Measures Relating to ရှေးဟောင်းဝတ္ထုပစ္စည်းများကာကွယ်ထိန်းသိမ်းရေးဥပဒေ


Domestic Regulations
sr. Section measures mode remarks

ပုဒ်မ ၂၊ ပုဒ်မခွဲ (က) ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ကိုက်ညီသော အောက်ပါဝတ္ထုပစ္စည်းများကို ရှေး ဟောင်းဝတ္ထုပစ္စည်းများ ဟု သတ်မှတ်သည်-

(က) လူနှင့် တိရစ္ဆာန်အမျိုးမျိုးတို့၏ ကျောက်ဖြစ်ရုပ်ကြွင်း၊ ရုပ်အလောင်းနှင့် အရိုးစုများအပါအဝင် သတ္တဗေဒနှင့် ရုက္ခဗေဒ ဆိုင်ရာ ရုပ်ကြွင်းများ၊

(ခ) ဘုရားဆင်းတု၊ အုတ်ခွက်ဘုရား၊ နံရံဆေးရေးပန်းချီ၊ အဝတ်ပန်းချီ၊ ရုပ်ပုံများ၊ ပြိုကျပျက်စီးသွား ပြီးဖြစ်သည့် အပျက်အစီးများ၊ ယုံကြည်ကိုးကွယ်မှုဆိုင်ရာပစ္စည်းများ၊

(ဂ) အများပြည်သူ ယုံကြည်ကိုးကွယ်ရာ သာသနိက အဆောက်အအုံများ၌ ပုံဖော်မွမ်းမံထားသော အင်္ဂ တေ ပန်းလက်ရာများ အပါအဝင်အနုပညာလက်ရာများ၊

(ဃ) ကျောက်၊ ကြေး၊ သံ သို့မဟုတ် သတ္တုတစ်မျိုးမျိုးဖြင့်သော်လည်းကောင်း၊ တိရစ္ဆာန်၏ အရိုး၊ အ စွယ်၊ ဦးချိုဖြင့်သော်လည်းကောင်း၊ သစ်သား သို့မဟုတ် ဝါးဖြင့်သော်လည်းကောင်း ပြုလုပ်ထားသော လက်နက်ကိရိယာများ၊

(င) ရွှေ၊ ငွေ၊ ကြေး၊ သံ သို့မဟုတ် သတ္တုတစ်မျိုးမျိုးဖြင့် သွန်းထားသော ဒင်္ဂါး၊ မြေ သို့မဟုတ် ရွှံ့ဖြင့်ပြု လုပ်ထားသော ဒင်္ဂါးနှင့် ငွေကြေးအဖြစ် အသုံးပြုခဲ့သော ရွှေတိုရွှေစ၊ ငွေတိုငွေစ၊ ရွှေခွက် နှင့် ငွေခွက်များ အပါအဝင် ငွေကြေးအဖြစ် ထုထွင်းသွန်းလောင်းထားသော ဝတ္ထုပစ္စည်းများ၊

(စ) ရွှေ၊ ငွေ၊ ကျောက်၊ ကြေး၊ သံ သို့မဟုတ် သတ္တုတစ်မျိုးမျိုးဖြင့် သော်လည်းကောင်း၊ မြေ၊ ရွှံ့၊ အင်္ဂ တေ၊ အုတ်၊ ကျောက်၊ သစ်သားဖြင့်သော်လည်းကောင်း၊ တိရစ္ဆာန်၏အရိုး၊ အစွယ်၊ ဦးချိုဖြင့်သော် လည်းကောင်း ပြုလုပ်ထားသော ရုပ်တု၊ ဆင်းတုနှင့် ရုပ်လုံးရုပ်ကြွများအပါအဝင် ထုဆစ်ထားသော ဝတ္ထုပစ္စည်းများ၊

(ဆ) မြန်မာ့မင်းခမ်းတော်ပစ္စည်းနှင့် နန်းတွင်းအသုံးအဆောင် ပစ္စည်းများ၊

(ဇ) ဝေါယာဉ်၊ ထမ်းစင်၊ ရထားနှင့် လှည်းများအပါအဝင် ခရီးသွားယာဉ်များ၊

(ဈ) ကျောက်စာ၊ အုတ်ခဲစာ၊ ခေါင်းလောင်းစာ၊ မင်စာ၊ ရွှေပြားစာ၊ ငွေပြားစာ၊ ကြေးပြားစာ၊ စဉ့်ကွင်း စာ၊ အုတ်ခွက်စာ၊ လက်ရေးစာ၊ သားရေပေါ်တွင် ရေးထားသောစာ၊ ပုံနှိပ်စာ၊ ပေ၊ ပုရပိုက်၊ အက္ခရာ၊ တံ ဆိပ်တုံးနှင့် တံဆိပ်များအပါအဝင် စာပေဆိုင်ရာပစ္စည်းများ၊

(ည) မြန်မာ့ရိုးရာပန်းဆယ်မျိုးတွင် အကျုံးဝင်သော လက်မှုအနုပညာပစ္စည်းများ၊

(ဋ) ဇရပ်အပါအဝင် လူနေအဆောက်အအုံရှိ အနုပညာလက်ရာအဖြစ်ပုံဖော်ထားသော ရုပ်လုံးရုပ်ကြွနှင့် အခြားသစ်ထွင်းလက်ရာများ၊ သတ္တုပုံဖော်လက်ရာပစ္စည်းများ၊ ကျောက်ထွင်း၊ ကျောက်ခြစ်နှင့် မြေထည် များအပါအဝင် အနုပညာလက်ရာပစ္စည်းများ၊

(ဌ) ခေါင်းပေါင်း၊ ဦးသျှောင်၊ ခေါင်းပတ်နှင့် အင်္ကျီအဝတ်အစားများအပါအဝင် အဝတ်အထည်များ၊

(ဍ) အမျိုးသား၊ အမျိုးသမီး အဆင်တန်ဆာပစ္စည်းများ၊

(ဎ) အလေး၊ တင်းတောင်းနှင့် ချိန်ခွင်များအပါအဝင် အချိန်အတွယ်အတိုင်းအတာအဖြစ် အသုံးပြုသော ကိရိယာများ၊

(ဏ) ထွန်၊ ထယ်၊ အိုးလက်ခတ်နှင့် ရက်ကန်းလုပ်ငန်းသုံးပစ္စည်းများအပါအဝင် လူမှုအသုံးအဆောင် ပစ္စည်းများ၊

(တ) မြေအိုး၊ မြေခွက်၊ စဉ့်အိုး၊ စဉ့်ခွက်၊ ကျောက်အိုး၊ ကျောက်ခွက်၊ ကြွေအိုးနှင့် ကြွေခွက်များ၊ ရွှေ၊ ငွေ၊ ကြေး သို့မဟုတ် သတ္တုတစ်မျိုးမျိုးဖြင့် ပြုလုပ်ထားသော အိုး၊ ခွက်ယောက်၊ ပန်းကန်၊ ဇွန်းနှင့် ယွန်း ထည်ပစ္စည်းများအပါအဝင်  လူမှုအသုံးအဆောင်ပစ္စည်းများ၊

(ထ) ဗုံ၊ မောင်း၊ ပလွေ၊ နှဲ၊ လင်းကွင်း၊ ကြေးနောင်နှင့် ဆိုင်းဝိုင်းများအပါအဝင် တူရိယာပစ္စည်းများ၊

(ဒ) ဆင်၊ မြင်း၊ ကျွဲ နှင့် နွားများအပါအဝင် တိရစ္ဆာန်များတွင် ဆင်ယင်သော အဆင်တန်ဆာပစ္စည်းများ၊

(ဓ) မြေရှပ်ဒိုးနှင့် ကျောက်ဒိုးများအပါအဝင် မြန်မာ့ရိုးရာ ကလေးကစားစရာ ပစ္စည်းများ၊

(န) ဝန်ကြီးဌာနက ကွင်းဆင်းစစ်ဆေးပြီး ရှေးဟောင်းဝတ္ထုပစ္စည်းအဖြစ် မှတ်တမ်းထားရှိသည့် အခြား အရာဝတ္ထုပစ္စည်းများ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၂

ပိုင်ရှင် သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်သူမရှိသော ဝတ္ထုပစ္စည်းတစ်ခုခုကို တွေ့ရှိသူသည် အဆို ပါဝတ္ထုပစ္စည်းများမှာ ရှေးဟောင်းဝတ္ထုပစ္စည်းဖြစ်ကြောင်းသိရှိလျှင် သို့မဟုတ် ယူဆရန်အကြောင်းရှိ လျှင် သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးသို့ ဆောလျင်စွာ သတင်းပို့ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၄ (က) (၂) (၃)(၄)

(က) အောက်ပါတစ်ခုခုကို ဆောင်ရွက်လိုသော ဌာန၊ အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦး ဦးသည် ခွင့်ပြုချက် ရရှိရန် ဦးစီးဌာန သို့မဟုတ် ဦးစီးဌာနက လွှဲအပ်တာဝန်ပေးခြင်းခံရသည့် ဌာနသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်-

(၂) နိုင်ငံအချင်းချင်း ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်အရ ပြပွဲတွင်ခင်းကျင်းပြသရန်၊ သုတေသနပြုရန် သို့မဟုတ် ကာကွယ်ထိန်းသိမ်းခြင်းပြုရန် အလို့ငှာ ရှေးဟောင်းဝတ္ထုပစ္စည်းကို ပြည်ပသို့ သယ်ယူခြင်း သို့မဟုတ် ပို့ဆောင်ခြင်း၊

(၃) ရှေးဟောင်းဝတ္ထုပစ္စည်းကို ပြည်တွင်းတွင် တစ်နေရာမှ တစ်နေရာသို့ သယ်ယူခြင်း သို့မဟုတ် ပို့ ဆောင်ခြင်း၊

(၄) ဦးစီးဌာန၏လက်ဝယ်တွင် ထိန်းသိမ်းထားသော ရှေးဟောင်းဝတ္ထုပစ္စည်းများကို စီးပွားရေး အလို့ငှာ ရှေးဟောင်းဝတ္ထုပစ္စည်း၏ပုံကို  ဓာတ်ပုံ၊ ဗီဒီယို သို့မဟုတ် ရုပ်ရှင်ရိုက်ကူးခြင်း၊ မိတ္တူပွားယူခြင်း သို့မ ဟုတ် ပုံတူပွားခြင်း၊ ပုံတူကူးယူခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၅

မည်သူမဆို ရှေးဟောင်းဝတ္ထုပစ္စည်းကို ခွင့်ပြုချက်မရှိဘဲ ပြည်ပသို့သယ်ယူခြင်း သို့မဟုတ် ပို့ဆောင် ခြင်းပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ငါးနှစ်မှ အများဆုံး တစ်ဆယ်နှစ် အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်းငါးဆယ်မှ အများဆုံးကျပ်သိန်း တစ်ရာအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင် ပြစ်မှုနှင့် အကျုံးဝင်သည့် သက်သေခံရှေးဟောင်း  ဝတ္ထုပစ္စည်းကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၆

မည်သူမဆို ရှေးဟောင်းဝတ္ထုပစ္စည်းကို မူလပုံစံပျက်ယွင်းစေခြင်း၊ ဖျက်ဆီးခြင်း၊ ခွင့်ပြုချက်မရှိဘဲ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်မှတူးဖော်ခြင်း သို့မဟုတ် ရှာဖွေခြင်းပြုကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးသုံးနှစ်မှ အများဆုံးခုနစ်နှစ်အထိ ထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်းသုံးဆယ်မှ အများဆုံးကျပ်သိန်းငါးဆယ်အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင်သည့် သက်သေခံရှေးဟောင်း ဝတ္ထုပစ္စည်းကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၇

မည်သူမဆို ရှေးဟောင်းဝတ္ထုပစ္စည်းကို စီးပွားရေးအလို့ငှာရောင်းချရန် ရည်ရွယ်ချက်ဖြင့် စုဆောင်း ထားရှိခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်း သို့မဟုတ် ဝယ်ယူခြင်းပြုကြောင်း ပြစ်မှုထင်ရှား စီရင် ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးနှစ်နှစ်မှ အများဆုံးငါးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ် တစ်ဆယ့်ငါးသိန်းမှ အများဆုံးကျပ်သိန်းသုံးဆယ်အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချ မှတ်ရ မည်။ ထို့ပြင် ပြစ်မှုနှင့် အကျုံးဝင်သည့် သက်သေခံရှေးဟောင်းဝတ္ထု ပစ္စည်းကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၈

မည်သူမဆို ပုဒ်မ ၁၄၊ ပုဒ်မခွဲ (ခ) အရ ခွင့်ပြုချက်မရှိဘဲ အောက်ပါပြုလုပ်မှုတစ်ခုခုကို ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်နှစ်မှ အများဆုံးသုံးနှစ်အထိ ထောင် ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။ ထို့ပြင် ပြစ်မှုနှင့် အကျုံးဝင်သည့် သက်သေခံရှေးဟောင်း ဝတ္ထုပစ္စည်းကို နိုင်ငံ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်-

(က) ရှေးဟောင်းဝတ္ထုပစ္စည်းကို ပြည်တွင်းတစ်နေရာမှ တစ်နေရာသို့သယ်ယူခြင်း သို့မဟုတ် ပို့ဆောင်ခြင်း၊

(ခ) ဦးစီးဌာန၏ လက်ဝယ်တွင်ထိန်းသိမ်းထားရှိသော ရှေးဟောင်းဝတ္ထုပစ္စည်းများကို စီးပွားရေး အလို့ငှာ ရှေးဟောင်းဝတ္ထုပစ္စည်း၏ပုံကို ဓာတ်ပုံ၊ ဗီဒီယို သို့မဟုတ် ရုပ်ရှင်ရိုက်ကူးခြင်း၊ မိတ္တူပွား ယူခြင်း သို့မဟုတ် ပုံတူပွားခြင်း၊ ပုံတူကူးယူခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၉

မည်သူမဆို ရှေးဟောင်းဝတ္ထုပစ္စည်းနှင့်စပ်လျဉ်း၍ ပုဒ်မ ၁၂ ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်၍ သ တင်းပေးပို့ရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး တစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်သုံးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၀

မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်ရန်အားထုတ်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း သို့မ ဟုတ် ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီခြင်းပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သက်ဆိုင်ရာကျူးလွန်သည့် ပြစ်မှုအတွက် ဤဥပဒေတွင် ပြဋ္ဌာန်းထားသော ပြစ်ဒဏ်ကို ချမှတ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၀ ၂၃

ရှေးဟောင်းဝတ္ထုပစ္စည်းတစ်ခုခုတွေ့ရှိပြီး သတင်းပို့သူ သို့မဟုတ် အပ်နှံသူအား ယင်းပစ္စည်းနှင့်စပ် လျဉ်း၍ ပိုင်ရှင်ဟု မှတ်ယူခြင်းမပြုဘဲ အကျိုးခံစားခွင့်ရှိသူဟုသာ မှတ်ယူရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁ ၂၅

၂၅။ ပုဒ်မ ၁၉ ပါ ပြစ်မှုကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုအဖြစ် သတ်မှတ်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း