Measures Relating to သတင်းမီဒီယာဥပဒေ


Domestic Regulations
sr. Section measures mode remarks

သတင်းမီဒီယာ သမားတစ်ဦးသည် အောက်ပါ ကျင့်ဝတ်စည်းကမ်းများကို လိုက်နာရန် တာဝန် ရှိသည်-

(က) သတင်းတိုင်းအချက်အလက် တိကျမှန်ကန်စေရန်နှင့် တတ်နိုင်သမျှ ပြည့်စုံစေရန် စိစစ်ခြင်း၊

(ခ) တိကျမှန်ကန်မှုမရှိသော သတင်းကို ဖော်ပြမိ၍ ပြင်ဆင်ရန်လိုအပ်ပါက ပုံနှိပ်မီဒီယာဖြစ်လျှင် ပြင်ဆင်ချက်ကို ထင်ရှားသော စာမျက်နှာ၌လည်းကောင်း၊ အခြားမီဒီယာဖြစ်လျှင် အနီးစပ်ဆုံးအချိန်၌လည်းကောင်း အမြန်ဆုံးဖော်ပြခြင်း၊

(ဂ) တရားရုံးတွင် စစ်ဆေးဆဲအမှုများနှင့်စပ်လျဉ်း၍ သတင်းဖော်ပြရာတွင် တရားရုံးကပြစ်မှု ထင်ရှားစီရင်ခြင်းမပြုသမျှ ကာလပတ်လုံး တရားစွဲဆိုခံရသူ အားအပြစ်ကင်းစင်သူအဖြစ် မှတ်ယူခြင်းနှင့် တရားရုံးအား မထီမဲ့မြင်ပြုရာ ရောက်သော သတင်းဝေဖန်ချက်မျိုးကို ဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်း၊

(ဃ) သတင်းဓာတ်ပုံနှင့် အရုပ်အသံများ ဖော်ပြရာတွင် နည်းပညာတစ်ရပ်ရပ် အသုံးပြု၍ မလျော်ကန်သော ပြုပြင်ပြောင်းလဲ ခြင်းမှ ရှောင်ကြဉ်ခြင်း၊

(င) သတင်းဝေဖန်ချက်၊ အာဘော်နှင့် ဆောင်းပါး ရေးသားခြင်းမှ တစ်ပါး သတင်း ရေးသားသူ၏ ထင်မြင်ယူဆချက်၊ အာဘော် လုံးဝ မပါရှိစေခြင်း၊

(စ) တစ်ပါးသူပိုင်ဆိုင်သည့် ဉာဏဆိုင်ရာ ပစ္စည်းများကို ခွင့်ပြုချက်မရဘဲ ကူးယူ ဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်း၊

(ဆ) အများပြည်သူ၏ အကျိုးစီးပွားနှင့်စပ်ဆိုင်သည့် သတင်းရေးသားခြင်း မဟုတ်လျှင် ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို တမင်ထိခိုက် စေသော အရေးအသားနှင့် လူ့အခွင့်အရေးကို ထိခိုက်စေသော အရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်း၊

(ဇ) ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ လူမျိုးတစ်မျိုးကို အကြောင်းပြု၍ ပဋိပက္ခ ဖြစ်စေနိုင်သော လှုံ့ဆော်ရေးသားမှုမှ ရှောင်ကြဉ်ခြင်း၊

(ဈ) မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ထုတ်ပြန်သည့် ကျင့်ဝတ်နှင့် စည်းကမ်းများကို လိုက်နာခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁

သတင်းမီဒီယာ လုပ်ငန်းလုပ်ကိုင်လိုသူသည် လုပ်ငန်း အမျိုးအစားအလိုက် သက်ဆိုင်ရာ ဥပဒေနှင့်အညီ လုပ်ငန်း အသိအမှတ်ပြု လက်မှတ် သို့မဟုတ် လုပ်ငန်းလိုင်စင် ရယူရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၅ (က) (ခ)

(က) မည်သည့် သတင်းမီဒီယာသမားမဆို ပုဒ်မ ၉၊ ပုဒ်မခွဲ (ခ) ပါ တာဝန်နှင့်ကျင့်ဝတ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ် အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်သုံးသိန်းအထိ ချမှတ်ရမည်။

(ခ) မည်သည့်သတင်းမီဒီယာသမားမဆို ပုဒ်မ ၉၊ ပုဒ်မခွဲ (ဃ) ၊ ပုဒ်မခွဲ (စ) နှင့် ပုဒ်မခွဲ (ဆ) တို့ပါ တာဝန်နှင့် ကျင့်ဝတ်တစ်ရပ်ရပ် ဖြင့် ပြစ်မှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ်အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ် ၁၀ သိန်းအထိ ချမှတ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၆

မည်သည့် သတင်းမီဒီယာသမားမဆို ပုဒ်မ ၉၊ ပုဒ်မခွဲ (ဇ) ပါ တားမြစ်ချက်ကို ချိုးဖောက်ခဲ့လျှင် တည်ဆဲဥပဒေ တစ်ရပ်ရပ်ဖြင့် အရေးယူခြင်းခံရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း