Measures Relating to the Myanmar SEZ Rules


Market Access
sr. Rules measures mode remarks
၂၄

(က) ရွေးချယ်ခံရသော ရင်းနှီးတည်ဆောက်သူသည် အထူးစီးပွားရေးဇုန်အကောင် အထည်ဖော်တည်ထောင်ရန်ဖွံ့ဖြိုးမှုစီမံကိန်းအသေးစိတ်ကို ရွေးချယ်ခံရသည့်နေ့မှ ခြောက်လအတွင်း စီမံခန့်ခွဲမှုကော်မတီသို့ ပုံစံ (က) ဖြင့်တင်ပြရမည်၊

(ခ) စီမံခန့်ခွဲမှုကော်မတီသည် ရင်းနှီးတည်ဆောက်သူက အထူးစီးပွားရေးဇုန်တည် ထောင်ရန် အသေးစိတ်စီမံကိန်းတင်ပြသည့်အခါ အဆိုပါစီမံကိန်းကို လက်ခံရရှိသည့် နေ့မှစ၍ ၁၅ ရက်အတွင်း ဗဟိုလုပ်ငန်းအဖွဲ့သို့ဆက်လက်တင်ပြရမည်၊

(ဂ) ဗဟိုလုပ်ငန်းအဖွဲ့သည် တင်သွင်းလာသော ဖွံ့ဖြိုးမှုစီမံကိန်းကို စိစစ်ဆောင်ရွက်ပြီး နောက် စီမံခန့်ခွဲမှုကော်မတီက တင်ပြသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ဗဟိုအဖွဲ့သို့ မိမိ၏သဘောထားမှတ်ချက်ဖြင့် ထောက်ခံတင်ပြရမည်၊

(ဃ) ဗဟိုအဖွဲ့သည် ဗဟိုလုပ်ငန်းအဖွဲ့မှ တစ်ဆင့်တင်ပြလာသည့် စီမံကိန်းအား လက်ခံခြင်း သို့မဟုတ် ငြင်းပယ်ခြင်းကို ဗဟိုလုပ်ငန်းအဖွဲ့ကတင်ပြသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဆုံးဖြတ်ရမည်။

နည်းလမ်း ၃ ဈေးကွက်ဝင်ရောက်နိုင်မှု
၃၀

ရင်းနှီးတည်ဆောက်သူသည် အထူးစီးပွားရေးဇုန်တည်ထောင်ရေးစီမံကိန်း တိုးတက်မှု အခြေအနေကို စီမံခန့်ခွဲမှုကော်မတီသို့ သုံးလတစ်ကြိမ် ပုံစံ (ဃ) ဖြင့် အစီရင်ခံရမည်။

နည်းလမ်း ၃ ဈေးကွက်ဝင်ရောက်နိုင်မှု
၃၁

ပို့ကုန်ဦးစားပေး ကုန်ထုတ်စီးပွားရေးလုပ်ငန်းများကို ကင်းလွတ်ဇုန်အတွင်း ဦးစား‌ပေး နေရာချထားရမည်။ ထို့ပြင် ပို့ကုန်ဦးစားပေး ကုန်ထုတ်စီးပွားရေးလုပ်ငန်းများကို တိုက်ရိုက်ပံ့ပိုးပေးမည့် အထောက်အကူပြုစက်မှုလက်မှုလုပ်ငန်းအဆင့်ဆင့်ကိုလည်း ကင်းလွတ်ဇုန်အတွင်းနေရာချထားနိုင်သည် သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းဟု သတ်မှတ်နိုင်သည်။

နည်းလမ်း ၃ ဈေးကွက်ဝင်ရောက်နိုင်မှု
၃၂

စီမံခန့်ခွဲမှုကော်မတီသည် နည်းဥပဒေ ၅၄ တွင်ဖော်ပြထားသော ဝန်ဆောင်မှုလုပ်ငန်းများ ထဲမှ သင့်လျော်သည့်ဝန်ဆောင်မှုလုပ်ငန်းကို ကင်းလွတ်ဇုန်အတွင်း နေရာချထားရန် ခွဲခြား ၍ခွင့်ပြုနိုင်သည် သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းအဖြစ် ခွဲခြား၍သတ်မှတ်နိုင်သည်။

နည်းလမ်း ၃ ဈေးကွက်ဝင်ရောက်နိုင်မှု
၃၃

ကင်းလွတ်ဇုန်ဟု ခွဲခြားနေရာချထားသည့် အထူးစီးပွားရေးဇုန်တစ်ခုဖြစ်ပါက ယင်း ကင်းလွတ်ဇုန်နေရာကို အနည်းဆုံး ၂၄၀ စင်တီမီတာအမြင့်ရှိသော စည်းရိုးကာရံထားပြီး ထိုစည်းရိုးအပေါ်မှ အနည်းဆုံး ၆၀ စင်တီမီတာရှိသော သံဆူးကြိုးများတပ်ဆင် ထားခြင်းဖြင့်ဖြစ်စေ၊ အကောက်ခွန်ဦးစီးဌာနက သီးခြားသတ်မှတ်ထားသည့် နည်းလမ်း အတိုင်းဖြစ်စေ ရင်းနှီးတည်ဆောက်သူမှ ကာရံဆောက်လုပ်ရမည်။

နည်းလမ်း ၃ ဈေးကွက်ဝင်ရောက်နိုင်မှု
၃၄

နည်းဥပဒေ ၃၃ ပါ ကင်းလွတ်ဇုန်၏ ဝင်ပေါက်နှင့် ထွက်ပေါက်ကို အကောက်ခွန်ဦးစီး ဌာနကသတ်မှတ်သည့်အတိုင်း ထားရှိရမည်ဖြစ်ပြီး သက်ဆိုင်ရာအထူးစီးပွားရေးဇုန်ရှိ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့်ဌာနတွင် ပါဝင် သောအကောက်ခွန်ဦးစီးဌာန ဝန်ထမ်းများမှ အပြည့်အဝစောင့်ကြပ်ရမည်။

နည်းလမ်း ၃ ဈေးကွက်ဝင်ရောက်နိုင်မှု
၃၆

စီမံခန့်ခွဲမှုကော်မတီသည် နည်းဥပဒေ ၃၃ ပါ ကင်းလွတ်ဇုန်အတွင်းရှိ စီးပွားရေးလုပ်ငန်း လုပ်ဆောင်သူများအတွက် လိုအပ်ချက်အရဝန်ဆောင်မှုပေးရန် ခွင့်ပြုထားသည့်စီးပွားရေး လုပ်ငန်းများမှအပ မည်သည့်လက်လီကုန်ပစ္စည်းရောင်းချမှုနှင့် ဝန်ဆောင်မှုလုပ်ငန်းကိုမျှ ကင်းလွတ်ဇုန်အတွင်း အခြေချဆောင်ရွက်ခွင့်မပြုရ။

နည်းလမ်း ၃ ဈေးကွက်ဝင်ရောက်နိုင်မှု
၃၉

အထူးစီးပွားရေးဇုန်တည်ထောင်ရန်နေရာသည် ဧရိယာအကျယ်အဝန်းအားဖြင့် အနည်း ဆုံး ဟက်တာ ၁၀၀၀ မှ အများဆုံး ၂၀၅၀၀ ဟက်တာအတွင်းရှိရမည်။

နည်းလမ်း ၃ ဈေးကွက်ဝင်ရောက်နိုင်မှု
၄၀

ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူသည် အထူးစီးပွားရေးဇုန်အဖြစ် ဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်သည့် မြေအကျယ်အဝန်းကို ငှားရမ်းခွင့် သို့မဟုတ် အသုံးပြုခွင့်ရရှိရေးအတွက် သက်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီထံ လျှောက်ထားရမည်။

နည်းလမ်း ၃ ဈေးကွက်ဝင်ရောက်နိုင်မှု
၁၀ ၄၁

အထူးစီးပွားရေးဇုန်အတွင်းမှ မြေနေရာကို ရင်းနှီးတည်ဆောက်သူက ရောင်းချပိုင်ခွင့် မရှိစေရ။

နည်းလမ်း ၃ ဈေးကွက်ဝင်ရောက်နိုင်မှု
၁၁ ၄၅

ခွင့်ပြုကာလအတွင်း  ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူသည် မြေအသုံး ပြုခွင့်ကို အခြားသူသို့ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းပြုလုပ်နိုင်သည်။ ထိုသို့ဆောင်ရွက်ရာတွင် -

(က) ရင်းနှီးတည်ဆောက်သူသည် စီမံခန့်ခွဲမှုကော်မတီက သတ်မှတ်ထားသောပုံစံဖြင့် ဗဟိုအဖွဲ့၏ ခွင့်ပြုချက်ရယူရမည်၊

(ခ) ရင်းနှီးမြှုပ်နှံသူသည် စီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုချက်ရယူရမည်။

နည်းလမ်း ၃ ဈေးကွက်ဝင်ရောက်နိုင်မှု
၁၂ ၅၇ (ဂ)

ကင်းလွတ်ဇုန်အတွင်း ကုန်သွယ်မှုလုပ်ငန်းနှင့် ထောက်ပံ့ဖြည့်ဆည်းရေးလုပ်ငန်းများ အပါအဝင် ပို့ကုန်နှင့်ဆက်စပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများ၏ အနည်းဆုံးထည့်ဝင် ရင်းနှီးငွေပမာဏသည် အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ နှင့် ညီမျှရမည်၊

နည်းလမ်း ၃ ဈေးကွက်ဝင်ရောက်နိုင်မှု
၁၃ ၅၇ (ဃ)

ကင်းလွတ်ဇုန်အတွင်းရှိ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုပြခန်း၏ အနည်းဆုံး ထည့်ဝင်ရင်းနှီးငွေပမာဏသည် အမေရိကန်ဒေါ်လာ ၁၀,၀၀၀,၀၀၀ နှင့်ညီမျှရမည်၊

နည်းလမ်း ၃ ဈေးကွက်ဝင်ရောက်နိုင်မှု
၁၄ ၅၇ (စ)

လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်းရှိ ဝန်ဆောင်မှုလုပ်ငန်းများ၏ အနည်းဆုံးထည့် ဝင်ရင်းနှီးငွေပမာဏသည် အမေရိကန်ဒေါ်လာ ၃၀၀,၀၀၀ နှင့်ညီမျှရမည်၊

နည်းလမ်း ၃ ဈေးကွက်ဝင်ရောက်နိုင်မှု
၁၅ ၅၇ (ဆ)

လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်းဆောင်ရွက်သည့် ကုန်တိုက်များ၊ ကွန်ဒိုများ၊ လူနေအိမ်ယာများတည်ဆောင်ခြင်း၊ အစရှိသည်တို့အပါအဝင် အိမ်ခြံမြေလုပ်ငန်း၏ အနည်းဆုံးထည့်ဝင်ရင်းနှီးငွေပမာဏသည် အမေရိကန်ဒေါ်လာ ၅,၀၀၀,၀၀၀ နှင့် ညီမျှရမည်၊

နည်းလမ်း ၃ ဈေးကွက်ဝင်ရောက်နိုင်မှု
၁၆ ၅၇ (ဇ)

လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်းတွင် ရင်းနှီးမြှုပ်နှံသည့် ဟိုတယ်လုပ်ငန်းသည် အနည်းဆုံးကြယ်သုံးပွင့် အဆင့်ရှိရမည်၊

နည်းလမ်း ၃ ဈေးကွက်ဝင်ရောက်နိုင်မှု
၁၇ ၅၇ (ဈ)

လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်းရှိ လေ့ကျင့်ရေးကျောင်းများ၊ အသက်မွေးဝမ်း ကျောင်းပညာသင်ကျောင်းများနှင့် စာသင်ကျောင်းများတည်ထောင်သည့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း၏ အနည်းဆုံးထည့် ဝင်ရင်းနှီးငွေပမာဏသည် အမေရိကန်ဒေါ်လာ ၂,၀၀၀,၀၀၀ နှင့်ညီမျှရမည်။

နည်းလမ်း ၃ ဈေးကွက်ဝင်ရောက်နိုင်မှု
၁၈ ၅၇ (ည)

လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်းရှိဆေးရုံများသည် အနည်းဆုံး ကုတင် ၁၀၀ ပါရှိရမည်ဖြစ်ပြီး၊ ခေတ်မီဆေးဝါးကုခြင်း၊ အဆင့်မြင့်စမ်းသပ်စက်နှင့် ကိရိယာများ၊ ဓါတ်ခွဲခန်းများ၊ ခွဲစိတ်ခန်းများ ပါဝင်ရမည်။

နည်းလမ်း ၃ ဈေးကွက်ဝင်ရောက်နိုင်မှု
၁၉ ၅၉

လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်းရှိဆေးရုံများသည် အနည်းဆုံး ကုတင် ၁၀၀ ပါရှိရမည်ဖြစ်ပြီး၊ ခေတ်မီဆေးဝါးကုခြင်း၊ အဆင့်မြင့်စမ်းသပ်စက်နှင့် ကိရိယာများ၊ ဓါတ်ခွဲခန်းများ၊ ခွဲစိတ်ခန်းများ ပါဝင်ရမည်။

နည်းလမ်း ၃ ဈေးကွက်ဝင်ရောက်နိုင်မှု
၂၀ ၆၈

ရင်းနှီးမြှုပ်နှံသူသည် ကင်းလွတ်ဇုန်နှင့် လုပ်ငန်းမြှင့်တင်ရေးဇုန် နှစ်ခုတို့တွင် စီးပွားရေး လုပ်ငန်းကို လုပ်ဆောင်ပါက သီးခြားငွေစာရင်းဖွင့်လှစ်ထားရှိရမည်။

နည်းလမ်း ၃ ဈေးကွက်ဝင်ရောက်နိုင်မှု
၂၁ ၇၄

ရင်းနှီးမြှုပ်နှံသူသည် သုံးလပတ်စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို ပုံစံ (ဆ) ဖြင့်စီမံခန့်ခွဲမှုကော်မတီထံ တင်ပြရမည်။

နည်းလမ်း ၃ ဈေးကွက်ဝင်ရောက်နိုင်မှု
၂၂ ၇၅

ရင်းနှီးတည်ဆောင်သူသည် ပြည်တွင်းအကောက်ခွန်နယ်မြေမှ ကုန်ပစ္စည်းများဝယ်ယူခြင်း၊ တင်သွင်းခြင်း၊ လက်ကျန်ပစ္စည်းအသုံးပြုခြင်းဆိုင်ရာ အစီရင်ခံစာကို သုံးလလျှင်တစ်ကြိမ် ပုံစံ (ဃ) ဖြင့်စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့် တာဝန်ခံအကောက်ခွန်အရာရှိထံ တင်ပြရမည်။

နည်းလမ်း ၃ ဈေးကွက်ဝင်ရောက်နိုင်မှု
၂၃ ၈၃

ကင်းလွတ်ခွင့်ကုန်ဆုံးသည့်အချိန်မှစ၍ ကုန်သွယ်လုပ်ငန်းခွန် သို့မဟုတ် တန်ဖိုးဖြည့်အခွန် ကို လစဉ်လဆန်း ၁၀ ရက်နေ့မတိုင်မီ တစ်နေရာတည်း၌တစ်စုတစ်စည်းတည်း အလုံးစုံ ဝန်ဆောင်မှုပေးသည့်ဌာနရှိ ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးသွင်းရမည်။

နည်းလမ်း ၃ ဈေးကွက်ဝင်ရောက်နိုင်မှု
၂၅ ၁၁၅

ကုန်သွယ်မှု သို့မဟုတ် ကုန်လှောင်ရုံ စီးပွားရေးလုပ်ငန်းများကိုလုပ်ကိုင်နေသော လုပ်ငန်းများသည် ပြည်တွင်းအကောက်ခွန်နယ်မြေအတွင်း ကုန်ပစ္စည်းထုတ်လုပ်ခြင်း သို့မဟုတ် ကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းစဉ်ကို တစ်ဆင့်ခံစာချုပ် ချုပ်ဆိုလုပ်ကိုင်ခြင်း မပြုရ။

နည်းလမ်း ၃ ဈေးကွက်ဝင်ရောက်နိုင်မှု
၂၆ ၁၈၈

အထူးစီးပွားရေးဇုန်ရှိ ရင်းနှီးမြှုပ်နှံသူတစ်ဦးမှ ရင်းနှီးတည်ဆောက်သော လျှပ်စစ်ဓါတ် အားပေးစက်ရုံမှ ပိုလျှံထွက်လာသောလျှပ်စစ်စွမ်းအင်ကို လုပ်ငန်းမြှင့်တင်ရေးဇုန်ရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် အခြားလုပ်ငန်းများမှအပ ပြည်တွင်းအကောက်ခွန် နယ်မြေသို့ လွှဲပြောင်းရောင်းချပါက လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရာ၌ သုံးစွဲသောသုံးကုန် ပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများအပေါ် အခွန်အခပေးဆောင်ရမည်။

နည်းလမ်း ၃ ဈေးကွက်ဝင်ရောက်နိုင်မှု
National Treatment
sr. Rules measures mode remarks
၂၄ ၈၄

ပြည်ပနေနိုင်ငံခြားသားတစ်ဦးသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းဖွဲ့စည်းထားခြင်း မရှိသော်လည်း အထူးစီးပွားရေးဇုန်အတွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ ပိုင်ဆိုင်မှုနှင့် တီထွင်မှုပိုင်ဆိုင်ခွင့် ရရှိထားလျှင်

(က)  စီးပွားရေးလုပ်ငန်း သို့မဟုတ် ရင်းနှီးတည်ဆောက်သူက နိုင်ငံခြားသားသို့ ငွေပေးချေ သည့်အခါ ငွေပေးချေသူက ငွေလက်ခံရရှိသူထံသို့ လွှဲပြောင်းသည့်ငွေအပေါ် ပင်ရင်း မှနှုတ်ယူပေးသွင်းသည့်အခွန်ကို နုတ်ပယ်၍ တည်ဆဲဝင်ငွေခွန်ဥပဒေအရ သတ်မှတ် ထားသောနှုန်းထားဖြင့် သက်ဆိုင်ရာအထူးစီးပွားရေးဇုန်၏ တစ်နေရာတည်း၌တစ်စု တစ်စည်းတည်း အလုံးစုံ ဝန်ဆောင်မှုပေးသည့်ဌာနရှိ ပြည်တွင်းအခွန်များဦးစီးဌာန သို့ ငွေလက်ခံရရှိသူ၏အမည်ဖြင့် ပေးသွင်းရမည်၊

(ခ) အထက်ဖော်ပြပါ ပင်ရင်းမှနှုတ်ယူပေးသွင်းသည့်အခွန်သည် အပြီးသတ်စည်းကြပ်မှု ဖြစ်သည်၊

(ဂ) စီးပွားရေးလုပ်ငန်း သို့မဟုတ် ရင်းနှီးတည်ဆောက်သူက နိုင်ငံခြားသားသို့ငွေပေး‌ချေ သည့်အခါ ငွေပေးချေသူက ငွေလက်ခံရရှိသူထံမှ ပင်ရင်းမှနှုတ်ယူပေးသွင်းသည့် အခွန်ကို ငှားရမ်းခငွေ သို့မဟုတ် အခြားအလားတူဝင်ငွေများမှ နှုတ်ပယ်၍ တည်ဆဲဝင်ငွေခွန်ဥပဒေအရ သတ်မှတ်ထားသောနှုန်းထားဖြင့် သက်ဆိုင်ရာ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့်ဌာနရှိ ပြည်တွင်းအခွန်များဦးစီးဌာနသို့ ငွေလက်လံရရှိသူ၏အမည်ဖြင့် ပေးသွင်းရမည်။

နည်းလမ်း ၃ နိုင်ငံသားကဲ့သို့အခွင့်အရေး
၂၇ ၂၁၆

The Investor or the Developer shall apply to the Management Committee in the event that they want to recruit foreign experts and technicians more than the quantity stipulated under the section 75 of the Law to perform the Authorized Operations.

နည်းလမ်း ၃ နိုင်ငံသားကဲ့သို့အခွင့်အရေး
၂၈ ၂၁၇

စီမံခန့်ခွဲမှုကော်မတီသည် နည်းဥပဒေ ၂၁၆ အရ လျှောက်ထားမှုကို လက်ခံရရှိသည့်အခါ အောက်ပါအချက်များအား စိစစ်၍ လျှောက်ထားမှုကို ခွင့်ပြုနိုင်သည် -

(က) ခန့်ထားမည့်နို်ငငံခြားသားအား တာဝန်ပေးအပ်မည့် လုပ်ငန်းတာဝန်ကို မြန်မာနိုင်ငံသားများက တာဝန်ယူဆောင်ရွက်နိုင်ခြင်း ရှိ-မရှိ၊

(ခ) ခန့်ထားမည့်နိုင်ငံခြားသားအား ပေးအပ်မည့်တာဝန်သည် ခွင့်ပြုထာသည့် လုပ်ငန်း နှင့် ဆီလျှော်မှု ရှိ - မရှိ။

နည်းလမ်း ၃ နိုင်ငံသားကဲ့သို့အခွင့်အရေး
၂၉ ၂၁၈

ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ရင်းနှီးတည်ဆောက်သူသည်အထူးစီးပွားရေးဇုန်ရှိ နိုင်ငံခြား သားများအတွက်အလုပ်လုပ်ခွင့်ပါမစ်ကို လုပ်ငန်းမစတင်မီ သက်ဆိုင်ရာ တစ်နေရာတည်း ၌ တစ်စုတစ်စည်းတည်အလုံးစုံဝန်ဆောင်မှုပေးသည့်ဌာနရှိ အလုပ်သမားဝန်ကြီးဌာန၏ ကိုယ်စားလှယ်ထံမှ ကြိုတင်ရယူရမည်။

နည်းလမ်း ၃ နိုင်ငံသားကဲ့သို့အခွင့်အရေး