Measures Relating to သတင်းမီဒီယာနည်းဥပဒေများ


Domestic Regulations
sr. Rules measures mode remarks

သတင်းမီဒီယာလုပ်ငန်းကို ကုမ္ပဏီဖွဲ့စည်း၍ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ လုပ်ကိုင်သူသည် သတင်း မီဒီယာလုပ်ငန်း  အသိအမှတ်ပြုလက်မှတ် သို့မဟုတ် လုပ်ငန်းလိုင်စင်မိတ္တူကို ကောင်စီသို့ ပေးပို့ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

သတင်းမီဒီယာ လုပ်ငန်းလုပ်ကိုင်သည့် အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်သည် သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်သူအဖြစ်မှ ရပ်နားလျှင်ဖြစ်စေ၊ ဆက်လက် လုပ်ကိုင်ခြင်း မပြုတော့လျှင်ဖြစ်စေ၊ သတင်းမီဒီယာလုပ်ငန်းနှင့် စပ်လျဉ်းသည့် အသိအမှတ်ပြုလက်မှတ်၊ လုပ်ငန်းလိုင်စင် သို့မဟုတ် ခွင့်ပြုချက်ကို ရုပ်သိမ်း ခြင်း၊ ပယ်ဖျက်ခြင်းခံရလျှင်ဖြစ်စေ ကောင်စီသို့ ဆောလျင်စွာ အကြောင်းကြား ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၁

အများပြည်သူသိခွင့်ရှိသော သတင်းအချက်အလက်များကို ထုတ်ပြန်ရန် တာဝန်ရှိသည့် မည့်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ဌာနမဆို-

(က) ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (က) အရ အများပြည်သူသိခွင့်ရှိသော သတင်းအချက်အလက်များ၊ ဓာတ်ပုံ၊ သရုပ်ဖော်ပုံ၊ ကိန်းကဏန်း၊ စာရင်း ဇယားများကို တောင်းယူကြည့်ရှုရာတွင်လည်းကောင်း၊ မိတ္တူကူးယူခွင့် ရယူရာ တွင်လည်းကောင်း တာဝန်ရှိသူသည် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ငြင်းဆန်ခြင်း၊ အချိန်ဆွဲခြင်းမရှိစေရ။

(ခ) လတ်တလော ဖြစ်ပေါ်နေသော သတင်းများနှင့် အရေးပေါ်အခြေအနေ ဖြစ်စဉ်များအရ အမြန်ပြန်ကြားပေးရမည့် သတင်းများကို တောင်းခံလာပါက သက်ဆိုင်ရာတာဝန်ရှိသူသည် တောင်းခံမှု ကို လက်ခံရရှိချိန်မှ အလုပ်လုပ်ချိန် (၂၄) နာရီအတွင်း အကြောင်းပြန်ကြားရမည်။ ဖြစ်နိုင်သမျှ အစောဆုံး အကြောင်းပြန်ကြားရမည်။

(ဂ) လွန်ခဲ့သော ဖြစ်ရပ်များမှ အချက်အလက်များ၊ မှတ်တမ်းများ၊ စာရင်းဇယား များကို ပြန်လည် ရှာဖွေပြီးမှ ပြန်ကြားရမည့် သတင်းများကို တောင်းခံလိုပါက သတင်းအချက်အလက် ရယူခွင့်ပြုရန် လျှောက်လွှာပုံစံ (က) တွင် ဖြည့်စွက်ပြီး တရားဝင်စာဖြင့်ဖြစ်စေ၊ အီးမေးလ်ဖြင့်ဖြစ်စေ၊ ဖက်စ်ဖြင့်ဖြစ်စေ၊  အခြားအီလက် ထရွန်းနစ်နည်းလမ်းဖြင့်ဖြစ်စေ တောင်းခံနိုင်သည်။ ထိုသို့ တောင်းခံလာပါက သက်ဆိုင်ရာတာဝန်ရှိသူသည် တောင်းခံသည့်နေ့မှ တရားဝင်ရုံးပိတ်ရက်များ မှအပ အလုပ်လုပ်ရက် ၁၅ ရက်အတွင်း အကြောင်းပြန်ကြားရမည်။

(ဃ) သတင်းမီဒီယာများ၏ သတင်းအချက်အလက်တောင်းခံမှုအပေါ် ခိုင်လုံ သောအကြောင်းပြချက်ဖြင့် ငြင်းဆိုနိုင်သည်။ အဆိုပါအကြောင်းပြချက်သည် ခိုင်လုံမှုမရှိကြောင်း သို့မဟုတ် ဥပဒေနှင့်မကိုက်ညီကြောင်း သတင်းတောင်းခံသူ က တိုင်ကြားလာပါက သက်ဆိုင်ရာတာဝန်ရှိသူသည် ဥပဒေပုဒ်မ ၂၄ နှင့် အညီ စီစဉ်ဆောင်ရွက်ပေးရမည်။ ဆောင်ရွက်ပြီးစီးမှုကို သက်ဆိုင်ရာ သတင်းမီဒီယာ သို့ ပြန်လည်အကြောင်းပြန်ကြားရမည်။ ထိုဖြေရှင်းချက်ကို မကျေနပ်ပါက သတင်းမီဒီယာ အဖွဲ့အစည်း သို့မဟုတ် သတင်းမီဒီယာသမားသည် ကောင်စီသို့ တိုင်ကြားနိုင်သည်။ ကောင်စီသည် တိုင်ကြားချက်နှင့် ပတ်သက်ပြီး ပြည်ထောင်စု၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းများထံ အကြောင်းကြားရမည်။ အဆိုပါအကြောင်းကြားချက်ရရှိပါက ၎င်းအဖွဲ့အစည်း များက အရေးယူဆောင်ရွက်ပေးရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၃

သတင်းမီဒီယာသမားသည်-

(က) သတင်းရယူရာတွင် ဥပဒေပါ တာဝန်နှင့်ကျင့်ဝတ်များကို ဖောက်ဖျက်ခြင်း မပြုရ။

(ခ) သတင်းရေးသား ဖော်ပြရာတွင် ကမ္ဘာ့ကုလသမဂ္ဂက ပြဋ္ဌာန်းသတ်မှတ်ထား သည့် လူ့အခွင့်အရေး ကြေညာစာတမ်းပါ အခွင့်အရေးများနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို လေးစားရမည်။

(ဂ) ဥပဒေပုဒ်မ ၉ ပါ သတင်းသမား၏ ကျင့်ဝတ်စည်းကမ်းများကို လိုက်နာရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း