Measures Relating to ၁၉၆၄ ခုနှစ်၊ စာကြည့်တိုက်၊ ပြတိုက်နှင့်ပြပွဲများကြီးကြပ်အုပ်ချုပ်ရေးဥပဒေ


Domestic Regulations
sr. Section measures mode remarks

(၁) မည်သူမဆို၊ စာကြည့်တိုက်၊ သို့မဟုတ် ပြတိုက်ကို ဖွင့်လှစ်ခြင်း၊ သို့မဟုတ် ထားရှိခြင်းပြုရန် အတွက်၊ သက်ဆိုင်ရာမှတ်ပုံတင်အရာရှိထံသို့၊ သတ်မှတ်သည့်ပုံစံဖြင့်၊ သတ်မှတ်သည့်ကာလအပိုင်း အခြားအတွင်း၊ မှတ်ပုံတင်ရန်လျှောက်ထားရမည်။

(၂) မည်သူမျှ၊ ဤဥပဒေအရထုတ်ပေးထားသည့် မှတ်ပုံတင်သက်သေခံလက်မှတ်အရ၊ ထိုလက်မှတ်ပါ စည်းကမ်းချက်များ၊ သို့မဟုတ် လိုအပ်ချက်များနှင့်အညီမဟုတ်ဘဲ၊ စာကြည့်တိုက်၊ သို့မဟုတ် ပြတိုက်ကို ဖွင့်လှစ်ခြင်း၊ သို့မဟုတ် ထားရှိခြင်း မပြုရ။ 

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

အခြားတည်ဆဲ တရားဥပဒေတခုခုတွင် မည်သို့ပင် ပါရှိစေကာမူ၊ မည်သူမျှ အမြဲတန်းအားဖြင့်ဖြစ်စေ၊ ယာယီအားဖြင့်ဖြစ်စေ၊ ပြပွဲတခုခုကို မှတ်ပုံတင်အရာရှိ၏ အခွင့်အမိန့်မရဘဲ မပြသရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၈ (၁)

(၁) ဤဥပဒေအရထုတ်ပေးသည့် မှတ်ပုံတင်သက်သေခံလက်မှတ်သည်၊ သတ်မှတ်သည့် ကာလ အပိုင်းအခြားအတွင်း အတည်ဖြစ်စေရမည်။ ပြပွဲအတွက် ထုတ်ပေးသည့် အခွင့်အမိန့်သည်၊ ထိုအမိန့် တွင်ဖေါ်ပြထားသည့် ကာလ အပိုင်းအခြားအတွင်း အတည်ဖြစ်စေရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

စာကြည့်တိုက်၊ သို့မဟုတ် ပြတိုက်အတွက် မှတ်ပုံတင်သက်သေခံလက်မှတ်ကိုသော်၎င်း၊ ပြပွဲ အတွက်အခွင့်အမိန့်ကိုသော်၎င်း၊ လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့်ဖြစ်စေ၊ မရိုးဖြောင့်သော သဘောဖြင့်ဖြစ်စေ၊ ရယူကြောင်းစုံစမ်းစစ်ဆေးစေ၍ တွေ့ရှိလျှင်၊ သို့မဟုတ် အစိုးရမူဝါဒနှင့်ဆန့်ကျင် သည်ဟူ၍သော်၎င်း၊ ပြည်ထောင်စုမြန်မာနိုင်ငံအကျိုး ထိခိုက်စေမည့်အကြောင်းများ ရှိသည်ဟူ၍ သော်၎င်း၊ ထင်မြင်ယူဆလျှင်၊ ထုတ်ပေးထားသည့်မှတ်ပုံတင်သက်သေခံလက်မှတ်၊ သို့မဟုတ် အခွင့်အမိန့်ကို၊ ကော်မီတီကရုပ်သိမ်းနိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၀

(၁) ရဲအရာရှိ၊ သို့မဟုတ် ဤကိစ္စအလို့ငှါ အစိုးရကအာဏာအပ်နှင်းထားသောအခြားသူတဦးဦး သည်၊ ဤဥပဒေပါပြဋ္ဌာန်းချက်များ နှင့်ဆန့်ကျင်၍ဖွင့်လှစ်ထားရှိသော စာကြည့်တိုက်၊ သို့မဟုတ် ပြတိုက်၊ သို့မဟုတ် ပြသသောပြပွဲမည်သည်ကိုမဆို ပိတ်နိုင်သည်။

(၂) ခရိုင်ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် နယ်ပိုင်ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် ပဌမတန်း ရာဇဝတ်တရားသူကြီးတဦးဦးသည်၊ ရဲအုပ်ရာထူးအဆင့်အတန်းအောက်မနိမ့်သော ရဲအရာရှိတဦးဦး အား၊ ဤဥပဒေပါပြဋ္ဌာန်းချက်များနှင့်ဆန့်ကျင်၍ဖွင့်လှစ်ထားရှိသောစာကြည့်တိုက်၊ သို့မဟုတ် ပြတိုက်၊ သို့မဟုတ် ပြသသောပြပွဲမည်သည်ကိုမဆို၊ ဝင်ရောက်စစ်ဆေးရန်ဝါရမ်းစာနှင့် အာဏာအပ်နှင်းနိုင် သည်။ အဆိုပါရဲအရာရှိသည်၊ ထိုစာကြည့်တိုက်၊ ပြတိုက်၊ သို့မဟုတ် ပြပွဲတွင်တွေ့ရှိသောစာပေများနှင့် အခြားအရာဝတ္ထုပစ္စည်းများကို သိမ်းယူသင့်သည်ဟု ယူဆလျှင်သိမ်းယူနိုင်သည်။

(၃) ပုဒ်မခွဲ (၂) အရ သိမ်းယူသောစာပေအရာဝတ္ထုပစ္စည်းအားလုံးကို၊ ဝါရမ်းစာထုတ်ဆင့်သော ခရိုင် ရာဇဝတ်တရားသူကြီးရုံး၊ သို့မဟုတ် နယ်ပိုင်ရာဇဝတ်တရားသူကြီးရုံး၊ သို့မဟုတ် ပဌမတန်းရာဇဝတ် တရားသူကြီးရုံးသို့၊ ဆောလျင်နိုင်သမျှ ဆောလျင်စွာတင်ပြရမည်။

(၄) အဆိုပါစာပေအရာဝတ္ထုပစ္စည်းများထားရှိပြသခြင်းမှာ၊ ဤဥပဒေပါပြဋ္ဌာန်းချက်များနှင့်ဆန့်ကျင်၍ ထားရှိပြသခြင်းဖြစ်သည်ဟု အဆိုပါ ရာဇဝတ်တရားသူကြီး၊ နယ်ပိုင်ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် ပဌမတန်းရာဇဝတ်တရားသူကြီးကဖြစ်စေ၊ အဆိုပါခရိုင်ရာဇဝတ်တရားသူကြီးရုံး၊ နယ်ပိုင်ရာဇဝတ် တရားသူကြီးရုံး၊ သို့မဟုတ် ပဌမတန်းရာဇဝတ်တရားသူကြီးရုံးကဖြစ်စေ၊ ယူဆလျှင်၊ ထိုစာပေ အရာဝတ္ထုပစ္စည်းများကို သိမ်းဆည်းစေနိုင်သည်၊ သို့မဟုတ် ဖျက်ဆီးစေနိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁

မည်သူမဆို၊ ပုဒ်မ ၄၊ ၅၊ သို့မဟုတ် ပုဒ်မ ၆ ပါပြဋ္ဌာန်းချက်တခုခုကို လိုက်နာရန်ပျက်ကွက်လျှင်၊ သို့မဟုတ် ဆန့်ကျင်လျှင်၊ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်နှစ်ထောင်ထက်မပိုသောငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ၊ စီရင်ခြင်းခံရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၂

မည်သူမဆို၊ ဤဥပဒေအရဖြစ်စေ၊ ဤဥပဒေအရပြုသည့် နည်းဥပဒေများအရဖြစ်စေ၊ လျှောက်ထားချက် တခုခုပြုလုပ်ရာ၌ မဟုတ်မမှန်သည်လည်းဖြစ်၍၊ မဟုတ်မမှန်ဟု မိမိသိရှိ၊ သို့မဟုတ် ယုံကြည် သည်လည်းဖြစ်သော၊ သို့မဟုတ် မှန်သည်ဟုမိမိယုံကြည်ခြင်းလည်းမရှိသော အကြောင်းအရာကိုဖေါ်ပြလျှင်၊ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်နှစ်ထောင်ထက် မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ၊ စီရင်ခြင်းခံရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၃

မည်သူမဆို၊ မိမိအားထုတ်ပေးထားသည့်မှတ်ပုံတင်သက်သေခံလက်မှတ်၊ သို့မဟုတ် အခွင့်အမိန့် ရုပ်သိမ်းပြီးနောက်၊ သို့မဟုတ် အတည်ဖြစ်ခြင်းမှ ရပ်စဲပြီးနောက်၊ စာကြည့်တိုက်၊ သို့မဟုတ် ပြတိုက်၊ သို့မဟုတ် ပြပွဲကို ဆက်လက်ဖွင့်လှစ်ထားရှိ ပြသလျှင်၊ သုံးနှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်နှစ်ထောင်ထက် မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ၊ စီရင်ခြင်းခံရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၄

မည်သူမဆို၊ ဤဥပဒေအရပြုသည့်နည်းဥပဒေတခုခုကို လိုက်နာရန်ပျက်ကွက်လျှင်၊ သို့မဟုတ် ဆန့်ကျင်လျှင်၊ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်နှစ်ထောင်ထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ၊ စီရင်ခြင်းခံရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း