲ ကျွဲ၊ နွားတိရစ္ဆာန်များကို သတ်ဖြတ်ခြင်း၊ အသားထုတ်လုပ်ခြင်း မပြုရ၊

(ဆ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ အသား သိုလှောင် ပြုပြင်ထုတ်လုပ်ခြင်း၊ အသားထုတ်လုပ်ရုံ တည်ထောင် ဖွင့်လှစ်ခြင်း မပြုရ၊

(ဇ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူစားသုံးရန် အတွက် ကျွဲ၊ နွား တိရစ္ဆာန်တို့ကို ကော်မတီကတည်ထောင်၊ ခွင့်ပြုထားသော အသားထုတ်လုပ်ရုံ များမှအပ အခြားနေရာတွင် သတ်ဖြတ်ခြင်း၊ ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းချခြင်း မပြုရ၊

(စျ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ကျွဲနွားပွဲစျေး များ ဖွင့်လှစ်ခြင်းမပြုရ၊

(ည) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ကော်မတီပိုင် အသားထုတ်လုပ်ရုံနှင့် အသား ထုတ်လုပ်ရုံဝင်းအတွင်းသို့ ဝင်ရောက်ခြင်းမပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၃ ၃၂၂

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးလုပ်ငန်းဆိုင်ရာ တားမြစ်ချက်များ

(က) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း မြေထုညစ်ညမ်းမှု၊ လေထုညစ်ညမ်းမှု၊ ရေထု ညစ်ညမ်းမှုနှင့် အသံညစ်ညမ်းမှုစသည့် ပတ်ဝန်းကျင်ထိခိုက်စေနိုင်သော မည်သည့် လုပ်ငန်းမျှ လုပ်ကိုင်ခြင်းမပြုရ၊

(ခ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်စေသည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်း၊ အဆိပ်အတောက်ဖြစ်စေသည့် ပစ္စည်း၊ ဓာတ်ရောင်ခြည်သင့်စေသောပစ္စည်း၊ အီလက်ထရောနစ်စွန့်ပစ်ပစ္စည်းများကို သတ်မှတ်ထားသော စည်းကမ်းချက် များနှင့်အညီ ကော်မတီက ခွင့်ပြုထားသော နေရာမှအပမည့်သည့်နေရာတွင်မျှ စွန့်ပစ်ခြင်း မပြုရ၊

(ဂ) မြို့တော်နယ်နိမိတ်အတွင်း စီးပွားရေးလုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံနှင့် ဆေးရုံများမှ ပိုင်ရှင် ဖြစ်စေ၊ လုပ်ငန်းဆောင်ရွက်သူဖြစ်စေ ဘေးဖြစ်စေတတ်သော အရည်၊ စက်ဆုပ်ဖွယ် အရာများနှင့် ဆေးရုံစွန့်ပစ်ပစ္စည်းများကို အများနှင့်သက်ဆိုင်သော နေရာများသို့ စီးဆင်း ခြင်း၊ စီးထွက်စေခြင်း၊ စုပုံထားရှိခြင်း၊ ဖြန့်ကြဲခြင်း၊ သွန်ခြင်း၊ စွန့်ပစ်ခြင်း မပြုရ၊

(ဃ) မြို့တော်နယ်နိမိတ်အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်း၊ စီးပွားရေး လုပ်ငန်းနှင့် စက်ရုံ၊ အလုပ်ရုံ ပိုင်ရှင်ဖြစ်စေ၊ လုပ်ငန်းဆောင်ရွက်သူဖြစ်စေ မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှုကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်စေရန်အတွက် လိုအပ်သော အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း တာဝန်ကို ပျက်ကွက်ခြင်း မရှိစေရ၊

(င) မြို့တော်နယ်နိမိတ်အတွင်းရှိ ဆေးရုံများသည် ဆေးရုံစွန့်ပစ်ပစ္စည်းများ၊ လူခန္ဓာ ကိုယ် အစိတ်အပိုင်းများစွန့်ပစ်ရာတွင် ကော်မတီကသတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာခြင်းမရှိဘဲ စွန့်ပစ်ခြင်းမပြုရ၊

(စ) မြို့တော်နယ်နိမိတ်အတွင်း စီးပွားရေးလုပ်ငန်း၊ စက်ရုံနှင့်အလုပ်ရုံများမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်း၊ ရေဆိုးများ စီးဆင်းမှုကြောင့်ဖြစ်စေ၊ မြေအောက်သို့ စိမ့်ဝင်မှုကြောင့်ဖြစ်စေ၊ ပတ်ဝန်းကျင်ရှိ ရေတွင်း၊ ရေကန်၊ အဝီစိတွင်း၊ ရေမြောင်း နှင့်မြစ်ချောင်းများ ညစ်ညမ်းမှု မဖြစ်စေရေးအတွက် ဆောင်ရွက်ရန်တာဝန် ပျက်ကွက်ခြင်း မရှိစေရ၊

(ဆ) မြို့တော်နယ်နိမိတ်အတွင်း စီးပွားရေးလုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံတည်ထောင် လိုသူသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို လိုက်နာ ဆောင်ရွက်ခြင်းမပြုဘဲ စီးပွားရေးလုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံ တည်ထောင်ခြင်း မပြုရ၊

(ဇ) မြို့တော်နယ်နိမိတ်အတွင်းကော်မတီက အမှိုက်စွန့်ပစ်ရန် သတ်မှတ်ထားသည့် အမှိုက်ပုံး၊ အမှိုက်ကန်နှင့် အမှိုက်ပုံရန်နေရာများမှအပ အခြားနေရာတွင် မည်သူ မျှ အမှိုက်စွန့်ပစ်ခြင်း မပြုရ၊

(စျ) မည်သူမျှ ကော်မတီပိုင်မြေများတွင် ပစ္စည်းများစုပုံခြင်း မပြုရ၊

(ည) မည်သူမျှ အဆောက်အအုံမြေညီထပ်နှင့် အထပ်အလွှာအဆင့်ဆင့်မှ အမှိုက် သို့မဟုတ် စက်ဆုပ်ဖွယ်အရာကို ရေမြောင်းအတွင်းသို့ဖြစ်စေ၊ အများပြည်သူနှင့် သက်ဆိုင်သော လမ်းပေါ်သို့ဖြစ်စေ၊ ခြံဝင်းအတွင်းသို့ဖြစ်စေ၊ နောက်ဖေးလမ်း ကြားသို့ဖြစ်စေ လှဲချခြင်း၊ ပစ်ချခြင်း၊ သွန်ချခြင်း၊ ကျရောက်စေခြင်း သို့မဟုတ် စွန့်ပစ်စေခြင်းမပြုရ၊

(ဋ) မည်သူမျှ ပန်းဥယျာဉ်၊ ပန်းခြံ၊ အားကစားကွင်းများအတွင်းသို့ အမှိုက် သို့မဟုတ် စက်ဆုပ်ဖွယ်အရာကို ပစ်ချခြင်း၊ သွန်ချခြင်း၊ ကျရောက်စေခြင်း သို့မဟုတ် စွန့်ပစ်ခြင်း မပြုရ၊

(ဌ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်းထားရှိသော အမှိုက်ပုံး၊ အမှိုက်ကန်နှင့် အမှိုက်ပုံရန် သတ်မှတ်ထားသောနေရာများကို ရွှေ့ပြောင်းခြင်း၊ ဖျက်ဆီးခြင်း မပြုရ၊

(ဍ) မည်သူမျှ အမှိုက်ပုံရန်သတ်မှတ်ထားသောနေရာတွင် စုပုံထားသောအမှိုက်ကို မြေဆွေးအဖြစ် ပြောင်းလဲအသုံးပြုရန်ဖြစ်စေ၊ အခြားနည်းအသုံးပြုရန်ဖြစ်စေ ကော်မတီ၏ ခွင့်ပြုချက် မရှိဘဲ ယူဆောင်ခြင်းမပြုရ၊

(ဎ) မည်သူမျှ စက်ရုံ၊ အလုပ်ရုံနှင့်စီးပွားရေးလုပ်ငန်းတစ်ရပ်ရပ်မှ စွန့်ပစ်သောရေဆိုး များကို သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်အညီ သန့်စင်စေရန် ဆောင်ရွက်ခြင်း မရှိဘဲ ရေမြောင်းများနှင့် မြစ်ချောင်းများအတွင်းသို့ စွန့်ထုတ်ခြင်း၊ စီးဆင်း စေခြင်း မပြုရ၊

(ဏ) မည်သူမျှ စက်ရုံ၊ အလုပ်ရုံနှင့် စီးပွားရေးလုပ်ငန်းတစ်ရပ်ရပ်မှ လေထု ညစ်ညမ်းမှုဖြစ်စေနိုင်သော အခိုးအငွေ့များကို သတ်မှတ်ထားသော စံချိန်စံညွှန်း နှင့်အညီ သန့်စင်စေရန် ဆောင်ရွက်ခြင်းမရှိဘဲ လေထုအတွင်းသို့ စွန့်ထုတ်ခြင်း မပြုရ၊

(တ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ သုသာန်တွင်မြေမြှုပ်ထားသော၊ ဂူသွင်း ထားသောအလောင်းကို တူးဖော်ခြင်းသော်လည်းကောင်း၊ အအေးတိုက်အတွင်း တွင် ထားရှိသောအလောင်းကို ပြန်လည်ယူဆောင်ခြင်းသော် လည်းကောင်း မပြုရ၊

(ထ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ သင်္ချိုင်းဂူကို ဖောက်ထွင်းခြင်း၊ ဖျက်ဆီး ခြင်း၊ ပြောင်းရွှေ့ခြင်း သို့မဟုတ် ပြင်ဆင်ခြင်းမပြုရ၊

(ဒ) မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ -

(၁) သုသာန်မှအပ အခြားနေရာတွင် အလောင်းကိုသင်္ဂြိုဟ်ခြင်း မပြုရ၊

(၂) သုသာန်မှအပ အခြားနေရာတွင် အလောင်းကို အအေးခန်းဖြင့် ထားသို ခြင်း မပြုရ၊

(၃) မိမိပိုင်အဆောက်အအုံကို အအေးတိုက်၊ အသုဘရှုအဆောင် သို့မဟုတ် မီးသင်္ဂြိုဟ်စက်အဖြစ် တည်ထောင်ခြင်း၊ အသုံးပြုခြင်း သို့မဟုတ် လုပ်ကိုင်ခြင်း မပြုရ၊

(ဓ) မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အသုဘယာဉ်လုပ်ငန်း၊ ခေါင်း အမျိုးမျိုး ပြုလုပ်ခြင်း နှင့် ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ခြင်းမပြုရ၊

(န) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အလောင်းသယ်ယာဉ်များနှင့် အသုဘ ယာဉ်များကို ကော်မတီက သတ်မှတ်သည့်နေရာမှအပ အခြားနေရာတွင် ထားရှိခြင်း မပြုရ၊

(ပ) မည်သူမျှ မည်သည့် စွန့်ပစ်အမှိုက် အမျိုးအစားကိုမဆို ကော်မတီက သတ်မှတ် သော နေရာမှအပ စုပုံခြင်း၊ မီးရှို့ခြင်းမပြုရ၊

(ဖ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ စွန့်ပစ်အမှိုက်များကို သိမ်းဆည်းခြင်း နှင့် စွန့်ပစ်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းမပြုရ၊

(ဗ) မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံအသစ်များတည်ဆောက်ပါက ပိုင်ရှင်ဖြစ်စေ၊ တည်ဆောက်သူဖြစ်စေ ကော်မတီက ညွှန်ကြားထားသည့် အမှိုက်စွန့် ပစ်မှုစနစ်အား ပါဝင်တည်ဆောက်ခြင်းနှင့် အဆိုပါ အမှိုက်စွန့်ပစ်မှု စနစ်အား ထိန်းသိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်လဲလှယ်ခြင်းတို့ နှင့် စပ်လျဉ်းသည့် လိုအပ်သော အစီအမံများကို ဆောင်ရွက်ရန် ပျက်ကွက်ခြင်း မရှိစေရ၊

(ဘ) အများပြည်သူနှင့်သက်ဆိုင်သည့် အဆောက်အအုံ၊ အဝန်းအဝိုင်းများတွင် စွန့်ပစ် ပစ္စည်းများ၊ စွန့်ပစ်အမှိုက်များအား စနစ်တကျထားရှိရေး၊ စနစ်တကျ စွန့်ပစ်ရေးအတွက် ကော်မတီ၏ညွှန်ကြားချက်များကို လိုက်နာရန်နှင့် လိုအပ် သည့်အစီအမံများ ချမှတ်ဆောင်ရွက်ရန် တာဝန်ကို ပျက်ကွက်ခြင်း မရှိစေရ၊

(မ) မည်သူမျှ အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် ဖုန်မှုန့်၊ အညစ် အကြေး၊ စက္ကူပုံး၊ စက္ကူစ၊ ပလတ်စတစ်ပုံး၊ ပလတ်စတစ်ခွက်၊ ပလတ်စတစ် အိတ်စသည့် အမှိုက်သရိုက် များ၊ တိရစ္ဆာန်အသေကောင်၊ အမှိုက်ပုံး၊ အမှိုက်အိတ်၊ အမှိုက်ထုပ်စသည့် အနံ့ဆိုး ထွက်သည့် ပစ္စည်းများ သို့မဟုတ် မည်သည့် အရာဝတ္ထုကိုမဆိုထားရှိခြင်း၊ ပစ်ချခြင်း၊ လွှင့်ပစ်ခြင်း၊ တိရစ္ဆာန်များအား အစားအစာ ကျွေးမွေးခြင်းမပြုရ၊

(ယ) မည်သူမျှ အများပြည်သူနှင့်သက်ဆိုင်သည့် နေရာနှင့်လမ်းများပေါ်သို့ ကွမ်းတံတွေးထွေးခြင်း၊ အညစ်အကြေးစွန့်ပစ်ခြင်းနှင့် အိမ်မွေးတိရစ္ဆာန်အညစ် အကြေးများ စွန့်ပစ်ခြင်း မပြုရ၊

(ရ) မည်သူမျှ တူးဖော်ထားသည့်ရေမြောင်းများ၊ အင်းအိုင်၊ ရေလှောင်ကန်၊ မြစ်ချောင်း၊ ပင်လယ်အစိတ်အပိုင်းများပေါ်တွင် အမှိုက်သရိုက်များ သို့မဟုတ် စက်ရုံ၊ အလုပ်ရုံများ၊ ဆေးရုံများမှ ထွက်ရှိပြီး ဘေးအန္တရာယ် ဖြစ်စေသော ဓာတု ပစ္စည်းများ၊ ရေဆိုးရေညစ် များနှင့် အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများကို ပစ်ချခြင်း၊ စုပုံထားခြင်း၊ စွန့်ပစ်ခြင်း မပြုရ၊

(လ) မည်သူမျှ စက်ရုံ၊ အလုပ်ရုံမှထွက်ရှိသော တိရစ္ဆာန်သွေး၊ အရိုး၊ သားရေ၊ ဘေးဖြစ်စေသော အရည်၊ ဆေးကြောရည်၊ ညစ်ညမ်းသောအရာများကို ကော်မတီ က သတ်မှတ်သည့် နေရာမှအပ အများနှင့်သက်ဆိုင်သော နေရာများသို့ စီးဆင်း စေခြင်း၊ စုပုံခြင်း၊ ဖြန့်ခြင်း၊ သွန်ခြင်း၊ စွန့်ပစ်ခြင်း မပြုရ၊

(ဝ) မြို့တော်နယ်နိမိတ်အတွင်း ဆိပ်ကမ်းများသို့ဝင်ရောက်သည့် နိုင်ငံခြား သင်္ဘော များသည် ယင်းသင်္ဘောများမှထွက်ရှိသော စွန့်ပစ်ပစ္စည်းများ၊ အရည်များကို အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များနှင့်အညီ စုစည်းထားရန်နှင့် လိုအပ် သောအစီအမံများချမှတ်၍ စွန့်ပစ်ရန် ပျက်ကွက်ခြင်း မရှိစေရ၊

(သ) မြို့တော်နယ်နိမိတ်အတွင်း ပြည်တွင်းရေကြောင်းသွားသင်္ဘော၊ ရေယာဉ်များ သည် ယင်းတို့မှ ထွက်ရှိသော အညစ်အကြေးအရည်၊ စွန့်ပစ်ပစ္စည်း၊ အကြွင်း အကျန်များကို ကော်မတီက သတ်မှတ်ထားသော ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ နည်းလမ်းနှင့် အညီ ဆောင်ရွက်ပြီးမှ သတ်မှတ်ထားသော စွန့်ပစ် နေရာသို့ စွန့်ပစ်ရန် သို့မဟုတ် ကော်မတီသို့ အကြောင်းကြား၍ စွန့်ပစ်သည့် အစီအမံများ ဆောင်ရွက်ရန် တာဝန်ကို ပျက်ကွက်ခြင်း မရှိစေရ၊

(ဟ) မည်သူမျှ စက်ရုံအလုပ်ရုံထွက်အမှိုက်၊ တည်ဆောက်ရေးလုပ်ငန်းထွက်အမှိုက်၊ စီးပွားရေးလုပ်ငန်းထွက်အမှိုက်၊ ဆေးရုံဆေးခန်းစွန့်ပစ်ပစ္စည်းများ၊ ဘေး အန္တရာယ်ဖြစ် စေသော စွန့်ပစ်အမှိုက်များ၊ အီလက်ထရောနစ် စွန့်ပစ်အမှိုက်များ နှင့် စက်ဆုပ်ဖွယ် အရာများကို ကော်မတီက သီးသန့်သတ်မှတ်ထားသည့် ညွှန်ကြားချက် အတိုင်း စွန့်ပစ်ခြင်းမှအပ သာမန် အမှိုက်စွန့်ပစ်ရန် စီမံထားရှိ သည့်အမှိုက်ပုံး၊ အမှိုက်ကန်နှင့် အမှိုက်ပုံရန် သတ်မှတ်ထားသည့် နေရာတွင်လည်းကောင်း၊ အခြားနေရာတွင် လည်းကောင်း စွန့်ပစ်ခြင်းမပြုရ၊

(ဠ) မည်သူမျှ ခြံထွက်အမှိုက်များနှင့် မီးဖိုချောင်ထွက်အမှိုက်မဟုတ်သော အိမ်သုံး စွန့်ပစ်ပစ္စည်းများကို ကော်မတီကသီးသန့်သတ်မှတ်ထားသည့် ညွှန်ကြားချက် အတိုင်း စွန့်ပစ်ခြင်းမှအပ သာမန်အမှိုက်စွန့်ပစ်ရန် စီမံ ထားရှိသည့် အမှိုက်ပုံး၊ အမှိုက်ကန်နှင့် အမှိုက်ပုံရန် သတ်မှတ်ထားသည့် နေရာတွင်လည်းကောင်း၊ အခြားနေရာတွင် လည်းကောင်း စွန့်ပစ်ခြင်း မပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၄ ၃၂၃

စီမံခန့်ခွဲရေးဆိုင်ရာတားမြစ်ချက်များ

(က) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ခွင့်ပြုချက်လိုင်စင်မရှိဘဲ ဘော်ဒါဆောင်နှင့် တည်းခိုခန်းလုပ်ငန်း လုပ်ကိုင်ခြင်းမပြုရ၊

(ခ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်လိုင်စင်မရှိဘဲ စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်ခြင်းမပြုရ၊

(ဂ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ခွင့်ပြုချက်လိုင်စင်မရှိဘဲ အလှကုန်ပစ္စည်း ထုတ်လုပ်ခြင်း၊ အထည်ချုပ်လုပ်ငန်းလုပ်ကိုင်ခြင်း၊ ဆေးခန်း ဖွင့်လှစ်ခြင်း၊ ပုံနှိပ်လုပ်ငန်းလုပ်ကိုင်ခြင်း၊ အားကစားလေ့ကျင့်ရေး လုပ်ငန်း လုပ်ကိုင်ခြင်းမပြုရ၊

(ဃ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်လိုင်စင်မရှိဘဲ ပရိဘောဂလုပ်ငန်း၊ မော်တော်ယာဉ်ပြုပြင်ခြင်းလုပ်ငန်း၊ မော်တော်ယာဉ် အရောင်းပြ ခန်းနှင့် မော်တော်ယာဉ် ပစ္စည်းရောင်းဝယ်ခြင်းလုပ်ငန်း လုပ်ကိုင်ခြင်း မပြုရ၊

(င) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ယာယီ ဇာတ်ရုံဆောက်လုပ်ခြင်းမပြုရ၊

(စ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း ကုန် ပဒေသာဆိုင်၊ ကုန်တိုက်များ ဖွင့်လှစ်ရောင်းချခြင်း မပြုရ၊

(ဆ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်လိုင်စင်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း ပုဂ္ဂလိကပိုင်ဈေး ဖွင့်လှစ်ရောင်းချခြင်း မပြုရ၊

(ဇ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက သတ်မှတ်ခွင့်ပြုသည့် နေရာ၊ အချိန် တို့မှအပ လမ်းဘေးဈေးဆိုင် ဖွင့်လှစ်ရောင်းချခြင်းမပြုရ၊

(စျ) မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်လိုင်စင်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း ယာဉ် တစ်မျိုးမျိုးကို အသုံးပြု၍ လှည့်လည်ကြော်ငြာခြင်း၊ ရောင်းချခြင်း မပြုရ၊

(ည) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ အများပြည်သူသိရှိစေရန် အမှတ်အသား တပ်ဆင်ခြင်း၊ ရေးဆွဲခြင်း၊ ကြော်ငြာခြင်းမပြုရ၊

(ဋ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အခြားမည်သည့် ခွင့်ပြုမိန့်၊ မှတ်ပုံတင် လက်မှတ်၊ လိုင်စင်တစ်မျိုးမျိုးရှိစေကာမူ ကော်မတီကခွင့်ပြုချက်လိုင်စင် ထုတ်ပေး နိုင်သော လုပ်ငန်းတစ်ရပ်ရပ်ကို ကော်မတီကထုတ်ပေးသော လိုင်စင်မရှိဘဲ ဆောင်ရွက်ခြင်းမပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၅ ၃၂၄

မည်သူမဆို နောက်ဆက်တွဲဇယား၏ စာတိုင် ၂ ပါ ပုဒ်မများနှင့် စာတိုင် ၃ ပါ ပုဒ်မခွဲ များကို လိုက်နာရန် ပျက်ကွက်ကြောင်း သို့မဟုတ် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို နောက်ဆက်တွဲဇယား၏ စာတိုင် ၅ နှင့် ၆ တို့ တွင် ပါရှိသော ယှဉ်တွဲပါ ပြစ်ဒဏ်များ ချမှတ်ရမည်။

(မှတ်ချက်။ နောက်ဆက်တွဲဇယားပူးတွဲ)

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၆ ၃၃၂

(က) ဤဥပဒေအရ အရေးယူသောပြစ်မှုကို ရဲအရေးပိုင်ခွင့်ရှိသော ပြစ်မှုအဖြစ် သတ်မှတ်သည်၊

(ခ) ဤဥပဒေအရစွဲဆိုသော ပြစ်မှုတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ စွဲဆိုသည့်ကိစ္စတွင် ပြစ်မှု ကျူးလွန်သည့်နေ့ရက်မှ သုံးနှစ်အတွင်း သို့မဟုတ် ပြစ်မှုကျူးလွန်သည်ကို သက်ဆိုင်ရာ တာဝန်ရှိသူအရာရှိ သို့မဟုတ် အမှုထမ်းတစ်ဦးဦးက သိရှိသည့်နေ့မှ သုံးနှစ်အတွင်း တိုင်တန်းချက်အရမဟုတ်လျှင် မည်သည့် တရားရုံးကမျှ အရေးမယူရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း