Measures Relating to အမိန့်ကြော်ငြာစာ အမှတ် (၁/၂၀၂၂)နှင့်စပ်လျဉ်းသည့် ပြဌာန်းချက်များ


Domestic Regulations
sr. Para measures mode remarks
၃ (က)

ရန်ကုန်စတော့အိပ်ချိန်းသည် စာရင်းဝင်အကြိုဈေးကွက် တည်ထောင်ခြင်းနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ဆောင်ရွက်ရမည် -

(က) စာရင်းဝင်အကြိုဈေးကွက် တည်ထောင်ရန်လိုအပ်သည့် မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစည်းမျဉ်းများ (Securities Registration Business Regulation)၊ စာရင်းဝင်အကြို ဈေးကွက်၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာလုပ်ငန်း လမ်းညွှန် စာအုပ် (Business Operation Manual of Pre Listing Board)၊ မှတ်ပုံ တင်ခြင်းဆိုင်ရာစံသတ်မှတ်ချက်နှင့် မှတ်ပုံတင်အကြံပေး ခန့်အပ်ခြင်းဆိုင်ရာ သတ်မှတ်ပြဌာန်းချက်များနှင့် အခြားသက် ဆိုင်ရာစည်းမျဉ်းစည်းကမ်း၊ လမ်းညွှန်ချက်နှင့် လုပ်ထုံးလုပ်နည်းများကို ကော်မရှင်က ထုတ်ပြန်နိုင်ရန် တင်ပြရမည်၊

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃ (ခ)

(ခ) စာရင်းဝင်အကြိုဈေးကွက်တွင် မှတ်ပုံတင်မည့် အများနှင့် သက်ဆိုင်သော ကုမ္ပဏီများနှင့်စပ်လျဉ်း၍ အောက်ပါတို့ကို သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်၍ ကော်မရှင်သို့ တင်ပြရမည် -

(၁) မှတ်ပုံတင်အကြံပေးခန့်အပ်ခြင်း၊

(၂) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးကိစ္စများနှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေများအား လိုက်နာမျုအခြေအနေများ၊

(၃) မှတ်ပုံတင်မည့်ကုမ္ပဏီများ၏ အစုရှယ်ယာများကို အများ ပြည်သူသို့ ကမ်းလှမ်း ရောင်းချခြင်း၊

(၄) မှတ်ပုံတင်မည့်ကုမ္ပဏီများ၏ အစုရှယ်ယာများအား နိုင်ငံခြားသာများ ပါဝင်ရောင်းဝယ်ခွင့်ပြုခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃ (ဂ)

(ဂ) စာရင်းဝင်အကြိုဈေးကွက်တွင် မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားလာသည့် ကုမ္ပဏီကို သတ်မှတ်ထားသည့် အရည် အသွေးစံသတ်မှတ်ချက်နှင့် ကိုက်ညီမှု ရှိ မရှိ စိစစ်ပြီး သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ကုမ္ပဏီကို ကော်မရှင်၏ အတည်ပြုချက်ဖြင့် မှတ်ပုံတင်ရမည်၊

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃ (ဃ)

(ဃ) မှတ်ပုံတင်ကြေးအဖြစ် လျှောက်ထားသည့်ကုမ္ပဏီကို ငွေချေးသက်သေခံ လက်မှတ်များမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်း စည်းမျဉ်းများပါ အရည်အချင်း သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ မရှိ စိစစ်ပြီး ကော်မရှင်၏အတည်ပြုချက် ရယူ၍ ခွင့်ပြရမည်၊

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃ (င)

(င) စာရင်းဝင်ကုမ္ပဏီဖြစ်လာစေရေးအတွက် စာရင်းဝင်အကြို ဈေးကွက်တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများ၏ တိုးတက်မှု အခြေအနေများကို ကော်မရှင်သို့ တင်ပြရမည်၊

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃ (စ)

(စ) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ကိစ္စများနှင့် စပ်လျဉ်း၍ စာရင်းဝင်အကြိုဈေးကွက်တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများ၏ တည်ဆဲဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်မှုအခြေအနေများကို သက်ဆိုင်ရာအဖွဲ့ အစည်းသို့ စိစစ်တင်ပြရမည်၊

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃ (ဆ)

(ဆ) အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (Myanmar SME Development Agency) က အသိအမှတ် ပြုထားသော အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် စာရင်းဝင် အကြိုဈေးကွက်အတွက် ထုတ်ပြန်ထားသည့် အရည်အချင်း သတ်မှတ်ချက်များနှင့် ပြည့်စုံပါက ရန်ကုန်စတော့အိပ်ချိန်း စာရင်းဝင်အကြိုဈေးကွက်တွင် မှတ်ပုံတင်နိုင်သည်။ ရန်ကုန် စတော့အိပ်ချိန်းသည် သက်သာသော အခကြေးငွေဖြင့် မှတ်ပုံတင် ပေးရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

အောက်ပါကုမ္ပဏီများသည် စာရင်းဝင်အကြိုဈေးကွက်တွင် စာရင်းဝင်ကုမ္ပဏီအဖြစ် မှတ်ပုံတင်ပြီး အစုရှယ်ယာများ ရောင်းဝယ်ခွင့်ရှိသည် -

(က) ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ထားသည့်ကုမ္ပဏီ များမှတစ်ပါး ငွေချေးသက်သေခံလက်မှတ်များလဲလှယ် ရောင်းဝယ်ရေးဥပဒေပုဒ်မ ၃၅၊ ပုဒ်မခွဲ (က) အရ ကော်မရှင်၏ အတည်ပြုချက်ဖြင့် အများပြည်သူသို့ အစုရှယ်ယာဖိတ်ခေါ် ထားသည့်ကုမ္ပဏီ၊

(ခ) အစုရှယ်ယာ ၁၀၀ ဦးနှင့်အထက်ရှိသော အများနှင့် သက်ဆိုင်သည့်ကုမ္ပဏီ၊

(ဂ) ရန်ကုန်စတော့အိပ်ချိန်းမှထုတ်ပြန်သည့် စာရင်းဝင်အကြို ဈေးကွက် စံသတ်မှတ်ချက်နှင့် ကိုက်ညီသည့်ကုမ္ပဏီ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

စာရင်းဝင်အကြိုဈေကွက်တွင် မှတ်ပုံတင်မည့်ကုမ္ပဏီသည် အောက်ပါအတိုင်း ဆောင်ရွက်ရမည် -

(က) စာရင်းဝင်အကြိုဈေးကွက်တွင် မှတ်ပုံတင်ရန် မှတ်ပုံတင် အကြံပေးခန့်ထားရာတွင် မှတ်ပုံတင်အကြံပေးသည့် ငွေချေး သက်သေခံလက်မှတ်ကုမ္ပဏီတစ်ခုခု သို့မဟုတ် ရန်ကုန်စတော့ အိပ်ချိန်းမှ ခန့်အပ်ထားသည့် ကုမ္ပဏီဖြစ်ရမည်၊

(ခ) စာရင်းဝင်အကြိုဈေးကွက်တွင် စတင်ဝင်ရောက်သည့် ရက်မှစ၍ ငါးနှစ်အတွင်း ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီဖြစ်လာစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရမည်၊

(ဂ) စာရင်းဝင်အကြိုဈေးကွက်၌ မှတ်ပုံတင်ရာတွင် -

(၁) လက်ရှိအစုရှယ်ယာများ ကမ်းလှမ်းရောင်းချရန်ဖြစ်ပါက မှတ်ပုံတင် အကြံပေး၏ ထောက်ခံချက်ရယူရမည်၊

(၂) အစုရှယ်ယာသစ်များ ကမ်းလှမ်းရောင်းချရန်ဖြစ်ပါက ငွေွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေ ပုဒ်မ ၃၅၊ ပုဒ်မခွဲ (ခ) နှင့်အညီ ထုတ်ပြန်ကြေညာသည့် အလားအလာညွှန်းတမ်းကို ကော်မရှင်၏ အတည်ပြုချက်ရယူပြီး ဖြစ်ရမည်။

(ဃ) စာရင်းဝင်အကြိုဈေးကွက်တွင် မှတ်ပုံတင်ပြီးမှ အစု ရှယ်ယာသစ်များ ထပ်မံကမ်းလှမ်းရောင်းချရန်ဖြစ်ပါက ငွေချေး သက်သေခံလက်မှတ်များလဲလှယ်ရောင်း ဝယ်ရေးဥပဒေ ပုဒ်မ ၃၅၊ ပုဒ်မခွဲ (ခ) နှင့်အညီ ထုတ်ပြန်ကြေညာသည့် အလားအလာ ညွှန်းတမ်းကို ကော်မရှင်၏ အတည်ပြုချက်ရယူရမည်၊

(င) ရန်ကုန်စတော့အိပ်ချိန်း၏ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၀

မှတ်ပုံတင်အကြံပေးသည် -

(က) ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (ခ) ပါ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းများမှအပ စာရင်းဝင်အကြို ဈေးကွက်တွင် မှတ်ပုံတင် အကြံပေးလုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိသည်၊

(ခ) ရန်ကုန်စတော့အိပ်ချိန်း၏ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြား ချက်၊ လုပ်ထုံး လုပ်နည်းများကို လိုက်နာရမည်၊

(ဂ) မှတ်ပုံတင်အကြံပေးလုပ်ငန်း ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁

မှတ်ပုံတင်အကြံပေးသည် ရန်ကုန်စတော့အိပ်ချိန်း၏ စာရင်းဝင် အကြိုဈေးကွက်တွင် မှတ်ပုံတင်အကြံပေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အောက်ပါကိစ္စရပ်များကို ဆောင်ရွက်ရမည် -

(က) မှတ်ပုံတင်လျှောက်ထားခြင်းနှင့်သက်ဆိုင်သည့် အကြံပေးခြင်း၊

(ခ) မှတ်ပုံတင်လျှောက်ထားရာတွင် ရန်ကုန်စတော့အိပ်ချိန်းမှ သတ်မှတ်ထားသော ထောက်ခံချက်နှင့် ဈေးကွက်တန်းဖိုး အကဲဖြတ်မှုများကို ပြင်ဆင်ပေးခြင်းနှင့် လိုအပ်ချက်များကို အတည်ပြုပေးခြင်း၊

(ဂ) မှတ်ပုံတင်ပြီးနောက် ကော်ပိုရိတ်သတင်းအချက်အလက်များ ဖွင့်ဟကြေညာရာတွင် အကြံပေးခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၂

ဤအမိန့်ကြော်ငြာစာပါ ပြဌာန်းချက်များနှင့်အညီ စာရင်းဝင် အကြိုဈေးကွက် တည်ထောင်ဆောင်ရွက်ရာတွင် ငွေချေး သက်သေခံလက်မှတ် လွှဲပြောင်းမှုများကို အီလက်ထရောနစ် နည်းဖြင့် မှတ်တမ်းတင်နိုင်ရန် ရန်ကုန်စတော့အိပ်ချိန်း၊ ငွေချေး သက်သေခံလက်မှတ်ကုမ္ပဏီများနှင့် မှတ်ပုံတင်အကြံပေးကုမ္ပဏီ တို့သည် ကော်မရှင်မှထုန်ပြန်ထားသည့် အမိန့်ကြော်ငြာစာ ၁/၂၀၁၅ ကိုလိုက်နာရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၃

စာရင်းဝင်အကြိုဈေးကွက်တွင် နိုင်ငံခြားသားများကို ကော်မရှင်မှ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်များနှင့်အညီ ပါဝင်ရောင်းဝယ်ခွင့်ပြုသည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း