Measures Relating to ရုပ်ရှင်နည်းဥပဒေများ


Domestic Regulations
sr. Rules measures mode remarks

ရုပ်ရှင်လုပ်ငန်းတစ်ခုခုလုပ်ကိုင်လိုသူသည် ရုပ်ရှင်လုပ်ငန်းလိုင်စင် ရရှိရန် ပုံစံ (ရုပ်ရှင်- ၁) တွင် အချက်အလက်များကို ပြည့်စုံမှန်ကန်စွာဖော်ပြပြီး လိုအပ်သည့် အထောက်အထားစာရွက်စာတမ်းများ ပူးတွဲ၍ မြန်မာ့ရုပ်ရှင်လုပ်ငန်းသို့ လျှောက်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

ရုပ်ရှင်လုပ်ငန်း လိုင်စင်ရရှိသူသည် ရုပ်ရှင်လုပ်ငန်း လိုင်စင်သက်တမ်းကုန်ဆုံး ပြီးနောက် လုပ်ငန်းကိုဆက်လက်လုပ်ကိုင်လိုလျှင် ရုပ်ရှင်လုပ်ငန်း လိုင်စင် သက်တမ်းတိုးမြှင့်ပေးရန် ပုံစံ (ရုပ်ရှင်- ၄) တွင် အချက်အလက်များကို ပြည့်စုံမှန်ကန်စွာဖော်ပြပြီး လိုအပ်သည့်အထောက်အထား စာရွက်စာတမ်းများ ပူးတွဲ၍ မြန်မာ့ရုပ်ရှင်လုပ်ငန်းသို့ လိုင်စင်သက်တမ်းမကုန်ဆုံးမီ အနည်းဆုံး ရက်ပေါင်း ၃၀ ကြိုတင်၍ လျှောက်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁

ရုပ်ရှင်လုပ်ငန်း လိုင်စင်သက်တမ်းသည် အဆိုပါရုပ်ရှင်လုပ်ငန်း လိုင်စင်ထုတ်ပေး သည့် နေ့မှစ၍ (၁) နှစ်ဖြစ်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၃

ရုပ်ရှင်လုပ်ငန်း လိုင်စင်သက်တမ်း ကုန်ဆုံးပြီးနောက်မှ လိုင်စင်သက်တမ်း တိုးမြှင့်ပေးရန် လျှောက်ထားလာလျှင် ပေးဆောင်ရမည့် ရက်လွန်ကြေးမှာ တစ်လလျှင် ကျပ် ၁၀၀၀ နှုန်းဖြစ်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၄

ရက်လွန်ကြေးကောက်ခံရာတွင် လ၏အစိတ်အပိုင်းကို တစ်လဟု သတ်မှတ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၇

ရုပ်ရှင်လုပ်ငန်း လိုင်စင်ရရှိသူသည် ရုပ်ရှင်လုပ်ငန်း လိုင်စင်တွင် ဖော်ပြသတ်မှတ် ထားသည့် စည်းကမ်းချက်များကို လိုက်နာရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၈

အောက်ပါအချက်တစ်ရပ်ရပ် ပေါ်ပေါက်ပါက ရုပ်ရှင်လုပ်ငန်း လိုင်စင်သည် ပျက်ပြယ်သည်-

(က) ရုပ်ရှင်လုပ်ငန်း လိုင်စင်သက်တမ်းကုန်ဆုံးခြင်း

(ခ) ရုပ်ရှင်လုပ်ငန်း လိုင်စင်ရုပ်သိမ်းခံရခြင်း

(ဂ) ရုပ်ရှင်လုပ်ငန်း လိုင်စင်ရရှိသူက လိုင်စင်ပြန်လည်အပ်နှံခြင်း

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၆

ရုပ်ရှင်ဆင်ဆာလက်မှတ် ရရှိလိုသူသည်-

(က) မိမိတင်ပြသော မြန်မာရုပ်ရှင်ကား သို့မဟုတ် ပြည်ပမှ တင်သွင်းလာသော ရုပ်ရှင်ကားအတွက် ရုပ်ရှင်ဆင်ဆာ စစ်ဆေးခအဖြစ် ပေ ၁၀၀၀ ထက်မပိုသည့် ရုပ်ရှင်ဖလင်ပိုင်းတစ်ပိုင်းလျှင် ၃၀၀ ကျပ် နှုန်းဖြင့် ကျသင့်ငွေကို ရုပ်ရှင်ဆင်ဆာ အဖွဲ့သို့ ပေးသွင်းရမည်။

(ခ) အခြားရုပ်ရှင်နည်းပညာ တစ်ရပ်ရပ်ဖြင့် ရိုက်ကူးထားသော ရှပ်ရှင်ကားအတွက်ဖြစ်လျှင် ပြန်ကြားရေးဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်သော ရုပ်ရှင်ဆင်ဆာစစ်ဆေးခကို ပေးသွင်းရမည်။

(ဂ) ရုပ်ရှင်ဆင်ဆာလက်မှတ် ရရှိရန် ပုံစံ (ရုပ်ရှင် - ၈) တွင် အချက်အလက် များကို ပြည့်စုံမှန်ကန်စွာ ဖော်ပြပြီး ရုပ်ရှင်ဆင်ဆာစစ်ဆေးခ ပေးသွင်းထားသည့် ပြေစာ (မူရင်း) ပူးတွဲ၍ ရုပ်ရှင်ဆင်ဆာအဖွဲ့သို့ လျှောက်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၀

ရုပ်ရှင်ဆင်ဆာလက်မှတ်ရရှိသူသည်-

(က) ရုပ်ရှင်ဆင်ဆာလက်မှတ်ကို ရုပ်ရှင်ဇာတ်ကား၏အစတွင် ထည့်သွင်း ရိုက်ကူးရမည်။

(ခ) အခြားရုပ်ရှင်နည်းပညာ တစ်ရပ်ရပ်ဖြင့် ရိုက်ကူးထားသော ရုပ်ရှင်ကား အတွက်ဖြစ်လျှင် ရုပ်ရှင် ဆင်ဆာ လက်မှတ်ကို ပြန်ကြားရေးဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်သည့် နည်းလမ်းနှင့် အညီ ဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၀ ၃၁

ရုပ်ရှင်ဆင်ဆာလက်မှတ်သည် အဆိုပါရုပ်ရှင်ဆင်ဆာလက်မှတ် ထုတ်ပေးသည့် နေ့မှစ၍ ရုပ်ရှင် ဆင်ဆာအဖွဲ့က သတ်မှတ်သောကာလအတိုင်း မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် အတည်ဖြစ်သည်။ ယင်း ကာလသည် (၃) နှစ်ထက်မပိုစေရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁ ၃၃

ရုပ်ရှင်ဆင်ဆာလက်မှတ်ရရှိသူသည် ရုပ်ရှင်ဆင်ဆာလက်မှတ် သက်တမ်းတိုးမြှင့် လိုပါက ပုံစံ (ရုပ်ရှင်- ၁၀) တွင် အချက်အလက်များကို ပြည့်စုံမှန်ကန်စွာဖော်ပြ၍ ရုပ်ရှင်ဆင်ဆာအဖွဲ့သို့ လျှောက်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၂ ၃၄

နည်းဥပဒေ ၃၃ အရ လျှောက်ထားသူသည်-

(က) နည်းဥပဒေ ၂၆၊ နည်းဥပဒေခွဲ (က) သို့မဟုတ် နည်းဥပဒေခွဲ (ခ) အရ ကျသင့်သော ရုပ်ရှင် ဆင်ဆာစစ်ဆေးခကို ရုပ်ရှင်ဆင်ဆာအဖွဲ့သို့ ပေးသွင်းရမည်။

(ခ) ရုပ်ရှင်ဆင်ဆာစစ်ဆေးခ ပေးသွင်းပြီးကြောင်း ပြေစာ (မူရင်း) ကို သက်ဆိုင် ရာပုံစံတွင် ပူးတွဲ တင်ပြရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၃ ၃၇

နည်းဥပဒေ ၃၆ အရ ထုတ်ပေးသော ရုပ်ရှင်ဆင်ဆာလက်မှတ်ရရှိသူသည် ယင်းလက်မှတ်ကို ရုပ်ရှင်ကား၏အစတွင် ထည့်သွင်းရိုက်ကူးရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၄ ၅၂

ရုပ်ရှင်ရုံလိုင်စင်ရရှိသူသည် ရုပ်ရှင်ရုံလိုင်စင်ရရှိရန် ပုံစံ (ရုပ်ရှင် - ၁၁) တွင် အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖော်ပြပြီး လိုအပ်သည့် အထောက်အထား စာရွက်စာတမ်းများပူးတွဲ၍ မြန်မာ့ရုပ်ရှင်လုပ်ငန်းသို့ လျှောက်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၅ ၅၉

ရုပ်ရှင်ရုံလိုင်စင်ရရှိသူသည် မိမိ၏ရုပ်ရှင်ရုံလိုင်စင်သက်တမ်းကုန်ဆုံးပြီးနောက် လုပ်ငန်းကို ဆက်လက် လုပ်ကိုင်လိုလျှင် ရုပ်ရှင်ရုံလိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် ပုံစံ (ရုပ်ရှင် - ၁၄) ဖြင့် မြန်မာ့ရုပ်ရှင်လုပ်ငန်း သို့ ရုပ်ရှင်ရုံလိုင်စင် သက်တမ်း မကုန်ဆုံးမီ အနည်းဆုံး ရက်ပေါင်း ၃၀ ကြိုတင်လျှောက်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၆ ၆၁

ရုပ်ရှင်ရုံလိုင်စင်သက်တမ်းသည် အဆိုပါ လိုင်စင်သက်တမ်း ထုတ်ပေးသည့် နေ့မှ စ၍ (၁) နှစ်ဖြစ်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၇ ၆၃

ရုပ်ရှင်ရုံလိုင်စင်ရရှိသူသည် ရုပ်ရှင်ရုံလိုင်စင်တွင် ဖော်ပြသတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၈ ၆၅

အောက်ပါအချက်တစ်ရပ်ရပ် ပေါ်ပေါက်ပါက ရုပ်ရှင်ရုံလိုင်စင်သည် ပျယ်ပြယ်သည်-

(က) ရုပ်ရှင်ရုံလိုင်စင်သက်တမ်း ကုန်ဆုံးခြင်း။

(ခ) ရုပ်ရှင်ရုံလိုင်စင် ရုပ်သိမ်းခံရခြင်း။

(ဂ) ရုပ်ရှင်ရုံလိုင်စင်ရရှိသူက လိုင်စင်ပြန်လည်အပ်နှံခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း