Measures Relating to Order for Hazard Substances Waste


Domestic Regulations
sr. Para measures mode remarks

စွန့်ပစ်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းလုပ်ငန်းလိုင်စင် လျှောက်ထားလိုသူသည် လိုင်စင်ရရှိ ရန် ပုံစံ (၁) လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါစာရွက်စာတမ်းများကို ပူးတွဲ၍ ဗဟိုကော်မတီအဖွဲ့သို့ လျှောက်ထားရမည် -

(က) လုပ်ငန်းနှင့်စပ်လျဉ်းသည့် အချက်အလက်များ မိတ္တူတစ်စုံ၊

(ခ) ပညာရပ်ဆိုင်ရာအရည်အချင်းနှင့် အတွေ့အကြုံများအတွက် အထောက်အထား မိတ္တူများ၊

(ဂ) စွန့်ပစ်ပစ္စည်းသယ်ယူပို့ဆောင်မည့်ယာဉ်၊ ယာဉ်မောင်းနှင့် ယာဉ်လုပ်သားများ အတွက် သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသည့် အထောက်အထား မိတ္တူများ၊

(ဃ) အထွေထွေနစ်နာဆုံးရှုံးမှုအတွက် ပေးလျော်ရန် အာမခံထားရှိမှု အထောက်အထား မိတ္တူ၊

(င) စွန့်ပစ်ပစ္စည်းအမျိုးအစားအလိုက် ယာဉ်ပေါ်တွင်ပါရှိရမည့် ဘေးအန္တရာယ် ကာကွယ်ရေး ကိရိယာများနှင့် ယင်းတို့၏ မှတ်တမ်းဓာတ်ပုံများ၊

(စ) သယ်ယူပို့ဆောင်မည့်ယာဉ်၏ မှတ်တမ်းဓာတ်ပုံများ၊ 

(ဆ) မတော်တဆမှုဖြစ်ပွားပါက  ဆောင်ရွက်မည့် အစီအစဉ်များ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

စွန့်ပစ်ခြင်းပြုသည့် လုပ်ငန်းလိုင်စင် လျှောက်ထားလိုသူသည် လိုင်စင်ရရှိရန် ပုံစံ(၁-ခ) 

လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ  စာရွက်စာတမ်းများကို ပူးတွဲ၍ ဗဟိုကြီးကြပ်ရေး အဖွဲ့သို့ လျှောက်ထားရမည် -

(က) လုပ်ငန်းနှင့်စပ်လျဉ်းသည့် အချက်အလက်များ မိတ္တူတစ်စုံ၊

(ခ) ပညာရပ်ဆိုင်ရာအရည်အချင်းနှင့် အတွေ့အကြုံများအတွက် အထောက်အထား မိတ္တူများ၊

(ဂ) သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်၊ 

(ဃ) အထွေထွေနစ်နာဆုံရှုံးမှု အတွက်ပေးလျော်ရန် အာမခံထားရှိမှု အထောက်အထား မိတ္တူ၊

(င) စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ ထောက်ခံချက်၊ 

(စ) သက်ဆိုင်ရာမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ချက် သို့မဟုတ်  မီးဘေးလုံခြုံရေးကိစ္စ အလို့ငှာ မီးသတ်ဦးစီးဌာန၏ မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးထောက်ခံချက် ၊

(Fire Safety Certificate – FSC)။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

စွန့်ပစ်ပစ္စည်းထွက်ရှိစေသူသည် - 

(က) စွန့်ပစ်ပစ္စည်းများကို စွန့်ပစ်ခြင်းပြုလုပ်သည့်လုပ်ငန်းသို့ ပို့ဆောင်ခြင်းမပြုမီ စွန့်ပစ် ပစ္စည်းထွက်ရှိသည့် လုပ်ငန်းနေရာ၌ စွန့်ပစ်ပစ္စည်းအမျိုးအစားအလိုက် သတ်မှတ်ချက်များ နှင့် အညီ သိုလှောင်နိုင်သောပမာဏကိုသာ ယာယီသိုလှောင်ထားရမည်၊ 

(ခ) ဘေးအန္တရာယ်ရှိစွန့်ပစ်ပစ္စည်းများကို သိုလှောင်နိုင်သောပမာဏ ထက်ကျော်လွန်၍ သိုလှောင်ခြင်းမပြုရ၊

(ဂ) စွန့်ပစ်ပစ္စည်းအမျိုးအစားအလိုက် ခွဲခြား၍ သိုလှောင်ရမည်၊ 

(ဃ) လုပ်ငန်းခွင်၌ စွန့်ပစ်ပစ္စည်းများ ဖိတ်စဉ်ခြင်း၊ ယိုစိမ့်ခြင်း၊ မီးလောင်ခြင်း သို့မဟုတ်

ပေါက်ကွဲခြင်း စသည့်မတော်တဆမှုများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးစီမံချက်နှင့် အတော်တဆမှုများဖြစ်ပါ်ပါက အရေးပေါ်အခြေအနေတုံ့ပြန်မည့်စီမံချက်တို့ကို ပြင်ဆင်ထားရှိရမည်၊ 

(င) စွန့်ပစ်ပစ္စည်းများကို သယ်ယူပို့ဆောင်ခြင်းမပြုမီ စွန့်ပစ်ပစ္စည်းသယ်ယူပို့ဆောင်ခြင်း လုပ်ငန်းလိုင်စင်ရရှိသူ၊ စွန့်ပစ်ခြင်းပြုလုပ်သည့်လုပ်ငန်းလိုင်စင်ရရှိသူတို့နှင့် ကြိုတင်ညှိနှိုင်းပြီး သဘောတူညီချက်ရယူထားရမည်၊ 

(စ) စွန့်ပစ်ပစ္စည်းများကို စွန့်ပစ်ခြင်းပြုလုပ်သည့်လုပ်ငန်းလိုင်စင်ရရှိထားသည့်နေရာသို့သာ ပို့ဆောင်စေရမည်၊ 

(ဆ) စွန့်ပစ်ပစ္စည်းများကို သယ်ယူပို့ဆောင်မည်ဆိုပါက စွန့်ပစ်ပစ္စည်းအမျိုးအစားအလိုက် စနစ်တကျထုတ်ပိုးပြီး ယင်းထုတ်ပိုးပစ္စည်းများပေါ်တွင် စွန့်ပစ်ပစ္စည်းအမျိုးအစား၊ စွန့်ပစ် ပစ္စည်းပမာဏ၊ စွန့်ပစ်ပစ္စည်းဆိုင်ရာ အညွှန်းကုဒ်နံပါတ်၊ ရုပ်ပုံအမှတ်အသားတံဆိပ်နှင့် ဂုဏ်သတ္တိဆိုင်ရာ အချက်အလက်များကို ထင်ရှားမြင်သာစွာ ဖော်ပြပေးရမည်။

(ဇ) စွန့်ပစ်ပစ္စည်းများကို ထည့်သွင်းထုတ်ပိုးရာတွင် စက်ယန္တယားများဖြင့် ကိုင်တွယ်ခြင်း၊ တင်ခြင်း နှင့် ချခြင်းတို့ဆောင်ရွက်နိုင်ရန် စီမံထားရမည်၊  

(ဈ) စွန့်ပစ်ပစ္စည်းများကို စွန့်ပစ်ခြင်းပြုလုပ်သည့်လုပ်ငန်းသို့ သယ်ယူပပို့ေဆာင်ခြင်းမပြုမီ စွန့်ပစ်ပစ္စည်းဆိုင်ရာ မှတ်တမ်းပုံစံတွင် မိမိနှင့်သက်ဆိုင်သောအချက်များကိုပြည့်စုံစွာ ဖြည့်စွက်ပြီး သက်ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့သို့ သတင်းပို့ရမည်၊

(ည) စွန့်ပစ်ခြင်းပြုလုပ်သည့်လုပ်ငန်းသို့ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများအပါအဝင် စွန့်ပစ်ပစ္စည်းများ သယ်ယူ ပို့ဆောင်သည့်အခါတိုင်း စွန့်ပစ်ပစ္စည်းဆိုင်ရာမှတ်တမ်းပုံစံကို အသုံးပြုရမည့်အပြင် နောက်ဆက်တွဲ(၃)ပါ စွန့်ပစ်ပစ္စည်းဆိုင်ရာမှတ်တမ်းပုံစံအသုံးပြုပုံ နည်းစဉ်အတိုင်း လိုက်နာဆောင်ရွက်ရမည်၊

(ဋ) စွန့်ပစ်ပစ္စည်းဆိုင်ရာမှတ်တမ်းပုံစံကို ငါးနှစ်အထိထိန်းသိမ်းထားရမည်၊

(ဌ) ထွက်ရှီသည့်ဘေးအန္တရာယ်ရှိစွန့်ပစ်ပစ္စည်းများအပါအဝင် စွန့်ပစ်ပစ္စည်းများနှင့်စပ်လျဉ်း၍

နှစ်ပတ်လည်အစီရင်ခံစာကို နှစ်စဉ်ဇန်နဝါရီလပထမပတ်အတွင်း နောက်ဆက်တွဲ(၄) ဖြင့် ဗဟို ကြီးကြပ်ရေးအဖွဲ့သို့ တင်ပြရမည်။

(ဍ) သက်ဆိုင်ရာစစ်ဆေးရေးအဖွဲ့များက နည်းဥပေဒများ၊ နည်းဥပေဒ ၄၈ အရ လာရောက် စစ်ဆေးပါက ခွင့်ပြုရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

စွန့်ပစ်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းလုပ်ငန်းလိုင်စင်ရရှိသူသည် -

(က) ဘေးအန္တရာယ်ရှိစွန့်ပစ်ပစ္စည်းများကို စွန့်ပစ်ခြင်းပြုလုပ်သည့်လုပ်ငန်းလိုင်စင် ရရှိထားသည့်နေရာသို့ မလိုလားအပ်သော နှောင့်နှေးမှုမရှိစေဘဲ သယ်ယူပို့ဆောင်ရမည်၊

(ခ) စွန့်ပစ်ပစ္စည်းများကို သယ်ယူပို့ဆောင်နေစဉ် ယိုဖိတ်မှုနှင့် ပတ်ဝန်းကျင်ထိခိုက်မှု မရှိေစရန် စွန့်ပစ်ပစ္စည်းအမျိုးအစားအလိုက် စနစ် တကျထုတ်ပိုးရမည်အပြင် သယ်ယူ ပို့ဆောင်သည့်ယာဉ်ပေါ်၌ စွန့်ပစ်ပစ္စည်းအမိုးအစား၊ စွန့်ပစ်ပစ္စည်းပမာဏ၊ စွန့်ပစ်ပစ္စည်း ဆိုင်ရာအညွှန်းကုဒ်နံပါတ်၊ ရုပ်ပုံအမှတ်အသားတံဆိပ် နှင့် ဂုဏ်သတ္တိဆိုင်ရာ အချက်အလက် တို့ကို ထင်ရှားမြင်သာစွာ ဖော်ပြထားရမည်၊

(ဂ) ဘေးအန္တရာယ်ရှိစွန့်ပစ်ပစ္စည်းများ သယ်ယူပို့ဆောင်မည့်ယာဉ်များတွင် မြန်မာဘာသာ စကားဖြင့်“ဘေးအန္တရာယ်ရှိစွန့်ပစ်ပစ္စည်း” သို့မဟုတ် အင်္ဂလိပ်ဘာသာစကားဖြင့် “HAZARDOUS WASTE” ဟူသော စာတန်းအား ထင်ရှားမြင်သာစွာရေးသားဖော်ပြရမည်။ 

(ဃ) အထက်အပိုဒ်ခွဲ(ခ)နှင့်(ဂ)တို့ပါ ဂုဏ်သတ္တိဆိုင်ရာ အချက်အလက်များ၊ ရုပ်ပုံအမှတ်အသား တံဆိပ်များနှင့် စာတန်းများကို အလွယ်တကူပျောက်ပျက်ခြင်းမရှိစေရန် ဆောင် ရွက်ထားရမည်၊ 

(င) စွန့်ပစ်ပစ္စည်းများ သယ်ယူပို့ဆောင်ရာ လမ်းကြောင်းတစ်လျှောက်တွင် စွန့်ပစ်ပစ္စည်း သယ်ယူ ပို့ဆောင်ခြင်းလုပ်ငန်းလိုင်စင်မိတ္တူ နှင့် စွန့်ပစ်ပစ္စည်းဆိုင်ရာမှတ်တမ်းပုံစံ အပါအဝင် လိုအပ်သော စာရွက်စာတမ်းများကို  တစ်ပါတည်းယူဆောင်လာရမည်၊

(စ) သယ်ယူပို့ဆောင်မည့်ယာဉ်ပေါ်တွင် ရှေးဦးပြုစုခြင်းဆေးအိတ် သို့မဟုတ် ဆေးသေတ္တာ၊ သယ်ယူပို့ဆောင်မည့် စွန့်ပစ်ပစ္စည်း အမျိုးအစားအလိုက် သင့်လျော်သည့် မီးသတ်ပစ္စည်းများ၊ အရေးပေါ်သုံးစွဲနိုင်သည့် အသက်ကယ်အထောက်အကူပြုပစ္စည်းများ၊  ကာကွယ်ရေး ကိရိယာနှင့် ဝတ်စုံများပါရှိရမည့်အပြင် ယာဉ်မောင်းများနှင့် ယာဉ်လုပ်သားများအား ယင်းပစ္စည်းများကို စနစ်တကျဝတ်ဆင်သုံးစွဲတတ်စေရန် လေ့ကျင့်သင်ကြားထားရမည်၊

(ဆ) စွန့်ပစ်ပစ္စည်းများ သယ်ယူပို့ဆောင်နေစဉ် မတော်တဆဖြစ်ပွားမှု လျော့နည်းစေရန်နှင့် ဖြစ်ပွားလာပါက ချက်ချင်းဆောင်ရွက်ရမည့် အချက်များအား ယာဉ်မောင်းများနှင့် ယာဉ်လုပ်သားများကို အသိပေးလမ်းညွှန်မှုများ ပြုလုပ်ထားရမည်၊  

(ဇ) စွန့်ပစ်ပစ္စည်းများ သယ်ယူပို့ဆောင်သည့်ယာဉ်ကို မြို့၊ ရပ်ကွက် နှင့်ကျေးရွာများအတွင်း ရပ်နားခြင်းလုံးဝမပြုလုပ်ရန် နှင့် စက်ကိရိယာချို့ယွင်းမှု ဖြစ်ပေါ်ပါက အဆိုပါယာဉ်ကို အမြန်ဆုံးဖယ်ရှားနိုင်ရေး ဆောင်ရွက်ရမည်၊ 

(ဈ) စွန့်ပစ်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုထုတ်ပေးထားသည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင် ရရှိ ထားရမည့်အပြင် ဗဟိုကြီးကြပ်ရေးအဖွဲ့က ထုတ်ပေးထားသည့် စွန့်ပစ်ပစ္စည်းများ သယ်ယူ ပို့ဆောင်ခြင်းလုပ်ငန်းလိုင်စင်ပါ သတ်မှတ်ထားသော ယာဉ်များဖြင့်သာ အသုံးပြုရမည်၊

(ည) သယ်ယူပို့ဆောင်မည့်ယာဉ်အား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတည်ဆဲ ဥပဒေနှင့်အညီ  ခွင့်ပြုထုတ်ပေးထားသည့် သတ်မှတ်လိုင်စင်ရရှိထားသူကိုသာ မောင်းနှင်ခွင့် ပြုရမည်၊ 

(ဋ) စွန့်ပစ်ပစ္စည်များကို အန္တရာယ် ကင်းရှင်းစွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် လုံလောက် သောကြံခိုင်မှုရှိသည့် ယာဉ်များကိုသာ အသုံးပြုရမည်။

(ဌ) ဂုဏ်သတ္တိမတူသော စွန့်ပစ်ပစ္စည်းများကို အတူတကွ သယ်ဆောင်ခြင်းမပြုရ၊

(ဍ) စွန့်ပစ်ပစ္စည်းအစိုင်အခဲများကို အလုံပိတ်ယာဉ် သို့မဟုတ် အလုံပိတ် ကွန်တိန်နာပါသောယာဉ်တို့ဖြင့် သယ်ယူပို့ဆောင်ရမည်ဖြစ်ပြီး သယ်ယူပို့ဆောင်နေစဉ် မညီညာသောလမ်း မျက်နှာပြင်ကြောင့် တုန်ခါမှုများဖြစ်ပေါ်ပါက ကွန်တိန်နာ အပါအဝင် ထုပ်ပိုးပစ္စည်းများ ဖိတ်စဉ်မှု မရှိစေရန် စီမံဆောင်ရွက်ထားရမည်၊

(ဎ) စွန့်ပစ်ပစ္စည်းအရည်များကို ယင်းတို့၏ဂုဏ်သတ္တိအပေါ်မူတည်၍ ယိုစိမ့်မှု နှင့်ဓာတ်ပြုမှု မရှိသည့် ရွှေ့ပြောင်းနိုင်သော သို့မဟုတ် အသေတပ်ဆင်ထားသော Tank Container ပါ ယာဉ်ဖြင့် သယ်ယူပို့ဆောင်ရမည်၊

(ဏ) မတော်တဆမှုဖြစ်ပွားပါက နည်းဥပဒေများ၊ နည်းဥပဒေ ၆၀ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။ 

(တ) စွန့်ပစ်ပစ္စည်းများအား စွန့်ပစ်ခြင်းပြုလုပ်သည့် လုပ်ငန်းနေရာသို့ သယ်ယူပို့ဆောင်ပါက ယာဉ်သန့်ရှင်းရေးကို အဆိုပါလုပ်ငန်းနေရာ၌ပင် ဆောင်ရွက်ရမည်၊ 

(ထ) စွန့်ပစ်ပစ္စည်းထွက်ရှိစေသူထံမှ ဘေးအန္တရာယ်ရှိစွန့်ပစ်ပစ္စည်းများအပါအဝင် စွန့်ပစ် ပစ္စည်းများအား သယ်ယူပို့ဆောင်သည့်အခါတိုင်း စွန့်ပစ်ပစ္စည်းဆိုင်ရာမှတ်တမ်းပုံစံကို အသုံးပြုရမည့်အပြင် နောက်ဆက်တွဲ(၃)ပါ စွန့်ပစ်ပစ္စည်း ဆိုင်ရာမှတ်တမ်းပုံစံ အသုံးပြု နည်းစဉ်အတိုင်း လိုက်နာဆောင်ရွက်ရမည်။

(ဒ) စွန့်ပစ်ပစ္စည်းဆိုင်ရာမှတ်တမ်းပုံစံကို ငါးနှစ်အထိ ထိန်းသိမ်းထားရမည်၊

(ဓ) ဘေးအန္တရာယ်ရှိစွန့်ပစ်ပစ္စည်းများအပါအဝင် စွန့်ပစ်ပစ္စည်းများအား သယ်ယူ ပို့ဆောင် ခြင်းနှင့်စပ်လျဉ်း၍ နှစ်ပတ်လည်အစီရင်ခံစာကို နှစ်စဉ် ဇန်နဝါရီလ ပထမပတ်အတွင်း နောက်ဆက်တွဲ(၅) ဖြင့် ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ တင်ပြရမည်၊

(န) သက်ဆိုင်ရာစစ်ဆေးရေးအဖွဲ့များ နည်းဥပဒေများ ၊ နည်းဥပဒေ ၄၈ အရ လာရောက် စစ်ဆေးပါက ခွင့်ပြုရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၀

စွန့်ပစ်ခြင်းပြုသည့်လုပ်ငန်းလိုင်စင်ရရှိသူသည် -

(က) စွန့်ပစ်ခြင်းပြုသည့်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ရာတွင် တည်ဆဲ ဥပဒေများအရ သတ်မှတ်ထားသည့်စံသတ်မှတချက်၊ လုပ်ထုံးလုပ်နည်းတို့နှင့်အညီ လိုက်နာဆောင်ရွက် ရမည်။

(ခ) လုပ်ငန်းခွင်တွင်လုပ်ကိုင်နေသူများအား ဘေးအန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက် နိုင်ရန်အတွက် မိမိလုပ်ငန်းအစီအစဉ်ဖြင့်ဖြစ်စေ သို့မဟုတ် အခြားအဖွဲ့အစည်း၏ အကူအညီဖြင့်ဖြစ်စေ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ သင်ကြားလေ့ကျင့်ပေးခြင်း၊ သင့်လျော်သည့် ကိုယ်ခန္ဓာကာကွယ်ရေးကိရိယာနှင့် ဝတ်စုံများအခမဲ့ လုံလောက်စွာထုတ်ပေးခြင်း နှင့် ယင်းတို့ကိုဝတ်ဆင်အသုံးပြုစေခြင်းတို့ကို ဆောင်ရွက်ရမည်၊ 

(ဂ) လုပ်ငန်းခွင်၌ စွန့်ပစ်ပစ္စည်းများ ဖိတ်စဉ်ခြင်း၊ ယိုစိမ့်ခြင်း။ မီးလောင်ခြင်းနှင့် ပေါက်ကွဲခြင်းစသည့် မတော်တဆမှုများ မဖြစ်ပွားစ‌ေရန် အသိပညာပေးခြင်း၊ အရေးပေါ် သုံးစွဲနိုင်သည့် အသက်ကယ်အထောက်အကူပစ္စည်းများ၊ မီးဘေးလုံခြုံရေး ပစ္စည်းကိရိယာများ၊ ကိုယ်ခန္ဓာကာကွယ်ရေးကိရိယာနှင့် ဝတ်စုံများ၊ လုံခြုံရေးကိရိယာအမျိုးအစားတို့အား အသုံးပြု နည်းနှင့် ယင်းတို့၏အရေအတွက်၊ သယ်ယူရွှေ့ပြောင်းနိုင်သောလမ်းကြောင်း စသည်တို့ ပါဝင်သော ကြိုတင်ကာကွယ်ရေးစီမံချက်နှင့် အတော်တဆမှုများဖြစ်ပွားပါက ဖြစ်ပွားသည့်

ဧရိယာအတွင်းရှိ လူများအား လှုံဆော်အသိပေးခြင်း၊ Fire Alarm များအား အသံမြည်စေခြင်း၊ မီးသတ်ဆေးဘူး သို့မဟုတ် မီးငြိမ်းသတ်နိုင်သည့်ပစ္စည်းများအား အသုံးပြုခြင်း၊ မီးမကူးစေရန်ဆောင်ရွက်ခြင်း၊ မီးသတ်ဦးစီးဌာနသို့ ဖုန်းဆက်အကြောင်းကြားခြင်း၊ မီးသတ်ယာဉ်များအတွက် အဝင်၊ အထွက်လမ်းများနှင့် ရေအမြဲတမ်းရရှိနိုင်မည့်နေရာများ ဆောင်ရွက်ပေးခြင်း စသည်တို့ပါဝင်သော အရေးပေါ်အခြေအနေတုံ့ပြန်မည့်စီမံချက်တို့ကို ရေးဆွဲ၍ သက်ဆိုင်ရာကြီးကြပ်ရေးအဖွဲ့သို့ တင်ပြထားရမည်၊ 

(ဃ) သယ်ယူပို့ဆောင်သည့်ယာဉ်ပေါ်မှ စွန့်ပစ်ပစ္စည်းများကို သက်ဆိုင်ရာနေရာတွင် ချထားပြီးပါက အဆိုပါယာဉ်ကို သန့်ရှင်းရေးပြုလုပ်နိုင်ရန် သန့်ရှင်းရေးဆောင်ရွက်နိုင်သည့် အထောက်အကူပစ္စည်းများ ထားရှိရမည်၊ 

(င) စွန့်ပစ်ပစ္စည်းများကို လက်ခံရရှိပြီးနောက် စွန့်ပစ်ပစ္စည်းအမျိုးအစားအလိုက် သင့်လျော် သောနည်းပညာဖြင့် ပြုပြင်သန့်စင်ခြင်းကို ရက်ပေါင်း ၆၀ အတွင်း ဆောင်ရွက်ရမည်၊  

(စ) စွန့်ပစ်ခြင်းပြုသည့်လုပ်ငန်းလိုင်စင်၌ ဖော်ပြထားသည့် အညွှန်းကုဒ်နံပါတ်ပါ စွန့်ပစ် ပစ္စည်းများကို သန့်စင်မှုပြုလုပ်ပြီးနောက် ထွက်ရှိလာသည့် အကြွင်းအကျန် (Residue) များကို လိုင်စင်၌ဖော်ပြထားသော စွန့်ပစ်မည့်နည်းစဉ်နှင့်အညီ စွန့်ပစ်ရမည်။

(ဆ) စွန့်ပစ်ပစ္စည်းများကို  မြေဖို့စွန့်ပစ်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းပြုလုပ်ရာတွင် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတ်မှတ်ထားသော စံနှုန်းသတ်မှတ်ချက် များအပြင် သက်ဆိုင်ရာ တည်ဆဲဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်ရမည်၊  

(ဇ) မြေဖို့စွန့်ပစ်ခြင်းပြုလုပ်ရာ၌ ဖြစ်ပေါ်လာနိုင်သည့် ယိုစိမ့်မှုကြောင့် မြေအောက်ရေ ထိခိုက်မှုကို ကာကွယ်နိုင်ရန် နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်များနှင့် ကိုက်ညီသော အောက်ခံအခင်းများဖြစ်သည့်  Landfill Liner များကို စီမံဆောင်ရွက်ထားရမည်၊

(ဈ) မီးရှို့ဖျက်ဆီးခြင်းပြုလုပ်ရာတွင် လေထုထဲသို့ အဆိပ်ဓာတ်ငွေ့များ ပျံ့လွင့်မှုမရှိ စေရေးအတွက် ကာကွယ်ထားသည့် အစီအမံများပါရှိရမည့်အပြင် ထုတ်လွှတ်အခိုးအငွေ့ ၏အရည်အသွေးသည် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး(ထုတ်လွှတ်မှု) လမ်းညွှန်ချက်များပါ စံသတ်မှတ်ချက်များနှင့်ကိုက်ညီရမည်၊

(ည) မြေဖို့စွန့်ပစ်ခြင်း သို့မဟုတ် မီးရှို့ဖျက်ဆီးခြင်းပြုလုပ်ရာတွင် စွန့်ပစ်ပစ္စည်အမျိုးအစား ပေါ်မူတည်၍ ယင်းတို့၏ဂုဏ်သတ္တိများ မတူညီသောကြောင့် စွန့်ပစ်ပစ္စည်းများကို ခွဲခြား ဆောင်ရွက်ရမည်။

(ဋ) ဘေးအန္တရာယ်ရှိစွန့်ပစ်ပစ္စည်းများအပါအဝင် စွန့်ပစ်ပစ္စည်းများနှင့်စပ်လျဉ်း၍ စွန့်ပစ် ပစ္စည်းဆိုင်ရာမှတ်တမ်းပုံစံကို အသုံးပြုရမည့်အပြင် နောက်ဆက်တွဲ(၃)ပါ စွန့်ပစ်ပစ္စည်းဆိုင်ရာ မှတ်တမ်းပုံစံ အသုံးပြုပုံနည်းစဉ်အတိုင်း လိုက်နာဆောင်ရွက်ရမည်။ 

(ဌ) စွန့်ပစ်ပစ္စည်းဆိုင်ရာမှတ်တမ်းပုံစံကို  ငါးနှစ်အထိ ထိန်းသိမ်းထားရမည်၊

(ဍ) စွန့်ပစ်ပစ္စည်းများနှင့်စပ်လျဉ်း၍ နှစ်ပတ်လည်အစီရင်ခံစာကို နှစ်စဉ်ဇန်နဝါရီလ ပထမပတ်အတွင်း နောက်ဆက်တွဲ(၆)ဖြင့် ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ တင်ပြရမည်၊

(ဎ) သက်ဆိုင်ရာစစ်ဆေးရေးအဖွဲ့များ၊ နည်းဥပဒေများ၊ နည်းဥပဒေ ၄၈ အရ လာရောက် စစ်ဆေးပါက ခွင့်ပြုရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၃

ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုလုပ်ငန်းများမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများ၊  ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်းများ၊  ပေါက်ကွဲစေတတ်သော စွန့်ပစ်ပစ္စည်များသည် ဤအမိန့် နှင့်မသက်ဆိုင်စေဘဲ ယင်းစွန့်ပစ်ပစ္စည်းများနှင့်ဆက်စပ်သည့် တည်ဆဲဥပဒေများအရ ဆောင်ရွက်ရမည်။ 

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း