Measures relating to Notification No. 47 / 2018


Domestic Regulations
sr. Para measures mode remarks

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လစာခေါင်းစဉ်မှအပ အောက်ပါပေးချေငွေအမျိုးအစားများနှင့်စပ်လျဉ်း၍ ငွေထုတ်ပေးရန် တာဝန်ရှိသူက ငွေထုတ်ပေးချိန်တွင် ယှဉ်တွဲဖော်ပြပါ ရာခိုင်နှုန်းများအတိုင်း ကျသင့်သောဝင်ငွေခွန်ကို နှုတ်ယူ ပေးသွင်းရန် ထုတ်ပြန်သတ်မှတ်လိုက်သည် -

အမှတ်စဉ် ပေးချေငွေအမျိုးအစား
ထုတ်ပေးသည့်ငွေမှ အခွန်အတွက်နှုတ်ယူရန်
ရာခိုင်နှုန်း
    ပြည်တွင်းနေ နိုင်ငံသားနှင့် ပြည်တွင်းနေနိုင်ငံ ခြားသားများ အတွက်
ပြည်ပနေ
နိုင်ငံခြား
သားအတွက်
(က) အတိုးပေးငွေများ - ၁၅ %
(ခ) လိုင်စင်၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်အခွင့်အရေးစသည်တို့ ကို အသုံးချခွင့်ပြုသည့်အတွက် ပေးချေငွေများ ၁၀ % ၁၅ %
(ဂ) ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသ ကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ နိုင်ငံ ပိုင်လုပ်ငန်းများ၊ စည်ပင်သာယာရေး အဖွဲ့များက တင်ဒါစနစ် သို့မဟုတ် လေလံစနစ် သို့မဟုတ် ဈေးပြိုင်ခေါ် ယူသည့်စနစ် သို့မဟုတ် ကန်ထရိုက် စာချုပ် သို့မဟုတ် သဘောတူစာချုပ် သို့မဟုတ် အခြားစနစ်တစ်ခုခုဖြင့် နိုင်ငံတော်အတွင်း ပစ္စည်းဝယ်ယူခြင်း၊ လုပ်ငန်းဆောင်ရွက်ပေးစေခြင်း၊ ဝန်ဆောင်မှုဆောင်ရွက်ပေးစေခြင်းတို့အတွက် ပေးချေငွေများ ၂ % ၂.၅ %
(ဃ) နိုင်ငံတော်နှင့်အကျိုးတူပူးပေါင်း ဆောင်ရွက် သည့် စီးပွားရေးလုပ်ငန်းများ၊ အစုစပ် လုပ်ငန်းများ၊ ဖက်စပ် လုပ်ကိုင်သည့်လုပ်ငန်း၊ ကုမ္ပဏီ၊ တစ်ဦးချင်းပုဂ္ဂိုလ်တို့စုပေါင်းထား သည့်အဖွဲ့အစည်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ် အရ မှတ်ပုံတင်ထားသည့် အဖွဲ့အစည်း သို့မဟုတ် အသင်းအဖွဲ့၊ သမဝါယမအသင်းနှင့် နိုင်ငံခြားကုမ္ပဏီများ၊ နိုင်ငံခြားသားပိုင် လုပ်ငန်းများက ကန်ထရိုက်စာချုပ် သို့မဟုတ် သဘောတူစာချုပ် သို့မဟုတ် အခြားစနစ် တစ်ခုခုဖြင့် နိုင်ငံတော်အတွင်း ပစ္စည်းဝယ်ယူ ခြင်း၊ လုပ်ငန်းဆောင်ရွက်ပေးစေခြင်း၊ ဝန်ဆောင်မှု ဆောင်ရွက်ပေးစေခြင်း တို့ အတွက်ပေးချေငွေများ - ၂.၅ %
နည်း လမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

ပြည်ပနေနိုင်ငံခြားသားသည် မြန်မာနိုင်ငံနှင့်အခွန်နှစ်ထပ်စည်းကြပ်မှုရှောင်ရှားရေးနှင့် ငွေကြေး ထိန်ချန်မှုကာကွယ်ရေးသဘောတူစာချုပ် (Agreement for Avoidance of Double Taxation and Prevention of Fiscal Evasion) ချုပ်ဆိုထားသော နိုင်ငံတစ်ခုခု၏ ပြည်တွင်းနေ (Resident) ဖြစ်ကြောင်းဆိုင်ရာနိုင်ငံ ပြည်တွင်းအခွန်ဌာန၏ သက်သေခံလက်မှတ် (Certificate of Resident) တင်ပြလာလျှင် ထိုသူသို့ ထုတ်ပေးရန်ရှိသော ငွေအနက်မှ ဝင်ငွေခွန်အတွက် နုတ်ယူပေးသွင်းရမည့်ငွေကို သက်ဆိုင်ရာနိုင်ငံနှင့်ချုပ်ဆိုထားသော သဘောတူစာချုပ်ပါ သတ်မှတ်ရာခိုင်နှုန်းအတိုင်း နုတ်ယူပေးသွင်းရမည်။

နည်း လမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

အပိုဒ် ၁ ဇယား၏ အမှတ်စဉ် (ဂ) ပါ ပေးချေငွေမှ အခွန်နုတ်ယူ ပေးသွင်းရာတွင် နှစ်တစ်နှစ် အတွင်း စုစုပေါင်းပေးချေငွေ ကျပ်သိန်း ၁၀ အထိ အခွန်နုတ်ယူပေးသွင်းခြင်းမပြုရ။ စုစုပေါင်း ပေးချေငွေသည် ကျပ်သိန်း ၁၀ ထက်ကျော်လွန်ပါက နုတ်ယူပေးသွင်းရမည်။ ပြည်ပနေ နိုင်ငံခြားသားသို့ ပေးချေငွေဖြစ်ပါက ပေးချေငွေအားလုံးပေါ် သတ်မှတ်ရာခိုင်နှုန်း များအတိုင်း ပေးသွင်းရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

သို့ရာတွင် -

(က) အထက် အပိုဒ် ၁ ဇယား အမှတ်စဉ် (ဂ) ပါ အဖွဲ့အစည်းအချင်းချင်း ပေးချေငွေ များ၊ ယင်းအဖွဲ့အစည်းများသို့ ပေးချေငွေများအပေါ် ငွေထုတ်ပေးသည့်အချိန်၌ နုတ်ယူပေးသွင်းခြင်း မပြုရ။

(ခ)   အထက်အပိုဒ် ၁ ဇယားပါပေးချေငွေများအနက် အတိုးပေးငွေနှင့် စပ်လျဉ်း၍ နိုင်ငံ အတွင်း၌ ပြည်ပနေနိုင်ငံခြားသား၏ရုံးခွဲအဖြစ် မှတ်ပုံတင်ဖွဲ့စည်းထားခြင်း၊ အဆိုပါရုံးခွဲမှ ပြည်တွင်းဝင်ငွေနှင့်စပ်လျဉ်း၍ ပြည်တွင်း၌ အခွန်စည်းကြပ်မှုခံယူနေခြင်းဖြစ်ပါက ပေးချေငွေ များအပေါ် ငွေထုတ်ပေးသည့်အချိန်၌ ပင်ရင်းမှ ဝင်ငွေခွန် နုတ်ယူပေးသွင်းခြင်းမပြုရ။

(ဂ) ပင်ရင်းမှနုတ်ယူပေးသွင်းရမည့် ဝင်ငွေခွန်နုတ်ယူပေးသွင်းခြင်းကို ငွေလက်ခံသူက သဘောတူလက်ခံရန် ငြင်းဆိုခြင်းကြောင့် ငွေပေးချေသူက နုတ်ယူပေးသွင်း ရမည့်တာဝန်မှ ကင်းလွတ်ခွင့်မရှိစေရ။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း