Measures Relating to ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ


Domestic Regulations
sr. Section measures mode remarks
၂၁

အောက်ပါလုပ်ငန်း တစ်ရပ်ရပ်ကို ဆောင်ရွက်လိုသူသည် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များကို လိုက်နာရမည့်အပြင် ယဉ်ကျေးမှုအမွေအနှစ်ဒေသများအပေါ် ထိခိုက်မှုမရှိကြောင်း ကြိုတင်ခွင့်ပြုချက် ရရှိရန် ကမ္ဘာ့အမွေအနှစ်ဒေသ သို့မဟုတ် အမျိုးသားအဆင့်ယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်း ဖြစ်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီသို့လည်းကောင်း၊ ကမ္ဘာ့အမွေ အနှစ်ဒေသ သို့မဟုတ် အမျိုးသားအဆင့်ယဉ်ကျေးမှုအမွေအနှစ်ဒေသမှအပ ကျန်ယဉ်ကျေးမှုအမွေ အနှစ် ဒေသအတွင်းဖြစ်ပါက ဒေသဆိုင်ရာထိန်းသိမ်းရေးကော်မတီသို့လည်းကောင်း သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်-

(က) ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသအတွင်းရှိ မြို့ပြနှင့် ကျေးရွာတွင်-

(၁) အဆောက်အအုံ တည်ဆောက်ခြင်း သို့မဟုတ် တိုးချဲ့ဆောက်လုပ်ခြင်း၊

(၂) ရှေးဟောင်းအဆောက်အအုံမှတစ်ပါး အခြားအဆောက်အအုံကို ပြင်ဆင်ခြင်း သို့မဟုတ် ယင်း၏ ဝင်းခြံနယ်နိမိတ်ကို ကာရံခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် တိုးချဲ့ခြင်း၊

(၃) ယဉ်ကျေးမှုအမွေအနှစ်များကို မထိခိုက်သည့် သာသနိကအဆောက်အအုံများ၊ ပညာရေး၊ ကျန်းမာ ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ပြုပြင်မွမ်းမံခြင်း၊ အသစ်တည်ဆောက်ခြင်း၊

(၄) လမ်းများတိုးချဲ့ခြင်း၊ ပြင်ဆင်ခြင်း၊ ဆိပ်ခံဘောတံတားများ ပြင်ဆင်ခြင်း၊

(၅) ရေတွင်း၊ ရေကန်၊ ရေကူးကန်၊ ရေလှောင်ကန်၊ မွေးမြူရေးကန်များ၊ မွေးမြူရေးခြံများ၊ နှစ်ရှည်ပင် စိုက်ပျိုးခြင်းများ ဆောင်ရွက်ခြင်း၊ တိုးချဲ့ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊

(၆) လက်မှုလုပ်ငန်းဆိုင်ရာ အလုပ်ရုံများ အသစ်တည်ဆောက်ခြင်း၊ တိုးချဲ့ပြုပြင်ခြင်း၊

(၇) စီးပွားရေးလုပ်ငန်းဆိုင်ရာ စားသောက်ဆိုင်များ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များ၊ ခရီးသွား လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာများ တည်ဆောက်ခြင်း၊ တိုးချဲ့ပြုပြင်ခြင်း၊

(၈) ပြခန်းလုပ်ငန်းဆိုင်ရာ အဆောက်အအုံအသစ် ဆောက်လုပ်ခြင်း၊ တိုးချဲ့ပြုပြင်ခြင်း၊

(၉) မူလရှိပြီး ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ၊ တည်းခိုရိပ်သာ သို့မဟုတ် အသေးစား၊ အလတ်စား၊ စက်မှုလုပ်ငန်းအဆောက်အအုံကို ပြင်ဆင်ခြင်း၊

(၁၀) ရဟတ်ယာဉ်၊ လူစီးမီးပုံးပျံများ၊ အခြားစက်တပ်၊ စက်မဲ့ယာဉ် ပျံသန်းခြင်း။

(ခ) ကြားခံဒေသတွင်-

(၁) လမ်းဖောက်လုပ်ခြင်း၊ ဆိပ်ခံဘောတံတား၊ ယာဉ်ရပ်နားစခန်း၊ ရထားလမ်း၊ ရထားဘူတာရုံ၊ အားကစားရုံ၊ အားကစားကွင်းများ၊ အဆောက်အအုံနှင့် တံတားများ အသစ်တည်ဆောက်ခြင်း သို့မဟုတ် ယင်းတို့ကို တိုးချဲ့ခြင်း၊

(၂) ဆက်သွယ်ရေးတာဝါတိုင်များ၊ မြေအောက်လုပ်ငန်းများ၊ မြေအောက် ဓာတ်အားကြိုးများ၊ လျှပ်စစ် မဟာဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ဓာတ်တိုင်များ၊ ဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက် စိုက်ထူခြင်း၊

(၃) ရဟတ်ယာဉ်၊ လူစီးမီးပုံးပျံများ၊ မောင်းသူမဲ့လေယာဉ် ဖြတ်သန်းပျံသန်းခြင်းလုပ်ငန်း ဆောင်ရွက် ခြင်း၊

(၄) ဇာတ်ရုံကဲ့သို့သော ဖျော်ဖြေရေးဆိုင်ရာ အဆောက်အအုံများ၊ တည်းခိုရေး အဆောက်အအုံများ၊ နားနေစခန်းများ၊ မြင်းစီးစခန်း ပြိုင်ကွင်းများနှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း။

(ဂ) ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင်-

(၁) လယ်မြေ၊ ယာမြေများအပေါ်တွင် သဘာဝပတ်ဝန်းကျင်နှင့် ပတ်ဝန်းကျင်မြင်ကွင်းကို ထိခိုက် စေသော နှစ်ရှည်ပင်များ စိုက်ပျိုးခြင်း၊

(၂) မူလမြေမျက်နှာသွင်ပြင်ကို ပျက်စီးစေနိုင်သည့် အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ခြင်း-

(ကက) ရွှေကျင်ခြင်း၊ သဲထုတ်ခြင်း၊ ကျောက်ထုတ်ခြင်း၊ အုတ်ဖုတ်ခြင်း၊ အမှိုက်များစုပုံစွန့်ပစ်ခြင်း၊ ရေဆိုးထုတ်ခြင်း၊

(ခခ) သဘာဝကုန်းကမူများနှင့် တောင်ကုန်းများ ဖြိုဖျက်ခြင်း၊ မြေညှိခြင်း၊ မြေတူးခြင်းနှင့် ရေစီးရေလာ ပိတ်ဆို့တားဆီးခြင်း၊

(ဂဂ) ကန်၊ ချောင်း၊ ဆည်မြောင်း၊ တာတမံ၊ လျှို၊ ချိုင့်များ မြေဖို့ခြင်း။

(၃) လက်ရှိပေါက်ရောက်နေသည့် ဒေသမျိုးရင်း သဘာဝသစ်ပင်များကို ခုတ်ထွင်ခြင်း၊ ခင်တန်းများကို ဖျက်ဆီးခြင်း၊ ဒေသမျိုးရင်းမဟုတ်သော မျိုးစိတ်များ၊ နှစ်ရှည်ပင်များ စိုက်ပျိုးခြင်း၊

(၄) ဝင်းခြံတစ်ခုခုအတွင်းကျရောက်နေသည့် ရှေးဟောင်းအဆောက်အအုံများ၊ နေရာများ၏ မြင်ကွင်း ကို တမင်ဖုံးကွယ်ခြင်း၊ အလွယ်တကူ ဝင်ရောက်သွားလာ ကြည့်ရှုမရအောင် ပိတ်ဆို့တားဆီးခြင်း၊ ခြံခတ်ကာရံခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၄ (က)

(က) ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် အောက်ပါလုပ်ငန်းတစ်ရပ်ရပ်ကို ဆောင်ရွက်လိုသူသည် ယဉ်ကျေးမှုအမွေအနှစ်များအပေါ် ထိခိုက်မှုမရှိကြောင်း ကြိုတင်ခွင့်ပြုချက်ရရှိရန် ကမ္ဘာ့အမွေအနှစ် ဒေသ သို့မဟုတ် အမျိုးသားအဆင့်ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းဖြစ်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီသို့လည်းကောင်း၊ ကမ္ဘာ့အမွေအနှစ်ဒေသ သို့မဟုတ် အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်ဒေသမှအပ ကျန်ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ဖြစ်ပါက ဒေသဆိုင်ရာ ထိန်းသိမ်းရေးကော်မတီသို့လည်းကောင်း သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်-

(၁) ရှေးဟောင်းအဆောက်အအုံ၏ မူလရှေးဟောင်း ပုံသဏ္ဌာန်ကိုဖြစ်စေ၊ မူလရှေးဟောင်းလက်ရာကို ဖြစ်စေ ပြောင်းလဲခြင်းမရှိစေဘဲ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်း ဆောင်ရွက်ခြင်း သို့မဟုတ် ယင်း၏ ဝင်းခြံနယ်နိမိတ်ကို ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်း၊

(၂) ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှုလုပ်ငန်း ဆောင်ရွက်ခြင်း၊

(၃) ပြတိုက်များ တည်ဆောက်ခြင်း၊ ဖွင့်လှစ်ခြင်း၊

(၄) ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းရပ်များအတွက် မဖြစ်မနေလိုအပ်သော အဆောက်အအုံ၊ လူအများသုံး အခြေခံ အဆောက်အအုံများ ဆောက်လုပ်ခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၁

မည်သူမျှ ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသအတွင်းရှိ မြို့ပြနှင့် ကျေးရွာတွင် အောက်ပါ ကိစ္စရပ်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီ သို့မဟုတ် ဒေသဆိုင်ရာ ထိန်းသိမ်းရေးကော်မတီ၏ ကြိုတင်ခွင့်ပြုချက်မရဘဲ မပြုလုပ်ရ-

(က) အဆောက်အအုံ တည်ဆောက်ခြင်း သို့မဟုတ် တိုးချဲ့ဆောက်လုပ်ခြင်း၊

(ခ) ရှေးဟောင်းအဆောက်အအုံမှတစ်ပါး အခြားအဆောက်အအုံကို ပြင်ဆင်ခြင်း သို့မဟုတ် ယင်း၏ ဝင်းခြံနယ်နိမိတ်ကို ကာရံခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် တိုးချဲ့ခြင်း၊

(ဂ) ယဉ်ကျေးမှုအမွေအနှစ်များကို မထိခိုက်သည့် သာသနိကအဆောက်အအုံများ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ပြုပြင်မွမ်းမံခြင်း၊ အသစ်တည်ဆောက်ခြင်း၊

(ဃ) လမ်းများတိုးချဲ့ခြင်း၊ ပြင်ဆင်ခြင်း၊ ဆိပ်ခံဘောတံတားများပြင်ဆင်ခြင်း၊

(င) ရေတွင်း၊ ရေကန်၊ ရေကူးကန်၊ ရေလှောင်ကန်၊ မွေးမြူရေးကန်များ၊ မွေးမြူရေးခြံများ၊ နှစ်ရှည်ပင် စိုက်ပျိုးခြင်းများ ဆောင်ရွက်ခြင်း၊ တိုးချဲ့ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊

(စ) လက်မှုလုပ်ငန်းဆိုင်ရာ အလုပ်ရုံများ အသစ်တည်ဆောက်ခြင်း၊ တိုးချဲ့ပြုပြင်ခြင်း၊

(ဆ) စီးပွားရေးလုပ်ငန်းဆိုင်ရာ စားသောက်ဆိုင်များ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များ၊ ခရီးသွား လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာများ တည်ဆောက်ခြင်း၊ တိုးချဲ့ပြုပြင်ခြင်း၊

(ဇ) ပြခန်းလုပ်ငန်းဆိုင်ရာ အဆောက်အအုံအသစ်ဆောက်လုပ်ခြင်း၊ တိုးချဲ့ပြုပြင်ခြင်း၊

(ဈ) မူလရှိပြီးဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ၊ တည်းခိုရိပ်သာ သို့မဟုတ် အသေးစား၊ အလတ်စား၊ စက်မှုလုပ်ငန်း အဆောက်အအုံကို ပြင်ဆင်ခြင်း၊

(ည) ရဟတ်ယာဉ်၊ လူစီးမီးပုံးပျံများ၊ အခြားစက်တပ်၊ စက်မဲ့ယာဉ် ပျံသန်းခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၂

မည်သူမျှ ကြားခံဒေသတွင် အောက်ပါကိစ္စရပ်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းသိမ်းရေးကော်မတီ သို့မဟုတ် ဒေသဆိုင်ရာ ထိန်းသိမ်းရေးကော်မတီ၏ ကြိုတင်ခွင့်ပြုချက်မရဘဲ မပြုလုပ်ရ-

(က) လမ်းဖောက်လုပ်ခြင်း၊ ဆိပ်ခံဘောတံတား၊ ယာဉ်ရပ်နားစခန်း၊ ရထားလမ်း၊ ရထားဘူတာရုံ၊ အားကစားရုံ၊ အားကစားကွင်းများ၊ အဆောက်အအုံနှင့် တံတားများ အသစ်တည်ဆောက်ခြင်း သို့မဟုတ် ယင်းတို့ကို တိုးချဲ့ခြင်း၊

(ခ) ဆက်သွယ်ရေးတာဝါတိုင်များ၊ မြေအောက်လုပ်ငန်းများ၊ မြေအောက် ဓာတ်အားကြိုးများ၊ လျှပ်စစ် မဟာဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ဓာတ်တိုင်များ၊ ဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက် စိုက်ထူခြင်း၊

(ဂ) ရဟတ်ယာဉ်၊ လူစီးမီးပုံးပျံများ၊ မောင်းသူမဲ့လေယာဉ်ဖြတ်သန်းပျံသန်းခြင်း လုပ်ငန်းဆောင်ရွက် ခြင်း၊

(ဃ) ဇာတ်ရုံကဲ့သို့သော ဖျော်ဖြေရေးဆိုင်ရာ အဆောက်အအုံများ၊ တည်းခိုရေးအဆောက်အအုံများ၊ နားနေစခန်းများ၊ မြင်းစီးစခန်း ပြိုင်ကွင်းများနှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၃

မည်သူမျှ ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် အောက်ပါလုပ်ငန်းတစ်ရပ်ရပ်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီ သို့မဟုတ် ဒေသဆိုင်ရာ ထိန်းသိမ်းရေးကော်မတီ၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ မပြုလုပ်ရ-

(က) ရှေးဟောင်းအဆောက်အအုံ၏ မူလရှေးဟောင်း ပုံသဏ္ဌာန်ကိုဖြစ်စေ၊ မူလရှေးဟောင်း လက်ရာကိုဖြစ်စေ ပြောင်းလဲခြင်းမရှိစေဘဲ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်း ဆောင်ရွက်ခြင်း သို့မဟုတ် ယင်း၏ဝင်းခြံ နယ်နိမိတ်ကိုပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်း၊

(ခ) ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှုလုပ်ငန်းဆောင်ရွက်ခြင်း၊

(ဂ) ပြတိုက်များတည်ဆောက်ခြင်း၊ ဖွင့်လှစ်ခြင်း၊

(ဃ) ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းရပ်များအတွက် မဖြစ်မနေလိုအပ်သော အဆောက်အအုံ၊ လူအများသုံးအခြေခံအဆောက်အအုံများ ဆောက်လုပ်ခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၄

မည်သူမျှ ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ဤဥပဒေအရထုတ်ပေးသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီ သို့မဟုတ် ဒေသဆိုင်ရာ ထိန်းသိမ်းရေးကော်မတီ၏ ကြိုတင်ခွင့်ပြု ချက်မရရှိဘဲ အောက်ပါပြုလုပ်မှု တစ်ခုခုမပြုလုပ်ရ-

(က) မူလရှိပြီး ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ၊ တည်းခိုရိပ်သာ သို့မဟုတ် စက်မှုလုပ်ငန်း အဆောက်အအုံကို ပြင်ဆင်ခြင်း၊

(ခ) လယ်မြေ၊ ယာမြေများပေါ်တွင် သဘာဝပတ်ဝန်းကျင်နှင့် ပတ်ဝန်းကျင်မြင်ကွင်းကို ထိခိုက်စေ သော နှစ်ရှည်ပင်များ စိုက်ပျိုးခြင်း၊

(ဂ) မူလမြေမျက်နှာသွင်ပြင်ကို ပျက်စီးစေနိုင်သည့် အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ခြင်း-

(၁) ရွှေကျင်ခြင်း၊ သဲထုတ်ခြင်း၊ ကျောက်ထုတ်ခြင်း၊ အုတ်ဖုတ်ခြင်း၊ အမှိုက်များစုပုံစွန့်ပစ်ခြင်း၊ ရေဆိုးထုတ်ခြင်း၊

(၂) သဘာဝကုန်းကမူများနှင့် တောင်ကုန်းများ ဖြိုဖျက်ခြင်း၊ မြေညှိခြင်း၊ မြေတူးခြင်း နှင့် ရေစီးရေလာ ပိတ်ဆို့တားဆီးခြင်း၊

(၃) ကန်၊ ချောင်း၊ ဆည်မြောင်း၊ တာတမံ၊ လျှို၊ ချိုင့်များ မြေဖို့ခြင်း။

(ဃ) လက်ရှိပေါက်ရောက်နေသည့် ဒေသမျိုးရင်း သဘာဝသစ်ပင်များကို ခုတ်ထွင်ခြင်း၊ ခင်တန်းများ ကို ဖျက်ဆီးခြင်း၊ ဒေသမျိုးရင်းမဟုတ်သော မျိုးစိတ်များ၊ နှစ်ရှည်ပင်များ စိုက်ပျိုးခြင်း၊

(င) ရှေးဟောင်းအဆောက်အအုံများနှင့် ပရဝဏ်များအတွင်း တိရစ္ဆာန်များ လွှတ်ကျောင်းခြင်း၊

(စ) ဝင်းခြံတစ်ခုခုအတွင်း ကျရောက်နေသည့် ရှေးဟောင်းအဆောက်အအုံများ၊ နေရာများ၏ မြင်ကွင်းကို တမင်ဖုံးကွယ်ခြင်း၊ အလွယ်တကူဝင်ရောက်သွားလာ ကြည့်ရှုမရအောင် ပိတ်ဆို့တားဆီးခြင်း၊ ခြံခတ်ကာရံခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၅

မည်သူမျှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီ သို့မဟုတ် ဒေသဆိုင်ရာ ထိန်းသိမ်းရေးကော်မတီ၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် အောက်ပါ တစ်ခုခုကိုမပြုလုပ်ရ-

(က) ရှေးဟောင်းအဆောက်အအုံကိုဖြစ်စေ၊ အဆောက်အအုံ၏ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ဖျက်ဆီးခြင်း၊

(ခ) ရှေးဟောင်းအဆောက်အအုံ၏ မူလရှေးဟောင်းပုံသဏ္ဌာန်ကိုဖြစ်စေ၊ မူလရှေးဟောင်းလက်ရာ ကိုဖြစ်စေ၊ မူလရှေးဟောင်းအမည်ကိုဖြစ်စေ ပြောင်းလဲစေရန် တမင်ပြုလုပ်ခြင်း၊

(ဂ) ရှေးဟောင်းဝတ္ထုပစ္စည်းရှာဖွေရန် တူးဖော်ခြင်း၊

(ဃ) ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာ သို့မဟုတ် ဓာတ်သတ္ထုရှာဖွေရန် တူးဖော်ခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၆

မည်သူမျှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီ သို့မဟုတ် ဒေသဆိုင်ရာ ထိန်းသိမ်းရေးကော်မတီ၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းရှိ သတ်မှတ်သည့် နယ်နိမိတ်တွင် ထွန်ယက်စိုက်ပျိုးခြင်း သို့မဟုတ် ယဉ်ကျေးမှုအမွေအနှစ်ကို ထိခိုက်စေရန် ဆောင်ရွက်ခြင်းမပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၇ မည်သူမဆို ပုဒ်မ ၃၁ သို့မဟုတ် ပုဒ်မ ၃၃ ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်နှစ်မှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ် ချမှတ်ရမည့်အပြင် အနည်းဆုံးကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်း ၅၀ အထိ ငွေဒဏ်လည်း ချမှတ်နိုင်သည်။ နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၀ ၃၈

မည်သူမဆို ပုဒ်မ ၃၂ သို့မဟုတ် ပုဒ်မ ၃၆ ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးခြောက်လမှ အများဆုံးတစ်နှစ်အထိ ထောင်ဒဏ် ချမှတ်ရမည့်အပြင် အနည်းဆုံးကျပ် တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်း ၃၀ အထိ ငွေဒဏ်လည်း ချမှတ်နိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁ ၃၉

မည်သူမဆို ပုဒ်မ ၃၄ ပါတားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၃၀ အထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၂ ၄၀

မည်သူမဆို ပုဒ်မ ၃၅ ပါတားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး သုံးနှစ်မှ အများဆုံးငါးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံးကျပ်သိန်း ၅၀ အထိငွေဒဏ်လည်း ချမှတ်နိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၃ ၄၁

မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်အရ ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် တရားရုံးသည် ထိုသူကို အောက်ပါအမိန့်တစ်ခုခုကို ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေဖြင့် သတ်မှတ်ထားသည့်ကာလအတွင်း ဆောင်ရွက်ရန် အမိန့်ချမှတ်ရမည်-

(က) တည်ဆောက်ထားသည့်အဆောက်အအုံကို ဖျက်သိမ်းစေခြင်း၊

(ခ) တိုးချဲ့ထားသည့် အဆောက်အအုံ သို့မဟုတ် ဝင်းခြံနယ်နိမိတ်ကို မူလအတိုင်း ပြန်လည်ပြင်ဆင်စေခြင်း၊

(ဂ) ပုံသဏ္ဌာန်ပြောင်းလဲပြင်ဆင်ထားသည့် အဆောက်အအုံ သို့မဟုတ် မြေကို မူလပုံသဏ္ဌာန်အတိုင်း ပြန်လည်ပြင်ဆင်စေခြင်း၊

(ဃ) သက်သေခံပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၄ ၄၂

မည်သူမဆို ပုဒ်မ ၄၁ အရ ချမှတ်သည့်အမိန့်ကို သတ်မှတ်ကာလအတွင်း လိုက်နာဆောင်ရွက်ရမည် ဖြစ်ပြီး သတ်မှတ်ကာလအတွင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက ထိုသူကို ပျက်ကွက်သည့် နေ့ရက် အသီးသီးအတွက် တစ်နေ့လျှင် ငွေဒဏ် အနည်းဆုံးကျပ် တစ်သိန်းပေးဆောင်စေရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၅ ၄၆

နိုင်ငံတော်၏ အကျိုးစီးပွားအလို့ငှာ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာ သို့မဟုတ် ဓာတ်သတ္ထု တူးဖော်ခြင်းနှင့်စပ်လျဉ်း၍-

(က) ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ထားသည့် ယဉ်ကျေးမှုအမွေအနှစ်ဒေသနှင့် အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်ဒေသများတွင် ဆောင်ရွက်ခြင်းကို တားမြစ်သည်။

(ခ) ပုဒ်မခွဲ (က) ပါယဉ်ကျေးမှုအမွေအနှစ် ဒေသများမှတစ်ပါး အခြားယဉ်ကျေးမှုအမွေအနှစ်ဒေသများတွင် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နိုင်သည်။

(ဂ) ပုဒ်မခွဲ (ခ) အရ ဆောင်ရွက်ရာတွင် ထိခိုက်ပျက်စီးနိုင်သည့် ယဉ်ကျေးမှုအမွေအနှစ်များကိုလည်း နိုင်ငံတကာလုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များနှင့်အညီ ပြောင်းရွှေ့အစားထိုး ထိန်းသိမ်း၍ ဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၆ ၅၁

ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း