Measures Relating to ရုပ်ရှင်ဥပဒေ


Domestic Regulations
sr. Section measures mode remarks

ရုပ်ရှင်လုပ်ငန်း လုပ်ကိုင်လိုသူသည် အောက်ပါလုပ်ငန်းအမျိုးအစား တစ်ခုချင်း အတွက် ရုပ်ရှင်လုပ်ငန်း လိုင်စင်ရရှိရန် သတ်မှတ်ချက်များနှင့် အညီ မြန်မာ့ ရုပ်ရှင်လုပ်ငန်းသို့လျှောက်ထားရမည်-

(က) ရုပ်ရှင်ကား ထုတ်လုပ်ခြင်း၊

(ခ) ရုပ်ရှင်ကား ရိုက်ကူးခြင်း၊

(ဂ) ရုပ်ရှင်ကား ကူးဆေးခြင်း၊

(ဃ) ရုပ်ရှင်ကား အသံသွင်းခြင်း၊

(င) ရုပ်ရှင်ကား တည်းဖြတ်ခြင်း၊

(စ) ရုပ်ရှင်ကား ဖြန့်ချိခြင်း၊

(ဆ) ရုပ်ရှင်ကား ပြည်ပမှတင်သွင်းခြင်း၊

(ဇ) ရုပ်ရှင်ကား ပြည်ပသို့တင်ပို့ခြင်း။

နည်းလမ်း ၃

ရုပ်ရှင်လုပ်ငန်းလိုင်စင် သက်တမ်းကုန်ဆုံးလျှင်ဖြစ်စေ၊ ရုပ်သိမ်းခြင်းခံရလျှင် ဖြစ်စေ၊ ရုပ်ရှင်လုပ်ငန်း လိုင်စင်ရရှိသူက ပြန်လည်အပ်နှံလျှင်ဖြစ်စေ ရုပ်ရှင် လုပ်ငန်း လိုင်စင်ပျက်ပြယ်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၄

(ခ) ရုပ်ရှင်ဆင်ဆာအဖွဲ့က ထုတ်ပေးသည့် ရုပ်ရှင်ဆင်ဆာလက်မှတ်ကို ရုပ်ရှင်ကားနှင့်အတူ ပြသရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၄

ရုပ်ရှင်ရုံလိုင်စင်ရယူလိုသူသည် သတ်မှတ်ချက်များနှင့်အညီ မြန်မာ့ရုပ်ရှင် လုပ်ငန်းသို့ လျှောက်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၉

ရုပ်ရှင်ရုံလိုင်စင်သက်တမ်း ကုန်ဆုံးလျှင်ဖြစ်စေ၊ ရုပ်သိမ်းခြင်းခံရလျှင်ဖြစ်စေ၊ ရုပ်ရှင်ရုံလိုင်စင်ရရှိသူက ပြန်လည်အပ်နှံလျှင် ဖြစ်စေ ရုပ်ရှင်ရုံလိုင်စင် ပျက်ပြယ်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၃

မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် ၁ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ကျပ် ၁၀၀၀၀၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ယင်းပြစ်မှုကို ဆက်လက်ကျူးလွန်ပါက တစ်ရက်လျှင် ငွေဒဏ် ကျပ် ၁၀၀၀ ချမှတ်ရမည်။ ထို့ပြင် ပြစ်မှုနှင့် တိုက်ရိုက်သက်ဆိုင်သော ပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းခြင်းခံရမည်-

(က) ရုပ်ရှင်လုပ်ငန်းလိုင်စင် မရှိဘဲ ပုဒ်မ ၄ ပါရုပ်ရှင်လုပ်ငန်း အမျိုးအစား တစ်ခုခုကို လုပ်ကိုင်ခြင်း၊

(ခ) ရုပ်ရှင်ဆင်ဆာလက်မှတ်မရှိသော ရုပ်ရှင်ကားကို ပြသခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၄

မည်သူမဆို ရုပ်ရှင်ရုံလိုင်စင်မရှိဘဲ ရုပ်ရှင်ပြသခြင်းလုပ်ငန်းကို လုပ်ကိုင်လျှင် ထိုသူကို ထောင်ဒဏ် ၆ လ အထိဖြစ်စေ၊ ငွေဒဏ် ကျပ် ၅၀၀၀၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ယင်းပြစ်မှုကို ဆက်လက်ကျူးလွန်ပါက တစ်ရက်လျှင် ငွေဒဏ် ကျပ် ၅၀၀ ချမှတ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၈

ဤဥပဒေပါ ပြစ်မှုများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း