Measures Relating to အမိန့်ကြော်ငြာစာအမှတ် ၁ / ၂၀၂၀


Domestic Regulations
sr. Para measures mode remarks

ဤအမိန့်တွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်းအဓိပ္ပာယ် သက်ရောက်စေရမည်-

(က) ဥပဒေဆိုသည်မှာ ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကို ဆိုသည်။

(ခ) မြေယာရှုခင်းနယ်မြေ ဆိုသည်မှာ ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းရှိ မြို့မြေ နှင့်ကျေးရွာမြေမဟုတ်သည့် အခြားမြေများကိုဆိုသည်။ ယင်းမြေများတွင် ရှေးဟောင်း အဆောက်အအုံ၊ ရှေးဟောင်းနေရာ၊ လယ်မြေ၊ ယာမြေ၊ မြစ်ချောင်းနှင့် သစ်တောများလည်း ပါဝင်သည်။

(ဂ) လူနေအခြေချနယ်မြေ ဆိုသည်မှာ ယဉ်ကျေးမှု အမွေအနှစ် ဒေသအတွင်းရှိ မြို့မြေနှင့် ကျေးရွာမြေများကို ဆိုသည်။ 

(ဃ) ယာယီအဆောက်အအုံဆိုသည်မှာ ရွှေ့ပြောင်းရန်လွယ်ကူသည့် ပေါ့ပါးသော ဝတ္ထုပစ္စည်းများနှင့်ဆောက်လုပ်ထားသော အဆောက်အအုံကို ဆိုသည်။ 

(င) ရိုးရာပုံစံအဆောက်အအုံ ဆိုသည်မှာ ဒေသခံများက ရိုးရာဓလေ့အတိုင်း တည်ဆောက်ထားသည့် အဆောက်အအုံနှင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ရိုးရာပုံစံအဆောက်အအုံများဆောက်လုပ်ရာ၌ လိုက်နာရမည့် စည်းကမ်းများနှင့်အညီ ဆောက်လုပ်ထားသည့်အဆောက်အအုံကို ဆိုသည်။

(စ) ကျေးရွာပုံစံအဆောက်အအုံ ဆိုသည်မှာ  ကျေးရွာမြေများတွင် ကျေးရွာပုံစံ အဆောက်အအုံများအတွက် လိုက်နာရမည့် စည်းကမ်းများနှင့်အညီ ဆောက်လုပ်ထားသော အဆောက်အအုံကို ဆိုသည်။ 

(ဆ) မြို့ပုံစံအဆောက်အအုံဆိုသည်မှာ မြို့မြေများတွင် မြို့ပုံစံအဆောက်အအုံ များအတွက် လိုက်နာရမည့်စည်းကမ်းများနှင့်အညီ ဆောက်လုပ်ထားသော အဆောက်အအုံကို ဆိုသည်။ 

(ဇ) သမိုင်းဝင် အဆောက်အအုံဆိုသည်မှာ ညောင်ဦးမြို့နယ်အတွင်းရှိ ကိုလိုနီ ခေတ်အစောပိုင်းကာလအတွင်း တည်ဆောက်ခဲ့ပြီး ထူးခြားသော ကိုလိုနီ ခေတ်ဦး လက်ရာပါဝင်သော အဆောက်အအုံများကို ဆိုသည်။ 

(ဈ) စောင့်ကြည့်ကာလဆိုသည်မှာ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်မည့် နေရာတွင် တူးဖော်မှုလုပ်ငန်းစတင်ချိန်မှ ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထား တစ်ခုခုကိုတွေ့ရှိ၍ ထိုတူးဖော်မှုလုပ်ငန်းများကို ရပ်ဆိုင်းစေ သည့် အချိန်အထိ  ရှေးဟောင်းသုတေသနပညာရှင်က စောင့်ကြည့်ကြီးကြပ် သောအချိန်ကာလကို ဆိုသည်။ 

(ည) အရေးပေါ်ကယ်ဆယ်ရေး ရှေးဟောင်းသုတေသနလုပ်ငန်း ဆိုသည်မှာ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်မည့်မြေနေရာတွင် ရှေးဟောင်း သုတေသနဆိုင်ရာ အထောက်အထားတစ်ခုခုကို တူးဖော်တွေ့ရှိပါက ယင်းအထောက်အထားများကို မှတ်တမ်းရယူ၍ ဖယ်ရှားရန် သို့မဟုတ် နေရာရွှေ့ပြောင်း ထိန်းသိမ်းရန် ဆောင်ရွက်သည့် ရှေးဟောင်းသုတေသနဆိုင်ရာစမ်းသပ် တူးဖော်မှုနှင့်ထိန်းသိမ်းရေး လုပ်ငန်းကို ဆိုသည်။ 

(ဋ) တိုင်းဒေသကြီးထိန်းသိမ်းရေးကော်မတီဆိုသည်မှာ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီကို ဆိုသည်။

(ဌ) ဦးစီးဌာန ဆိုသည်မှာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနကို ဆိုသည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

မြေအောက်ရှေးဟောင်းအမွေအနှစ်ဆိုင်ရာနေရာအနီး တည်ဆောက်ခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်သူများသည် အောက်ပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ရမည်-

(က) ရှေးဟောင်းသုတေသနဆိုင်ရာ ဘေးအန္တရာယ်များပြ မြေပုံကို ပြုစုရန်၊ 

(ခ) ရှေးဟောင်းနေရာများအတွင်းသို့ ကျူးကျော်ဝင်ရောက်ခြင်းကို ကာကွယ်ရမည် ဖြစ်ပြီးလိုအပ်သည့်ရေတို၊ ရေရှည်စီမံဆောင်ရွက်မှုများကို ရှေးဟောင်း သုတေသနဆိုင်ရာ ဘေးအန္တရာယ်များပြမြေပုံနှင့်အညီ စီမံဆောင်ရွက်ထားရန်၊

(ဂ) ထိခိုက်မှုဖြစ်စေနိုင်သည့် ဖွံ့ဖြိုးမှုဆိုင်ရာဆောင်ရွက်ချက်များကို စောင့်ကြည့်ကာလဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး လိုအပ်ပါက အရေးပေါ် ကယ်ဆယ်ရေးရှေးဟောင်းသုတေသနလုပ်ငန်းကို ဆောင်ရွက်ရန်၊ 

(ဃ) ယဉ်ကျေးမှုအမွေအနှစ်ဒေသ ပတ်ဝန်းကျင်တွင် အရေးပေါ်ကယ်ဆယ်ရေး ရှေးဟောင်း သုတေသနလုပ်ငန်း အပါအဝင် သင့်လျော်သည့် သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း အဆောက်အအုံဆောက်လုပ်သူများ သည် အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့်စပ်လျဉ်း၍ အောက်ပါစည်းကမ်းချက်များနှင့် သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရမည်-

(က) မြေယာရှုခင်းနယ်မြေများတွင် ကြိုတင်ခွင့်ပြုချက်ရရှိသည့်လုပ်ငန်းများ ဆောင်ရွက် နိုင်ရေးအတွက် ယာယီအဆောက်အအုံများကိုသာ တည်ဆောက်ရန်၊

(ခ) လူနေအခြေချနယ်မြေများတွင် အဆောက်အအုံတည်ဆောက်ရာ၌ ကျေးရွာမြေများနှင့် မြို့မြေများအတွက် သတ်မှတ်ထားသည့်စည်းကမ်းချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရန်၊

(ဂ) လူနေထိုင်ရန်အတွက်မဟုတ်ဘဲ လယ်မြေ၊ ယာမြေကို အခြားနည်းဖြင့် အသုံးပြုမည့် အဆောက်အအုံများဆောက်လုပ်ရာ၌ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ သဘောထားမှတ်ချက်နှင့်အတူ တိုင်းဒေသကြီးထိန်းသိမ်းရေး ကော်မတီသို့ ခွင့်ပြုချက်လျှောက်ထားရန်၊ 

(ဃ) ကျန်းမာရေး၊ ပညာရေးနှင့် အစိုးရဌာနဆိုင်ရာအဆောက်အအုံများကို လူနေ အခြေချနယ်မြေအတွင်း၌သာ ဤအမိန့်ပါ သက်ဆိုင်ရာစည်းကမ်း သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန်၊ ထိုသို့ဆောက်လုပ်ရာတွင် ရှေးဟောင်းအဆောက် အအုံများနှင့် မြေအောက်ရှေးဟောင်းဝတ္ထုပစ္စည်းများ ကိုလည်း မထိခိုက်စေဘဲ ဆောင်ရွက်ရန်၊

(င) ယွန်းထည်ထုတ်လုပ်ရန် အဆောက်အအုံဆောက်လုပ်ရာ၌ ယွန်းထည် ထုတ်လုပ်မှုလုပ်ငန်းအရွယ်အစား အပေါ်မူတည်၍ သင့်လျော်သော မြေပေါ် အဆောက်အအုံများနှင့် မြေအောက်သိုလှောင်ခန်းများ ဆောက်လုပ်ရန်၊ ရှေးဟောင်းသုတေ သနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)၏ သဘောထားမှတ်ချက်ရယူပြီး တိုင်းဒေသကြီးထိန်းသိမ်းရေးကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ရန်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

ကန်ထရိုက်တာ သို့မဟုတ် ကုမ္ပဏီသည် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ အတွင်း အဆောက် အအုံဆောက်လုပ်ခြင်းနှင့်စပ်လျဉ်း၍ - 

(က) အဆောက်အအုံဆောက်လုပ်ရန် သက်ဆိုင်ရာ တည်ဆဲဥပဒေအရ မှတ်ပုံတင် လက်မှတ် သို့မဟုတ် ခွင့်ပြုချက်ရရှိသူဖြစ်ရမည်။ 

(ခ) အဆောက်အအုံဆောက်လုပ်ရာ၌ လိုက်နာရမည့် သတ်မှတ်ချက်များနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာသတ်မှတ်ချက်များကို နားလည်သိရှိရန်အတွက် ဦးစီးဌာနက စီစဉ်ဖွင့်လှစ်မည့် ပုံမှန်သင်တန်းများ တက်ရောက်ရမည်။

(ဂ) အဆောက်အအုံဆောက်လုပ်ရာ၌ လိုက်နာရမည့် သတ်မှတ်ချက်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ အဆောက်အအုံများကို ဆောက်လုပ်ရမည်။

(ဃ) သတ်မှတ်ချက်များကို ဖောက်ဖျက်၍ ယဉ်ကျေးမှုအမွေအနှစ်ကို ထိခိုက်စေပါက မှတ်ပုံတင်ကို ဖျက်သိမ်းခံရမည်ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခွင့် မရှိစေရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း မြေယာရှုခင်းနယ်မြေများတွင် အခြေခံ လိုအပ်ချက်များဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်သူများသည် -

(က) စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ယာယီအဆောက်အအုံ ဆောက်လုပ်လိုပါက ဥပဒေနှင့်အညီ ကြိုတင်ခွင့်ပြုချက်ရယူ၍ ဆောင်ရွက်ရမည်။

(ခ) စိုက်ပျိုးမြေများတွင် အုတ်တံတိုင်းအကာအရံများ၊ ခြံစည်းရိုးများ ဆောက်လုပ် ကာရံခြင်းမပြုစေရ။ 

(ဂ) စိုက်ပျိုးရေးလုပ်ငန်းများအတွက် ရိုးရာဓလေ့အတိုင်း ဖောက်လုပ်သည့် မြေသားလမ်းမှအပ အခြားလမ်းများ ဆောက်လုပ်လိုပါက ကြိုတင်ခွင့်ပြုချက် ရယူ ဆောင်ရွက်ရမည်။

(ဃ) ရေပေးဝေရေးလုပ်ငန်း၊ အညစ်အကြေးစွန့်ပစ်ခြင်းလုပ်ငန်း၊ လျှပ်စစ်နှင့် ဆက်သွယ်ရေးလုပ်ငန်းများအတွက် ဝန်ဆောင်မှုဆိုင်ရာလိုင်းများ ဖောက်လုပ်ခြင်း လုပ်ငန်းများကို ဥပဒေနှင့်အညီ ကြိုတင် ခွင့်ပြုချက်ရယူ၍ ဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

ယာယီအဆောက်အအုံများ ဆောက်လုပ်သူများသည် - 

(က) ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသရှိ မြေယာရှုခင်းနယ်မြေ များတွင် အခိုင်အမာအဆောက်အအုံများကို ဆောက်လုပ်ခြင်းမပြုစေရ။ 

(ခ) ကြားခံဒေသရှိ မြေယာရှုခင်းနယ်မြေများတွင် ရိုးရာပုံစံအဆောက်အအုံများ ဆောက်လုပ်ရန် လျှောက်ထားနိုင်သည်။

(ဂ) ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ယာယီအဆောက်အအုံဆောက်လုပ် လိုပါက အဆောက်အအုံ ဆောက်လုပ်ခြင်းကဲ့သို့ပင် ဥပဒေနှင့်အညီ ကြိုတင်ခွင့်ပြုချက် လျှောက်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁

တိုင်းဒေသကြီးထိန်းသိမ်းရေးကော်မတီသည် ယာယီအဆောက်အအုံများကို ဆောက်လုပ် ခြင်းနှင့်စပ်လျဉ်း၍ -

(က) မြေယာရှုခင်းနယ်မြေများအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များအတိုင်း ခွင့်ပြုထားသည့် အသုံးပြုမှုမျိုးဖြစ်စေ ရမည်။

(ခ) အဆောက်အအုံတစ်ခုလုံး ရွှေ့ပြောင်းနိုင်စေရမည်။

(ဂ) ယဉ်ကျေးမှုအမွေအနှစ်ကို ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်ပျက်စီးမှုမရှိစေရ။

(ဃ) ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုမရှိစေရ။

(င) သိုလှောင်ရုံပုံစံ သို့မဟုတ် မြင့်မိုရ်ပိတ်အမိုးပါသော လေးထောင့်ပုံရိုးရိုး အဆောက်အအုံ ပုံစံ ဖြစ်စေရမည်။

(စ) ရှေးဟောင်းအဆောက်အအုံများ၏ ပုံစံတူဒီဇိုင်းဖြင့် ဆောက်လုပ်ခြင်းကို ခွင့်မပြုစေရ။

(ဆ) မြန်မာ့ယဉ်ကျေးမှုမဟုတ်သော အခြားယဉ်ကျေးမှုဒီဇိုင်းများကို အသုံး မပြုစေရ။

(ဇ) သတိပေးဆိုင်းဘုတ်များ သို့မဟုတ် ကြော်ငြာများမထားရှိစေရ။ (၄ပေ×၂ပေ)ထက် မကြီးသော လမ်းညွှန်များထားရှိနိုင်သည်။

(ဈ) အဆောက်အအုံသည် အများဆုံး(၁၆ ပေ×၂၄ ပေ)အကျယ်အဝန်းထက် မပိုစေရ။

(ည) မည်သည့်နေရာတွင်မဆို မြေပြင်အထက်(၁၂)ပေထက် ပိုမမြင့်စေရ။

(ဋ) အင်္ဂတေ၊ ကွန်ကရစ် အသုံးမပြုရဘဲ ပေါ့ပါးပြီး ဓလေ့အတိုင်း အသုံးပြုသော ဒေသအတွင်းရနိုင်သည့်ပစ္စည်းများဖြင့် တည်ဆောက်ရမည်။

(ဌ) အဆောက်အအုံ၏ အုတ်မြစ်များကို လိုအပ်ပါက (၁၂)လက်မထက် မနက်သောတွင်းများတူး၍ တိုင်ထူခြင်း သို့မဟုတ် အုတ်မြစ်ချခြင်း ဆောင်ရွက် နိုင်သည်။ သို့ရာတွင် မြေအောက်ရှေးဟောင်းဝတ္ထုပစ္စည်းကို မထိခိုက်စေရ။

(ဍ) ပေါ့ပါးပြီး ဒေသအတွင်းရနိုင်သည့်ပစ္စည်းဖြင့် ဆောက်လုပ်ထားသည့် ရိုးရာအတိုင်း ခပ်စောင်းစောင်းအမိုးရှိရမည်။

(ဎ) လိုအပ်ပါက ဒေသအတွင်းရနိုင်သည့် ပစ္စည်းများဖြင့် နံရံများနှင့် အခန်းများ ဖွဲ့စေရမည်။

(ဏ) လိုအပ်ပါက ဒေသအတွင်းရနိုင်သည့် ပေါ့ပါးသည့် သဘာဝပစ္စည်းများဖြင့် ရိုးရာ ဓလေ့တံခါးများနှင့် ပြတင်းပေါက်ထားရှိစေရမည်။ 

(တ) လျှပ်စစ်မီးတပ်ဆင်အသုံးပြုပါက ယဉ်ကျေးမှုအမွေအနှစ်ဒေသကို ရုပ်ပိုင်းအရ ဖြစ်စေ၊ မြင်ကွင်းအရဖြစ်စေ အနှောင့်အယှက် အနည်းဆုံးဖြစ်စေရန် သင့်လျော်သည့်တရားဝင် လျှပ်စစ်လိုင်းများမှ သွယ်တန်းအသုံးပြုစေရမည်။

(ထ) ရေအသုံးပြုရန်အတွက် ယာယီအမိုးအောက်တွင် ရွှေ့ပြောင်းနိုင်သည့် ရေတိုင်ကီ များကို မြေကြီးပေါ်တွင် ထားရှိအသုံးပြုစေရမည်။

(ဒ) အညစ်အကြေးစွန့်မိလ္လာကန်များကို ဦးစီးဌာန၏ ထောက်ခံမှုဖြင့် ကြိုတင် ခွင့်ပြုချက် ရယူအသုံးပြုစေရမည်။

(ဓ) သတ်မှတ်ထားသည့်အမှိုက် စွန့်ပစ်စနစ်ရှိစေရမည်။

(န) ပုဂ္ဂလိကဆက်သွယ်ရေး သို့မဟုတ် ရုပ်သံမီဒီယာကိရိယာများ တပ်ဆင် ခြင်းများ ဆောင်ရွက်ရာတွင် ထင်ရှားမြင်သာမှုမရှိအောင် ဆောင်ရွက်ရမည် ဖြစ်ပြီး စီးပွားဖြစ် ဆက်သွယ်ရေးတာဝါတိုင်များကို တည်ဆောက်ခွင့်မပြုစေရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၃

တိုင်းဒေသကြီးထိန်းသိမ်းရေးကော်မတီသည် ကျေးရွာပုံစံ အဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့်စပ်လျဉ်း၍ - 

(က) လူနေထိုင်ရန်၊ လယ်ယာလုပ်ငန်းနှင့် လက်မှုပစ္စည်းထုတ်လုပ်ခြင်း ကဲ့သို့သော ရိုးရာဓလေ့လုပ်ငန်းများဆောင်ရွက်ရန်၊ ခရီးသွားဧည့်သည်တည်းခိုရန်နှင့် ရုံးများ၊ ဈေးဆိုင်များ၊ စားသောက်ဆိုင်များအသုံးပြုရန်အတွက် ဆောက်လုပ်ရန် ကြိုတင်ခွင့်ပြုချက်ပေးနိုင်သည်။

(ခ) ရိုးရာဓလေ့အတိုင်းမဟုတ်သည့် လုပ်ငန်းများအတွက် အဆောက်အအုံ ဆောက်လုပ်ရာတွင် လေထုညစ်ညမ်းမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ဆူညံသံနှင့် မြင်ကွင်းအနှောင့်အယှက်ဖြစ်မှုမရှိမှသာ ဆောက်လုပ်ခွင့်ပြုနိုင်သည်။ 

(ဂ) စီးပွားရေးဆိုင်ရာလုပ်ငန်းများအတွက် အဆောက်အအုံ ဆောက်လုပ်ရာတွင် အဆောက်အအုံတည်ဆောက်ရန် ကြိုတင်ခွင့်ပြုချက်ပေးရာတွင် စည်းကမ်းချက် များနှင့်သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်စေရမည်။

(ဃ) တစ်ထပ်အဆောက်အအုံကိုသာ တည်ဆောက်စေရန်ဖြစ်ပြီး ကျေးရွာဝန်းကျင် အနေအထားနှင့် လိုက်ဖက်စေရမည်။

(င) ယဉ်ကျေးမှုအမွေအနှစ်ကို ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်ပျက်စီးမှု မရှိစေရ။

(စ) ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုမရှိစေရ။

(ဆ) ယဉ်ကျေးမှုအမွေအနှစ်ဒေသနှင့် လိုက်လျောညီထွေဖြစ်စေမည့် သိုလှောင်ရုံ ပုံစံ သို့မဟုတ် မြင်းမိုရ်ပိတ်အမိုးပါသော လေးထောင့်ပုံ ရိုးရိုးအဆောက်အအုံပုံစံဖြင့် တည်ဆောက်စေရမည်။

(ဇ) အမာခံအင်္ဂတေအဆောက်အအုံတွင် ပေါ့ပါးသည့် တိုးချဲ့အဆောင် ထည့်သွင်း ဆောက်လုပ်နိုင်သည်။

(ဈ) ရှေးဟောင်းအဆောက်အအုံများ၏ ပုံစံတူဒီဇိုင်းဖြင့် ဆောက်လုပ်ခြင်းကို ခွင့်မပြုရ။

(ည) မြန်မာ့ယဉ်ကျေးမှုမဟုတ်သော အခြားယဉ်ကျေးမှုများမှ ဒီဇိုင်းများကို အသုံးမပြု စေရ။

(ဋ) သတိပေးဆိုင်းဘုတ်များ သို့မဟုတ် ကြော်ငြာများမထားရှိစေရ။ သို့သော် လမ်းညွှန် ဆိုင်းဘုတ်များအတွက် စည်းကမ်းသတ်မှတ်ချက်များတွင် ဖော်ပြထားသည့်အတိုင်း လမ်းညွှန်များထားရှိစေနိုင်သည်။

(ဌ) အခိုင်အမာ ဆောက်လုပ်ထားသောအဆောက်အအုံသည် မြေကွက် အကျယ်အဝန်း၏ (၈၀)ရာခိုင်နှုန်းထက် ကျော်လွန် ဆောက်လုပ်ခြင်း မပြုစေရ။

(ဍ) အဓိက အဆောက်အအုံနှင့် တိုးချဲ့အဆောက်အအုံများသည် မြေကွက်နယ်နိမိတ် နှင့်အနည်းဆုံး(၅)ပေကွာစေရမည်။

(ဎ) စားသောက်ဆိုင်များနှင့်ခရီးသွားများတည်းခိုနေထိုင်ရန် တည်ဆောက်မည့် အဆောက်အအုံတစ်ခု၏ ဧရိယာသည် စတုရန်းပေ(၂၄၀၀)ထက်မပိုစေရ။ ကျေးရွာပုံစံ တစ်ထပ်သာဖြစ်ရမည်ဖြစ်ပြီး အမြင့်(၁၆)ပေထက် မကျော်လွန်စေရ။

(ဏ) နေအိမ်များအတွက် အမြင့်(၃၀)ပေထက် မကျော်လွန်စေရ။

(တ) မြေအောက်ရှေးဟောင်းအမွေအနှစ် ပျက်စီးမှုမရှိစေရေးအတွက် အဆောက်အအုံ အုတ်မြစ်ကို(၃)ပေအနက်ထက် မပိုစေရ။

(ထ) မြေအောက်ခန်းမထားရှိစေရ။

(ဒ) ပေါ့ပါးသည့်ပစ္စည်းများဖြင့် ခပ်စောင်းစောင်းအမိုးတည်ဆောက်ခွင့်ပြုနိုင်သည်။ 

(ဓ) ရိုးရာပစ္စည်းများ သို့မဟုတ် အင်္ဂတေကိုင်ထားသည့် နံရံများနှင့် အခန်းဖွဲ့များ ထားရှိနိုင်ပြီး ရှေးဟောင်းအဆောက်အအုံနှင့် လိုက်လျောညီထွေမှုဖြစ်စေမည့် ဆေးအရောင်များဆေးသုတ်စေရမည်။ တောက်ပသော အရောင်များမသုံးစေရ။

(န) သစ်သားတံခါးနှင့် ပြတင်းပေါက်များထားရှိနိုင်သော်လည်း လိပ်တင်၍ရသော သတ္တုပြတင်းလိပ်များ မတပ်ဆင်စေရ။

(ပ) လျှပ်စစ်ဓာတ်အားလိုင်းအား ယဉ်ကျေးမှုအမွေအနှစ်ကိုရုပ်ပိုင်းအရဖြစ်စေ၊ မြင်ကွင်း အရဖြစ်စေ ထိခိုက်မှုအနည်းဆုံးပုံစံနှင့်သွယ်တန်းခွင့်ပြုနိုင်သည်။ 

(ဖ) ရေပိုက်လိုင်းများ သွယ်တန်းရာတွင် ယဉ်ကျေးမှုအမွေအနှစ်ကို ရုပ်ပိုင်းအရဖြစ်စေ၊ မြင်ကွင်းအရဖြစ်စေ ထိခိုက်မှုအနည်းဆုံးပုံစံနှင့် ခြံဝင်းအတွင်းမြေပြင်တွင် ရွှေ့ပြောင်းနိုင်သည့် ရေလှောင်ကန်များဖြင့် တပ်ဆင်အသုံးပြုစေနိုင်သည်။

(ဗ) အညစ်အကြေးစွန့်မိလ္လာကန်များကို ဦးစီးဌာန၏ ထောက်ခံမှုဖြင့် ကြိုတင် ခွင့်ပြုချက် ရယူအသုံးပြုစေရမည်။

(ဘ) သတ်မှတ်ထားသည့် အမှိုက်စွန့်ပစ်စနစ်ရှိစေရမည်။

(မ) ပုဂ္ဂလိကဆက်သွယ်ရေး သို့မဟုတ် ရုပ်သံမီဒီယာကိရိယာများ၊ ဂြိုလ်တုစလောင်း များနှင့် အလားတူပစ္စည်းများကိုတပ်ဆင်ရာတွင်  မြင်သာထင်ရှားမှုမရှိအောင် ဆောင်ရွက် ရမည်။ စီးပွားရေးဆိုင်ရာ  ဆက်သွယ်ရေးတာဝါများကို တည်ဆောက် လိုပါက ရှေးဟောင်းအမွေအနှစ်မြင်ကွင်းအား ထိခိုက်မှုမဖြစ်စေသော ဆက်သွယ်ရေး စနစ် တည်ဆောက်သုံးစွဲနိုင်ရန် အမွေအနှစ် ထိခိုက်နိုင်မှု ဆန်းစစ်ခြင်း စိစစ်ချက်နှင့်အညီ အသုံးပြုရန် လျှောက်ထားခွင့်ပြုနိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၅

တိုင်းဒေသကြီးထိန်းသိမ်းရေးကော်မတီသည် မြို့ပုံစံအဆောက်အအုံများကို အောက်ပါ အချက်များနှင့်ကိုက်ညီအောင် စိစစ်ဆောင်ရွက်မည်-

(က) လူနေထိုင်ရန်၊ လယ်ယာလုပ်ငန်းနှင့် လက်မှုပစ္စည်းထုတ်လုပ်ခြင်း ကဲ့သို့သော ရိုးရာဓလေ့လုပ်ငန်းများဆောင်ရွက်ရန်၊ ခရီးသွားဧည့်သည်တည်းခိုရန်နှင့် ရုံးများ၊ ဈေးဆိုင်များ၊ စားသောက်ဆိုင်များအသုံးပြုရန်အတွက် ဆောက်လုပ်ခွင့်ပြုနိုင်သည်။ 

(ခ) ရိုးရာဓလေ့အတိုင်းမဟုတ်သည့် လုပ်ငန်းများအတွက် အဆောက်အအုံများ ဆောက်လုပ်ရာတွင် လေထုညစ်ညမ်းမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ဆူညံသံနှင့် မြင်ကွင်းအနှောင့်အယှက်ဖြစ်မှုမရှိမှသာ ဆောက်လုပ်ခွင့်ပြုနိုင်သည်။

(ဂ) စီးပွားရေးဆိုင်ရာလုပ်ငန်းများအတွက် အဆောက်အအုံတည်ဆောက်ရာတွင် ခွင့်ပြုချက်ပါ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရမည်။

(ဃ) နှစ်ထပ်အဆောက်အအုံဖြစ်ပါက ခေါင်မိုးအပြားဆောက်နိုင်သည်။ သုံးထပ် ဆောက်ပါက ခေါင်မိုးလျောဖြစ်စေရမည်။

(င) ယဉ်ကျေးမှုအမွေအနှစ်ကို ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်ပျက်စီးမှု မရှိစေရ။

(စ) ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုမရှိစေရ။

(ဆ) မြို့ပုံစံအဆောက်အအုံများကို ရိုးရှင်းသည့်ပုံစံဖြင့် တည်ဆောက်စေရမည်။ ဖြစ်နိုင် ပါက လက်ရှိတည်ဆောက်ထားပြီးသော အဆောက်အအုံများနှင့် လိုက်လျော ညီထွေဖြစ်အောင် တည်ဆောက်စေရမည်။

(ဇ) ရှေးဟောင်းအဆောက်အအုံများ၏ ပုံစံတူဒီဇိုင်းဖြင့် ဆောက်လုပ်ခြင်းကို ခွင့်မပြု ရ။

(ဈ) မြန်မာ့ယဉ်ကျေးမှုမဟုတ်သော အခြားယဉ်ကျေးမှုများမှ ဒီဇိုင်းများကို အသုံးပြုခွင့် မပေးရ၊

(ည) သတိပေးဆိုင်းဘုတ်များ သို့မဟုတ် ကြော်ငြာများမထားရှိစေရ။ သို့သော် လမ်းညွှန်ဆိုင်းဘုတ်များအတွက် စည်းကမ်းသတ်မှတ်ချက်များတွင် ဖော်ပြထားသည့် အတိုင်း လမ်းညွှန်များထားရှိစေနိုင်သည်။ 

(ဋ) မြေကွက်အကျယ်အဝန်း၏ (၈၀)ရာခိုင်နှုန်းထက် ကျော်လွန်ဆောက်လုပ်ခြင်း မပြုစေရ။

(ဌ) အဓိကအဆောက်အအုံနှင့် တိုးချဲ့အဆောက်အအုံများသည် မြေကွက်ပတ်လည် နယ်နိမိတ်နှင့် အနည်းဆုံး(၅)ပေကွာစေရမည်။ 

(ဍ) မြို့ပုံစံအဆောက်အအုံတစ်ခု၏ဧရိယာသည်စတုရန်းပေ (၂၄၀၀) ပတ်လည်ထက် မပိုစေရ။ 

(ဎ) အဆောက်အအုံ၏အမြင့်သည် မြေပြင်အထက် ပေ(၃၀)ထက် မကျော်လွန်စေရ။  

(ဏ) မြေအောက်ရှေးဟောင်းအမွေအနှစ် ပျက်စီးမှုမရှိစေရေးအတွက် အဆောက်အအုံ အုတ်မြစ်ကို(၅)ပေအနက်ထက် မပိုစေရ။

(တ) မြေအောက်ခန်း မထားရှိစေရ။

(ထ) ပေါ့ပါးသည့်ပစ္စည်းများဖြင့် ခပ်စောင်းစောင်းအမိုး တည်ဆောက်ခွင့်ပြုနိုင်သည်။

(ဒ) ရိုးရာပစ္စည်းများ သို့မဟုတ် အင်္ဂတေကိုင်ထားသည့် နံရံများနှင့် အခန်းဖွဲ့များထား ရှိနိုင်ပြီးရှေးဟောင်းအဆောက်အအုံနှင့် လိုက်လျောညီထွေမည့် ဆေးအရောင်များ သုတ်စေရမည်။ တောက်ပသော ဆေးအရောင်များမသုံးစေရ။ 

(ဓ) သစ်သားတံခါးနှင့် ပြတင်းပေါက်များထားရှိနိုင်သော်လည်း လိပ်တင်၍ရသော သတ္တုပြတင်းလိပ်များ မတပ်ဆင်စေရ။ 

(န) လျှပ်စစ်ဓာတ်အားလိုင်း (ကေဘယ်ကြိုး)အား ယဉ်ကျေးမှုအမွေအနှစ်ကို ရုပ်ပိုင်း အရဖြစ်စေ၊ မြင်ကွင်းအရဖြစ်စေ ထိခိုက်မှုအနည်းဆုံးပုံစံနှင့် သွယ်တန်းခွင့်ပြု နိုင်သည်။

(ပ) ရေပိုက်လိုင်းများ သွယ်တန်းရာတွင် ယဉ်ကျေးမှုအမွေအနှစ်ကို ရုပ်ပိုင်းအရဖြစ်စေ၊ မြင်ကွင်းအရဖြစ်စေ ထိခိုက်မှုအနည်းဆုံးပုံစံနှင့် ခြံဝင်းအတွင်း မြေပြင်တွင် ရွှေ့ပြောင်းနိုင်သည့်ရေလှောင်ကန်များဖြင့် တပ်ဆင်အသုံးပြုရန် ခွင့်ပြုနိုင်သည်။

(ဖ) အညစ်အကြေးစွန့်မိလ္လာကန်များကို ဦးစီးဌာန၏ ထောက်ခံမှုဖြင့် ကြိုတင် ခွင့်ပြုချက်ရယူအသုံးပြုစေရမည်။

(ဗ) သတ်မှတ်ထားသည့် အမှိုက်စွန့်ပစ်စနစ်ရှိစေရမည်။

(ဘ) ပုဂ္ဂလိကဆက်သွယ်ရေး သို့မဟုတ် ရုပ်သံမီဒီယာကိရိယာများ၊ ဂြိုလ်တုစလောင်း များနှင့် အလားတူပစ္စည်းများကို တပ်ဆင်ရာတွင် မြင်သာ ထင်ရှားမှုမရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး စီးပွားရေးဆိုင်ရာ ဆက်သွယ်ရေးတာဝါတိုင်များကို တည်ဆောက်ခွင့်မပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၀ ၁၇ (က)

တိုင်းဒေသကြီးထိန်းသိမ်းရေးကော်မတီသည် အဆောက်အအုံဆောက်လုပ်ရန် ကြိုတင် ခွင့်ပြုချက်တောင်းခံလာခြင်းနှင့်စပ်လျဉ်း၍ - 

(က) လယ်ယာမြေတွင် လူနေထိုင်ရန်မဟုတ်သည့် အဆောက်အအုံများ၊ ဝန်ဆောင်မှု ကြိုးလိုင်းများနှင့် အခြေခံအဆောက်အအုံများဆောက်လုပ်ခြင်းပြုရာတွင်-

(၁) လယ်ယာမြေကို အခြားနည်းဖြင့်အသုံးပြုရန် ခွင့်ပြုချက်ရရှိပြီး ဖြစ်စေရမည်။

(၂) ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တည်ဆဲဥပဒေစည်းကမ်း သတ်မှတ် ချက်များနှင့် ပြည့်စုံမှု၊ မှန်ကန်မှု၊ လိုက်နာမှု ရှိ မရှိ စစ်ဆေးစေပြီး သဘောထား မှတ်ချက်တင်ပြစေရမည်။

(၃) ခွင့်ပြုချက်လျှောက်ထားသူသည် လျှောက်လွှာကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ မိတ္တူပေးပို့ရမည်။ ရှေးဟောင်းသုတေသန နှင့် အမျိုးသား ပြတိုက်ဦးစီးဌာနက လိုအပ်လျှင် ယဉ်ကျေးမှုအမွေအနှစ်ကို ထိခိုက်မှုမရှိကြောင်း သေချာစေရန်စစ်ဆေးမှုပြုလုပ်နိုင်သည်။

(၄) လုပ်ငန်းဆောင်ရွက်သူသည် ဆောက်လုပ်ရေးလုပ်ငန်း အစပြုမှုနှင့် မြေတူး လုပ်ငန်းဆောင်ရွက်ရန် မြို့နယ်စည်ပင်သာယာရေးကော်မတီသို့ တင်ပြ ရမည်။

(၅) မြို့နယ်စည်ပင်သာယာရေးကော်မတီမှ လုပ်ငန်းအစပြုမှုနှင့် မြေတူး လုပ်ငန်းကို အနီးကပ်စောင့်ကြည့်ရမည်ဖြစ်ပြီးတူးဖော်နေစဉ်ကာလအတွင်း ရှေးဟောင်းသုတေသန ဆိုင်ရာ အထောက်အထားများတွေ့ရှိရပါက ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲသို့ အရေးပေါ်အကူ အညီတောင်းခံနိုင်သည်။ 

(၆) မြို့နယ်စည်ပင်သာယာရေးကော်မတီက အုတ်မြစ်ချလုပ်ငန်းပြီးစီးမှု လက်မှတ် ထုတ်ပေးနိုင်သည်။ 

(၇) လျှပ်စစ်ဓာတ်အားကြိုးလိုင်းများ၊ ရေသွယ်ယူရေးလိုင်းများ၊ ရေဆိုးထုတ် လိုင်းများနှင့် အခြေခံအဆောက်အအုံများဖြစ်သည့် ရေလှောင်ကန်၊ မိလ္လာကန်များအတွက် ကိုလည်း ဦးစီးဌာန၏ ထောက်ခံမှုဖြင့် ကြိုတင်ခွင့်ပြုချက် ရယူစေပြီး အသုံးပြုခွင့် ပေးနိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁ ၁၇ (ခ)

(ခ) လူနေထိုင်မည့်အဆောက်အအုံများဆောက်လုပ်ခြင်းနှင့်စပ်လျဉ်း၍-

(၁) မြို့နယ်စည်ပင်သာယာရေးကော်မတီသို့ လျှောက်ထား တင်ပြစေရမည်။

(၂) မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တည်ဆဲဥပဒေ စည်းကမ်းသတ်မှတ်ချက်များနှင့် ပြည့်စုံမှု၊ မှန်ကန်မှု၊ လိုက်နာမှု ရှိ မရှိ စစ်ဆေးစေပြီး သဘောထား မှတ်ချက်တင်ပြစေရမည်။

(၃) ခွင့်ပြုချက်လျှောက်ထားသူသည် လျှောက်လွှာကို ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ မိတ္တူပေးပို့ရမည်။ လိုအပ်ပါက မြို့နယ် စည်ပင်သာယာရေးကော်မတီသည် ယဉ်ကျေးမှုအမွေအနှစ်ကို ထိခိုက်မှု ရှိ မရှိ စစ်ဆေး ပေးရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနသို့ ညှိနှိုင်းနိုင်သည်။ 

(၄) မြို့နယ်စည်ပင်သာယာရေးကော်မတီသည် တိုင်းဒေသကြီး ထိန်းသိမ်းရေး ကော်မတီသို့ တင်ပြပြီး သဘောထားမှတ်ချက်ရယူကာ ခွင့်ပြုချက်ကို ထုတ်ပေးရမည်။

(၅) မြို့နယ်စည်ပင်သာယာရေးကော်မတီမှ လုပ်ငန်းအစပြုမှုနှင့် မြေတူး လုပ်ငန်းကို အနီးကပ်စောင့်ကြည့်ရမည်ဖြစ်ပြီး တူးဖော်နေစဉ်ကာလအတွင်း ရှေးဟောင်းသုတေ သနဆိုင်ရာ အထောက်အထားများတွေ့ရှိရပါက ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနသို့ အရေးပေါ် အကူအညီ တောင်းခံနိုင်သည်။ 

(၆) မြို့နယ်စည်ပင်သာယာရေးကော်မတီက အုတ်မြစ်ချလုပ်ငန်းပြီးစီးမှု လက်မှတ် ထုတ်ပေးနိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၂ ၁၇ (ဂ)

(ဂ) လူနေထိုင်မည့်အဆောက်အအုံများအတွက် ဝန်ဆောင်မှုကြိုးလိုင်းများနှင့် အခြေခံ အဆောက်အအုံများ ဆောက်လုပ်ရာတွင် အောက်ပါအတိုင်း လိုက်နာဆောင်ရွက် ရမည်- 

(၁) ရေသွယ်ယူရေးလိုင်းများ၊ ရေဆိုးထုတ်လိုင်းများနှင့် အခြေခံအဆောက်အအုံ များဖြစ်သည့် ရေလှောင်ကန်၊ မိလ္လာကန်များ ဆောင်ရွက်ရန် ခွင့်ပြုချက်ကို မြို့နယ် စည်ပင်သာယာရေးကော်မတီသို့ တောင်းခံတင်ပြစေရမည်။

(၂) မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တည်ဆဲဥပဒေ စည်းကမ်းသတ်မှတ်ချက် များနှင့် ပြည့်စုံမှု၊ မှန်ကန်မှု၊ လိုက်နာမှု ရှိ မရှိ စစ်ဆေးရမည်။

(၃) ခွင့်ပြုချက်လျှောက်ထားသူသည် လျှောက်လွှာကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ မိတ္တူပေးပို့ရမည်။ ရှေးဟောင်းသုတေသန နှင့်အမျိုးသား ပြတိုက်ဦးစီးဌာနက လိုအပ်လျှင်ယဉ်ကျေးမှုအမွေအနှစ်ကို ထိခိုက်မှုမရှိကြောင်း သေချာ စေရန် စစ်ဆေးမှုပြုလုပ်နိုင်သည်။

(၄) အချိန်အကန့်အသတ်ဖြင့် အဆောက်အအုံဆောက်လုပ်ခွင့်(ယာယီ)ကို တိုင်းဒေသ ကြီးထိန်းသိမ်းရေးကော်မတီ၏ သဘောထားမှတ်ချက်နှင့်အတူ မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ခွင့်ပြုချက်ထုတ်ပေးနိုင်သည်။

(၅) မြို့နယ်စည်ပင်သာယာရေးကော်မတီမှ လုပ်ငန်းအစပြုမှုနှင့် မြေတူး လုပ်ငန်းကို အနီးကပ်စောင့်ကြည့်ရမည်ဖြစ်ပြီး တူးဖော်နေစဉ်ကာလအတွင်း ရှေးဟောင်း သုတေသန ဆိုင်ရာ အထောက်အထားများတွေ့ရှိရပါက ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာနသို့ အရေးပေါ် အကူအညီ တောင်းခံနိုင်သည်။

(၆) လျှပ်စစ်ဓာတ်အားကြိုးလိုင်းများသွယ်တန်းသည့်ကိစ္စတွင် မြို့နယ်လျှပ်စစ် ဓာတ်အားပေးရေးလုပ်ငန်း၏ သဘောထားမှတ်ချက်ရယူစေရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၃ ၁၈

စီးပွားရေးလုပ်ငန်းအလို့ငှာ လမ်းညွှန်ဆိုင်းဘုတ်များအတွက် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) မြို့နယ်စည်ပင်သာယာရေးကော်မတီသို့ ခွင့်ပြုချက်တောင်းခံတင်ပြစေရမည်။

(ခ) မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တည်ဆဲဥပဒေစည်းကမ်းသတ်မှတ်ချက် များနှင့် ပြည့်စုံမှု၊ မှန်ကန်မှု၊ လိုက်နာမှုရှိမရှိ စစ်ဆေးရမည်။

(ဂ) ခွင့်ပြုချက်လျှောက်ထားသူသည် လျှောက်လွှာကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ မိတ္တူပေးပို့ရမည်။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက လိုအပ်လျှင် ယဉ်ကျေးမှုအမွေအနှစ်ကို ထိခိုက်မှု မရှိကြောင်း သေချာစေရန် စစ်ဆေးမှုပြုလုပ်နိုင်သည်။

(ဃ) ခွင့်ပြုချက်ကို မြို့နယ်စည်ပင်သာယာရေးကော်မတီက ထုတ်ပေးရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၄ ၁၉

အဆောက်အအုံဆောက်လုပ်ရာ၌ လိုက်နာရမည့် သတ်မှတ်ချက်များသည် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်းဆောင်ရွက်သည့်အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်းများ အားလုံး နှင့်အကျုံးဝင်သက်ရောက်စေရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၅ ၂၀

မည်သူမဆို ဤအမိန့်ပါ စည်းကမ်းချက်နှင့်သတ်မှတ်ချက်တစ်ရပ်ရပ်ကို လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်ပါက ဥပဒေပုဒ်မ ၄၈ အရ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်ချမှတ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၆ ၂၁

ယခင်ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် ၂/၂၀၁၄နှင့် ၃/၂၀၁၄ တို့သည် ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသအတွက် အကျုံးမဝင်စေရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း