Measures Relating to ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာနည်းဥပဒေများ နှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များ


National Treatment
sr. Rules measures mode remarks
၂၃ (ဃ)

(ဃ)နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားအဖွဲ့အစည်းများနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းဖြစ်ပါက လျှောက်ထားသည့် လုပ်ငန်းအတွက် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်မိတ္တူ ပူးတွဲတင်ပြရမည်။

နည်းလမ်း ၃ နိုင်ငံသားကဲ့သို့ အခွင့်အရေး
Domestic Regulations
sr. Rules measures mode remarks
၂၂

နောက်ဆက်တွဲ (က) ပါ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှု လုပ်ငန်းတစ်ရပ်ရပ်အား လုပ်ကိုင်လိုသူသည် ကောင်စီက လိုင်စင်လျှောက်ထားနိုင်ကြောင်း စတင်ထုတ်ပြန်ကြေညာသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း သတ်မှတ်ချက်နှင့်အညီ ကောင်စီသို့ လိုင်စင်လျှောက်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၃

ဥပဒေပုဒ်မ ၃၁ ပုဒ်မခွဲ (က) အရ လုပ်ငန်းလုပ်ကိုင်လိုသူ သို့မဟုတ် အဖွဲ့အစည်းသည် အောက်ပါ သတ်မှတ်ချက်များနှင့်အညီ လိုင်စင်လျှောက်ထားရမည်-

(က) လျှောက်ထားသူသည် အသက် ၁၈ နှစ် ပြည့်ပြီးသူဖြစ်ရမည်။

(ခ) လျှောက်ထားသူ သို့မဟုတ် အဖွဲ့အစည်း၏ ကုမ္ပဏီဖွဲ့စည်းတည်ထောင်မှု သက်သေခံလက်မှတ် သို့မဟုတ် အဖွဲ့အစည်းဆိုင်ရာ မှတ်ပုံတင်လက်မှတ် မိတ္တူပူးတွဲတင်ပြရမည်။

(ဂ) လျှောက်ထားသူများနှင့် မတည်ရင်းနှီးမြှုပ်နှံသူပိုင်ရှင်များ၏ ကိုယ်ရေး အချက်အလက်ပူးတွဲ ဖော်ပြရမည်။

(ဃ)နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားအဖွဲ့အစည်းများနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းဖြစ်ပါက လျှောက်ထားသည့် လုပ်ငန်းအတွက် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်မိတ္တူ ပူးတွဲ တင်ပြရမည်။

(င) အောက်ပါအချက်အလက်များပါဝင်သည့် လုပ်ငန်းစီမံချက်ကို ပူးတွဲ ဖော်ပြရမည်-

(၁) ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း၏နောက်ခံအချက်အလက်၊

(၂) တစ်ဦးတည်းပိုင် သို့မဟုတ် အစုစပ်ပိုင် သို့မဟုတ် အသင်းအဖွဲ့ပိုင် သို့မဟုတ် ကုမ္ပဏီပိုင်စသည့် ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊

(၃) အစုစပ်၊ အသင်းအဖွဲ့၊ ကုမ္ပဏီဖြစ်ပါက ရင်းနှီးမြှုပ်နှံမှု အချိုးအစား၊

(၄) ဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်၊

(၅) လုပ်ငန်းနယ်ပယ်ဆိုင်ရာ အတွေ့အကြုံ၊

(၆) လုပ်ငန်းဆောင်ရွက်မည့် ဝန်ထမ်းအင်အားနှင့် ဖွဲ့စည်းပုံ၊

(၇) အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မိတ်ဖက်အဖွဲ့အစည်းများ၊

(၈) လိုက်နာစောင့်ထိန်းမည့် သတင်းမီဒီယာကျင့်ဝတ်၊

(၉) ခန့်မှန်းငွေကြေးစီးဆင်းမှုပုံစံအပါအဝင် ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများ၊

(၁၀)မိမိလုပ်ကိုင်ဆောင်ရွက်လိုသည့် ဝန်ဆောင်မှုလုပ်ငန်းအမျိုးအစား၊ ထုတ်လွှင့်မည့် ရုပ်သံလိုင်း အရေအတွက်၊ ရည်မှန်းပရိသတ်၊ အစီအစဉ်အချိုး အစား၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုဇုန် ဧရိယာနှင့် စပ်လျဉ်း၍ အသေးစိတ်ဖော်ပြချက်၊

(၁၁) ဈေးကွက်ခန့်မှန်းချက်နှင့်သုံးသပ်ချက်၊

(၁၂) ရန်ပုံငွေအရင်းအမြစ်များ။

(စ) အောက်ပါနည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များအား ထည့်သွင်းဖော်ပြရမည်-

(၁) ရုပ်သံထုတ်လွှင့်ရေး စက်ရုံများ၏ လွှင့်အားနှင့် တည်နေရာတို့ကို ဖော်ပြ ထားသည့်ကွန်ရက်ချိတ်ဆက်မှု ပုံကြမ်းအပါအဝင် အဆိုပြုကွန်ရက်၊

(၂) နည်းပညာပိုင်းဆိုင်ရာ တာဝန်ခံဆောင်ရွက်မည့် ပုဂ္ဂိုလ်များ၏ အတွေ့အကြုံ နှင့် အရည်အချင်း ဖော်ပြချက်အကျဉ်း၊

(၃) အသုံးပြုမည့် စတူဒီယို၊ အဆောက်အဦ၊ စက်ပစ္စည်းများ၊ ထုတ်လွှင့်စက်များ နှင့် အင်တာနာများ၏ နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်ဖော်ပြချက်၊

(ဆ) အဓိကအစီအစဉ်အမျိုးအစားနှင့် ရောနှောတင်ဆက်မည့် အစီအစဉ်အချိုး အစားကို ဖော်ပြသည့် စီမံချက်၊

(ဇ) လိုင်စင်ရရှိသူများသည် ကောင်စီကထုတ်ပြန်သည့်စည်းကမ်းများကို လေးစား လိုက်နာမည်ဖြစ်ကြောင်း ကိုယ်တိုင် ကတိပြုဝန်ခံချက်၊

(ဈ) ကောင်စီကသတ်မှတ်သည့် အခြားလိုအပ်ချက်များ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၄

မြေပြင်အခြေစိုက် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လိုင်စင် လျှောက်ထားသူ သို့မဟုတ် အဖွဲ့အစည်းသည်-

(က) နိုင်ငံရေးပါတီတစ်ခုခုတွင် ဗဟိုအဆင့်ဦးဆောင်သူမဖြစ်စေရ၊ အဆိုပါ လိုင်စင်လျှောက်ထားသည့် အဖွဲ့အစည်း၌ လွှမ်းမိုးပိုင်ခွင့်ရှိသူမဖြစ်စေရ၊

(ခ) သာသနာ့ဝန်ထမ်း မဖြစ်စေရ၊

(ဂ)အကျင့်စာရိတ္တပျက်ပြားမှုနှင့် စပ်လျဉ်း၍ တရားရုံးတစ်ခုခုမှ ပြစ်ဒဏ်ချမှတ် ခြင်းခံခဲ့ရသူ သို့မဟုတ် အဖွဲ့အစည်းမဖြစ်စေရ၊

(ဃ) စိတ်ပေါ့သွပ်သည်ဟု သက်ဆိုင်ရာ ဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခြင်းခံရသူ မဖြစ်စေရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၅

နည်းဥပဒေ ၂၃ အရ လိုင်စင်လျှောက်ထားရာတွင် အများပြည်သူဝန်ဆောင်မှု ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း လုပ်ငန်းအတွက် ပုံစံ ၁၊ စီးပွားရေးအရ ထုတ်လွှင့်သည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်း အတွက် ပုံစံ ၂၊ စီးပွားဖြစ်မဟုတ်သည့် ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့် ခြင်း ဝန်ဆောင်မှုလုပ်ငန်းအတွက် ပုံစံ ၃၊ ဌာနပိုင်ရုပ်မြင်သံကြားနှင့် အသံ ထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းအတွက် ပုံစံ ၄၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းအစီအစဉ် ဖြန့်ဖြူးရေးဝန်ဆောင်မှု လုပ်ငန်းအတွက် ပုံစံ ၅၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်း ယာယီလိုင်စင် အတွက် ပုံစံ ၆ တို့ဖြင့် အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်၍ လျှောက်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၆

လိုင်စင်လျှောက်ထားသူ သို့မဟုတ် အဖွဲ့အစည်းသည် နည်းဥပဒေ ၂၅ အရ သတ်မှတ်လျှောက်လွှာ ပုံစံတွင် ရုံးခွန်တံဆိပ်ခေါင်းကျပ် ၅၀,၀၀၀ တန်ကပ်ပြီး ကောင်စီသို့ပေးပို့လျှောက်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၀

နည်းဥပဒေ ၂၉ အရ ကောက်ခံသည့် လိုင်စင်စိစစ်ခများအား မည်သည့် အကြောင်းပြချက်နှင့်မျှ ပြန်လည် ထုတ်ယူခွင့်မရှိစေရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၄

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ရရှိ ထားသူသည် မိမိလုပ်ငန်းကို အင်တာနက်တွင် လွှင့်တင်ပါက စတင်အသုံးပြု သည့် နေ့ရက်မှစ၍ ၁၄ ရက်အတွင်း အင်တာနက်လိပ်စာကို ကောင်စီသို့ တင်ပြရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၅

(က) နည်းဥပဒေ ၃၁ နည်းဥပဒေခွဲ(င) အရ ထုတ်ပေးသည့် လိုင်စင်၏ သက်တမ်းသည် အောက်ပါ အကြောင်းတစ်ရပ်ရပ်ကြောင့်မှအပ ထုတ်ပေးသည့် နေ့ရက်မှစ၍ ဥပဒေပုဒ်မ ၃၈ ပါ သက်တမ်းအတိုင်း ဖြစ်စေရမည်-

(၁) အသိအမှတ်ပြုလက်မှတ်ရရှိသူ သေဆုံးပြီး ရက်ပေါင်း ၆၀ အတွင်း အမည်ပြောင်းလဲခွင့် လျှောက်ထားမှု မပြုခြင်း၊

(၂) ဥပဒေပုဒ်မ ၄၂၊ ပုဒ်မ ၄၃၊ ပုဒ်မ ၄၄ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုင်စင်အား ရုပ်သိမ်းခြင်း၊ ရပ်စဲခြင်း၊ ပျက်ပြယ်ခြင်း၊

(၃) လုပ်ငန်းလွှဲပြောင်းပေးခြင်း၊

(၄) ဥပဒေ ပုဒ်မ ၄၉ အရ ပိုင်ဆိုင်မှုပုံသဏ္ဍာန် ပြောင်းလဲသည့် အခြေအနေအား ကောင်စီသို့ ရက်ပေါင်း ၆၀ အတွင်း အသိပေးတင်ပြမှု မပြုခြင်း၊

(၅) လုပ်ငန်းလုပ်ကိုင်နိုင်စွမ်းမရှိကြောင်း ကောင်စီသို့ တင်ပြလျှောက်ထားခြင်း၊

(၆) လုပ်ငန်းနှင့် သက်ဆိုင်သော ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖျက်သိမ်းခြင်း၊

(၇) ဥပဒေအရ လုပ်ငန်းရုပ်သိမ်းခံရခြင်း။

(ခ)နည်းဥပဒေခွဲ(က)ပါ အကြောင်းတစ်ရပ်ရပ် ပေါ်ပေါက်လျှင် ထိုအကြောင်းပေါ် ပေါက်သည့် နေ့ရက်မှစ၍ ရက်ပေါင်း ၆၀ အတွင်း လုပ်ငန်းလုပ်ကိုင်သူ သို့မဟုတ် အဖွဲ့အစည်းသည် ထုတ်ပေးသည့် လိုင်စင်ကို ကောင်စီသို့ အပ်နှံရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၀ ၃၆

လိုင်စင်ရရှိသူသည် သက်ဆိုင်ရာလုပ်ငန်းအလိုက် လိုင်စင်ပါ စည်းကမ်းချက်များကို လိုက်နာရမည်-

(က) လိုင်စင်ကို အခြားသူတစ်ဦးတစ်ယောက်ထံ လွှဲပြောင်းခြင်း၊ ငှားရမ်းခြင်း မပြုရ။

(ခ) လိုင်စင်ပါ အကြောင်းအရာများကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ခြင်း မပြုလုပ်ရ။

(ဂ) ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း အစီအစဉ်ဖြန့်ဖြူးရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်သည် ၎င်းလိုင်စင်တွင် ဖော်ပြထားသည့် ထုတ်လွှင့်စက် အသုံးပြုမှုနှင့် နည်းပညာများအတွက်သာလျှင် ဖြစ်စေရ မည်။

(ဃ) လိုင်စင်တစ်ခုသည် ၎င်းလိုင်စင်တွင် ဖော်ပြထားသည့် ဝန်ဆောင်မှုလုပ်ငန်း အမျိုးအစားတစ်ခုအတွက်သာလျှင် ဖြစ်စေရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁ ၃၇ (ဂ)

(ဂ) လိုင်စင်ရရှိသူသည် လျှောက်လွှာပုံစံတွင် ဖော်ပြထားသော အကြောင်းအရာ အချက်အလက်များတွင် အပြောင်းအလဲများရှိလျှင် ထိုသို့ ပြောင်းလဲသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၆၀ အတွင်း ကောင်စီသို့ စာဖြင့် တင်ပြရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၂ ၃၈

လိုင်စင်ရရှိထားသူသည် သက်ဆိုင်ရာ လိုင်စင်သက်တမ်းကုန်ဆုံးသည့်အခါ ဆက်လက်၍ လုပ်ငန်းလုပ်ကိုင်လိုပါက လိုင်စင်သက်တမ်းတိုးပေးရန် ဥပဒေပုဒ်မ ၃၉ အရ ပုံစံ ၁၃ ဖြင့် သတ်မှတ်အခကြေးငွေကို မြန်မာ့စီးပွားရေး ဘဏ်ရှိ ကောင်စီ၏ ငွေစာရင်းသို့ချလန်ဖြင့် ပေးသွင်း လျှောက်ထားရမည်။ ကောင်စီ သည် ငွေသွင်းချလန် ရရှိသည့်နေ့ရက်မှစ၍ ဥပဒေ ပုဒ်မ ၄၀ နှင့် ပုဒ်မ ၄၁ ပါ သတ်မှတ်ချက်များနှင့်အညီ စိစစ်၍ နည်းဥပဒေ ၃၁ နှင့်အညီ လိုင်စင် သက်တမ်းတိုးပေးရန် ဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၃ ၄၃

လိုင်စင်ရရှိသူသည် လိုင်စင်ကြေးကို ကောင်စီက သတ်မှတ် ထုတ်ပြန်သည့်အတိုင်း မြန်မာ့စီးပွားရေးဘဏ်ရှိ ကောင်စီ၏ ငွေစာရင်းသို့ အပြည့်အဝ ပေးသွင်းရမည်။ ပေးသွင်းပြီးသည့် လိုင်စင်ကြေးများအား မည်သည့်အကြောင်းပြချက်နှင့်မျှ ပြန်လည်ထုတ်ယူခွင့်မရှိ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၄ ၄၆

စီးပွားရေးအရ ထုတ်လွှင့်သည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှု လုပ်ငန်းများအနက် နိုင်ငံတစ်ဝန်းလုံး မြေပြင်အခြေစိုက် ရုပ်မြင်သံကြားထုတ်လွှင့်ခြင်း ဝန်ဆောင်မှု လုပ်ငန်းဖြစ်စေ နိုင်ငံတစ်ဝန်းလုံး ရေဒီယိုအသံထုတ်လွှင့်ခြင်းဝန်ဆောင်မှုလုပ်ငန်းဖြစ်စေ လုပ်ကိုင်သူများ သည် အောက်ပါစည်းကမ်းချက်များကို လိုက်နာရမည်-

(က) နေ့စဉ် ပြည်တွင်းသတင်း အနည်းဆုံး သုံးကြိမ်ထုတ်လွှင့်ရမည်။ အဆိုပါ သုံးကြိမ်အနက် အနည်းဆုံး တစ်ကြိမ်ကို ပရိသတ်အများဆုံး ကြည့်ရှုသည့် အချိန်တွင်ထုတ်လွှင့်ရမည်။

(ခ) နိုင်ငံအတွင်း အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြေညာထားသည့် ကာလတွင် နိုင်ငံတော်အစိုးရ က ညွှန်ကြားသည့် ရုပ်သံအစီအစဉ်များကို ညွှန်ကြားချက်အတိုင်း ထုတ်လွှင့်ရမည်။

(ဂ) အများပြည်သူအကျိုးအတွက် အသိပေးထုတ်လွှင့်ခြင်းများနှင့် စပ်လျဉ်း၍ ကောင်စီက သတ်မှတ်သည့် အချိုးအစားအတိုင်း ထည့်သွင်းထုတ်လွှင့်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၅ ၄၇

စီးပွားရေးအရ ထုတ်လွှင့်သည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများအနက် ဒေသအလိုက် မြေပြင်အခြေစိုက် အခမဲ့ဖြစ်စေ၊ အခကြေးငွေရယူ၍ ဖြစ်စေ ရုပ်မြင်သံကြားထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများသည် အောက်ပါစည်းကမ်းချက်များကို လိုက်နာရမည်-

(က) နေ့စဉ်ဒေသတွင်း မိုးလေဝသ သတင်းနှင့် ဒေသဆိုင်ရာ သတင်းအချက် အလက်များပါဝင်သည့် သတင်းအစီအစဉ်အား အနည်းဆုံး သုံးကြိမ်ထုတ်လွှင့် ရမည်။ အဆိုပါ သုံးကြိမ်အနက်အနည်းဆုံး တစ်ကြိမ်ကို ပရိသတ်အများဆုံး ကြည့်ရှုသည့်အချိန်တွင်ထုတ်လွှင့်ရမည်။

(ခ) ထုတ်လွှင့်သည့် ဒေသအတွင်း အရေးပေါ်အခြေအနေအဖြစ် သတ်မှတ် ကြေညာထားသည့်ကာလတွင် နိုင်ငံတော်အစိုးရ သို့မဟုတ် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက ညွှန်ကြားသည့် ရုပ်သံအစီအစဉ်များကို ညွှန်ကြား ချက်အတိုင်းထုတ်လွှင့်ရမည်။

(ဂ) အများပြည်သူအကျိုးအတွက် အသိပေးထုတ်လွှင့်ခြင်းများနှင့် စပ်လျဉ်း၍ ကောင်စီက သတ်မှတ်သည့် အချိုးအစားအတိုင်း ထည့်သွင်းထုတ်လွှင့်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၆ ၄၉

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း အစီအစဉ်ဖြန့်ဖြူးရေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူများသည် အောက်ပါစည်းကမ်းချက်များကို လိုက်နာရမည်-

(က) ထုတ်လွှင့်သည့် အစီအစဉ်များ၊ အကြောင်းအရာများနှင့် ထုတ်လွှင့်ချိန်များ သည် ကောင်စီကသတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်ရမည်။

(ခ) ထုတ်လွှင့်မည့် လိုင်းအရေအတွက်၊ အမျိုးအစားနှင့် ထုတ်လွှင့်ချိန်များအား ကောင်စီ၏ ညွှန်ကြားချက် နှင့်အညီ ဆောင်ရွက်ရမည်။

(ဂ) အစီအစဉ်များ၏ မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များကို မူရင်းရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းပြုသူများက တာဝန်ယူဖြေရှင်းဆောင်ရွက်ရမည်။ မြန်မာ နိုင်ငံတွင် လိုင်စင်ပြုလုပ်ထားခြင်းမရှိသည့် အစီအစဉ်များ၏ မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း အစီအစဉ် ဖြန့်ဖြူးရေး ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိသူက တာဝန်ယူဖြေရှင်း ဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၇ ၅၀

ဥပဒေပုဒ်မ ၅၄ ပါ နှစ်ချုပ်အစီရင်ခံစာတွင် ပါဝင်ရမည့် အချက်များအပြင် လုပ်ငန်းလုပ်ကိုင်သူ သို့မဟုတ် အဖွဲ့အစည်းသည် အောက်ပါသတင်းအချက် အလက်များကို သတ်မှတ်သည့်ရက်အတွင်း ကောင်စီသို့ ပေးပို့ရမည်-

(က) ထုတ်လွှင့်မည့်အစီအစဉ် လျာထားချက်ဇယားများကို သုံးလ တစ်ကြိမ် ပေးပို့ရန်၊

(ခ) မူလတင်ပြထားသည့် ပိုင်ဆိုင်မှု သို့မဟုတ် စီမံခန့်ခွဲမှုများတွင် ထူးခြားသည့် ပြောင်းလဲမှုရှိလျှင် ဆောလျင်စွာတင်ပြရန်၊

(ဂ) လိုင်စင်ရရှိသူ၏ လိပ်စာနှင့် ဆက်သွယ်ရမည့်ပုဂ္ဂိုလ် ပြောင်းလဲမှု ရှိလျှင် ရှိခြင်းတင်ပြရန်၊

(ဃ) စောင့်ကြည့်ခြင်း သို့မဟုတ် တိုင်ကြားမှုများအား ဖြေရှင်းခြင်းလုပ်ငန်းစဉ် များ ဆောင်ရွက်ရေးအတွက် လိုအပ်သဖြင့် ကောင်စီက တောင်းခံလာပါက ဥပဒေပုဒ်မ ၇၀ အရ ထိန်းသိမ်းထားသည့် ရုပ်ပုံ၊ အသံ၊ ဓာတ်ပုံနှင့် မှတ်တမ်း မှတ်ရာများအား ကောင်စီသို့ ပေးပို့တင်ပြရန်၊

(င) စောင့်ကြည့်ခြင်း သို့မဟုတ် တိုင်ကြားမှုများအား ဖြေရှင်းခြင်းလုပ်ငန်းစဉ် များ ဆောင်ရွက်ရေးအတွက် ကောင်စီ သို့မဟုတ် ကောင်စီက တာဝန်ပေးသည့် ဌာန၊ အဖွဲ့အစည်းက သတ်မှတ်နေရာတွင် လိုင်စင်ရရှိသူက ထုတ်လွှင့်သည့် ရုပ်သံအစီအစဉ်များအား အရည်အသွေးကောင်းမွန်စွာ တိုက်ရိုက်ဖမ်းယူ ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်၊

(စ) နည်းဥပဒေခွဲ (င) ပါအတိုင်း ရုပ်သံအစီအစဉ်များအား တိုက်ရိုက်ဖမ်းယူ ကြည့်ရှုနိုင်ရေး ဆောင်ရွက်ပေးရန်ခက်ခဲသည့် စီးပွားဖြစ်မဟုတ်သည့် ရုပ်မြင် သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများ အပါအဝင် အခြား လိုင်စင်ရရှိသူများအနေဖြင့် ၎င်းတို့ ထုတ်လွှင့်ပြီးသည့် ရုပ်သံအစီအစဉ် များအား သင့်လျော်သည့် မီဒီယမ်ကို အသုံးပြု၍ မှတ်တမ်းဖိုင်များအဖြစ် ကောင်စီက ညွှန်ကြား သည့်အတိုင်းပေးပို့ရန်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၈ ၅၄

မြေပြင်အခြေစိုက် ရုပ်မြင်သံကြားထုတ်လွှင့်စက်များနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ချိခြင်း၊ အသုံးပြုခြင်း၊ ရောင်းချခြင်းတို့နှင့် စပ်လျဉ်း၍ နည်းပညာဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များသည် အောက်ပါအတိုင်း ဖြစ်ရမည်-

(က) လွှင့်စက်အမျိုးအစား သတ်မှတ်ချက်များ

(၁) မြေပြင်အခြေစိုက် ဒီဂျစ်တယ် ရုပ်မြင်သံကြားထုတ်လွှင့်မှုစနစ် (Digital Video Broadcasting Terrestrial Standard) ဖြစ်ရမည်။

(၂) လျှပ်စစ်စွမ်းအားပေးခြင်း (Power Supply) သည် အပြန်အလှန်လျှပ်စီး နှစ်ရာ့သုံးဆယ် ဗို့ (Alternating Current-AC 230Volt-V) သို့မဟုတ် သုံးရာ့ရှစ်ဆယ် ဗို့ (AC380Volt-V) နှင့် လျှပ်စီးကြိမ်နှုန်းငါးဆယ်ဟတ်ဇ် (50 Hertz-Hz) ဖြစ်ရမည်။

(၃) လှိုင်းနှုန်းခွင် (Frequency Band) သည် အလွန်မြင့်သော လှိုင်းနှုန်းခွင် သုံး (Very High Frequency-VHF Band III) သို့မဟုတ် အလွန့်အလွန်မြင့်သော လှိုင်းနှုန်းခွင်-လေး (Ultra High Frequency-UHF Band IV) သို့မဟုတ် အလွန့်အလွန်မြင့်သော လှိုင်းနှုန်းခွင်-ငါး (Band V) ဖြစ်ရမည်။

(ခ) လွှင့်အားသတ်မှတ်ချက်နှင့် စပ်လျဉ်း၍ ရုပ်မြင်သံကြားလွှင့်စက်တပ်ဆင်မည့် နေရာဒေသရှိ လူဦးရေပျံ့နှံ့မှုနှင့် လွှမ်းခြုံလိုသော ဧရိယာကို မူတည်၍ လွှင့်အား ပမာဏကို လွှင့်အားကြီး (High Power)၊ လွှင့်အားလတ် (Medium Power) နှင့် လွှင့်အားသေး (Low Power) ဟူ၍ ကောင်စီက သတ်မှတ်ပေးရမည်။

(ဂ) အင်တာနာ (Antenna) သတ်မှတ်ချက်များ

(၁) အရပ်ရှစ်မျက်နှာသို့ လှိုင်းထုတ်လွှင့် အင်တာနာ (Omnidirectional Antenna) သို့မဟုတ် အရပ်မျက်နှာ ရွေးချယ်၍ လှိုင်းထုတ်လွှင့်အင်တာနာ (Directional Antenna) တပ်ဆင်ခြင်းကို ကောင်စီ၏ သတ်မှတ်ချက် အတိုင်း ဆောင်ရွက်ရမည်။

(၂) အင်တာနာ ချဲ့နိုင်စွမ်း (Antenna Gain) သည် ခုနစ် ဒဿမ ငါးဒီဘီ (7.5 Decible-db) ထက် မနည်း စေရ။

(၃) အင်တာနာ (Antenna) ၏ ခံနိုင်ရည်ဝန်အား (Output Power Maximum Load) သည် လွှင့်စက်၏ အမြင့်ဆုံးလွှင့်အားထက် အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပိုရမည်။

(ဃ) တာဝါ (Tower) ဆိုင်ရာ သတ်မှတ်ချက်များ

(၁) ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းလုပ်ငန်းအတွက် တာဝါ (Tower) တည်ဆောက်မည့်သူသည် တည်ဆောက်မည့်နေရာ၏ မြေသားနမူနာစမ်းသပ်မှု များ၊ တည်ဆောက်မည့်ပုံစံများ၊ အင်တာနာ (Antenna)ခံနိုင်ဝန်၊ လေဒဏ်ခံ နိုင်ဝန်၊ ငလျင်ဒဏ်ခံနိုင်ဝန်၊ ဖောင်ဒေးရှင်း (Foundation) နှင့် အခြား အသုံးပြု မည့်ပစ္စည်းများကို ကောင်စီသို့ ကြိုတင်တင်ပြ၍ ခွင့်ပြုချက်ရယူရမည်။

(၂) တာဝါ (Tower) တည်ဆောက်မည်ဆိုပါက သံမဏိအင်တာနာ (Steel Transmitting Antenna) နှင့် ဒေါက်တိုင်တာဝါ (Self Supporting Tower) သို့မဟုတ် ကြိုးထိန်းတာဝါ (Guyed Tower) များအတွက် တည်ဆောက်မည့် ပုံစံဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဖြစ်ရမည်။

(၃) ကောင်စီကခွင့်ပြုသည့် တာဝါ (Tower) အမြင့်ထက် ကျော်လွန်တည် ဆောက်ခြင်းမပြုရ။ လက်ရှိတည်ဆောက်ပြီး တာဝါ (Tower)တွင် နောက်ထပ် အင်တာနာ (Antenna) သို့မဟုတ် တာဝါ (Tower) ပိုင်းဆိုင်ရာ အခြားအစိတ် အပိုင်းများ ထပ်မံတပ်ဆင်မည်ဆိုပါက ကောင်စီ၏ ခွင့်ပြုချက်ကို ထပ်မံရယူရ မည်။

(၄) တာဝါ (Tower) ကို ပြန်လည် ပြင်ဆင်ရန်အတွက် ထုတ်လွှင့်မှုများ ရပ်နားမည်ဆိုပါက ကောင်စီ၏ ခွင့်ပြုချက်ကို ရယူရမည်။

(၅) တာဝါ (Tower) တည်ဆောက်ရန် ကောင်စီသို့ ခွင့်ပြုချက်တောင်းခံရာတွင် လေကြောင်းအာဏာပိုင်များ၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ လျှပ်စစ် ဌာနနှင့် အခြားသက်ဆိုင်ရာ ဌာနများ၏ သဘောထားမှတ်ချက်များအား ပူးတွဲ တင်ပြရမည်။

(၆) တာဝါ (Tower) များတွင် တာဝါ (Tower) ၏အမြင့် ၅၀ မီတာတိုင်းတွင် လေယာဉ်အချက်ပြမီး (Pilot Light၊ Aviation Warning Light) များ တပ်ဆင်ရမည်။

(၇) တာဝါ (Tower) တွင် လေကြောင်းအာဏာပိုင်များက သတ်မှတ်ထားသည့် အရောင်ကိုသာ သုတ်လိမ်း ရမည်။

(၈) တာဝါ (Tower) တည်ဆောက်ထားသည့် အခြေအနေနှင့် တာဝါ (Tower) ကြံ့ခိုင်မှုအခြေအနေများ ကို နှစ်စဉ် ဒီဇင်ဘာလ ၃၁ ရက်ထက် နောက်မကျဘဲ ကောင်စီသို့ တင်ပြရမည်။

(င) ရုပ်မြင်သံကြားဖမ်းစက် (Satellite Receiver) များ

(၁) ဂြိုဟ်တုရုပ်မြင်သံကြားဖမ်းစက် (Satellite Receiver) များနှင့် စပ်လျဉ်း၍ ဒီဂျစ်တယ် (Digital) ရုပ်မြင်သံကြားဖမ်းစက်များ၏ နည်းပညာဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များကို ကောင်စီက အဖွဲ့နှင့် ညှိနှိုင်း၍ အခါအားလျော်စွာ သတ်မှတ်ပေးရမည်။

(၂) ဒီဂျစ်တယ်ဂြိုဟ်တုရုပ်မြင်သံကြားဖမ်းစက် (Digital Satellite Receiver) များနှင့် ဆက်စပ်ပစ္စည်းများကို အောက်ပါသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်-

(ကက)ဒီဂျစ်တယ်ဂြိုဟ်တုရုပ်မြင်သံကြားဖမ်းစက် (Digital Satellite Receiver) များနှင့် ဆက်စပ်ပစ္စည်းများကို ပြည်ပမှတင်သွင်းလိုသူသည် အဖွဲ့၏ ကြိုတင် ခွင့်ပြုချက်ကို ဦးစွာလျှောက်ထား ရယူရမည်။

(ခခ)ဤနည်းဥပဒေ နောက်ဆက်တွဲ (ခ) ပါ ဒီဂျစ်တယ်ဂြိုဟ်တု ရုပ်မြင်သံကြား ဖမ်းစက် (Digital Video Broadcasting Satellite Second Generation Receiver-DVB-S2 Receiver) သတ်မှတ်ချက်များနှင့် ညီညွတ်သည့် ဂြိုဟ်တုရုပ်မြင်သံကြားဖမ်းစက်ဆိုင်ရာ ကြိုးမဲ့ ကြေးနန်းပစ္စည်းကိရိယာတစ်ခုခု ကို ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ချိရောင်းချခြင်းများ ပြုလုပ်လိုပါက အဖွဲ့သို့ လျှောက်ထားရမည်။

(စ) အခြားသတ်မှတ်ချက်များ

(၁) နေရာဒေသ အမျိုးမျိုးမှ မတူညီသော လှိုင်းနှုန်းများ အသုံးပြုပြီး ထုတ်လွှင့်ခြင်း လှိုင်းနှုန်းချန်နယ်မျိုးစုံ အသုံးပြုသော ကွန်ရက် (Multi-frequency Network-MFN) နှင့် သတ်မှတ်နေရာ ဒေသတစ်ခုအတွင်းတွင် လွှင့်စက်အသီးသီးတို့မှ တူညီသော လှိုင်းနှုန်းတစ်ခုတည်းဖြင့် ထုတ်လွှင့်ခြင်း ကွန်ရက် (Single Frequency Network-SFN) စသည့် ကွန်ရက်လျာထား မှုအစီအမံ ( Network Plan) သတ်မှတ်ချက်များနှင့် စပ်လျဉ်းသည့် လှိုင်းနှုန်းလျာထားမှုအစီအမံ ( Frequency Planning) ကို အဖွဲ့က သီးခြား ရေးဆွဲထုတ်ပြန်ရမည်။

(၂) ရုပ်မြင်သံကြားထုတ်လွှင့်ရာတွင် အခြေခံထည့်သွင်းသတ်မှတ်ရမည့် အချက်ဖြစ်သည့် ပုံသေ အခြေစိုက် ဖမ်းယူခြင်း (Fixed Reception) သို့မဟုတ် ရွေ့လျားဖမ်းယူခြင်း (Mobile Reception) စနစ်များအနက် စနစ် တစ်ခု သို့မဟုတ် စနစ်နှစ်ခုဖြင့် ထုတ်လွှင့်ခွင့်ပြုမည်ကို ကောင်စီက သတ်မှတ်ပေးရ မည်။

(၃) ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူသည် တာဝါ (Tower) တည်ဆောက်ရန် သတ်မှတ်ချက်များ၊ ဖောင်ဒေးရှင်း (Foundation) ပုံစံများ၊ စံနှုန်းများကိုလည်းကောင်း၊ အင်တာနာ (Antenna) တပ်ဆင်မှုဆိုင်ရာ လုပ်ငန်းများကိုလည်းကောင်း ဆောင်ရွက်ရာတွင် ကျွမ်းကျင် အင်ဂျင်နီယာများဖြင့်သာ လုပ်ငန်းဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၉ ၅၇

ရေဒီယိုအသံထုတ်လွှင့်စက်များနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ချိခြင်း၊ အသုံးပြုခြင်း၊ ရောင်းချခြင်းတို့နှင့် စပ်လျဉ်း၍ နည်းပညာပိုင်းဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များသည် အောက်ပါအတိုင်း ဖြစ်ရမည်-

(က) နိုင်ငံတစ်ဝန်းလုံးတွင် ထုတ်လွှင့်မည့် လှိုင်းလတ် (Medium Wave-MW)၊ လှိုင်းတို (Short Wave-SW)တို့ကို အန်းနာ့လော့(Analogue)စနစ်ဖြင့် ရေဒီယိုအသံထုတ်လွှင့်ရာတွင်-

(၁) အများပြည်သူဝန်ဆောင်မှု ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းလုပ်ငန်း နှင့်ဌာနပိုင် ရုပ်မြင်သံကြား နှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်ရှိသူများအတွက်သာ ဆောင်ရွက်ခွင့်ပြုရမည်။

(၂) ကောင်စီက သတ်မှတ်ပေးသည့် ထုတ်လွှင့်မှုစနစ်အတိုင်း ဖြစ်ရမည်။

(၃) ထုတ်လွှင့်မှုအတွက် လှိုင်းနှုန်းခွင် (Frequency Band) နှင့် လှိုင်းနှုန်းချန်နယ် (Frequency Channel) အသုံးပြုမှုကို အဖွဲ့နှင့် ကောင်စီတို့၏ သဘောတူ ခွင့်ပြုချက်အတိုင်း လိုက်နာ ဆောင်ရွက်ရမည်။

(၄) လှိုင်းနှုန်းခွင့်ပြုမှုတွင် ဦးစွာလျှောက်ထားခွင့်ပြုချက်ရရှိသူကို လှိုင်းနှုန်းဦးစား ပေး ခွင့်ပြုသည့်စနစ် (First Come, First Served Basis) ဖြင့် ခွင့်ပြုပေးရန် ဖြစ်သည်။

(၅) စက်ရုံတည်ဆောက်မည့် မြေနေရာသည် မြေသားလျှပ်စီးကူးမှု (Ground Connectivity) အကောင်းဆုံး မြေ ဖြစ်ရမည်။

(၆) မိုးကြိုးလွှဲ၏ ခုခံမှု (Resistance) ပမာဏသည် သက်ဆိုင်ရာ ဝန်ကြီးဌာန များမှ သတ်မှတ်ထားသော စံနှုန်းများ အတိုင်းဖြစ်ရမည်။

(ခ) နိုင်ငံတစ်ဝန်းလုံးတွင် ကြိမ်နှုန်းလှိုင်းနှုန်းသပြီး ထုတ်လွှင့်ခြင်း (Frequency Modulation- FM) အန်းနာ့လော့ (Analogue ) စနစ်ဖြင့် ထုတ်လွှင့်ရာတွင်-

(၁) လှိုင်းနှုန်းအကျယ် (Bandwidth) သည် သုံးရာ ကီလိုဟတ်ဇ် (300 Kilo Hertz-KHz) ရှိရမည်။

(၂) သတ်မှတ်လှိုင်းနှုန်းစစ်ထုတ် ကိရိယာ (Bandpass Filter) သို့မဟုတ် လှိုင်းနှုန်းပေါင်းစပ်ထုတ်လွှင့် ကိရိယာ (Combiner) ထည့်သွင်းအသုံးပြုရမည်။

(၃) လျှပ်စစ်စွမ်းအားပေးခြင်း (Power Supply) သည် အပြန်အလှန်လျှပ်စီး (Alternation Current-AC) နှစ်ရာ့သုံးဆယ် ဗို့ (230Volt-V ) သို့မဟုတ် သုံးရာ့ရှစ်ဆယ် ဗို့ (380Volt-V)နှင့် လျှပ်စီးကြိမ်နှုန်း ငါးဆယ် ဟတ်ဇ် (50 Hertz -Hz)ဖြစ်ရမည်။

(၄) လှိုင်းနှုန်းများ သတ်မှတ်ခွဲဝေခြင်း (Frequency Allocation)ကို အဖွဲ့က အတည်ပြုထားသော ကြိမ်နှုန်း လှိုင်းနှုန်းသပြီး အသံထုတ်လွှင့်ခြင်းအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ လှိုင်းနှုန်းစဉ်အစီအမံ (Myanmar National Frequency Plan for FM Sound Broadcasting)ပါ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက် ရမည်။

(၅) လှိုင်းနှုန်းခွင့်ပြုမှုတွင် ဦးစွာလျှောက်ထားခွင့်ပြုချက်ရရှိသူကို လှိုင်းနှုန်းဦးစား ပေးခွင့်ပြုသည့်စနစ် (First Come, First Served Basis) ဖြင့် ဆောင်ရွက်ရန် ဖြစ်သည်။ လိုအပ်ပါက လေလံစနစ် သို့မဟုတ် တင်ဒါစနစ် ကို အသုံးပြုနိုင်သည်။

(၆) လွှင့်အားသည် အနည်းဆုံး တစ်ဆယ်ဝပ် (10 Watt – W) မှ အများဆုံး တစ်ဆယ်ကီလိုဝပ် (10 Kilo Watt – KW) အထိသာဖြစ်ရမည်။

(၇) အသံထုတ်လွှင့်မှုသည် ဘယ်ညာလိုင်း (stereo) ဖြစ်ရမည်။ လှိုင်းနှုန်း သွေဖည်မှု (Frequency Deviation) သည် ± ခုနစ်ဆယ့်ငါး ကီလိုဟတ်ဇ် ( ± 75 Kilo Hertz – KHz) အတွင်း ရှိရမည်။

(၈) မိုးကြိုးလွှဲ၏ ခုခံမှု (Resistance) ပမာဏသည် သက်ဆိုင်ရာဝန်ကြီး ဌာနများမှ သတ်မှတ်ထားသော စံနှုန်းများအတိုင်း ဖြစ်ရမည်။

(ဂ) နိုင်ငံတစ်ဝန်းလုံးတွင် လှိုင်းလတ် (Medium Wave – MW)၊ လှိုင်းတို (Short Wave – SW) တို့ကို ဒီဂျစ်တယ် (Digital ) စနစ်ဖြင့် ထုတ်လွှင့်ရာ၌-

(၁) လှိုင်းနှုန်း သုံးဆယ် မဂ္ဂါဟတ်ဇ် (30 Mega Heartz-MHz) အတွင်း ကမ္ဘာ့ဒီဂျစ်တယ် ရေဒီယိုထုတ်လွှင့်မှု (Digital Radio Mondiale – DRM30) စနစ် အသုံးပြုပါက လှိုင်းနှုန်းအကျယ် (Bandwidth-BW) သည်  တစ်ဆယ် ကီလိုဟတ်ဇ် (10 Kilo Heartz – KHz) သို့မဟုတ် နှစ်ဆယ် ကီလိုဟတ်ဇ် (20 Kilo Heartz- KHz) ဖြစ်ရမည်။ ကမ္ဘာ့ ဒီဂျစ်တယ်ရေဒီယိုထုတ်လွှင့်မှု (Digital Radio Mondiale – DRM) စနစ် အသုံးပြုပါက လှိုင်းနှုန်းအကျယ် (Bandwidth-BW) သည် တစ်ရာ ကီလိုဟတ်ဇ် (100 Kilo Heartz – KHz) ဖြစ်ရမည်။

(၂) ကမ္ဘာ့ဒီဂျစ်တယ် ရေဒီယို ထုတ်လွှင့်မှု (Digital Radio Mondiale-DRM)စနစ်ဖြင့် ထုတ်လွှင့်မည့် လွှင့်စက်နှင့် ဖမ်းစက်များ၏ နည်းပညာပိုင်း ဆိုင်ရာစံနှုန်း (Technical Standard) များကို အဖွဲ့နှင့် ကောင်စီ တို့ ညှိနှိုင်း၍ သတ်မှတ်ပေးရမည်။

(ဃ) နိုင်ငံတစ်ဝန်းလုံးတွင် ဒီဂျစ်တယ် (Digital) စနစ်ဖြင့် ရေဒီယို (Radio) ထုတ်လွှင့်ရာ၌-

(၁) ဒီဂျစ်တယ်ရေဒီယို အသံထုတ်လွှင့်မှု (Digital Audio Broadcasting-DAB) စနစ်အတွက် လှိုင်းနှုန်းခွင် (Frequency Band) သည် တစ်ရာခုနစ်ဆယ့်လေး မဂ္ဂါဟတ်ဇ် (174 Mega Heartz-MHz) မှ နှစ်ရာ့သုံးဆယ် မဂ္ဂါဟတ်ဇ် (230 Mega Heartz MHz) အတွင်းဖြစ်ရမည်။ ကမ္ဘာ့ဒီဂျစ်တယ်ရေဒီယိုထုတ်လွှင့်မှု (Digital Radio Mondiale-DRM) စနစ်အတွက် လှိုင်းနှုန်းခွင် (Frequency Band) သည် ရှစ်ဆယ့်ခုနစ် ဒဿမငါး မဂ္ဂါဟပ် (87.5 Mega Hertz- MHz) မှ တစ်ရာ့ရှစ် မဂ္ဂါဟတ်ဇ် (108 Mega Hertz – MHz) အတွင်း ဖြစ်ရမည်။

(၂) ဒီဂျစ်တယ်ရေဒီယို အသံထုတ်လွှင့်မှု (Digital Audio Broadcasting- DAB) စနစ်အတွက် ချန်နယ် လှိုင်းနှုန်းအကျယ် (Channel Bandwidth) သည် တစ် ဒဿမ ခုနစ်တစ်နှစ် မဂ္ဂါဟတ်ဇ် (1.712 Mega Hertz-MHz) ဖြစ်ရမည်။ ကမ္ဘာ့ဒီဂျစ်တယ် ရေဒီယိုထုတ်လွှင့်မှု (Digital Radio Mondiale-DRM) စနစ်အတွက် ချန်နယ်လှိုင်းနှုန်းအကျယ် (Channel Bandwidth) သည် တစ်ရာကီလိုဟတ်ဇ် (100 Kilo Hertz-KHz) ဖြစ်ရမည်။

(၃) ဒီဂျစ်တယ်ရေဒီယိုအသံထုတ်လွှင့်မှု (Digital Audio Broadcasting-DAB) စနစ်နှင့် ကမ္ဘာ့ဒီဂျစ်တယ် ရေဒီယိုထုတ်လွှင့်မှု (Digital Radio Mondiale-DRM) စနစ်တို့အတွက် လှိုင်းနှုန်းတို့ကို အဖွဲ့နှင့် ကောင်စီတို့ ညှိနှိုင်း၍ သတ်မှတ်ပေးရ မည်။

(၄) ဒီဂျစ်တယ်ရေဒီယိုအသံထုတ်လွှင့်မှု (Digital Audio Broadcasting -DAB) စနစ်နှင့် ကမ္ဘာ့ဒီဂျစ်တယ် ရေဒီယိုထုတ်လွှင့်မှု (Digital Radio Mondiale-DRM) စနစ်တို့၏ လွှင့်စက် Transmitter)နှင့် ဖမ်းစက် (Receiver) တို့၏ နည်းပညာပိုင်းဆိုင်ရာစံနှုန်း (Technical Standard) ကို အဖွဲ့နှင့်ကောင်စီတို့ ညှိနှိုင်း၍ သတ်မှတ် ပေးရမည်။

(င) ဒေသအလိုက် ထုတ်လွှင့်မည့် အန်းနာ့လော့ (Analogue) စနစ် ကြိမ်နှုန်းလှိုင်းနှုန်းသပြီး ထုတ်လွှင့်ခြင်း (Frequency Modulation -FM) ရေဒီယို (Radio) ထုတ်လွှင့်ရာ၌ လှိုင်းနှုန်းများ သတ်မှတ်ခွဲဝေခြင်း (Frequency Allocation)ကို အဖွဲ့က အတည်ပြုထားသော ကြိမ်နှုန်းလှိုင်းနှုန်းသပြီး အသံထုတ်လွှင့်ခြင်း အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ လှိုင်းနှုန်းစဉ် အစီအမံ (Myanmar National Frequency Plan for FM Sound Broadcasting)ပါ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်။

(စ) ဒေသအလိုက် ဒီဂျစ်တယ် (Digital) စနစ်ဖြင့် ရေဒီယို (Radio) ထုတ်လွှင့်ရာတွင် -

(၁) ဒီဂျစ်တယ်ရေဒီယို အသံထုတ်လွှင့်မှု (Digital Audio Broadcasting-DAB) စနစ်အတွက် လှိုင်းနှုန်းခွင် (Frequency Band)သည် တစ်ရာခုနစ်ဆည့်လေး မဂ္ဂါဟတ်ဇ် (174 Mega Hertz-MHz) မှ နှစ်ရာသုံးဆယ် မဂ္ဂါဟတ်ဇ်(230 Mega Hertz-MHz) အတွင်း ဖြစ်ရမည်။ ကမ္ဘာ့ဒီဂျစ်တယ်ရေဒီယိုထုတ်လွှင့်မှု (Digital Radio Mondiale-DRM) စနစ်အတွက် လှိုင်းနှုန်းခွင် (Frequency Band )သည် ရှစ်ဆယ့်ခုနစ် ဒဿမ ငါး မဂ္ဂါဟတ်ဇ် (87.5 Mega Hertz- MHz) မှ တစ်ရာ့ရှစ်မဂ္ဂါဟတ်ဇ် (108 Mega Hertz- MHz) အတွင်း ဖြစ်ရမည်။

(၂) ဒီဂျစ်တယ် ရေဒီယိုအသံထုတ်လွှင့်မှု (Digital Audio Broadcasting – DAB) စနစ်အတွက် ချန်နယ် လှိုင်းနှုန်း အကျယ် (Channel Bandwidth) သည် တစ် ဒဿမ ခုနစ်တစ်နှစ် မဂ္ဂါဟတ်ဇ် (10712 Mega Hertz-MHz) ဖြစ်ရမည်။ ကမ္ဘာ့ဒီဂျစ်တယ် ရေဒီယိုထုတ်လွှင့်မှု (Digital Radio Mondiale-DRM) စနစ် အတွက် ချန်နယ်လှိုင်းနှုန်းအကျယ် (Channel Bandwidth) သည် တစ်ရာ ကီလိုဟတ်ဇ် (100 Kilo Hertz-KHz) ဖြစ်ရမည်။

(၃) ဒီဂျစ်တယ်ရေဒီယို အသံထုတ်လွှင့်မှု (Digital Audio Broadcasting-DAB) စနစ်နှင့် ကမ္ဘာ့ဒီဂျစ်တယ် ရေဒီယို ထုတ်လွှင့်မှု (Digital Radio Mondiale-DRM) စနစ်တို့အတွက် လှိုင်းနှုန်းတို့ကို အဖွဲ့နှင့် ကောင်စီတို့ ညှိနှိုင်း၍ သတ်မှတ်ပေးရမည်။

(၄) ဒီဂျစ်တယ်ရေဒီယို အသံထုတ်လွှင့်မှု (Digital Audio Broadcasting-DAB) စနစ်နှင့် ကမ္ဘာ့ဒီဂျစ်တယ် ရေဒီယို ထုတ်လွှင့်မှု (Digital Radio Mondiale-DRM) စနစ်တို့၏လွှင့်စက် (Transmitter) နှင့် ဖမ်းစက် (Receiver) တို့၏ နည်းပညာပိုင်းဆိုင်ရာစံနှုန်း (Technical Standard)ကို အဖွဲ့နှင့် ကောင်စီတို့ ညှိနှိုင်း၍ သတ်မှတ်ပေးရမည်။

(ဆ) လူထုအခြေပြု ရေဒီယိုထုတ်လွှင့်ခြင်း (community Frequency Modulation) ဆောင်ရွက်ရာတွင်-

(၁) လုပ်ငန်းဆောင်ရွက်သူသည် ကောင်စီက သတ်မှတ်ထားသည့် လွှင့်အား ပျံ့နှံ့မှုဧရိယာ (Coverage Area) အတွင်း သတ်မှတ်ပေးသည့် လွှင့်အားအတိုင်း ထုတ်လွှင့်ရမည်။

(၂) လွှင့်အားကို သာမန်အားဖြင့် တစ်ရာ့ငါးဆယ် ဝပ်(150 Watt- W) အထိသာ ခွင့်ပြုရမည်။ အထူးကိစ္စရပ်များအတွက် လိုအပ်ပါက အဖွဲ့၏ အတည်ပြုချက်ဖြင့် သုံးရာဝပ် (300 Watt-W) အထိ ခွင့်ပြုပေးနိုင်သည်။

(၃) လှိုင်းနှုန်းများ သတ်မှတ်ခွဲဝေခြင်း (Frequency Allocation)ကို အဖွဲ့က အတည်ပြုထားသော ကြိမ်နှုန်း လှိုင်းနှုန်းသပြီး အသံထုတ်လွှင့်ခြင်းအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ လှိုင်းနှုန်းစဉ်အစီအမံ (Myanmar National Frequency Plan for FM Sound Broadcasting) ပါ သတ်မှတ်ချက်များနှင့်အညီဆောင်ရွက် ရမည်။

(ဇ) ကျောင်းပရိဝုဏ်အတွင်း ရေဒီယို ထုတ်လွှင့်ခြင်း (Campus Radio) ကို ဆောင်ရွက်ရာတွင်-

(၁) လွှင့်အားနှင့် လှိုင်းနှုန်းကို ကောင်စီက သတ်မှတ်ပေးရမည်။

(၂) အန်းနာ့လော့ (Analogue) စနစ် ကြိမ်နှုန်းလိုင်းနှုန်းသပြီး ထုတ်လွှင့်ခြင်း (Frequency Modulation-FM) သို့မဟုတ် ဒီဂျစ်တယ် (Digital) စနစ်ဖြင့် ထုတ်လွှင့်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၀ ၅၈

ဂြိုလ်တုမှတစ်ဆင့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း အစီအစဉ်ဖြန့်ဖြူးရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လိုသူများသည် အောက်ပါသတ်မှတ်ချက်များ နှင့်အညီ ဆောင်ရွက်ရမည်-

(က) ရုပ်သံလွှင့်အစီအစဉ်များကို ခွင့်ပြုထားသော မြေပြင်အခြေစိုက် ဂြိုဟ်တုစခန်း (Earth Station) များမှသာ ဂြိုဟ်တုမှတစ်ဆင့် ပေးပို့ထုတ်လွှင့် ရမည်။ ထိုသို့ ထုတ်လွှင့်ရာတွင် ပြောင်းလဲလာသော နည်းပညာရပ် များနှင့်အညီ ကောင်စီက အဖွဲ့နှင့်ညှိနှိုင်း၍ သတ်မှတ်ပေးသည့်စံနှုန်းများကို အသုံးပြု ဆောင်ရွက်ရမည်။

(ခ) လိုင်စင်ရရှိသူ၏ မြေပြင်အခြေစိုက် ဂြိုဟ်တုစခန်း (Earth Station) မှတစ်ဆင့် ပြည်တွင်းပြည်ပရှိ ရုပ်သံလွှင့်ဌာနများ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များထံသို့ ရုပ်သံမှတ်တမ်းများ၊ အစီအစဉ်များ ပေးပို့ ထုတ်လွှင့်ခြင်း (Uplinking) ပြုလုပ်ရာ၌ ကောင်စီက သတ်မှတ်ခွင့်ပြုထားသည့် နည်းပညာကို အသုံးပြု ဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၁ ၅၉

နိုင်ငံတစ်ဝန်းလုံး ကြိုးသွယ်စနစ်သုံး ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း အစီအစဉ် ဖြန့်ဖြူးရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်လိုသူများသည် အောက်ပါ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်-

(က) ရုပ်သံလွှင့်အစီအစဉ်များ ပေးပို့ထုတ်လွှင့်ခြင်းကို ကောင်စီကသတ်မှတ် သည့် နည်းပညာ၊ စက်မှုပစ္စည်း၊ လိုင်းအရေအတွက်နှင့် ပင်မထုတ်လွှင့်သည့် နေရာများမှ ထုတ်လွှင့်ရမည်။

(ခ) ယင်းထုတ်လွှင့်မှုအား နိုင်ငံတစ်ဝန်းရှိ လူဦးရေ၏ အနည်းဆုံး ၇၀ ရာခိုင်နှုန်းနှင့်အထက်ဖမ်းယူ ကြည့်ရှုနိုင်ရန် ကြိုးသွယ်ကွန်ရက်စနစ်အား ကောင်စီက သတ်မှတ်သည့်ကာလအတွင်း အပြီးတည်ဆောက် ရမည်။

(ဂ) ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များကို လိုင်စင်ရရှိသူ၏ ရုပ်သံလွှင့်စက်ရုံ (Station) များမှတစ်ဆင့် ဒေသအသီးသီးရှိ ထပ်ဆင့်လွှင့် စက်ရုံများသို့ ပေးပို့ရာတွင် ကောင်စီက ခွင့်ပြုထားသည့် နည်းပညာကို အသုံးပြုဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၂ ၆၀

ဒေသအလိုက်ကြိုးသွယ်စနစ်သုံး ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း အစီအစဉ်ဖြန့်ဖြူးရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လိုသူများသည် အောက်ပါ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်-

(က) ရုပ်သံလွှင့်အစီအစဉ်များ ပေးပို့ထုတ်လွှင့်ခြင်းကို ကောင်စီက ခွင့်ပြုထား သည့် နည်းပညာ၊ စက်ပစ္စည်း၊ လိုင်းအရေအတွက်နှင့် ပင်မထုတ်လွှင့်သည့် နေရာများမှ ထုတ်လွှင့်ရမည်။

(ခ) ယင်းထုတ်လွှင့်မှုအား ခွင့်ပြုထားသည့် ဒေသအတွင်းရှိ လူဦးရေ၏ အနည်းဆုံး ၇၀ ရာခိုင်နှုန်းနှင့် အထက် ဖမ်းယူကြည့်ရှုနိုင်မည့် ကြိုးသွယ် ကွန်ရက်စနစ်အား ကောင်စီကသတ်မှတ်သည့် ကာလအတွင်းအပြီး တည်ဆောက်ရမည်။

(ဂ) ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များကို လိုင်စင်ရရှိသူ၏ ရုပ်သံလွှင့်စက်ရုံများမှ တစ်ဆင့် ဒေသအသီးသီးရှိ ထပ်ဆင့်လွှင့်စက်ရုံများသို့ ပေးပို့ရာတွင် ကောင်စီက ခွင့်ပြုထားသည့် နည်းပညာကိုသာ အသုံးပြု ဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၃ ၆၂

လှိုင်းနှုန်းခွင်အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ အဖွဲ့နှင့် ကောင်စီက သတ်မှတ်သည့်အတိုင်း ဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၄ ၆၄

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ပစ္စည်းတစ်မျိုးမျိုးကို ထုတ်လုပ် ခြင်း၊ ရောင်းချခြင်း သို့မဟုတ် ဖြန့်ချိခြင်း ပြုလုပ်လိုသူသည် မိမိထုတ်လုပ်ခြင်း၊ ရောင်းချခြင်း သို့မဟုတ် ဖြန့်ချိခြင်းပြုမည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့် ခြင်းဆိုင်ရာ ပစ္စည်းအမျိုးအစား၏ နည်းပညာဆိုင်ရာ အသေးစိတ် ဖော်ပြချက်များအား ထည့်သွင်းဖော်ပြလျက် လိုအပ်သည့် ထောက်ခံချက်ကို အဖွဲ့ထံတွင် သတ်မှတ်ချက်နှင့် အညီ တောင်းခံရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၅ ၆၆

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း လုပ်ငန်းလုပ်ကိုင်သူများသည်-

(က) သတင်းအချက်အလက်များ ရယူရာတွင်ဖြစ်စေ၊ ထည့်သွင်းထုတ်လွှင့်ရာ တွင်ဖြစ်စေ ဥပဒေ ပုဒ်မ ၇၅ နှင့် ၇၇ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကောင်စီက ထုတ်ပြန်ထားသည့် လုပ်ငန်းဆိုင်ရာ ကျင့်ဝတ်များ ကို လိုက်နာရမည်။

(ခ) သတင်းအချက်အလက်များ ရိုက်ကူးထုတ်လွှင့်ဖော်ပြရာတွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေးများ၊ ကမ္ဘာ့ကုလသမဂ္ဂက ပြဋ္ဌာန်းသတ်မှတ်ထားသည့် လူ့အခွင့် အရေးကြေညာစာတမ်းပါ အခွင့်အရေးများကို လေးစားရမည်။

(ဂ) ဤနည်းဥပဒေ နောက်ဆက်တွဲ (ဂ)ပါ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း