Measures relating to 1948 foreigners registration rules


Domestic Regulations
sr. Rules measures mode remarks

မြန်မာပြည်သို့လာရောက်သော မည်သည့်ခရီးသည်မဆို သင်္ဘောအရာရှိ သို့မဟုတ် ၎င်း၏ ကိုယ်စား လှယ်တစ်ဦးဦးက တောင်းဆိုသောအခါ ၎င်း၏အမည်၊ လူမျိုး၊ အသက်၊ ယောက်ျား၊ မိန်းမ၊ မွေးဖွားရာ အရပ်နှင့် မြန်မာပြည်တွင် နေမည့်နေရပ်၊ ၎င်းလာရောက်သည့်အကြောင်းအရာ နှင့် မည်မျှနေမည် စသည် တို့ကိုပေးရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

(၁) မြန်မာပြည်သို့လာရောက်သည့် သို့မဟုတ် နေထိုင် သည့် နိုင်ငံခြားသားတိုင်း  နည်းဥပဒေ ၆ အရ မှတ်ပုံ တင်ရ မည်။

(၂) နိုင်ငံခြားသားများသည် ပုံစံ ‘က’ ရှိ အပိုဒ် ၂ မှ ၁၈ နှင့် ၁၉ မှ ၂၂ အထိ လိုအပ် သည့်အချက်အလက်များကို အမှန် အတိုင်းဖြည့်သွင်းရမည်။ ၎င်းအပြင် မိမိ၏ဓါတ်ပုံ သုံးပုံကိုပါ ပေးရမည်။ အိမ်တွင်းပုန်းအမျိုးသမီးများအတွက် ဓါတ်ပုံပေး ရန်မလို။

(၃) အပိုဒ်ငယ် (၂) အတွက် နိုင်ငံခြားသား တစ်ဦး တစ်ယောက်၏ မြန်မာပြည်ရှိ လိပ်စာမှာ-

(က) မိမိ၏နေအိမ်၊

(ခ) အိမ်မရှိလျှင် ပထမအကြောင်းကြားစဉ်က နေထိုင်နေသည့် နေရာ သို့မဟုတ် မြန်မာပြည် ရောက်သည့် အခါ နေရန်ရည်ရွယ်သည့်နေရာဖြစ်သည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၆ (၁)

(၁) အပိုဒ်ငယ် (၅) (၁)တွင် ရည်ညွှန်းထားသည့် အကြောင်းချက်အရ ဆောင်ရွက်ရမည်မှာ -

(က) ဤနည်းဥပဒေများကို စတင်ပြဋ္ဌာန်းသည့်နေ့တွင် မြန်မာပြည်၌ရှိနေသော နိုင်ငံခြားသားတစ်ဦးသည် ထိုနေ့မှ စ၍ (၃၀၁) ရက်အတွင်း မိမိနေထိုင်သည့် သက်ဆိုင်ရာ နယ်ရှိမှတ်ပုံတင်အရာရှိထံ အကြောင်းကြားရမည်။

အကယ်၍အခြားဒေသတစ်ခုခုတွင် ရောက်ရှိနေပါက ရောက်ရှိရာအရပ်ရှိ မှတ်ပုံတင်အရာရှိထံအကြောင်း ကြားရမည်။

(ခ) သင်္ဘောဖြင့် မြန်မာပြည်သို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားတစ်ဦးသည် မှတ်ပုံတင်အရာရှိက သတ်မှတ် ပေးသည့် သင်္ဘောဆိပ် သို့မဟုတ် ရောက်ရှိသည့် နေရာ တစ်ခုခုတွင် ၎င်းရောက်ရှိသည့် နေ့ရက်၊ အချိန်တို့ကို တိုင်ကြားရမည်။

(ဂ) ကုန်းလမ်းခရီးဖြင့် ဝင်ရောက်လာသည့် နိုင်ငံခြား သားသည်သက်ဆိုင်ရာ နိုင်ငံခြားသား မှတ်ပုံတင် အရာရှိထံ (၇၂) နာရီအတွင်းတိုင်ကြားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၆ (၂)

(၂) မည်သည့်နိုင်ငံခြားသားမဆို တိုင်ကြားသည့်အခါတွင် မှတ်ပုံတင်အရာရှိ ကျေနပ်အောင် မိမိ တတ်နိုင်သမျှ အမှန်အကန်အကြောင်းအရာကို ပေးရမည်။ မှတ်ပုံတင် အရာရှိသည် ပုံစံ ‘က’(၃) ခုကိုတိုင်ကြားသည့် နိုင်ငံခြား သားအတွက် ဖြည့်စွက်ရမည်။ ပုံစံတိုင်းတွင် ထိုသူ၏ဓါတ်ပုံ တစ်ပုံစီကပ်၍ ၎င်း၏နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ်များ တွင် နိုင်ငံခြားသား၏ လက်မှတ်ရေးထိုးစေရမည်။ စာမတတ် သူဖြစ်ပါက လက်မပုံစံကို နှိပ်ထားရမည်။ နိုင်ငံခြားသားသည် အဆိုပါပုံစံ ‘က’၏ တတိယ ပိုင်းကို မှတ်ပုံတင်အရာရှိထံမှ ရယူရမည်။

မြန်မာပြည်သို့ သင်္ဘောဖြင့် နိုင်ငံခြားသား တစ်ဦးဝင်လာ သောနယ်ပယ်သည် မှတ်ပုံတင်အရာရှိ၏ အာဏာသက် ရောက်သည့် နယ်ပယ်အတွင်းမဟုတ်ခဲ့ပါက ၎င်းအား ယာယီ မှတ်ပုံတင်လက်မှတ် ပုံစံ ‘ခ’ ကိုထုတ်ပေးရမည်။ အဆိုပါ နိုင်ငံခြားသားသည် ပုံစံ ‘ ခ’ တွင်ဖော်ပြထားသည့်အတိုင်း လိုက်နာရမည်။

အကယ်၍ နိုင်ငံခြားသားတစ်ဦးတစ်ယောက်သည် မိမိ၏ မှတ်ပုံတင်သက်တမ်း မကုန်ဆုံးမီ မြန်မာပြည် သို့ ပြန်ဝင်လာ သူဖြစ်၍ ၎င်းဝင်ရောက်လာကြောင်း ဝင်ရောက်သည့် နေ့မှ ရက်(၃၀) အတွင်း အကြောင်းကြားပါက၎င်းအား ၎င်း၏ မှတ်ပုံတင် လက်မှတ်အဟောင်းကိုပြန်လည် အတည်ပြု၍ပေး အပ်ရမည်၊ သို့မဟုတ် နည်းဥပဒေအပိုဒ် ၅ (၁) အရ ပြန်လည် မှတ်ပုံတင် စေရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၆ (၃)

အပိုဒ်ငယ်(၁) အပိုဒ်ခွဲ(က) အရ နိုင်ငံခြားသားတစ်ဦးသည် ၎င်းမှတ်ပုံတင်ထားသည့် နေရပ်မဟုတ်သည့် အခြားနေရာရှိ မှတ်ပုံတင်အရာရှိတစ်ဦးဦးထံတွင် အကြောင်းကြားထားပါက ၎င်း၏ မှတ်ပုံတင်ရာနေရပ်သို့ မပြန်မချင်း နည်းဥပဒေ ၁၀၊ ၁၁၊ ၁၂ အရ ထိုဒေသရှိ မှတ်ပုံတင် အရာရှိသည် မိမိ၏ မှတ်ပုံတင်ရာအရာရှိ ဟုမှတ်ယူရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၆ (၄)

မှတ်ပုံတင်အရာရှိက ကမ္ဘာလှည့်ခရီးသည်ဟု နည်းဥပဒေ ၇ (၁) အရ သတ်မှတ်ထားသည့် နိုင်ငံခြားသား တစ်ဦးတစ် ယောက်သည် ပုံစံ ‘က’တွင် ပါရှိသည့် အပိုဒ် ၂၊ ၁၆၊ ၁၇၊ ၁၉၊ ၂၀၊ ၂၁ နှင့် ၂၃ တို့သာ ဖြည့်သွင်းရမည်။ ဓါတ်ပုံပေးခြင်း မှလည်း လွတ်ငြိမ်းခွင့်ပြုသည်။

နည်းလမ်း ၂ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၆ (၅)

(က) အသက် ၁၈ နှစ်အောက်ရှိ ကလေးများ၏ အမည်ကို ၎င်းတို့မိဘ၏ မှတ်ပုံတင် လက်မှတ်များတွင် ထည့်သွင်းရ မည်။ မိဘမရှိသူများအတွက် ၎င်းတို့အားအုပ်ထိန်း သူများ၏ မှတ်ပုံတင် လက်မှတ်တွင် ထည့်သွင်းရမည်။ ထို့ပြင် ၁၈ နှစ်အောက် နှင့် ၁၂ နှစ်အထက်ကလေးများကိုမူ ပုံစံ ‘ကက’ ထုတ်ပေးရမည်။ ၁၈ နှစ်ပြည့်သည့်နေ့မှစ၍ ရက်ပေါင်း(၃၀) အတွင်း သီးခြားမှတ်ပုံတင် လက်မှတ် လျှောက်ထားရမည်။ အသက် ၁၂ နှစ် ပြည့်သည့်နေ့မှစ၍ ရက် (၃၀) အတွင်း  “ကက” လျှောက်ထားရမည်။

(ခ) မိဘနှင့် အုပ်ထိန်းသူမရှိသည့် ၁၈ နှစ်အောက် ကလေးများကို မှတ်ပုံတင်လက်မှတ် အခမဲ့ ထုတ်ပေးရမည်။ သို့ရာတွင် အသက် ၁၈ နှစ်ပြည့်သည့်အခါ သတ်မှတ်ထား သည့်အခဖြင့် မှတ်ပုံတင် လက်မှတ်ပြုလုပ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၆ (၆)

(၆) ၁၉၅၆ ခု၊ အောက်တိုဘာလ ၁ ရက်နေ့မတိုင်မီ မှတ်ပုံတင်ထားသည့် နိုင်ငံခြားသား တိုင်းသည် ဤအပိုဒ်ငယ် အရ သတ်မှတ်ထားသည့်အတိုင်း မှတ်ပုံတင်သည်ဟု ယူဆ၍ အသက် ၁၈ နှစ်ပြည့်ပြီး သည့် နိုင်ငံခြားသားတိုင်းသည် ၁၉၅၆ ခု၊ အောက်တိုဘာလ ၁ ရက်နေ့၊ သို့မဟုတ် ၎င်းနေ့ နောက် ပိုင်းတွင် ၎င်းတို့၏ နိုင်ငံခြားသား မှတ်ပုံတင် လက်မှတ်များကို လဲလှယ်ရမည်။ သို့မဟုတ် ၁၉၅၆ ခု၊ အောက်တိုဘာလ ၁ ရက်နေ့ နောက်ပိုင်းနေ့များတွင် ၎င်း၏ နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ် သက်တမ်းကုန်ဆုံး ခဲ့လျှင် နည်းဥပဒေအပိုဒ်၇  အပိုဒ်ငယ်(၂) (က) (ခ) တို့အရ နှစ်စဉ် နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ် လဲလှယ်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

(၁) မှတ်ပုံတင်အရာရှိသည် မြန်မာပြည်သို့ဝင်လာသည့် နိုင်ငံခြားသားတစ်ဦးဦးသည် ကမ္ဘာလှည့်ခရီးသည် တစ်ဦးဟု ယုံကြည်ကျေနပ်ပါက ၎င်း၏မှတ်ပုံတင် လက်မှတ် ပေါ်တွင် ကမ္ဘာလှည့်ခရီးသည်ဟု ရေးသားရမည်။ ၎င်း၏လက်မှတ် ကုန်သည့်နေ့မှာ ဗီဇာပေါ်တွင်လည်းကောင်း၊ လူဝင်မှု ကြီးကြပ်ရေးဌာနမှ ထုတ်ပေးသည့် လက်မှတ်ပေါ်တွင် လည်းကောင်း နေခွင့်ကုန်ဆုံးသည့်နေ့ရက်ဖြစ်ရမည်။

(၂) (က) နိုင်ငံခြားသားတစ်ဦးဦးအား ထုတ်ပေးထား သည့် မှတ်ပုံတင်လက်မှတ် သည် မှတ်ပုံတင်သည့် နေ့မှစ၍ တစ်နှစ်တာသက်တမ်းရှိရမည်။

(ခ) နိုင်ငံခြားသားတိုင်းသည် ၎င်း၏ မှတ်ပုံတင် လက်မှတ် ကို နှစ်စဉ်လဲလှယ်ရမည်။ မှတ်ပုံတင် လက်မှတ်သက်တမ်း ကုန်ဆုံးသည့်နေ့မှ ရက်ပေါင်း (၃၀) အတွင်းလဲလှယ်ရမည်။

(၃) ကမ္ဘာလှည့်ခရီးသည် တစ်ဦးတစ်ယောက်သည် ၎င်း၏ မှတ်ပုံတင်လက်မှတ် သက်တမ်းကုန်ဆုံးပြီးသည့်အခါတွင် ကမ္ဘာလှည့်ခရီးသည်ဟု သတ်မှတ်ခြင်း မှရပ်စဲသည်။

နည်းလမ်း ၂ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၀

(၁) မြန်မာပြည်သို့ဝင်ရောက်လာသည့် နိုင်ငံခြားသားတိုင်း သည် မှတ်ပုံတင်အရာရှိက တောင်းဆိုသည့်အခါ ၎င်း၏ နိုင်ငံကူးလက်မှတ် သို့မဟုတ် အခြားသက်သေခံ စာရွက် စာတမ်းများကို ပေးအပ်၍ ၎င်းနိုင်ငံကူး လက်မှတ်နှင့် အခြား သက်သေခံ စာရွက်များကို ပြန်ယူရန် မှတ်ပုံတင်အရာရှိက ချိန်းဆိုသည့် နေရာသို့သွားရမည်။

(၂) နည်းဥပဒေအပိုဒ်ငယ်(ခ) အရ နိုင်ငံကူးလက်မှတ် နှင့်အခြား သက်သေခံစာရွက် စာတမ်းများကို ပေးအပ်သည့် အခါ နိုင်ငံခြားသားတစ်ဦးဦးသည် မှတ်ပုံတင်အရာရှိထံမှ ရရှိကြောင်းဖြတ်ပိုင်းကို ရယူထားခွင့် ရှိသည်။

နည်းလမ်း ၂ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁

မှတ်ပုံတင်အရာရှိ၊ တရားသူကြီး သို့မဟုတ် ရဲအရာရှိ သို့မဟုတ် လူဝင်မှုကြီးကြပ်ရေးဌာနမှ လက်ထောက်မှူး ထက် ရာထူးမငယ်သူ တစ်ဦးဦးက မှတ်ပုံတင် လက်မှတ်ကို စစ်ဆေးရန် တောင်းဆိုသောအခါ နိုင်ငံခြားသားတိုင်းသည် တောင်းဆို သည့်(၂၄) နာရီအတွင်း ပေးအပ်ရမည်။ အဆိုပါ အရာရှိ တို့သည် ၎င်းနိုင်ငံခြားသားက အကြောင်း လုံလောက်စွာပြခဲ့လျှင် (၂၄)နာရီ ထက်ပို၍ မှတ်ပုံတင် လက်မှတ် ပေးနိုင်သည့် အချိန်ကို သတ်မှတ်ပေးနိုင်သည်။

နည်းလမ်း ၂ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၂ ၁၀

(၁) အကယ်၍ နိုင်ငံခြားသားတစ်ဦးသည် ၎င်း၏မှတ်ပုံ တင်ထားသည့်နေရပ်မှ တစ်လမျှ တစ်ဆက်တည်း မနေထိုင် ခဲ့ပါမူ ၎င်းယာယီရောက်ရှိနေသည့် နေရပ်ရှိ နိုင်ငံခြားသား မှတ်ပုံတင်အရာရှိထံတွင် ၎င်း၏ယာယီလိပ်စာကို တိုင်ကြား ရမည်။ ၎င်းအပြင်နောက်ထပ် ပြောင်းရွှေ့နေထိုင် သော နေရပ်လိပ်စာ အသီးသီးတို့ကိုလည်းမိမိ ယာယီနေထိုင် နေသည့် နေရပ်အသီးသီးရှိသော သက်ဆိုင်ရာမှတ်ပုံတင် အရာရှိကို တိုင်ကြားရမည့်အပြင် ၎င်း၏ မှတ်ပုံတင်ထားသည့် နေရပ်ကိုပြန်သည့်အခါတွင် နေရပ်ရှိ ခရိုင်မှတ်ပုံတင် အရာရှိ ထံလည်းအကြောင်းကြားရမည်။

(၂) မှတ်ပုံတင်အရာရှိသည် မှတ်ပုံတင်လက်မှတ် ထုတ်ပေးသည့်အခါ နိုင်ငံခြားသား တစ်ဦးဦးအား နေရပ် လိပ်စာပြောင်းပါက (၂၄) နာရီအတွင်း လိပ်စာအသစ်ကို ပေးရန် စာဖြင့်ညွှန်ကြားရမည်။ ၎င်းပြင် စာဖြင့် တိုင်ကြားစေရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၃ ၁၁

(၁) နိုင်ငံခြားသားတိုင်းသည် မြန်မာပြည်အတွင်း နေရပ် လိပ်စာပြောင်းပါက လိပ်စာ အသစ်နေရာသို့ ရောက်ရှိပြီး (၇၂) နာရီအတွင်း လိပ်စာအသစ်ရှိရာ မှတ်ပုံတင် အရာရှိ ထံစာဖြင့်အကြောင်းကြားရမည်။

(၂) နိုင်ငံခြားသားတစ်ဦးသည် အောက်ပါအတိုင်းပြုလုပ် လျှင် လိပ်စာပြောင်းလဲ သည်ဟုမှတ်ယူရမည်။

(က) မြန်မာပြည်တွင်းတစ်နေရာမှ တစ်နေရာသို့ ပြောင်းလျှင် သော်လည်း ကောင်း၊

(ခ) အိမ်မရှိသဖြင့် မှတ်ပုံတင်လိပ်စာမှ ပြောင်းရွှေ့ပြီး (၆) လအတွင်းပြန် မရောက်နိုင်ဟုယူဆသည့်အခါ ၎င်း၏ မှတ်ပုံ တင်လိပ်စာကိုပြောင်းရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၄ ၁၂

နည်းဥပဒေ ၁၀ နှင့် ၁၁ တို့ပါ ပြဋ္ဌာန်းချက်များကို ထိခိုက်မှုမရှိစေဘဲ မှတ်ပုံတင် လက်မှတ်ရှိ အခြားအချက် အလက်များကို တစ်နည်းနည်းဖြင့် ပြောင်းလဲရန်အကြောင်း ပေါ်ပေါက်လာခဲ့သော် (၁၄) ရက်အတွင်း မှတ်ပုံတင်အရာရှိ ထံစာဖြင့် အကြောင်းကြားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၅ ၁၃

ကမ္ဘာလှည့်ခရီးသည်သည် ၎င်း၏ မှတ်ပုံတင်လက်မှတ်သက် တမ်းမကုန်ဆုံးသမျှ နည်းဥပဒေ ၁၁(၂) အရ ယာယီနေရပ် လိပ်စာကို(၂၄) နာရီကျော်မျှ ပြောင်းလဲမှု ရှိလျှင်တိုင်ကြား ရမည်။

နည်းလမ်း ၂ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၆ ၁၄

(၁) ဟိုတယ်ပိုင်ရှင်တိုင်းသည် ၎င်းဟိုတယ်သို့ လာရောက် သည့် ဧည့်သည်စာရင်းကို မှန်ကန် စွာမှတ်ယူထားရမည်။ သို့မဟုတ် လိုအပ်သော အချက်အလက်များကို မှတ်သားထား ရမည်။ ၎င်းဟိုတယ် သို့ရောက်သည့်အခါ ဧည့်သည်၏အမည် ၊ လူမျိုး စာရင်းပြုလုပ် ထားရမည်။ အကယ်၍ ဧည့်သည်သည် နိုင်ငံခြားသားတစ်ဦးဖြစ်ခဲ့လျှင်

(က) ၎င်း(ဟိုတယ်သို့ လာရောက်သည့်အခါ) ပုံစံ ‘ဂ’ တွင်ပါရှိသည့်အချက်အလက်များကို ဖြည့်သွင်းခိုင်းရမည်။

(ခ) (၎င်းထွက်ခွာသွားသည့်အခါ) အဆိုပါစာရင်းတွင် ထွက်ခွာသည့်အချိန်၊ နေ့စွဲနှင့် မည်သည့်ဒေသသို့ ထွက်ခွာ သွားမည်ကိုပါ မှတ်သားရမည်။

(၂) နည်းဥပဒေအပိုဒ်ငယ်(၁)အရ သတ်မှတ်ထားသည့် စာရင်းကိုမှတ်ပုံတင်အရာရှိ၊ တရားသူကြီး သို့မဟုတ် ရဲအရာရှိ သို့မဟုတ် လူဝင်လူထွက်ရုံးမှ လက်ထောက် အင်စပက်တော် အဆင့်အတန်းထက် မနိမ့်သူတို့က တောင်းဆိုသည့်အခါပြရမည်။

(၃) နည်းဥပဒေအပိုဒ်ငယ် (၁)အရ ပြုလုပ်ထားသည့် စာရင်းတွင်ဟိုတယ်ပိုင်ရှင်က ၎င်းဟိုတယ်သို့ လာရောက် သည့် ဧည့်သည်အားလိုအပ်သော အချက်အလက်များ ဖြည့်စေသည့်အခါ ဧည့်သည် သည်၎င်း၏ အမည်၊ အမျိုး အနွယ်တို့ကို ရေးထိုးရမည်။ အဆိုပါ ဧည့်သည်သည် နိုင်ငံခြား သား ဖြစ်ပါက-

(က) ပုံစံ  ‘ဂ’ တွင်ပါရှိသည့် အချက်အလက်များကို ဟိုတယ်သို့ရောက်ရှိသည့်အခါဖြည့် ရမည်။

(ခ) အဆိုပါ စာရင်းတွင် ၎င်းထွက်ခွာသည့်အခါ ထွက်ခွာသည့် အချိန်၊ နေ့စွဲနှင့် မည်သည့်ဒေသသို့ ထွက်ခွာ သွားမည်ကိုပါ မှတ်သားရမည်။

(၄) ဟိုတယ်ပိုင်ရှင်၏ လက်မှတ် သို့မဟုတ် ဧည့်သည်၏ လက်မှတ်မှ တပါး၊ ဤနည်း ဥပဒေအရ လိုအပ်သော ပုံစံ  ‘ဂ’ ပါအခြားအချက်အလက်များကိုအင်္ဂလိပ်ဘာသာ သို့မဟုတ် မြန်မာဘာသာဖြင့် မှတ်သားရမည်။

(၅) အကယ်၍ ဧည့်သည်သည် မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာ ကိုမတတ်ပါက ဟိုတယ်ပိုင်ရှင်သည် ပုံစံ  ‘ဂ’ ပါအချက်အလက်များကို ဧည့်သည်အားရှင်းပြရမည်။

(၆) ဟိုတယ်ပိုင်ရှင်သည် ပုံစံ ‘ဂ’ တစ်ခုကို (၂၄) နာရီထက် နောက်မကျစေဘဲ မြန်နိုင်သမျှမြန်အောင် မှတ်ပုံတင်အရာရှိ ထံသို့ ပေးပို့ရမည်။

(၇) ၎င်းစည်းကမ်းဥပဒေအတွက် -

(က) ‘ဟိုတယ်’ဆိုသည်မှာ တည်းခိုသောအိမ်၊ ကစားခုံစား အသင်း၊ ခေတ္တတည်းခိုရာအိမ် စသည့် သဘောပါဝင်သည့် အဆောက်အအုံကို ဆိုလိုသည်။

(ခ) ‘ဟိုတယ်ပိုင်ရှင်’မှာဟိုတယ်ကိုတည်ထောင်သူ သို့မဟုတ် ၎င်းကခန့်အပ်ထားသူ နှင့် ၎င်းစည်းကမ်း အရ ဟိုတယ် ၏ ဝတ္တရားကိုဆောင်ရွက်သူကိုဆိုလိုသည်။

(ဂ) ‘လက်မှတ်’ဆိုရာ၌ လက်မှတ်မရေးထိုးတတ်ပါက လက်မပုံစံကိုဆိုလိုသည်။

(ဃ) ‘ဧည့်သည်’ဆိုရာ၌ ဟိုတယ်တွင် နေရာတစ်ခုခု ပေးရသူကိုဆိုလိုသည်။

(၈) ပုံစံ ‘ဂ’ ကိုမှတ်ပုံတင်အရာရှိထံမှ လျှောက်ထား တောင်းယူနိုင်သည်။

နည်းလမ်း ၂ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၇ ၁၅

(၁) မြန်မာပြည်မှ ထွက်ခွာမည့် နိုင်ငံခြားသားတိုင်းသည် မိမိထွက်ခွာမည့်ဒေသရှိ မှတ်ပုံတင် အရာရှိထံတွင် ၎င်း၏မှတ်ပုံတင်လက်မှတ်ကို ပြန်လည်ပေးအပ်ရမည်။ ၎င်းမှတ်ပုံတင် အရာရှိသည် ၎င်းလက်မှတ်ပေါ်တွင် ပြန်လည် ပေးအပ်ကြောင်းတံဆိပ်နှိပ်၍ လက်မှတ်ထိုး ထားရမည်။ ၎င်းလက်မှတ်ကို မှတ်ပုံတင်အရာရှိက သိမ်းဆည်း၍ နိုင်ငံခြားသားအား မှတ်ပုံတင်လက်မှတ် ပေးအပ်ပြီးကြောင်း ဖော်ပြသည့် ယာယီလက်မှတ် တစ်ခုကို ထုတ်ပေးရမည်။ ၎င်းလက်မှတ်သည် မည်သည့်နေ့ရက်အထိသာ သက်တမ်းရှိ ကြောင်းဖော်ပြရမည်။ အကယ်၍ နိုင်ငံခြားသားတစ်ဦးသည် ၎င်း၏ယာယီပေးထားသည့် လက်မှတ်၏ သက်တမ်း အတွင်းမြန်မာပြည်မှ ထွက်ခွာခြင်းမပြုပါက မှတ်ပုံတင် အရာရှိထံသို့ အကြောင်းကြားရမည်။ မှတ်ပုံတင်အရာရှိသည် သက်တမ်းအချိန်တိုး ပေးနိုင်သည်။ ယာယီလက်မှတ် သက်တမ်းမှာ နေခွင့်လက်မှတ် သက်တမ်းထက် မကျော်လွန် စေရ။

(၂) ၎င်းယာယီလက်မှတ်သည် ရက်ပေါင်း(၃၀)ထက် မပိုစေရ။ အကယ်၍ နိုင်ငံခြားသား တစ်ဦးသည် မြန်မာပြည်မှ အဆိုပါ ယာယီလက်မှတ်သက်တမ်းအတွင်း ထွက်ခွာသွား ခြင်းမပြုပါက ယာယီလက်မှတ် သက်တမ်းကုန်ဆုံးပြီး (၇၂) နာရီအကြာတွင် အဆိုပါ လက်မှတ်ကိုထုတ်ပေးသည့် အရာရှိထံပြန်အပ်၍ ၎င်း၏ထွက်ခွာခြင်းမပြုကြောင်း အကြောင်းကြားပြီး ၎င်း၏ မှတ်ပုံတင် လက်မှတ်ဟောင်းကို ပြန်လည် ရယူရမည်။

(၃) ယာယီလက်မှတ်သည် ထုတ်ပေးသည့်ဒေသအတွက် သာ မှတ်ပုံတင်လက်မှတ်သဘော သက်ဝင်ရမည်။ ၎င်း၏ သက်တမ်းမှာခွင့်ပြုထားသည့်အချိန် သို့မဟုတ် ထွက်ခွာ သွားမည့် အချိန်အထိသာ ဖြစ်ရမည်။

(၄) ယာယီလက်မှတ်ကို -

(က) မြန်မာပြည်မှ ရေယာဉ်ဖြင့် ထွက်ခွာသွားလျှင် ရေယာဉ်မှူးထံသို့လည်းကောင်း၊

(ခ) ကုန်းလမ်းခရီးဖြင့် ထွက်ခွာလျှင် မြန်မာပြည်မှ နောက်ဆုံးထွက်မည့်နေရာရှိ ရဲအရာရှိ သို့မဟုတ် လူဝင်မှုကြီးကြပ်ရေးကင်း စခန်းသို့လည်းကောင်း ပေးအပ်ရ မည်။

(၅) အဆိုပါ စည်းကမ်းဥပဒေအတွက် မင်္ဂလာဒုံလေဆိပ် သည် ရန်ကုန်နှင့် အင်းစိန်နယ်အတွင်း သက်ရောက်သည်ဟု ယူဆရမည်။

နည်းလမ်း ၂ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၈ ၁၆

(၁) မြန်မာပြည်တစ်နေရာရာသို့ ရောက်ရှိသည့်အခါ သို့မဟုတ် ထွက်ခွာသည့်အခါ ရေယာဉ်မှူးသည် အောက်ပါ အတိုင်းဆောင်ရွက်ရမည် -

(က) ဆင်းသည့်ခရီးသည် စာရင်း၊ တက်သည့်ခရီးသည် စာရင်း မှတ်ပုံတင်အရာရှိကိုပုံစံ ‘င’ နှင့် ပုံစံ‘စ’ အသီးသီး ပေးအပ်ရမည်။

(ခ) ဤကဲ့သို့ပေးအပ်နိုင်ရန်အတွက် ခရီးသည်များထံမှ လိုအပ်သည့် အကြောင်းအရာ များတောင်းယူ ရမည်။

(ဂ) မြန်မာပြည်မှထွက်ခွာမည့်နိုင်ငံခြားသား ခရီးသည် ထံမှမှတ်ပုံတင်လက်မှတ်ကို တောင်းယူ၍ ၎င်း လက်မှတ်နှင့် ပုံစံ  ‘စ’ ကိုမှတ်ပုံတင်အရာရှိထံ ပေးအပ်ရမည်။

(ဃ) သင်္ဘောတွင်ပါရှိသော သင်္ဘောသားတို့၏အမည်၊ အမျိုးအနွယ်ဖော်ပြထားသည် စာရွက်စာတမ်းများကို နိုင်ငံ ခြားသားမှတ်ပုံတင်အရာရှိထံပေးအပ်ရမည်။

(င) နိုင်ငံခြားသားမှတ်ပုံတင်အရာရှိအား ဝတ္တရား ဆောင်ရွက်ရာ၌အကူအညီပေးရ မည်။

(၂) ပုံစံ ‘က’ ကိုမြန်မာ သို့မဟုတ် အင်္ဂလိပ်ဘာသာ ဖြင့်ဖြည့်သွင်းရေးသားရမည်။

(၃) အင်္ဂလိပ်နှင့်မြန်မာဘာသာကို မတတ်သည့်ခရီးသည် အတွက် ရေယာဉ်မှူးက ကူညီ ဖြည့်စွက်ပေး ရမည်။

(၄) ရေယာဉ်အုပ်ချုပ်သည့်အရာရှိသည် အောက်ပါအတိုင်း ဆောင်ရွက်ရမည်။

(က) မြန်မာပြည်ဆိပ်ကမ်းမှထွက်ခွာမည့်ခရီးသည်များ အနက် နိုင်ငံခြားသားမဟုတ်လျှင် ပုံစံ ဃ ရှိအပိုဒ်ငယ် ၁၊ ၂ နှင့် ၁၀ ပါ အချက်အလက်များကို ဖြည့်သွင်းစေ၍ နိုင်ငံခြားသားဖြစ်ပါက အပိုဒ်ငယ် ၃ မှ ၉ ကိုဖြည့်သွင်း စေရမည်။

(ခ) ဖြည့်သွင်းပြီးသည့် ပုံစံ ‘ဃ’ နှင့် ပုံစံ  ‘စ’ တို့ကို ထွက်ခွာ မည့် ဆိပ်ကမ်းရှိ မှတ်ပုံတင်အရာရှိထံ ပေးရမည်။

(ဂ) အထက်တွင်ဖော်ပြသည့်အတိုင်း မှတ်ပုံတင်အရာရှိထံလိုအပ်သည့် စည်းကမ်းများ အတိုင်း လိုက်နာ ပြီး မပြီးစစ်ဆေးပြီးမှသာ နိုင်ငံခြားသားများ ကိုထွက်ခွာစေရ မည်။

(၅) ပုံစံ ဃ၊ င နှင့် စ တို့ကို မြန်မာ သို့မဟုတ် အင်္ဂလိပ် ဘာသာဖြင့် ဖြည့်သွင်းစေရမည်။

နည်းလမ်း ၂ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၉ ၁၈

(၁) မည်သူမျှ နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ်ပါ အချက်အလက်၊ ရေးထိုးမြဲလက်မှတ်၊ ဓါတ်ပုံ၊ ရုံးတံဆိပ် စသည်တို့ကို ပြောင်းလဲပြင် ဆင်ခြင်းမပြုရ။

(၂) လူတစ်ဦးတစ်ယောက်တွင် မှတ်ပုံတင်လက်မှတ် တစ်ခုထက်ပို၍ကိုင်ဆောင်ခြင်းမပြုရ။

(၃) မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်းခံရသူ၏ကိုယ်စား၊ မတရားသောနည်းလမ်းဖြင့် ကိုင်ဆောင်ခြင်း၊ လိမ် လည်ခြင်း မပြုလုပ်ရ။

(၄) မိမိ၏မှတ်ပုံတင်လက်မှတ်ကို အခြားသူတစ်ဦး တစ်ယောက်အားကိုင်ဆောင်စေခြင်း မပြုရ။

(၅) နည်းဥပဒေပါ အချက်အလက်များကို လိမ်လည် ထွက်ဆိုခြင်းမပြုရ။

(၆) နည်းဥပဒေအရပေးအပ်ထားသော တာဝန်ဝတ္တရား များကို ဆောင်ရွက်နေစဉ် နှောင့်နှေး ကြန့်ကြာအောင် မပြုလုပ်ရ။

နည်းလမ်း ၂ နှင့် ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း