Measures Relating to ရှေးဟောင်းအဆောက်အအုံများကာကွယ်ထိန်းသိမ်းရေးဥပဒေ


Domestic Regulations
sr. Section measures mode remarks

ပုဒ်မ ၂၊ ပုဒ်မခွဲ (က) ပါအဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်ကိုက်ညီသော အောက်ပါအဆောက်အအုံများကို ရှေးဟောင်း အဆောက် အအုံများဟု သတ်မှတ်သည်-

(က) စေတီ၊ ပုထိုး၊ ဂူဘုရား၊ ဘုန်းတော်ကြီးကျောင်း၊ အုတ်ကျောင်း၊ ဇရပ်၊ သိမ် အပါအဝင် သာသနိကဆိုင်ရာ အဆောက်အအုံများ၊ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ အဆောက်အအုံများ၊ အုတ်ကုန်းများ၊ ပြိုကျပျက်စီးသွားပြီးဖြစ်သည့် အပျက်အစီးများ၊

(ခ) ရှေးမြို့ဟောင်း၊ နန်းတော်၊ မြို့ရိုး၊ ကျုံး၊ မြေကတုတ်၊ တံခါး၊ မုခ်ဝ၊ မြို့ဝင်ပေါက်၊ ခံတပ်များ၊ လူနေ အဆောက်အအုံများ၊ လူနေရာဌာန၊ ဥယျာဉ်၊ အလုပ်လုပ်ရာဌာနနှင့် ရှေးဟောင်း လူများနေထိုင်ခဲ့သည့် ကုန်းဟောင်းများ၊ ယင်းတို့၏အကြွင်းအကျန်များ၊

(ဂ) သဘာဝအလျောက်တည်ရှိသည့် သို့မဟုတ် လူတို့ဖန်တီးသည့် ခိုအောင်းနေထိုင်ခဲ့သောဂူ၊ သဘာဝလိုဏ်ဂူ၊ ရှေးဟောင်း ကျောက်ဂူ၊ အခြားနေထိုင်ရာ နေရာနှင့် ရှေးဟောင်းလူများ သွားလာနေထိုင်ခဲ့သည့် ကုန်း၊ ရိုး၊ ချိုင့်၊ ကျင်း၊ လျှိုမြောင်၊ မြစ်ကမ်းဆင့်နှင့်ပရိုင်းမိတ်များ၊ အခြားကျောက်ဖြစ်ရုပ်ကြွင်းများတွေ့ရှိရာနေရာများအပါအဝင် ဘူမိသဘာဝပတ်ဝန်းကျင်နေရာများ၊

(ဃ) ရှေးခေတ်လူတို့ အသုံးအဆောင်ပစ္စည်းများပြုလုပ်သည့်နေရာ၊ အိုးဖို၊ စဉ့်ဖို၊ သံချက်ဖို၊ ဖန်ချက်ဖိုနှင့် အခြားသတ္တု ကျိုချက်သည့်ဖိုများနှင့် ဆက်စပ်နေရာများ၊

(င) ရှေးခေတ်အဆောက်အအုံ၊ လမ်း၊ တံတား၊ တူးဖော်ထားသောနေရာ၊ ရေတွင်း၊ ရေကန်၊ ရေအိုင်နှင့် အထိမ်းအမှတ်အဖြစ် ပြုလုပ်ထားသော ကျောက်ပုံ၊ ကျောက်တိုင်၊ ကျောက်စု၊ သင်္ချိုင်း၊ မြေမြှုပ်သင်္ဂြိုဟ်သော နေရာ၊ သင်္ဂြိုဟ်သောအဆောက်အအုံ၊ ဂူ၊ ပြာသာဒ်၊

(စ) ကမ္ပည်းကျောက်စာ၊ မော်ကွန်းစသည်တို့နှင့် ၎င်းတို့ကိုထားရှိရာ အဆောက်အအုံသို့မဟုတ် ကျောက်စာဂူ၊ အထိမ်းအမှတ် အဖြစ်ပြုလုပ်စိုက်ထူထားသည့် အရာဝတ္ထုများ၊ တိုင်များ၊ ကျောက်ချပ်များ၊

(ဆ) ယဉ်ကျေးမှု၊ သမိုင်း၊ ဗိသုကာ၊ အနုပညာလက်ရာတန်ဖိုးမြင့်မား၍ နိုင်ငံတော်က ကာကွယ်ထိန်းသိမ်းသင့်သည့် အဆောက်အအုံများ၊

(ဇ) ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍ ရှေးဟောင်းစာရင်းဝင် အဆောက်အအုံအဖြစ် သတ်မှတ်သည့် အခြားအဆောက်အအုံများ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၂

ပိုင်ရှင် သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်သူမရှိသော မြေပေါ်တွင်ဖြစ်စေ၊ မြေအောက်တွင်ဖြစ်စေ၊ ရေပေါ်တွင်ဖြစ်စေ၊ ရေအောက်တွင်ဖြစ်စေ နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိသည့် ရှေးဟောင်း အဆောက်အအုံကို တွေ့ရှိသူသည် အဆိုပါ အဆောက်အအုံမှာ ရှေးဟောင်းအဆောက် အအုံဖြစ်ကြောင်းသိရှိလျှင် သို့မဟုတ် ယူဆရန်အကြောင်းရှိလျှင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးသို့ ဆောလျင်စွာ သတင်းပေးပို့ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၄

အောက်ပါပြုလုပ်မှုတစ်ခုခုကို ဆောင်ရွက်လိုသော ဌာန၊ အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦး သည် တည်ဆဲ အခြားဥပဒေများပါ ပြဋ္ဌာန်းချက်များကို လိုက်နာရမည့်အပြင် ဤဥပဒေအရလည်း ကြိုတင် ခွင့်ပြုချက် ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ဦးစီးဌာနသို့ လျှောက်ထားရမည်-

(က) ရှေးဟောင်းအဆောက်အအုံတစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း၏ မူလပုံသဏ္ဌာန် ကိုဖြစ်စေ၊ မူလလက်ရာကိုဖြစ်စေ ပြောင်းလဲခြင်းမရှိစေဘဲ ပြင်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းဆောင်ရွက်ခြင်း သို့မဟုတ် ဝင်းခြံ နယ်နိမိတ် ပြုပြင် ပြောင်းလဲခြင်း၊

(ခ) ရှေးဟောင်းအဆောက်အအုံများကို အင်္ဂတေသရွတ်ကိုင်ခြင်း၊ မွမ်းမံခြင်း၊ ထုံးသုတ်ခြင်း၊ ဆေးသုတ်ခြင်း၊ ရွှေသင်္ကန်းကပ် ခြင်း၊ ထီးတင်ခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော် စသည်တို့ တင်လှူခြင်း၊

(ဂ) ရှေးဟောင်းအဆောက်အအုံအနီး၌ သိမ်၊ ကျောင်း၊ ဇရပ်၊ တန်ဆောင်း၊ မုခ်ဦး၊ တံတိုင်း၊ ဂြိုဟ်တိုင်၊ တံခွန်တိုင်၊ ရေကန်၊ ရုပ်တုများ၊ နတ်ရုပ်များ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများနှင့် အခြားအဆောက် အအုံများ အသစ်တည်ဆောက်ခြင်း သို့မဟုတ် ယင်းတို့ကို တိုးချဲ့ခြင်း သို့မဟုတ်  ဝင်းခြံကာရံခြင်း၊

(ဃ) ရှေးဟောင်းအဆောက်အအုံများအား မူလလက်ရာအတိုင်း ပြန်လည်ဖြည့်စွက် တည်ဆောက်ခြင်း၊

(င) ရှေးဟောင်းအဆောက်အအုံ တည်ရှိရာနေရာများသို့ ကွင်းဆင်းလေ့လာရှာဖွေခြင်းနှင့် တူးဖော် သုတေသန ပြုခြင်း၊

(စ) ရှေးဟောင်းအဆောက်အအုံကို ဂေါပက သို့မဟုတ် အဖွဲ့အစည်းများ ဖွဲ့စည်း၍ ကာကွယ် ထိန်းသိမ်းခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၅

ရှေးဟောင်းအဆောက်အအုံ၏ သတ်မှတ်ထားသော ဧရိယာအတွင်း၌ အောက်ပါပြုလုပ်မှု တစ်ခုခုကို ဆောင်ရွက်လိုသူသည် ကြိုတင်ခွင့်ပြုချက်ရရှိရန် ဦးစီးဌာနသို့ လျှောက်ထားရမည်-

(က) မြို့၊ ရပ်ကွက်၊ ကျေးရွာများကို တိုးချဲ့ခြင်း၊

(ခ) ဟိုတယ်များ၊ စက်ရုံအလုပ်ရုံများ၊ လူနေအဆောက်အအုံများအပါအဝင် အဆောက်အအုံအသစ်များ တည်ဆောက်ခြင်း သို့မဟုတ် တိုးချဲ့ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း သို့မဟုတ် ဝင်းခြံကာရံခြင်း သို့မဟုတ် ချဲ့ထွင်ခြင်း၊

(ဂ) ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာ သို့မဟုတ် ဓာတ်သတ္တုရှာဖွေရန် တူးဖော်ခြင်း၊ ရေနံ၊ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းများသွယ်တန်းခြင်း၊ စက်ရုံအလုပ်ရုံများတည်ဆောက်ခြင်း၊ မဟာဓာတ်အားလိုင်းများသွယ်တန်းခြင်း၊ ဆက်သွယ်ရေး တာဝါတိုင်များဆောက်လုပ်ခြင်း၊ လမ်းဖောက်လုပ်ခြင်း၊ တံတားတည်ဆောက်ခြင်း၊ လေယာဉ်ကွင်းတည်ဆောက်ခြင်း၊ ဆည်မြောင်း၊ တာတမံများစသော အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း သို့မဟုတ် တိုးချဲ့ခြင်း၊

(ဃ) မြေအောက်တွင် လျှပ်စစ်သွယ်တန်းခြင်း၊ ဆက်သွယ်ရေးဆိုင်ရာ သွယ်တန်းခြင်းနှင့် အခြား မြေအောက် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(င) ရေတွင်း၊ ရေကန်၊ တူးမြောင်း၊ မွေးမြူရေးကန်များ တူးဖော်ခြင်း သို့မဟုတ် တိုးချဲ့ခြင်း၊

(စ) မြေမျက်နှာသွင်ပြင် ပျက်စီးစေသည့် ရွှေကျင်ခြင်း၊ မြေတူးဖော်ခြင်း၊ အုတ်ဖုတ်ခြင်း၊ ရေတွင်း၊ ရေကန်၊ ချောင်း၊ မြောင်း၊ လျှို၊ ချိုင့်များတူးခြင်း၊ ဖို့ခြင်း၊ မြေညှိခြင်း၊ မိုင်းခွဲခြင်း၊ ကျောက်တူးခြင်း၊ ကျောက်စရစ်၊ သဲထုတ်ယူခြင်း၊ ကုန်းများ၊ တောင်များ ဖြိုဖျက်ခြင်း၊

(ဆ) ပုဂ္ဂလိကပိုင်ဆိုင်သည့် အဝန်းအဝိုင်း၊ ဧရိယာအတွင်းတွင် ရှေးဟောင်းအဆောက်အအုံများကို ထည့်သွင်းခြင်း၊ ခြံစည်းရိုး ခတ်ထားခြင်း၊

(ဇ) ရှေးဟောင်းအဆောက်အအုံ၏အနီးနှင့် ပတ်ဝန်းကျင်မြင်ကွင်း၌ ဝန်ကြီးဌာနက ဒေသအလိုက် သတ်မှတ် ထားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီခြင်းမရှိသော အဆောက်အအုံကို ဆောက်လုပ်ခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၇

မည်သူမျှ ပိုင်ရှင် သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်သူ မရှိသော ရှေးဟောင်းအဆောက်အအုံ တွေ့ရှိပါက ဤဥပဒေပုဒ်မ ၁၂ ပါ ပြဋ္ဌာန်းချက်နှင့်အညီ သတင်းပို့ရန် ပျက်ကွက်ခြင်း မရှိစေရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၈ မည်သူမျှ ဦးစီးဌာန၏ ခွင့်ပြုချက် မရရှိဘဲ ပုဒ်မ ၁၄ နှင့် ပုဒ်မ ၁၅ ပါဆောင်ရွက်ချက်တစ်ခုခုကို မပြုလုပ်ရ။ နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၉

မည်သူမျှ ရှေးဟောင်းအဆောက်အအုံ၏ သတ်မှတ်ထားသော ပရဝဏ်အတွင်းတွင် ဦးစီးဌာန၏ စာဖြင့် ခွင့်ပြုချက် မရရှိဘဲ အောက်ပါ ပြုလုပ်မှု တစ်ခုခုကို မပြုလုပ်ရ-

(က) ရှေးဟောင်းအဆောက်အအုံကို ဖျက်ဆီးခြင်း သို့မဟုတ် ပျက်စီးစေရန် ဆောင်ရွက်ခြင်း၊

(ခ) ရှေးဟောင်းအဆောက်အအုံ၏ မူလပုံသဏ္ဌာန်ကိုဖြစ်စေ၊ မူလလက်ရာကိုဖြစ်စေ ပြောင်းလဲစေရန် ပြုလုပ်ခြင်း၊

(ဂ) ရှေးဟောင်းဝတ္ထုပစ္စည်းရှာဖွေရန် တူးဖော်ခြင်း၊

(ဃ) ရှေးဟောင်းအဆောက်အအုံမှ မူလအစိတ်အပိုင်းများ၊ အနုပညာလက်ရာပစ္စည်းများ ဖြုတ်ခွာယူခြင်း၊ ဖယ်ရှားခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၀

မည်သူမျှ ရှေးဟောင်းအဆောက်အအုံ သို့မဟုတ် ရှေးဟောင်းစာရင်းဝင်အဆောက်အအုံမှ သတ်မှတ်ထား သော ဧရိယာအတွင်းတွင် ရှေးဟောင်းအဆောက်အအုံကို ထိခိုက်နိုင်သည်ဟု ယူဆရသော အောက်ပါပြုလုပ်မှု တစ်ခုခုကို စာဖြင့်ကြိုတင် ခွင့်ပြုချက်မရဘဲ မပြုလုပ်ရ-

(က) ရှေးဟောင်းစာရင်းဝင် အဆောက်အအုံအဖြစ် သတ်မှတ်ထားသည့် ရှေးဟောင်းအဆောက် အအုံကို စီးပွားရေးအလို့ငှာ ဓာတ်ပုံ၊ ဗီဒီယို၊ ရုပ်ရှင်ရိုက်ကူးခြင်း သို့မဟုတ် ပုံတူပွားခြင်း၊ ပုံစံငယ် ပြုလုပ်ခြင်း၊

(ခ) ရှေးဟောင်းအဆောက်အအုံအနီး သတ်မှတ်ထားသောနယ်မြေအတွင်း တုန်ခါမှုဖြစ်ပေါ်စေ သော ယန္တရားကြီးများ အသုံးပြု ခြင်း၊ ယာဉ်အမျိုးမျိုးသွားလာခြင်း၊

(ဂ) ရှေးဟောင်းအဆောက်အအုံ၏အနီး ထွန်ယက်စိုက်ပျိုးခြင်း၊ ဥယျာဉ်စိုက်ပျိုးခြင်း၊ တိရစ္ဆာန်များ မွေးမြူခြင်း၊ ပိတ်ဆို့၍ ခြံစည်းရိုးများကာရံခြင်း သို့မဟုတ် ရှေးဟောင်းအဆောက်အအုံကို ထိခိုက်စေနိုင်သည့် အခြားဆောင် ရွက်မှုတစ်စုံတစ်ရာ ပြုလုပ်ခြင်း၊

(ဃ) ရှေးဟောင်းအဆောက်အအုံကို ထိခိုက်စေသော မီးပုံးပျံကဲ့သို့ ဓာတ်ငွေ့ထုတ်လွှတ်သည့် ကိစ္စများ ဆောင်ရွက်ခြင်း၊

(င) ရှေးဟောင်းအဆောက်အအုံကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်း ကောင်း ထိခိုက်စေနိုင်သော သတ်မှတ်ချက်နှင့်မကိုက်ညီသည့် လေယာဉ်များ၊ ရဟတ်ယာဉ်များ တက်ဆင်းခြင်း၊ ပျံသန်းခြင်း၊

(စ) ရှေးဟောင်းအဆောက်အအုံနှင့် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေသော ဓာတုပစ္စည်းများ စွန့်ပစ်ခြင်း၊ အမှိုက်သရိုက်များ စွန့်ပစ်ခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၁

မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ခုခုကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို အနည်းဆုံးထောင်ဒဏ် ခြောက်လမှ အများဆုံး တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ် သုံးသိန်းမှ အများဆုံးကျပ် တစ်ဆယ့်ငါးသိန်းအထိ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်-

(က) ပုဒ်မ ၁၄ ပါ ပြုလုပ်မှုတစ်ခုခုကို ဦးစီးဌာန၏ ကြိုတင်ခွင့်ပြုချက်မရှိဘဲ ပြုလုပ်ခြင်း၊

(ခ) ပုဒ်မ ၂၀ ပါ ရှေးဟောင်းအဆောက်အအုံကို ထိခိုက်စေသော ပြုလုပ်မှုတစ်ခုခုကို ပြုလုပ်ခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၀ ၂၂

မည်သူမဆို ပုဒ်မ ၁၇ ပါတားမြစ်ချက်ကို ဖောက်ဖျက်၍ သတင်းပို့ရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁ ၂၃

မည်သူမဆို ပုဒ်မ ၁၅ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးထောင်ဒဏ် သုံးနှစ်မှ အများဆုံး ထောင်ဒဏ်ငါးနှစ် အထိဖြစ်စေ၊ အနည်းဆုံး ကျပ် တစ်ဆယ်သိန်းမှ အများဆုံး ကျပ် သိန်းငါးဆယ်အထိ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၂ ၂၄

မည်သူမဆို ပုဒ်မ ၁၉ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို အနည်းဆုံးထောင်ဒဏ်ငါးနှစ်မှ အများဆုံးထောင်ဒဏ် တစ်ဆယ်နှစ် အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ် ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၃ ၂၅

မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် တရားရုံးသည် အောက်ပါ အမိန့်တစ်ခုခုကို လည်းချမှတ်ရမည်-

(က) တည်ဆောက်ထားသည့် အဆောက်အအုံကို ဖျက်သိမ်းစေခြင်း၊

(ခ) တိုးချဲ့ထားသည့်အဆောက်အအုံ၊ ရေတွင်း၊ ရေကန်၊ တူးမြောင်း သို့မဟုတ် မွေးမြူရေးကန်ကို မူလအတိုင်း ပြန်လည် ပြုလုပ်စေခြင်း၊

(ဂ) ပုံသဏ္ဌာန်ပြောင်းလဲပြင်ဆင်ထားသည့် အဆောက်အအုံ သို့မဟုတ် မြေကိုမူလပုံသဏ္ဌာန် အတိုင်း ပြန်လည် ပြုလုပ်စေခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၄ ၂၆

မည်သူမဆို ပုဒ်မ၂၅ အရ ချမှတ်သည့် အမိန့်တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်လျှင် ယင်းအမိန့်ကို လိုက်နာရန် ပျက်ကွက်သည့် ရက်အသီးသီးအတွက် တစ်ရက်လျှင် ကျပ်တစ်သိန်းမှ ကျပ်ငါးသိန်းအထိ ငွေဒဏ် ချမှတ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၅ ၂၈

ရှေးဟောင်းအဆောက်အအုံတစ်ခုခု တွေ့ရှိသူ၊ သတင်းပို့သူ သို့မဟုတ် အပ်နှံသူအား ယင်းအဆောက်အအုံ နှင့်စပ်လျဉ်း၍ ပိုင်ရှင်ဟုမှတ်ယူခြင်းမပြုဘဲ အကျိုးခံစားခွင့်ရှိသူဟုသာ မှတ်ယူရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၆ ၃၀

ပုဒ်မ ၂၁ နှင့် ပုဒ်မ ၂၂ တို့ပါ ပြစ်မှုကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း