Measure related to the microfinance business law


Domestic Regulations
sr. Section measures mode remarks
၁၃

အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လိုသည့် အဖွဲ့အစည်းသည် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ၊ သမဝါယမအသင်း ဥပဒေ၊ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေနှင့် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ဖွဲ့စည်းတည်ထောင် ထားသော အဖွဲ့အစည်းဖြစ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၄

အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လိုသည့်အဖွဲ့အစည်းသည်-

(က) သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းများကို ရေးဆွဲထားရမည်။

(ခ) စီမံခန့်ခွဲမှုအဖွဲ့ကိုဖွဲ့စည်း၍ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းများ နှင့်အညီ စီမံ ခန့်ခွဲရမည်။

(ဂ) စီမံခန့်ခွဲမှုအဖွဲ့ကိုဖွဲ့စည်းရာတွင် ကြီးကြပ်မှုကော်မတီက သတ်မှတ်ထားသည့် စီမံခန့်ခွဲမှု အဖွဲ့၏ အဖွဲ့ဝင်ဖြစ်ရန် လိုအပ်သည့်အရည်အချင်းနှင့် ပြည့်စုံစေရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၆

အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည် သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်း များကို ပြင်ဆင်လိုပါက သက်ဆိုင်ရာလုပ်ငန်းကော်မတီသို့တင်ပြ၍ ကြီးကြပ်မှု ကော်မတီ၏ ကြိုတင် ခွင့်ပြုချက် ရရှိပြီးမှသာ ပြင်ဆင်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၇

အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လိုသည့် အဖွဲ့အစည်းသည် လုပ်ငန်း ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာလုပ်ငန်းကော်မတီမှတစ်ဆင့် ကြီးကြပ်မှု ကော်မတီသို့ သတ်မှတ်ထားသည့် လျှောက်လွှာပုံစံနှင့်အတူ အောက်ပါအချက်များ ပါဝင်သော ဖြစ်နိုင်ခြေလေ့လာချက်ကို ပူးတွဲ၍ တင်ပြရမည်-

(က) အသေးစားငွေရေးကြေးရေးလုပ်ငန်း ဆောင်ရွက်မည့်ဒေသ၊ စျေးကွက်ရှိ ကြောင်းနှင့် သက်ဆိုင်ရာ ပြည်သူများကလည်း စိတ်ဝင်စားမှုရှိကြောင်း ဖော်ပြချက်၊

(ခ) ငွေရေးကြေးရေးအရင်းအမြစ်များ မည်မျှလိုအပ်ကြောင်းနှင့် ယင်းတို့ကို မည်သို့ရရှိမည် ဖြစ်ကြောင်း ဖော်ပြချက်၊

(ဂ) အသေးစားငွေရေးကြေးရေးလုပ်ငန်းလုပ်ကိုင်ပါက ရရှိမည်ဟု မျှော်မှန်းထား သည့် အကျိုးအမြတ် နှင့် အကျိုးအမြတ်များကို စီမံခန့်ခွဲမည့်အစီအစဉ်များ၊

(ဃ) စီမံခန့်ခွဲရေးဆိုင်ရာအရည်အချင်းနှင့် ကျွမ်းကျင်မှု၊

(င) လုပ်ကိုင်လိုသည့် အသေးစားငွေရေးကြေးရေးလုပ်ငန်းအမျိုးအစားများ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၈

အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများကို အောက်ပါအတိုင်း အမျိုးအစားခွဲခြား သတ်မှတ် ထားရှိရမည်-

(က) အပ်ငွေလက်ခံခြင်းမပြုသည့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၊

(ခ) အပ်ငွေလက်ခံသည့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၀

အသေးစားငွေရေးကြေးရေးလုပ်ငန်း ဆောင်ရွက်လိုသောအဖွဲ့အစည်းများသည်-

(က) ထည့်ဝင်ပြီး မတည်ငွေရင်းကို ငွေသားဖြင့် ပေးသွင်းရမည်။

(ခ) ထည့်ဝင်ပြီး မတည်ငွေရင်းအပြည့်အဝကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် နေပြည်တော်အတွင်း သတ်မှတ်ထားသော မြန်မာ့စီးပွားရေး ဘဏ်ရှိ မြန်မာ့ အသေးစားငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးလုပ်ငန်း၏ ငွေစာရင်းသို့ ပေးသွင်းရမည်။ အဆိုပါထည့်ဝင်ပြီးမတည်ငွေရင်းကို ကြီးကြပ်မှု ကော်မတီက လုပ်ငန်းလိုင်စင် ထုတ်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှသာ ပြန်လည်ထုတ်ယူခွင့်ရှိသည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၅

အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည်-

(က) လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသည့်နေ့မှ ခြောက်လအတွင်း လုပ်ငန်း စတင် ရမည်။

(ခ) လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို လွှဲပြောင်းခြင်းမပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၇

(က) အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုသည် အခြားအသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုခုနှင့် ပူးပေါင်းဖွဲ့စည်းခြင်း သို့မဟုတ် မိမိအဖွဲ့ အစည်းကို ခွဲခြမ်းဖွဲ့စည်းခြင်း ပြုလိုသည့်အခါ သက်ဆိုင်ရာလုပ်ငန်းကော်မတီ မှတစ်ဆင့် ကြီးကြပ်မှု ကော်မတီသို့ တင်ပြ၍ ကြိုတင်ခွင့်ပြုချက်ရယူရမည်။

(ခ) ပုဒ်မခွဲ (က) အရ ပူးပေါင်းဖွဲ့စည်းခြင်း သို့မဟုတ် ခွဲခြမ်းဖွဲ့စည်းခြင်းကြောင့် ပေါ်ပေါက် လာမည့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည် ကြီးကြပ်မှု ကော်မတီက ထုတ်ပေးသော လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိမှသာ အသေးစား ငွေရေးကြေးရေး လုပ်ငန်းကို ဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၈

အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများသည် ရုံးခွဲများ တည်ထောင်ခြင်း၊ လုပ်ငန်းနေရာ ရွှေ့ပြောင်းခြင်းနှင့် လုပ်ငန်းပိတ်ခြင်းတို့အတွက် သက်ဆိုင်ရာ လုပ်ငန်းကော်မတီမှတစ်ဆင့် ကြီးကြပ်မှုကော်မတီ၏ ကြိုတင်ခွင့်ပြုချက်ရယူရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၀ ၃၀

အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည် အသေးစားချေးငွေထုတ်ပေးရာတွင် အောက်ပါ တရားဝင်စာရွက်စာတမ်းများကို ရယူထားရမည်-

(က) ချေးငွေလျှောက်လွှာနှင့် ချေးငွေကို မည်သို့ အသုံးပြုမည်ဖြစ်ကြောင်း တင်ပြချက်၊

(ခ) အသေးစားငွေရေးကြေးရေးလုပ်ငန်းအတွက် အခြေခံအထောက်အကူပြုမည့် ငွေချေးယူ သူနှင့် အာမခံပုဂ္ဂိုလ်များ၏ ကတိဝန်ခံချက်မှတ်တမ်းများ၊

(ဂ) အသေးစားချေးငွေရယူမည့်သူကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက် နှင့် စုပေါင်းဆုံးဖြတ်သည့်ကိစ္စဖြစ်ပါက အဆိုပါကိစ္စအား သဘောတူညီသည့် ဆုံးဖြတ် ချက်မှတ်တမ်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁ ၃၃ (ခ)

(ခ) အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုသည် ကြီးကြပ်မှုကော်မတီ၏သတ်မှတ်ချက် နှင့်အညီ အသားတင်အမြတ်ငွေ၏ ၂၅ ရာခိုင်နှုန်းကို အထွေထွေသီးသန့်ငွေစာရင်း တစ်ခုတွင် ထည့်သွင်းထားရမည်။ ထိုသို့ထည့်သွင်းခြင်းကို ထည့်ဝင်ပြီး မတည်ငွေရင်း၏ ၁၀၀ ရာခိုင် နှုန်းနှင့် ညီမျှသည်အထိ ဆောင်ရွက်ရမည်။ ကြီးကြပ်မှုကော်မတီ၏ ညွှန်ကြားချက်နှင့် အညီ သီးခြား ရရန်ပိုင်ခွင့်များနှင့်စပ်လျဉ်း၍ သီးသန့်ငွေများကိုထားရှိရမည်။ ထို့ပြင် မိမိတို့အစီအစဉ်ဖြင့်လည်း သီးသန့်ငွေများကို ထပ်မံထားရှိ နိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၂ ၃၆

အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတွင် ကြီးကြပ်မှုကော်မတီက သဘောတူ သည့် စာရင်းစစ်ကို ခန့်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၃ ၃၉

ဘဏ္ဍာရေးနှစ်တစ်နှစ်အတွက် စာရင်းစစ်၏စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် လက်ကျန်ရှင်း တမ်းတို့ကို စီမံခန့်ခွဲမှုအဖွဲ့နှင့် အစုရှယ်ယာပိုင်ရှင်များက သတ်မှတ် သဘောတူထားသည့် နည်းလမ်းနှင့်အညီ အများသိရှိစေရန် ထုတ်ပြန်ကြေညာရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၄ ၄၀

အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည် ကြီးကြပ်မှုကော်မတီက ခန့်အပ်သော စာရင်းစစ်များ သို့မဟုတ် သက်ဆိုင်ရာလုပ်ငန်းကော်မတီတို့မှ တာဝန်ပေးအပ်သော စစ်ဆေးရေးမှူးများ၏ စစ်ဆေးခြင်းကိုခံရမည်။ ယင်းသို့စစ်ဆေးသည့်အခါ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏-

(က) စာရင်းများ၊ သက်ဆိုင်ရာစာရွက်စာတမ်းများ၊ စာအုပ်များနှင့် အခြား စာရွက်စာတမ်းများကို စစ်ဆေးနိုင်သည်။

(ခ) ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်းသည့် သတင်းအချက် အလက်များကို ကြီးကြပ်သူများ၊ စီမံခန့်ခွဲသူများ၊ ကိုယ်စားလှယ်များ၊ ဝန်ထမ်းများနှင့် အသင်းသားများ အား မေးမြန်းနိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၅ ၅၃

အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏ အဖွဲ့ဝင်၊ ဝန်ထမ်းနှင့်စာရင်းစစ်များသည် ယင်းတို့၏ ငွေရေးကြေးရေးဆိုင်ရာဆောင်ရွက်ချက်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်ရာမှရရှိလာသည့် သတင်းအချက်အလက်များကို ဥပဒေအရ ခွင့်ပြုချက် မရှိဘဲ ထုတ်ဖော်ပြောဆိုခြင်း၊ ကြည့်ရှုစေခြင်း၊ စစ်ဆေးစေခြင်း သို့မဟုတ် ကြေညာခြင်း မပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၆ ၅၄

မည်သူမျှ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏ လုပ်ငန်းများကို လုပ်ကိုင်ခြင်းမပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၇ ၅၅

ကြီးကြပ်မှုကော်မတီနှင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီတို့မှ မည်သည့်အဖွဲ့ဝင် သို့မဟုတ် ဝန်ထမ်းမျှ မိမိ၏တာဝန်ဝတ္တရားများကို ဆောင်ရွက်ရာမှသိရှိလာသည့် သတင်းအချက်အလက်များကို ဥပဒေအရခွင့်ပြုချက်မရှိဘဲ ထုတ်ဖော်ပြောဆိုခြင်း၊ ကြည့်ရှုစေခြင်း၊ စစ်ဆေးစေခြင်း သို့မဟုတ် ကြေညာခြင်းမပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း