Measures Relating to ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေ


Market Access
sr. Section measures mode remarks
၁၁ ၄၈

စီးပွားရေးအရထုတ်လွှင့်သည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှု လုပ်ငန်းများကို တရားဝင်မှတ်ပုံတင်ထားသည့် မြန်မာနိုင်ငံသားများက မတည်ရင်းနှီးခွင့်နှင့် ပိုင်ဆိုင်ခွင့်ရှိပြီး စုစုပေါင်းမတည်ရင်းနှီးငွေ၏ ၃၀ ရာခိုင်နှုန်းထက်မပိုသော ရင်းနှီးမြှုပ်နှံမှုဖြင့် နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားအဖွဲ့အစည်းများ၏ ရင်းနှီးမြှုပ်နှံမှုကိုလည်း ခွင့်ပြုနိုင်သည်။

နည်းလမ်း ၃ ဈေးကွက်ဝင်ရောက်မှု
၁၃ ၅၀

စီးပွားရေးအရထုတ်လွှင့်သည့် ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းတွင် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အနေဖြင့်ဖြစ်စေ၊ စီးပွားရေးအဖွဲ့အစည်းတစ်ခုအနေဖြင့်ဖြစ်စေ ဆောင်ရွက်မည်ဆိုပါက သတ်မှတ်ထားသည့် ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်မှုဇုန် တစ်ခု အတွင်း ရုပ်မြင်သံကြား ထုတ်လွှင့်ခြင်းလုပ်ငန်းနှင့် ရေဒီယိုအသံထုတ်လွှင့်ခြင်း လုပ်ငန်း တစ်ခုစီထက်ပို၍ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပိုင်ဆိုင်ခွင့်မပြု။ သို့ရာတွင် ဤပြဋ္ဌာန်း ချက်သည် ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်း အစီအစဉ်များ၊ ဖြန့်ဖြူးရေး ဝန်ဆောင်မှု လုပ်ငန်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများကို ပူးတွဲလုပ်ဆောင်ခြင်းနှင့် မသက်ဆိုင်စေရ။

နည်းလမ်း ၃ ဈေးကွက်ဝင်ရောက်မှု
၁၅ ၅၁

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုဇုန်တစ်ခုတွင် ပုဂ္ဂလိက သတင်းစာလုပ်ငန်းကို ဖြစ်စေ၊ ပုဂ္ဂလိက ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဝန်ဆောင်မှုလုပ်ငန်းကိုဖြစ်စေ ပူးတွဲ ပိုင်ဆိုင်ခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းတစ်ခုတွင် လွှမ်းမိုးပိုင်ခွင့်ကို ရရှိထားပါက အခြား လုပ်ငန်းတစ်ခုကို ၃၀ ရာခိုင်နှုန်းထက်ပို၍ ပိုင်ဆိုင်ခွင့် မပြုရ။

နည်းလမ်း ၃ ဈေးကွက်ဝင်ရောက်မှု
Domestic Regulations
sr. Section measures mode remarks
၃၁ (က) (ခ)

(က) ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လိုသူသည်-

(၁) သက်ဆိုင်ရာလုပ်ငန်းကို စတင်လုပ်ကိုင်ခြင်းမပြုမီ လိုင်စင်ရရှိရန် သတ်မှတ်ချက် နှင့်အညီ ကောင်စီသို့ လျှောက်ထားနိုင်သည်။

(၂) အဖွဲ့အစည်းဖြစ်ပါက ယင်းအဖွဲ့အစည်းကို ကိုယ်စားပြုသူက လျှောက်ထားနိုင်သည်။

(ခ) လျှောက်ထားသူသည် အောက်ပါစာရွက်စာတမ်းများကို တင်သွင်းလျှောက်ထားရမည် -

(၁) လုပ်ငန်းအမည်နှင့် လုပ်ငန်းမှတ်ပုံတင်လက်မှတ်၊ 

(၂) အသေးစိတ် အချက်အလက်များပါဝင်သည့် လုပ်ငန်းစီမံချက်၊ 

(၃) နည်းပညာပိုင်းဆိုင်ရာ အသေးစိတ် စီမံချက်၊ 

(၄) အစီအစဉ်တင်ဆက်မှု စီမံချက်၊

(၅) ကောင်စီက သတ်မှတ်ထားသည့် လိုအပ်ချက်များ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၂

လိုင်စင်ရရှိပြီးနောက် သက်ဆိုင်ရာ လိုင်စင်ထုတ်ပေးသည့် နေ့ရက်မှစ၍ တစ်နှစ်အတွင်း ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှု လုပ်ငန်းများ စတင်ဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၃

လိုင်စင်ကို အခြားသူ သို့မဟုတ် အခြားအဖွဲ့အစည်းသို့ လွှဲပြောင်းပေးလိုပါက ကောင်စီ၏ သဘောတူခွင့်ပြုချက်ကို ကြိုတင်ရယူပြီးမှသာ ဆောင်ရွက်နိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၅ (ခ)

လိုင်စင်လျှောက်ထားစဉ်က ပါဝင်သည့် နည်းပညာပိုင်းဆိုင်ရာ အဆိုပြုချက်များနှင့််  အစီအစဉ်ပိုင်း ဆိုင်ရာ အဆိုပြုချက်များကို ပြောင်းလဲခြင်းမပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၈

လိုင်စင်များ၏ သက်တမ်းမှာ အောက်ပါအတိုင်းဖြစ်သည် -

(က) အများပြည်သူဝန်ဆောင်မှု ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းလုပ်ငန်း

(၁) ရေဒီယိုအသံထုတ်လွှင့်ခြင်း လုပ်ငန်းလိုင်စင် ခုနစ်နှစ် ၊

(၂) ရုပ်မြင်သံကြား ထုတ်လွှင့်ခြင်း လုပ်ငန်းလိုင်စင် ၁၀ နှစ် ၊

(ခ) စီးပွားရေးအရထုတ်လွှင့်သည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှု လုပ်ငန်း

(၁) ရေဒီယိုအသံထုတ်လွှင့်ခြင်း လုပ်ငန်းလိုင်စင် ခုနစ်နှစ် ၊

(၂) ရုပ်မြင်သံကြား ထုတ်လွှင့်ခြင်း လုပ်ငန်းလိုင်စင် ၁၀ နှစ် ၊

(ဂ) စီးပွားဖြစ်မဟုတ်သည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်း

(၁) ရေဒီယိုအသံထုတ်လွှင့်ခြင်း လုပ်ငန်းလိုင်စင် ခုနစ်နှစ် ၊

(၂) ရုပ်မြင်သံကြား ထုတ်လွှင့်ခြင်း လုပ်ငန်းလိုင်စင် ၁၀ နှစ် ၊

(ဃ) ဌာနပိုင်ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်း

(၁) ရေဒီယိုအသံထုတ်လွှင့်ခြင်း လုပ်ငန်းလိုင်စင် ခုနစ်နှစ် ၊

(၂) ရုပ်မြင်သံကြားထုတ်လွှင့်ခြင်း လုပ်ငန်းလိုင်စင် ၁၀ နှစ် ၊

(င) ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းအစီအစဉ်ဖြန့်ဖြူးရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ငန်းလိုင်စင် ၁၅ နှစ်။

(စ) ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဝန်ဆောင်မှုလုပ်ငန်း ယာယီလိုင်စင်တစ်နှစ်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၉

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ရရှိထားသူသည် လိုင်စင် သက်တမ်းတိုးမြှင့်နိုင်ရေးအတွက် လိုင်စင်သက်တမ်းကုန်ဆုံးသည့် နေ့မှ ၄၅ ရက်အတွင်း သက်တမ်း တိုးပေးရန် ကောင်စီသို့ သတ်မှတ်ချက်နှင့်အညီ လျှောက်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၃

လိုင်စင်သက်တမ်းကုန်ဆုံးပြီးနောက် သတ်မှတ်ရက်အတွင်း သက်တမ်းတိုးမြှင့်ရေးအတွက် လျှောက်ထားရန် ပျက်ကွက်ပါက ကောင်စီက သက်ဆိုင်ရာ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်ကို ရပ်စဲနိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၄

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းသည် သက်ဆိုင်ရာ ထုတ်လွှင့်မှုကို ၁၂ လ တစ်ဆက်တည်း ဆိုင်းငံ့ထားခြင်း သို့မဟုတ် လုပ်ငန်းကို ရပ်ဆိုင်းထားခြင်းပြုလျှင် လိုင်စင်သည် အလိုအလျောက် ပျက်ပြယ်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၅-က ယာယီလိုင်စင်လျှောက်ထားလိုသူသည် သတ်မှတ်ချက်နှင့်အညီ ကောင်စီသို့ လျှောက်ထားနိုင်သည်။ နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၀ ၄၆

အများပြည်သူဝန်ဆောင်မှု ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းလုပ်ငန်းသည် ပြည်သူအတွက် ဖြစ်ပြီး ပြည်သူက ကြီးကြပ်ကွပ်ကဲခြင်းပြုသည့် လုပ်ငန်းဖြစ်သည်။ ယင်းသည် နိုင်ငံရေးအရ စွက်ဖက်မှုနှင့် စီးပွားရေးအင်အားစုများ၏ ဖိအားမှ ကင်းလွတ်သည့် လုပ်ငန်းဖြစ်ရမည်။ အများပြည်သူဝန်ဆောင်မှု ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း လုပ်ငန်းမှတစ်ဆင့် နိုင်ငံသားများအား ပြန်ကြားပေးခြင်း၊ ပညာပေးခြင်းနှင့် ဖျော်ဖြေပေးခြင်း တို့ကို ဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၂ ၄၉

လိုင်စင်လျှောက်ထားသည့်အခါ လျှောက်ထားသူများသည် ယင်းအဖွဲ့အစည်း၏ ပိုင်ဆိုင်မှု ပုံသဏ္ဌာန်နှင့် အနေအထားကို ကောင်စီနှင့် အများပြည်သူထံသို့ လူထုဆက်သွယ်ရေး မီဒီယာများမှ တစ်ဆင့် တင်ပြရမည်။ လိုင်စင်ခွင့်ပြုချက်ရရှိပြီးနောက် ပိုင်ဆိုင်မှုအနေအထား ငါးရာခိုင်နှုန်း ပြောင်းလဲမှု ရှိသည့်အခါတိုင်း ကောင်စီသို့ တင်ပြရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၄ ၅၀-က

ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အနေဖြင့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှု လုပ်ငန်းတစ်ခုအား တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပိုင်ဆိုင်မှုနှင့် စပ်လျဉ်း၍ ကောင်စီက အဆုံးအဖြတ် ပေးနိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၆ ၅၄

ဘဏ္ဍာရေးနှစ် တစ်နှစ်ကုန်ဆုံးသည့်အခါတိုင်း စီးပွားရေးအရထုတ်လွှင့်သည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများသည် နှစ်ချုပ်အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေး အစီရင်ခံစာတို့ကို ကောင်စီက သတ်မှတ်ထားသည့် ပုံစံအတိုင်း တင်သွင်းရမည်။ ကောင်စီသည် ယင်းနှစ်ချုပ်ဘဏ္ဍာရေး အစီရင်ခံစာကို လျှို့ဝှက်အဆင့် သတ်မှတ်သိမ်းဆည်းထားရမည်။ အစီရင်ခံစာတွင် အောက်ပါအချက်များပါဝင်ရမည် -

(က) စျေးကွက်အခြေအနေ၊ ရှယ်ယာဝင်များ၏ အမည်စာရင်း၊ အမြတ်ဝေစုခွဲဝေမှုရာခိုင်နှုန်း၊ လုပ်ငန်းလည်ပတ်မှု ရလဒ်များစသည်တို့အပါအဝင် လုပ်ငန်းလည်ပတ်မှုနှင့် ဘဏ္ဍာရေး ဆိုင်ရာ အချက်အလက်များ၊

(ခ) ဒါရိုက်တာအဖွဲ့ဝင်များနှင့် အမှုဆောင်အရာရှိများ ပေါင်းစပ်ဖွဲ့စည်းမှု၊ 

(ဂ) ကုမ္ပဏီဖွဲ့စည်းအုပ်ချုပ်ပုံစနစ်၊

(ဃ) အထောက်အထားများ၊ အစီအစဉ်ဇယားများ၊ 

(င) ကောင်စီမှ လိုအပ်သည့် အခြားသတင်းအချက်အလက်များ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၇ ၆၄

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းအစီအစဉ် ဖြန့်ဖြူးရေးဝန်ဆောင်မှုလုပ်ငန်းများသည် ရုပ်သံလိုင်းထုတ်လွှင့်ရာတွင် အောက်ပါအတိုင်း လိုက်နာရမည် -

(က) ထုတ်လွှင့်သည့် ရုပ်သံလိုင်း စုစုပေါင်း၏ အနည်းဆုံး ၂၀ ရာခိုင်နှုန်းသည် ပြည်တွင်းမှ ထုတ်လုပ်သည့် ရုပ်သံလိုင်းများ ဖြစ်ရမည်၊

(ခ) ထုတ်လွှင့်သည့် အခပေး ရုပ်သံလိုင်း စုစုပေါင်း၏ အနည်းဆုံး ၂၀ ရာခိုင်နှုန်းသည် အခမဲ့ရုပ်သံလိုင်းများ ဖြစ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၈ ၆၆

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းအစီအစဉ် ဖြန့်ဖြူးရေး ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် နှစ်ချုပ်အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးအစီရင်ခံစာတို့ကို ကောင်စီသို့တင်သွင်းရမည်။ ယင်းအစီရင်ခံစာ၌ ပုဒ်မ ၅၄ တွင် ဖော်ပြထားသည့် ကဏ္ဍများနှင့်စပ်လျဉ်းသည့် အချက်များ ပါဝင်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၉ ၆၇

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု ခိုင်မာစေရေးအတွက် သက်ဆိုင်ရာ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများသည် အောက်ပါသတ်မှတ်ချက်များ အတိုင်း ဆောင်ရွက်ရမည် -

(က) မြန်မာဘာသာနှင့် အခြားတိုင်းရင်းသားဘာသာတစ်ခုခုကို အသုံးပြု၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ထုတ်လွှင့်သည့် ရေဒီယိုအသံထုတ်လွှင့်ခြင်း လုပ်ငန်းများတွင် ထုတ်လွှင့်သော အစီအစဉ်များ၏ ၇၀ ရာခိုင်နှုန်းသည် ပြည်တွင်းတွင် ထုတ်လုပ်သည့် အစီအစဉ်များ ဖြစ်ရမည်။

(ခ) တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စီးပွားရေးအရ ထုတ်လွှင့်သည့် မူရင်းရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သည့် လိုင်းများမှ တစ်နေ့တာ ထုတ်လွှင့်သော အစီအစဉ်များ၏ အနည်းဆုံး ၃၀ ရာခိုင်နှုန်းသည်  ပြည်တွင်းမှထုတ်လုပ်သော အစီအစဉ်များဖြစ်ရမည်။

(ဂ) တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စီးပွားရေးအရ ထုတ်လွှင့်သည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများသည် ထုတ်လွှင့်မှုအစီအစဉ်၏ အနည်းဆုံး ၂၀ ရာခိုင်နှုန်းကို ပြည်တွင်းမှ လွတ်လပ်သည့် အစီအစဉ်ထုတ်လုပ်သူများ၏ အစီအစဉ် များကို အသုံးပြုရမည်။ ယင်းသို့ ထုတ်လုပ်သည့် အစီအစဉ်များ၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်းကို ကြည့်ရှုသူပရိသတ် အများဆုံးအချိန်တွင် ထုတ်လွှင့်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၀ ၆၉

(က) ကလေးသူငယ်နှင့်လူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ အတွက် ရည်ရွယ်ထုတ်လွှင့်သည့် ရုပ်မြင်သံကြားနှင့် အသံလွှင့် အစီအစဉ်များသည် ယင်းတို့၏ အခွင့်အရေးကို ကာကွယ်မြှင့်တင်ပေးသည့် အစီအစဉ်များဖြစ်ရမည်။ ကလေးသူငယ်နှင့် လူငယ်ဆိုင်ရာ အစီအစဉ်များကို သတ်မှတ်အချိန်တွင် ထုတ်လွှင့်ရမည်။ ယင်းသို့သော အထူးအစီအစဉ်များ ထုတ်လွှင့်ရာတွင် မည်သည့်ပရိသတ် အမျိုးအစားအတွက် ဖြစ်သည်ဆိုသည်ကို ဖော်ပြရမည်။

(ခ) အချို့သော အစီအစဉ်များတွင် အကြားအာရုံချို့ယွင်းသူများအတွက် လက်သင်္ကေတပြခြင်းနှင့် စာတမ်းထိုးပြသခြင်းတို့ကို အသုံးပြုနိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၁ ၇၀

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများသည် ရုပ်ပုံ၊ အသံ၊ ဓာတ်ပုံနှင့် မှတ်တမ်းမှတ်ရာများကို ထုတ်လွှင့်ပြီးနောက် အနည်းဆုံး ၂၈ ရက် ထိန်းသိမ်းထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၂ ၇၁

သမိုင်းတန်ဖိုးကြီးမားသော ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သည့် အစီအစဉ်များ၏ မှတ်တမ်း တစ်စုံကို အမျိုးသားမော်ကွန်းတိုက်နှင့် အမျိုးသားပြတိုက်သို့ ပေးပို့ရမည်။ ယင်းအစီအစဉ်များ၏ မူပိုင်ခွင့်ကို မူပိုင်ခွင့်ပိုင်ရှင်ကသာ ပိုင်ဆိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၃ ၇၂

(က) စီးပွားရေးအရထုတ်လွှင့်သည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် စီးပွားရေးဆိုင်ရာ ကြော်ငြာများကို နေ့စဉ်ထုတ်လွှင့်ချိန်အတွင်း တစ်နာရီလျှင် အများဆုံး ၁၂ မိနစ်နှုန်းဖြင့် ထုတ်လွှင့်နိုင်သည်။ 

(ခ) စီးပွားရေးအရ ထုတ်လွှင့်သည့်ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်း များသည် အများပြည်သူအကျိုးအတွက် အသိပေးထုတ်လွှင့်ခြင်းများကို အခကြေးငွေ မယူဘဲ လူမှုရေးရာတာဝန်ကို ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် ယင်းတို့၏ ထုတ်လွှင့်ချိန်မှ ငါးရာခိုင်နှုန်းကို ခွဲဝေထုတ်လွှင့်ပေးရန် တာဝန်ရှိသည်။ ထုတ်လွှင့်ပေးရမည့် အများပြည်သူ အကျိုးအတွက် အသိပေးထုတ်လွှင့်ခြင်းများကို ကောင်စီက သတ်မှတ်နိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၄ ၇၃

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူသည် ကြော်ငြာထည့်သွင်း ရန်မှအပ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများ၏ ထုတ်လွှင့်ချိန်ကို ရောင်းချခြင်း မပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၅ ၇၄

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူသည် ပြည်တွင်း အရင်းအမြစ်များကို အသုံးပြု၍ ကြော်ငြာများ ရိုက်ကူးထုတ်လုပ်ခြင်းကို အားပေးရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၆ ၇၇

လုပ်ငန်းဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ်များတွင် အောက်ပါအစီအစဉ် အကြောင်းအရာများ နှင့် ထုတ်လုပ်မှုဆိုင်ရာ စံနှုန်းများ ပါဝင်စေရမည် - 

(က) သတင်းနှင့် လတ်တလောဖြစ်ရပ် အစီအစဉ်များတွင် ညီညွတ်မျှတမှု၊ ဘက်မလိုက်မှုနှင့် တိကျမှန်ကန်မှုရှိစေရန် ကြိုးစားဆောင်ရွက်မှု၊ 

(ခ) ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်မှု၊

(ဂ) ကြည့်ရှုသူ၏ အသက်အပိုင်းအခြားကိုလိုက်၍ ရုပ်ရှင်နှင့်အစီအစဉ်များကို အမျိုးအစား ခွဲခြား သတ်မှတ်ဖော်ပြမှု၊

(ဃ) တွေ့ဆုံမေးမြန်းခန်းများတွင် သုံးနှုန်းသည့် ဝေါဟာရ၊ အပြုအမူနှင့် တည်းဖြတ်မှု၊  

(င) သတင်းလျှို့ဝှက်ရယူမှုနှင့် လိမ်လည်လှည့်ဖြား၍ ရုပ်မြင်သံကြားနှင့်အသံ မှတ်တမ်း ရယူမှု၊

(စ) လိင်မှုဆိုင်ရာပြကွက်များ၊ အကြမ်းဖက်မှုနှင့် လူ့ကျင့်ဝတ်ဖောက်ဖျက်မှု ဆိုင်ရာဖော်ပြ မှုများ၊ ကြမ်းတမ်းသောစကားလုံးများသုံးနှုန်းမှု၊ ပရိသတ်များမှ ပေးပို့လာသော သတင်းစာသား များအား ထည့်သွင်းထုတ်လွှင့်မှုတို့နှင့်စပ်လျဉ်း၍ အများလက်ခံထားသည့် တင်ဆက်မှုပုံစံ၊ ယဉ်ကျေးသိမ်မွေ့ မှုနှင့် လူမှုကျင့်ဝတ်တန်ဖိုးများနှင့်အညီ ဖော်ပြမှု၊

(ဆ)  ပြစ်မှုများနှင့် လူ့ကျင့်ဝတ်ဖောက်ဖျက်မှုများအား သတင်းရယူမှု၊

(ဇ) ဖြစ်ရပ်မှန် အချက်အလက်များနှင့် ထင်မြင်ယူဆချက်များအား ခွဲခြားဖော်ပြမှု၊

(စျ) ဘာသာရေးဆိုင်ရာများ၊ လူနည်းစုလူမျိုးစုများ၊ အမျိုးသမီးများနှင့် အမျိုးသားများ၊ အရွယ်မရောက်သေးသူ လူငယ်များနှင့် အားနည်းချက်ရှိသော အုပ်စုများအပေါ် ဆက်ဆံမှု၊

(ည) လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊

(ဋ) ပုဂ္ဂလိကလွတ်လပ်ခွင့်ကို လေးစားမှု၊

(ဌ) လျှပ်တစ်ပြက်ရိုက်ကူးမှုပုံရိပ်နှင့် အသံများ၊

(ဍ) ကြော်ငြာထုတ်လွှင့်ရာတွင် ပါဝင်ရမည့် အမှန်တရား။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၇ ၈၂

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ် များနှင့်စပ်လျဉ်းသည့် ကောင်စီ၏ဆုံးဖြတ်ချက်များကို ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှု လုပ်ငန်းများအားလုံးက လိုက်နာရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၈ ၈၄

(က) ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှု လုပ်ငန်းတစ်ခုသည် မှားယွင်း ထုတ်လွှင့်မှုကို သိလျှင်သိချင်း သို့မဟုတ် မှားယွင်းမှုများကို ထောက်ပြလာ၍ နစ်နာမှု တစ်စုံတစ်ရာ ရှိကြောင်း အမှန်တကယ် သိလျှင်သိချင်း အဆိုပါ အမှားများအပေါ် ပြင်ဆင်ချက်ကို ထည့်သွင်းထုတ်လွှင့်ပေးရန် တာဝန်ရှိသည်။

(ခ) မှားယွင်းသည့် ထုတ်လွှင့်ချက်ကို မှားယွင်းကြောင်း သိရှိပြီးနောက် ၂၄ နာရီ အတွင်း သို့မဟုတ် အစောဆုံးပြင်ဆင်ပေးနိုင်သည့် အချိန်တွင် အမှားပြင်ဆင်ချက်ကို ထည့်သွင်း ရမည်။ ထိုသို့ပြင်ဆင်ထုတ်လွှင့်ရာတွင် မူလထုတ်လွှင့်ခဲ့သည့် အစီအစဉ်နှင့် အနီးဆုံး အချိန်တွင် ထည့်သွင်းထုတ်လွှင့်ရမည်။

(ဂ) အမှားကိုရှင်းလင်း၍ အမှန်ဖြစ်အောင်ပြင်ဆင်ခြင်းဖြင့် အဆိုပါ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို နစ်နာသူများက ယင်း၏ နစ်နာမှုအတွက် သက်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုနိုင်သည့် ဥပဒေကြောင်းဆိုင်ရာ အရေးယူ ဆောင်ရွက်မှုများမှ ကင်းလွတ်သည်ဟု မမှတ်ယူရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၉ ၈၉

(က) လိုင်စင်ရရှိသူသည် ယင်းလိုင်စင်ကိုရရှိရန် မရိုးမဖြောင့်သောသဘောဖြင့်ဖြစ်စေ၊ လိမ်လည်လှည့်ဖြားရန် အကြံဖြင့်ဖြစ်စေ လျှောက်ထားခဲ့ကြောင်းသော်လည်းကောင်း၊ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကိုဆန့်ကျင်၍ ဆောင်ရွက်ခဲ့ကြောင်းသော်လည်းကောင်း တစ်နည်းနည်းဖြင့် စိစစ် တွေ့ရှိရပါက ကောင်စီသည် ယင်းလိုင်စင်ကို ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့် အသတ်ဖြင့် ရပ်ဆိုင်းခြင်းပြုနိုင်သည်။ 

(ခ) ကောင်စီသည် လိုင်စင်ကိုရုပ်သိမ်းရာတွင် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားရမည် - 

(၁) ပုဒ်မ ၃၂ တွင် ဖော်ပြထားသည့်အတိုင်း စမ်းသပ်ကာလပြည့်မြောက်ပြီးနောက် ပုံမှန် ထုတ်လွှင့်မှုကို မစတင်နိုင်ခြင်း၊ 

(၂) ကောင်စီ၏ ကြိုတင်ခွင့်ပြုချက်မရယူဘဲ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းကို သုံးလကြာ ရပ်ဆိုင်းထားခြင်း၊

(၃) ကောင်စီ၏ ကြိုတင်ခွင့်ပြုချက်မရယူဘဲ လိုင်စင်ကို အခြားသူတစ်ဦးထံသို့ လွှဲပြောင်းခြင်း၊

(၄) လှိုင်းနှုန်းစဉ် ခွဲခြားသတ်မှတ်မှုနှင့် လွှမ်းခြုံဧရိယာသတ်မှတ်ချက်၊ စက်မှုဆိုင်ရာ အခြေခံလိုအပ်ချက်နှင့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ပစ္စည်း ကိရိယာများ လိုအပ်မှုအပါအဝင် စံချိန်စံညွှန်းများ လုပ်ငန်းဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ၊ ကောင်စီ၏ စည်းမျဉ်းစည်းကမ်းများနှင့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များအား ချိုးဖောက်ခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၀ ၉၂

မည်သူမျှ လိုင်စင်မရှိဘဲ ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်း တစ်ရပ်ရပ်ကို လုပ်ကိုင်ခြင်း မပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၁ ၉၃

မည်သူမျှ လိုင်စင်သက်တမ်းကုန်ဆုံးပြီးနောက် ထပ်မံသက်တမ်းတိုးခြင်းမရှိဘဲ ရုပ်မြင်သံကြား နှင့် အသံထုတ်လွှင့်ခြင်းဝန်ဆောင်မှု လုပ်ငန်းတစ်ရပ်ရပ်ကို ဆက်လက်လုပ်ကိုင်ခြင်း မပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၂ ၉၄

မည်သူမျှ ပုဒ်မ ၅၀ နှင့် ပုဒ်မ ၅၁ ပါပြဋ္ဌာန်းချက်ကို လိုက်နာရန် ပျက်ကွက်ခြင်း မရှိစေရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၃ ၉၅

မည်သူမျှ လိုင်စင်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း ပြုလုပ်ထားစဉ် ကာလအတွင်း ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှု လုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင်ခြင်း မပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၄ ၉၉-က

မည်သူမဆို ပုဒ်မ ၁၀၆ အရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက် သို့မဟုတ် လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်ကြောင်း သို့မဟုတ် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး ငါးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၁၀၀ မှ အများဆုံး ကျပ်သိန်း ၅၀၀ အထိ ငွေဒဏ်ဖြစ်စေ ချမှတ်ရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ပစ္စည်းများကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း