အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ခြင်းအမိန့် နှင့်စပ်လျဉ်းသည့် ပြဌာန်းချက်များ


Domestic Regulations
sr. Para measures mode remarks
၁၂

အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းကိုဖြစ်စေ၊ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းကိုအသုံးပြု၍ ထုတ်လုပ်ထားသော ထုတ်ကုန်ကိုဖြစ်စေ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း သို့မဟုတ် ရောင်းချခြင်းကိုလည်းကောင်း၊ မီးသတ်ဆေးဘူး၊ အေးခဲစက်၊ လေအေးပေးစက် သို့မဟုတ် အအေးပေးစက်များကို ဝန်ဆောင်မှုပေးခြင်းနှင့်ပြုပြင်ခြင်းတို့ အပါအဝင် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများကိုအသုံးပြု၍ အခြားစီးပွားရေးလုပ်ငန်း တစ်ခုခုကိုသော်လည်းကောင်း၊  လုပ်ကိုင်သူသည် မိမိလုပ်ငန်းကို မှတ်ပုံတင်ပေးရန် ဝန်ကြီးဌာနက တာဝန်ပေးအပ်ထားသော ဦးစီးဌာနသို့ ပုံစံ (၅) ဖြင့် လျှောက်ထား ရမည်။ 

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၃

ဝန်ကြီးဌာနကတာဝန်ပေးအပ်ထားသော ဦးစီးဌာနသည် အပိုဒ် ၁၂ အရ လျှောက်ထား ချက်ကို ရရှိသည့်အခါ သတ်မှတ်ချက်များနှင့်ညီညွတ်ခြင်း ရှိ မရှိ စိစစ်ပြီး ဝန်ကြီးဌာန ၏အတည်ပြုချက်ဖြင့် မှတ်ပုံတင်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုလုပ်နိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၅

အိုဇုန်းလွှာပျက်စီးစေသောဒြပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်သူများသည် -

(က) မိမိ၏လုပ်ငန်နှင့်စပ်လျဉ်း၍ ဝန်ကြီးဌာန သို့မဟုတ် ဝန်ကြီးဌာနက တာဝန် ပေးအပ်ထားသောဌာန သို့မဟုတ် အဖွဲ့အစည်း၏ စစ်ဆေးခြင်းကို ခံယူရမည်၊

(ခ) မိမိတို့လုပ်ငန်းနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များကို နှစ်အလိုက် လိုအပ်သောစာရင်းဇယားများဖြင့် မှန်ကန်စွာပြုစုထားရှိပြီး သက်ဆိုင်ရာဌာနက တောင်းခံလာလျှင် ပြသအစစ်ဆေးခံရမည်၊

(ဂ) အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းကို အသုံးပြုရန်ထုတ်လုပ်ထားသော ထုတ်ကုန်များကို ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း သို့မဟုတ် ထုတ်လုပ်သူဖြစ်ပါက မိမိလုပ်ငန်းအတွက် ထုတ်ပေးထားသော မှတ်ပုံတင် လက်မှတ်အမှတ်ကို အိုဇုန်းလွှာပျက်စီးစေသောဒြပ်ပစ္စည်းများ ထည့်သွင်း ထားသည့်သေတ္တာများ၌ ဖော်ပြရမည်၊

(ဃ) ဤအမိန့်အရ ထုတ်ပေးထားသော မှတ်ပုံတင်လက်မှတ်ပါ စည်းကမ်းချက်များ ကို လိုက်နာရမည်၊

(င) ဝန်ကြီးဌာနက အခါအားလျော်စွာထုတ်ပြန်သော အမိန့်နှင့် ညွှန်ကြားချက်များ ကို လိုက်နာရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၆

မည်သူမျှ ဝန်ကြီးဌာနက တာဝန်ပေးအပ်ထားသော ဦးစီးဌာနက ဤအမိန့်အရ ထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ်မရှိဘဲ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်း ဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၇

မည်သူမျှ အသုံးပြုပြီးသည့် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများကို ဝန်ကြီးဌာန ၏ခွင့်ပြုချက်မရှိဘဲ ပြန်လည်အသုံးပြုခြင်း သို့မဟုတ် အခြားနည်းအသုံးပြုခြင်းမပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၈

မည်သူမျှ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများကို ဖျက်ဆီးရန် ဝန်ကြီးဌာနက သတ်မှတ်ထားသောနေရာမှအပ အခြားနေရာ၌ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်း သို့မဟုတ် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းကိုအသုံးပြု၍ ထုတ်လုပ်ထားသော ပစ္စည်းကိုဖျက်ဆီးခြင်းမပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၉

ဤအမိန့်ပါလိုက်နာဆောင်ရွက်ရမည့် အချက်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သူ သို့မဟုတ် တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်သူသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၃၂ အရ အရေးယူခြင်းခံရမည်။ ထို့ပြင် အ‌ရေးယူခြင်းခံရသူသည် ဤအမိန့်အရထုတ်ပေးထားသော မှတ်ပုံတင်လက်မှတ်ကို ရရှိသူဖြစ်ပါက စီမံခန့်ခွဲရေးနည်းလမ်းအရလည်းထိုသူအားသတိပေးခြင်း၊ ထိုသူ၏ မှတ်ပုံတင်လက်မှတ်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း ပြုနိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၂

အသုံးပြုပြီးသည့် အိုဇုန်းလွှာပျက်စီးစေသောဒြပ်ပစ္စည်းကို ပြန်လည်ပြုပြင်အသုံးပြု ခြင်း သို့မဟုတ် အခြားနည်းအသုံးပြုခြင်းပြုလုပ်လိုသော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့ အစည်းသည် ဝန်ကြီးဌာန၏ခွင့်ပြုချက်ကို ရယူရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း