Measures Relating to ၁၉၆၄ ခုနှစ်၊ စာကြည့်တိုက်၊ ပြတိုက်နှင့်ပြပွဲများကြီးကြပ်အုပ်ချုပ်ရေး နည်းဥပဒေများ


Domestic Regulations
sr. Rules measures mode remarks

(၁) ဥပဒေအာဏာတည်သည့် အရပ်ဒေသအတွင်း စာကြည့်တိုက်၊ သို့မဟုတ် ပြတိုက်ကိုဖွင့်လှစ်သူ၊ သို့မဟုတ် ထားရှိသူတိုင်းသည်၊ ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (၁)အရ၊ ဥပဒေ စတင်အာဏာ တည်သည့်နေ့ ရက်မှ ရက်ပေါင်း ကိုးဆယ်အတွင်း ဥပဒေအရ၊ စာကြည့်တိုက်၊ သို့မဟုတ် ပြတိုက်များကို မှတ်ပုံတင်ရန် သက်ဆိုင်ရာမှတ်ပုံတင်အရာရှိထံလျှောက်ထားရမည်။

(၂) ဥပဒေစတင်အာဏာတည်ပြီးသည့် နေ့ရက်နောက်တွင် စာကြည့်တိုက် ဖွင့်လှစ်လိုသူ၊ သို့တည်း မဟုတ် ပြတိုက်ထားရှိလိုသူ၊ သို့မဟုတ် စာကြည့်တိုက်၊ သို့မဟုတ် ပြတိုက်ဖွင့်လှစ်ထား ရှိရန်ကြံရွယ်သူ တိုင်းသည်၊ စာကြည့်တိုက်နှင့် ပြတိုက်များမဖွင့်လှစ်မထားရှိမီ ဥပဒေအရ မှတ်ပုံတင်ရမည်။

(၃) ဥပဒေစတင်အာဏာတည်ပြီးသည့် နေ့ရက်နောက်တွင် ပြပွဲတခုခုပြသရန် ကြံရွယ်သူတိုင်းသည်၊ ပြပွဲမပြုလုပ်မီ ဥပဒေပုဒ်မ ၅ အရ၊ မှတ်ပုံတင်အရာရှိ၏ အခွင့်အမိန့်ကိုရယူရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄ (၁)

(၁) ဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (၁) အရ၊ စာကြည့်တိုက်ဖွင့်လှစ်လိုသူ၊ သို့မဟုတ် ထားရှိလိုသူသည်၊ စာကြည့်တိုက်မှတ်ပုံတင်ရန်အလို့ငှါ၊ ပုံစံ (က) ဖြင့်လိုအပ်သည့် အကြောင်းအရာများကို ပြည့်စုံအောင်ဖေါ်ပြ၍၊ သက်ဆိုင်ရာ မှတ်ပုံတင် အရာရှိထံ လျှောက်လွှာတင်သွင်းရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄ (၄)

ပြတိုက်ဖွင့်လှစ်လိုသူ၊ သို့မဟုတ် ထားရှိလိုသူသည် ပြတိုက်မှတ်ပုံတင်ရန်အလို့ငှါ၊ ပုံစံ (ဃ) ဖြင့် လိုအပ်သည့် အကြောင်းအရာများကို ပြည့်စုံအောင်ဖေါ်ပြ၍၊ သက်ဆိုင်ရာမှတ်ပုံတင်အရာရှိထံ လျှောက်လွှာ တင်သွင်းရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄ (၅)

ပြပွဲတခုခုပြသလိုသူသည်၊ ဥပဒေပုဒ်မ ၅ အရ၊ ပြပွဲပြသခွင့်အမိန့်ရရှိရန်အလို့ငှါ၊ ပုံစံ (င) ဖြင့် လိုအပ်သည့် အကြောင်းအရာများကို ပြည့်စုံအောင်ဖေါ်ပြ၍၊ သက်ဆိုင်ရာမှတ်ပုံတင်အရာရှိထံတွင် လျှောက်လွှာတင်သွင်းရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄ (၆)

နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ (၁)၊ (၂)၊ (၃)၊ (၄)၊ သို့မဟုတ် နည်းဥပဒေ (၅) အရ၊ တင်သွင်းသည့်ပုံစံ (က)၊ (ခ)၊ (ဂ)၊ (ဃ)၊ သို့မဟုတ် ပုံစံ (င) ကို ရုံးခွန် တံဆိပ်ခေါင်း သုံးကျပ်တန်ကပ်၍ ၎င်း၏မိတ္တူ တစောင်နှင့် အတူ ပေးပို့ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

(၁) မှတ်ပုံတင်သက်သေခံလက်မှတ်ကို၊ ၎င်း၏သက်တမ်း မကုန်ဆုံးမီ တလနှင့် ကုန်ဆုံးပြီး နောက်တလ၊ ပေါင်း ၂ လအတွင်း၊ အသစ်လဲလှယ်ရန် ပုံစံ (ဈ) နှင့် လျှောက်လွှာတင်သွင်းရမည်။

(၂) နည်းဥပဒေ ၆၊ နည်းဥပဒေခွဲ (၁) အရ၊ အဆိုပါ ၂ လအတွင်း မှတ်ပုံတင် သက်သေခံလက်မှတ် အသစ် လဲလှယ်ရန် လျှောက်လွှာတင်သွင်းခြင် းမပြုလျှင်၊ မူလမှတ်ပုံတင်ခြင်းမှာ ပျက်ပြယ်စေပြီး၊ မှတ်ပုံတင်ရန် အသစ်တဖန် လျှောက်လွှာတင်သွင်းရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း