Measures Relating to ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးနည်းဥပဒေများ


Domestic Regulations
sr. Rules measures mode remarks
၃၅

အောက်ဖော်ပြပါ ရှေးဟောင်းအဆောက်အအုံများသည် ရှေးဟောင်းအမွေအနှစ် ဆိုင်ရာ တန်ဖိုးမြင့်မားသော ရှေးဟောင်းအဆောက်အအုံများဖြစ်သည်-

(က) စေတီ၊ ပုထိုး၊ ဂူဘုရား၊ ဘုန်းတော်ကြီးကျောင်း၊ အုတ်ကျောင်း၊ ဇရပ်၊ သိမ် အပါအဝင် သာသနိကဆိုင်ရာ အဆောက်အအုံများ၊

(ခ) ရှေးမြို့ဟောင်း၊ နန်းတော်၊ မြို့ရိုး၊ ကျုံး၊ မုခ်ဝ၊ မြို့ဝင်ပေါက်နှင့် ခံတပ်များ၊

(ဂ) ရွှေ၊ ငွေ သို့မဟုတ် အဖိုးတန်ကျောက်မျက်များနှင့် လက်မှုအနုပညာ ပစ္စည်းများ တပ်ဆင်ထားသော ရှေးဟောင်းအဆောက်အအုံများ၊

(ဃ) ထူးခြားရှားပါးသည့် အနုပညာလက်ရာများ သို့မဟုတ် လက်မှုအနုပညာ များ ပါဝင်သော ရှေးဟောင်းအဆောက်အအုံများ၊

(င) နှစ်ပေါင်းတစ်ရာနှင့်အထက် သက်တမ်းရှိသည့် ရှေးခေတ်လူတို့ အသုံး အဆောင်များ ပြုလုပ်သည့် နေရာများ၊ တိုင်များနှင့် ကျောက်ချပ်များ၊

(စ) ပရိုင်းမိတ်များနှင့် အခြားကျောက်ဖြစ်ရုပ်ကြွင်းများတွေ့ရှိရာ နေရာများ၊

(ဆ) ဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်သော အဆောက်အအုံများ။ 

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၆

မည်သူမဆို ဦးစီးဌာန၏ ခွင့်ပြုချက်မရှိဘဲ မိမိလက်ဝယ်ရှိ မြေပေါ်တွင်ဖြစ်စေ၊ အများ ပြည်သူဆိုင်ရာ နေရာတစ်ခုတွင်ဖြစ်စေ၊ ဝန်ကြီးဌာနတစ်ခုခုက စီမံခန့်ခွဲ ပိုင်ခွင့်ရှိသော မြေတွင်ဖြစ်စေ၊ အခြားမြေတွင်ဖြစ်စေ၊ အကြောင်းတစ်ခုခုကြောင့် မြေကို တူးဖော်ရာမှဖြစ်စေ၊ အခြားလုပ်ငန်းတစ်ခုခု ဆောင်ရွက်ရာမှ ဖြစ်စေ ရှေးဟောင်းအဆောက်အအုံဟု ယူဆရသော အဆောက်အအုံတစ်ခုခုကို တွေ့ရှိရပါက-

(က) ဆောက်ရွက်ဆဲကိစ္စရပ်ကို ခေတ္တရပ်ဆိုင်းပြီး သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးသို့ ချက်ချင်း သတင်းပို့ရမည်။

(ခ) တူးဖော်တွေ့ရှိသော ရှေးဟောင်းအဆောက်အအုံကို ဓာတ်ပုံမှတ်တမ်း ရိုက်ယူထားနိုင်သည်။

(ဂ) နေရာရွှေ့ပြောင်း ဖယ်ရှားခြင်းမပြုဘဲ မူလအတိုင်း ထားရှိရမည်။

(ဃ) ဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၉

ရှေးဟောင်းအဆောက်အအုံနှင့်စပ်လျဉ်း၍ အောက်ပါပြုလုပ်မှု တစ်ခုခုကို ဆောင်ရွက်လိုသော ဌာန၊ အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးသည် ကြိုတင်ခွင့်ပြုချက်ရရှိရန် ဦးစီးဌာနသို့ ပုံစံ (၁) ဖြင့်လျှောက်ထားရမည်-

(က) ရှေးဟောင်းအဆောက်အအုံတစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ပြင်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း သို့မဟုတ်  ဝင်းခြံနယ်နိမိတ် ပြပြင် ပြောင်းလဲခြင်း၊

(ခ) ရှေးဟောင်းအဆောက်အအုံကို အင်္ဂတေသရွတ်ကိုင်ခြင်း၊ မွမ်းမံခြင်း၊ ထုံးသုတ်ခြင်း၊ ဆေးသုတ် ခြင်း၊ ရွှေသင်္ကန်းကပ်ခြင်း၊ ထီးတင်ခြင်း၊ စိန်ဖူးတော် သို့မဟုတ် ငှက်မြတ်နားတော် စသည်တို့ တင်လှူ ခြင်း၊

(ဂ) ရှေးဟောင်းအဆောက်အအုံအနီး၌ သိမ်၊ ကျောင်း၊ ဇရပ်၊ တန်ဆောင်း၊ မုခ်ဦး၊ တံတိုင်း၊ ဂြိုဟ်တိုင်၊ တံခွန်တိုင်၊ရေကန်၊ ရုပ်တုများ၊ နတ်ရုပ်များ၊ ဘာသာရေး ဆိုင်ရာ အဆောက်အအုံများနှင့် အခြားအဆောက်အအုံများ အသစ်တည်ဆောက် ခြင်း သို့မဟုတ် ယင်းတို့ကိုတိုးချဲ့ခြင်း သို့မဟုတ် ဝင်းခြံကာရံ ခြင်း၊

(ဃ) ရှေးဟောင်းအဆောက်အအုံကို မူလလက်ရာအတိုင်း ပြန်လည်ဖြည့်စွက် တည်ဆောက်ခြင်း၊

(င) ရှေးဟောင်းအဆောက်အအုံ တည်ရှိရာနေရာများသို့ ကွင်းဆင်းလေ့လာ ရှာဖွေခြင်းနှင့် တူးဖော် သုတေသနပြုခြင်း။

နည်းလမ်း ၃ Domestic Regulations
၄၁

ရှေးဟောင်းအဆောက်အအုံ၏ သတ်မှတ်ထားသော ဧရိယာအတွင်း၌ အောက်ပါ ပြုလုပ်မှုတစ်ခုခုကို ဆောင်ရွက်လိုသူသည် ကြိုတင်ခွင့်ပြုချက်ရရှိရန် ဦးစီးဌာန သို့ ပုံစံ (၅)ဖြင့် လျှောက်ထားရမည်-

(က) မြို့၊ ရပ်ကွက်၊ ကျေးရွာများကို တိုးချဲ့ခြင်း၊

(ခ) ဟိုတယ်များ၊ စက်ရုံအလုပ်ရုံများ၊ လူနေအဆောက်အအုံများအပါအဝင် အဆောက်အအုံအသစ်များ တည်ဆောက်ခြင်း သို့မဟုတ် တိုးချဲ့ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း သို့မဟုတ် ဝင်းခြံကာရံခြင်း သို့မဟုတ် ချဲ့ထွင်ခြင်း၊

(ဂ) ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာ သို့မဟုတ် ဓာတ်သတ္တု ရှာဖွေရန် တူးဖော်ခြင်း၊ ရေနံ၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ သွယ်တန်းခြင်း၊ စက်ရုံ အလုပ်ရုံများ တည်ဆောက်ခြင်း၊ မဟာဓာတ်အားလိုင်းများ သွယ်တန်းခြင်း၊ ဆက်သွယ်ရေးတာဝါတိုင်များ ဆောက်လုပ်ခြင်း၊ လမ်းဖောက် လုပ်ခြင်း၊ တံတားတည်ဆောက်ခြင်း၊ လေယာဉ်ကွင်း တည်ဆောက်ခြင်း၊ ဆည်မြောင်း၊ တာတမံ စသော အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း သို့မဟုတ် တိုးချဲ့ခြင်း၊

(ဃ) မြေအောက်တွင် လျှပ်စစ်သွယ်တန်းခြင်း၊ ဆက်သွယ်ရေးဆိုင်ရာ သွယ်တန်းခြင်းနှင့် အခြား မြေအောက်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(င) ရေတွင်း၊ ရေကန်၊ တူးမြောင်း၊ မွေးမြူရေးကန်များ တူးဖော်ခြင်း သို့မဟုတ် တိုးချဲ့ခြင်း၊

(စ) မြေမျက်နှာသွင်ပြင် ပျက်စီးစေသည့် ရွှေကျင်ခြင်း၊ မြေတူးဖော်ခြင်း၊ အုတ်ဖုတ်ခြင်း၊ ရေတွင်း၊ ရေကန်၊ ချောင်း၊ မြောင်း၊ လျှို၊ ချိုင့်များတူးခြင်း၊ ဖို့ခြင်း၊ မြေညှိခြင်း၊ မိုင်းခွဲခြင်း၊ ကျောက်တူးခြင်း၊ ကျောက်စရစ်၊ သဲထုတ်ယူခြင်း၊ ကုန်းများ၊ တောင်များဖြိုဖျက်ခြင်း၊

(ဆ) ပုဂ္ဂလိက ပိုင်ဆိုင်သည့် အဝန်းအဝိုင်း၊ ဧရိယာအတွင်းတွင် ရှေးဟောင်း အဆောက်အအုံများကို ထည့်သွင်းခြင်း၊ ခြံစည်းရိုးခတ်ခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၂

ဝန်ကြီးဌာနက ကာကွယ်ထိန်းသိမ်းထားသော ရှေးဟောင်းအဆောက်အအုံ သို့မဟုတ် ရှေးဟောင်း စာရင်းဝင်အဆောက်အအုံမှ သတ်မှတ်ထားသော ဧရိယာ အတွင်းတွင် စီးပွားရေးအလို့ငှာ ဓာတ်ပုံ၊ ဗီဒီယို၊ ရုပ်ရှင်ရိုက်ကူးခြင်း၊ ပုံတူပွားခြင်း သို့မဟုတ် ပုံစံငယ်ပြုလုပ်ခြင်းကို ဆောင်ရွက်လိုသူသည် ကြိုတင်ခွင့်ပြုချက် ရရှိရန် ဦးစီးဌာနသို့ လျှောက်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၅

ကြိုတင်ခွင့်ပြုချက်ရရှိသူ သို့မဟုတ် ရှေးဟောင်းအဆောက်အအုံ ထိန်းသိမ်းခွင့် လက်မှတ် ရရှိသူသည်-

(က) ရှေးဟောင်းအဆောက်အအုံကို အဓွန့်ရှည်တည်တံ့စေရန် အလေးထား ဆောင်ရွက်ရမည်။

(ခ) ကြိုတင်ခွင့်ပြုချက်တွင် ခွင့်ပြုသောနေရာနှင့် လုပ်ငန်းကိုသာ ဆောင်ရွက်ခွင့်ရှိသည်။

(ဂ) ကြိုတင်ခွင့်ပြုချက်အရ လုပ်ငန်းဆောင်ရွက်ရာတွင် တစ်နည်းနည်းဖြင့် ရှေးဟောင်းအဆောက်အအုံ သို့မဟုတ် ရှေးဟောင်းဝတ္ထုပစ္စည်းတစ်ခုခုကို တွေ့ရှိလျှင် ဦးစီးဌာနသို့ ချက်ချင်းသတင်းပို့ရမည်။

(ဃ) ကြိုတင်ခွင့်ပြုချက်ပါလုပ်ငန်းကို ဆောင်ရွက်ရာတွင် လုပ်ငန်းလိုအပ်ချက်မှ အပ မြေကို တူးဆွ ခြင်း၊ တူးဖော်ခြင်းမပြုရ။

(င) ကြိုတင်ခွင့်ပြုချက်ပေးခြင်းသည် လုပ်ငန်းဆောင်ရွက်ရာ၌ အခြားသူတစ်ဦး၏ အခွင့်အရေးကို ထိခိုက်နစ်နာစေခြင်းကြောင့် နစ်နာကြေး ပေးလျော်ရခြင်းနှင့် သက်ဆိုင်ခြင်းမရှိစေရ။

(စ) ကြိုတင်ခွင့်ပြုချက်ပါလုပ်ငန်းကို ဆောင်ရွက်ခြင်းကြောင့်သော်လည်း ကောင်း၊ အခြားအကြောင်းကြောင့်သော်လည်းကောင်း ရှေးဟောင်းအဆောက် အအုံကို ထိခိုက်ပျက်စီးစေခြင်း ဖြစ်ပေါ်ပါက ဝန်ကြီးဌာနက သတ်မှတ်သည့် ပြုပြင်ထိန်းသိမ်းစရိတ်ကို ပေးလျော်ရမည်။

(ဆ) ဦးစီးဌာန၏ တာဝန်ပေးချက်အရ စစ်ဆေးရေးအဖွဲ့ လာရောက်စစ်ဆေးခြင်းကို ခွင့်ပြုရမည်။

(ဇ) ကြိုတင်ခွင့်ပြုချက်ပါ လုပ်ငန်းဆောင်ရွက်ပြီးစီးပါက လုပ်ငန်းပြီးဆုံးကြောင်း အစီရင်ခံစာကို ရက်ပေါင်း ၃၀ အတွင်း ဦးစီးဌာနသို့ တင်ပြရမည်။

(ဈ) ဦးစီးဌာန၏ ကြိုတင်ခွင့်ပြုချက်ပါ စည်းကမ်းများကို လိုက်နာရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၅၀

ရှေးဟောင်းအဆောက်အအုံတည်ရှိရာနေရာများသို့ ကွင်းဆင်းလေ့လာရှာဖွေ ခြင်းနှင့် တူးဖော်သုတေသနပြုခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ရသော ဌာန၊ အဖွဲ့ အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် လုပ်ငန်းဆောင်ရွက်ပြီးသည့်အခါတိုင်း ဦးစီးဌာန နှင့် ညှိနှိုင်းလျက် အောက်ဖော်ပြပါတို့ကို မဖြစ်မနေ ဆောင်ရွက်ရမည်-

(က) စာတမ်းရေးသားဖတ်ကြားခြင်း၊

(ခ) ပုံနှိပ်ထုတ်ဝေခြင်း၊

(ဂ) အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း