Measures relating to the Myanmar Stamp Act


Domestic Regulations
sr. Section measures mode remarks
၂ (၁၁)

“ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်ထမ်းဆောင်ပြီးခြင်း” ဆိုသည့်စကားရပ်သည်စာချုပ်စာတမ်း တစ်ရပ်တွင် ကပ်တံဆိပ်ခေါင်း သို့မဟုတ် ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန် ထက်လျော့နည်းခြင်း မရှိသောနှိပ်တံဆိပ်ခေါင်းပါရှိပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း လက်ရှိ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း အဆိုပါ တံဆိပ်ခေါင်းကို ကပ်နှိပ်ခြင်း သို့မဟုတ် သုံးစွဲခြင်းတို့ကိုဆိုလိုသည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂ (၁၃)

“နှိပ်တံဆိပ်ခေါင်း” ဆိုသည့်စကားရပ်တွင်-

(က) တာဝန်ပေးအပ်ခြင်းခံရသည့် အရာရှိက ကပ်နှိပ်သည့် တံဆိပ်ခေါင်းများနှင့်

(ခ) တံဆိပ်ခေါင်းကပ်ထားသည်စာရွက်ပေါ်တွင် ဖောင်းကြွ သို့မဟုတ် ပုံထွင်းပုံတံဆိပ် ရိုက်နှိပ်ပြီးသည့် တံဆိပ်ခေါင်းများ ပါဝင်သည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်နောက်ဆက်တွဲဇယား (၁) တွင်ပါဝင်သည့် ကင်းလွတ်ခွင့် များကို အထောက်အထား ပြု၍ အောက်ပါစာချုပ်စာတမ်းများသည် ဇယားတွင် ဖော်ပြပါရှိသည့် စာချုပ်စာတမ်းအမျိုးအစားအလိုက် ထိုက်သင့်သည့် နှုန်းထားများအတိုင်း တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည်-

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း၌ ၁၈၉၉ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့နှင့် ယင်းနေ့ နောက်တွင် ချုပ်ဆိုသော ယခင်ကတစ်စုံတစ်ဦးနှင့်စာချုပ်ချုပ်ဆိုထားခြင်း မရှိသော ယင်းဇယားတွင် ဖော်ပြပါရှိသည့် စာချုပ်စာတမ်း၊

(ခ) အထက်ဖော်ပြပါနေ့နှင့်နောက်ပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ပြင်ပတွင် ရေးဆွဲ သို့မဟုတ် ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်းလက်ခံခြင်း၊ ပေးချေခြင်း၊ လက်ခံရန် သို့မဟုတ် ပေးရန်ပြသခြင်း၊ သို့မဟုတ် ထပ်ဆင့်လက်မှတ် ရေးထိုးခြင်း၊ လွှဲပြောင်းခြင်း သို့မဟုတ် အခြားနည်းလမ်းဖြင့်လွှဲပြောင်းခြင်း ပြုလုပ်သည့် ငွေပေးကတိစာချုပ် သို့မဟုတ် တောင်းဆို သည့်အခါမှတစ်ပါး အခြားနည်းဖြင့် ငွေပေးချေ ရသော ငွေလွှဲလက်မှတ်၊

(ဂ) (ငွေလွှဲလက်မှတ် သို့မဟုတ် ငွေချေးကတိစာချုပ်မှ အပ) ဇယား (၁) ပါအခြား စာချုပ်စာတမ်းများ သည်ယခင်က တစ်စုံတစ်ဦးနှင့် စာချုပ်ချုပ်ဆိုထားခြင်းမရှိသော စာချုပ် တစ်ရပ်ရပ်သည် ပြည်ပတွင် ထိုနေ့ သို့မဟုတ် ထိုနေ့ နောက်ပိုင်းတွင် ချုပ်ဆိုသော စာချုပ်ဖြစ်ပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အတွင်းရှိပစ္စည်းတစ်စုံတစ်ခုနှင့် ဆက်နွယ်နေခြင်း သို့မဟုတ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကိစ္စတစ်ရပ်ရပ် တစ်စုံတစ်ရာဆောင်ရွက်ခြင်း သို့မဟုတ် ဆောင်ရွက်ရန်ရှိခြင်းတို့နှင့် ဆက်နွယ်နေသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် လက်ခံရရှိသည့် စာချုပ်စာတမ်း များ။

သို့ရာတွင် အောက်ဖော်ပြပါစာချုပ်စာတမ်းများနှင့်စပ်လျဉ်း၍ တံဆိပ်ခေါင်းခွန်ထိုက်သင့် ခြင်းမရှိစေရ-

(၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကဖြစ်စေ၊ အစိုးရအတွက်ဖြစ်စေ၊ အစိုးရ၏ အကျိုးအလို့ငှာဖြစ်စေ၊ ချုပ်ဆိုသောစာချုပ်နှင့်စပ်လျဉ်း၍ အစိုးရက တံဆိပ်ခေါင်း ခွန်အတွက် တာဝန်ရှိသော စာချုပ်စာတမ်းတစ်ရပ်ရပ်၊

(၂) နောက်ဆက်တွဲအက်ဥပဒေများဖြင့် ပြင်ဆင်သည့် သင်္ဘောများမှတ်ပုံတင်ခြင်းဆိုင်ရာ အက်ဥပဒေအရ မှတ်ပုံတင် ထားသော သင်္ဘော သို့မဟုတ် ရေယာဉ် သို့မဟုတ် ၎င်း၏အစိတ်အပိုင်း သို့မဟုတ် ရေယာဉ်၏ အကျိုးသက်ဆိုင်မှု တစ်စုံတစ်ရာရှယ်ယာ သို့မဟုတ် ပစ္စည်းကို ရောင်းချခြင်း၊ လွှဲပြောင်းပေးခြင်း သို့မဟုတ် ပေါင်နှံခြင်း သို့မဟုတ် အခြားနည်းဖြင့်စီမံခန့်ခွဲခြင်း သို့မဟုတ် အပြီးအပြတ် စီမံခန့်ခွဲခြင်းတို့အတွက် ချုပ်ဆိုသည့်စာချုပ်စာတမ်း တစ်ရပ်ရပ်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃-က (၁)

နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးမြို့တော်စည်ပင်သာယာရေး နယ်နိမိတ်များမှတစ်ပါး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်း မည်သည့်နေရာ၌မဆိုတည်ရှိသည့် မရွှေ့ ပြောင်းနိုင်သော ပစ္စည်းများ လွှဲပြောင်းသည့်စာချုပ်စာတမ်းများချုပ်ဆိုရာ တွင် ဤအက် ဥပဒေဇယား ၁ ၌ ပါရှိသော အမှတ်စဉ် ၂၃၊ ၃၃ နှင့် ၄၀(က) အသီးသီးအရ ထမ်းဆောင်ရသော တံဆိပ်ခေါင်း ခွန်သည် ထမ်းဆောင်ရမည့် တံဆိပ်ခေါင်းခွန် တန်ဖိုးအပြင် အပိုတံဆိပ်ခေါင်းခွန် ၂% အား အဆိုပါ ပစ္စည်းတည်ရှိရာ နေရာရှိ ဈေးကွက် ပေါက်ဈေးနှင့်အညီ ထမ်းဆောင်စေရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

(၁) ရောင်းခြင်း၊ ပေါင်နှံခြင်း သို့မဟုတ် ပစ္စည်းစီမံခန့်ခွဲခြင်း တွင် ကိစ္စတစ်ခုပြီးမြောက် စေရန်အတွက် စာချုပ်စောင်ရေ အများအပြား ချုပ်ဆိုရသည့်အခါ လွှဲပြောင်းခြင်း၊ ပေါင်နှံခြင်း သို့မဟုတ် ပစ္စည်းခွဲဝေခြင်းအတွက် ပင်ရင်းစာချုပ်တစ်ခုကို သာလျှင် ဇယား (၁) ပါ သက်ဆိုင်ရာနှုန်းထားအတိုင်း ထမ်းဆောင်စေရမည်ဖြစ်ပြီး ကျန်စာချုပ်များအတွက် ဇယား တွင် ယင်းအတွက် ဖော်ပြထားသောအခွန် အစားတစ်စောင် လျှင် တံဆိပ် ခေါင်းခွန် ကျပ် ၁၀၀/- စီ ထမ်းဆောင်စေရမည်။

(၂) အထက်အပိုဒ် (၁) တွင် ဖော်ပြသည့်ပင်ရင်းစာချုပ် သည် မည်သည့်စာချုပ်ဖြစ်သည်ဟု မှတ်ယူရမည်ကို  စာချုပ် တွင်ပါဝင်ချုပ်ဆိုသူများကိုယ်တိုင်က အဆုံးအဖြတ်ပေးနိုင် သည်။သို့ရာတွင် ၎င်းတို့အဆုံးအဖြတ်ပေးသည့် စာချုပ် စာတမ်းအပေါ် ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်မှာ ချုပ်ဆို ခဲ့သည့် မည်သည့်စာချုပ်စာတမ်းများနှင့်မဆို စပ်လျဉ်း၍ အများဆုံးထိုက်သင့်သော တံဆိပ်ခေါင်းခွန်ဖြစ်စေရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

တစ်သီးတစ်ခြားစီဖြစ်သော အမှုကိစ္စများအားရည်ညွှန်း၍ သော်လည်းကောင်း၊ ဆက်နွယ်၍သော် လည်းကောင်း၊ သီးခြားစီပြုလုပ်ချုပ်ဆိုထားသည့် စာချုပ်စာတမ်းဖြစ်လျှင် အမှုကိစ္စတစ်ခုချင်း အတွက် ဤအက်ဥပဒေအရ ထိုက်သင့်သည့်နှုန်းထားများအတိုင်း စုပေါင်း၍အခွန်ထိုက်သင့် စေရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

အထက်ဖော်ပြပါ နောက်ဆုံးပုဒ်မပါ ပြဋ္ဌာန်းချက်များကို အခြေပြု၍ စာချုပ်စာတမ်းတစ်ခုသည် ဇယား (၁) ပါစာချုပ်စာတမ်းနှစ်မျိုး သို့မဟုတ် နှစ်မျိုးထက်ပို၍ သက်ဆိုင်အောင်ရေးသား ချုပ်ဆိုထားလျှင် ၎င်းဇယားအရ ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်များသည် ကွဲပြားခြားနားပါက အများဆုံးတံဆိပ် ခေါင်းခွန်ကိုထိုက်သင့်စေရမည်။

သို့ရာတွင် ဤဥပဒေအရ အခွန်ထိုက်သင့်သည့် စာချုပ်စာတမ်း တစ်စုံတစ်ရာအား ကျသင့်သော အခွန်ထမ်းဆောင်ပြီး မူရင်းခွဲထပ်မံပွားယူသည့်ကိစ္စတွင် ၎င်းမူရင်းခွဲအတွက် တစ်ရာထက်ပို၍ အခွန် ထိုက်သင့်မှုမရှိစေရ။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၈ (၃)

ဤပုဒ်မအရပေးဆောင်ရမည့် တံဆိပ်ခေါင်းခွန်အား ရည်ရွယ်ချက်ဖြင့် ပေးဆောင်ခြင်း မရှိလျှင် ပေးဆောင်ရမည့်အခွန် ငွေ၏ ၁၀ ရာခိုင်နှုန်းနှင့်ညီမျှသော ဒဏ်ငွေအားပေး ဆောင်ရန် ပျက်ကွက်သည့်လ နှင့်နောက်လ ဆက်လက်ပေးဆောင်ခြင်း မရှိသည့် လစဉ်အတွက် နိုင်ငံတော်အစိုးရသို့ ဒေသဆိုင်ရာ အာဏာပိုင်က နိုင်ငံတော်ဘဏ္ဍာအဖြစ် ကောက်ခံသိမ်းဆည်း ပေးရန် တာဝန်ရှိစေရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁

အောက်ဖော်ပြပါ စာချုပ်စာတမ်းများတွင် ကပ်တံဆိပ်ခေါင်း များကို ကပ်နှိပ်နိုင်သည်-

(က) တောင်းဆိုသည့်အခါမှတစ်ပါး အခြားနည်းဖြင့် ငွေပေး ချေရသော စောင်ရေအစုံလိုက် ရေးသားတောင်းခံသည့် ငွေလွှဲလက်မှတ် အစိတ်အပိုင်းများမှတစ်ပါး အခွန် ၁၀ ကျပ် ထိုက်သင့်သည့် စာချုပ်စာတမ်းများ၊

(ခ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပြင်ပတွင် ရေးဆွဲပြုလုပ်သည့် ငွေလွှဲလက်မှတ် နှင့်ငွေပေး ကတိစာချုပ်များ၊

(ဂ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် တရား လွှတ်တော်ရှေ့နေအဖြစ် ဝင်ခွင့်တင်သွင်းသည့် စာရင်း၊

(ဃ) နိုတြီ စာတမ်းများ၊

(င) အစုစပ်ကုမ္ပဏီ သို့မဟုတ် အခြားအသင်းစု၏ အစုရှယ်ယာများကို ထပ်ဆင့်လက်မှတ် ရေးထိုးလွှဲပြောင်းသည့် စာချုပ်စာတမ်းများ။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၀ ၁၂

(၁) (က) တစ်စုံတစ်ယောက်သောသူ ချုပ်ဆိုထားသည့် တံဆိပ်ခေါင်းခွန်ထိုက်သင့်သော စာချုပ်စာတမ်း တစ်စုံတစ်ရာ တွင် ကပ်တံဆိပ်ခေါင်းကို ကပ်သူမည်သူကမဆို ကပ်စဉ်အခါ၌ ယင်းတံဆိပ်ခေါင်းကို ထပ်မံအသုံးမပြုနိုင် အောင်ဖျက်ရမည်။

(ခ) ကပ်တံဆိပ်ခေါင်းကပ်နှိပ်လျက်ပါသည့်စက္ကူတွင် စာချုပ် စာတမ်း တစ်စုံတစ်ရာ ရေးသားချုပ်ဆိုသူ မည်သူမဆို ထိုတံဆိပ်ခေါင်းကိုဆိုခဲ့သည့် နည်းလမ်းအတိုင်း ဖျက်ပြီး မဟုတ်လျှင် ချုပ်ဆိုစဉ်အခါ၌ ထပ်မံအသုံးမပြုနိုင်အောင် ဖျက်ရမည်။

(၂) နောက်ထပ်မံ အသုံးမပြုနိုင်အောင် ဖျက်ထားခြင်းမပြုသည့် ကပ်တံဆိပ်ခေါင်းပါ စာချုပ် စာတမ်း တစ်စုံတစ်ရာကို ယင်းတံဆိပ်ခေါင်းနှင့်စပ်လျဉ်းသမျှ တံဆိပ်ခေါင်းပါရှိသည် ဟူ၍ မှတ်ယူခြင်းမပြုရ။

(၃) ကပ်တံဆိပ်ခေါင်းကို ပုဒ်မခွဲ (၁) အရ ဖျက်ရမည့်သူက တံဆိပ်ခေါင်းပေါ်တွင်ဖြစ်စေ၊ တံဆိပ်ခေါင်း ကိုကန့်လန့် ဖြတ်၍ဖြစ်စေ၊ မိမိ၏အမည် သို့မဟုတ် အမည်တို့ကို လည်းကောင်း၊ မိမိလုပ်ငန်း၏အမည် သို့မဟုတ် အမည်တို့ ကိုသော်လည်းကောင်း ရေးသား၍ ထိုကဲ့သို့ အမှန်ရေးသား သည့် နေ့စွဲရေးထိုးခြင်းဖြင့်ဖြစ်စေ၊ အခြားထိရောက်သည့် နည်းလမ်းတစ်စုံတစ်ရာဖြင့်ဖြစ်စေ ပယ်ဖျက်နိုင်သည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁ ၁၃

နှိပ်တံဆိပ်ခေါင်းရိုက်နှိပ်ပြီး စက္ကူတွင်ရေးသားသည့် မည်သည့် စာချုပ်စာတမ်းမဆို တံဆိပ်ခေါင်း သည် စာချုပ်စာတမ်း၏ ရှေ့မျက်နှာတွင်ပေါ်လွင်နေစေသည့်နည်းလမ်းအရ ရေးသား ရမည်ဖြစ်ပြီး ၎င်းစက္ကူကို အခြားစာချုပ်စာတမ်းတစ်စုံ တစ်ရာအတွက် အသုံးပြုခြင်း သို့မဟုတ် အသုံးချ ခြင်းမပြု လုပ်နိုင်သည့်နည်းလမ်းဖြင့် ရေးသားရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၂ ၁၄

တံဆိပ်ခေါင်းခွန်ထိုက်သင့်သည့် စာချုပ်စာတမ်းတစ်စုံ တစ်ရာရေးသားပြီးသည့် တံဆိပ်ခေါင်းကပ် ပြီးစက္ကူတွင် တံဆိပ်ခေါင်းခွန်ထိုက်သင့်သည့် အခြားမည်သည့်ဒုတိယ စာချုပ်စာတမ်းကိုမျှ ထပ်မံရေးသားခြင်းမပြုလုပ်ရ။ သို့ရာတွင် ဤပုဒ်မပါ မည်သည့်အကြောင်းအချက်ကြောင့်မျှ ပေါ်ပေါက် လာသည့် သို့မဟုတ် သက်သေထင်ရှားဖြစ်စေသည့် အခွင့် အရေးတစ်ရပ်ရပ်ကို လွှဲပြောင်းရန်ဖြစ်စေ၊ စာချုပ်အရ ပေးအပ်ရန်ရှိသည့်ပစ္စည်း သို့မဟုတ် ငွေတစ်ရပ်ရပ်ကို ရရှိပြီး ကြောင်းအသိအမှတ်ပြုရန်ဖြစ်စေ ၎င်းစာချုပ်တွင် နည်းလမ်း ကျနစွာတံဆိပ်ခေါင်း ကပ်ပြီးသည့် သို့မဟုတ် တံဆိပ်ခေါင်းခွန် ထိုက်သင့်ခြင်းမရှိသေးသော စာချုပ်စာတမ်းတစ်စုံ တစ်ရာပေါ် ထပ်ဆင့်လက်မှတ်ရေးထိုးခြင်းများကို တားဆီးကန့်ကွက်ခြင်း မရှိစေရ။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၃ ၁၅

ပုဒ်မ ၁၃ သို့မဟုတ် ပုဒ်မ ၁၄ နှင့်ဆန့်ကျင်၍ ရေးသား ချုပ်ဆိုထားသော မည်သည့်စာချုပ်စာတမ်း မဆိုတံဆိပ်ခေါင်း ကပ်နှိပ်ထားခြင်းမရှိသော စာချုပ်စာတမ်းအဖြစ် မှတ်ယူရ မည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၄ ၁၆

စာချုပ်စာတမ်းတစ်ခုနှင့်ပတ်သက်၍ တံဆိပ်ခေါင်းခွန်ထိုက် သင့်ခြင်းအတွက်ဖြစ်စေ၊ တံဆိပ် ခေါင်းခွန်ကင်းလွတ်ခြင်း အတွက်ဖြစ်စေ၊ အခြားစာချုပ်စာတမ်းတစ်စောင်အတွက် ထမ်းဆောင်ပြီးသည့် တံဆိပ်ခေါင်းခွန်ကို တနည်းနည်းနှင့် အမှီပြုရခြင်းဖြစ်လျှင် ယင်းကိစ္စရပ်အတွက် စာချုပ်စာတမ်း နှစ်စောင်လုံးကိုတင်ပြ၍ မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိတ္တော်အရာရှိ) ထံ စာရေးသားလျှောက်ထား တင်ပြ လျှင် ထိုကဲ့သို့နောက်ဆုံးဖော်ပြထားသည့် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ပြီးကြောင်းကို စာချုပ်စာတမ်းတွင် ရေးသားဖော် ပြပြီးနောက် ထိုမြို့နယ်အခွန် ဦးစီးဌာနမှူး (ကော်လိတ္တော် အရာရှိ) ကိုယ်တိုင်က ထပ်ဆင့်လက်မှတ်ရေးထိုး၍ဖြစ်စေ၊ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်သည့် နည်းဥပဒေအရ သတ်မှတ်သည့် အခြားနည်းလမ်းဖြင့်ဖြစ်စေ ပထမဖော်ပြထား သည့် စာချုပ်စာတမ်းတွင်ထပ်ဆင့်လက်မှတ်ရေးထိုးရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၅ ၁၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် မည်သူမဆိုချုပ်ဆို သည့် တံဆိပ်ခေါင်းခွန်ထိုက်သင့်သော စာချုပ်စာတမ်းများ အားလုံးကို စာချုပ်မချုပ်ဆိုမီဖြစ်စေ ချုပ်ဆိုသည့်အခါ၌ဖြစ်စေ တံဆိပ်ခေါင်း ထမ်းဆောင်ရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၆ ၁၈

(၁) မြန်မာနိုင်ငံပြင်ပတွင်သာချုပ်ဆိုခဲ့သည့် ငွေလွှဲ လက်မှတ် သို့မဟုတ် ငွေပေးကတိစာချုပ် မဟုတ်သော တံဆိပ်ခေါင်းခွန်ထိုက်သင့်သည့် စာချုပ်စာတမ်းများ အရပ်ရပ်အား မြန်မာနိုင်ငံအတွင်း၌ ပထမဦးစွာလက်ခံရရှိပြီး နောက် သုံးလအတွင်း တံဆိပ်ခေါင်း ကပ်နှိပ်နိုင်သည်။

(၂) ထိုစာချုပ်စာတမ်းတစ်စုံတစ်ရာကို ၎င်းအတွက် ပြဋ္ဌာန်းသတ်မှတ်ထားသည့် တံဆိပ်ခေါင်းမျိုးဖြင့် သက်ဆိုင် သည့်ပုဂ္ဂိုလ်က ထိုက်သင့်သည့်တံဆိပ်ခေါင်းကို ဝယ်ယူ ကပ်နှိပ်ခြင်းမပြုနိုင်လျှင် ဆိုခဲ့သည့်သုံးလအတွင်း မြို့နယ် အခွန်ဦးစီးဌာနမှူး (ကော်လိတ္တော် အရာရှိ) ထံ ဆောင်ယူ လာနိုင်သည်။ မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိတ္တော် အရာရှိ) သည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီ ချက်ဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် နည်းဥပဒေများအရ သတ်မှတ်သည့် နည်းလမ်းအတိုင်း ယူဆောင်လာသူ ပုဂ္ဂိုလ်အလိုရှိသည့် တန်ဖိုးသင့် တံဆိပ် ခေါင်းကိုကပ်နှိပ်ရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၇ ၁၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပြင်ပတွင်ရေးဆွဲ သို့မဟုတ် ပြုလုပ်ခဲ့သည့်တောင်းဆို သည့် အခါမှတပါးအခြား အခါများ၌ ငွေပေးချေရမည်ဖြစ်သောငွေလွှဲလက်မှတ် တစ်စုံ တစ်ရာ သို့မဟုတ် ငွေပေးကတိစာချုပ် တစ်စုံတစ်ရာကိုပထမ လက်ရှိဖြစ်သူသည် ပြည်တွင်း၌လက်ခံရန် ဖြစ်စေ၊ ငွေတောင်း ခံရန်ဖြစ်စေ၊ ထပ်ဆင့်လက်မှတ်ရေးထိုးရန်ဖြစ်စေ၊ လွှဲပြောင်း ရန် သို့မဟုတ် အခြားနည်းလွှဲပြောင်းရန်ဖြစ်စေ၊ ပြသခြင်း မပြုမီ လိုအပ်သည့် တံဆိပ်ခေါင်းကို ကပ်နှိပ်၍ ယင်းတံဆိပ် ခေါင်းကို ပယ်ဖျက်ရမည်။

သို့ရာတွင်-

(က) ထိုငွေလွှဲလက်မှတ် သို့မဟုတ် ငွေချေးကတိစာချုပ် တစ်စုံတစ်ရာသည် မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်သူတစ်ဦး တစ်ယောက်၏ လက်သို့ရောက်ရှိသည့်အခါ၌ပုဒ်မ ၁၂ ၌ ပြဋ္ဌာန်းထားသည့် နည်းလမ်းနှင့်အညီ ထိုက်သင့်သော ကပ်တံဆိပ်ခေါင်းကပ်နှိပ်ပါရှိ၍ဖျက်ပြီး သည့်အပြင် ထိုလက်ရှိ ဖြစ်သူအနေဖြင့် ဤအက်ဥပဒေအရသတ်မှတ်ထားသည့် အချိန်၌ ထိုပုဂ္ဂိုလ်မှတပါး အခြားပုဂ္ဂိုလ်တစ်ဦး တစ်ယောက် က တံဆိပ်ခေါင်းကိုကပ်နှိပ်၍ ဖျက်ခဲ့ခြင်းဖြစ်ကြောင်း ယုံကြည်ရန်အကြောင်းမရှိလျှင် ထိုငွေလွှဲလက်မှတ် သို့မဟုတ် ငွေချေးကတိစာချုပ်သည် ထိုလက်ဝယ်ရှိသူနှင့် စပ်လျဉ်း သက်ဆိုင်သရွေ့ နည်းလမ်း ကျနစွာ တံဆိပ်ခေါင်းကပ်နှိပ်၍ ဖျက်ပြီးကြောင်းမှတ်ယူရမည်။

(ခ) ဤကန့်သတ်ချက်ပါ မည်သည့်အချက်အရမျှ တစ်စုံ တစ်ယောက်သောသူသည် တံဆိပ်ခေါင်းကပ်နှိပ်ရန် သို့မဟုတ် ပယ်ဖျက်ရန်ပျက်ကွက်ခဲ့သည့်အတွက် ထိုက်သင့်သည့် ပြစ်ဒဏ်မှ သက်သာခွင့် မရရှိစေရ။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၈ ၂၀

(၁) တန်ဖိုးအလျောက် အခွန်ထမ်းဆောင်ထိုက်သော စာချုပ်စာတမ်းတစ်ရပ်သည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ ငွေကြေးမှတစ်ပါး မည်သည့်ငွေကြေးတစ်စုံ တစ်ရာဖြင့်မဆို ငွေပမာဏကို ဖော်ပြထားခြင်းဖြစ်လျှင် ယင်းစာချုပ်ချုပ်ဆိုသည့်နေ့ရှိ ပေါ်ပေါက်ရာငွေလဲလှယ်နှုန်း ဖြင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ငွေကြေး တန်ဖိုးပေါ်တွင် ထမ်းဆောင်ရမည့် အခွန်ကိုတွက်ချက်ရမည်။

(၂) အထက်ပုဒ်မခွဲတွင် ဖော်ပြထားသည့် ပေါ်ပေါက်ရာ ငွေလွဲလှယ်နှုန်းဆိုသည်မှာ စာချုပ်ချုပ်ဆိုသည့်နေ့ရှိ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သည့် နေ့စဉ်ငွေလဲလှယ် နှုန်းနှင့်အညီ ဖြစ်စေရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၉ ၂၁

စာချုပ်စာတမ်း တစ်စုံတစ်ရာသည် စတော့လက်မှတ် သို့မဟုတ် ဈေးကွက်ဝင်သော သို့မဟုတ် အခြားငွေချေး သက်သေခံ လက်မှတ်တစ်စုံတစ်ရာဖြစ်ပြီး တန်ဖိုးအလျောက် တံဆိပ်ခေါင်းခွန် ထိုက်သင့်သည့်အချက်တွင် ၎င်းတံဆိပ် ခေါင်းခွန် စတော့လက်မှတ် သို့မဟုတ် ငွေချေးသက်သေခံ လက်မှတ်၏ ပျမ်းမျှတန်ဖိုးအပေါ်တွင်ဖြစ်စေ၊ ထိုစာချုပ် စာတမ်းပြုလုပ်သည့်နေ့တွင် သတ်မှတ်သည့်တန်ဖိုး အပေါ် တွင်ဖြစ်စေ တွက်ချက်ရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၀ ၂၃-က

(၁) ငွေလွှဲလက်မှတ် သို့မဟုတ် ငွေပေးကတိစာချုပ် မဟုတ်သော စာချုပ်တစ်စုံတစ်ရာနှင့် စပ်လျဉ်း၍-

(က) ချေးငွေအဖြစ် ကြိုတင်ထုတ်ပေးပြီးသည့်ငွေ သို့မဟုတ် ထုတ်ပေးမည့်ငွေ သို့မဟုတ် တင်ရှိပြီး ကြွေးမြီ သို့မဟုတ် နောင်တွင်တင်ရှိမည့် ကြွေးမြီနှင့်စပ်လျဉ်း၍ ဈေးကွက်ဝင် အာမခံငွေလက်မှတ် တစ်စုံတစ်ရာအား အပေါင်အဖြစ် တင်သွင်း သည့်အခါ ချုပ်ဆိုလျှင် သို့မဟုတ်။

(ခ) ထိုက်သင့်သော တံဆိပ်ခေါင်းခွန်အား ပြည့်စုံကျနစွာ ထမ်းဆောင်၍ ပေါင်နှံထားသောဈေးကွက်ဝင် အာမခံငွေ လက်မှတ်အား ပြန်လည်ရွေးယူသည့်အခါ ချုပ်ဆို လျှင်၊ ဇယား (၁) ၊ အမှတ်စဉ် ၅ (ဂ) တွင် ဖော်ပြထားသည့် သဘောတူ စာချုပ် သို့မဟုတ် သဘောတူချက်မှတ်တမ်းနှင့်သက်ဆိုင် သည့် ကျသင့်အခွန်နှုန်းထား အတိုင်း တံဆိပ်ခေါင်းခွန် ထိုက်သင့်စေရမည်။

(၂) ဆိုခဲ့သည့်စာချုပ်စာတမ်းတစ်စုံတစ်ရာအား စွန့်လွှတ် သို့မဟုတ် ပျက်ပြယ်စေသည့်အနေဖြင့် ချုပ်ဆိုသည့် စာချုပ် စာတမ်းကိုလည်း အထက်တွင်ဖော်ပြသည့်အတိုင်း တံဆိပ် ခေါင်းခွန် ထိုက်သင့်စေရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၁ ၂၄

တစ်စုံတစ်ယောက်သောသူရရန်ရှိသည့် ကြွေးမြီအားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသအတွက် ဖြစ်စေ၊ ငွေ သို့မဟုတ် စတော့လက်မှတ်တစ်စုံတစ်ရာအားပေးခြင်း သို့မဟုတ် လွှဲပြောင်းပေးခြင်းအား မုချဖြစ်သည်၊ သို့မဟုတ် ဖြစ်တန်ရာ သည်အတွက်ဖြစ်စေ၊ ပစ္စည်းတစ်စုံတစ်ရာပေါ်တွင် တင်ရှိ သည့် ကြွေးမြီဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ယင်းပစ္စည်းကို အဖိုးစားနား အဖြစ်ဆိုခဲ့သူသို့ ပေးအပ်သည့် ကိစ္စတွင် ယင်းသို့သောကြွေးမြီ၊ ငွေ သို့မဟုတ် စတော့ လက်မှတ်ကို အဖိုးစားနား၏ တစ်ခုလုံး သို့မဟုတ် အစိတ် အပိုင်းအဖြစ်အကြောင်းအားလျော်စွာ မှတ်ယူရမည်ဖြစ်ပြီး ယင်းနှင့် စပ်လျဉ်း၍ လွှဲပြောင်းခြင်းအတွက် တန်ဖိုး အလျောက် တံဆိပ်ခေါင်းခွန် ပေးဆောင်ရမည်။

သို့ရာတွင် ဤပုဒ်မပါအချက်များသည် ဇယား (၁) အမှတ်စဉ် ၁၈ တွင်ဖော်ပြပါရှိသည့် ပစ္စည်းရောင်း သက်သေခံ လက်မှတ်တစ်စုံတစ်ရာနှင့် သက်ဆိုင်မှုမရှိစေရ။

ရှင်းလင်းချက်။ ။ ပေါင်နှံထားသည့်ပစ္စည်း သို့မဟုတ် အခြားကြွေးမြီတင်ရှိသည့် ပစ္စည်းတစ်စုံ တစ်ရာကို ရောင်းချ သည့်ကိစ္စတွင် ၎င်းပစ္စည်းအတွက် မပေးဆပ်ရသေးသော အပေါင်ချေးငွေ သို့မဟုတ် ကျသင့်တောင်းခံငွေကို အတိုးငွေ နှင့်တကွ (တစ်စုံတစ်ရာရှိလျှင်) အား ရောင်းချသည့် အဖိုး စားနား၏ အစိတ်အပိုင်းဟု မှတ်ယူရမည်။

သို့ရာတွင် ပေါင်နှံထားသည့်ပစ္စည်းကို အပေါင်ခံသူထံသို့ လွှဲပြောင်းပေးအပ်ရာ၌ ၎င်းသူသည် ပေါင်နှံခြင်းနှင့် ပတ်သက်၍ ပေးဆောင်ပြီးသောတံဆိပ်ခေါင်းခွန်ကို လွှဲပြောင်း ခြင်းအပေါ် ပေးဆောင်ရမည့် တံဆိပ်ခေါင်းခွန်မှ နုတ်ယူ ပိုင်ခွင့်ရှိသည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၂ ၂၅

နှစ်စဉ်ပေးရမည့်ငွေ သို့မဟုတ် ကာလအပိုင်းအခြားနှင့် ပေးရမည့်အခြားငွေတစ်စုံတစ်ရာနှင့် စပ်လျဉ်း၍ ချုပ်ဆိုသည့် စာချုပ်စာတမ်း သို့မဟုတ် လွှဲပြောင်းစာချုပ်ပါ အဖိုးစားနား အား နှစ်စဉ် သို့မဟုတ် ကာလအပိုင်းအခြားနှင့်ပေးရန် အခြားငွေတစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ ချုပ်ဆိုသည့် စာချုပ် စာတမ်းတွင်ဖော်ပြသည့်ငွေ သို့မဟုတ် လွှဲပြောင်းစာချုပ် စာတမ်းပါ အဖိုးစားနားမှာ ဤအက်ဥပဒေအရ အောက်ပါအတိုင်း မှတ်ယူရမည်-

(က) ပေးရမည့်ငွေပမာဏစုစုပေါင်းကို ကြိုတင်၍သေချာစွာ တွက်စစ်နိုင်ရန် အတိအကျ သတ်မှတ်အချိန် ကာလအတွင်း ပေးချေရမည်ဖြစ်လျှင် ဆိုခဲ့သည့် စုစုပေါင်းငွေပမာဏ၊

(ခ) ပေးချေရမည့်ငွေအား အစဉ်ထာဝရဖြစ်စေ၊ ဆိုခဲ့သည့် စာချုပ် သို့မဟုတ် လွှဲပြောင်း စာချုပ်ချုပ်ဆို သည့်နေ့တွင် ထာဝရ သို့မဟုတ် ကာလအဆုံးသတ်မရှိ၊ အတိအကျမရှိ သောအချိန်ကာလအတွက်ဖြစ်စေ ပေးချေရမည်ဖြစ်လျှင် ပထမပေးရန်ရှိသောငွေကို ပေးချေရန်အချိန်စေ့ရောက်သည့် နေ့မှ ရေတွက်လျှင် နှစ်ပေါင်း ၂၀ အတွင်း ဆိုခဲ့သည့် စာချုပ် သို့မဟုတ် လွှဲပြောင်းစာချုပ်သတ်မှတ်ချက်များနှင့်အညီ ဖြစ်သော စုစုပေါင်းငွေ၊ ထို့အပြင်

(ဂ) ပေးချေရမည့် ငွေအားဆိုခဲ့သည့်စာချုပ် သို့မဟုတ် လွှဲပြောင်းစာချုပ်ချုပ်ဆိုသည့်နေ့တွင် ကာလအဆုံးသတ်ရှိ သော၊ အတိအကျမရှိသော အချိန်ကာလအတွက် ပေးချေရ မည်ဖြစ်လျှင် ပထမပေးရန်ရှိသော ငွေကိုပေးချေရန် အချိန်စေ့ ရောက်သည့်နေ့မှ ရေတွက်လျှင် ၁၂ နှစ်အတွင်းဆိုခဲ့သည့် အတိုင်းပေးရန်ရှိသည့် အများဆုံးငွေပေါင်း။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၃ ၂၇

တံဆိပ်ခေါင်းခွန်ထိုက်သင့်သည့် စာချုပ်စာတမ်းတစ်စုံတစ်ရာ နှင့်စပ်လျဉ်း၍ ကျသင့်သည့် အခွန်ပေါ်တွင် အကျိုးသက် ရောက်စေသည့် အဖိုးစားနား (ရှိပါက) နှင့်အခြားသော အချက်များနှင့် အခြေအနေများ သို့မဟုတ် ကျသင့်သည့် အခွန်ငွေပေါင်းတို့ကို ၎င်းစာချုပ်ပေါ်တွင် ပြည့်စုံမှန်ကန် ပေါ်လွင်အောင်ရေးသားရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၄ ၂၉ (ခ) (ဂ) (ဃ)

(ခ) မီးအာမခံပေါ်လစီမှအပ အခြားအာမခံပေါ်လစီတွင် အာမခံအကျိုးခံစားခွင့်ရှိသူက ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်ကို ပေးဆောင်ရမည်။

(ခ) (ခ) မီးအာမခံပေါ်လစီအတွက် ပေါ်လစီထုတ်ပေးသူက ပေးဆောင်ရမည်။

(ဂ) (အပေါင်ပစ္စည်းကိုပြန်၍လွှဲအပ်ယူသည့် စာချုပ်အပါ အဝင်) ပစ္စည်းလွှဲပြောင်းစာချုပ်စာတမ်း ဖြစ်သည့် အချက်တွင် အာမခံချက်ပေးသူက ၎င်းငှားရမ်းခြင်း သို့မဟုတ် ငှားရမ်းရန် သဘောတူညီချက်ဖြစ်သည့်အချက်တွင် အငှားချထားခြင်း ခံရသူ သို့မဟုတ် အငှားချထားမည့်သူက ထိုက်သင့်သည့် တံဆိပ် ခေါင်းခွန်ကို ပေးဆောင်ရမည်။

(ဃ) ငှားရမ်းခြင်းစာချုပ် မူရင်းခွဲဖြစ်သည့် အချက်တွင် ထိုက်သင့်သည့် တံဆိပ်ခေါင်းကုန်ကျ ငွေကို အငှားချထားသူက ပေးဆောင်ရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၅ ၃၀

မည်သူမဆို ကျပ်ငါးထောင်ထက်ပိုသည့်ငွေကိုဖြစ်စေ၊ ကျပ်ငါးထောင်ထက်ပိုသည့်ငွေလွှဲ လက်မှတ်၊ ချက်လက်မှတ် သို့မဟုတ် ငွေချေးကတိစာချုပ် တစ်စုံတစ်ရာကိုဖြစ်စေ၊ ကြွေးမြီ တစ်စုံတစ်ရာကိုအားလုံး သို့မဟုတ် တစ်ချို့တစ်ဝက် အတွက် အစားထိုးအပြေအကြေပေးအပ်သည့် တန်ဖိုးငွေ ငါးထောင်ကျပ် ထက်ပိုသည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းတစ်စုံ တစ်ရာကိုဖြစ်စေ လက်ခံရယူလျှင် ထိုငွေ၊ ငွေလွှဲလက်မှတ်၊ ချက်လက်မှတ်၊ ငွေချေးကတိစာချုပ် သို့မဟုတ် ပစ္စည်းကို ပေးအပ်သူက တောင်းဆိုသည့်အခါ ထိုက်သင့်သည့် တံဆိပ်ခေါင်းကပ်ပြီး ပြေစာကို ပေးအပ်ရမည်။ (မည်သူမဆို အသစ်ပြန်လည်ချုပ်ဆိုသော မီးအာမခံစာချုပ်နှင့်စပ်လျဉ်း၍ ပရီမီယံငွေတစ်စုံတစ်ရာ သို့မဟုတ် အဖိုးစားနားတစ်ခု အတွက်ငွေကိုသော်လည်းကောင်း၊ ငွေလက်မှတ်ကိုသော် လည်းကောင်း၊ လက်ခံရယူ ထားလျှင်ထိုသို့ လက်ခံရယူပြီး တစ်လအတွင်း ၎င်းအတွက် တံဆိပ်ခေါင်းခွန်အပြေအကြေ ထမ်းဆောင်ထားသည့် ပြေစာအားပေးအပ်ရမည်။)

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၆ ၄၃

စာချုပ်စာတမ်းတစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ ဤအခန်းအရ ဆောင်ရွက်ခြင်း သို့မဟုတ် ဒဏ်ငွပေးဆောင်စေခြင်းသည် ယင်းစာချုပ်စာတမ်းနှင့်ပတ်သက်၍ တံဆိပ်ခေါင်းဥပဒေကို ဆန့်ကျင်သည့် ပြစ်မှုကျူးလွန်ကြောင်းပေါ်ပေါက်လျှင်  ထိုကျူးလွန်သူအပေါ် တရားစွဲဆိုခြင်းကို ပိတ်ပင်ခြင်း မရှိစေရ။

သို့ရာတွင် ထိုပြစ်မှုကိုကျူးလွန်ခြင်းမှာ ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်ကို ထမ်းဆောင်ခြင်း မပြုရအောင်ကြံရွယ် ချက်ဖြင့် ကျူးလွန်ခြင်းဖြစ်ကြောင်း မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိတ္တော်အရာရှိ) က ထင်မြင်ယူဆခြင်းမရှိလျှင် ဆိုခဲ့ သည့်အတိုင်း ဒဏ်ငွေပေးဆောင်ပြီး သည့် စာချုပ်စာတမ်း နှင့်ဆိုင်သည့် ကိစ္စတွင် တရားစွဲဆိုခွင့်မရှိစေရ။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၇ ၆၂

(၁) မည်သူမဆို-

(က) သက်သေအဖြစ်မှတစ်ပါး တောင်းဆိုသည့်အခါမှ တစ်ပါး အခြားနည်းဖြင့် ငွေပေးချေရသော ငွေလွှဲလက်မှတ် သို့မဟုတ် ငွေပေးကတိစာချုပ်တစ်စုံတစ်ရာကို ထိုက်သင့် သည့်တံဆိပ်ခေါင်း ကပ်နှိပ်ခြင်းမရှိပဲ ရေးသားခြင်း၊ ပြုလုပ်ခြင်း၊ ထုတ်ပေးခြင်း၊ ထပ်ဆင့်လက်မှတ်ရေးထိုးခြင်း သို့မဟုတ် လွှဲပြောင်းခြင်း သို့မဟုတ် လက်မှတ်ရေးထိုးခြင်း ပြုခဲ့လျှင် သို့မဟုတ်၊ ငွေပေးချေရန် သို့မဟုတ် လက်ခံရန် သို့မဟုတ် ငွေပေးချေခြင်းကို လက်ခံသည့်အခါ သို့မဟုတ် အခြား နည်းလမ်းတစ်စုံတစ်ရာဖြင့် လွှဲပြောင်းသည့်အခါ၊ သို့မဟုတ်၊

(ခ) တံဆိပ်ခေါင်းခွန်ထိုက်သင့်သည့် စာချုပ်စာတမ်းတစ်စုံ တစ်ရာကို ထိုက်သင့်သည့် တံဆိပ်ခေါင်း မပါဘဲ ချုပ်ဆိုလျှင် သို့မဟုတ် သက်သေအဖြစ်မှတစ်ပါး အခြားနည်းဖြင့် လက်မှတ်ရေးထိုးလျှင်၊ သို့မဟုတ်

(ဂ) ထိုက်သင့်သည့် တံဆိပ်ခေါင်းမပါသည့် “ကိုယ်စားဆောင် ရွက်ရန်လွှဲအပ်စာ” အရမဲပေးရန် သို့မဟုတ် မဲပေးရန်အတွက် အားထုတ်မှုပြုခဲ့လျှင် ထိုပြစ်မှုအသီးသီးအတွက် ငွေဒဏ် ကျပ်တစ်သိန်းအထိ ချမှတ်ရမည်။

သို့ရာတွင် စာချုပ်စာတမ်းတစ်စုံတစ်ရာအတွက် ပုဒ်မ ၃၅၊ ပုဒ်မ ၄၀ သို့မဟုတ် ပုဒ်မ ၆၁ အရ ဒဏ်ကြေးငွေတစ်စုံတစ်ရာ ပေးဆောင်ပြီးဖြစ်လျှင် ဤပုဒ်မအရ နောက်ထပ်စီရင်သည့် ဒဏ်ကြေးငွေ (အကယ်၍ရှိခဲ့လျှင်) ထိုဒဏ်ငွေကို ခုနှိမ်ခွင့် ပြုရမည်။

(၂) ထိုက်သင့်သည့်တံဆိပ်ခေါင်းမပါသည့် အစုရှယ်ယာ လက်မှတ်ကို ကုမ္ပဏီကထုတ်ပေးခဲ့ လျှင် ထိုထုတ်ပေးခဲ့သည့် ကုမ္ပဏီနှင့်ထိုသို့ထုတ်ပေးခဲ့စဉ်အချိန်၌ အုပ်ချုပ်မှုဒါရိုက်တာ လူကြီး သို့မဟုတ် အတွင်းရေးမှူး သို့မဟုတ် ကုမ္ပဏီ၏ အခြားအကြီးအကဲ အရာရှိ ဖြစ်ခဲ့လျှင် ငွေဒဏ်ကျပ်တစ်သိန်းအထိ ချမှတ်ရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၈ ၆၃

ပုဒ်မ ၁၂ အရ ကပ်တံဆိပ်ခေါင်းတစ်ခုကို ပယ်ဖျက်ရမည့် မည်သူမဆို ထိုပုဒ်မတွင်ပြဋ္ဌာန်းထားသည့် နည်းလမ်းအတိုင်း ပယ်ဖျက်ရန်ပျက်ကွက်ခဲ့လျှင် ငွေဒဏ်ကျပ်တစ်သိန်း အထိချမှတ်ရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၉ ၆၄

မည်သူမဆိုအစိုးရကို လိမ်လည်ရန်ရည်ရွယ်၍-

(က) စာချုပ်စာတမ်းတစ်စုံတစ်ရာကို ချုပ်ဆိုသည့်အခါ၌ ပုဒ်မ ၂၇ အရ လိုအပ်သည့် အကြောင်းအချက် အခြေအနေ အရပ်ရပ်ကို စုံလင်စွာနှင့်မှန်ကန်စွာ ဖော်ပြပါရှိရမည်ကို ဖော်ပြခြင်းမရှိပဲရေးသားချုပ်ဆိုလျှင်၊ သို့မဟုတ်

(ခ) စာချုပ်စာတမ်းတစ်စုံတစ်ရာကို ပြင်ဆင်ရေးဆွဲရာ၌ ပါဝင်လျှင် သို့မဟုတ် ပတ်သက်လျှင် သို့မဟုတ် ၎င်းစာချုပ် စာတမ်းတွင် အထက်ပါအတိုင်း အကြောင်းအချက်များနှင့် အခြေ အနေအရပ်ရပ်ကို စုံလင်စွာနှင့်မှန်ကန်စွာဖော်ပြရန် ပေါ့လျော့ခဲ့လျှင် သို့မဟုတ် ချန်လှပ်ထားခဲ့လျှင်၊ သို့မဟုတ်

(ဂ) ဤအက်ဥပဒေအရ အစိုးရကိုပေးဆောင်ရမည့် အခွန်တစ်စုံတစ်ရာ သို့မဟုတ် ဒဏ်ကြေး ကို ဆုံးရှုံးစေနိုင် သည့် အခြားပြုလုပ်မှုတစ်စုံတစ်ရာကို ပြုလုပ်လျှင်-

ထိုသူကိုငွေဒဏ်အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ချမှတ်ရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၀ ၆၅

မည်သူမဆို-

(က) ပုဒ်မ ၃၀ အရ ပြေစာပေးရန်လိုအပ်သူက ပြေစာပေးရန်ငြင်းဆန်လျှင် သို့မဟုတ် ပေးရန်အလားတူ ပျက်ကွက်လျှင်၊ သို့မဟုတ်

(ခ) အခွန်တစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ အစိုးရကိုလိမ်လည် ရန် ရည်ရွယ်ချက်ဖြင့် ကျပ်ငါးထောင်ထက် ပိုသည့်ငွေကို ပေးချေရာတွင်ဖြစ်စေ၊ ကျပ်ငါးထောင်ထက်ပို၍ အဖိုးထိုက် တန်သည့် ပစ္စည်းကိုပေးအပ် ရာတွင်ဖြစ်စေ၊ ကျပ်ငါးထောင် ထက်မပိုသည့် တန်ဖိုးပမာဏအတွက် ပြေစာကိုပေးလျှင် ဖြစ်စေ၊ ပေးချေသည့် သို့မဟုတ် ပေးအပ်သည့် ငွေ သို့မဟုတ် ပစ္စည်းကိုခွဲခြမ်းစိတ်ဖြာ၍ ပေးအပ်လျှင် သို့မဟုတ် လွှဲအပ်လျှင် ထိုသူအား ငွေဒဏ် ကျပ်နှစ်သောင်းအထိ ချမှတ်ရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၁ ၆၆

မည်သူမဆို-

(က) အာမခံကြေးတစ်စုံတစ်ရာ သို့မဟုတ် အာမခံပဋိညာဉ် တစ်စုံတစ်ရာအတွက် အဖိုးစားနား သို့မဟုတ် ယင်းတို့၏ အမြတ်ငွေကို လက်ခံရယူပြီး နောက်တစ်လအတွင်း ထိုအာမခံကြေး သို့မဟုတ် အဖိုးစားနား အတွက် ထိုက်သင့်သော တံဆိပ်ခေါင်းပါသည့် အာမခံပေါ်လစီကို ချုပ်ဆိုခြင်းမရှိလျှင်၊ သို့မဟုတ်

(ခ) ထိုက်သင့်သည့် တံဆိပ်ခေါင်းမပါသော အာမခံ ပေါ်လစီတစ်စုံတစ်ရာကို ရေးသား၊ ချုပ်ဆို သို့မဟုတ် ထုတ်ပေးသည့်အခါ ယင်းပေါ်လစီနှင့်စပ်လျဉ်း၍ ငွေပေးအပ် ခြင်း သို့မဟုတ် စာရင်းတွင် ငွေပေးသွင်းခြင်း သို့မဟုတ် ထိုသို့ပေးအပ်ရန် သို့မဟုတ် စာရင်းသွင်းရန် သဘော တူညီလျှင် ထိုသူကို ငွေဒဏ်ကျပ်လေးသောင်းအထိ ချမှတ်ရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၂ ၆၇

မည်သူမဆို (တောင်းဆိုသည့်အခါ မှတစ်ပါး အခြားနည်းဖြင့် ငွေပေးချေရသော) ငွေလွှဲလက်မှတ်၊ သို့မဟုတ် ပင်လယ် ရေကြောင်းဆိုင်ရာ အာမခံပေါ်လစီကိုရေးသားခြင်း သို့မဟုတ် ချုပ်ဆိုခြင်း ပြုရာတွင် စာချုပ်နှစ်စောင် သို့မဟုတ် ထို့ထက် ပို၍ ချုပ်ဆိုရမည့်သဘောသက်ရောက်သော်လည်း ထိုက်သင့် သည့် တံဆိပ်ခေါင်းပါသော ယင်းငွေလွှဲလက်မှတ် သို့မဟုတ် အာမခံပေါ်လစီအတိုင်း စောင်ရေပြည့်မီအောင် ချုပ်ဆိုခြင်း မပြုလျှင် ထိုသူကိုငွေဒဏ်ကျပ်နှစ်သိန်းအထိ ချမှတ်ရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၃ ၆၈

မည်သူမဆို-

(က) အစိုးရအခွန်ငွေကိုရှောင်လွှဲရန်အကြံဖြင့် ငွေလွှဲလက် မှတ် သို့မဟုတ် ငွေပေးကတိစာချုပ် တစ်စုံတစ်ရာကိုရေးသား၊ ပြုလုပ် သို့မဟုတ် ထုတ်ပေးသည့်အခါတွင် အမှန်တကယ် ရေးသား သို့မဟုတ် ပြုလုပ်သည့် နေ့စွဲကိုမထည့်ပဲ နောက်လာ မည့် နေ့ရက်ကိုထည့်လျှင် သို့မဟုတ်

(ခ) ထိုကဲ့သို့သော ငွေလွှဲလက်မှတ် သို့မဟုတ် ကတိ စာချုပ်တွင် ကြိုတင်နေ့စွဲတပ်ထားပြီးဟု သိလျှက်နှင့် ထိုငွေလွှဲလက်မှတ် သို့မဟုတ် ငွေပေးကတိစာချုပ်ကို လက်ခံ ရန် သို့မဟုတ် ငွေပေးချေရန်အတွက် ထပ်ဆင့် လက်မှတ် ရေးထိုးခြင်း၊ လွှဲပြောင်းခြင်း၊ ပြသခြင်း ကိုပြုလုပ်လျှင် သို့မဟုတ် ယင်းတစ်ရပ်ရပ်ကို လက်ခံခြင်း၊ ငွေပေးချေခြင်း၊ သို့မဟုတ် ငွေပေးချေသည်ကိုရယူခြင်းပြုလုပ်လျှင် သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်း ပေးလျှင်၊ သို့မဟုတ်

(ဂ) အလားတူအကြံဖြင့် ဆောင်ရွက်လျှင် သို့မဟုတ် ဤအက် ဥပဒေ သို့မဟုတ် တည်ဆဲအခြားဥပဒေ တစ်စုံတစ်ရာဖြင့် သီးခြားပြဋ္ဌာန်းမထားသော ဆောင်ရွက်မှု၊ ဖန်တီးမှု သို့မဟုတ် နည်းလမ်းတစ်ခုခုတွင် ပါဝင်ပတ်သက်လျှင် ထိုသူကို ငွေဒဏ် ကျပ်နှစ်သိန်းအထိချမှတ်ရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၄ ၆၉

(က) တံဆိပ်ခေါင်းရောင်းချရန် ခန့်ထားခံရသူ မည်သူမဆို ပုဒ်မ ၇၄ အရ ပြဋ္ဌာန်းထားသည့် နည်းဥပဒေတစ်စုံတစ်ရာကို မလိုက်နာလျှင်၊ ထို့ပြင်၊

(ခ) မည်သူမဆိုခန့်ထားခြင်းမခံရဘဲ ကျပ်တစ်ဆယ်တန် ကပ်တံဆိပ်ခေါင်းမှအပ အခြား တံဆိပ်ခေါင်း တစ်စုံတစ်ရာကို ရောင်းချလျှင်၊ သို့မဟုတ် ရောင်းချရန် ကမ်းလှမ်းလျှင်၊

(ဂ) တံဆိပ်ခေါင်းတစ်စုံတစ်ရာကို တရားမဝင်လက်ဝယ် ထားလျှင် ထိုသူကို ထောင်ဒဏ် ခြောက်လအထိ သို့မဟုတ် ငွေဒဏ်ကျပ်တစ်သိန်းအထိ သို့မဟုတ် ဒဏ်နှစ်ရပ် စလုံး ချမှတ်ရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃၅ ၇၃

မှတ်ပုံတင်စာရင်းစာအုပ်များမှစာအုပ်များ၊ မှတ်တမ်းများ၊ အမှုတွဲစက္ကူများနှင့် စာချုပ်စာတမ်း အမှတ်အသားများ သို့မဟုတ် အမှုတွဲများကို ထိမ်းသိမ်းကြည့်ရှုရသည့် အများ ပြည်သူတို့ဆိုင်ရာ အရာရှိ အရပ်ရပ်မှာ ယင်းတို့ကိုကြည့်ရှု စေခြင်းဖြင့် အခွန်တစ်ရပ်ရပ် ရရန်သော်လည်းကောင်း၊ အခွန်တစ်ရပ်ရပ် နှင့်စပ်လျဉ်း၍ လိမ်လည်လှည့်ဖြားခြင်း သို့မဟုတ် ထိန်ချန်ခြင်း တစ်စုံတစ်ရာပေါ်ပေါက်တွေ့ရှိ ရန်သော် လည်းကောင်း ရှိမည်ဖြစ်လျှင် သင့်လျော်သည့် အချိန် များတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိတ္တော် အရာရှိ) က စာရေးသား၍ အခွင့်အာဏာ အပ်နှင်းသူ မည်သူသို့မဆို ယင်းမှတ်ပုံတင်စာရင်းစာအုပ်များ၊ စာအုပ်များ၊ မှတ်တမ်းများ၊ အမှုတွဲ စက္ကူများ၊ စာချုပ်စာတမ်းအမှတ်အသားများ သို့မဟုတ် အမှုတွဲများကို ဆိုခဲ့သည့်ကိစ္စအလို့ငှာ အဖိုးအခ မရှိဘဲ ကြည့်ရှုရန် သင့်မည်ထင်မြင်ရာ မှတ်ချက်ထုတ်နှုတ်ချက်များကို ရေးကူးရန် ခွင့်ပြုရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း