Measures Relating to Animal Health and Breeding Enterprise Development Law


Domestic Regulations
sr. Section measures mode remarks
၁၆

တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လိုသည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းသည် လုပ်ကိုင်ခွင့်အတွက် ခွင့်ပြုလက်မှတ်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ဦးစီးဌာန၏ မြို့နယ် ဦးစီးဌာနမှူးထံ လျှောက်ထားရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၈

တိရစ္ဆာန်ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်အတွက် ခွင့်ပြုလက်မှတ်ရရှိသူသည်-

(က) ခွင့်ပြုလက်မှတ်ပါ စည်းကမ်းချက်များကို လိုက်နာရမည်။

(ခ) ဦးစီးဌာန၏ စစ်ဆေးမှုကို ခံယူရမည်။

(ဂ) မိမိလုပ်ငန်းတွင် ကူးစက်ရောဂါဖြစ်ပွားကြောင်း သံသယဖြစ်ဖွယ်တွေ့ရှိရပါက ဦးစီးဌာနသို့ အမြန်ဆုံး အသိပေး အကြောင်းကြားရမည်။

(ဃ) ပုဒ်မခွဲ (ဂ) အရ အသိပေးအကြောင်းကြားပြီးနောက် ဦးစီးဌာန၏ ညွှန်ကြားချက်များ အတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၃

ငါးလုပ်ငန်းနှင့် သက်ဆိုင်ခြင်းမရှိသော တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ မျိုးရိုးဗီဇပြုပြင် ထားသော ဇီဝပစ္စည်းတို့ကို ပြည်တွင်း၌ထုတ်လုပ်ခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း သို့မဟုတ် ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းကိုဖြစ်စေ၊ တိရစ္ဆာန်အစာ၊ တိရစ္ဆာန်သုံးပစ္စည်း သို့မဟုတ် တိရစ္ဆာန် သုံးဆေးဝါးများနှင့် စပ်လျဉ်း၍ ပြည်တွင်း၌ ထုတ်လုပ်ခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း သို့မဟုတ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကိုဖြစ်စေ၊ သားသတ်ရုံတည်ထောင်ခြင်း သို့မဟုတ် သားသတ်ခြင်း လုပ်ငန်းကိုဖြစ်စေ စီးပွားဖြစ် လုပ်ကိုင်လို သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းသည် လုပ်ကိုင်ခွင့် အတွက် ခွင့်ပြုလက်မှတ်ရရှိရန် သတ်မှတ်ချက်များ နှင့်အညီ ဦးစီးဌာန၏ မြို့နယ်ဦးစီးဌာနမှူးထံ လျှောက်ထားရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၅

ပုဒ်မ ၂၄ အရ ခွင့်ပြုလက်မှတ်ရရှိသူသည်-

(က) ခွင့်ပြုလက်မှတ်ပါ စည်းကမ်းချက်များကို လိုက်နာရမည်။

(ခ) ဦးစီးဌာန၏ စစ်ဆေးမှုကို ခံယူရမည်။

(ဂ) ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများကို လိုက်နာရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၆

တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ မျိုးရိုးဗီဇ ပြုပြင်ထားသော ဇီဝပစ္စည်း၊ တိရစ္ဆာန်အစာ၊ တိရစ္ဆာန်သုံး ပစ္စည်း သို့မဟုတ် တိရစ္ဆာန်သုံးဆေးဝါးများကို ပြည်ပသို့တင်ပို့ခြင်း သို့မဟုတ် ပြည်ပမှ တင်သွင်းခြင်း ပြုလုပ်လိုသူသည် တင်ပို့ခွင့်၊ တင်သွင်းခွင့်လိုင်စင် သို့မဟုတ် ပါမစ်ကို သက်ဆိုင်ရာအစိုးရဌာနသို့ လျှောက်ထားခြင်းမပြုမီ ထောက်ခံချက်လက်မှတ် ရရှိရန် သတ်မှတ် ချက်များနှင့်အညီ ညွှန်ကြားရေးမှူးချုပ်ထံ လျှောက်ထားရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၈

ပုဒ်မ ၂၇ အရ ထောက်ခံချက် လက်မှတ်ရရှိသူသည်-

(က) ထောက်ခံချက်လက်မှတ်ပါ စည်းကမ်းချက်များကို လိုက်နာရမည်။

(ခ) ဦးစီးဌာန၏ စစ်ဆေးမှုကို ခံယူရမည်။

(ဂ) ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၀

တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ မျိုးရိုးဗီဇပြုပြင်ထားသော ဇီဝပစ္စည်း၊ တိရစ္ဆာန်အစာ၊ တိရစ္ဆာန်သုံး ပစ္စည်း သို့မဟုတ် တိရစ္ဆာန်သုံးဆေးဝါးများကို ပြည်ပသို့တင်ပို့ခြင်း သို့မဟုတ် ပြည်ပမှတင်သွင်းခြင်း ပြုမည့်သူသည် မိမိတင်ပို့မည့် သို့မဟုတ် တင်သွင်းမည့်ပစ္စည်းကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း စစ်ဆေးပေးရန် ဦးစီးဌာနသို့ သတင်းပို့လျှောက်ထား ရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၅

တိရစ္ဆာန်ဆေးကုဆရာဝန်သည် မိမိကုသသည့်တိရစ္ဆာန်တွင် ကူးစက်ရောဂါဖြစ်ပွားနေ ကြောင်း သံသယဖြစ်ဖွယ်တွေ့ရှိရလျှင် နီးစပ်ရာဦးစီးဌာနသို့ အမြန်ဆုံးအသိပေးအကြောင်း ကြားရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၇

သက်ဆိုင်ရာ ခွင့်ပြုလက်မှတ် သို့မဟုတ် ထောက်ခံချက်လက်မှတ်ရရှိသူ၊ မွေးမြူသူနှင့် တိရစ္ဆာန် ကျန်းမာရေးလုပ်သားတို့သည် သတ်မှတ်ထားသော စည်းကမ်းချက်များကို ဖြစ်စေ၊ ပုဒ်မ ၃၀ ပါ ပြဋ္ဌာန်းချက်ကို ဖြစ်စေ၊ ပုဒ်မ ၃၆ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ၊ ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကိုဖြစ်စေ လိုက်နာရန် ပျက်ကွက်လျှင် ထိုသူအား ဦးစီးဌာန၏ သက်ဆိုင်ရာ ဦးစီးဌာနမှူးက အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည်-

(က) စာဖြင့် သတိပေးခြင်း၊

(ခ) သတ်မှတ်ထားသော ဒဏ်ကြေးငွေကို ပေးဆောင်စေခြင်း၊

(ဂ) သက်ဆိုင်ရာ ခွင့်ပြုလက်မှတ် သို့မဟုတ် ထောက်ခံချက်လက်မှတ် သို့မဟုတ် တိရစ္ဆာန် ကျန်းမာရေးလုပ်သား အသိအမှတ်ပြုလက်မှတ်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း၊

(ဃ) သက်ဆိုင်ရာခွင့်ပြုလက်မှတ် သို့မဟုတ် ထောက်ခံချက်လက်မှတ် သို့မဟုတ် တိရစ္ဆာန် ကျန်းမာရေး လုပ်သား အသိအမှတ်ပြုလက်မှတ်ကို ပယ်ဖျက်ခြင်း။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၀ ၄၂

မည်သူမျှ ခွင့်ပြုလက်မှတ် သို့မဟုတ် ထောက်ခံချက်လက်မှတ်မရှိဘဲ-

(က) စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရ၊

(ခ) တိရစ္ဆာန်ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရ၊

(ဂ) သားသတ်ရုံတည်ထောင်ခြင်း သို့မဟုတ် သားသတ်ခြင်းလုပ်ငန်းကို လုပ်ကိုင် ဆောင်ရွက်ခြင်းမပြုရ၊

(ဃ) ငါးလုပ်ငန်းနှင့် သက်ဆိုင်ခြင်းမရှိသော တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်း သို့မဟုတ် မျိုးရိုးဗီဇပြုပြင် ထားသော ဇီဝပစ္စည်းများကိုဖြစ်စေ၊ တိရစ္ဆာန်အစာ၊ တိရစ္ဆာန်သုံးပစ္စည်း သို့မဟုတ် တိရစ္ဆာန်သုံးဆေးဝါးများကိုဖြစ်စေ ပြည်တွင်း၌ထုတ်လုပ်ခြင်း၊ ပြုပြင် ထုတ်လုပ်ခြင်း သို့မဟုတ် ဖြန့်ဖြူးရောင်းချခြင်း မပြုရ၊

(င) တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ မျိုးရိုးဗီဇ ပြုပြင်ထားသော ဇီဝပစ္စည်း၊ တိရစ္ဆာန်အစာ၊ တိရစ္ဆာန်သုံးပစ္စည်း သို့မဟုတ် တိရစ္ဆာန်သုံးဆေးဝါးများနှင့်စပ်လျဉ်း၍ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်ပမှ တင်သွင်းခြင်း မပြုရ၊

(စ) ငါးလုပ်ငန်းနှင့် သက်ဆိုင်ခြင်းမရှိသော တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ မျိုးရိုးဗီဇပြုပြင်ထားသော ဇီဝပစ္စည်းများကို ပြည်တွင်း၌ သယ်ဆောင်ခြင်းမပြုရ။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁ ၄၃

ခွင့်ပြုလက်မှတ် သို့မဟုတ် ထောက်ခံချက်လက်မှတ်ရှိသူ မည်သူမျှ-

(က) တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ မျိုးရိုးဗီဇ ပြုပြင်ထားသော ဇီဝပစ္စည်း၊ တိရစ္ဆာန် အစာ၊ တိရစ္ဆာန်သုံးပစ္စည်း သို့မဟုတ် တိရစ္ဆာန်သုံးဆေးဝါးများကို သတ်မှတ်အရည်အသွေး နှင့် ကိုက်ညီမှုမရှိဘဲ ပြည်ပသို့ တင်ပို့ခြင်း၊ ပြည်ပမှ တင်သွင်းခြင်း၊ ပြည်တွင်း၌ ထုတ်လုပ်ခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း သို့မဟုတ် ဖြန့်ဖြူးရောင်းချခြင်း မပြုရ၊

(ခ) ပျားမွေးမြူခြင်းနှင့်စပ်လျဉ်း၍ ကူးစက်ရောဂါ ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်း၊ ကုသ ခြင်း၊ ဆေးဝါး သုံးစွဲခြင်း၊ ရွှေ့ပြောင်းမွေးမြူခြင်း၊ ပျားစားကျက်ချထားခြင်းတို့အတွက် ဦးစီးဌာနက ထုတ်ပြန်ထားသော ပျားမွေးမြူရေးဆိုင်ရာ အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာရန်ထပ်မံ ပျက်ကွက်ခြင်း မရှိစေရ။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၂ ၄၅

မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ၊ တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူ သို့မဟုတ် တိရစ္ဆာန်ကျန်းမာရေး လုပ်သားအဖြစ်လုပ်ကိုင်သူ မည်သူမျှ-

(က) ကူးစက်ရောဂါ ကာကွယ်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းနှင့် စပ်လျဉ်း၍ ဦးစီးဌာနက ထုတ်ပြန်သည့် အမိန့်နှင့် ညွှန်ကြားချက်ကို လိုက်နာရန် ထပ်မံပျက်ကွက်ခြင်း မရှိစေရ၊

(ခ) ကူးစက်ရောဂါ ဖြစ်ပွားနေကြောင်း သံသယဖြစ်ဖွယ်သိရှိပါက ဦးစီးဌာန၊ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းထံ အမြန်ဆုံး သတင်းပေးပို့ရန် ပျက်ကွက်ခြင်း မရှိစေရ၊

(ဂ) သေဆုံးသော တိရစ္ဆာန်တွင် ကူးစက်ရောဂါလက္ခဏာတွေ့ရှိပါက ဦးစီးဌာနနှင့် သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ အမြန်ဆုံး သတင်းပေးပို့ရန် ပျက်ကွက်ခြင်း မရှိစေရ။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၃ ၄၆

(က) မည်သူမျှ အသိအမှတ်ပြုလက်မှတ်မရှိဘဲ တိရစ္ဆာန်ကျန်းမာရေးလုပ်သားအဖြစ် ဆောင်ရွက် ခြင်း မပြုရ။

(ခ) တိရစ္ဆာန်ကျန်းမာရေးလုပ်သား မည်သူမျှ ပုဒ်မ ၃၇ ပါ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခံရပြီးနောက် ဦးစီးဌာနက သတ်မှတ်ထားသော စည်းကမ်းချက်များကိုဖြစ်စေ၊ ဤဥပဒေ နှင့် ဤဥပဒေအရ ထုတ်ပြန်ထားသော နည်းဥပဒေများ၊ အမိန့်၊ ညွှန်ကြား ချက်နှင့် လုပ်ထုံး လုပ်နည်းများကိုဖြစ်စေ လိုက်နာရန် ထပ်မံ ပျက်ကွက်ခြင်း မရှိစေရ။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၄ ၄၇

မည်သူမဆို-

(က) ပုဒ်မ ၄၂၊ ပုဒ်မခွဲ (က) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်း ၂၀ အထိ ငွေဒဏ်ချမှတ်ရမည်။

(ခ) ပုဒ်မ ၄၂၊ ပုဒ်မခွဲ (ခ) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးကျပ်ငါးသိန်းမှ အများဆုံး ကျပ် ၂၅ သိန်းအထိ ငွေဒဏ်ချမှတ်ရမည်။ ယင်းတားမြစ်ချက်ကို ထပ်မံဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို နှစ်လထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည့် အပြင် အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်း ၅၀ အထိ ငွေဒဏ် ချမှတ်ရမည်။

(ဂ) ပုဒ်မ ၄၂၊ ပုဒ်မခွဲ (ဂ) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်သိန်း ၂၀ မှ အများဆုံး ကျပ်သိန်း ၃၀ အထိငွေဒဏ် ချမှတ်ရမည်။ ယင်းတားမြစ်ချက်ကို ထပ်မံဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ်ချမှတ် ရမည့်အပြင် အနည်းဆုံး ကျပ်သိန်း ၃၀ မှ အများဆုံး ကျပ်သိန်း ၅၀ အထိ ငွေဒဏ် ချမှတ် ရမည်။

(ဃ) ပုဒ်မ ၄၂၊ ပုဒ်မခွဲ (ဃ)၊ (င) သို့မဟုတ် (စ) ပါ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်သိန်း ၃၀ မှ အများဆုံး ကျပ်သိန်း ၁၀၀ အထိ ငွေဒဏ်ချမှတ်ရမည်။ ယင်းတားမြစ်ချက်ကို ထပ်မံ ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်သိန်း ၅၀ မှ အများဆုံးကျပ်သိန်း ၁၅၀ အထိ ငွေဒဏ် ချမှတ်ရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၅ ၄၈

ခွင့်ပြုလက်မှတ် သို့မဟုတ် ထောက်ခံချက်လက်မှတ်ရှိသူ မည်သူမဆို-

(က) ပုဒ်မ ၄၃၊ ပုဒ်မခွဲ (က) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်သိန်း ၂၀ မှ အများဆုံး ကျပ် ၇၅ သိန်းအထိ ငွေဒဏ် ချမှတ်ရမည်။ ယင်းတားမြစ်ချက်ကို ထပ်မံဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်သိန်း ၃၀ မှ အများဆုံး ကျပ်သိန်း ၁၀၀ အထိ ငွေဒဏ်ချမှတ်ရမည်။

(ခ) ပုဒ်မ ၄၃၊ ပုဒ်မခွဲ (ခ) ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံးကျပ် ၁၅ သိန်းအထိ ငွေဒဏ်ချမှတ်ရမည်။ ယင်းတားမြစ်ချက်ကို ထပ်မံဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို နှစ်လထက်မပိုသော ထောင်ဒဏ်ချမှတ် ရမည့်အပြင် အနည်းဆုံးကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်း ၃၀ အထိ ငွေဒဏ် ချမှတ်ရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၆ ၄၉

သားသတ်ရုံ တည်ထောင်ခြင်းလုပ်ငန်း၊ သားသတ်ခြင်းလုပ်ငန်း၊ မျိုးခြံလုပ်ငန်း သို့မဟုတ် ဥဖောက်စက် လုပ်ငန်းလုပ်ကိုင်သူ မည်သူမဆို-

(က) ပုဒ်မ ၄၄ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးကျပ် တစ်ဆယ်သိန်းမှ အများဆုံးကျပ် ၁၅ သိန်း အထိငွေဒဏ် ချမှတ်ရမည်။

(ခ) ပုဒ်မ ၄၄ ပါ တားမြစ်ချက်ကို ထပ်မံဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၇ ၅၀

မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ၊ တိရစ္ဆာန် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူ သို့မဟုတ် တိရစ္ဆာန်ကျန်းမာရေးလုပ်သားအဖြစ် လုပ်ကိုင်သူမည်သူမဆို ပုဒ်မ ၄၅ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးကျပ်ငါးသိန်းမှ အများဆုံး ကျပ်သိန်း ၅၀ အထိ ငွေဒဏ်ချမှတ်ရမည်။ ယင်းတားမြစ် ချက်ကို ထပ်မံဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်တစ်ဆယ် သိန်းမှ အများဆုံး ကျပ်သိန်း ၁၀၀ အထိ ငွေဒဏ်ချမှတ်ရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၈ ၅၁

(က) ပုဒ်မ ၄၆၊ ပုဒ်မခွဲ (က) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ကျပ်နှစ်သိန်း အထိ ငွေဒဏ်ချမှတ်ရမည်။

(ခ) တိရစ္ဆာန်ကျန်းမာရေးလုပ်သားသည် ပုဒ်မ ၄၆၊ ပုဒ်မခွဲ (ခ) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်နှစ်သိန်းမှ အများဆုံး ကျပ် တစ်ဆယ်သိန်း အထိ ငွေဒဏ် ချမှတ်ရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၉ ၅၄

ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း