Measures Relating to YCDC Buildings Rules


Domestic Regulations
sr. Rules measures mode remarks

မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်လိုသူသည် သတ်မှတ်ချက်များနှင့်အညီ ကော်မတီသို့ လျှောက်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

အဆောက်အအုံဆောက်လုပ်ခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည်-

(က) ကော်မတီက ထုတ်ပေးသော အဆောက်အအုံဆောက်လုပ်ခြင်း လုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်ကို အများပြည်သူမြင်နိုင်စေရန် အဆောက်အအုံ ဆောက်လုပ် ခြင်း လုပ်ငန်းနေရာတွင် ခွင့်ပြုမိန့်ရရှိသူ၏ အမည်၊ ကြီးကြပ်သူ အင်ဂျင်နီယာနှင့် ကန်ထရိုက်တာတို့၏အမည်၊ လိုင်စင်အမှတ်၊ ခွင့်ပြုသည့် သက်တမ်း ကာလနှင့် ခွင့်ပြုသည့် အဆောက်အအုံဆိုင်ရာ အချက်အလက်များကို ဖော်ပြထားသည့် ဆိုင်းဘုတ်ကို စွဲကပ်ထားရမည်။

(ခ) ကော်မတီက ခွင့်ပြုသည့် အဆောက်အအုံပုံစံနှင့်အညီ ဆောက်လုပ်ရမည်။

(ဂ) ကော်မတီကခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့်ကွဲလွဲခြားနားသည့် အဆောက်အအုံ ဆောက်လုပ်ရန် အကြောင်းပေါ်ပေါက်ပါက ကွဲလွဲခြားနားသည့် ပုံစံအတိုင်းဆောက်လုပ်ခွင့်ရရှိနိုင်ရေးအတွက် ပြင်ဆင်ဆောက် လုပ်လိုသော အဆောက်အအုံ ပုံစံနှင့်အတူ ကော်မတီသို့ထပ်မံလျှောက်ထားရမည်။

(ဃ) ခိုင်လုံသောအထောက်အထားတင်ပြနိုင်ပါက အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်အမိန့်ကို သက်တမ်းတိုးမြှင့်ပေးရန် ကော်မတီသို့ လျှောက်ထားနိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁

အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရသူသည် အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ရာတွင် ပတ်ဝန်းကျင်နှင့်ဆက်စပ်လျက်ရှိသော နေထိုင်သူများ၏ အဆောက်အအုံများ၊ ပစ္စည်းများ၊ အသက်အန္တရာယ်၊ ကျန်းမာရေး သို့မဟုတ် လမ်းသွားလမ်းလာများ၏ ဘေးအန္တရာယ် ကင်းရှင်းရေးကို မထိခိုက်စေရန် ကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၅

အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရသူသည်- 

(က) ကော်မတီကခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့်အညီ ပန္နက်ချ မချ၊ လမ်းနယ်သတ်မျဉ်းကြောင်း၊ အဆောက်အအုံ နယ်သတ်မျဉ်းကြောင်းများ ချမှတ်ရာတွင် မှန်ကန်ခြင်း ရှိ မရှိ၊ ခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့် ညီညွတ်ခြင်း ရှိ မရှိတို့ကို ကော်မတီက တာဝန်ပေး အပ်ထားသော အဆောက် အအုံ အင်ဂျင်နီယာ၏ စစ်ဆေးခြင်းကို ခံယူရမည်။

(ခ) လမ်းဆုံ၊ လမ်းခွနေရာများ၊ အချက်အချာကျသည့်နေရာများ သို့မဟုတ် ကော်မတီက သတ်မှတ်ထားသည့် နေရာများတွင် ဆောက်လုပ်မည့် အဆောက် အအုံကို ဗိသုကာဆိုင်ရာ လိုအပ်ချက်များ နှင့် ညီညွတ်စေရန် သို့မဟုတ် လမ်းသွားလမ်းလာနှင့် ယာဉ်များအတွက် မြင်ကွင်းဖုံးကွယ်မှု မဖြစ်စေရန် ကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ ဆောက်လုပ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၈

တဲအဆောက်အအုံဆောက်လုပ်ခြင်းနှင့် အဆောက်အအုံအသေးစား ပြင်ဆင်ခြင်း လုပ်ငန်းမှအပ အခြားအဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်လိုသူသည် ဆောက်လုပ်ခြင်းလုပ်ငန်းကို လိုင်စင်ရအင်ဂျင်နီယာ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့်သာ ဆောက်လုပ်ရမည်။

နည်းလမ်း ၃
၁၉

အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရသူသည် လျှပ်စစ်မီတာ တပ်ဆင်ခြင်း၊ လျှပ်တာပြောင်း (ထရန်စဖော်မာ) တပ်ဆင်ခြင်း၊ အရေးပေါ် ထွက်ပေါက် တပ်ဆင်ခြင်း၊ ရေဆိုးစွန့်ပစ်ခြင်းနှင့် အမှိုက်စွန့်ပစ်စနစ်၊ မီးဘေး လုံခြုံရေးစနစ်၊ လမ်းတံတားဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၀

အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရသူသည်-

(က) အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်း ပြီးစီးကြောင်းကို လုပ်ငန်းပြီးစီးသည့်နေ့မှ ရက်ပေါင်း သုံးဆယ် အတွင်း ကော်မတီသို့စာဖြင့် တင်ပြရမည်။

(ခ) အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်း ပြီးစီးမှုနှင့်စပ်လျဉ်း၍ ကော်မတီ၏ စစ်ဆေးခြင်းကို ခံယူရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၂ (ဂ)

ကော်မတီသည် စစ်ဆေးချက်အစီရင်ခံစာကို စိစစ်ပြီး အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်-

(ဂ) ကော်မတီက စိစစ်ခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့် ကွဲလွဲခြားနား နေသည်သာမက အဆောက်အအုံဆောက်လုပ်ခြင်းဆိုင်ရာ စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်းတွေ့ရှိပါက ယင်းအဆောက်အအုံကို ခွင်ပြုချက်ပုံစံ နှင့်အညီ သတ်မှတ်ကာလအတွင်း ပြန်လည်ပြုပြင်ဆောက်လုပ်ရန် သို့မဟုတ် လိုအပ်ပါက ပုံစံကွဲလွဲဆောက်လုပ်မှုများအား ဖြိုဖျက်ရန် ညွှန်ကြားခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၃

အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရသူသည် နည်းဥပဒေ ၂၂၊ နည်းဥပဒေခွဲ(ဂ)အရ ကော်မတီ၏ ညွှန်ကြားစာရရှိပြီး ရက်ပေါင်း သုံးဆယ်အတွင်း အဆောက်အအုံပုံစံ ပြင်ဆင်ခွင့်လျှောက်လွှာကို ကော်မတီသို့ တင်သွင်းရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၀ ၂၅

အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည် နည်းဥပဒေ ၂၂ ၊ နည်းဥပဒေခွဲ(ဂ)အရ ကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက် ပြီးစီးလျှင် ယင်းသို့ ပြီးစီးသည့်နေ့မှ ရက်ပေါင်းသုံးဆယ်အတွင်း ကော်မတီသို့ စာဖြင့် တင်ပြရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁ ၂၈

ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ခွင့်ပြုချက်မဲ့အဆောက်အအုံဆောက်လုပ် ခြင်း လုပ်ငန်းလုပ်ကိုင်နေကြောင်း သို့မဟုတ် ခွင့်ပြုချက်ရှိသော်လည်း သတ်မှတ်ခွင့် ပြုချက်အတိုင်းမဟုတ်ဘဲ ပုံစံကွဲလွဲ ဆောက်လုပ်နေကြောင်း သတင်းရရှိလျှင်သော် လည်းကောင်း၊ စစ်ဆေးတွေ့ရှိလျှင် သော်လည်းကောင်း အောက်ပါအတိုင်း စီမံခန့်ခွဲနိုင်သည်-

(က) ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံဆောက်လုပ်ခြင်းကို လုပ်ငန်းရပ်ဆိုင်းထားပြီး ခွင့်ပြုချက်လျှောက်ထားရန် သို့မဟုတ် ဖျက်သိမ်းရန်နှင့် မလိုက်နာက တရားစွဲ မည်ဖြစ်ကြောင်း အကြောင်းကြားရမည်။

(ခ) ခွင့်ပြုချက်ရှိသော်လည်း ခွင့်ပြုပုံစံနှင့် ကွဲလွဲဆောင်ရွက်ခြင်းကို လုပ်ငန်းရပ်ဆိုင်း ထားပြီး ခွင့်ပြုချက်ပြန်လည်လျှောက်ထားရန် သို့မဟုတ် ဖျက်သိမ်းရန်နှင့် မလိုက်နာက ဆောက်လုပ်ခွင့်ပယ်ဖျက်မည်ဖြစ်ပြီး တရားစွဲမည်ဖြစ်ကြောင်း အကြောင်းကြားရမည်။

(ဂ) နည်း ဥပဒေခွဲ(က)နှင့် (ခ)အရ ခွင့်ပြုချက်လျှောက်ထားလာပါက စိစစ်၍ ဆောက်လုပ်ခွင့်ပြုနိုင်သည်။

(ဃ) နည်းဥပဒေခွဲ (က)နှင့် (ခ)အရ အကြောင်းကြားချက်အား လိုက်နာခြင်း မရှိဘဲဆက်လက် ဆောင်ရွက်ပါက ကျူးလွန်သူ၊ အားပေးကူညီသူနှင့် တာဝန်ရှိသူ ကိုတရားစွဲဆို၍ အဆောက်အအုံ၏ အများမြင်သာ သောနေရာတွင်ဖြစ်စေ၊ မြေကွက်၏ရှေ့ခြံစည်းရိုးတွင်ဖြစ်စေ အနီရောင်သတိပေးတားမြစ်ချက် ဆိုင်းဘုတ်ကို စွဲကပ်ထားရမည်။

(င) နည်းဥပဒေခွဲ (ဃ)အရ ကော်မတီက အရေးယူဆောင်ရွက်သည်ကို လိုက်နာခြင်း မရှိဘဲ ဆက်လက်ဆောင်ရွက်လျှင် ကော်မတီက ဖွဲ့စည်းပေးထား သည့် ဖျက်သိမ်းဖယ်ရှားရှင်းလင်းရေးအဖွဲ့က လိုက်နာရန် ပျက်ကွက်သူထံ အကြောင်းကြားစာ ရရှိသည့်နေ့ရက်မှ ရက်ပေါင်း သုံးဆယ်အတွင်း ဖျက်သိမ်း ဖယ်ရှား ရှင်းလင်းရန် အကြောင်းကြားရမည်။

(စ) နည်းဥပဒေခွဲ(င)အရ ထုတ်ဆင့်သည့် အကြောင်းကြားစာကို သက်ဆိုင်သူ ထံ တစ်ကြိမ်သာပေးပို့ရန်ဖြစ်ပြီး သက်ဆိုင်သူက ယင်းအကြောင်းကြားစာကို လက်မခံဘဲ ငြင်းဆန်လျှင် အဆောက်အအုံ၏ အများမြင်သာသည့်နေရာ တွင်ဖြစ်စေ၊ မြေကွက်၏ ရှေ့ခြံစည်းရိုးတွင်ဖြစ်စေ သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင် တစ်ဦးဦး၏ ရှေ့မှောက်တွင် စွဲကပ်ရမည်။

(ဆ) အဆောက်အအုံကို ဖျက်သိမ်းဖယ်ရှားရှင်းလင်းရမည့် နောက်ဆုံးသတ်မှတ် နေ့ရက်အထိ ဖျက်သိမ်း ဖယ်ရှားရှင်းလင်းခြင်းမရှိပါက အနီးကပ်ဆုံးအစိုးရ အဖွဲ့၏ အစည်းအဝေးသို့တင်ပြပြီး ဖျက်သိမ်း ဖယ်ရှားရှင်းလင်းရေးအတွက် လုံခြုံရေးနှင့် အခြားလိုအပ်သောအကူအညီများတောင်းခံရမည်။ အဆိုပါ ဖျက်သိမ်းဖယ်ရှားရှင်းလင်းရေးအဖွဲ့သည် ဖျက်သိမ်းဖယ်ရှားရှင်းလင်းမည့် နေရာ သို့ သွားရောက်ပြီး အဆောက်အအုံအတွင်းရှိ နေထိုင်အသုံးပြုသူများနှင့် ၀င်ရောက်လျက်ရှိသူများကို ၄င်းတို့၏ ပစ္စည်းများအားတစ်ပါတည်း သယ်ဆောင် ထွက်ခွာဖယ်ရှားရန် အချိန်သတ်မှတ်၍ အသံချဲ့စက်ဖြင့် သုံးကြိမ်သတိပေး နှိုးဆော်ရမည်။ တစ်ပါတည်း ယူဆောင်သွားခြင်းမရှိပါက အဆိုပါ ပစ္စည်းများနှင့် စပ်လျဉ်း၍ဖျက်သိမ်းဖယ်ရှား ရှင်းလင်းရေးအဖွဲ့တွင် တာ၀န်မရှိစေရ။

(ဇ) အဆောက်အအုံအတွင်းရှိ နေထိုင်အသုံးပြုသူများနှင့် ဝင်ရောက်လျက်ရှိ သူများက ၄င်းတို့၏ အစီအစဉ်ဖြင့် ထွက်ခွာပြီးလျှင်ဖြစ်စေ၊ ဖျက်သိမ်းဖယ်ရှား ရှင်းလင်းရေးအဖွဲ့က ဖယ်ရှားရှင်းလင်းပြီးလျှင်ဖြစ်စေ အဆိုပါအဆောက်အအုံ သို့မဟုတ် အဆောက်အအုံတည်ရှိရာ မြေကွက်ကို ချိပ်ပိတ်ရမည်။

(စျ) အဆောက်အအုံအတွင်းရှိ နေထိုင်အသုံးပြုသူများနှင့် ဝင်ရောက်လျက်ရှိ သူများက ၎င်းတို့၏ သဘောအလျောက် ထွက်ခွာပြီးလျှင်ဖြစ်စေ၊ ဖျက်သိမ်း ဖယ်ရှားရှင်းလင်းရေးအဖွဲ့က ဖယ်ရှားရှင်းလင်းပြီးလျှင်ဖြစ်စေ အဆိုပါအဆောက် အအုံတစ်ခုလုံးကိုသော်လည်းကောင်း၊ အဆောက်အအုံ တစ်စိတ်တစ်ပိုင်းကို သော်လည်းကောင်း၊ ဖျက်သိမ်းရန်လိုအပ်ပါက ဖျက်သိမ်းဖယ်ရှား ရှင်းလင်းရေး အဖွဲ့၏ အစီအစဉ်ဖြင့် ဖျက်သိမ်းရမည်။ ယင်းသို့ဖျက်သိမ်းရာမှထွက်ရှိလာသော အဆောက်အအုံ၏ အပိုင်းအစများကို ယင်းအဆောက်အအုံအတွင်း၌ဖြစ်စေ ယင်းအဆောက်အအုံတည်ရှိရာ မြေကွက်အတွင်း၌ဖြစ်စေ၊ အခြားသင့်လျော် သည့်နေရာ၌ဖြစ်စေ၊ စုပုံထားရှိပြီး ယင်းအဆောက်အအုံ သို့မဟုတ် ယင်း အဆောက်အအုံတည်ရှိရာ မြေကွက်ကို ချိပ်ပိတ်ရမည်။ ချိပ်ပိတ်ထားသည့် အဆောက်အအုံ သို့မဟုတ် အဆောက်အအုံတည်ရှိရာ မြေကွက်ကို ပိုင်ရှင်မှ ပြန်လည်လျှောက်ထားလာပါက စိစစ်ပြီး ပြန်လည်လွှဲပြောင်းပေးနိုင်သည်။

(ည) နည်းဥပဒေခွဲ (စျ)အရ ဆောင်ရွက်ရသည့်အတွက် ကုန်ကျစရိတ်ကို ပိုင်ရှင် သို့မဟုတ် အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရသူထံမှ တောင်းခံနိုင်သည်။

(ဋ) နည်းဥပဒေခွဲ (ည) အရ တောင်းခံသည့် ကုန်ကျစရိတ်ကို ပိုင်ရှင် သို့မဟုတ် အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရသူမှ မပေးသွင်းပါက ယင်းငွေကို မြေခွန်မပြေ ကျန်ငွေဖြစ် သကဲ့သို့ အရ တောင်းခံနိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၂ ၄၂

လိုင်စင်ရ ကန်ထရိုက်တာ၊ လိုင်စင်ရဗိသုကာအင်ဂျင်နီယာ၊ လိုင်စင်ရအဆောက် အအုံ အင်ဂျင်နီယာ သို့မဟုတ် လိုင်စင်ရအင်ဂျင်နီယာသည် လိုင်စင်သက်တမ်း တိုးမြှင့်လိုလျှင် လိုင်စင်သက်တမ်းမကုန်ဆုံးမီ အနည်းဆုံး ရက်ပေါင်း သုံးဆယ် ကြိုတင်၍ သတ်မှတ် ချက် နှင့်အညီ ကော်မတီသို့ လျှောက်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၃ ၄၄

ဥပဒေပုဒ်မ ၅၃ ပုဒ်မခွဲ(ခ)အရ လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရုတ်သိမ်း ခြင်းခံရသူသည် သတ်မှတ် ကာလကုန်ဆုံးသည့်အခါ လိုင်စင်ပြန်လည်ရရှိရန် သတ်မှတ်ချက်နှင့်အညီ ကော်မတီသို့ လျှောက်ထားနိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၄ ၇၈

မြို့တော်နယ်နိမိတ်အတွင်းရှိ ကော်မတီပိုင်လမ်းများ၊ ဓါတ်အားပေးတိုင်များ၊ တယ်လီ ဖုန်းတိုင်များ၊ တံတားများ ပေါ်တွင်ဖြစ်စေ၊ အစိုးရဌာန၊ အဖွဲ့အစည်းဆိုင်ရာ မြေကွက်များ၊ ပုဂ္ဂလိကပိုင်မြေကွက်များ သို့မဟုတ် တိုက်နံရံများပေါ် တွင်ဖြစ်စေ၊ မြို့တော် နယ်နိမိတ်အတွင်း ပြေးဆွဲနေသောယာဉ်များ သို့မဟုတ် မြို့ပတ် မီးရထားများတွင်ဖြစ်စေ ကြော်ငြာဆိုင်းဘုတ်စိုက်ထူခြင်း၊ ကြော်ငြာ ဆိုင်းဘုတ်တပ်ဆင်ခြင်း၊ ကြော်ငြာ ကပ်ခြင်း၊ ကြော်ငြာချိတ်ဆွဲခြင်း သို့မဟုတ် ကြော်ငြာရေးဆွဲခြင်း ပြုလုပ်လိုသူသည် ခွင့်ပြုချက်ရရှိရန် ကြော်ငြာဆိုင်းဘုတ် သို့မဟုတ် ကြော်ငြာနမူနာပုံစံပူးတွဲ၍ သတ်မှတ်ချက်များနှင့်အညီ ကော်မတီသို့ လျှောက်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၅ ၈၂

မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်းရှိ အများ ပြည်သူနှင့် သက်ဆိုင်သော အဆောက်အအုံများနှင့် ယင်းတို့၏ အစိတ်အပိုင်းများ၊ လမ်းများ၊ တံတားများ၊ စာသင်ကျောင်းများ၊ ပန်းခြံနှင့် အားကစားကွင်းများနှင့် ယင်းတို့၏ အစိတ်အပိုင်းများတွင်လည်းကောင်း၊ အခြားအဆောက်အအုံနှင့် ယင်းတို့၏ အစိတ်အပိုင်းများတွင်လည်းကောင်း အများပြည်သူ၏မြင်ကွင်း၌ ဆေးခြယ်ခြင်း၊ စာလုံးများ ရေးသားခြင်းနှင့် ရုပ်ပုံများရေးဆွဲခြင်းမပြုလုပ်ရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၆ ၈၃

မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ဖျက်ဆီးခြင်း၊ မူလကြံ့ခိုင်မှုလျော့နည်းအောင် ဆောင်ရွက်ခြင်းမပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၇ ၈၄

မည်သူမျှ ဆောက်လုပ်၍မပြီးစီးသေးသည့် အဆောက်အအုံတစ်ခုတွင်ဖြစ်စေ၊ ယင်း အဆောက်အအုံ၏ အစိတ်အပိုင်း တစ်ခုတွင်ဖြစ်စေ ကော်မတီ၏ခွင့်ပြုချက် မရှိဘဲ ဝင်ရောက်နေထိုင်ခြင်း၊ အသုံးပြုခြင်းမပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၈ ၈၅

မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ၏ နေရောင်ကာ၊ ကွန်ကရစ် ပန်း၊ ကွန်ကရစ်ဖောင်းလိုင်း၊ လေအေးပေးစက်နှင့် ယင်းကဲ့သို့ အလားတူ ပစ္စည်းများအား မိမိပိုင်နယ်နိမိတ်မှ ကျော်လွန်တပ်ဆင်ခြင်း မပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၉ ၈၆

မည်သူမျှ ကော်မတီက ပြန်လည်ပြုပြင်ရန်ညွှန်ကြားထားသည့် အဆောက်အအုံ အတွင်း ပြန်လည်ပြုပြင်ခြင်း မပြုမီ နေထိုင်ခြင်း မပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၀ ၈၇

မည်သူမျှ ကော်မတီက ပြန်လည်ပြုပြင်ရန် ညွှန်ကြားထားသည့် အဆောက်အအုံ ကို ပြန်လည်ပြုပြင်ရန် ပျက်ကွက်ခြင်း မရှိစေရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၁ ၈၈

မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ငါးနှစ်အထိ သက်တမ်းတိုးမြင့်၍ ဆောက်လုပ်ခွင့်ပြုသော်လည်း ပြီးစီးအောင် ဆောက်လုပ်နိုင်ခြင်းမရှိသဖြင့် ကော်မတီမှ နောက်ဆုံး တိုးမြှင့်သတ်မှတ်ပေးသည့်အချိန်အတွင်း ပြီးစီးအောင် ဆောက်လုပ်ရန် ညွှန်ကြားချက်ကို လိုက်နာရန် ပျက်ကွက်ခြင်းမရှိစေရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၂ ၈၉

မည်သူမျှ ကော်မတီက မြို့တော်နယ်နိမိတ်အတွင်းရှိ မြေနေရာတွင် မြေကွက်လပ် ဖြစ်နေသဖြင့် ယင်းမြေကွက်တည်ရှိရာလမ်း သို့မဟုတ် ဒေသ၏ဗိသုကာဆိုင်ရာ လိုအပ်ချက်အရဖြစ်စေ၊ မြို့တော်မြင်ကွင်း သာယာလှပစေရန်အတွက်ဖြစ်စေ၊ မြို့တော် အင်္ဂါရပ်နှင့် ညီညွတ်စေရန်အတွက်ဖြစ်စေ အဆောက်အအုံ ဆောက်လုပ်ရန် လိုအပ်သည်ဟု ယူဆပါက ယင်းမြေကွက်ပေါ်တွင် ကော်မတီကသတ်မှတ် သည့် အဆောက်အအုံ ပုံစံအတိုင်း သတ်မှတ်ကာလအတွင်း ဆောက်လုပ်ရန် ညွှန်ကြားချက်ကို လိုက်နာရန် ပျက်ကွက်ခြင်း မရှိစေရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၃ ၉၀

မည်သူမျှ အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်ကို ဆောက်လုပ် ရေးလုပ်ငန်းခွင်တွင် ဖော်ပြချိတ်ဆွဲထားခြင်းမပြုဘဲ အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်ခြင်းမပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၄ ၉၁

မည်သူမျှ အဆောက်အအုံဆောက်လုပ်ခြင်း လုပ်ငန်းဆိုင်ရာတွင် ဘေးအန္တရာယ် ကင်းရှင်းရေးကို မထိခိုက်စေရန်ကော်မတီ၏ ညွှန်ကြားချက်အား လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်းမရှိစေရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၅ ၉၂

မည်သူမျှ အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းလုပ်ကိုင်ရာတွင် လျှပ်စစ် မီတာတပ်ဆင်ခြင်း၊ လျှပ်တာပြောင်း (ထရန်စဖော်မာ) တပ်ဆင်ခြင်း၊ အရေးပေါ် ထွက်ပေါက်တပ်ဆင်ခြင်း၊ ရေဆိုးစွန့်ပစ်ခြင်း၊ အမှိုက်စွန့်ပစ်ခြင်း၊ မီးဘေး လုံခြုံရေးစနစ်ဆောင်ရွက်ခြင်း၊ လမ်းတံတားဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန် ပျက်ကွက်ခြင်း မရှိစေရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၆ ၉၃

မည်သူမျှ ကော်မတီ၏ အဆောက်အအုံ၌ တွယ်ကပ်သစ်ပင်ရှင်းလင်းရန်၊ ပြင်ဆင်ရန်၊ ထုံးသုတ်ရန်၊ ဆေးသုတ်ရန်နှင့် ဖြိုဖျက်ပြီး အသစ်ထပ်မံဆောက် လုပ်ရန် စသည့် ညွှန်ကြားချက်တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်ခြင်းမရှိစေရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၇ ၉၄

မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်ဖြင့် အဆောက်အအုံတစ်ခုခုအား ဝင်ရောက် တိုင်းတာ စစ်ဆေးမည့်အဖွဲ့ဝင်တစ်ဦးဦး သို့မဟုတ် အဖွဲ့ဝင်များအား ဟန့်တား နှောင့်ယှက်ခြင်း မပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၈ ၉၉

ဤနည်းဥပဒေများပါ ပြဌာန်းချက်များအရ အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်းကို ကြည့်ရှုစစ်ဆေးရန်၊ မြေတိုင်းတာရန် သို့မဟုတ် လုပ်ငန်းအကောင် အထည်ဖော် ဆောင်ရွက်မှုကိုကြီးကြပ်ရန် ကော်မတီကတာဝန်ပေးအပ်ခြင်း ခံရသည့် စည်ပင်သာယာ ဝန်ထမ်းသည် ရပ်ကွက်လူကြီးနှစ်ဦးနှင့် အတူသက်ဆိုင်ရာ အဆောက်အအုံ သို့မဟုတ် မြေနေရာ အတွင်းသို့ ဝင်ရောက်ခွင့်ရှိသည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၉ ၁၀၀

ကော်မတီသည် အစိုးရဌာနအဖွဲ့အစည်းတစ်ခုခု၏ လိုအပ်ချက်အရဖြစ်စေ၊ ပုဂ္ဂိုလ် တစ်ဦးဦး၏ လျှောက်ထားချက်အရဖြစ်စေ အဆောက်အအုံတစ်ခုခုအား တိုင်းတာ စစ်ဆေးရန် လိုအပ်ပါက ဝင်ရောက် တိုင်းတာစစ်ဆေးနိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၀ ၁၀၁

ကော်မတီ၏ ခွင့်ပြုချက်အရ ဆောင်ရွက်သော တိုင်းတာစစ်ဆေးရေးအဖွဲ့သည် တိုင်းတာ စစ်ဆေးရမည့် အဆောက်အအုံသို့ ဝင်ရောက်တိုင်းတာစစ်ဆေးခွင့် ရှိသည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း