Measures Relating to အမိန့်ကြော်ငြာစာအမှတ် ၂ / ၂၀၂၀
Domestic Regulations
| sr. | Para | measures | mode | remarks |
|---|---|---|---|---|
| ၁ | ၂ | ဥပဒေမပြဋ္ဌာန်းမီက ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ဆောက်လုပ်ထား သော အဆောက်အအုံနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများသည် ရှေးဟောင်းအဆောက် အအုံနှင့်မလွတ်ကင်းခြင်း၊ မြေအောက်ရှေးဟောင်းအမွေအနှစ်နှင့် ပတ်ဝန်း ကျင်ကို ထိခိုက်ပျက်စီးစေခြင်း၊ ယဉ်ကျေးမှု အမွေအနှစ်အခင်းအကျင်းကို ထိခိုက်ပျက်စီးစေခြင်းများကို ဖြစ်ပေါ်စေပါကထိုသို့ ဆောက်လုပ်သူ နှင့် ဆောင်ရွက်သူများသည်- (က) ဆောက်လုပ်ထားသောအဆောက်အအုံ သို့မဟုတ် ဖွံ့ဖြိုးရေးလုပ်ငန်းကို ယဉ်ကျေးမှုအမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ချက်ဆောင်ရွက်ပြီး ထိုဆန်းစစ်ချက် ပါ လိုက်နာရမည့် သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်။ (ခ) အပိုဒ်ခွဲ(က)ပါ လိုက်နာရမည့်သတ်မှတ်ချက်များသည် အဆောက်အအုံကို ပြင်ဆင်ရန်ကိစ္စဖြစ်ပါက အောက်တွင်သတ်မှတ်ထားသည့်ကာလအတွင်း ပြင်ဆင် ဆောင်ရွက်ရမည်- (၁) ကျပ်သိန်း ၁၀၀၀ အောက်တန်ဖိုးရှိသည့်အဆောက်အအုံဖြစ်ပါက နှစ်လအတွင်း၊ (၂) ကျပ်သိန်း ၁၀၀၀ မှ ကျပ်သိန်း ၅၀၀၀ အောက် တန်ဖိုးရှိသည့် အဆောက်အအုံ ဖြစ်ပါက ခြောက်လအတွင်း၊ (၃) ကျပ်သိန်း ၅၀၀၀ မှ ကျပ်သိန်း ၁၀၀၀၀ အောက် တန်ဖိုးရှိသည့် အဆောက်အအုံ ဖြစ်ပါက ၁၂ လအတွင်း၊ (၄) ကျပ်သိန်း ၁၀၀၀၀ မှ ကျပ်သိန်း ၅၀၀၀၀ အောက် တန်ဖိုးရှိသည့် အဆောက်အအုံဖြစ်ပါက ၁၅ လအတွင်း၊ (၅) ကျပ်သိန်း ၅၀၀၀၀ နှင့်အထက် တန်ဖိုးရှိသည့်အဆောက်အအုံဖြစ်ပါက ၁၈ လအတွင်း။ |
နည်းလမ်း ၃ | ပြည်တွင်းစည်းမျဉ်း စည်းကမ်း |
| ၂ | ၃ | မည်သူမဆို အပိုဒ် ၂ ပါ သတ်မှတ်ချက်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက် ပါက ဥပဒေပုဒ်မ ၄၈ ပါအတိုင်း စီမံခန့်ခွဲရေးဆိုင်ရာအမိန့် တစ်ရပ်ရပ်ကို ချမှတ်ခြင်းခံရမည်။ |
နည်းလမ်း ၃ | ပြည်တွင်းစည်းမျဉ်း စည်းကမ်း |
| ၃ | ၄ | ဥပဒေပုဒ်မ ၄၈၊ ပုဒ်မခွဲ(ဂ)ပါ အမိန့်ကိုချမှတ်ရမည့်ကိစ္စရပ်တွင် အောက်ပါအမိန့် တစ်ရပ်ရပ်ကိုလည်း တစ်ပါတည်းချမှတ်ရမည်- (က) ဆောက်လုပ်ထားသော အဆောက်အအုံ သို့မဟုတ် ဖွံ့ဖြိုးရေးလုပ်ငန်း သည် ရှေးဟောင်းအဆောက်အအုံကိုလည်းကောင်း၊ မြေအောက်ရှေးဟောင်း အမွေအနှစ် ကိုလည်းကောင်း၊ ပတ်ဝန်းကျင်ကိုလည်းကောင်း၊ ယဉ်ကျေးမှု အမွေအနှစ်အခင်း အကျင်းကိုလည်းကောင်း တိုး၍ထိခိုက်ပျက်စီးမှုဖြစ်စေပါက အောက်ပါသတ်မှတ် ထားသည့်ကာလအတွင်း ဖျက်သိမ်းစေရမည်- (၁) ကျပ်သိန်း ၁၀၀၀ အောက်တန်ဖိုးရှိသည့်အဆောက်အအုံဖြစ်ပါက သုံးလအတွင်း၊ (၂) ကျပ်သိန်း ၁၀၀၀ မှ ကျပ်သိန်း ၅၀၀၀ အောက် တန်ဖိုးရှိသည့် အဆောက်အအုံဖြစ်ပါက ကိုးလအတွင်း၊ (၃) ကျပ်သိန်း ၅၀၀၀ မှ ကျပ်သိန်း ၁၀၀၀၀ အောက် တန်ဖိုးရှိသည့် အဆောက်အအုံ ဖြစ်ပါက ၁၂ လအတွင်း၊ (၄) ကျပ်သိန်း ၁၀၀၀၀ မှ ကျပ်သိန်း ၅၀၀၀၀ အောက် တန်ဖိုးရှိသည့် အဆောက်အအုံဖြစ်ပါက ၁၈ လအတွင်း၊ (၅) ကျပ်သိန်း၅၀၀၀၀နှင့်အထက် တန်ဖိုးရှိသည့်အဆောက်အအုံဖြစ်ပါက၂၄ လ အတွင်း။ (ခ) ဆောက်လုပ်ထားသော အဆောက်အအုံ သို့မဟုတ် ဖွံ့ဖြိုးရေးလုပ်ငန်း သည် ရှေးဟောင်းအဆောက်အအုံကိုလည်းကောင်း၊ မြေအောက်ရှေးဟောင်း အမွေအနှစ်ကိုလည်းကောင်း၊ ပတ်ဝန်းကျင်ကိုလည်းကောင်း၊ ယဉ်ကျေးမှုအမွေ အနှစ်အခင်းအကျင်းကိုလည်းကောင်း တိုး၍ထိခိုက်ပျက်စီးမှုမဖြစ်ပေါ်စေပါက (၁၀)နှစ်အထိ ကာလတစ်ခုခုကို သတ်မှတ်ပေး၍ ဖျက်သိမ်းစေရမည်။ |
နည်းလမ်း ၃ | ပြည်တွင်းစည်းမျဉ်း စည်းကမ်း |
