Measures Relating to Multimodal Transport Rules


Domestic Regulations
sr. Rules measures mode remarks
၂ (ဋ)

ဘေးအန္တရာယ် ဖြစ်စေတတ်သောကုန်စည် ဆိုရာတွင် ကုန်စည်များကို ဘက်စုံ ပို့ဆောင်ရာ၌ လုံခြုံစိတ်ချပြီး ဘေးအန္တရာယ်မဖြစ်စေရေးအတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းဥပဒေများအရ ဘေးအန္တရာယ်ဖြစ်စေတတ်သော ကုန်စည်အဖြစ် အောက်ပါအတိုင်း အတန်းအစား ၉ မျိုးဖြင့်ခွဲခြား၍ သတ်မှတ်ထားသော ပစ္စည်းများ ပါဝင်သည် -

(၁) အတန်းအစား ၁ - ပေါက်ကွဲလွယ်၍ ထိခိုက်မှုများနိုင်သောပစ္စည်းများ(Explosives) ၊

(၂) အတန်းအစား ၂ - ဖိအားဖြင့် သွတ်သွင်းထားသော ဓာတ်ငွေ့များ၊ ဓာတ်ငွေ့ကို အရည်အဖြစ် ပြောင်းလဲထားသော ဓာတ်ငွေ့ရည်များ (Gases)၊

(၃) အတန်းအစား ၃ - မီးလောင်လွယ်သော အရည်များ၊ (Flammable Liquids)၊

(၄) အတန်းအစား ၄ - မီးလောင်လွယ်သော ဝတ္ထုပစ္စည်းများ၊ အလိုအလျောက် လောင်ကျွမ်းစေသော အရာဝတ္ထုများ၊ ရေနှင့်ထိတွေ့လျှင်မီးလောင်လွယ်သည့် ဓာတ်ငွေ့ထွက်စေသောအရာဝတ္ထုများ (Flammable Solids; Substances liable to Spontaneous Combustion; Substances, which in Contact with Water, emit Flammable Gas)၊

(၅) အတန်းအစား ၅ - အောက်စီဂျင်နှင့် ဓာတ်ပေါင်းစပ်သည့် ဝတ္ထုပစ္စည်းများနှင့် ဓာတ်တိုးပစ္စည်းနှင့် အော်ဂင်နစ် ပါအောက်ဆိုဒ်အရည်များ [Oxidising Substances and Organic Peroxides (Oxidisers and Organic Peroxides)]၊

(၆) အတန်းအစား ၆ - အဆိပ်အတောက် ဖြစ်စေသော အရာဝတ္ထုများနှင့် ကူးစက် တတ်သော အရာဝတ္ထုများ (Toxic Substances and Infectious Substances)၊

(၇) အတန်းအစား ၇ - ဓာတ်ရောင်ခြည်သင့်စေသော ဝတ္ထုပစ္စည်းများ [Radioactive Material (Radioactive Substances) ]၊

(၈) အတန်းအစား ၈ - သံချေးတတ်စေသည့် သို့မဟုတ် အက်စစ်ကဲ့သို့ စားလောင်စေသည့် ဝတ္ထုပစ္စည်း များ (Corroive Substances)၊

(၉) အတန်းအစား ၉ - ကုလသမဂ္ဂမှ ထောက်ခံသတ်မှတ်ထားသော ဘေးအန္တရာယ် ဖြစ်စေသော အခြားအရာဝတ္ထုပစ္စည်းများ (Miscellaneous Dangerous Substances)။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

ဘက်စုံပို့ဆောင်ရေးလုပ်ငန်းကို ဘက်စုံပို့ဆောင်ရေးဥပဒေနှင့် ဤနည်းဥပဒေများနှင့်အညီ လုပ်ကိုင်လိုသူသည် ကိုယ်တိုင်ဖြစ်စေ၊ အသိအမှတ်ပြု ကိုယ်စားလှယ်ဖြင့်ဖြစ်စေ၊ စာတိုက်မှ မှတ်ပုံတင်၍ဖြစ်စေ အောက်ဖော်ပြပါ သက်ဆိုင်ရာလျှောက်လွှာပုံစံဖြင့် နေပြည်တော်ရှိ မှတ်ပုံတင်ရုံး သို့မဟုတ် မိမိလုပ်ငန်းနှင့် နီးစပ်ရာမှတ်ပုံတင်ရုံးမှတဆင့် ဗဟိုအဖွဲ့သို့ လျှောက်ထားရမည် -

(က) နည်းဥပဒေ ၈ နှင့် ၁၀ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ အဖြစ် မှတ်ပုံတင်ပေးရန် လျှောက်လွှာ ပုံစံ (၁)၊

(ခ) နည်းဥပဒေ ၉ နှင့် ၁၀ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အသိအမှတ်ပြုဘက်စုံ ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူအဖြစ် သို့မဟုတ် အသိအမှတ်ပြုဘက်စုံ ပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်သူ၏ကိုယ်စားလှယ်အဖြစ် မှတ်ပုံတင်ပေးရန် လျှောက်လွှာ ပုံစံ (၂)။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ မှတ်ပုံတင်ထားသော မြန်မာနိုင်ငံသားများ ပါဝင်ဖွဲ့စည်း ထားသည့် မြန်မာကုမ္ပဏီ သို့မဟုတ် ပြည်တွင်းတွင် အမြဲတမ်းနေထိုင်ပြီး နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်ထားသော နိုင်ငံခြားသားများ ပါဝင်ဖွဲ့စည်းထားသည့် နိုင်ငံခြား ကုမ္ပဏီအား ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူအဖြစ် မှတ်ပုံတင်ပေးရန် လျှောက်ထားသူ သည် အောက်ပါလိုအပ်ချက်များနှင့် ကိုက်ညီရမည် -

(က) မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်း သို့မဟုတ် ဗဟိုအဖွဲ့ကခွင့်ပြုသောအသင်း၏ အသင်းသားဖြစ်ရမည်။

(ခ) ကုမ္ပဏီသည် ပေးရန်တာဝန် ကန့်သတ်ထားသည့် အများနှင့်မသက်ဆိုင်သော ကုမ္ပဏီ သို့မဟုတ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီ ဖြစ်ရမည်။

(ဂ) ကုမ္ပဏီ၏ထည့်ဝင်ပြီးမတည်ငွေရင်းသည် အထူးငွေကြေး ထုတ်ယူပိုင်ခွင့်ယူနစ် အနည်း ဆုံး ၈၀,၀၀၀ သော်လည်းကောင်း၊ ထိုအထူးငွေကြေး ထုတ်ယူပိုင်ခွင့်ယူနစ် အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်သည့် ငွေလဲလှယ်နှုန်းနှင့်ညီမျှသော မြန်မာ ကျပ်ငွေသော်လည်းကောင်း၊ ကုမ္ပဏီပိုင်သည့် ထိုအနည်းဆုံး ယူနစ်ပမာဏနှင့်ညီမျှသော တန်ဖိုးထက်မနည်း ငွေချေးသက်သေခံလက်မှတ် သို့မဟုတ် ပစ္စည်းသော်လည်းကောင်း ရှိရမည်။

(ဃ) စာရင်းစစ်၏ အစီရင်ခံစာအရ လွန်ခဲ့သော ၁ နှစ်အတွင်း ဝင်ငွေ (Turn over) သို့မဟုတ် လွန်ခဲ့သော ၃ နှစ် အတွင်း ပျမ်းမျှဝင်ငွေသည် အထူးငွေကြေးထုတ်ယူ ပိုင်ခွင့်ယူနစ် အနည်းဆုံး ၈၀,၀၀၀ သော်လည်းကောင်း၊ ထိုအထူးငွေကြေးထုတ်ယူပိုင်ခွင့် ယူနစ် အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်သည့် ငွေလဲလှယ်နှုန်းနှင့် ညီမျှသော မြန်မာကျပ်ငွေသော်လည်းကောင်း၊ ကုမ္ပဏီပိုင်သည့် ထိုအနည်းဆုံး ယူနစ် ပမာဏနှင့်ညီမျှသော တန်ဖိုးထက်မနည်း ငွေချေးသက်သေခံလက်မှတ် သို့မဟုတ် ပစ္စည်း သော်လည်းကောင်း ရှိရမည်။

(င) ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ၏ ပေးလျော်ရန်တာဝန်အတွက် လုံလောက်သော အာမခံထားရှိပြီး ဖြစ်ရမည်။

(စ) နိုင်ငံတော်တွင် လုပ်ငန်းအဓိကတည်ရှိရာနေရာ ရှိရမည်ဖြစ်ပြီး ဘက်စုံ ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ရေးအတွက် ပြည်ပတွင် မိမိကုမ္ပဏီ၏ ရုံးခွဲ သို့မဟုတ် ကိုယ်စားလှယ် ရုံးခွဲ ရှိရမည်။

(ဆ) ဘက်စုံပို့ဆောင်ရေးလုပ်ငန်းကို ပိုင်နိုင်ကျွမ်းကျင်စွာလုပ်ကိုင်နိုင်သည့် ဝန်ထမ်းများ ရှိရမည်။ ထိုဝန်ထမ်းများသည် ကုလသမဂ္ဂအာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် ( United Nations Economic and Social Commission for Asia and the Pacific - UNESCAP) က သော်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းချုပ် (International Federation of Freight Forwarders Associations - FIATA ) က သော်လည်းကောင်း အသိအမှတ်ပြု လက်မှတ်ရရှိထားသူ သို့မဟုတ် မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ( Myanmar International Freight Forwarders Associations - MIFFA ) က အသိအမှတ်ပြု လက်မှတ်ရရှိထားသူ ဖြစ်ရမည်။

(ဇ) ထောင်ဒဏ် ၃ နှစ်နှင့် အထက် ပြစ်ဒဏ်ပေးနိုင်သည့် ကြီးလေးသော ပြစ်မှုဖြင့် သော်လည်းကောင်း၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာဥပဒေနှင့် အလုပ်သမားရေးရာ ဥပဒေတစ်ရပ်ရပ်အရဖြင့်သော်လည်းကောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီးသူ မဖြစ်စေရ။

(ဈ) ကုန်စည်ပို့ဆောင်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကိုဖောက်ဖျက်ပြီး ဘက်စုံပို့ ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူက လိုက်နာရမည့်တာဝန်များကိုရှောင်လွှဲ၍ ကျင့်သုံး ဆောင်ရွက်ခဲ့ဖူးသူ သို့မဟုတ် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းတွင် နာမည်ပျက်စာရင်းတွင် ထည့်သွင်း ခံရသူ မဖြစ်စေရ။

(ည) မြန်မာနိုင်ငံလူမွဲခံယူခြင်းအက်ဥပဒေ (The Myanmar Insolvency Act ) သို့မဟုတ် ရန်ကုန်လူမွဲအဖြစ်ခံယူခြင်း အက်ဥပဒေ (Yangon Insolvency Act ) အရ ကြွေးမြီ မပေးဆပ်နိုင်သဖြင့် လူမွဲ အဖြစ် ကြေညာခြင်းခံထားရသူ မဖြစ်စေရ။

(ဋ) ဘက်စုံပို့ဆောင်ရာတွင် ဆုံးရှုံးမှု၊ ပျက်စီးမှုနှင့် နှောင့်နှေးကြန့်ကြာမှုတို့အတွက် ဘက်စုံပို့ဆောင်ရေးဥပဒေနှင့် ဤနည်းဥပဒေများပါ ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင် သူ၏ တာဝန်နှင့်ပေးရန် တာဝန်ရှိမှုများနှင့် ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ၏ တာဝန် နှင့် ပေးရန်တာဝန်ရှိမှု ကန့်သတ်ချက်များကို အထောက်အထားပြု၍ ပေးလျော် ရန်တာဝန်ရှိပါက ကုမ္ပဏီပိုင်ငွေကြေး၊ ပစ္စည်း သို့မဟုတ် ငွေချေးသက်သေခံလက်မှတ် များဖြင့် ပေးလျော်ပါမည်ဖြစ်ကြောင်း ငွေကြေးနှင့်ပစ္စည်းစာရင်းဖော်ပြ၍ မှတ်ပုံတင် အရာရှိထံတွင် အသိသက်သေ ၂ ဦး ရှေ့၌ ခံဝန်ချုပ် ချုပ်ဆိုရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

အသိအမှတ်ပြု ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ သို့မဟုတ် အသိအမှတ်ပြု ဘက်စုံ ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ၏ ကိုယ်စားလှယ်အဖြစ် မှတ်ပုံတင်ပေးရန် လျှောက်ထားလိုသူသည် အောက်ပါလိုအပ်ချက်များနှင့် ကိုက်ညီရမည် -

(က) နိုင်ငံတော်က အသိအမှတ်ပြုထားသည့် ပြည်ပနိုင်ငံတွင် ယင်းနိုင်ငံ၏ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် ပေးရန်တာဝန်ကန့်သတ်ထားသော ကုမ္ပဏီအဖြစ် သတ်မှတ်ထားသည့် အများနှင့်မသက်ဆိုင်သော ကုမ္ပဏီ သို့မဟုတ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ ဖြစ်ရမည်။

(ခ) နည်းဥပဒေခွဲ (က) အရ နိုင်ငံတော်၌ နိုင်ငံခြားကုမ္ပဏီအဖြစ် မှတ်ပုံတင်လက်မှတ် မရရှိ သေးပါက လျှောက်ထားသူ၏ နိုင်ငံခြားကုမ္ပဏီကို မှတ်ပုံတင်ခွင့်ပြုရန် မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေနှင့်အညီ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန လက်အောက်ရှိကုမ္ပဏီများ မှတ်ပုံတင်ရုံး၏ ခွင့်ပြုချက်ရရှိရန် လျှောက်ထားရ မည်။ ထိုသို့လျှောက်ထားရာတွင် အနည်းဆုံးရှိရမည့် အထူးငွေကြေးထုတ်ယူပိုင်ခွင့် ယူနစ်နှင့် စပ်လျဉ်း၍ အထောက်အထား စာရွက်စာတမ်းများကို ပူးတွဲ တင်ပြရမည်။

(ဂ) မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ နိုင်ငံခြားကုမ္ပဏီအဖြစ် မှတ်ပုံတင်ပြီး နိုင်ငံ တော်တွင် ထိုနိုင်ငံခြားကုမ္ပဏီ၏ရုံးခွဲ (Branch Office) သို့မဟုတ် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားရှိပြီးဖြစ်ရ မည်။ ထိုသို့ ကုမ္ပဏီကို မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်ပါက ကုမ္ပဏီ၏ မှတ်ပုံတင်လက်မှတ်မိတ္တူကို ပူးတွဲ တင်ပြရမည်။

(ဃ) နည်းဥပဒေခွဲ(ခ) အရ နိုင်ငံခြားကုမ္ပဏီအဖြစ် မှတ်ပုံတင်လက်မှတ် လျှောက်ထားဆဲ ဖြစ်ပါက ထိုလျှောက်ထားသည့် လျှောက်လွှာနှင့်အတူ ပူးတွဲပါစာရွက် စာတမ်းများ၏ မိတ္တူကို ပူးတွဲပြီး သက်ဆိုင်ရာမှတ်ပုံတင်ရုံးသို့ ကြိုတင်၍လျှောက် ထားနိုင်သည်။ ထိုသို့လျှောက်ထားပြီးနောက် ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ အဖြစ် မှတ်ပုံတင်လက်မှတ်ရရှိရေးအတွက် ကုမ္ပဏီ၏ မှတ်ပုံတင်လက်မှတ် မိတ္တူကို ပူးတွဲ တင်ပြရမည်။

(င) နိုင်ငံတော်က အသိအမှတ်ပြုထားသော ပြည်ပနိုင်ငံတွင် မှတ်ပုံတင်လက်မှတ်ရရှိ ထားသူ သို့မဟုတ် ၎င်း၏ကိုယ်စားလှယ်က လျှောက်ထားခြင်းဖြစ်လျှင် ပြည်ပတွင် ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူအဖြစ် မှတ်ပုံတင်ထားသည့် လက်မှတ်မိတ္တူကို ပူးတွဲ တင်ပြရမည်။

(စ) ပြည်ပနိုင်ငံ၏ ကုမ္ပဏီစာရင်းစစ်၏ အစီရင်ခံစာအရ လွန်ခဲ့သော ၁ နှစ် အတွင်း ဝင်ငွေ သို့မဟုတ် လွန်ခဲ့သော ၃ နှစ် အတွင်း ပျှမ်းမျှဝင်ငွေသည် အထူးငွေကြေး ထုတ်ယူပိုင်ခွင့် ယူနစ်အနည်းဆုံး ၈၀,၀၀၀ ရှိရမည်။ ထို့ပြင် ယင်းစာရင်းစစ်က အတည်ပြုလက်မှတ် ထိုးထားသည့် လွန်ခဲ့သောနှစ်အတွင်း ကုမ္ပဏီ၏ဝင်ငွေစာရင်းနှင့် လက်ကျန်ရှင်းတမ်းကို သက်ဆိုင်ရာပြည်ပနိုင်ငံ၏ ဘက်စုံပို့ဆောင်ရေး အာဏာပိုင်က မှန်ကန်ကြောင်း သက်သေခံလက်မှတ်ရေးထိုးထားပြီး မြန်မာနိုင်ငံသံရုံးက ထပ်ဆင့် ထောက်ခံချက်လက်မှတ်ရေး ထိုးထားသော အထောက်အထားမိတ္တူ ပူးတွဲတင်ပြရမည်။

(ဆ) နည်းဥပဒေ ၈၊ နည်းဥပဒေခွဲ (ဂ)၊ (ဃ)၊ (င)၊ (ဆ)၊(ဇ)၊ (ဈ) (ည) နှင့် (ဋ) တို့ပါ လိုအပ်ချက်များ ပြည့်စုံရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၀

နည်းဥပဒေ ၆ နှင့် နည်းဥပဒေ ၇၊ နည်းဥပဒေခွဲ (က) တို့အရ လျှောက်ထားရာတွင် -

(က) နည်းဥပဒေ ၈ သို့မဟုတ် ၉ အရ လိုအပ်သော အချက်အလက် အထောက်အထားများကို ပူးတွဲ တင်ရမည်။

(ခ) ပဋိညာဉ်အရဖြစ်စေ၊ ပဋိညာဉ်မှ ဆင့်ပွားပေါ်ပေါက်လာသော အခြားတာဝန် တစ်ရပ်ရပ်အတွက်ဖြစ်စေ လျှောက်ထားသူက ပေးလျှော်ရမည့်တာဝန်အတွက် အထူး ငွေကြေးထုတ်ယူပိုင်ခွင့်ယူနစ်အနည်းဆုံး ၈၀,၀၀၀ သော်လည်းကောင်း၊ ထိုအထူးငွေကြေး ထုတ်ယူပိုင်ခွင့်ယူနစ်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်သည့် ငွေလဲလှယ် နှုန်းနှင့်ညီမျှသော မြန်မာကျပ်ငွေသော်လည်းကောင်း၊ ကုမ္ပဏီပိုင်သည့် ထိုအနည်းဆုံး ယူနစ်ပမာဏနှင့်ညီမျှသော တန်ဖိုးထက်မနည်း ငွေချေးသက်သေခံ လက်မှတ် သို့မဟုတ် ပစ္စည်းသော်လည်းကောင်းရှိကြောင်း လုံလောက်သော အာမခံအထောက်အထားများကို တင်ပြရမည်။ ထိုအထောက်အထားများမှာ ကုမ္ပဏီ၏ထည့်ဝင်ပြီးမတည်ငွေရင်း အထောက်အထားနှင့် ကုမ္ပဏီ၏ဘဏ်ငွေစာရင်းရှိ လက်ကျန်ငွေကြေးပမာဏ အထောက် အထားဖြင့် လည်းကောင်း၊ ကုမ္ပဏီနှင့် အစုရှယ်ယာဝင်များပိုင်ဆိုင်သည့် ရွှေ့ပြောင်းနိုင် သောပစ္စည်းနှင့် မရွှေ့မပြောင်းနိုင်သောပစ္စည်း ပိုင်ဆိုင်ခွင့် စာချုပ်စာတမ်းများဖြင့် လည်းကောင်း၊ ဝန်ကြီးဌာနက သီးခြားအမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ထား သည့်အခြား အထောက်အထားများဖြင့်လည်းကောင်းတင်ပြပြီး အာမခံထားရမည်။

(ဂ) နောက်ဆက်တွဲ (က) ဖြင့် သတ်မှတ်ထားသော မှတ်ပုံတင်ပေးရန် လျှောက်လွှာ ခကို သက်ဆိုင်ရာ မှတ်ပုံတင်ရုံးသို့ ပေးသွင်းပြီးဖြစ်ကြောင်း ငွေသွင်းချလံ သို့မဟုတ် ငွေပေးသွင်း ရန် မျဉ်းသားချက် လက်မှတ် ပူးတွဲပါရှိရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၃

မှတ်ပုံတင်ခွင့်ပြုကြောင်းနှင့် မှတ်ပုံတင်ရန် အကြောင်းကြားခြင်းခံရသည့် လျှောက်ထားသူ သည် သက်ဆိုင်ရာမှတ်ပုံတင်ရုံး၏ ငွေစာရင်းသို့ နောက်ဆက်တွဲ (က) ဖြင့် သတ်မှတ် ထားသော မှတ်ပုံတင်ကြေးကို အောက်ပါအတိုင်း ပေးသွင်းရမည် -

(က) မြန်မာကုမ္ပဏီအတွက် ကျပ်ငွေဖြင့် ပေးသွင်းရမည်။

(ခ) နိုင်ငံတော်တွင် တည်ထောင်သည့် နိုင်ငံခြားကုမ္ပဏီအတွက် နိုင်ငံခြားငွေဖြင့် ပေးသွင်းရမည်။

(ဂ) နည်းဥပဒေ ၉ နှင့်အညီ လျှောက်ထား၍ ဤနည်းဥပဒေအရ မှတ်ပုံတင်ခွင့်ပြုသော ပြည်ပနိုင်ငံတွင် မှတ်ပုံတင်ထားသည့် အသိအမှတ်ပြု ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ သို့မဟုတ် အသိအမှတ်ပြု ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ၏ ကိုယ်စားလှယ်အတွက် သတ်မှတ်ထားသော နိုင်ငံခြား သုံးငွေဖြင့် ပေးသွင်းရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၆

မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သူသည် -

(က) မှတ်ပုံတင်လက်မှတ် သက်တမ်းကုန်ဆုံးသည့်အခါ ဘက်စုံပို့ဆောင်ရေးလုပ်ငန်း ကို ဆက်လက်လုပ်ကိုင်ဆောင်ရွက်လိုပါက သက်တမ်းမကုန်ဆုံးမီ အနည်းဆုံး ရက်ပေါင်း ၆၀ ကြိုတင်၍ သက်ဆိုင်ရာမှတ်ပုံတင်ရုံးသို့ ကိုယ်တိုင်ဖြစ်စေ၊ အခွင့်ရ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ၊ စာတိုက်မှ မှတ်ပုံတင်၍ဖြစ်စေ နည်းဥပဒေ ၈ သို့မဟုတ် ၉ နှင့် ၁၀ တို့အရ လိုအပ်သော အချက်အလက်နှင့် အထောက်အထားများ ပူးတွဲ၍ သက်တမ်းတိုးမြှင့်ပေးရန် လျှောက်လွှာပုံစံ (၅) ဖြင့် လျှောက်ထားရမည်။

(ခ) နောက်ဆက်တွဲ (က) ဖြင့် သတ်မှတ်ထားသော မှတ်ပုံတင်လက်မှတ် သက်တမ်း တိုးမြှင့်ပေးရန် လျှောက်လွှာခကို သက်ဆိုင်ရာမှတ်ပုံတင်ရုံး၏ ငွေစာရင်းသို့ပေးသွင်းပြီး ကြောင်း ငွေသွင်းချလံ သို့မဟုတ် ငွေပေးသွင်းရန် ချက်လက်မှတ် ပူးတွဲပါရှိရမည်။

(ဂ) နည်းဥပဒေခွဲ (က) နှင့်အညီ လျှောက်ထားပြီးနောက် မှတ်ပုံတင်ရုံးနှင့် ဗဟို အဖွဲ့တို့က စိစစ်ဆောင်ရွက်ပြီး သက်တမ်းထပ်မံ၍ တိုးမြှင့်ခွင့်မပြုဟူသော အမိန့်မချ မချင်း ဘက်စုံ ပို့ဆောင်ရေးလုပ်ငန်း ကို ဆက်လက်ဆောင်ရွက်ပိုင်ခွင့်ရှိသည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၉

မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ပေးရန် အကြောင်းကြားခြင်းခံရသူသည် နောက်ဆက် တွဲ (က) ဖြင့် သတ်မှတ်ထားသည့် မှတ်ပုံတင်သက်တမ်းတိုးမြှင့်ခကို နည်းဥပဒေ ၁၃ တွင် ပြဋ္ဌာန်း ထားသည့်အတိုင်း ပေးသွင်းရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၁

မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သူသည် မိမိကိုင်ဆောင်ထားသော မှတ်ပုံတင် လက်မှတ်မှာ ပျက်စီးယိုယွင်းခြင်း သို့မဟုတ် ပျောက်ဆုံးခြင်းဖြစ်ပါက မှန်ကန်ကြောင်း သက်သေခံလက်မှတ် ရေးထိုး ထားသော မှတ်ပုံတင်လက်မှတ် မိတ္တူထုတ်ပေးရန် ထိုသို့ဖြစ်ပွားသည့်နေ့မှ ရက် ၃၀ အတွင်း အောက်ဖော်ပြပါ အထောက်အထားပူးတွဲ၍ သက်ဆိုင်ရာ မှတ်ပုံတင်ရုံးသို့ လျှောက်ထား ရမည် -

(က) မှတ်ပုံတင်လက်မှတ်တစ်ခုလုံး သို့မဟုတ် အရေးကြီးသည့်အစိတ်အပိုင်း ပျက်စီး ယိုယွင်းခြင်းဖြစ်ပါက မည်သည့်နေ့ရက်တွင် မည့်သည့်အကြောင်းကြောင့် ပျက်စီး ယိုယွင်းခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာတရားရုံးတွင် ပြုလုပ်သည့်ကျမ်းကျိန်လွှာ၊

(ခ) ပျောက်ဆုံးသွားခြင်းဖြစ်ပါက မည်သည့်နေ့ရက်တွင် မည်သို့ပျောက်ဆုံးသွား ကြောင်းကို သက်ဆိုင်ရာရဲစခန်း၏ နေ့စဉ်အရပ်ရပ်မှတ်တမ်းတွင် ဖော်ပြထားကြောင်း ထောက်ခံချက်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၀ ၂၅

နည်းဥပဒေ ၂၄ အရ စုံစမ်းစစ်ဆေးရန် ဆင့်ဆိုခြင်းနှင့် သက်သေခံစာရွက်စာတမ်း အထောက် အထားများအားတင်ပြစေရန် အမိန့်ထုတ်ဆင့်ခြင်း ခံရသူတို့သည် -

(က) မှတ်ပုံတင်အရာရှိနှင့် တာဝန်ပေးအပ်ခြင်းခံရသည့် အခွင့်ရအရာရှိတို့က ဆင့်ဆို သည့် နေ့ရက်၊ အချိန်တွင် ဆင့်ဆိုသည့်နေရာသို့ မပျက်မကွက် သွားရောက်ရမည်။

(ခ) ထိုမှတ်ပုံတင်အရာရှိနှင့် အခွင့်ရအရာရှိများက ညွှန်ကြားသည့်အတိုင်း လိုက်နာ ဆောင်ရွက်ပြီး စစ်ဆေးမှုအတွက် လိုအပ်သည့် အကူအညီများပေးရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁ ၂၇

နည်းဥပဒေ ၂၆ အရ သတ်မှတ်ထားသောလုပ်ငန်းတစ်ခုခုကို လုပ်ကိုင်လိုသူသည် ကိုယ်တိုင်ဖြစ်စေ၊ အသိအမှတ်ပြု ကိုယ်စားလှယ်ဖြင့်ဖြစ်စေ၊ စာတိုက်မှမှတ်ပုံတင်၍ ဖြစ်စေ လုပ်ငန်းလိုင်စင် သို့မဟုတ် ခွင့်ပြုချက်ရရှိရန် သက်ဆိုင်ရာလျှောက်လွှာပုံစံဖြင့် နေပြည်တော်ရှိ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှတဆင့် ဗဟိုအဖွဲ့သို့ လျှောက်ထားရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၂ ၂၉

ကုန်စည်များကိုပို့ဆောင်ရန် ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူက လက်ခံ တာဝန်ယူသည့်အခါ ထိုသူက ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံ အထောက်အထားလက်မှတ်မှာ လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းဖြစ်သည် သို့မဟုတ် လွှဲပြောင်းခြင်းမပြုနိုင်သော စာချုပ်စာတမ်းဖြစ်သည်ကို ကုန်စည်အပ်နှံသူက ရွေးချယ် လက်ခံသည့်အတိုင်းဖော်ပြ၍ ဘက်စုံပို့ဆောင်ရေးကုန်စည် တင်ဆောင်သည့် သက်သေခံ အထောက်အထားလက်မှတ် မူရင်းသုံးစောင်ကို ကုန်စည်အပ်နှံသူအား ထုတ်ပေးရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၃ ၃၀

ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် -

(က) ကုန်စည်ကိုလက်ခံကာ တာဝန်ယူ၍ ဘက်စုံပို့ဆောင်ရေးအတွက် ဝန်ဆောင်ခ အပါအဝင် ကုန်စည်သယ်ယူပို့ဆောင်ခရယူပြီး ကုန်စည်အပ်နှံသူနှင့် ပဋိညာဉ်စာချုပ်ကို ချုပ်ဆို ရမည်။

(ခ) ဘက်စုံပို့ဆောင်ရေးလုပ်ငန်းအတွက် လုံလောက်သည့် အာမခံထားပြီးဖြစ်ရမည်။ ထိုသို့ ပိုမိုထိရောက်စေရန် အာမခံထားပြီးလျှင် နည်းဥပဒေခွဲ (က) အရ ကုန်စည်ကို တာဝန်ယူပို့ဆောင်ရေးအတွက် လက်ခံ၍ စာချုပ်ချုပ်ဆိုပြီးနောက် ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထားလက်မှတ်ကို ကုန်စည်အပ်နှံသူ အား မူရင်းသုံးစောင် ထုတ်ပေးရမည်။

(ဂ) နည်းဥပဒေခွဲ (ခ) အရ ထုတ်ပေးရာတွင် ကုန်စည်အပ်နှံသူ၏ဆန္ဒအတိုင်း လွှဲပြောင်းနိုင်သော ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံ အထောက်အထားလက်မှတ်အဖြစ်သော်လည်းကောင်း၊ လွှဲပြောင်းခြင်းမပြုနိုင်သော ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထားလက်မှတ် အဖြစ်သော်လည်း ကောင်းပြုလုပ်၍ ထုတ်ပေးရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၄ ၃၁

ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူသည် နည်းဥပဒေ ၃၀၊ နည်းဥပဒေခွဲ (ခ) နှင့် (ဂ) တို့အရ ထုတ်ပေးသည့် ဘက်စုံပို့ဆောင်ရေးကုန်စည်တင်ဆောင်သည့် သက်သေခံ အထောက်အထားလက်မှတ်တွင် ကိုယ်တိုင်ဖြစ်စေ၊ ၎င်း၏ အခွင့်အာဏာရပုဂ္ဂိုလ် တစ်ဦးကဖြစ်စေ လက်မှတ်ရေးထိုးရမည်။ ထိုသို့ရေးထိုးသည့်လက်မှတ်ကို ဘက်စုံပို့ ဆောင်ရေးကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထားလက်မှတ်တွင် လက်မှတ်ရေးထိုးထားသည့် စာဖြင့်ဖြစ်စေ၊ အီလက် ထရောနစ်နည်းဖြင့်ဖြစ်စေ၊ တံဆိပ် သို့မဟုတ် အခြားအမှတ်အသား တစ်ခုခုဖြင့်ဖြစ်စေ ပြုလုပ်နိုင်သည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၅ ၃၂

ပဋိညာဉ်နှင့် ဘက်စုံပို့ဆောင်ရေးကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထား လက်မှတ်တို့ပါ အချက်များသည် -

(က) ဘက်စုံပို့ဆောင်ရေးဥပဒေနှင့် ဤနည်းဥပဒေများပါ ပြဋ္ဌာန်းသတ်မှတ်ချက်များကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိခိုက်စေခြင်းမရှိစေရ။

(ခ) ဘက်စုံပို့ဆောင်ရေးဥပဒေ၊ ပုဒ်မ ၂၆ မှ ပုဒ်မ ၃၂ အထိ ပြဋ္ဌာန်းသတ်မှတ်ထားသော ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူ၏ တာဝန်များ၊ ပေးရန်တာဝန်များနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်း သတ်မှတ်ချက်များနှင့် ဆန့်ကျင်ကွဲလွဲသည့်အပြင် ကုန်စည်အပ်နှံသူကိုဖြစ်စေ၊ ကုန်စည်လက်ခံသူကိုဖြစ်စေ ထိခိုက်နစ်နာစေပါက ပျက်ပြယ်စေရမည့်အပြင် အကျိုး သက်ရောက်စေရန် တင်ပြခွင့်မရှိစေရ။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၆ ၃၄

(က) ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် ဘက်စုံပို့ဆောင်ရေးဥပဒေ ပုဒ်မ ၁၃ ၌ ပါရှိသော အချက်အလက်အပြည့်အစုံကို ဘက်စုံပို့ဆောင်ရေးကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထားလက်မှတ်တွင် ရှင်းလင်းပီသစွာ ရေးသားဖော်ပြရမည်။

(ခ) ဘက်စုံပို့ဆောင်ရေးဥပဒေ ပုဒ်မ ၁၃ ၌ ပါရှိသော အချက်အလက်တစ်ရပ်ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ဘက်စုံပို့ဆောင်ရေးကုန်စည်တင်ဆောင်သည့် သက်သေခံ အထောက် အထားလက်မှတ်တွင် မပါရှိသော်လည်း ထိုဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ) ၌ အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတိုင်း ဘက်စုံပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူက ကုန်စည် များကို ပဋိညာဉ်ပါစည်းကမ်းချက်များနှင့်အညီ ကုန်စည်များကို တာဝန်ယူလက်ခံ၍ ဘက်စုံ ပို့ဆောင်ရေးနည်းလမ်းဖြင့် လွှဲပြောင်းပေးပို့ရန် တာဝန်ယူကြောင်းပါရှိလျှင် ထိုဘက်စုံ ပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထား လက်မှတ်၏ တရားဝင်မှုကို ထိခိုက်ခြင်းမရှိစေရ။

(ဂ) ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူက လက်ခံတာဝန်ယူခဲ့သည့် ကုန်စည်များ နှင့်စပ်လျဉ်း၍ ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက် အထားလက်မှတ်ပေါ်တွင် ပုံနှိပ်ထားသော သို့မဟုတ် ထပ်၍ရိုက်နှိပ်ထားသော ကုန် အလေးချိန်၊ ဝန်နှင့် ရေတွက်ပုံ၊ ကုန်စည်တင်သူ ထည့်သွင်းသည့် ကုန်သေတ္တာ သို့မဟုတ် အခြားအလားတူ စကားရပ်များကဲ့သို့သော ဖော်ပြချက်များသည် ဆန့်ကျင်ကွဲလွဲမှု မရှိပါက အဆိုပါဘက်စုံပို့ဆောင်ရေးကုန်စည်တင်ဆောင်သည့် သက်သေခံ အထောက် အထားလက်မှတ်သည် မြင်သာသော သက်သေခံအထောက်အထား ဖြစ်စေရမည်။

(ဃ) ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထား လက်မှတ်ကို ကုန်စည်လက်ခံသူသို့ လွှဲပြောင်းပေး၍ဖြစ်စေ၊ အလားတူ အီလက်ထရောနစ် အချက်အလက်ဖြင့် အပြန်အလှန်ပို့လွှတ်၍ဖြစ်စေ ပေးပို့သည်ကို ကုန်စည်လက်ခံသူက သဘောရိုးဖြင့် လက်ခံရရှိပြီးဖြစ်ကြောင်း အသိအမှတ်ပြုပြီးဖြစ်လျှင် ထိုကုန်စည် တင်ဆောင်သည့် သက်သေခံအထောက်အထားလက်မှတ်နှင့် စပ်လျဉ်း၍ ဆန့်ကျင် ကွဲလွဲ၍ တင်ပြသည့်သက်သေခံချက်များကို လက်ခံခြင်းမပြုရ။

(င) ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထား လက်မှတ်ကို ထုတ်ပေးပြီးသည့်အခါ ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူနှင့် ကုန်စည် အပ်နှံသူ တို့သည် ထိုသက်သေခံ အထောက်အထားလက်မှတ်တွင် ဖော်ပြထားသည့် ကုန်စည်ကို သယ်ယူပို့ဆောင်ခြင်းနှင့် စပ်လျဉ်းသည့် ကိစ္စအားလုံးကို ထိုသက်သေခံ အထောက်အထားလက်မှတ်တွင်ပါရှိသည့် စည်းကမ်းချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၇ ၃၅

ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် -

(က) ကုန်စည်များကို တာဝန်ယူလက်ခံပြီးနောက် ဘက်စုံပို့ဆောင်ရေးအတွက် ကုန်စည် သယ်ယူပို့ဆောင်သူနှင့်ဖြစ်စေ၊ အခြားပုဂ္ဂိုလ်တစ်ဦးဦးနှင့်ဖြစ်စေ ပဋိညာဉ်ကို ထပ်ဆင့် ချုပ်ဆိုနိုင်သည်။

(ခ) နည်းဥပဒေခွဲ (က) အရ ချုပ်ဆိုရာတွင် -

(၁) မူလကုန်စည်အပ်နှံသူနှင့် ချုပ်ဆိုခဲ့သောပဋိညာဉ်နှင့် ထုတ်ပေးခဲ့သော ဘက်စုံ ပို့ဆောင်ရေးကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထားလက်မှတ်တို့ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို ထိခိုက်စေခြင်းမပြုရ။

(၂) မိမိ၏ တာဝန်နှင့် ပေးရန်တာဝန်များကို ချန်လှပ်ခြင်း သို့မဟုတ် ခြွင်းချက်ပေးခြင်း မပြုရ။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၈ ၄၄

(က)  ကုန်စည်ကို လက်ခံသူအား လွှဲပြောင်းပေးပို့ရန် သတ်မှတ်ထားသည့်နေ့ရက် သို့မဟုတ် လွှဲပြောင်းပေးပို့သင့်သည့် နေ့ရက်မှ ရက်ပေါင်း ၉၀ ကျော်လွန်သွားသည့်တိုင် လွှဲပြောင်း ပေးပို့နိုင်ခြင်း မရှိလျှင် ထိုကုန်စည်မှာ လုံးဝပျောက်ဆုံးသည်ဟု မှတ်ယူရမည်။

(ခ) ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် လုံးဝပျောက်ဆုံးသော ကုန်စည်နှင့် စပ်လျဉ်း၍ ဘက်စုံပို့ဆောင်ရေးဥပဒေ ပုဒ်မ ၂၂ နှင့် ပုဒ်မ ၂၃ တို့ပါ ကင်းလွတ်ချက် တစ်ရပ်ရပ်အရ ပေးလျော်ရန် တာဝန်မရှိကြောင်း သက်သေခံထင်ရှားမပြသနိုင်လျှင် ထိုပျောက်ဆုံးမှုအတွက် နစ်နာကြေးကို ဤနည်းဥပဒေများနှင့်အညီ ပေးလျော်ရန် တာဝန်ရှိစေရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၉ ၄၅

ကုန်စည်ကို လွှဲပြောင်းပေးပို့ရာတွင် နှောင့်နှေးကြန့်ကြာမှုကြောင့် ဆုံးရှုံးမှု သို့မဟုတ် နောက်ဆက်တွဲပေါ်ပေါက်လာသည့် ဆုံးရှုံးနစ်နာမှုအတွက် ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ၌ ပေးလျော်ရန်တာဝန်ရှိလျှင် ထိုသူ၏တာဝန်ရှိမှုသည် ကန့်သတ်ချက်အရ ပဋိညာဉ်ပါ ကုန်စည် သယ်ယူပို့ဆောင်ခထက် မပိုစေရ။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၀ ၄၆

ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် ကုန်စည်လွှဲပြောင်းပေးပို့ရာတွင် နှောင့်နှေး ကြန့်ကြာစေရန်ရည်ရွယ်၍ တမင်အလေးမထားဂရုမစိုက်ဘဲ ပြုလုပ်ကြောင်း သို့မဟုတ် နှောင့်နှေးကြန့်ကြာမှုမရှိစေရန် ဆောင်ရွက်ရမည့်ကိစ္စများကို ဆောင်ရွက်ရန် တမင် ပျက်ကွက်ကြောင်း သက်သေထင်ရှားပေါ်ပေါက်လျှင် နည်းဥပဒေ ၄၅ ပါ ပေးလျော်ရန် တာဝန် ကန့်သတ်ချက် အကျိုးကျေးဇူးကို ခံစားခွင့် မရှိစေရ။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၁ ၅၁

ကုန်စည်အပ်နှံသူသည် ဘေးအန္တရာယ်ဖြစ်စေတတ်သော ကုန်စည်ဖြစ်သည့်ကုန်စည်ကို ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူအားဖြစ်စေ၊ ထိုသူ၏ကိုယ်စား ဆောင်ရွက်သူ တစ်ဦးဦးအားဖြစ်စေ လွှဲပြောင်းပေးအပ်သည့်အခါ ကုန်စည်အပ်နှံသူသည် ဘေးအန္တရာယ် ဖြစ်စေတတ်သော ကုန်စည်ဖြစ်သည့် ကုန်စည်၏လက္ခဏာနှင့်လိုအပ်လျှင် ကြိုတင် သတိထား ဆောင်ရွက်ရမည့်အချက်များကို ထိုသူအား အသိပေးအကြောင်းကြားရမည်။ အကယ်၍ ကုန်စည်အပ်နှံသူက ထိုသို့ဆောင်ရွက်ရန်ပျက်ကွက်သည့်ပြင် ဘက်စုံပို့ဆောင် ရေးလုပ်ငန်းလုပ်ကိုင်သူကလည်း လွှဲပြောင်းပေးအပ်သည့်ကုန်စည်မှာ ဘေးအန္တရာယ်ဖြစ်စေနိုင်သော လက္ခဏာရှိကြောင်း အခြားနည်းဖြင့် သိရှိမထားလျှင် -

(က) ထိုကုန်စည်များ ပို့ဆောင်ခြင်းဖြင့် ဖြစ်ပေါ်လာသောဆုံးရှုံးမှုအားလုံးအတွက် ဘက်စုံ ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူအား ကုန်စည်အပ်နှံသူက ပေးရန်တာဝန်ရှိစေရမည်။

(ခ) ဖြစ်ပေါ်လာသော အခြေအနေလိုအပ်ချက်အရ မည်သည့်အချိန်အခါတွင်မဆို လွှဲပြောင်းပေးအပ်ထားသည့် ကုန်စည်များအတွက် လျော်ကြေးပေးရန်မလိုဘဲ ဘေးအန္တရာယ်မဖြစ်စေရန် ယင်းကုန်စည်ကို ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူ သို့မဟုတ် ယင်း၏ ကိုယ်စားဆောင်ရွက်သူက ချထားခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် ပေးအပ်ခြင်း ပြုနိုင်သည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၂ ၅၂

ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူက ၎င်းတာဝန်ယူ ဆောင်ရွက်နေစဉ်အတွင်း ကုန်စည် များ၏ ဘေးအန္တရာယ်ရှိသည့် လက္ခဏာကို သိရှိထားပြီးဖြစ်လျှင် မည်သူမျှ နည်းဥပဒေ ၅၁ ပါ ပြဋ္ဌာန်းချက်များကို မှီငြမ်းကိုးကား၍ ဆောင်ရွက်ခြင်းမပြုနိုင်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၃ ၅၄

နည်းဥပဒေ ၄၉၊ ၅၀၊ ၅၁၊ ၅၂ နှင့် ၅၃ တို့တွင် ရည်ညွှန်းထားသည့် အချက်များမှာ တိကျ မှန်ကန်ခြင်းမရှိမှု သို့မဟုတ် မလုံလောက်မှုတစ်ခုခုကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှု တစ်ရပ်ရပ် အတွက် ကုန်စည်အပ်နှံသူသည် ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူအား နစ်နာကြေးပေး ရန် တာဝန်ရှိသည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၄ ၅၅

ကုန်စည်အပ်နှံသူသည် ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံ အထောက်အထားလက်မှတ်ကို ၎င်းက လွှဲပြောင်းပေးပြီးသည့်တိုင် ပေးရန်တာဝန်ရှိမှုသည် ဆက်လက်၍ တည်ရှိစေရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၅ ၅၆

နည်းဥပဒေ ၅၄ နှင့် ၅၅ တို့ပါ ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ၏ နစ်နာကြေးဆိုင်ရာ အခွင့်အရေးကို ကုန်စည်အပ်နှံသူမှအပ အခြားပုဂ္ဂိုလ်တစ်ဦးဦးသို့ ပဋိညာဉ်အရ ဘက်စုံ ပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်သူ၏ ပေးရန်တာဝန်ရှိမှုအား ကန့်သတ်ခြင်းမရှိစေရ။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၆ ၅၇

ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် ၎င်း၏ဘက်စုံပို့ဆောင်ရေးလုပ်ငန်း ဆောင် ရွက်ချက်အစီရင်ခံစာကို အစီရင်ခံသည့်ကာလအတွင်း အောက်ပါအချက်အလက်များ ဖော်ပြပြီး ၄လ တစ်ကြိမ်ဖြစ်စေ၊ ဗဟိုအဖွဲ့နှင့် မှတ်ပုံတင်အရာရှိတို့က အခါအား လျော်စွာ ညွှန်ကြားသည့်ကာလ တွင်ဖြစ်စေ သက်ဆိုင်ရာ မှတ်ပုံတင်ရုံးသို့ အစီရင်ခံရမည် -

(က) ချုပ်ဆိုခဲ့သည့် ပဋိညာဉ်များ၊

(ခ) ထုတ်ပေးခဲ့သည့် ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံ အထောက်အထား လက်မှတ်များ၊

(ဂ) ပို့ဆောင်သည့် ကုန်စည်များနှင့် ဘက်စုံပို့ဆောင်သည့် နည်းလမ်းများနှင့်ခရီးစဉ်၊

(ဃ) သယ်ယူပို့ဆောင်သူ၊ ကုန်စည်အပ်နှံသူနှင့် ကုန်စည်လက်ခံသူတို့၏ အမည်နှင့် နေရပ်လိပ်စာများ၊

(င) ဘက်စုံပို့ဆောင်ရေးဥပဒေနှင့် ဤနည်းဥပဒေများအရ ဘက်စုံပို့ဆောင်ရေးလုပ်ငန်း နှင့် စပ်လျဉ်း၍ လိုက်နာ ဆောင်ရွက်ခဲ့သည့်တာဝန်များ၊

(စ) ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူအား တောင်းဆိုသည့်ပေးရန်တာဝန်များနှင့် ပေးလျော်ရသည်များ (ရှိလျှင်)၊

(ဆ) ကုန်စည်အပ်နှံသူ၏ တာဝန်ပျက်ကွက်မှုနှင့် ပေးရန်တာဝန်များ (ရှိလျှင်)၊

(ဇ) ကုန်စည်လက်ခံသူ၏ တာဝန်ပျက်ကွက်မှု (ရှိလျှင်)၊

(ဈ) ပေးလျော်ရန်တာဝန်အတွက် အထူးငွေကြေးထုတ်ယူပိုင်ခွင့်ယူနစ် ၈၀,၀၀၀ ထက်မနည်း ရှိသည့် အာမခံအထောက်အထားများ၊ (ထိုသတ်မှတ်ယူနစ် ပမာဏထက် လျော့နည်းသွားပါက ပြည့်မီရန်ဖြည့်ဆည်း၍ ထပ်မံတင်ပြသည့်အာမခံအထောက်အထား များ၊ ထိုသို့ဖြည့်ဆည်း၍ အာမခံအထောက်အထား မတင်ပြနိုင်လျှင် မတင်ပြနိုင်သည့် အကျိုးအကြောင်း နှင့် အခြေအနေများ)၊

(ည) ဘက်စုံပို့ဆောင်ရေးနှင့် စပ်လျဉ်း၍ အငြင်းပွားမှုများ၊ အနုညာတခုံသမာဓိရုံးနှင့် တရားရုံး တို့တွင် ဖြေရှင်းရမှုများ (ရှိလျှင်)၊

(ဋ) ဗဟိုအဖွဲ့၏ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်များနှင့် လိုက်နာဆောင်ရွက်မှုများ (ရှိလျှင်)၊

(ဌ) အခြားထူးခြားသည့်အချက်များ (ရှိလျှင်)။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၇ ၅၈

ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် -

(က) မှတ်ပုံတင်လက်မှတ်ကို မိမိ၏ပင်မရုံး၌လည်းကောင်း၊ ပြည်ပနိုင်ငံကုမ္ပဏီ၏ရုံးခွဲ၌ လည်းကောင်း မြင်သာသည့်နေရာ၌ ချိတ်ဆွဲပြသထားရမည်။

(ခ) ဘက်စုံပို့ဆောင်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ လိုအပ်သောရုံးလုပ်ငန်းဆိုင်ရာ စာရွက် စာတမ်းများ၊ မှတ်တမ်းများနှင့် ငွေရေးကြေးရေးဆိုင်ရာ စာရင်းအင်းမှတ်တမ်းများကို မှန်ကန်စွာပြုစုထားရှိရမည်။

(ဂ) မှတ်ပုံတင်အရာရှိကဖြစ်စေ၊ မှတ်ပုံတင်အရာရှိကတာဝန်ပေးသော အခွင့်ရအရာရှိ ကဖြစ်စေ၊ ဘက်စုံပို့ဆောင်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ လာရောက်ကြည့်ရှုစစ်ဆေးမှုကို လက်ခံပြီး တောင်းခံသောစာရွက်စာတမ်းနှင့် စာရင်းအင်းများကိုပြသရမည့်ပြင် စစ်ဆေးမှု အတွက် လိုအပ်သောအကူအညီများ ပေးရမည်။

(ဃ) ပင်မရုံးနေရာလိပ်စာ သို့မဟုတ် ပြည်ပနိုင်ငံကုမ္ပဏီ၏ ရုံးခွဲနေရာလိပ်စာနှင့် ဆက်သွယ်ရန် လိပ်စာပြောင်းလဲမှုရှိလျှင်သော်လည်းကောင်း၊ မှတ်ပုံတင်လက်မှတ်ပါ အချက်အလက် တစ်ရပ်ရပ် ပြောင်းလဲမှု ရှိလျှင်သော်လည်းကောင်း ပြောင်းလဲသည့်နေ့မှ တစ်ပတ်အတွင်း မှတ်ပုံတင်အရာရှိထံ သတင်းပို့ရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၈ ၅၉

မှတ်ပုံတင်လက်မှတ် ထုတ်ပေးရာတွင်လည်းကောင်း၊ မှတ်ပုံတင်သက်တမ်းတိုးမြှင့်ပေး သည့်အခါတွင်လည်းကောင်း ဘက်စုံပို့ဆောင်ရေးဥပဒေနှင့် နည်းဥပဒေများပါ တာဝန်များ အပြင် ဘက်စုံပို့ဆောင်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ နောက်ဆက်တွဲ (ခ) ဖြင့် သတ်မှတ်ပေးသည့် စည်းကမ်းချက်များကိုလည်း ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် လိုက်နာ ဆောင်ရွက်ရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၉ ၆၀

ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန် သို့မဟုတ် မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားစဉ်က တင်ပြခဲ့သော ပေးလျော်ရန်တာဝန်အတွက် အာမခံအဖြစ်တင်ပြခဲ့သော အထူးငွေကြေးထုတ်ယူ ပိုင်ခွင့်ယူနစ် အနည်းဆုံး ၈၀,၀၀၀ ရှိသည့် ငွေချေးသက်သေခံ လက်မှတ်အထောက်အထား သို့မဟုတ် ပစ္စည်းပိုင်ဆိုင်ခွင့် အာမခံအထောက်အထားများ အမြဲရှိနေစေရမည်ဖြစ်ပြီး လျော့နည်းသွားခြင်း မရှိစေရ။ အကယ်၍ အာမခံအထောက်အထားမှာ ထိုသတ်မှတ် ယူနစ်ပမာဏထက် လျော့နည်းသွားပါက ပြည့်မီရန်ဖြည့်ဆည်း၍ အာမခံအထောက် အထားကိုထပ်မံတင်ပြရမည်။ ထိုသို့ဖြည့်ဆည်း၍ အာမခံအထောက်အထား မတင်ပြနိုင်လျှင် လျော့နည်းသွားသည့်နေ့မှ တစ်ပတ်အတွင်း မှတ်ပုံတင်အရာရှိထံ ထိုအကျိုးအကြောင်းနှင့် အခြေအနေကို တင်ပြရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၀ ၆၁

ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် ကုန်စည်ကို ၎င်းကတာဝန်ယူ၍ ပို့ဆောင်ရန် လက်ခံသည့်အချိန်မှစ၍ သဘောတူညီချက်အရ ကုန်စည်ကို လွှဲပြောင်းပေးပို့သည့်အချိန်အထိ ထိုကုန်စည်အတွက် တာဝန်ရှိသည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၁ ၆၂

ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူသည် မိမိ၏လုပ်ငန်းတာဝန်များ ဆောင်ရွက် နေစဉ်အတွင်း မိမိ၏ဝန်ထမ်း သို့မဟုတ် ကိုယ်စားလှယ်၏ ပြုလုပ်မှုနှင့် ပျက်ကွက်မှုများ အတွက်သော်လည်းကောင်း၊ ထပ်ဆင့်ချုပ်ဆိုသည့် ပဋိညာဉ်အရဆောင်ရွက်ရာတွင် ထိုထပ်ဆင့်စာချုပ်ချုပ်ဆိုသူတစ်ဦးဦး၏ ပြုလုပ်မှုနှင့် ပျက်ကွက်မှုများအတွက်သော် လည်းကောင်း မိမိကိုယ်တိုင် ပြုလုပ်မှုနှင့် ပျက်ကွက်မှု ဖြစ်သကဲ့သို့ တာဝန်ရှိစေရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၂ ၆၃

ကုန်စည်များ လွှဲပြောင်းပေးပို့ခြင်းကို သေချာစေရန်အလို့ငှာ အောက်ဖော်ပြပါလိုအပ်သော ပြုလုပ်မှုများကို ဆောင်ရွက်ခြင်း သို့မဟုတ် ဆောင်ရွက်မှုများရယူခြင်းပြုရာတွင် ဘက်စုံ ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် -

(က) ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထား လက်မှတ်ကို လွှဲပြောင်းနိုင်သောပုံစံဖြင့် ထုတ်ပေးသည့်အခါ နည်းဥပဒေ ၃၉ နှင့်အညီ ဆောင်ရွက်ရမည်။

(ခ) ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထား လက်မှတ်ကို လွှဲပြောင်းခြင်း မပြုနိုင်ဟူသောပုံစံဖြင့် ထုတ်ပေးသည့်အခါ နည်းဥပဒေ ၄၀ နှင့်အညီ ဆောင်ရွက်ရမည်။

(ဂ) အဆိုပါ ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထားလက်မှတ်ကို ထုတ်ပေးခဲ့ခြင်းမရှိသည့်အခါ ပဋိညာဉ်အရ ကုန်စည်အပ်နှံသူက ညွှန်ကြားသည့် ပုဂ္ဂိုလ်ထံ သို့ဖြစ်စေ၊ ကုန်စည်အပ်နှံသူ သို့မဟုတ် ကုန်စည်လက်ခံသူ၏ အခွင့်အရေးရရှိသူက ညွှန်ကြားသည့် ပုဂ္ဂိုလ်ထံသို့ဖြစ်စေ ကုန်စည်ကို လွှဲပြောင်းပေးပို့ရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၃ ၆၄

(က) ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် ပဋိညာဉ်အရ တာဝန်ယူ ပို့ဆောင်ရန်ကုန်စည်ကို စတင်လက်ခံသည့်အချိန်မှစ၍ ကိုယ်တိုင်တာဝန်ယူ ဆောင်ရွက်ရာတွင်ဖြစ် စေ၊ နည်းဥပဒေ ၆၂ ပါ မိမိ၏ဝန်ထမ်း၊ ကိုယ်စားလှယ် သို့မဟုတ် ထိုထပ်ဆင့် စာချုပ်ချုပ်ဆိုသူ တစ်ဦးဦးက ဆောင်ရွက်ရာတွင် ဖြစ်စေ ကုန်စည်များ ဆုံးရှုံးမှု၊ ပျက်စီးမှု၊ ကုန်စည်လွှဲပြောင်းပေးပို့ရန် နှောင့်နှေးကြန့်ကြာမှုကြောင့် ဆုံးရှုံးမှု အတွက် မိမိကိုယ်တိုင် တွင်သော်လည်းကောင်း၊ မိမိ၏ဝန်ထမ်း၊ ကိုယ်စားလှယ် သို့မဟုတ် အခြားပုဂ္ဂိုလ် တစ်ဦးဦးတွင်သော်လည်းကောင်း တာဝန်မရှိကြောင်း သက်သေခံချက် အထောက်အထား မတင်ပြနိုင်လျှင် ယင်းဆုံးရှုံးမှုအတွက် တာဝန်ရှိစေရမည်။

(ခ) ကုန်စည်လွှဲပြောင်းပေးပို့ရမည့် အချိန်ကာလနှင့်စပ်လျဉ်း၍ ကုန်စည်အပ်နှံသူက ကြေညာခြင်းမပြုလုပ်ခဲ့ဘဲ ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူက ကုန်စည်ကိုလက်ခံ ခဲ့ခြင်းဖြစ်လျှင် ကုန်စည်လွှဲပြောင်းပေးပို့ရန် နှောင့်နှေးကြန့်ကြာမှုကြောင့်ဖြစ်ပေါ်လာ သည့် ဆုံးရှုံးမှုအတွက် ဘက်စုံပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်သူတွင် တာဝန်မရှိစေရ။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၄ ၆၅

အတိအလင်း သဘောတူညီခဲ့သည့် အချိန်အတွင်း ကုန်စည်ကို လွှဲပြောင်းပေးပို့ခြင်း မပြုလျှင် သော်လည်းကောင်း၊ ထိုသို့သော သဘောတူညီချက်မျိုးမရှိသည့်ကိစ္စတွင် ဂရုပြုလုံ့လစိုက်သော ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူအနေဖြင့် ကိစ္စရပ်အခြေ အနေပေါ်မူတည်၍ လျော်ကန် သင့်မြတ်သော အချိန်အတွင်း လွှဲပြောင်းပေးပို့ခြင်းမပြုလျှင် သော်လည်းကောင်း ကုန်စည်လွှဲပြောင်းပေးပို့ရန်နှောင့်နှေး ကြန့်ကြာမှု ပေါ်ပေါက်သည်ဟု သတ်မှတ်သည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၅ ၆၆

နည်းဥပဒေ ၆၅ အရ ကုန်စည်ကို လွှဲပြောင်းပေးပို့ရန် နှောင့်နှေးကြန့်ကြာမှု ပေါ်ပေါက်ကြောင်း သတ်မှတ်သည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း ကုန်စည်ကို လွှဲပြောင်းပေးပို့ခြင်း မပြုနိုင်လျှင် ကုန်စည်ကိုတောင်းဆိုပိုင်ခွင့်ရှိသူတစ်ဦးဦးသည် အခြား ဆန့်ကျင်ကွဲလွဲသည့် သက်သေခံ အထောက်အထားမရှိပါက ပျောက်ဆုံးသည့် ကုန်စည်အဖြစ် မှတ်ယူ၍ ဆောင်ရွက်နိုင်သည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၆ ၆၇

နည်းဥပဒေ ၆၄ တွင် မည်သို့ပင် ပြဋ္ဌာန်းပါရှိစေကာမူ ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် ကုန်စည်နှင့်စပ်လျဉ်း၍ သယ်ယူပို့ဆောင်သည့်ကာလအတွင်း အောက်ပါအခြေအနေ တစ်ရပ်ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ပေါ်ပေါက်ကြောင်း သက်သေထင်ရှားပြသနိုင်ပါက အဆိုပါကုန်စည်ဆုံးရှုံးမှု၊ ပျက်စီးမှု သို့မဟုတ် ကုန်စည် လွှဲပြောင်းပေးပို့ရန် နှောင့်နှေးကြန့်ကြာမှု အတွက် တာဝန်မရှိစေရ -

(က) ကုန်စည်အပ်နှံသူ၊ ကုန်စည်လက်ခံသူ၊ ၎င်း၏ကိုယ်စားဆောင်ရွက်သူ သို့မဟုတ် ကိုယ်စားလှယ်၏ ပြုလုပ်မှု သို့မဟုတ် ပေါ့ဆမှု၊

(ခ) ကုန်စည်ထုပ်ပိုးခြင်း၊ အမှတ်တံဆိပ်ပြုလုပ်ခြင်း သို့မဟုတ် ကုန်စည်နံပါတ် တပ်ခြင်း ပြုလုပ်ရာတွင် မလုံလောက်မှု သို့မဟုတ် အားနည်းချို့ယွင်းမှု၊

(ဂ) ကုန်စည်အပ်နှံသူ၊ ကုန်စည်လက်ခံသူ သို့မဟုတ် ၎င်း၏ကိုယ်စားဆောင်ရွက်သူ သို့မဟုတ် ကိုယ်စားလှယ်က ကုန်စည်ကိုင်တွယ် ထိန်းသိမ်းခြင်း၊ ကုန်စည်တင်ခြင်း၊ ကုန်စည်ချခြင်း သို့မဟုတ် သိုလှောင်ထိန်းသိမ်းခြင်းပြုရာတွင် မလုံလောက်မှု သို့မဟုတ် အားနည်းချို့ ယွင်းမှု၊

(ဃ) ကုန်စည်၏ ပင်ကိုယ်သဘာဝ ချို့ယွင်းမှု သို့မဟုတ် မမြင်သာသော ချို့ယွင်းမှု၊

(င) ဆန္ဒပြသပိတ်မှောက်မှု၊ အလုပ်ပိတ်မှု၊ အလုပ်ရပ်နားထားမှု၊ အလုပ်ကိုလုံးဝဖြစ်စေ၊ တစ်စိတ် တစ်ဒေသဖြစ်စေ မလုပ်စေရန် တားဆီးမှု၊

(စ) သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှု သို့မဟုတ် မလွန်ဆန်နိုင်သောဖြစ်ရပ်များ ပေါ်ပေါက်မှု။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၇ ၆၈

ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူသည် နည်းဥပဒေ ၆၆ ပါ အခြေအနေများအပြင် ပင်လယ်ရေကြောင်းနှင့် ပြည်တွင်းရေကြောင်းတို့ဖြင့် ကုန်စည်များပို့ဆောင်ရာ၌ ဆုံးရှုံးမှု၊ ပျက်စီးမှု သို့မဟုတ် ကုန်စည်လွှဲပြောင်းပေးပို့ရန်နှောင့်နှေးကြန့်ကြာမှုအတွက် အောက်ပါ အခြေအနေ တစ်ရပ်ရပ် ပေါ်ပေါက်ပါကလည်း တာဝန်မရှိစေရ -

(က) ရေယာဉ်မှူး၊ သင်္ဘောသား၊ ရေကြောင်းပြအရာရှိ သို့မဟုတ် သယ်ယူပို့ဆောင်သူ၏ ဝန်ထမ်း၏ တမင်ပြုလုပ်မှု၊ ပေါ့ဆမှု သို့မဟုတ် ပျက်ကွက်မှု၊

(ခ) သယ်ယူပို့ဆောင်သူ၏ အပြစ်ကြောင့်မဟုတ်ဘဲ မီးလောင်မှု သို့မဟုတ် ၎င်းပါဝင် ဆက်စပ်ခြင်း၊ သိရှိခြင်းမရှိဘဲ မီးလောင်မှု၊

(ဂ) သတ်မှတ်ရေကြောင်းခရီးစဉ် စတင်ချိန်၌ အသုံးပြုသည့်သင်္ဘောမှာ သွားလာရေး အတွက် ကြံ့ခိုင်၍ လိုအပ်ချက်များ ပြည့်စုံမှုရှိကြောင်း ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူက သက်သေထင်ရှားပြသနိုင်ပြီး သတ်မှတ်ရေကြောင်းခရီးစဉ်အတွင်းတွင် သင်္ဘောမှာ ကြံ့ခိုင်ခြင်း၊ လိုအပ်ချက်များပြည့်စုံခြင်း မရှိဖြစ်လာမှု။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၈ ၆၉

ကုန်စည်ဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးခြင်းအတွက် လျော်ကြေးကို စည်းကြပ်ရာ၌ ကုန်စည်လက်ခံသူသို့ ကုန်စည်လွှဲပြောင်းပေးပို့သည့် နေရာနှင့်ကာလတို့တွင်တည်ရှိသော ကုန်စည်တန်ဖိုးကိုသော်လည်းကောင်း၊ ပဋိညာဉ်နှင့်အညီ ကုန်စည်လွှဲပြောင်းပေးပို့ရမည့် နေရာနှင့် ကာလတို့တွင် တည်ရှိသော ကုန်စည်တန်ဖိုးကို သော်လည်းကောင်း အခြေခံရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၉ ၇၀

(က) နည်းဥပဒေ ၆၉ ပါ ကုန်စည်တန်ဖိုးနှင့် စပ်လျဉ်း၍ လက်ရှိဖြစ်ပေါ်နေသည့် ကုန်စည်ချင်း ဖလှယ်သည့်ကုန်စည်ဒိုင်ဈေးနှုန်းကိုသော်လည်းကောင်း၊ အဆိုပါဈေးနှုန်းမရှိ လျှင် ကာလပေါက်ဈေးနှုန်းကိုသော်လည်းကောင်း၊ အဆိုပါ ကုန်ပစ္စည်းချင်းဖလှယ်သည့် ဈေးနှုန်းနှင့် ကာလပေါက်ဈေးနှုန်းတို့မရှိလျှင် အဆိုပါကုန်စည်အမျိုးအစားနှင့် အရည်အသွေးတူကုန်စည်၏ ပုံမှန်တန်ဖိုးကိုသော်လည်းကောင်း အခြေခံ၍တွက်ချက်ပြီး ဆုံးဖြတ်ရမည်။

(ခ) နည်းဥပဒေခွဲ (က) အရတွက်ချက်ပြီး ဆုံးဖြတ်ရရှိသည့် ကုန်စည်တန်ဖိုးသည် ဘက်စုံ ပို့ဆောင်ရေးကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထားလက်မှတ်၌ ပါရှိ သော တန်ဖိုးထက်နည်းလျှင် ထိုနည်းသောတန်ဖိုးကိုသာ ပေးလျော်ရန်တာဝန်ရှိပြီး များနေလျှင် အဆိုပါသက်သေခံ အထောက်အထား လက်မှတ်၌ပါရှိသော တန်ဖိုးကိုသာလျှင် ပေးလျော်ရန် တာဝန်ရှိစေရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၀ ၇၁

ကုန်စည်ကို ဘက်စုံပို့ဆောင်ရေးဖြင့် သယ်ယူပို့ဆောင်ရာ၌ မည်သည့်လမ်းခရီးတစ်ခုတွင် ကုန်စည်ဆုံးရှုံးကြောင်း သို့မဟုတ် ပျက်စီးကြောင်း အတိအကျခွဲခြား၍မရနိုင်သည့်ကိစ္စ တွင် ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူ၏ ပေးရန်တာဝန်ရှိမှုသည် ၎င်းက ဘက်စုံ ပို့ဆောင်ရေးဖြင့် ပို့ဆောင်ရန်တာဝန်မယူမီ ကုန်စည်အပ်နှံသူက ကုန်စည်၏သဘာဝနှင့် တန်ဖိုးကို ကြေညာခြင်း မပြုခဲ့သည့်အပြင် ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံ အထောက် အထားလက်မှတ်တွင်လည်း ထည့်သွင်းဖော်ပြခဲ့ခြင်းမရှိခဲ့လျှင် အောက်ဖော်ပြပါ ငွေပမာဏနှစ်ရပ်အနက်များရာ ငွေပမာဏအထိသာ ဘက်စုံပို့ ဆောင်ရေးဥပဒေ ပုဒ်မ ၂၆ အရ ပေးလျော်ရန် တာဝန်ရှိစေရမည်-

(က) ဆုံးရှုံးသည့် သို့မဟုတ် ပျက်စီးသည့် ကုန်စည်ထုပ်ပိုးပစ္စည်းတစ်ခု သို့မဟုတ် တစ်ယူနစ် အတွက် အထူးငွေကြေးထုတ်ယူပိုင်ခွင့်ယူနစ် ၆၆၆.၆၇ ယူနစ်နှင့် ညီမျှသောငွေ ထက်မပို သော ငွေပမာဏ၊ သို့မဟုတ်

(ခ) ဆုံးရှုံးသည့် သို့မဟုတ် ပျက်စီးသည့် ကုန်စည်၏ စုစုပေါင်းအလေးချိန် ၁ ကီလိုဂရမ် အတွက် အထူးငွေကြေး ထုတ်ယူပိုင်ခွင့်ယူနစ် ၂ ယူနစ်နှင့်ညီမျှသော ငွေထက်မပိုသော ငွေပမာဏ။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၁ ၇၂

နည်းဥပဒေ ၇၁ ပါ ပေးရန်တာဝန်ရှိမှု ကန့်သတ်ချက် မည်သို့ပင် ပြဋ္ဌာန်းပါရှိစေကာမူ ဘက်စုံပို့ဆောင်ရေးတွင် ပဋိညာဉ်အရ ပင်လယ်ရေကြောင်း သို့မဟုတ် ပြည်တွင်း ရေကြောင်းခရီးဖြင့် ကုန်စည်ပို့ဆောင်ခြင်း မပါဝင်ပါက ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ၏ ပေးလျော်ရန် တာဝန်သည် ဆုံးရှုံးသော သို့မဟုတ် ပျက်စီးသောကုန်စည်၏ စုစုပေါင်းအလေးချိန် ၁ ကီလိုဂရမ် အတွက် အထူးငွေကြေး ထုတ် ယူပိုင်ခွင့် ယူနစ် ၈.၃၃ ယူနစ်ထက် မပိုစေရ။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၂ ၇၃

ပို့ဆောင်ရေးကုန်သေတ္တာ သို့မဟုတ် ကုန်စည်တင်အခင်းပြားကို ထုပ်ပိုးပစ္စည်းတစ်ခု သို့မဟုတ် တစ်ယူနစ်ထက်ပို၍ ကုန်စည်တင်သည့်အခါ ဘက်စုံပို့ဆောင်ရေး ကုန်စည် တင်ဆောင်သည့် သက်သေခံအထောက်အထားလက်မှတ်တွင် တစ်ခုချင်းစီ သီးခြားဖော်ပြ ၍ စာရင်းသွင်းထားသော ထုပ်ပိုးပစ္စည်း သို့မဟုတ် အခြားသင်္ဘောတင်ပစ္စည်း ယူနစ်များသည် ထုပ်ပိုးပစ္စည်း သို့မဟုတ် သင်္ဘောတင်ပစ္စည်းများဖြစ်သည်ဟု မှတ်ယူရ မည်။ ထိုသို့ ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထား လက်မှတ်တွင် တစ်ခုချင်းစီသီးခြားဖော်ပြ၍ စာရင်းသွင်းမထားဘဲ ကုန်စည်များကို ကွန်တိန်နာတစ်ခု၊ အိတ်တစ်အိတ်၊ အထုပ်တစ်ထုပ် သို့မဟုတ် အလားတူထုပ်ပိုး ပစ္စည်းတစ်ခုတည်းတွင် စုပေါင်း၍ ထည့်သွင်းထားသော ပစ္စည်းကို သင်္ဘောတင်ပစ္စည်း တစ်ယူနစ်ဖြစ်သည်ဟု မှတ်ယူရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၃ ၇၄

ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူသည် ကုန်စည်ဆုံးရှုံးမှုနှင့် ပျက်စီးမှုမှအပ ကုန်စည် ထုတ်ပေးရာတွင် နှောင့်နှေးကြန့်ကြာမှုကြောင့် ဆုံးရှုံးမှု သို့မဟုတ် နောက်ဆက် တွဲဖြစ်ပေါ် လာသည့် ဆုံးရှုံးနစ်နာမှုအတွက် ပေးလျော်ရန်တာဝန်ရှိလျှင် ထိုသူ၏ တာဝန်ရှိမှုသည် ပဋိညာဉ်အရ ကုန်စည် သယ်ယူပို့ဆောင်ခနှင့်ညီမျှသော ငွေပမာဏထက် မပိုစေရ။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၄ ၇၅

ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ၏ စုစုပေါင်းပေးလျော်ရန် တာဝန်ရှိမှုသည် ကုန်စည် အားလုံးဆုံးရှုံးမှုအတွက် ပေးလျော်ရန် တာဝန်ထက် မပိုစေရ။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၅ ၇၆

ကုန်စည်ဆုံးရှုံးမှု၊ ပျက်စီးမှု သို့မဟုတ် ကုန်စည် လွှဲပြောင်းပေးပို့ရန် နှောင့်နှေး ကြန့်ကြာမှုသည် ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူက ထိုသို့ဆုံးရှုံးစေရန်၊ ပျက်စီး စေရန် သို့မဟုတ် နှောင့်နှေးကြန့်ကြာစေရန် ရည်ရွယ်၍ အလေးမထား ဂရုမစိုက်ဘဲ သိလျက်နှင့် ပုဂ္ဂိုလ်ရေးအရ ပြုလုပ်ကြောင်း သို့မဟုတ် ပျက်ကွက်ကြောင်း သက်သေ ထင်ရှားပြသနိုင်လျှင် ဘက်စုံပို့ဆောင် ရေးလုပ်ငန်း လုပ်ကိုင်သူသည် ပေးလျော်ရန်တာဝန် ကန့်သတ်ချက် အကျိုးကျေးဇူးကို ခံစားခွင့် မရှိစေရ။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၆ ၇၇

ကုန်စည်ဆုံးရှုံးမှု သို့မဟုတ် ပျက်စီးမှုသည် ဘက်စုံပို့ဆောင်ရေး၏ သီးခြားပို့ဆောင်ရေး နည်းလမ်းတစ်လမ်းဖြင့် ပို့ဆောင်သည့်ကာလအတွင်း ပေါ်ပေါက်သည့်အခါ အဆိုပါ ဆုံးရှုံးမှု သို့မဟုတ် ပျက်စီးမှုအတွက် ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ၏ ပေးလျော်ရန်တာဝန် ကန့်သတ်ချက်နှင့် စပ်လျဉ်း၍ -

(က) သီးခြားသယ်ယူပို့ဆောင်ရေး နည်းလမ်းအတွက် ပဋိညာဉ်ကိုလည်း သီးခြားချုပ်ဆို ထားပြီး အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း သို့မဟုတ် ဒေသဆိုင်ရာသဘောတူစာချုပ်တွင် အခြားပေးရန်တာဝန်ကန့်သတ်ချက်နှင့်လည်းကောင်း၊ ဘက်စုံပို့ဆောင်ရေးဥပဒေနှင့် ဤနည်းဥပဒေများနှင့်လည်းကောင်း မဆန့်ကျင်လျှင် အဆိုပါပဋိညာဉ်အတိုင်း ပေးလျော်ရန် တာဝန်ရှိစေရမည်။

(ခ) နည်းဥပဒေခွဲ (က) ပါ သီးခြား သယ်ယူပို့ဆောင်ရေးနည်းလမ်းတစ်ခုခုအတွက် ပဋိညာဉ်ကို သီးခြားချုပ်ဆိုထားခြင်းမရှိလျှင် ဗဟိုအဖွဲ့က ဤနည်းဥပဒေများပါ ပြဋ္ဌာန်း သတ်မှတ်ချက် များကို အခြေခံ၍ သတ်မှတ်သည့်အတိုင်း ဖြစ်စေရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၇ ၇၈

ကုန်စည်အပ်နှံသူ၊ ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူနှင့် သယ်ယူပို့ဆောင်သူတို့ သည် ဘေးအန္တရာယ် ဖြစ်စေတတ်သော ကုန်စည်များကို ထုပ်ပိုးခြင်း၊ သိုလှောင် ထားရှိခြင်း၊ ကုန်တင်ကုန်ချပြုလုပ်ခြင်း၊ ကုန်စည်၏အမျိုးအစားနှင့် သဘောသဘာဝတို့ကို တိကျမှန်ကန်စွာဖော်ပြခြင်း၊ တံဆိပ်အမှတ်အသားများကပ်ခြင်း၊ ချိတ်ဆွဲခြင်း၊ ကြိုတင်၍ သတိထားဆောင်ရွက်ရမည့် အချက်များကို ကြိုတင်အကြောင်းကြားခြင်း၊ စည်းမျဉ်းစည်း ကမ်းနှင့်အညီထားသို၍ သယ်ယူပို့ဆောင်ခြင်းတို့နှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် စည်းမျဉ်း စည်းကမ်းများကိုလည်းကောင်း၊ ဖြတ်သန်း၍ သယ်ယူပို့ဆောင်မည့်နိုင်ငံနှင့် ခရီးလမ်းဆုံးနိုင်ငံတို့၏ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လည်းကောင်း သိရှိနားလည်ကြပြီး အထူးဂရုပြု၍ လိုက်နာဆောင်ရွက်ကြရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၈ ၇၉

ကုန်စည်အပ်နှံသူသည် ဘက်စုံပို့ဆောင်ရေးဥပဒေ အခန်း (၉) ပါ မိမိ၏တာဝန်နှင့်ပေးအပ်ရန် တာဝန်များကိုမထိခိုက်စေဘဲ ဘက်စုံသယ်ယူပို့ဆောင်မည့် ဘေးအန္တရာယ်ဖြစ်စေတတ်သော ကုန်စည်နှင့် စပ်လျဉ်း၍ တည်ဆဲဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အောက်ပါအတိုင်းဆောင်ရွက်ပြီး ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူအား အသိပေး အကြောင်းကြားထားရမည် -

(က) ကုန်စည်၏ဘေးအန္တရာယ်ဖြစ်စေနိုင်မှု အတန်းအစားအမှတ်နှင့် ဖြစ်ပေါ်လာနိုင်သည့်ဘေး အန္တရာယ် သဘာဝဖော်ပြရမည်။

(ခ) ကုန်းလမ်း၊ ရထားလမ်းနှင့် ရေကြောင်း၊ လေကြောင်းခရီးအလိုက်ရော၍ ထားနိုင်သည့် ကုန်စည်နှင့် သီးခြားခွဲ၍ ထားရမည့်ကုန်စည်အမျိုးအမည်နှင့် သယ်ဆောင် ရာတွင် ထားသိုရမည့်နည်းလမ်း ဖော်ပြရမည်။

(ဂ) ကုန်စည်သည် မည်သို့သော ဘေးအန္တရာယ်ရှိသည်ကို သိမြင်နိုင်ရန် ထုပ်ပိုးပစ္စည်း နှင့် ကွန်တိန်နာအပြင်ဘက်တွင် သတ်မှတ်ထားသော အရောင်၊ အမှတ်အသား၊ သင်္ကေတဖြင့်အမှတ်တံဆိပ်ဖြစ်စေ၊ ချိတ်ဆွဲတံဆိပ်ဖြစ်စေ၊ ကတ်ပြားတံဆိပ် အမှတ် အသားဖြစ်စေ ပြုလုပ်တပ်ဆင်ထားရမည်။

(ဃ) ကုန်စည်ကို သယ်ဆောင်သည့် ယာဉ်အမည်နှင့် အမျိုးအစားကို ဖော်ပြရမည်။

(င) ဘေးအန္တရာယ် ဖြစ်စေတတ်သော ကုန်စည်ဖြစ်သည့် ကုန်စည်နှင့်စပ်လျဉ်း၍ ကုန်စည်၏ သဘာဝ၊ ကုန်အမှတ်တံဆိပ်၊ ကိန်းဂဏန်းနံပါတ်၊ အလေးချိန်၊ ပမာဏနှင့် အရေအတွက်တို့ကိုလည်းကောင်း၊ အခြားလိုအပ်သော အချက်အလက်များကို လည်းကောင်း သက်ဆိုင်ရာပုဂ္ဂိုလ်၊ အကောက်ခွန်ဌာနနှင့် ပို့ဆောင်ရေးကဏ္ဍအလိုက် စီမံခန့်ခွဲကြီးကြပ်ရသည့်ဌာနနှင့် အဖွဲ့အစည်းများသို့တင်ပြ၍ ခွင့်ပြုချက် ရယူနိုင်ရန် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထား ပြည့်စုံစွာဖြင့်ပြုစုဖော်ပြရမည်။

(စ) ဘေးအန္တရာယ်ဖြစ်စေတတ်သော ကုန်စည်ဖြစ်သည့် ကုန်စည်အမျိုးအစား၊ အတန်းအစား၊ အရည်နှင့်ဝတ္ထုပစ္စည်းအလိုက် အရေအတွက်နှင့် အလေးချိန်ကန့်သတ်ချက် နှင့် ခိုင်ခန့်လုံခြုံမှု စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးရမည်။ ကုန်စည်အထုပ်များ၊ ပုံးများကို စုပေါင်းပြီးထုပ်ပါက အတွင်း၌ထုပ်ပိုးပြီးနောက် အပြင်၌လည်း ထပ်မံ ထုပ်ပိုးရမည်။

(ဆ) အကောက်ခွန်က ထုပ်ပိုးပစ္စည်းနှင့် ကွန်တိန်နာတို့တွင် စစ်ဆေးပြီးလျှင် ချိတ်တံဆိပ်ဖြင့် ပိတ်ရမည်။ ထုပ်ပိုးပစ္စည်းနှင့် ကွန်တိန်နာ၏ ချိတ်တံဆိပ် နဂိုလက်ရာ မပျက်စေရ။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၉ ၈၀

ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် ဘေးအန္တရာယ်ဖြစ်စေတတ်သော ကုန်စည် ကိုတာဝန်ယူလက်ခံပြီးနောက် နည်းဥပဒေ ၇၉ ပါ အချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာပုဂ္ဂိုလ်၊ အကောက်ခွန်ဌာနနှင့် ပို့ဆောင်ရေးကဏ္ဍအလိုက် စီမံခန့်ခွဲ ကြီးကြပ်ရသည့် ဌာနနှင့်အဖွဲ့အစည်းများသို့ လိုအပ်သည့်စာရွက်စာတမ်း အထောက်အထား ပြည့်စုံစွာဖြင့် တင်ပြ၍ခွင့်ပြုမိန့် တောင်းခံရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၅၀ ၈၁

ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ မည်သူမျှ -

(က) ဤနည်းဥပဒေများပါ တားမြစ်ချက်တစ်ရပ်ရပ်ကိုဖြစ်စေ၊ ဘက်စုံပို့ဆောင်ရေး ဥပဒေအရ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာနှင့်အမိန့်တို့ပါ တားမြစ်ချက်တစ်ရပ်ရပ် ကိုဖြစ်စေ၊ မှတ်ပုံတင်စည်းကမ်းချက် တစ်ခုခုကိုဖြစ်စေ ဖောက်ဖျက်ကျူးလွန်ခြင်း မပြုရ။

(ခ) မှတ်ပုံတင်လက်မှတ်မရှိဘဲ ဘက်စုံပို့ဆောင်ရေးလုပ်ငန်းအတွက် ပဋိညာဉ်ချုပ် ဆိုခြင်း သို့မဟုတ် ဘက်စုံပို့ဆောင်ရေးကုန်စည်တင်ဆောင်သည့် သက်သေခံအထောက် အထား လက်မှတ်ကို လက်မှတ်ရေးထိုး၍ ထုတ်ပေးခြင်း မပြုရ။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၅၁ ၈၄

ဗဟိုအဖွဲ့သည် နည်းဥပဒေ ၈၃ အရ တင်ပြချက်ကို စိစစ်ပြီး နည်းဥပဒေ ၈၁ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း သက်သေအထောက်အထားများ အထင်အရှားတွေ့ရှိလျှင် ထိုသူအား အောက်ပါစီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-

(က) နောင်ထပ်မံ၍ ထိုတာဝန်ကို လိုက်နာရန်ပျက်ကွက်ခြင်းမရှိစေရပါ ဟူသောဝန်ခံချက် သို့မဟုတ် နောင်ထပ်မံ၍ ထိုစည်းကမ်းချက်ကို ဖောက်ဖျက်ခြင်းမပြုပါ ဟူသောဝန်ခံချက် ပြုလုပ်စေပြီး သတိပေးခြင်း၊

(ခ) ထိုသို့သတိပေးပြီး ဒဏ်ကြေးငွေ အနည်းဆုံးကျပ် ၅ သိန်းမှ အများဆုံးကျပ် ၂၅ သိန်းအထိ ပေးဆောင်စေခြင်း၊ အကယ်၍ နိုင်ငံခြားကုမ္ပဏီဖြစ်ပါက ထိုဒဏ်ကြေးငွေနှင့် ညီမျှသော နိုင်ငံခြားငွေဖြင့် ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊ အကယ်၍ နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားကုမ္ပဏီ၏ကိုယ်စားလှယ်ဖြစ်ပါက အဆိုပါကျပ်ငွေနှင့် ညီမျှသော နိုင်ငံခြားငွေဖြင့် ချမှတ်ခြင်း၊

(ဂ) မှတ်ပုံတင်လက်မှတ်ကို ကာလသတ်မှတ်၍ ရပ်ဆိုင်းခြင်း၊

(ဃ) မှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်ခြင်း။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၅၂ ၈၇

မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သူသည် -

(က) နည်းဥပဒေ ၈၄၊ နည်းဥပဒေခွဲ (ဂ) အရ မှတ်ပုံတင်လက်မှတ်ကို ကာလသတ်မှတ်၍ ရပ်ဆိုင်းသည့် စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်ချမှတ်ခြင်းခံရသည့်အခါ နည်းဥပဒေ ၈၈ အရ အယူခံခြင်းမရှိလျှင် ထိုအမိန့်ချမှတ်သည့်နေ့မှ ရက်သတ္တပတ် တစ်ပတ်အတွင်း ထိုသို့ ရပ်ဆိုင်းထားသည့်ကာလအထိ သက်ဆိုင်ရာ မှတ်ပုံတင်ရုံးသို့ ပြန်လည်အပ်နှံရမည်။

(ခ) နည်းဥပဒေ ၈၄၊ နည်းဥပဒေခွဲ (ဃ) အရ မှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်သည့် စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်ချမှတ်ခြင်းခံရသည့်အခါ နည်းဥပဒေ ၈၈ အရ အယူခံခြင်းမရှိ လျှင် ထိုအမိန့်ချမှတ်သည့်နေ့မှ ရက်သတ္တတစ်ပတ်အတွင်း သက်ဆိုင်ရာမှတ်ပုံတင်ရုံးသို့ ပြန်လည်အပ်နှံရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၅၃ ၉၀

အယူခံလျှောက်ထားသူသည် ဗဟိုအဖွဲ့က နည်းဥပဒေ ၈၄၊ နည်းဥပဒေခွဲ (ဂ) အရ ချမှတ်သည့် မှတ်ပုံတင်လက်မှတ်အား ကာလသတ်မှတ်၍ ယာယီရပ်ဆိုင်းသည့် အမိန့်ကို ဖြစ်စေ၊ နည်းဥပဒေ ၈၄၊ နည်းဥပဒေခွဲ (ဃ) အရ ချမှတ်သည့် မှတ်ပုံတင်လက်မှတ်အား ပယ်ဖျက်သည့်အမိန့် ကိုဖြစ်စေ ကျေနပ်မှုမရှိ၍ အယူခံရာတွင် -

(က) မှတ်ပုံတင်လက်မှတ်ကို အယူခံမှုအတောအတွင်း သက်ဆိုင်ရာ မှတ်ပုံတင်ရုံးသို့ ပြန်လည် ပေးအပ်ရန်မလို။

(ခ) နည်းဥပဒေ ၈၄၊ နည်းဥပဒေခွဲ (ဂ) သို့မဟုတ် (ဃ) အရ ချမှတ်သည့် မှတ်ပုံတင် လက်မှတ် ကို ကာလသတ်မှတ်၍ ယာယီရပ်ဆိုင်းသည့် အမိန့်ကိုဖြစ်စေ၊ ပယ်ဖျက်သည့် အမိန့်ကို ဖြစ်စေ အယူခံမှုတွင်အတည်ပြုသည့်အခါ မှတ်ပုံတင်လက်မှတ်ကို မှတ်ပုံတင်ရုံး သို့ ပြန်လည်ပေးအပ်ရမည်။

(ဂ) ဝန်ကြီးဌာနက နည်းဥပဒေ ၈၉၊ နည်းဥပဒေခွဲ (စ) အရ အယူခံမှုကို ဆိုင်းငံ့သည့် အမိန့် ချမှတ်ခြင်း မရှိလျှင် ဘက်စုံပို့ဆောင်ရေးလုပ်ငန်းကို ရပ်ဆိုင်းထားရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၅၄ ၉၁

ဘက်စုံပို့ဆောင်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ ပဋိညာဉ်အရဖြစ်စေ၊ တရားမနစ်နာမှုဥပဒေ အရ ဖြစ်စေ သက်သာခွင့်တောင်းဆိုလိုသူသည် သက်ဆိုင်ရာ စီရင်ပိုင်ခွင့်ရှိသော တရားရုံး သို့မဟုတ် အနုညာတ ခုံသမာဓိရုံးသို့ အောက်ဖော်ပြပါ နေ့ရက်အသီးသီးမှ ၁ နှစ်အတွင်း အမှုစွဲဆိုရမည်။ ထိုကာလအတွင်း အမှုစွဲဆိုခြင်းမပြုလျှင် အဆိုပါသက်သာခွင့်အတွက် အမှုစွဲဆိုခွင့်မရှိစေရ -

(က) ကုန်စည်လက်ခံသူထံသို့ ကုန်စည်ကို လွှဲပြောင်းပေးပို့ ပြီးသည့်နေ့ရက်၊

(ခ) ကုန်စည်ကို လွှဲပြောင်းပေးပို့ပြီး မဟုတ်လျှင် ကုန်စည်ကို လွှဲပြောင်းပေးပို့သင့်သော နေ့ရက်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၅၅ ၉၂

ဘက်စုံပို့ဆောင်ရေးလုပ်ငန်းမှ ပေါ်ပေါက်သော အငြင်းပွားမှုအတွက် ပဋိညာဉ်အရဖြစ်စေ၊ တရားမနစ်နာမှုဥပဒေအရဖြစ်စေ တောင်းဆိုသည့် သက်သာခွင့်အတွက် ကာလစည်းကမ်းသတ်နှင့် စပ်လျဉ်း၍-

(က) စီရင်ပိုင်ခွင့်ရှိသော တရားရုံးသို့ဖြစ်စေ၊ အနုညာတခုံသမာဓိရုံးသို့ဖြစ်စေ စွဲဆိုသည့် အမှုအတွက် ကာလစည်းကမ်းသတ်သည် နည်းဥပဒေ ၉၁ တွင် သတ်မှတ်ထားသည့် အတိုင်း ၁ နှစ်အတွင်းစွဲဆိုရမည်။

(ခ) အကယ်၍ အနုညာတခုံသမာဓိရုံးသို့ ဦးစွာစွဲဆိုလျှောက်ထားပြီးနောက် ထိုအမှု အတောအတွင်းဖြစ်စေ၊ အနုညာတခုံသမာဓိရုံးက ဆုံးဖြတ်ချက်ချမှတ်ပြီးနောက်ဖြစ်စေ စီရင်ပိုင်ခွင့်ရှိသော တရားရုံးသို့ ဆက်လက်၍စွဲဆိုလိုလျှင် နည်းဥပဒေ ၉၁ ပါ ကာလ စည်းကမ်းသတ် စတင်ရေတွက်ရမည့်နေ့မှ ၂ နှစ်အတွင်း စွဲဆိုရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၅၆ ၉၃

နည်းဥပဒေ ၉၁ နှင့် ၉၂ တို့ပါ ကာလစည်းကမ်းသတ်အတွင်း အမှုစွဲဆိုခြင်းမပြုလျှင် အဆိုပါ သက်သာခွင့်အတွက် အမှုစွဲဆိုခွင့် မရှိစေရ။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၅၇ ၉၄

တည်ဆဲကာလ စည်းကမ်းသတ်အက်ဥပဒေ၏ ပထမဇယား၌ပါရှိသော ပထမအပိုင်းရှိ တရားမမှု များနှင့်စပ်လျဉ်းသည့် ကာလစည်းကမ်းသတ်ဆိုင်ရာ ပြဋ္ဌာန်းချက်များမှအပ ကျန်ပြဋ္ဌာန်းချက်များသည် ဘက်စုံပို့ဆောင်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ပဋိညာဉ် အရဖြစ်စေ၊ တရားမနစ်နာမှုဥပဒေအရဖြစ်စေ စွဲဆိုမှုများနှင့် သက်ဆိုင်နိုင်သမျှ သက်ဆိုင်စေရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၅၈ ၉၈ (က)

(က) ဘက်စုံပို့ဆောင်ရေးလုပ်ငန်းဆိုင်ရာသင်တန်း၊ ယင်းလုပ်ငန်းနှင့်ဆက်နွယ်သော ထောက်ပံ့ဖြည့်ဆည်း စီမံဆောင်ရွက်မှု (Logistics) သင်တန်းနှင့် ပို့ဆောင်ရေးဆိုင်ရာ သင်တန်းများ၊ ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက် (Supply chain) ဝန်ဆောင်မှု သင်တန်းများ၊ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ သင်တန်းများနှင့် အခြားအလားတူသင်တန်းများကို ဖွင့်လှစ်လိုပါက ဗဟိုအဖွဲ့သို့ ခွင့်ပြုချက်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်။

နည်းလမ်း ၁ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း