Measures Relating to ရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေ


Domestic Regulations
sr. Section measures mode remarks

အောက်ဖော်ပြပါ ဗီဒီယိုလုပ်ငန်းတစ်ခုခုကို စီးပွားရေးအလို့ငှာ လုပ်ကိုင်လိုသူသည် လုပ်ငန်းအမျိုးအစား တစ်ခုခြင်းအတွက် လုပ်ငန်းလိုင်စင်ရရှိရန် သတ်မှတ်ချက်များနှင့် အညီ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီသို့ လျှောက်ထားရမည်-

(က) ဗီဒီယိုထုတ်လုပ်ခြင်း၊

(ခ) ဗီဒီယိုရိုက်ကူးခြင်း၊

(ဂ) ဗီဒီယိုတည်းဖြတ်ခြင်း၊

(ဃ) ဗီဒီယိုတိပ်ခွေကူးယူခြင်း၊

(င) ဗီဒီယိုတိပ်ခွေဖြန့်ချိခြင်း၊

(စ) ဗီဒီယိုတိပ်ခွေငှားရမ်းခြင်း၊

(ဆ) ဗီဒီယိုပြသခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁

ဗီဒီယိုလုပ်ငန်း လိုင်စင်သက်တမ်းကုန်ဆုံးသဖြင့် သက်တမ်းတိုးမြှင့်လိုသူသည် သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီသို့ လျှောက်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၅

ဗီဒီယိုလုပ်ငန်း လိုင်စင်သက်တမ်း ကုန်ဆုံးလျှင်ဖြစ်စေ၊ ရုပ်သိမ်းခြင်းခံရလျှင်ဖြစ်စေ၊ ဗီဒီယိုလုပ်ငန်းလိုင်စင်ရရှိသူက ပြန်လည် အပ်နှံလျှင်ဖြစ်စေ လုပ်ငန်းလိုင်စင် ပျက်ပြယ်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၅ (ခ)

ဗီဒီယိုဆင်ဆာအဖွဲ့က ထုတ်ပေးသည့် ဗီဒီယိုဆင်ဆာလက်မှတ်ကို ဗီဒီယိုတိပ်ခွေတွင် ထည့်သွင်းပြသရမည်။ ထို့ပြင် ဗီဒီယို ဆင်ဆာအဖွဲ့က ထုတ်ပေးသည့် ခွင့်ပြုအမှတ်စဉ်ပါရှိသော ဗီဒီယိုဆင်ဆာ လက်မှတ်အသေးကိုလည်း ဗီဒီယို တိပ်ခွေတွင် ကပ်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၁

မည်သူမဆို အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းမှအပ ရုပ်မြင်သံကြား ထုတ်လွှင့်ခြင်းလုပ်ငန်းကို အစိုးရအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ လုပ်ကိုင်လျှင် ထိုသူကို ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့် တိုက်ရိုက်သက်ဆိုင်သော ပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၂

မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးခြောက်လမှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ကျပ်တစ် ဆယ်သိန်းထက်မပိုသော ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့် တိုက်ရိုက်သက်ဆိုင်သော ပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်-

(က) ဗီဒီယိုလုပ်ငန်းလိုင်စင်မရှိဘဲ စီးပွားရေးအလို့ငှာ ဗီဒီယိုလုပ်ငန်းကို လုပ်ကိုင်ခြင်း၊

(ခ) ဤဥပဒေအရ ကင်းလွတ်ခွင့်ပြုသော ကိစ္စရပ်မှအပ ဗီဒီယိုဆင်ဆာလက်မှတ်နှင့် ခွင့်ပြုအမှတ်စဉ်ပါရှိသော ဗီဒီယို ဆင်ဆာလက် မှတ် အသေးမပါရှိသည့် ဗီဒီယိုတိပ်ခွေကို ကူးယူခြင်း၊ ဖြန့်ချိခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချခြင်း သို့မဟုတ် ပြသခြင်း၊

(ဂ) ဗီဒီယိုဆင်ဆာအဖွဲ့က ဖြတ်တောက်ရန်၊ ပြုပြင်ရန် သို့မဟုတ် ဖျက်ရန် ညွှန်ကြားချက်ကို လိုက်နာခြင်းမပြုဘဲ ဗီဒီယိုတိပ်ခွေကို ကူးယူခြင်း၊ ဖြန့်ချိခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချခြင်း သို့မဟုတ် ပြသခြင်း၊

(ဃ) ပြည်ပမှတင်သွင်းလာသော သို့မဟုတ် ယူဆောင်လာသော ဗီဒီယိုတိပ်ခွေကို ဗီဒီယိုဆင်ဆာလက်မှတ်မရှိဘဲ အများပြည်သူအား ပြသခြင်း ၊

(င) မိသားစုကြည့်ရှုရန်သာ ခွင့်ပြုသည့် ပြည်ပမှတင်သွင်းလာသော သို့မဟုတ် ယူဆောင်လာသော ဗီဒီယိုတိပ်ခွေကို အများပြည်သူအား ပြသခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၃

မည်သူမဆို အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ် သုံးသိန်းမှ အများဆုံးကျပ်သိန်း ၃၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ၊ ချမှတ်ရမည်-

(က) အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း တစ်ခုခုက ထုတ်လွှင့်သော ရုပ်မြင်သံကြားအစီအစဉ်ကို စီးပွားရေးအလို့ငှာ ကူးယူ၍ ဖြန့်ချိခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချခြင်း သို့မဟုတ် ပြသခြင်း၊

(ခ) ဗီဒီယိုထုတ်လုပ်ခြင်း သို့မဟုတ် ဗီဒီယိုတိပ်ခွေ ဖြန့်ချိခြင်းလုပ်ငန်းလိုင်စင်ရရှိသူ၏ ခွင့်ပြုချက်မရရှိဘဲ ဗီဒီယို ဆင်ဆာလက်မှတ် ရရှိပြီးသော ဗီဒီယိုတိပ်ခွေကို စီးပွားရေးအလို့ငှာ ကူးယူခြင်း၊ ဖြန့်ချိခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချခြင်း သို့မဟုတ် ပြသခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၃-က

ဤဥပဒေပုဒ်မ ၃၂ နှင့် ၃၃ တို့ပါ ပြစ်မှု တစ်ရပ်ရပ်ဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်း ခံရသူသည် ယင်းပြစ်မှုတစ်ရပ်ရပ်ကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး ငါးနှစ်အထိ ထောင်ဒဏ် လည်းချမှတ်ရမည့်အပြင် ကျပ်သိန်း ၃၀ ထက်မပိုသော ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုကျူးလွန်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်သော ပစ္စည်းများကို ပြည်သူ့ ဘဏ္ဍာအဖြစ်သိမ်းဆည်းရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၄

မည်သည့်ဗီဒီယိုလုပ်ငန်း လိုင်စင်ရရှိသူမဆို မိမိရရှိထားသော ဗီဒီယိုလုပ်ငန်း လိုင်စင်အမျိုးအစားမှအပ အခြား ဗီဒီယိုလုပ်ငန်း အမျိုးအစားကို လုပ်ကိုင်လျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင်ပြစ်မှုနှင့် တိုက်ရိုက် သက်ဆိုင်သော ပစ္စည်းများကိုလည်း ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်း ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၀ ၃၅

မည်သည့် ဗီဒီယိုလုပ်ငန်းလိုင်စင် ရရှိသူမဆို မိမိရရှိထားသော ဗီဒီယိုလုပ်ငန်း လိုင်စင်ကို အခြားသူတစ်ဦးဦးအား လွှဲပြောင်း လုပ်ကိုင်စေလျှင် ထိုသူကို ခြောက်လ ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်နှစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁ ၃၆

မည်သူမဆို ဤဥပဒေအရဖြစ်စေ၊ ဗီဒီယိုဆင်ဆာအဖွဲ့ကဖြစ်စေ၊ ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေး ဗဟိုကော်မတီကဖြစ်စေ ထုတ်ပြန်ထားသောအမိန့် သို့မဟုတ် ညွှန်ကြားချက်ကို လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၂ ၃၆-က

မည်သူမဆို အောက်ပါပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှု တစ်ရပ်ရပ်ကို ကျူးလွန် ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်တစ်ဆယ်သိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်-

(က) ပြစ်မှုကျူးလွန်သူအား အရေးယူခြင်း မပြုနိုင်စေရန် ပြစ်မှုကျူးလွန်သူကို အခြားသူတစ်ဦးဦးနှင့် အစားထိုးခြင်း သို့မဟုတ် ပြစ်မှုကျူးလွန်သူကို အရေးမယူဘဲ ထိမ်ချန်ခြင်း၊

(ခ) ပြစ်မှုနှင့်သက်ဆိုင်သည့် ငွေကြေးနှင့် ပစ္စည်းကိုအရေးယူခြင်းမပြု နိုင်စေရန် ဖုံးကွယ်ခြင်း၊ ဖျောက်ဖျက်ခြင်း၊ တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၃ ၄၁

ဤဥပဒေပုဒ်မ ၃၄၊ ပုဒ်မ ၃၅ နှင့် ပုဒ်မ ၃၆ ပါပြစ်မှုများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း