Measures Relating to ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး နည်းဥပဒေများ


Domestic Regulations
sr. Rules measures mode remarks
၂၅

အောက်ဖော်ပြပါ ရှေးဟောင်းဝတ္ထုပစ္စည်းများသည် ရှေးဟောင်းအမွေအနှစ်ဆိုင် ရာ တန်ဖိုးမြင့်မားသောပစ္စည်းများဖြစ်သည်-

(က) မြန်မာမင်းခမ်းတော်ပစ္စည်းနှင့် နန်းတွင်းအသုံးအဆောင်များ၊

(ခ) ရွှေ၊ ငွေ သို့မဟုတ် အဖိုးတန်ကျောက်မျက်ရတနာများပါဝင်သော လက်မှုအနု ပညာပစ္စည်းများ၊

(ဂ) ထူးခြားရှားပါးသည့် အနုပညာလက်ရာများ သို့မဟုတ် လက်မှုအနုပညာများ၊

(ဃ) နှစ်ပေါင်း ၅၀၀ နှင့်အထက် သက်တမ်းရှိသည့် ဝတ္ထုပစ္စည်းများ၊

(င) လူနှင့်တိရစ္ဆာန်အမျိုးမျိုးတို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများ၊

(စ) ဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်သောပစ္စည်းများ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၆

မည်သူမဆို ဦးစီးဌာန၏ ခွင့်ပြုချက်မရှိဘဲ မိမိလက်ဝယ်ရှိ မြေပေါ်တွင်ဖြစ်စေ၊ အများပြည်သူဆိုင်ရာနေရာတစ်ခုတွင်ဖြစ်စေ၊ ဝန်ကြီးဌာနတစ်ခုခုက စီမံခန့်ခွဲ ပိုင်ခွင့်ရှိသော မြေတွင်ဖြစ်စေ၊ အခြားမြေ တွင်ဖြစ်စေ၊ အကြောင်းတစ်ခုခုကြောင့် မြေကိုတူးဖော်ရာမှဖြစ်စေ၊ အခြားလုပ်ငန်းတစ်ခုခု ဆောင်ရွက်ရာမှဖြစ်စေ ရှေးဟောင်းဝတ္ထုပစ္စည်းဟု ယူဆရသော ပစ္စည်းတစ်ခုခုကို တွေ့ရှိပါက-

(က) ဆောင်ရွက်ဆဲကိစ္စရပ်ကို ခေတ္တရပ်ဆိုင်းပြီး သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေး မှူးရုံးသို့ ချက်ချင်းသတင်းပို့ရမည်။

(ခ) တူးဖော်တွေ့ရှိသော ရှေးဟောင်းဝတ္ထုပစ္စည်းများကို ဓာတ်ပုံမှတ်တမ်း ရိုက်ယူထားနိုင်သည်။

(ဂ) ရွှေ့ပြောင်းသယ်ယူရန် ခက်ခဲသော ပစ္စည်းဖြစ်ပါက နေရာရွှေ့ပြောင်း ဖယ်ရှားခြင်းမပြုဘဲ မူလ အတိုင်း ထားရှိရမည်။

(ဃ) ဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၉ (င)

ရှေးဟောင်းဝတ္ထုပစ္စည်းနှင့်စပ်လျဉ်း၍-

(င) ဦးစီးဌာနလက်ဝယ်တွင် ထိန်းသိမ်းထားသော ရှေးဟောင်းဝတ္ထုပစ္စည်းများကို စီးပွားရေးအလို့ငှာ ဓာတ်ပုံ၊ ဗီဒီယို၊ ရုပ်ရှင်ရိုက်ကူးခြင်း၊ မိတ္တူပွားယူခြင်း၊ ပုံတူပွားခြင်း သို့မဟုတ် ပုံတူကူးယူခြင်း ပြုလုပ်လိုသူသည် ဦးစီးဌာန သို့မဟုတ် ဦးစီးဌာနက လွှဲအပ်တာဝန်ပေးခြင်းခံရသည့် ဌာနသို့ ပုံစံ (၉) ဖြင့် လျှောက်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၂

ရှေးဟောင်းဝတ္ထုပစ္စည်းကို တူးဖော်ရှာဖွေခွင့်ရရှိသူသည်-

(က) ခွင့်ပြုချက်ရရှိသည့်ဒေသ၌ ရှေးဟောင်းဝတ္ထုပစ္စည်းတူးဖော်ခြင်း၊ ရှာဖွေခြင်းလုပ်ငန်းကို ခွင့်ပြုချက်ပါ စည်းကမ်းများနှင့်အညီ ဦးစီးဌာန၏ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ရမည်။

(ခ) တူးဖော်ရှာဖွေရရှိသည့် ပစ္စည်းများကို ရှေးဟောင်းဝတ္ထုပစ္စည်း စစ်မှန်ခြင်း ရှိ မရှိ စိစစ်နိုင်ရန် ဦးစီး ဌာနသို့ တင်ပြရမည်။

(ဂ) ဦးစီးဌာန၏ တာဝန်ပေးချက်အရ ရှေးဟောင်းဝတ္ထုပစ္စည်း တူးဖော်ရှာဖွေ ခြင်းပြုလုပ်သည့်နေရာသို့ စစ်ဆေးရေးအဖွဲ့က ဝင်ရောက်စစ်ဆေးခြင်းကို ခွင့်ပြုရမည်။

(ဃ) တူးဖော်ရှာဖွေရရှိသည့် ရှေးဟောင်းဝတ္ထုပစ္စည်းများကို စာရင်းပြုစု၍ နိုင်ငံ တော်သို့ အပ်နှံရမည်။

(င) တူးဖော်ရှာဖွေခွင့်ပြုခြင်းသည် တူးဖော်ရှာဖွေသည့်နေရာ၌ အခြားသူတစ်ဦး ၏ အခွင့်အရေးကို ထိခိုက်နစ်နာစေခြင်းကြောင့် နစ်နာကြေးပေးလျော်ရခြင်းနှင့် သက်ဆိုင်ခြင်း မရှိစေရ။

(စ) လုပ်ငန်းနေ့စဉ်မှတ်တမ်းကို အပတ်စဉ် ဦးစီးဌာနသို့ တင်ပြရမည်။

(ဆ) လုပ်ငန်းပြီးဆုံးပါက အပြီးသတ်အစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းတို့ကို ပြုစုပြီး ရက်ပေါင်း ၆၀ အတွင်း ဦးစီးဌာနသို့ တင်ပြရမည်။

(ဇ) တူးဖော်ရှာဖွေခြင်း လုပ်ငန်းပြီးဆုံးပါက စာတမ်းရေးသားဖတ်ကြားခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း၊ တူးဖော်ရရှိသည့် ရှေးဟောင်းဝတ္ထုပစ္စည်းများကို ခင်းကျင်း ပြသခြင်းစသည့် အသိပညာပေးလုပ်ငန်းများကို ဦးစီးဌာနနှင့် ညှိနှိုင်း၍ ဆောင်ရွက်ရမည်။

(ဈ) ဦးစီးဌာန၏ ခွင့်ပြုချက်ပါ စည်းကမ်းချက်များနှင့် ရှေးဟောင်းသုတေသန ဆိုင်ရာ တူးဖော်မှုလုပ် ထုံးလုပ်နည်းများကို လိုက်နာရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၃

အန္တရာယ်ကျရောက်ခံရနိုင်သော ရှေးဟောင်းဝတ္ထုပစ္စည်း၊ တစ်နည်းနည်းဖြင့် လက်ဝယ်ရရှိသည့် ရှေးဟောင်းဝတ္ထုပစ္စည်း သို့မဟုတ် အမွေဆက်ခံရရှိသည့် ရှေးဟောင်းဝတ္ထုပစ္စည်းကို ကိုယ်ပိုင် ထိန်း သိမ်းထားရှိရန် ခွင့်ပြုချက်ရရှိသူသည်-

(က) ရှေးဟောင်းဝတ္ထုပစ္စည်း စစ်မှန်ခြင်း ရှိ မရှိ စစ်ဆေးခြင်းအတွက် ဦးစီးဌာန က သတ်မှတ်သည့် အခကြေးငွေကို ပေးသွင်းရမည်။

(ခ) မိမိထိန်းသိမ်းထားသော ရှေးဟောင်းဝတ္ထုပစ္စည်းနှင့် စပ်လျဉ်း၍ ဦးစီးဌာနက အခါအားလျော်စွာ စစ်ဆေးခြင်းကို ခံယူရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၄

ပြပွဲတွင် ခင်းကျင်းပြသခြင်း၊ သုတေသနပြုခြင်း သို့မဟုတ် ကာကွယ်ထိန်းသိမ်း ခြင်းပြုရန် ရှေးဟောင်းဝတ္ထုပစ္စည်းကို ပြည်ပသို့ဖြစ်စေ၊ ပြည်တွင်း၌ တစ်နေရာမှ တစ်နေရာသို့ဖြစ်စေ သယ်ယူခွင့် သို့မဟုတ် ပို့ဆောင်ခွင့်ရရှိသူသည်-

(က) ရှေးဟောင်းဝတ္ထုပစ္စည်းကို ထိန်းသိမ်းခွင့်လက်မှတ်ရရှိထားပြီးဖြစ်ရမည်။

(ခ) သယ်ယူခြင်း သို့မဟုတ် ပို့ဆောင်ခြင်းနှင့်စပ်လျဉ်း၍ ခိုင်လုံသောအကြောင်း ရှိရမည်။

(ဂ) ခွင့်ပြုချက်ရရှိထားသောနေရာ သို့မဟုတ် နိုင်ငံမှတစ်ပါး အခြားနေရာ သို့မဟုတ် နိုင်ငံသို့ ရှေးဟောင်းဝတ္ထုပစ္စည်းကို သယ်ယူခြင်း သို့မဟုတ် ပို့ဆောင်ခြင်းမပြုရ။

(ဃ) ရှေးဟောင်းဝတ္ထုပစ္စည်းကို ထိခိုက်ခြင်း၊ ပျက်စီးခြင်း သို့မဟုတ် ပျောက်ဆုံး ခြင်းမရှိစေရန် အလေးထား ဆောင်ရွက်ရမည်။

(င) ဦးစီးဌာန၏ခွင့်ပြုချက်ပါ စည်းကမ်းချက်များနှင့် ရှေးဟောင်းသုတေသန ဆိုင်ရာ တူးဖော်မှုလုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၅

ဦးစီးဌာနလက်ဝယ်တွင် ထိန်းသိမ်းထားသော ရှေးဟောင်းဝတ္ထုပစ္စည်းများကို စီးပွားရေးအလို့ငှာ ဓာတ်ပုံ၊ ဗီဒီယို၊ ရုပ်ရှင်ရိုက်ကူးခြင်း၊ မိတ္တူပွားယူခြင်း၊ ပုံတူပွားခြင်း သို့မဟုတ် ပုံတူကူးယူခြင်းအတွက် ခွင့်ပြုချက်ရရှိသူသည်-

(က) ဦးစီးဌာနက သတ်မှတ်သည့် ရှေးဟောင်းဝတ္ထုပစ္စည်းကိုသာ ဓာတ်ပုံ၊ ဗီဒီယို၊ ရုပ်ရှင်ရိုက်ကူးခြင်း၊ မိတ္တူပွားယူခြင်း၊ ပုံတူပွားခြင်း သို့မဟုတ် ပုံတူကူးယူခြင်း ပြုရမည်။

(ခ) မိတ္တူပွားယူခြင်း၊ ပုံတူပွားခြင်း သို့မဟုတ် ပုံတူကူးယူခြင်းပြုလုပ်သူသည် မိမိအသုံးပြုသော ရှေးဟောင်းဝတ္ထုပစ္စည်းကို မူရင်းဖြစ်သည်ဟု သတ်မှတ် ကြေညာခြင်းသော်လည်းကောင်း၊ ရှေးဟောင်းဝတ္ထု ပစ္စည်း၏ မူပိုင်ခွင့် အခွင့်အရေးကို လွှဲပြောင်းရယူသည်ဟုသော်လည်းကောင်း မှတ်ယူခြင်းမပြုရ။

(ဂ) ဦးစီးဌာနက သတ်မှတ်သည့် အခကြေးငွေကို ပေးသွင်းရမည်။

(ဃ) ဦးစီးဌာန၏ ခွင့်ပြုချက်ပါ စည်းကမ်းချက်များနှင့် ရှေးဟောင်းသုတေသန ဆိုင်ရာ တူးဖော်မှုလုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း