Measures Relating to Veterinary Council Rules


Domestic Regulations
sr. Rules measures mode remarks
၃၃

ဥပဒေပုဒ်မ ၁၁ အရ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ညီညွတ်သူသည် တိရစ္ဆာန် ဆေးကု ဆရာဝန်အဖြစ် မှတ်ပုံတင်ခွင့်ရရှိရန် လျှောက်လွှာ ပုံစံ (၆) တွင် အချက် အလက်များကို ပြည့်စုံမှန်ကန်စွာဖော်ပြပြီး လိုအပ်သည့် အထောက်အထား စာရွက် စာတမ်းများ ပူးတွဲ၍ ကောင်စီသို့လျှောက်ထားရမည်။

နည်းလမ်း ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၉

မှတ်ပုံတင်ထားသူသည် ကောင်စီကထုတ်ပြန်သော အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရမည်။

နည်းလမ်း ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၁

မှတ်ပုံတင်ထားသူသည်-

(က) မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ပေးရန်၊ သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၆၀ ကြိုတင်၍ လျှောက်လွှာပုံစံ (၉) တွင် ပြည့်စုံမှန်ကန်စွာ ဖော်ပြပြီး ကောင်စီသို့ လျှောက်ထားရမည်။

(ခ) မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ပေးရန် ကောင်စီကခွင့်ပြုလျှင် မှတ်ပုံတင် လက်မှတ် သက် တမ်းတိုးမြှင့်ခကို ပေးသွင်းရမည်။

(ဂ) မှတ်ပုံတင်လက်မှတ် သက်တမ်းကုန်ဆုံးပြီးမှ သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထား လျှင် ဒဏ်ကြေးကိုလည်း သတ်မှတ်သည့်နည်းလမ်းနှင့်အညီ ပေးသွင်းရမည်။

နည်းလမ်း ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၆ (က)

(က) မှတ်ပုံတင်ထားသူသည် မှတ်ပုံတင်ပြီးနောက်မှ ရရှိသော တိရစ္ဆာန်ဆေးပညာဆိုင်ရာ ဘွဲ့၊ ဒီဂရီ၊ ဒီပလိုမာ၊ အောင်လက်မှတ်၊ အသိအမှတ်ပြုလွှာများကို မှတ်ပုံတင်စာရင်းတွင် ဖြည့်သွင်းပေးရန် သက်ဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများနှင့်အတူ ကောင်စီ သို့ လျှောက်ထားရမည်။

နည်းလမ်း ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၈

တိရစ္ဆာန်ဆေးပညာဆိုင်ရာ အတတ်ပညာတစ်ရပ်ရပ်ကို အသုံးချလုပ်ကိုင်လိုသူသည် အောက်ပါ အရည်အချင်းများနှင့် ညီညွတ်ရမည်-

(က) နိုင်ငံသားဖြစ်ခြင်း၊

(ခ) ဥပဒေပုဒ်မ ၁၁ ပါ သတ်မှတ်ထားသည့် ဘွဲ့တစ်ခုခုမရရှိသော်လည်း ပြည်တွင်းပြည်ပမှ ပေးအပ်ပြီး ကောင်စီက အသိအမှတ်ပြုထားသည့် တိရစ္ဆာန်ဆေးပညာဆိုင်ရာ ဒီပလိုမာ သို့မဟုတ် အောင်လက်မှတ် ရရှိသူဖြစ်ခြင်း။

နည်းလမ်း ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၉

နည်းဥပဒေ ၄၈အရ သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ညီညွတ်သူသည် ခွင့်ပြုလက်မှတ်ရရှိ ရန် လျှောက်လွှာပုံစံ (၁၀)တွင် အချက်အလက်များကို ပြည့်စုံ မှန်ကန်စွာဖော်ပြပြီး လိုအပ်သည့် အထောက်အထား စာရွက်စာတမ်းများ ပူးတွဲ၍ ကောင်စီ သို့ လျှောက်ထားရမည်။

နည်းလမ်း ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၅၅

ခွင့်ပြုလက်မှတ်ရရှိသူသည်-

(က) ခွင့်ပြုလက်မှတ် သက်တမ်းတိုးမြှင့်ပေးရန် သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၆၀ ကြိုတင်၍လျှောက်လွှာပုံစံ (၁၃)တွင် ပြည့်စုံမှန်ကန်စွာဖော်ပြပြီး ကောင်စီသို့ လျှောက်ထားရမည်။

(ခ) ခွင့်ပြုလက်မှတ် သက်တမ်းတိုးမြှင့်ပေးရန် ကောင်စီက ခွင့်ပြုလျှင် ခွင့်ပြုလက်မှတ် သက်တမ်း တိုးမြှင့်ခကို ပေးသွင်းရမည်။

(ဂ) ခွင့်ပြုလက်မှတ် သက်တမ်းကုန်ဆုံးပြီးမှ သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားလျှင် ဒဏ်ကြေး ပေးသွင်းရမည်။

နည်းလမ်း ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၆၁ (က)

(က) မှတ်ပုံတင်လက်မှတ် သို့မဟုတ် ခွင့်ပြုလက်မှတ်ရရှိသူသည် မိမိလက်မှတ်ပျောက်ဆုံး သည့်အခါ မူရင်းခွဲလက်မှတ်ရရှိရန် သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထောက်ခံချက်နှင့် ပြည်နယ်၊ တိုင်း တိရစ္ဆာန်ဆေးပညာဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့၏ ထောက်ခံချက်တို့ကို ပူးတွဲ၍ ကောင်စီသို့ လျှောက်ထားနိုင်သည်။

နည်းလမ်း ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၆၂

ခွင့်ပြုလက်မှတ်ရရှိသူသည်-

(က) ဥပဒေ၊ ဤနည်းဥပဒေများ၊ ဥပဒေအရထုတ်ပြန်သော လုပ်ထုံးလုပ်နည်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များကို လိုက်နာရမည်။

(ခ) ကောင်စီက သတ်မှတ်သည့် စည်းကမ်းများကို လိုက်နာရမည်။

နည်းလမ်း ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း