Measures relating to the Tax Administration Law


Domestic Regulations
sr. Section measures mode remarks
၉ (ခ)

(ခ) အခွန်ထမ်းမှတ်ပုံတင်အမှတ်နှင့်စပ်လျဉ်းသည့် ကြေညာချက်ကို နိုင်ငံတော် ပြန်တမ်းတွင် တရားဝင်ထုတ်ပြန်ပြီးသည့်အခါတွင် အခွန်ထမ်း တစ်ဦးအတွက် သို့မဟုတ် သတ်မှတ်ထားသည့် အခွန်ထမ်းအုပ်စုအတွက် သီးသန့်အခွန်ထမ်း မှတ်ပုံတင်အမှတ်ကို သတ်မှတ်ပေးရမည်ဖြစ်ပြီး ယင်းကို အခွန်အားလုံးအတွက် အသုံးပြုစေရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၉ (ဃ)

(ဃ) ပုဂ္ဂိုလ်တစ်ဦးသည် သက်ဆိုင်ရာနည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အောက်ပါတို့ကို လိုက်နာ ဆောင်ရွက်ရမည်-

(၁) အခွန်တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ပေးပို့သော အခွန်ကြေညာလွှာများ၊ ကြေညာချက်များ သို့မဟုတ် အခြားစာတမ်းအမှတ်အသားများပေါ်တွင် ယင်း၏အခွန်ထမ်း မှတ်ပုံတင်အမှတ်ကို ဖော်ပြရမည်။

(၂) အခွန်ထမ်းမှတ်ပုံတင်အမှတ်ပိုင်ရှင်နှင့်စပ်လျဉ်းသည့် အခွန်ဆိုင်ရာ သတင်းအချက် အလက်များကိုပေးအပ်ရန် သက်ဆိုင်ရာနည်းဥပဒေများ၊ စည်းမျဉ်းများ၊ ညွှန်ကြားချက်များဖြင့် သတ်မှတ်ထားသည့် အခြားပုဂ္ဂိုလ်ကို အခွန်ထမ်းမှတ်ပုံတင်အမှတ် ပေးအပ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၉ (စ)

(စ) အခွန်ထမ်းသည် အမည် (လုပ်ငန်းအမည်အပါအဝင်)၊ လိပ်စာ၊ လုပ်ငန်း တည်နေရာ သို့မဟုတ် ဆောင်ရွက်လျက်ရှိသည့် အခွန်ထိုက်သင့်သည့် လုပ်ငန်း သဘောသဘာဝ တစ်ခုခုပြောင်းလဲလျှင် ညွှန်ကြားရေးမှူးချုပ် ထံစာဖြင့် တင်ပြရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၉ (ဆ)

(ဆ) အခွန်ထမ်းသည် ပုဒ်မခွဲ(စ)အရ တင်ပြရာတွင် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ၊ အထူးကုန်စည်ခွန်ဥပဒေတို့နှင့် သက်ဆိုင်သည့်ကိစ္စဖြစ်ပါက ပြောင်းလဲမှု ပြုလုပ်ပြီး ၁၅ ရက်အတွင်း၊ ဝင်ငွေခွန်ဥပဒေနှင့်သက်ဆိုင်သည့် ကိစ္စရပ်ဖြစ်ပါက ပြောင်းလဲမှုပြုလုပ်ပြီး တစ်နှစ်အတွင်း ညွှန်ကြားရေးမှူးချုပ် ထံစာဖြင့် အကြောင်းကြားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၄ (စ)

(စ) ပုဒ်မခွဲ (ခ) သို့မဟုတ် ပုဒ်မခွဲ (ဂ) နှင့်အညီ အကြောင်းကြားစာ ပေးအပ်ခြင်းကို ပုဂ္ဂိုလ်တစ်ဦးဦးက ငြင်းပယ်လျှင် ယင်း၏နေအိမ်အဆောက် အအုံ၏ ဝင်ပေါက်တွင် စွဲကပ် ခြင်းဖြင့် အတည်ပြုနိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၆ (က) (ခ)

(က) အခွန်ထမ်းသည် အကြောင်းကြားစာနှင့် ယင်းတွင်ပါဝင်သော အကြောင်း အရာကို ကောင်းစွာသိရှိပြီးဖြစ်ပါက ဤဥပဒေအရ ထုတ်ပြန်သည့် စည်းကြပ်မှု အကြောင်းကြားစာ၊ အခြားအကြောင်းကြားစာ သို့မဟုတ် စာတမ်းအမှတ်အသား များသည် ပုဒ်မ ၁၄ နှင့်အညီ ပေးပို့ခြင်းမရှိဆိုသည့် အကြောင်းပြချက်ဖြင့် အတည်မဖြစ်ဟုသော်လည်းကောင်း၊ အကျိုးသက် ရောက်ခြင်းမရှိဟု သော်လည်း ကောင်း ငြင်းဆိုခွင့်မရှိစေရ။

(ခ) ဤဥပဒေအရ ထုတ်ပြန်သည့် စည်းကြပ်မှုအကြောင်းကြားစာ သို့မဟုတ် အခြားအကြောင်းကြားစာ သို့မဟုတ် စာတမ်းအမှတ်အသား တစ်ခုခုသည် ဤဥပဒေနှင့်ကိုက်ညီပြီး စည်းကြပ်ခံရသူ သို့မဟုတ် အကြောင်းကြားစာ ချအပ်ခြင်းခံရသူအား ရည်ညွှန်းဖော်ပြထားကြောင်း သာမန်အားဖြင့် နားလည်နိုင်ပါက ချို့ယွင်းချက်ရှိသည်ဆိုသည့် အကြောင်းပြ ချက်ကြောင့် အတည်မဖြစ်ဟု ငြင်းဆိုခွင့်မရှိစေရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၇

(က) ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာများသည် ယင်းကုမ္ပဏီက လိုအပ်သည့် စာရင်းဇယားနှင့် အထောက်အထားများကို မှတ်တမ်းထားရန်နှင့် ထိန်းသိမ်း ထားရန် ကုမ္ပဏီအတွင်းရေးမှူး သို့မဟုတ် ယင်းကုမ္ပဏီ၏ အခြားအရာထမ်း တစ်ဦးကို ခန့်အပ်တာဝန်ပေးရမည်။

(ခ) အစုစပ်လုပ်ငန်း သို့မဟုတ် အခြားပုဂ္ဂိုလ်စုတစ်ခုခုသည် အခွန်ဥပဒေ တစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အခွန်ထမ်းဆောင်ရန်ရှိပါက သို့မဟုတ် အခွန်ဆိုင်ရာတာဝန် တစ်ရပ်ရပ်ထမ်းရွက်ရန်ရှိပါက ဤဥပဒေပါ လိုအပ်ချက်များကိုလိုက်နာဆောင်ရွက်ရန် တာဝန်ယူဆောင်ရွက်မည့် အစုဝင် သို့မဟုတ် အရာ ထမ်းတစ်ဦးဦးကို ရွေးချယ်တာဝန် ပေးအပ်ရ မည်။

(ဂ) နိုင်ငံသားဖြစ်စေ၊ နိုင်ငံသားမဟုတ်သူဖြစ်စေ နိုင်ငံတော်အတွင်း နေထိုင်ခြင်းမရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးသည် အခွန်ဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်း ချက်များနှင့်အညီ အခွန်ထမ်းဆောင်ရန်ရှိပါက သို့မဟုတ် အခွန်ဆိုင်ရာ တာဝန်တစ်ရပ်ရပ် ထမ်းရွက်ရန်ရှိပါက ဤဥပဒေနှင့်အညီ လိုက်နာဆောင် ရွက်ရေးအတွက် နိုင်ငံတော်အတွင်းနေထိုင်သည့် ပုဂ္ဂိုလ်တစ်ဦးအား ကိုယ်စားလှယ် လွှဲအပ်ခြင်း ခံရသူအဖြစ် ရွေးချယ်တာဝန်ပေးအပ် ရမည်။

(ဃ) ပုဂ္ဂိုလ်တစ်ဦးသည် ဤပုဒ်မအရ ကုမ္ပဏီအတွင်းရေးမှူး၊ အစုဝင်၊ ဝန်ထမ်း သို့မဟုတ် ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ ခန့်အပ်ခြင်းကို အကြောင်းပြု၍ ဤဥပဒေ၏ လိုအပ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက် ရန် ပျက်ကွက်ခြင်း အတွက် တာဝန်ရှိမှုမှ သက်သာ ခွင့်မရှိစေရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၉

(က) အခွန်ဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များအရ ကိစ္စတစ်ခုခု အတွက် လိုက်နာဆောင်ရွက်ရမည့် နောက်ဆုံးနေ့ရက်သည် အများပြည်သူ ရုံးပိတ် ရက်တွင်ကျရောက်လျှင် ယင်းနေ့ နှင့်နောက်တစ်ဆက်တည်းဖြစ်သော အများပြည်သူရုံးဖွင့်ရက်၌ အဆိုပါကိစ္စရပ် ဆောင်ရွက်ခြင်းကို အချိန်မီ ဆောင်ရွက်သည် ဟု မှတ်ယူရမည်။

(ခ) အခွန်ပေးဆောင်ခြင်းမှတစ်ပါး အခွန်ထမ်း၏တင်ပြချက်၊ အယူခံ လွှာ သို့မဟုတ် အခြား စာတမ်းအမှတ်အသားများ လက်ခံရရှိကြောင်း ဦးစီးဌာနက တံဆိပ်ရိုက်နှိပ်သည့်နေ့တွင် တင်သွင်းသည်ဟု မှတ်ယူရမည်။ ကြေညာလွှာ ကို စာတိုက်မှ ပေးပို့ခြင်းဖြစ်ပါက ပေးပို့သည့် စာတိုက်တံဆိပ် ပါရက်စွဲတွင် တင်သွင်းသည်ဟု မှတ်ယူရမည်။

(ဂ) ပုဒ်မခွဲ (ခ) ပါ စာတမ်းအမှတ်အသားများကို အီလက်ထရောနစ် နည်းဖြင့်ပေးပို့ခြင်းဖြစ်ပါက ဦးစီးဌာနက အီလက်ထရောနစ်နည်းဖြင့် လက်ခံ ရရှိသည့်နေ့တွင် တင်သွင်းသည်ဟုမှတ်ယူရမည်။ ယင်းနေ့သည် အများပြည် သူရုံးပိတ်ရက်တွင် ကျရောက်လျှင် ယင်းနေ့နှင့် နောက် တစ်ဆက်တည်း ဖြစ်သော အများပြည်သူရုံးဖွင့်ရက်တွင် လက်ခံရရှိ သည်ဟု မှတ်ယူရမည်။ 

ပုဒ်မ ၁၉ ကိုဖြည့်စွက်ပါမည်။ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၀ (က) (ခ) (ဂ) (ဃ) (င) (စ)

(က) စီးပွားရေးလုပ်ငန်း သို့မဟုတ် ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် သို့မဟုတ် အခွန်ဥပဒေတစ်ရပ်ရပ်အရ ကြေညာလွှာ တင်သွင်းရန်လိုအပ်သည့် အခွန်ထမ်းသည် လုပ်ငန်းဆောင်ရွက် ချက်များကြောင့် ရရှိလာသည့် မြတ်စွန်းငွေနှင့် အမြတ် သို့မဟုတ် အရှုံးကို သေချာစွာ လေ့လာ စိစစ်နိုင်ရန် ယင်းလုပ်ငန်း ဆောင်ရွက်ချက်များ အားလုံးကို မှတ်သားထားသည့် စာရင်းနှင့် မှတ်တမ်းများကို နိုင်ငံတော် အတွင်း ထိန်းသိမ်းထားရှိရမည်။

(ခ) အခွန်ထမ်းသည် ပုဒ်မခွဲ (က) တွင် ဖော်ပြထားသည့် မှတ်တမ်းနှင့် စာရင်းများအပြင် ယင်းမှတ်တမ်းနှင့် စာရင်းများရေးသွင်းရာတွင် အသုံးပြုခဲ့ သည့် မူလအထောက်အထား အချက်အလက်များနှင့်  အခြေခံအထောက် အထား အချက်အလက်များကို ထိန်းသိမ်းထား ရှိရမည်။

(ဂ) အခွန်ဥပဒေတစ်ရပ်ရပ်အရ လုပ်ဆောင်ချက်တစ်ခု၏ မှတ်တမ်းများကို ပြုစုရန် သို့မဟုတ် ထိန်းသိမ်းရန်လိုအပ်သည့်ပုဂ္ဂိုလ်သည် လုပ်ငန်းနှင့် သက်ဆိုင် သည့် အထောက်အထား အချက်အလက်များကို-

(၁) လုပ်ဆောင်ချက်တစ်ခုကို ပြုလုပ်သည့်နေ့မှစ၍ ခုနစ်နှစ်ကြာမြင့်သည့် ကာလအထိ ထိန်းသိမ်းထားရမည်။

(၂) ခုနစ်နှစ်ထက်ပိုမိုကြာမြင့်သည့်ကိစ္စဖြစ်ပါက ယင်းမှတ်တမ်းများနှင့် သက်ဆိုင်သည့် အခွန်ကာလတစ်ရပ်အတွက် အခွန်စည်းကြပ်ရန် ကာလ စည်းကမ်းသတ်ကုန်ဆုံးသည်အထိ ထိန်းသိမ်းထားရမည်။

(ဃ) ပုဂ္ဂိုလ်တစ်ဦးသည် ဤပုဒ်မအရ လိုအပ်သည့် မှတ်တမ်းနှင့် စာရင်းများကို မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာမဟုတ်သည့် အခြားဘာသာဖြင့် ပြုစုထားပါက ညွှန်ကြားရေးမှူးချုပ်က ဘာသာပြန်ဆို ပေးရန် တောင်းဆိုသည့်အခါ ယင်းပုဂ္ဂိုလ်၏ စရိတ်ဖြင့် မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာ ပြန်ဆိုချက် ကို ပေးအပ်ရမည်။

(င) ဘဏ္ဍာရေးရှင်းတမ်းများ၊ ငွေတောင်းခံလွှာများ၊ မူလမှတ်တမ်း ရေးသွင်းသည့်စာအုပ်များ၊ အခွန်ထမ်းနှင့် ဦးစီးဌာနအကြားရေးသား ဆက်သွယ်သည့် စာများအားလုံးကို မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ် ဘာသာဖြင့် ရေးသားရမည်။

(စ) ဤပုဒ်မပါ မူလအထောက်အထား အချက်အလက်များဆိုရာတွင် အောက်ပါတို့ ပါဝင်သည်-

(၁) အရောင်းနှင့် အဝယ်ငွေတောင်းခံလွှာများ၊ တန်ဖိုးတွက်ချက်သည့် စာတမ်း အမှတ်အသားများ၊ ကြိုတင်မှာကြားချက်များ၊ နေ့စဉ်မှတ်တမ်းများ၊ အဝယ်မှာ ကြားလွှာများ၊ ကုန်စည်ပေးပို့မှုမှတ်တမ်းများ၊ ဘဏ်ရှင်းတမ်းများ၊ ပဋိညာဉ် စာချုပ်များ နှင့် လုပ်ဆောင်ချက်တစ်ခု၏ အစိတ်အပိုင်းတစ်ရပ်နှင့် သက်ဆိုင်သည့် အခြား စာတမ်း အမှတ်အသားများ၊

(၂) အခွန်ဥပဒေတစ်ရပ်ရပ်အလို့ငှာ ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ထုတ်ပေး သည့် သို့မဟုတ် လက်ခံရရှိသည့် ပြေစာ၊ မြီစားမှတ်စု သို့မဟုတ် မြီရှင်မှတ်စုများ အားလုံး၏ မိတ္တူများ၊ တင်ပို့ခြင်း သို့မဟုတ် တင်သွင်း ခြင်းဆိုင်ရာ အကောက်ခွန်ဦးစီးဌာန၏ အထောက်အထားများအားလုံး၊ ထုတ်လုပ်သူ၊ ဝန်ဆောင်မှု ဆောင်ရွက်သူ သို့မဟုတ် တင်သွင်းသူနှင့် လက်ခံသူကို သတ်မှတ်ဖော်ပြနိုင်မည့် စာဖြင့်ရေးသားထားသည့် လုံလောက် သောအထောက်အထား၊ ပေးအပ်သည့်ကုန်စည်များ သို့မဟုတ် ဝန်ဆောင်မှုများ၏ သဘောသဘာဝနှင့် အရေအတွက်၊ ပေးအပ်သည့် အချိန်၊ ပေးအပ်သည့် နေရာ၊ ပေးအပ်မှုအတွက် ထည့်သွင်းစဉ်းစား ရန်အချက်များ၊ လက်ခံရရှိသူမှ သီးသန့်ရည်ရွယ်ချက်များအလိုက် အသုံးပြုပြီးသည့် ပေးအပ်ထားသော ကုန်စည်၏ ပမာဏအတိုင်းအတာတို့ကို ပြသနိုင်မည့် စာဖြင့် ရေးသားထားသည့် လုံလောက်သော အထောက်အထား။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၀ ၂၁

ဘဏ် သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုခုသည် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုရယူသူ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြချက်နှင့် အခွန်ထမ်း မှတ်ပုံတင်အမှတ်တို့အပါအဝင် ယင်းနှင့် သက်ဆိုင်သည့် လုပ်ဆောင်ချက် အားလုံး အတွက် မှတ်တမ်းထားရှိရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁ ၂၂ (က)

(က) အခွန်ထမ်းတိုင်းသည် အခွန်ဥပဒေတစ်ရပ်ရပ်အရ လိုအပ်ပါက အဆိုပါ ဥပဒေတွင် သတ်မှတ်သည့်အချိန်အတွင်း သတ်မှတ်ထားသည့်နေရာ၌သော် လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်က တောင်းဆိုသည့်အတိုင်းသော် လည်းကောင်း ပုဒ်မခွဲ (ခ) ပါ သတ်မှတ်ချက် များနှင့်အညီ ညွှန်ကြား ရေးမှူးချုပ် ထံသို့ အခွန်ကြေညာလွှာကို တင်သွင်းရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၂ ၂၂ (ဃ)

(ဃ) အခွန်ထမ်းသည် အခွန်ကြေညာလွှာ၏ မှန်ကန်တိကျမှုနှင့် ပြည့်စုံမှုကို တာဝန်ခံရမည်။ သို့ရာတွင် အခွန်ထမ်းတစ်ဦးသည် ဥပဒေအရ မစွမ်းဆောင် နိုင်သူဖြစ်ပါက အခွန်ထမ်း၏ တရားဝင်ကိုယ်စားပြုသူသည် အခွန်ကြေညာ လွှာ၏ မှန်ကန်တိကျမှုနှင့် ပြည့်စုံမှုကို တာဝန်ခံရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၃ ၂၂ (င)

(င) အခွန်ကြေညာလွှာ သို့မဟုတ် အခွန်ကြေညာလွှာ၏ တစ်စိတ်တစ်ပိုင်း ကို အခြားပုဂ္ဂိုလ်တစ်ဦးက အခကြေးငွေရယူ၍ ပြင်ဆင်ပေးရခြင်းဖြစ်ပါက ယင်းပုဂ္ဂိုလ်ကလည်း အခွန် ကြေညာလွှာတွင် လက်မှတ်ရေးထိုးရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၄ ၂၄ (ခ)

(ခ) ပုဒ်မခွဲ (က) အရ ကြေညာလွှာ တင်သွင်းရန် သတ်မှတ်ထားသည့် အချိန်ကာလကို တိုးမြှင့်ပေးသော်လည်း အခွန်ပေးဆောင်ရန် သတ်မှတ်ရက် ကို သီးခြားတိုးမြှင့်ခွင့်ပြုပေးခြင်းမရှိပါက ကြေညာလွှာတင်သွင်းရန် အချိန် တိုးမြှင့်ပေးခြင်းသည် အခွန်ပေးဆောင်ရမည့် သတ်မှတ်နေ့ရက်အပေါ် သက်ရောက်မှု မရှိစေရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၅ ၂၅ (က) (ခ) (ဂ) (ဃ)

(က) တာဝန်ခံအရာရှိသည် လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်လွှဲအပ်ထားသည့် ရည်ရွယ်ချက်တစ်ခုခုအလို့ငှာ တာဝန်တစ်ရပ်ရပ်ကို ထမ်းဆောင်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်း ပရဝဏ်အတွင်းသို့ဖြစ်စေ၊ အများပြည်သူတို့ ဝင်ထွက် သွားလာနိုင်သောနေရာသို့ဖြစ်စေ အောက်ပါအချိန်တစ်ရပ်ရပ်တွင် ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ ဝင်ရောက်ခြင်း၊ ရှာဖွေခြင်း၊ စစ်ဆေးခြင်း ပြုနိုင်သည်-

(၁) ပုံမှန်အလုပ်ချိန်အတွင်း၊

(၂) ညွှန်ကြားရေးမှူးချုပ်၏ လျှောက်ထားချက်အရ သက်ဆိုင်ရာမြို့နယ် တရားရုံးမှ တရားသူကြီးက စာဖြင့် ရေးသားခွင့်ပြုသော အချိန်တစ်ရပ်ရပ် အတွင်း။

(ခ) တာဝန်ခံအရာရှိသည် လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်လွှဲအပ်ထားသည့် ရည်ရွယ်ချက်တစ်ခုခု အလို့ငှာတာဝန် တစ်ရပ်ရပ်ကို ထမ်းဆောင်ရေးအတွက် အခွန်ထမ်း၏ နေအိမ် အတွင်းသို့ဖြစ်စေ၊ ပုဒ်မခွဲ (က) တွင် ဖော်ပြထားခြင်း မရှိသော အခြားပရဝဏ်အတွင်းသို့ဖြစ်စေ အောက်ပါနည်းလမ်းတစ်ရပ်ရပ် ဖြင့် ဝင်ရောက်ခြင်း၊ ရှာဖွေခြင်း၊ စစ်ဆေးခြင်း ပြုနိုင်သည်-

(၁) အခွန်ထမ်း၏ သဘောတူခွင့်ပြုချက်ဖြင့်၊

(၂) ပရဝဏ်အတွင်းသို့ ဝင်ရောက်ရန်လိုအပ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ၏လျှောက်ထားချက်အရ ာသက်ဆိုင်ရာ မြို့နယ်တရားရုံးမှ တရားသူကြီးက စာဖြင့် ရေးသား ဖော်ပြထားသေ အချိန်နှင့် ခွင့်ပြုထား သောနည်းလမ်း။

(ဂ) တာဝန်ခံအရာရှိသည် အောက်ပါအချက်တစ်ရပ်ရပ်နှင့်ကိုက်ညီပါက သီးခြားပြဋ္ဌာန်းထားခြင်းမရှိသည့် အခွန်ထမ်းပိုင်ဆိုင်သည့် မည်သည့်ပစ္စည်း ကို မဆိုဝင်ရောက်ကြည့်ရှု စစ်ဆေးခြင်း၊ ရှာဖွေခြင်း၊ တိုင်းတာခြင်းနှင့် ကာလ တန်ဖိုး သတ်မှတ်ခြင်းတို့ ပြုလုပ်နိုင် သည်-

(၁) အခွန်ထမ်း၏ သဘောတူခွင့်ပြုချက်ရရှိခြင်း၊

(၂) အနည်းဆုံး ၂၄ နာရီ ကြိုတင်၍ စာဖြင့် အကြောင်းကြားခြင်း။

(ဃ) တာဝန်ခံအရာရှိသည် နေအိမ် သို့မဟုတ် ပရဝဏ်အတွင်း ပုဒ်မခွဲ (က)၊ ပုဒ်မခွဲ (ခ) သို့မဟုတ် ပုဒ်မခွဲ (ဂ) အရ ဥပဒေနှင့်အညီ ဝင်ရောက်ခြင်း၊ ရှာဖွေခြင်း၊ စစ်ဆေးခြင်းပြုရာ တွင် အောက်ပါတို့ကို ပြုလုပ်နိုင်သည်-

(၁) စာတမ်းအမှတ်အသားတစ်ခုခုကို မိတ္တူကူးယူခြင်း၊

(၂) လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်လွှဲအပ်ထားသည့် ရည်ရွယ်ချက်နှင့် ဆီလျော်မှုရှိသည်ဟု အထောက်အထား တစ်စုံတစ်ရာတွေ့ရှိပါက စာတမ်း အမှတ်အသား သို့မဟုတ် အခြားအရာ တစ်ခုခုကို လိုအပ်ပါက သိမ်းယူခြင်း၊

(၃) စာတမ်းအမှတ်အသား သို့မဟုတ် အခြားအရာတစ်ခုခုကို မှတ်မိစေရန် တံဆိပ်အမှတ်အသားများ ရိုက်နှိပ်ခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၆ ၂၅ (ဆ)

(ဆ) ဤပုဒ်မပါ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်အရ သိမ်းဆည်းထားသည့် စာတမ်းအမှတ်အသား၏ တာဝန်ခံမိတ္တူကို တရားရုံးတွင် သက်သေခံ တင်ပြခွင့်ရှိပြီး ယင်းသည် မူရင်းစာတမ်း အမှတ်အသားကဲ့သို့ သက်သေခံ တန်ဖိုးရှိသည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၇ ၂၅ (ဈ)

(ဈ) ဤပုဒ်မအရ တာဝန်ခံအရာရှိ သို့မဟုတ် ညွှန်ကြားရေးမှူးချုပ်က တောင်းခံခဲ့သော စာတမ်းအမှတ်အသားများကို အခွန်ထမ်း သို့မဟုတ် အခြား ပုဂ္ဂိုလ်တစ်ဦးဦးက ပေးအပ်ရန်ပျက်ကွက်ခဲ့လျှင် ယင်းအခွန်ထမ်း သို့မဟုတ် ယင်းပုဂ္ဂိုလ်က အခွန်စည်းကြပ်မှုအပေါ် အငြင်းပွားသည့် စစ်ဆေးစီရင်မှု တစ်ခုခုတွင် ညွှန်ကြားရေးမှူးချုပ်၏ သဘောတူညီချက်မရဘဲ အဆိုပါ စာတမ်းအမှတ်အသားများကို သက်သေခံအဖြစ် တင်သွင်းခွင့်မရှိစေရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၈ ၂၅ (ဏ)

(ဏ) ဤပုဒ်မအရ ဆောင်ရွက်သော တာဝန်ခံအရာရှိ သို့မဟုတ် ညွှန်ကြား ရေးမှူးချုပ်ကို သက်ဆိုင်ရာလုပ်ငန်းပရဝဏ် သို့မဟုတ် နေရာ၏ပိုင်ရှင် ကသော်လည်းကောင်း၊ ဥပဒေနှင့်အညီ လက်ရှိဖြစ်သူကသော်လည်းကောင်း ရုံးလုပ်ငန်း ဆောင်ရွက်ရန် ထိုက်သင့်သည့် နေရာ၊ အသုံးအဆောင်နှင့် အကူအညီများ ပေးအပ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၉ ၂၇ (ဂ)

(ဂ) အခွန်ထမ်းတစ်ဦးက အခွန်ကြေညာလွှာကို သတ်မှတ်ထားသည့် အတိုင်း တင်သွင်းရန် ပျက်ကွက်ခြင်း သို့မဟုတ် ပြည့်စုံအောင်ဆောင် ရွက်ခြင်းမရှိပါက ညွှန်ကြားရေးမှူးချုပ်သည် ယင်းနှင့်ပတ်သက်သည့် ရရှိနိုင်သည့် သတင်း အချက်အလက် အထောက်အထားများအပေါ်တွင် အခြေခံလျက် ပေးဆောင်ရမည့် အခွန်ပမာဏကို စည်းကြပ်မှု ပြုလုပ် နိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၀ ၂၇ (စ)

(စ) အခွန်ထမ်းသည် အခွန်ဥပဒေ တစ်ရပ်ရပ်အရ အခွန်ပေးဆောင်ရမည့် သတ်မှတ်ရက်မတိုင်မီ နိုင်ငံတော်မှ ထွက်ခွာသွားနိုင်သည်ဟု ညွှန်ကြား ရေးမှူးချုပ်က အထောက်အထားတစ်စုံတစ်ရာတွေ့ရှိလျှင် ညွှန်ကြားရေးမှူး ချုပ်မှ ယင်းပုဂ္ဂိုလ်အား ပေးအပ်ထားသည့် အကြောင်းကြားစာတွင် ဖော်ပြ ထားသည့် ရက်စွဲသည် ယင်းအခွန်ကို ပေးဆောင်ရန် သတ်မှတ်သည့် နေ့ဖြစ်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၁ ၂၈ (ခ)

(ခ) အခွန်ထမ်းက စာရင်းများနှင့် မှတ်တမ်းများ ထိန်းသိမ်းထားရှိရန် သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင်သော် လည်းကောင်း၊ မမှန်ကန်သော သတင်းအချက်အလက်များတင်ပြခဲ့လျှင် သော်လည်းကောင်း ညွှန်ကြားရေးမှူးချုပ်သည် ရရှိနိုင်သော သတင်းအချက် အလက်နှင့် အထောက်အထားများကို အခြေပြု၍ အကောင်းဆုံး ချင့်ချိန် ဆုံးဖြတ်မှုဖြင့် စည်းကြပ်မှုအသစ် သို့မဟုတ် ပြင်ဆင်စည်းကြပ်မှုပြုနိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၂ ၂၈ (ဂ)

(ဂ) အခွန်ထမ်းက ပုဒ်မ ၂၂၊ ပုဒ်မခွဲ (ဂ) အရ ပြင်ဆင်ထားသော အခွန် ကြေညာလွှာတစ်ရပ်ကို တင်သွင်းလာသည့်အခါ မူလစည်းကြပ်မှုမှာ မမှန်ကန်သော သတင်းအချက်အလက်အပေါ် အခြေခံကြောင်း အထောက် အထား တစ်စုံတစ်ရာတွေ့ရှိရပါက ညွှန်ကြားရေးမှူးချုပ်သည် မူလစည်းကြပ် မှုကိုပယ်ဖျက်၍ စည်းကြပ်မှုအသစ် သို့မဟုတ် ပြင်ဆင်စည်းကြပ်မှုကို ဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၃ ၂၉ (က) (ခ)

(က) ညွှန်ကြားရေးမှူးချုပ်သည် စည်းကြပ်မှုအသစ် သို့မဟုတ် ပြင်ဆင် စည်းကြပ်မှုအပါအဝင် စည်းကြပ်မှုတစ်ခုခုကို စည်းကြပ်မှုနှင့်စပ်လျဉ်းသည့် သက်ဆိုင်ရာ အခွန်ကာလကုန်ဆုံးပြီး ခြောက်နှစ်အတွင်း ဆောင်ရွက်ခွင့်ရှိ သည်။

(ခ) အောက်ပါစည်းကြပ်မှု တစ်ရပ်ရပ်တွင် စည်းကြပ်မှုနှင့်စပ်လျဉ်းသည့် သက်ဆိုင်ရာ အခွန်ကာလ ကုန်ဆုံးပြီး ၁၂ နှစ်အတွင်း စည်းကြပ်မှုအသစ် သို့မဟုတ် ပြင်ဆင်စည်းကြပ်မှုပြုနိုင်သည်-

(၁) ပုဒ်မ ၂၇၊ ပုဒ်မခွဲ (ဂ) အရ စည်းကြပ်မှု၊

(၂) မူလစည်းကြပ်မှုသည် အခွန်ထမ်း၏ လိမ်လည်လှည့်ဖြားမှုကြောင့် သို့မဟုတ် တမင်လျစ်လျူရှုမှုကြောင့် မမှန်ကန်သော သတင်းအချက်အလက် အပေါ် အခြေခံ၍ ပြုလုပ်ခဲ့ရခြင်းဖြစ်ပါက ပုဒ်မ ၂၈၊ ပုဒ်မခွဲ (က) အရ စည်းကြပ်မှု။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၄ ၃၄ (ခ)

(ခ) အခွန်ထမ်းသည် ဆုံးဖြတ်ချက်နှင့်စပ်လျဉ်းသည့် အကြောင်းကြားစာ လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း စီမံအုပ်ချုပ်မှု နည်းလမ်းအရ ပြန်လည်သုံးသပ်ပေးရန် အသေးစိတ်အကြောင်းပြချက်များကို ဖော်ပြလျက် ညွှန်ကြားရေးမှူးချုပ်ထံ လျှောက်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၅ ၃၇ (က)

(က) အခွန်ထမ်းက စည်းကြပ်မှုအပေါ် စီမံအုပ်ချုပ်မှုနည်းလမ်းအရ ပြန်လည် သုံးသပ်ရန် လျှောက်ထားခြင်း သို့မဟုတ် အယူခံလျှောက်ထားခြင်း ပြုသော်လည်း ညွှန်ကြားရေးမှူးချုပ်က ပုဒ်မ ၄၄ အရ အခွန်ပေးဆောင် ရမည့်အချိန်ကို တိုးမြှင့်ပေးခြင်းမရှိလျှင် အခွန်ထမ်းသည် အငြင်းပွားမှုမရှိ သော အခွန်ပမာဏများကို ပေးသွင်းမြဲပေးသွင်းရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၆ ၄၀ (က) (ခ) (ဂ)

(က) အခွန်ပေးဆောင်ရန် တာဝန်ရှိသူတိုင်းသည် အခွန်ဥပဒေတစ်ရပ် ရပ်အရ သတ်မှတ်ထား သည့် အချိန်ကာလတွင် အခွန်ကို ပေးဆောင်ရမည်။

(ခ) ပုဒ်မခွဲ (က) နှင့် မဆန့်ကျင်စေဘဲ အခွန်ပမာဏကို စည်းကြပ်မှု အကြောင်း ကြားစာတွင် ဖော်ပြထားသည့် နေ့ရက်တွင်သော်လည်းကောင်း၊ ပုဒ်မ ၂၇၊ ပုဒ်မခွဲ (င) အရ သို့မဟုတ် ပုဒ်မ ၂၉၊ ပုဒ်မခွဲ (ဂ) အရ စေ့ရောက်ကြောင်း သတ်မှတ် ဖော်ပြထားသည်ဟု မှတ်ယူရမည့်နေ့ရက်တွင် သော်လည်းကောင်း ပေးဆောင်ရမည်။

(ဂ) ညွှန်ကြားရေးမှူးချုပ်က သတ်မှတ်သည့်နေရာနှင့် နည်းလမ်းအတိုင်း အခွန်ကို ပေးဆောင် ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၇ ၄၁ (ဂ)

(ဂ) ပုဂ္ဂိုလ်တစ်ဦး၏ ကိုယ်စားပြုသူတိုင်းသည် အခွန်ပေးဆောင်ခြင်း အပါအဝင် ယင်းပုဂ္ဂိုလ်အပေါ် ဤဥပဒေအရ သတ်မှတ်ထားသည့် တာဝန်များ သို့မဟုတ် ဝတ္တရား များကို ဆောင်ရွက်ရန်တာဝန်ရှိသည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၈ ၄၅ (ဂ)

(ဂ) အခွန်ထမ်းသည် ညွှန်ကြားရေးမှူးချုပ်ထံမှ ဤပုဒ်မအရ အကြောင်း ကြားစာကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အခွန်ပေးဆောင်ရန် ပျက်ကွက်ပါက မပေးဆောင်သည့်အခွန်ကိုမပြေကျန်ငွေအဖြစ်လည်းကောင်း၊ ယင်းအခွန်ထမ်းအား ပျက်ကွက်သူ အဖြစ် လည်းကောင်း သတ်မှတ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၉ ၄၆ (က)

(က) အခွန်ထမ်းက ပေးဆောင်ရန်ရှိသည့် အခွန်နှင့်စပ်လျဉ်း၍ အခွန် တစ်ရပ်ချင်းစီအလိုက် အောက်ပါအစီအစဉ်အတိုင်း ပေးဆောင်ရမည်-

(၁) ဒဏ်ကြေးငွေများ၊

(၂) အတိုး၊

(၃) ပင်မအခွန်ပမာဏ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၀ ၄၇

အခွန်ဥပဒေတစ်ရပ်ရပ်တွင် သီးခြားပြဋ္ဌာန်းထားခြင်းမရှိလျှင် အခွန်နှင့် ပြန်အမ်းငွေတို့ကို ကျပ်ငွေဖြင့် ပေးသွင်းခြင်း သို့မဟုတ် ပြန်အမ်းခြင်း ပြုရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၁ ၄၉ (က) (ခ)

(က) အခွန်ပမာဏတစ်ရပ်ကို သတ်မှတ်ရက်တွင် ပေးဆောင်ခဲ့ခြင်းမရှိပါက အခွန်ထမ်းသည် ပေးဆောင်ရမည့် သတ်မှတ်ရက်မှအစပြု၍ အခွန်ပေးဆောင် သည့်နေ့ရက်အထိ ကာလအတွက်ယင်းပမာဏ အပေါ်အတိုးပေးဆောင်ရမည်။

(ခ) စည်းကြပ်မှုအသစ် သို့မဟုတ် ပြင်ဆင်စည်းကြပ်မှုအရ အခွန် ပေးဆောင် ရမည့်ကိစ္စတွင်အတိုးကို အခွန်ပေးဆောင်ရမည့်မူလသတ်မှတ် ရက်မှ စတင် တွက်ချက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၂ ၅၁

ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အတိုးနှုန်း သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်းတို့ကို အမိန့်ကြော်ငြာစာ ထုတ်ပြန် သတ်မှတ်နိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၃ ၅၃ (က) (ခ)

(က) အခွန်ထမ်းကို ပျက်ကွက်သူဟု သတ်မှတ်သည့် နေ့ရက်မှစတင်၍ ခြောက်နှစ်အတွင်း ဤအခန်းပါ ဥပဒေကြောင်းအရ အရကောက်ခံမှု နည်းလမ်း များကို စတင်ဆောင်ရွက် ရမည်။

(ခ) ပုဒ်မခွဲ (က) နှင့်မဆန့်ကျင်စေဘဲ မပေးဆောင်ရသေးသော အခွန်၊ အတိုး သို့မဟုတ် ဒဏ်ကြေးငွေကို အရကောက်ခံရန် ဤဥပဒေအရ ဆောင်ရွက်ချက် တစ်ခုခုအပေါ် ကာလစည်းကမ်းသတ်နှင့် ပတ်သက်သည့် မည်သည့်ဥပဒေ ပြဋ္ဌာန်းချက်ကမျှ ဟန့်တားမှု သို့မဟုတ် သက်ရောက်မှု မရှိစေရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၄ ၅၅ (က) (ခ)

(က) တရားဝင်ရပ်တည်မှုရှိသည့် ပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂိုလ်စု တစ်ခုသည် အခွန်ကို အချိန်မီ ပေးဆောင်ရန်ပျက်ကွက်ခဲ့လျှင် ယင်းပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂိုလ်စု၏ မန်နေဂျာ သို့မဟုတ် မည်သည့်အချိန်တွင်မဆို မန်နေဂျာအဖြစ် ဆောင်ရွက်ခဲ့ဖူးသူ တစ်ဦးချင်းသည် သက်ဆိုင်မှုရှိသည့်အချိန်မှစတင်၍ ယင်းပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂိုလ်စုအပြင် အခြားအလားတူ ပုဂ္ဂိုလ်တစ်ဦး ချင်းစီနှင့် ပူးတွဲ၍သာမက ကိုယ်စီကိုယ်ငှလည်း အခွန်ပေးဆောင်ရန် တာဝန်ရှိသည်။ 

(ခ) ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်သည် ယင်းတရားဝင်ရပ်တည်မှုရှိသည့် ပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂိုလ်စုအနေဖြင့် ဆက်လက်တည်ရှိခြင်းမရှိစေကာမူ သက်ရောက်မှု ရှိသည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၅ ၅၅ (ဇ) (၂)

ဤပုဒ်မအရ 

(၂) သက်ဆိုင်မှုရှိသည့်အချိန်ဆိုသည်မှာ တရားဝင်ရပ်တည်မှုရှိသည့် ပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂိုလ်စု၏ အခွန်တာဝန်တစ်ရပ်ရပ်ကို ပေါ်ပေါက်စေသော အကြောင်းခြင်းရာများမတိုင်မီ ခြောက်လကာလကို ဆိုသည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၆ ၅၇ (က) (ခ)

(က) အခွန်ထမ်းသည် အခွန်ကို သတ်မှတ်ရက်တွင် ပေးဆောင်ရန် ပျက်ကွက်ပါက အဆင့်ဆင့် တိုးပွားလာနိုင်သည့်အတိုး၊ ဒဏ်ကြေးငွေနှင့် ကောက်ခံရသည့် ကုန်ကျစရိတ်တို့ အပါအဝင်ဖြစ်သည့်  အခွန်ထမ်းပေး ဆောင်ရမည့်ပမာဏနှင့် အညီဖြစ်သော အခွန်ထမ်းပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာ များကို ညွှန်ကြားရေးမှူးချုပ်က လက်ဝယ်ထိန်းသိမ်းထားပိုင်ခွင့်ရှိပြီး ယင်းသည် ဤပုဒ်မတွင် အခြားနည်းအားဖြင့် ဖော်ပြထားခြင်းမှအပ အခြား အခွင့်အရေး အားလုံးထက် ဦးစားပေး အဆင့်တွင် ရှိရမည်။

(ခ) ပုဒ်မခွဲ (က) တွင် ဖော်ပြပါအကြွေးမကျေမီပစ္စည်းကို လက်ဝယ် ထိန်းသိမ်းထားပိုင်ခွင့်သည် အခွန်ပေးဆောင်ရန် သတ်မှတ်ရက်ကုန်ဆုံးသည့် ညသန်းခေါင်ယံအချိန်မှ စတင်ပေါ်ပေါက်ပြီး အခွန်ကိုအကျေပေး ဆောင်ပြီးသည့် အချိန်အထိ လည်းကောင်း၊ အချိန်ကျော်လွန်သွားခြင်း ကြောင့် အာဏာသက်ရောက်ခြင်း မရှိတော့သည်အထိလည်းကောင်း ဆက်လက်တည်မြဲစေရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၇ ၅၈ (က) (ခ)

(က) အခွန်ထမ်းသည် အခွန်ပေးဆောင်ရန် ပျက်ကွက်ပါက ညွှန်ကြား ရေးမှူးချုပ်သည် အခွန်ထမ်း၏ ပစ္စည်းကို သိမ်းဆည်းနိုင်သည်။ သို့ရာတွင် ပုဒ်မ ၅၇၊ ပုဒ်မခွဲ (ဆ) အရ ဆုံးဖြတ်သည့်အခါမှတစ်ပါး ညွှန်ကြား ရေးမှူးချုပ်သည် အခွန်ထမ်း၏ပစ္စည်းကို သိမ်းဆည်းမည်ဖြစ်ကြောင်း အကြောင်းကြားစာပေးပို့ပြီး ရက်ပေါင်း ၃၀ အတွင်း အခွန်ပေးဆောင်ရန် ပျက်ကွက်မှသာလျှင် ညွှန်ကြား ရေးမှူးချုပ်က ပစ္စည်းသိမ်းဆည်းခြင်းကို ဆက်လက်ဆောင်ရွက်နိုင်သည်။

(ခ) အခွန်ကောက်ခံရာ၌ ဆုံးရှုံးမှုရှိနိုင်သည်ဟု အထောက်အထား တစ်စုံတစ်ရာ တွေ့ရှိပါက ညွှန်ကြားရေးမှူးချုပ်သည် အခွန်ကိုချက်ချင်းပေး ဆောင်စေရန် တောင်းခံ နိုင်ပြီး အခွန်ထမ်းကပေးဆောင်ရန်ပျက်ကွက်ပါက ပုဒ်မ ၄၅၊ ပုဒ်မခွဲ (ဂ) တွင် မည်သို့ပင်ဆိုစေကာမူ အခွန်ထမ်း၏ ပစ္စည်း သိမ်းဆည်းခြင်းကို ချက်ချင်းဆောင်ရွက်နိုင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၈ ၅၈ (စ)

(စ) ဤပုဒ်မအရ ပစ္စည်းသိမ်းဆည်းခြင်းကို အခွန်ထမ်းက အခွန် ပေးဆောင်ရန် ပျက်ကွက်ကြောင်း သတ်မှတ်ခံရသည့်နေ့ရက်မှ ခြောက်နှစ် အတွင်း စတင်ဆောင်ရွက် ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၉ ၆၀ (ခ)

(ခ) ကြွေးမြီရှိသူ တတိယပုဂ္ဂိုလ်သည် အကြောင်းကြားစာကိုလက်ခံရရှိ လျှင် (အကြောင်းကြားစာတွင်ဖော်ပြထားသည့်နေ့ရက်တွင် နောက်ဆုံးထား၍ အခွန်ထမ်း၏ကိုယ်စား အခွန်ထမ်း၏အမည်ဖြင့်) အောက်ပါတို့အနက် နည်းရာပမာဏထက် မကျော်လွန် သောပမာဏကို ညွှန်ကြားရေးမှူးချုပ်ထံ ပေးဆောင်ရမည်-

(၁) အခွန်ထမ်းပေးဆောင်ရန် ပျက်ကွက်သည့်ပမာဏ၊

(၂) ကြွေးမြီရှိသူ တတိယပုဂ္ဂိုလ်က အခွန်ထမ်းအားပေးဆပ်ရန်ရှိသည့် ငွေကြေး ပမာဏ၊

(၃) အကြောင်းကြားစာတွင် ဖော်ပြထားသောပမာဏ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၀ ၆၄ (စ) (ဆ) (ဇ)

(စ) ဒဏ်ကြေးငွေစည်းကြပ်မှုအကြောင်းကြားစာကို ဒဏ်ကြေးငွေပေးဆောင် ရမည့် ပုဂ္ဂိုလ်ထံသို့ ပေးပို့အတည်ပြုရမည်ဖြစ်ပြီး ပေးဆောင်ရမည့် ဒဏ်ကြေးငွေ ပမာဏ၊ ဒဏ်ကြေးငွေတပ်ရိုက်သည့် ဥပဒေပုဒ်မနှင့် ပေးဆောင်ရမည့် သတ်မှတ်ရက်တို့ကို ဖော်ပြရမည်။ ထိုသို့ အကြောင်းကြားစာ ပေးပို့အတည်ပြု ရာတွင်-

(၁) ဒဏ်ကြေးငွေပေးဆောင်ရန် အကြောင်းကြားခြင်းနှင့် စည်းကြပ်မှု ပြုခြင်းသည် ဤဥပဒေအရ ပေးဆောင်ရမည့်အခွန်ကို အကြောင်းကြားခြင်း နှင့် စည်းကြပ်မှု ပြုခြင်း ကဲ့သို့ မှတ်ယူရမည်၊

(၂) အကြောင်းကြားစာတွင် ဖော်ပြထားသည့် ဒဏ်ကြေးငွေပမာဏကို  ဤဥပဒေအရ ပေးဆောင်ရမည့် အခွန်ကဲ့သို့ မှတ်ယူရမည်၊

(၃) ပေးဆောင်ရမည့် သတ်မှတ်ရက်သည် အကြောင်းကြားစာတွင် ဖော်ပြ ထားသည့် ရက်ဖြစ်သည်။

(ဆ) ပုဂ္ဂိုလ်တစ်ဦး၏ ဒဏ်ကြေးငွေပေးဆောင်ရမည့် တာဝန်သည် ပုဒ်မခွဲ (စ) အရ ညွှန်ကြားရေးမှူးချုပ်က စည်းကြပ်မှုပြုလုပ်ချိန်မှ စတင်ပေါ်ပေါက်သည်။

(ဇ) ဒဏ်ကြေးငွေစည်းကြပ်ရန် ကာလစည်းကမ်းသတ်သည် ဒဏ်ကြေးငွေ ကျသင့်စေသည့် ချိုးဖောက်မှုဖြစ်ပွားပြီးနောက် ခုနစ်နှစ်ဖြစ်သည်။ သို့ရာတွင် ချိုးဖောက်မှုတွင် အခွန်ထမ်းကလိမ်လည်၍ သို့မဟုတ် တမင်လျစ်လျူရှု၍ မမှန်ကန်သော သတင်းအချက်အလက်များပေးအပ်ခြင်းပါဝင်ပါက ဒဏ်ကြေး ငွေ စည်းကြပ်ရန် ကာလစည်း ကမ်းသတ်သည် ၁၂ နှစ်ဖြစ်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၁ ၆၄ (ည)

(ည) ကိစ္စရပ်တစ်ခုပေါ်ပေါက်သည့် သို့မဟုတ် ဆက်လက်တည်ရှိနေသည့် ရက်၊ လ သို့မဟုတ် အခြားကာလတစ်ရပ်အတွက် ပေးဆောင်ရမည့် ဒဏ်ကြေးငွေကို ယင်းကိစ္စရပ် စတင်ပေါ်ပေါက်သည့် သို့မဟုတ် ဆက်လက် တည်ရှိနေသည့် သို့မဟုတ် ပြီးဆုံးသည့် ရက်၊ လ သို့မဟုတ် အခြားကာလ တစ်ရပ်၏ အစိတ် အပိုင်းအတွက် အပြည့်ပေးဆောင်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၂ ၆၅

မည်သူမဆို အောက်ပါပျက်ကွက်မှုတစ်ရပ်ရပ်ကို ကျူးလွန်ပါက ပေးဆောင်ရ မည့်အခွန်၏ ၁၀ ရာခိုင်နှုန်းနှင့် ညီမျှသော ဒဏ်ကြေးငွေကို ပေးဆောင်ရမည်-

(က) အခွန်ဥပဒေတစ်ရပ်ရပ်နှင့်အညီ မှတ်ပုံတင်ရန် ပျက်ကွက်ခြင်း၊

(ခ) ပုဒ်မ ၉၊ ပုဒ်မခွဲ (စ) နှင့် ပုဒ်မခွဲ (ဆ) တို့အရ အခွန်ထမ်းဆိုင်ရာ သတင်း အချက်အလက်ပြောင်းလဲမှုကို ညွှန်ကြားရေးမှူးချုပ်သို့ အကြောင်းကြားရန် ပျက်ကွက်ခြင်း၊

(ဂ) အခွန်ဥပဒေတစ်ရပ်ရပ်အရ အခွန်ထမ်းမှတ်ပုံတင်ပယ်ဖျက်ခြင်းကို ဥပဒေ နှင့် အညီ လျှောက်ထားရန် ပျက်ကွက်ခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၃ ၆၆ (က)

(က) မည်သူမဆို အောက်ပါကျူးလွန်မှုတစ်ရပ်ရပ်ကို ပြုလုပ်ပါက ကျပ် နှစ်သိန်း ငါးသောင်း ထက်မပိုသော ဒဏ်ကြေးငွေပေးဆောင်ရမည်-

(၁) မမှန်ကန်သော သို့မဟုတ် ယင်းနှင့် မသက်ဆိုင်သည့် အခွန်ထမ်း မှတ်ပုံတင် အမှတ်ကို အသုံးပြုခြင်း၊

(၂) မမှန်ကန်သော ငွေတောင်းခံလွှာ သို့မဟုတ် အရောင်းပြေစာ ထုတ်ပေးခြင်း၊

(၃) မမှန်ကန်သော မြီစားမှတ်စု သို့မဟုတ် မြီရှင်မှတ်စု ထုတ်ပေးခြင်း၊

(၄) ငွေတောင်းခံလွှာ၊ ငွေရပြေစာ၊ မြီစားမှတ်စု သို့မဟုတ် မြီရှင်မှတ်စုများကို အခွန်ဥပဒေတစ်ရပ်ရပ် နှင့်အညီမဟုတ်ဘဲ ပေးအပ်ခြင်း သို့မဟုတ် ပေးအပ်ရန် ပျက်ကွက်ခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၄ ၆၇ (က) (ခ)

(က) မည်သူမဆို အခွန်ကြေညာလွှာ သို့မဟုတ် အခြားကြေညာလွှာ တစ်ရပ်ရပ်ကို တင်သွင်းရန် သတ်မှတ်ထားသည့် နေ့ရက်တွင် သို့မဟုတ် ယင်းနေ့ရက်မတိုင်မီ တင်သွင်းရန် ပျက်ကွက်ပါက အောက်ပါဒဏ်ကြေး ငွေနှစ်ရပ်အနက်မှ များရာ ဒဏ်ကြေးငွေကို ပေးဆောင်ရမည်-

(၁) ပေးဆောင်ရမည့်အခွန်ပမာဏ၏ ၅ ရာခိုင်နှုန်းအပြင် တင်သွင်းရန် သတ်မှတ်ထားသည့် နေ့ရက်မှ ညွှန်ကြားရေးမှူးချုပ်က စည်းကြပ်မှုပြုလုပ် သည့် အချိန်ကာလအထိ ကြေညာလွှာတင်သွင်းရန် ဆက်လက် ပျက်ကွက်နေ သည့် တစ်လချင်းစီအတွက် သို့မဟုတ် တစ်လ၏ အစိတ်အပိုင်းအတွက် ပေးဆောင် ရမည့် အခွန် ပမာဏ၏ ၁ ရာခိုင်နှုန်း၊

(၂) ငွေကျပ်တစ်သိန်း။

(ခ) ဤပုဒ်မပါ ရည်ရွယ်ချက်များအလို့ငှာ ပေးဆောင်ရမည့်အခွန်ပမာဏ ဟု ဆိုရာတွင် အရစ်ကျ ပေးဆောင်ရသည့် အခွန်များလည်းပါဝင်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၅ ၆၈

အခွန်ထမ်းတစ်ဦး၏ အခွန်ကြေညာလွှာတွင် မမှန်ကန်သော ဖော်ပြ ချက်တစ်ခု သို့မဟုတ် ချန်လှပ်ထားခဲ့သော အကြောင်းအချက်တစ်ခုခုအရ အခွန်ကို လျော့နည်းပေးဆောင်ခဲ့ပြီး သို့မဟုတ် လျော့နည်းပေးဆောင် ခဲ့ဖွယ်ရှိပြီး ယင်းဖော်ပြချက် သို့မဟုတ် ချန်လှပ်ထားချက်သည် အခွန်ထမ်းက ကြိုတင် ကြံရွယ်ချက်ဖြင့်ပြုလုပ်ခြင်း သို့မဟုတ် လျစ်လျူရှုခြင်းဖြစ်လျှင် အခွန်ထမ်းသည် အောက်ပါဒဏ်ကြေးငွေ တစ်ရပ်ရပ် ကို ပေးဆောင်ရမည်-

(က) ပုဒ်မခွဲ (ခ) နှင့် အကျုံးမဝင်ပါက လျော့နည်းပေးဆောင်သည့် အခွန် ပမာဏ၏ ၂၅ ရာခိုင်နှုန်း၊

(ခ) လျော့နည်းပေးဆောင်သည့် အခွန်ပမာဏသည် ကျပ်သိန်း တစ်ထောင်ထက် ကျော်လွန်လျှင် သို့မဟုတ် ပေးဆောင်ရမည့်အခွန်၏ ၅၀ ရာခိုင်နှုန်းထက် ကျော်လွန်လျှင် လျော့နည်းပေးဆောင်သည့် အခွန်ပမာဏ၏ ၇၅ ရာခိုင်နှုန်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၆ ၆၉ (က)

(က) ပုဂ္ဂိုလ်တစ်ဦးဦးသည် မှားယွင်းသော သို့မဟုတ် လမ်းလွဲစေနိုင်သော ဖော်ပြချက်ကို အခွန်ဝန်ထမ်းထံတင်ပြသဖြင့် ယင်းသတင်းအချက်အလက် အပေါ် မှန်ကန်သည်ဟု ယူဆ၍ စည်းကြပ်မှုပြုရာတွင် အမှန်ပေးဆောင်ရန် တာဝန်ရှိသော အခွန်အောက်လျော့နည်း ပေးဆောင်ခဲ့ဖွယ်ရှိလျှင်ဖြစ်စေ၊ အမှန်ပြန်အမ်းရမည့်ငွေထက် ပိုမိုပြန်အမ်းခဲ့ဖွယ်ရှိလျှင်ဖြစ်စေ ဒဏ်ကြေးငွေ ကျပ် တစ်သိန်းငါးသောင်းအပြင် အောက်ပါ ဒဏ်ကြေးငွေ တစ်ရပ်ရပ်တို့ အနက် များရာဒဏ်ကြေးငွေကို ပေးဆောင်ရမည်-

(၁) အမှန်ကျသင့်သည့်အခွန်နှင့် လျော့နည်းစည်းကြပ်ခဲ့နိုင်ဖွယ်ရှိသည့် အခွန်တို့၏ ခြားနားသည့် ပမာဏ၊

(၂) အမှန်ပြန်အမ်းရမည့်ငွေကြေးနှင့် ပိုမိုပြန်အမ်းခဲ့နိုင်ဖွယ်ရှိသည့် ငွေကြေးတို့၏ ခြားနားသည့် ပမာဏ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၇ ၇၀ (က)

(က) မည်သူမဆို ဤဥပဒေအရသော်လည်းကောင်း၊ အခွန်ဥပဒေတစ်ရပ်ရပ် အရသော်လည်းကောင်း လိုအပ်သည့် စာတမ်းအမှတ်အသားများ ထိန်းသိမ်း ရန်ပျက်ကွက်ပါက ပျက်ကွက်မှု ဆက်လက်ဖြစ်ပွားနေသည့် ရက်တစ်ရက် ချင်းစီအတွက်ဖြစ်စေ၊ ရက်တစ်ရက်၏ တစ်စိတ်တစ်ပိုင်းအတွက်ဖြစ်စေ ပုဒ်မခွဲ (ခ) ပါ ဒဏ်ကြေးငွေကို ပေးဆောင်ရမည်။

(ခ) ဒဏ်ကြေးငွေသည်-

(၁) ကျပ်ငါးသိန်းထက်မပိုသည့် အခွန်ပေးဆောင်ရန် တာဝန်ရှိသူဖြစ်ပါက ပျက်ကွက်မှု ဆက်လက်ဖြစ်ပွားနေသည့် ရက်တစ်ရက်စီအတွက် တစ်ရက် လျှင် ကျပ် ငါးထောင် ဖြစ်သည်။

(၂) ကျပ်သိန်း ၅၀ ထက် မပိုသည့် အခွန်ပေးဆောင်ရန် တာဝန်ရှိသူဖြစ်ပါ က ပျက်ကွက်မှုဆက်လက်ဖြစ်ပွားနေသည့် ရက်တစ်ရက်စီအတွက် တစ်ရက်လျှင် ကျပ်ငါးသောင်း ဖြစ်သည်။

(၃) ကျပ်သိန်း ၅၀ ထက်ကျော်လွန်သည့် အခွန်ပေးဆောင်ရန် တာဝန်ရှိသူဖြစ်ပါက ပျက်ကွက်မှု ဆက်လက်ဖြစ်ပွားနေသည့် ရက်တစ်ရက်စီအတွက် တစ်ရက်လျှင် ကျပ်တစ်သိန်း ဖြစ်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၈ ၇၁

မည်သူမဆို ပုဒ်မ ၆၀ အရ ထုတ်ပြန်သည့်အကြောင်းကြားစာကို လိုက်နာ ဆောင်ရွက်ရန်ပျက်ကွက်ပါက တတိယပုဂ္ဂိုလ်ပေးဆောင်ရမည့် အခွန်ပမာဏ နှင့် ယင်းအကြောင်းကြားစာတွင် ဖော်ပြထားသည့် သတ်မှတ်ရက်တွင် ညွှန်ကြား ရေးမှူးချုပ်ထံသို့ ပေးဆောင်ပြီးဖြစ်သည့် အခွန်ပမာဏတို့အကြား ခြားနား ချက်၏ ၂၅ ရာခိုင်နှုန်းကို ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၄၉ ၇၂

မည်သူမဆို ဤဥပဒေအရလည်းကောင်း၊ အခွန်ဥပဒေတစ်ရပ်ရပ်အရ လည်းကောင်း အခွန်ဝန်ထမ်းကို ရုံးလုပ်ငန်းဆောင်ရွက်ရန် ထိုက်သင့်သည့် နေရာ၊ အသုံးအဆောင် နှင့် အကူအညီများပေးရန် ပျက်ကွက်ပါက ကျပ်ငါးသိန်း ထက်မပိုသော ဒဏ်ကြေး ငွေကို ပေးဆောင်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၅၀ ၇၃

မည်သူမဆို ဤဥပဒေအရဖြစ်စေ၊ အခွန်ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ ညွှန်ကြား ရေးမှူးချုပ်က သင့်လျော်စွာတောင်းခံသည့်သတင်းအချက်အလက် ကို သတ်မှတ်အချိန်အတွင်း ပေးအပ်ရန် ပျက်ကွက်ပါက ကျပ်ငါးသိန်း ထက်မပိုသော ဒဏ်ကြေးငွေကို ပေးဆောင်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၅၁ ၇၄ (က) (ခ) (ဂ) (ဃ)

(က) မည်သူမဆို စည်းကြပ်မှု သို့မဟုတ် ပြန်လည်စည်းကြပ်မှုပြုသည့်နေ့မှ ၁၄ ရက် အတွင်း သို့မဟုတ် စည်းကြပ်မှုအကြောင်းကြားစာပါ သတ်မှတ်ရက်တွင် ပေးဆောင် ရန်ရှိသည့် အခွန်အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ပေးဆောင်ရန် ပျက်ကွက်ပါက ပေးဆောင်ခြင်းမရှိသေးသည့် အခွန်၏ ၁၀ ရာခိုင်နှုန်းနှင့်ညီမျှသည့် ပမာဏကို နောက်ကျပေးဆောင်ခြင်းအတွက် ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရမည်။

(ခ) မည်သူမဆို အခွန်ဥပဒေတစ်ရပ်ရပ်နှင့်အညီ အရစ်ကျပေးဆောင် ရမည့်အခွန်အားလုံးကိုဖြစ်စေ၊ ယင်း၏အစိတ်အပိုင်းကိုဖြစ်စေ အဆိုပါအရစ် အတွက် ပေးဆောင်ရန် သတ်မှတ်ရက်အတွင်းပေးဆောင်ရန် ပျက်ကွက်ပါက ပေးဆောင်ခြင်းမရှိသေး သည့် အခွန်၏ ၁၀ ရာခိုင်နှုန်းနှင့်ညီမျှသည့်ပမာဏကို နောက်ကျပေးသွင်းမှုအတွက် ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရမည်။

(ဂ) မည်သူမဆို လုံလောက်သောအကြောင်းမရှိဘဲ ဤဥပဒေသက်ရောက် သည့် အခွန်ဥပဒေ တစ်ရပ်ရပ်အရ ပင်ရင်းမှနုတ်ယူပေးသွင်းသည့်အခွန်ကို နုတ်ယူပေးသွင်းရန် သတ်မှတ်ခံထားရသူတစ်ဦးဦးသည် အခွန်ကို နုတ်ယူ ပေးသွင်းခြင်းမပြုလျှင် ထိုအခွန်နှင့်စပ်လျဉ်း၍ ပျက်ကွက်သူအဖြစ် မှတ်ယူ ခြင်းခံရမည်ဖြစ်ပြီး နုတ်ယူခြင်း မရှိသည့်အခွန်အား ပေးဆောင် ရန် တာဝန်ရှိ စေရမည်။

(ဃ) မည်သူမဆို ဤဥပဒေသက်ရောက်သည့် အခွန်ဥပဒေတစ်ရပ်ရပ်အရ ပင်ရင်းမှ နုတ်ယူပေးသွင်းသည့်အခွန်ကို သတ်မှတ်ထားသည့်ရက်အတွင်း ပေးဆောင်ရန် ပျက်ကွက်ပါက ထိုသို့ ပေးဆောင်ရန် ပျက်ကွက်သောပမာဏ ၏ ၁၀ ရာခိုင်နှုန်းကို နောက်ကျပေးဆောင်ခြင်းအတွက် ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၅၂ ၇၆

ဤအခန်းအရ တရားစွဲဆိုဆောင်ရွက်ရာ၌ အောက်ပါကာလများတွင် စတင် ဆောင်ရွက်နိုင်သည်-

(က) စွပ်စွဲထားသည့်ပြစ်မှုသည် ပြုလုပ်မှုတစ်ခုကို ဆောင်ရွက်ခြင်းဖြစ်ပါက ယင်း ပြုလုပ်မှုကို ဆောင်ရွက်ပြီးနောက် ၁၂ နှစ်အတွင်း၊

(ခ) စွပ်စွဲထားသည့်ပြစ်မှုသည် လိုက်နာဆောင်ရွက်ရမည့်တာဝန် တစ်ရပ် ရပ်ကို ပျက်ကွက် သည့်ကိစ္စရပ်ဖြစ်ပါက ယင်းပျက်ကွက်မှု ဖြစ်ပွားပြီးနောက် ၁၂ နှစ်အတွင်း သို့မဟုတ် ယင်းထက်နောက်ကျ၍ သိရှိရပါက ညွှန်ကြားရေးမှူး ချုပ်က ပျက်ကွက်မှုကို သိရှိပြီး နောက်သုံးနှစ်အတွင်း သို့မဟုတ်

(ဂ) စွပ်စွဲထားသည့်ပြစ်မှုသည် ပုဂ္ဂိုလ်တစ်ဦးက အခွန်ဥပဒေတစ်ရပ်ရပ် အရ ယင်း ပုဂ္ဂိုလ်၏ အခွန်တာဝန်ဆိုင်ရာ သတင်းအချက်အလက်ကို ဖော်ပြမှုမရှိခြင်း သို့မဟုတ် မမှန်မကန်ဖော်ပြခြင်းဖြစ်ပါက ထိုအခွန်ကာလ အတွက် ယင်းပုဂ္ဂိုလ် ၏မှန်ကန်သောအခွန်တာဝန်ကို အပြီးသတ်အတည်ပြု ပြီး နောက်သုံးနှစ်အတွင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၅၃ ၇၇

မည်သူမဆို အခွန်စည်းကြပ်မှုပြုခြင်း၊ ပေးဆောင်စေခြင်း၊ ကောက်ခံခြင်းကို သိလျက်နှင့်တမင် ရှောင်တိမ်းခြင်း သို့မဟုတ် ရပိုင်ခွင့်မရှိသည့် ပြန်အမ်းငွေ ကိုရရှိရန် သိလျက်နှင့်တမင် ကြံရွယ်ချက်ဖြင့် တောင်းခံခြင်းပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခုနစ်နှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်နှစ် သိန်းငါးသောင်းနှင့် သက်ဆိုင်ရာကာလအတွက် ထိုသူက ရှောင်တိမ်းခဲ့သည့်အခွန်၏ ၁၀၀ ရာခိုင်နှုန်းနှင့်ညီမျှသော ငွေပမာဏ တို့အနက် များရာ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၅၄ ၇၈ (က) (ခ)

(က) မည်သူမဆို အခွန်ဝန်ထမ်းက ဤဥပဒေအရ အခွန်စီမံအုပ်ချုပ်မှု ဆောင်ရွက်ခြင်းကို တမင်ဟန့်တားခြင်း သို့မဟုတ် ဟန့်တားရန်အားထုတ် ခြင်းပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် နှစ်သိန်း ငါးသောင်း ထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

(ခ) ဤပုဒ်မ၏ ရည်ရွယ်ချက်များအလို့ငှာ ဤဥပဒေကို ကျင့်သုံး ဆောင်ရွက်ရာတွင် ပုဂ္ဂိုလ်တစ်ဦးသည် အောက်ပါပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုတစ်ရပ်ရပ်ကို ကျူးလွန်လျှင် ဤဥပဒေအရ အခွန်စီမံ အုပ်ချုပ်မှု ကို ဟန့်တားသည်ဟု မှတ်ယူရမည်-

(၁) ထိန်းသိမ်းထားသည့် စာတမ်းအမှတ်အသားများ၊ မှတ်တမ်းများ သို့မဟုတ် ကိန်းဂဏန်း အချက်အလက်များကို စစ်ဆေးရန် အခွန်ဝန်ထမ်းက ဥပဒေနှင့် အညီ တောင်းခံခြင်းကို လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊

(၂) အခွန်ဝန်ထမ်း ရှေ့မှောက်သို့လာရောက်ရန် ဥပဒေနှင့်အညီ ဆင့်ဆိုမှု အပေါ် လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊

(၃) လုပ်ငန်းပရဝဏ် သို့မဟုတ် နေထိုင်ရာနေရာတစ်ခုခုသို့ အခွန်ဝန်ထမ်း၊ ကိုယ်စားလှယ်လွှဲအပ်ခြင်း ခံရသူနှင့် အဖွဲ့တို့က ဥပဒေနှင့်အညီ ဝင်ရောက် ခွင့်ကို တားမြစ်ခြင်းနှင့် နှောင့်ယှက်ခြင်း၊

(၄) အခွန်စီမံအုပ်ချုပ်မှုကို ဟန့်တားရန်အလို့ငှာ အခွန်ကြေညာလွှာ တင်သွင်းရန် ပျက်ကွက်ခြင်း၊

(၅) မမှန်ကန်သော သို့မဟုတ် မိမိနှင့်မသက်ဆိုင်သော အခွန်ထမ်းမှတ်ပုံ တင်အမှတ်ကို အသုံးပြုခြင်း၊

(၆) မမှန်ကန်သော ငွေတောင်းခံလွှာ၊ အရောင်းပြေစာ၊ မြီစားမှတ်စု သို့မဟုတ် မြီရှင်မှတ်စုကို ထုတ်ပေးခြင်း၊

(၇) အခွန်ဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်နှင့်အညီ မဟုတ်ဘဲ ငွေတောင်း ခံလွှာ၊ ငွေရပြေစာ၊ မြီစားမှတ်စု သို့မဟုတ် မြီရှင်မှတ်စုများကို ပေးအပ်ခြင်း သို့မဟုတ် ပေးအပ်ရန် ပျက်ကွက်ခြင်း၊

(၈) ညွှန်ကြားရေးမှူးချုပ်အား မြေစစ်ဆေးခွင့် သို့မဟုတ် တိုင်းတာ ခွင့်ပြုရန် ငြင်းဆန်ခြင်း သို့မဟုတ် မြေပုံ၊ ပုံစံ၊ ပိုင်ဆိုင်ကြောင်းပြစာချုပ်၊ အငှားစာချုပ်၊ အခြားစာချုပ်စာတမ်း သို့မဟုတ် အခြားစာတမ်း အမှတ် အသားတို့ကို စစ်ဆေး နိုင်ရေးအတွက် ထုတ်ပေးရန် ငြင်းဆန်ခြင်း၊

(၉) အခွန်ကို သတ်မှတ်ဆုံးဖြတ်ခြင်း၊ စည်းကြပ်မှုပြုခြင်း သို့မဟုတ် ကောက်ခံခြင်းကို အခြား တစ်နည်းနည်းဖြင့် ဟန့်တားခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း