Measures Relating to Foreigners Permanent Resident Rules


Domestic Regulations
sr. Rules measures mode remarks

မြန်မာနိုင်ငံသားဟောင်း သို့မဟုတ် နိုင်ငံခြားသားသည် အောက်ပါအချက်များနှင့် ညီညွတ်လျှင် ရင်းနှီးမြှုပ်နှံ၍ စီးပွားရေးလုပ်ကိုင်လိုသူအဖြစ် အမြဲနေထိုင်ခွင့် လျှောက်ထား ခွင့်ရှိသည်-

(က) မြန်မာနိုင်ငံသားဟောင်းဖြစ်ပါက အမြဲနေထိုင်ခွင့်လျှောက်ထားသည့်နေ့မတိုင်မီ အခြေချ နေထိုင် ခွင့်မရှိသည့် ဗီဇာအမျိုးအစားကိုကိုင်ဆောင်၍ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ဖူးသူ သို့မဟုတ် နေထိုင်လျက်ရှိသူ ဖြစ်ခြင်း၊

(ခ) နိုင်ငံခြားသားဖြစ်ပါက အမြဲနေထိုင်ခွင့်လျှောက်ထား သည့်နေ့မတိုင်မီ ယင်းနေ့နှင့် တစ်ဆက်တည်းဖြစ်သော ၁၀ နှစ်အတွင်းအခြေချနေထိုင်ခွင့်မရှိသည့် ဗီဇာအမျိုးအစားကို ကိုင်ဆောင်၍ မြန်မာနိုင်ငံတွင် သုံးနှစ်အောက်မနည်း စဉ်ဆက် မပြတ် ဝင်ထွက် သွားလာနေထိုင်ပြီး ယင်းသို့နေထိုင်စဉ် ပြည်ပသို့ ထွက်ခွာပါက ပြည်ပ၌နေထိုင်သော ကာလသည် တစ်နှစ်အတွင်းတစ်ဆက်တည်း ရက်ပေါင်း ၉၀ ထက်မပိုခြင်း၊

(ဂ) ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည် ဆိုပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သော ဥပဒေများ နှင့်အညီ ရင်းနှီးမြှုပ်နှံ နိုင်သူဖြစ်ခြင်း၊

(ဃ) အမြဲနေထိုင်ခွင့်ရရှိပါက ပြည်တွင်းတွင် ဆောင်ရွက် သည့် လုပ်ငန်းအမျိုးအစားအလိုက် တည်ဆဲ ဥပဒေ၊ နည်း ဥပဒေ၊ စည်းမျဉ်းနှင့် ညွှန်ကြားချက်များနှင့်အညီ အခွန်ထမ်း ဆောင် နိုင်သူဖြစ်ခြင်း၊

(င) ရင်းနှီးမြှုပ်နှံမှု ပမာဏနှင့်ညီမျှသော ငွေကြေး ပမာဏကို ပိုင်ဆိုင်ကြောင်းတရားဝင် အထောက်အထား တင်ပြနိုင်သူဖြစ်ခြင်း၊

(စ) အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်အဖြစ် သတ်မှတ်ခြင်း ခံရသူ မဟုတ်ခြင်း၊

(ဆ) နိုင်ငံတစ်ခုခု၌ နိုင်ငံရေးခိုလှုံခွင့်ရရှိနေထိုင်သူ မဟုတ်ခြင်း၊

(ဇ) ပြည်တွင်း၊ ပြည်ပ သို့မဟုတ် နိုင်ငံတကာ ပြစ်မှုမှတ် တမ်းတွင် စာရင်းဝင်သူ မဟုတ်ခြင်း၊

(ဈ) ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် ကူးစက်ရောဂါ ကင်းရှင်းကြောင်း သက်ဆိုင်ရာနိုင်ငံ၏ တရားဝင်ထောက်ခံ ချက်မူရင်း တင်ပြနိုင်သူဖြစ်ခြင်း၊

(ည) မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစား လိုက်နာနိုင်ပြီး နိုင်ငံ၏အကျိုးစီးပွား အတွက် အလေးထား လိုလားသူ၊ ကူညီပံ့ပိုးဆောင်ရွက်မည့်သူဖြစ်ကြောင်း ဝန်ခံချက် ပေးသူဖြစ်ခြင်း၊

(ဋ) အကောင်အထည်ဖော်ရေးဗဟိုကော်မတီက အကြောင်း ကြားသည့်အခါ လျှောက်ထားသူ ကိုယ်တိုင်လာရောက်၍ အစစ်ဆေးခံနိုင်သူဖြစ်ခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၉ (ဇ)

ဤနည်းဥပဒေများအရ အမြဲနေထိုင်ခွင့် လျှောက်ထားသူသည် အောက်ပါစာရွက်စာတမ်း အထောက်အထားများနှင့်အတူ ဌာနစိတ် သို့မဟုတ် သက်ဆိုင်ရာ မြန်မာသံရုံးတွင် အမြဲ နေထိုင်ခွင့်လျှောက်ထားသူကိုယ်တိုင် လျှောက်ထားရမည်-

(ဇ) ရင်းနှီးမြှုပ်နှံ၍ စီးပွားရေးလုပ်ကိုင်လိုသူများနှင့် သက်ဆိုင်သည့် အောက်ပါလိုအပ်ချက် များတင်ပြရမည်-

(၁) ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ထုတ်ပေးသည့် ခွင့်ပြုမိန့်နှင့် ကုမ္ပဏီမှတ်ပုံတင် အထောက်အထား၊

(၂) ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းအစီအစဉ်၊

(၃) အခြားနိုင်ငံများတွင် စီးပွားရေးလုပ်ငန်းများရှိပါက ကုမ္ပဏီ၏ သုံးနှစ်စာငွေ စာရင်းရှင်းတမ်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၃

အမြဲနေထိုင်ခွင့်လျှောက်ထားသူသည် နည်းဥပဒေ ၁၂ (က) အရ အမြဲနေထိုင်ခွင့်ပြုကြောင်း အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၏ အကြောင်းကြားစာကို လက်ခံရရှိလျှင် အကြောင်းကြားသည့် နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း ဌာနစိတ်သို့လာရောက်၍ အမြဲနေထိုင်ခွင့် လက်မှတ်ထုတ်ယူ ခွင့်ပြုပါရန် အောက်ပါစာရွက်စာတမ်း အထောက်အထားများ နှင့်အတူ အမြဲနေထိုင်ခွင့် ရရှိသူကိုယ်တိုင် လျှောက်ထားရ မည်-

(က) အမြဲနေထိုင်ခွင့်လက်မှတ် ထုတ်ပေးရန် လျှောက်လွှာ ပုံစံ အမန-၂၊

(ခ) သက်တမ်းရှိသော နိုင်ငံကူးလက်မှတ်နှင့် ခရီးသွား စာရွက်စာတမ်း အထောက်အထား မူရင်းနှင့် မိတ္တူ၊ အမြဲနေခွင့် လျှောက်ထားသူ၏ မူရင်းနိုင်ငံမှ နိုင်ငံသားဖြစ်ကြောင်း ခိုင်လုံသောအသိအမှတ်ပြု အထောက်အထား၊

(ဂ) နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင် အထည်ဖော်ရေး ဗဟိုကော်မတီမှ အမြဲ နေထိုင်ခွင့်ပြုကြောင်း ကာယကံရှင်သို့ အကြောင်းကြားစာမူရင်း၊

(ဃ) အမြဲနေခွင့် လျှောက်ထားသူနှင့်အတူ မိသားစုဝင်များ ပါရှိပါက အောက်ပါအထောက် အထားများ တင်ပြရမည်-

(၁) အိမ်ထောင်စုလူဦးရေစာရင်းမှတ်တမ်း၊

(၂) မိသားစုဝင်များ၏ အမည်၊ အသက်၊ အလုပ်အကိုင် စသည့် နောက်ကြောင်း ရာဇဝင်၊

(၃) သားသမီးများအတွက် မွေးစာရင်းသက်သေခံ လက်မှတ်၊

(၄) အသက် ၁၈ နှစ်အောက် မွေးစားသားသမီးများပါရှိပါက မွေးစားသောတရားဝင် အုပ်ထိန်းခွင့် သက်သေခံလက်မှတ်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၅

အမြဲနေထိုင်ခွင့် လျှောက်ထားသူသည် အမြဲနေထိုင်ခွင့် လက်မှတ် လျှောက်ထားခြင်းနှင့် ထုတ်ယူ ခြင်းတို့ကို နည်းဥပဒေ ၁၃ အရ သတ်မှတ်ရက် ၆၀ အတွင်း ဆောင်ရွက် နိုင်ခြင်းမရှိပါက ထိုနေ့မှစ၍ ရက်ပေါင်း ၁၂၀ အတွင်း အကောင်အထည်ဖော်ရေးဗဟိုကော်မတီ သို့ခိုင်လုံသော အကြောင်းပြချက်တင်ပြ၍ ဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၆ (က) (ခ) (ဂ)

(က) အမြဲနေထိုင်ခွင့် လက်မှတ်ရရှိသူသည် အမြဲနေထိုင်ခွင့် သက်တမ်းအဖြစ် ကနဦးငါးနှစ် ရရှိမည် ဖြစ်သည်။

(ခ) အမြဲနေထိုင်ခွင့်သက်တမ်း ကနဦးငါးနှစ်ပြည့်ပြီးပါက ထပ်မံ၍ တစ်ကြိမ်လျှင် ငါးနှစ် သက်တမ်းတိုး လျှောက်ထား နိုင်သည်။

(ဂ) အမြဲနေထိုင်ခွင့်လက်မှတ်ရရှိသူသည် နည်းဥပဒေခွဲ (က) ပါ အမြဲနေထိုင်ခွင့်သက်တမ်း ကာလအတွင်း တစ်နှစ် လျှင်တစ်ကြိမ် လက်မှတ်သက်တမ်း အတည်ပြုမှတ်ပုံတင်ရန် တစ်နှစ်မပြည့်မီ ရက်ပေါင်း (၆၀) အတွင်း အောက်ပါစာရွက် စာတမ်း အထောက်အထားများနှင့်အတူ ဌာနစိတ်သို့ အမြဲ နေထိုင်ခွင့်လက်မှတ်ရရှိသူ ကိုယ်တိုင်လျှောက်ထားရမည်-

(၁) အမြဲနေထိုင်ခွင့်လက်မှတ်သက်တမ်း အတည်ပြုမှတ်ပုံတင်ရန် လျှောက်လွှာပုံစံ အမန-၃၊

(၂) သက်တမ်းရှိသော နိုင်ငံကူးလက်မှတ်နှင့် ခရီးသွားစာရွက်စာတမ်းအထောက် အထား မူရင်းနှင့် မိတ္တူ၊ အမြဲနေခွင့်လျှောက်ထားသူ၏ မူရင်းနိုင်ငံမှ နိုင်ငံသား ဖြစ်ကြောင်း ခိုင်လုံသောအသိအမှတ်ပြု အထောက်အထား၊

(၃) အမြဲနေထိုင်ခွင့်လက်မှတ်မူရင်းနှင့် မိတ္တူ၊

(၄) သက်ဆိုင်ရာဌာနမှ လုပ်ငန်းဆက်လက်လုပ်ကိုင်ခွင့် ပြုထားသည့် အထောက်အထား၊

(၅) ရင်းနှီးမြှုပ်နှံ၍ စီးပွားရေးလုပ်ကိုင်နေသူများအတွက် တည်ဆဲဥပဒေနှင့်အညီ ထုတ်ပေးသည့် အခွန်ကင်းရှင်း ကြောင်း သက်သေခံလက်မှတ်နှင့် သက်တမ်းမကုန် သေးသော ကုမ္ပဏီမှတ်ပုံတင်ကတ် မူရင်းနှင့် မိတ္တူများ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၇

အမြဲနေထိုင်ခွင့်လက်မှတ်ရရှိသူသည် အမြဲနေထိုင်ခွင့် သက်တမ်းတိုးမြှင့်လျှောက်ထားလိုက သက်တမ်းငါးနှစ်မကုန် ဆုံးမီ အနည်းဆုံးရက်ပေါင်း ၉၀ အတွင်း အမြဲနေထိုင်ခွင့် သက်တမ်းတိုးခွင့်ပြုရန် လျှောက်လွှာပုံစံ အမန-၄ တွင် ပြည့်စုံစွာဖြည့်စွက်ပြီး၊ နည်းဥပဒေ ၉ ပါ ကနဦး လျှောက်ထား စဉ်က တင်ပြသည့် စာရွက်စာတမ်း အထောက်အထားများ နှင့်အတူ လုပ်ငန်းစဉ်အတိုင်း ဌာနစိတ်သို့ ၎င်းကိုယ်တိုင် လာရောက်လျှောက်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၈

အမြဲနေထိုင်ခွင့်လက်မှတ်ရရှိသူသည် ယင်းအခြေချနေထိုင်မည့် ဒေသတွင် တည်ဆဲဥပဒေများနှင့် အညီ နေထိုင်နိုင်ရေးအတွက် အမြဲနေထိုင်ခွင့်ရရှိသူ အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေး ပါရန် အောက်ပါစာရွက်စာတမ်း အထောက်အထားများနှင့် အတူ သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးတွင် အမြဲနေထိုင်ခွင့် လက်မှတ်ရရှိသူကိုယ်တိုင် လျှောက်ထားရမည်-

(က) အမြဲနေထိုင်ခွင့်ရရှိသူ အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ယူခွင့်လျှောက်လွှာပုံစံ အမန-၅၊

(ခ) ကာယကံရှင်၏ နိုင်ငံကူးလက်မှတ်မူရင်းနှင့် မိတ္တူ၊

(ဂ) ကာယကံရှင်၏ အမြဲနေထိုင်ခွင့်လက်မှတ် မူရင်းနှင့် မိတ္တူ၊

(ဃ) အိမ်ထောင်စုတွင်ပါဝင်မည့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်များ (အထောက်အထား မူရင်း/ မိတ္တူများ)

(င) မိမိ၏ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုတွင် နေထိုင်ကြောင်း သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊

(စ) အိမ်ငှားရမ်းနေထိုင်ပါက အိမ်ရှင်အိမ်ငှားစာချုပ်၊ အိမ်ဝယ်၍နေထိုင်ပါက အရောင်း အဝယ်စာချုပ် အထောက် အထားမူရင်းနှင့် မိတ္တူ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၉

အမြဲနေထိုင်ခွင့်ရရှိသူသည် အမြဲနေထိုင်ခွင့်လက်မှတ် ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးခြင်း ဖြစ်ပေါ်ပါက ယင်းသို့ ဖြစ်ပေါ်ချိန်မှ ၇၂ နာရီအတွင်း သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးသို့ သတင်းပို့ပြီး ထိုမှတစ်ဆင့် အောက်ပါ အထောက်အထားများနှင့်အတူ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့စခန်းနှင့် မြို့နယ်ဦးစီးမှူးရုံးသို့ အမြဲ နေထိုင်ခွင့် လက်မှတ် ပျောက်ဆုံး သို့မဟုတ် ပျက်စီးသူကိုယ်တိုင် သွားရောက်တိုင်ကြားရမည်-

(က) ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးခြင်းအတွက် မိတ္တူထုတ်ပေးရန် ကိုယ်တိုင်ရေး လျှောက်လွှာ မူရင်းနှင့် မိတ္တူ၊

(ခ) လွန်ခဲ့သော ခြောက်လအတွင်းက ရိုက်ကူးထားသည့် တစ်ဒသမငါးလက်မ × နှစ်လက်မ အရွယ်ရှိ ရောင်စုံဓာတ်ပုံ ငါးပုံ၊

(ဂ) ပျောက်ဆုံး သို့မဟုတ် ပျက်စီးသည့် အမြဲနေထိုင်ခွင့် လက်မှတ် အမှတ်နှင့် ရက်စွဲ၊

(ဃ) သက်တမ်းရှိသော နိုင်ငံကူးလက်မှတ် မူရင်းနှင့် မိတ္တူ၊

(င) အမြဲနေထိုင်ခွင့်ရရှိသူ အိမ်ထောင်စုလူဦးရေစာရင်း မူရင်းနှင့်မိတ္တူ၊

(စ) အမြဲနေထိုင်ခွင့်လက်မှတ် ပျောက်ဆုံးခြင်းအတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၀

အမြဲနေထိုင်ခွင့်ရရှိသူသည် နည်းဥပဒေ ၁၉ အရ တိုင်ကြား ပြီးကြောင်း အထောက်အထားများနှင့် အတူ အမြဲနေထိုင်ခွင့် လက်မှတ် ပျောက်ဆုံးပျက်စီးခြင်းအတွက် မိတ္တူ ထုတ်ယူခွင့် လျှောက်လွှာ ပုံစံ အမန-၆ ကို ပြည့်စုံစွာ ဖြည့်စွက်၍ အမြဲနေထိုင်ခွင့်လက်မှတ် မိတ္တူထုတ်ယူခွင့်ပြုပါရန် ဌာနစိတ် တွင် ၎င်းကိုယ်တိုင် လျှောက်ထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၀ ၂၂ (က) (ခ)

(က) အမြဲနေထိုင်ခွင့်ဖြင့် နေထိုင်စဉ်ကာလအတွင်း အမြဲ နေထိုင်ခွင့်လက်မှတ်ရရှိသူနှင့် သက်ဆိုင်သည့် နိုင်ငံကူး လက်မှတ်အမှတ်၊ ပညာအရည်အချင်း သို့မဟုတ် အိမ်ထောင်ရေးအခြေအနေ ပြောင်းလဲမှုဖြစ်စဉ်များရှိလျှင် ပြောင်းလဲမှုရှိသည့်နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း အမြဲနေထိုင်ခွင့်လက်မှတ်ရရှိသူ ကိုယ်တိုင်ဖြစ်စေ၊ ယင်း၏ ကိုယ်စား တာဝန်ခံ ဆောင်ရွက်သူကဖြစ်စေ သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးသို့ ဦးစွာလျှောက်ထားရမည်။

(ခ) နည်းဥပဒေခွဲ (က) နှင့်အညီ လျှောက်ထားချက်အရ မြို့နယ်ဦးစီးမှူးရုံးက ထုတ်ပေးသော ထောက်ခံချက်နှင့်အတူ အောက်ပါစာရွက်စာတမ်း အထောက်အထားများတင်ပြရည်-

(၁) အမြဲနေထိုင်ခွင့်ရရှိသူ၏ ကိုယ်ရေးဖြစ်စဉ်ပြောင်းလဲ ခြင်းလျှောက်လွှာပုံစံ အမန- ၇၊

(၂) အမြဲနေထိုင်ခွင့်လက်မှတ် မူရင်းနှင့် မိတ္တူ၊

(၃) နိုင်ငံကူးလက်မှတ် မူရင်းနှင့် မိတ္တူ၊

(၄) အမြဲနေထိုင်ခွင့်ရရှိသူ အိမ်ထောင်စုလူဦးရေစာရင်း မူရင်းနှင့် မိတ္တူ၊

(၅) ဖြစ်စဉ်အကြောင်းအရာပြောင်းလဲခြင်းနှင့် စပ်လျဉ်း သည့် တရားဝင်အထောက် အထားမူရင်းနှင့် မိတ္တူများ (နိုင်ငံကူးလက်မှတ်၊ ဘွဲ့လက်မှတ်၊ လက်ထပ်စာချုပ် စသည်)။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁ ၂၃

အမြဲနေထိုင်ခွင့်လက်မှတ်ရရှိသူ မိဘတစ်ဦးဦးသည် မြန်မာ နိုင်ငံအတွင်း ကလေးမွေးဖွားခြင်း အတွက်-

(က) မြန်မာနိုင်ငံအတွင်း ကလေးမွေးဖွားကြောင်း မှတ်ပုံတင် ပေးနိုင်ရေးအတွက် ကလေးမွေးဖွားသည့်နေ့မှစ၍ ခုနစ်ရက် အတွင်း သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်အကြောင်းကြားရမည်။ ထိုမှတစ်ဆင့် ကလေးမွေးဖွားသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ပြည့်စုံ မှန်ကန်စွာ ဖြည့်စွက် ထားသည့် ပုံစံအမန-၇ နှင့်အတူ သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးတွင် ဖြစ်စဉ်ပြောင်းလဲ မှု လျှောက်ထားရမည်။

(ခ) မွေးဖွားသောကလေးအမည်စာရင်းကို ရေးသွင်းနိုင်ရန် မိဘ၏ အမြဲနေထိုင်ခွင့်ရရှိသူ အိမ်ထောင်စု လူဦးရေစာရင်း မူရင်းနှင့် မိတ္တူကို ပူးတွဲတင်ပြရမည်။

(ဂ) သက်တမ်းရှိသော အမြဲနေထိုင်ခွင့်လက်မှတ် သို့မဟုတ် မိဘတစ်ဦးဦး၏ နိုင်ငံသား လက်မှတ်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား သို့မဟုတ် ဧည့်နိုင်ငံသားလက်မှတ်၊ ဧည့်နိုင်ငံသား စိစစ်ရေးကတ်ပြား သို့မဟုတ် နိုင်ငံသားပြုခွင့် စိစစ်ရေး ကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင်သက်သေခံ ကတ်ပြားမူရင်းနှင့် မိတ္တူတို့ပါရှိရမည်။

(ဃ) အမြဲနေထိုင်ခွင့်လက်မှတ်ရရှိသူမိဘ၏ သက်တမ်းရှ ိသော နိုင်ငံကူးလက်မှတ်မူရင်းနှင့် မိတ္တူတို့ ပါရှိရမည်။

(င) မွေးဖွားကြောင်း အထောက်အထားလက်မှတ် သို့မဟုတ် ကလေးမွေးဖွားစာရင်းမူရင်းနှင့် မိတ္တူတို့ကို တင်ပြရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၂ ၂၅

အမြဲနေထိုင်ခွင့်လက်မှတ်ရရှိသူမိဘတစ်ဦးဦးသည်-

(က) မြန်မာနိုင်ငံအတွင်း ကလေးသေဆုံးကြောင်း မှတ်ပုံ တင်ပေးနိုင်ရေးအတွက် ကလေးသေဆုံးသည့်နေ့မှစ၍ ခုနစ်ရက်အတွင်း သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်အကြောင်းကြား ရမည်။ ကလေးသေဆုံးသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်းပြည့်စုံ မှန်ကန်စွာ ဖြည့်စွက်ထားသည့် ပုံစံ အမန-၇ နှင့်အတူ သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးတွင် ဖြစ်စဉ်ပြောင်းလဲ မှု မှတ်ပုံတင်ရန် လျှောက်ထား ရမည်။

(ခ) သေဆုံးသောကလေးအမည်စာရင်းကို ပယ်ဖျက်နိုင်ရန် အမြဲနေထိုင်ခွင့်လက်မှတ်ရရှိသူ မိဘ၏ အမြဲနေထိုင်ခွင့်ရရှိသူ အိမ်ထောင်စုလူဦးရေစာရင်း မူရင်းနှင့်မိတ္တူကို ပူးတွဲတင်ပြ ရမည်။

(ဂ) မိဘ၏သက်တမ်းရှိသော အမြဲနေထိုင်ခွင့်လက်မှတ် သို့မဟုတ် မိဘတစ်ဦးဦး၏ နိုင်ငံသားလက်မှတ်၊ နိုင်ငံသား စိစစ်ရေးကတ်ပြား သို့မဟုတ် ဧည့်နိုင်ငံသားလက်မှတ်၊ ဧည့်နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် နိုင်ငံသားပြုခွင့် လက်မှတ်၊ နိုင်ငံသားပြုခွင့် စိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသား မှတ်ပုံတင်သက်သေခံကတ်ပြား မူရင်းနှင့် မိတ္တူပါရှိရမည်။

(ဃ) သေဆုံးသော ကလေးအမည်ပါရှိသော နိုင်ငံကူး လက်မှတ် သို့မဟုတ် မိဘတစ်ဦးဦး၏ သက်တမ်းရှိသော နိုင်ငံကူးလက်မှတ်မူရင်းနှင့် မိတ္တူတို့ ပါရှိရမည်။

(င) ကလေးသေဆုံးကြောင်း အထောက်အထားလက်မှတ် သို့မဟုတ် သေဆုံးစာရင်းမူရင်းနှင့် မိတ္တူတို့ တင်ပြရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၃ ၂၇

အမြဲနေထိုင်ခွင့်လက်မှတ်ရရှိသူ သေဆုံးပါက သေဆုံးသည့် နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း အနီးစပ်ဆုံးဆွေမျိုး သို့မဟုတ် တာဝန်ခံဆောင်ရွက်သူက အောက်ပါစာရွက် စာတမ်းအထောက် အထားများနှင့်အတူ သေဆုံးသူကိုင်ဆောင် ခဲ့သော အမြဲနေထိုင်ခွင့်လက်မှတ်ကို သက်ဆိုင်ရာ မြို့နယ်ဦးစီး မှူးရုံးမှတစ်ဆင့် ဌာနစိတ်သို့ ပြန်လည်အပ်နှံရမည်_

(က) အမြဲနေထိုင်ခွင့်လက်မှတ် ပြန်လည်အပ်နှံခြင်း လျှောက်လွှာပုံစံ အမန-၈၊

(ခ) အမြဲနေထိုင်ခွင့်လက်မှတ်ရရှိသူ နေထိုင်သော သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးရုံးသို့ ၎င်းသေဆုံးသည့်နေ့မှစ၍ ခုနစ်ရက်အတွင်း သွားရောက်အကြောင်းကြားထား သည့် စာမိတ္တူ၊

(ဂ) သေဆုံးသူ၏ အမြဲနေထိုင်ခွင့်လက်မှတ်မူရင်း၊

(ဃ) နိုင်ငံကူးလက်မှတ် မူရင်းနှင့် မိတ္တူ၊

(င) သေဆုံးကြောင်း အထောက်အထားလက်မှတ် သို့မဟုတ် သေစာရင်းမူရင်းနှင့် မိတ္တူ၊

(စ) သေဆုံးသူအမည်အား ပယ်ဖျက်ရန်အတွက် ၎င်းရရှိ ထားသော အမြဲနေထိုင်ခွင့်ရရှိသူ အိမ်ထောင်စုလူဦးရေ စာရင်းမူရင်းနှင့် မိတ္တူ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၄ ၂၈

အမြဲနေထိုင်ခွင့်လျှောက်ထားသူသည် ကနဦးအမြဲနေထိုင်ခွင့်လျှောက်ထားခြင်းအတွက် ပြန်လည် ထုတ်ယူ၍မရသည့် အမေရိကန်ဒေါ်လာ ၅၀၀ ကို ဌာနစိတ် သို့မဟုတ် သက်ဆိုင်ရာ မြန်မာ သံရုံးတွင် ပေးသွင်းရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၅ ၂၉

ဤနည်းဥပဒေ ၁၂၊ နည်းဥပဒေခွဲ(က) အရ အမြဲ နေထိုင်ခွင့်ပြုကြောင်း အကြောင်းကြားစာ ရရှိသူသည် နည်း ဥပဒေ ၁၃ နှင့် အညီ အမြဲနေထိုင်ခွင့်လက်မှတ် ထုတ်ယူခွင့် ပြုပါရန် ဌာနစိတ်သို့ လျှောက်ထား၍ နည်းဥပဒေ ၁၄ နှင့်အညီ အမြဲနေထိုင်ခွင့်လက်မှတ် ထုတ်ယူရာတွင် လည်းကောင်း၊ နည်းဥပဒေ ၁၆ နှင့်အညီ အမြဲနေထိုင်ခွင့်လက်မှတ်သက်တမ်း အတည်ပြု မှတ်ပုံတင်ရာတွင်လည်းကောင်း အောက်ပါ အတိုင်း အခကြေးငွေကို ပေးဆောင်ရမည်-

(က) နိုင်ငံခြားသားတစ်ဦးအတွက် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁၀၀၀၊

(ခ) မြန်မာနိုင်ငံသားဟောင်းတစ်ဦးအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅၀၀၊

(ဂ) နည်းဥပဒေခွဲ (က) သို့မဟုတ် (ခ) ပါ ပုဂ္ဂိုလ်တို့နှင့်အတူ တစ်ပါတည်းအမြဲနေထိုင်ခွင့် လျှောက်ထားသည့် အသက် ခုနစ်နှစ်အထက်မှ ၁၈ နှစ်အထိ ယင်းတို့၏ တရားဝင်သားသမီး တစ်ဦးစီ အတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၀၀၊

ခြွင်းချက်။ နည်းဥပဒေခွဲ (က) သို့မဟုတ် (ခ) ပါ ပုဂ္ဂိုလ် တို့နှင့်အတူ တစ်ပါတည်း အမြဲနေထိုင်ခွင့် လျှောက်ထားသည့် ယင်းတို့၏ တရားဝင်သားသမီးသည် အသက် ခုနစ်နှစ်နှင့် အောက်ဖြစ်ပါက အခမဲ့နေထိုင်ခွင့်ပြုသည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၆ ၃၀

နည်းဥပဒေ ၁၆ နှင့်အညီ တစ်နှစ်သက်တမ်းကုန်ဆုံးပြီး၊ ရက်ပေါင်း ၃၀ အတွင်း သက်တမ်း အတည်ပြုမှတ်ပုံ တင်ခြင်းမပြုဘဲ ရက်ပေါင်း ၃၀ ကျော်လွန်ပြီး ရက်ပေါင်း ၉၀ အတွင်း မှတ်ပုံတင် ခြင်းပြုလျှင် ဒဏ်ကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၂၀၀ ကိုလည်းကောင်း၊ ရက်ပေါင်း ၉၀ ကျော်လွန် ပြီး ၁၈၀ အတွင်း သက်တမ်းအတည်ပြု မှတ်ပုံ တင်ခြင်းပြုလျှင် ဒဏ်ကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၅၀၀ ကိုလည်းကောင်း ပေးဆောင်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၇ ၃၁

နည်းဥပဒေ ၁၉၊ ၂၀ တို့နှင့်အညီ အမြဲနေထိုင်ခွင့်လက်မှတ် ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးခြင်းအတွက် အမြဲနေထိုင် ခွင့်လက်မှတ် မိတ္တူထုတ်ပေးရန် လျှောက်ထားချက်အရ အမြဲနေ ထိုင်ခွင့်လက်မှတ်ထုတ်ပေးရလျှင် ပျောက်ပျက်မိတ္တူ ထုတ်ပေးခအဖြစ် လျှောက်ထားသူက အမေရိကန် ဒေါ်လာ ၃၀၀ ပေးဆောင်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၈ ၃၂

အမြဲနေထိုင်ခွင့်လျှောက်ထားခြင်း၊ ထုတ်ယူခြင်း၊ အမြဲနေထိုင် ခွင့်လက်မှတ် သက်တမ်းနှစ်စဉ် အတည်ပြုမှတ်ပုံတင်ခြင်း၊ သတ်မှတ်ဒဏ်ကြေး ပေးဆောင်ခြင်းနှင့် အမြဲနေထိုင်ခွင့် လက်မှတ် ပျောက်ဆုံးပျက်စီး၍ မိတ္တူထုတ်ယူခြင်းတို့အတွက် သတ်မှတ်အခကြေးငွေများကို ဌာနစိတ်တွင် သက်ဆိုင်ရာ လျှောက်ထားသူကိုယ်တိုင် ပေးဆောင်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၉ ၃၃

အမြဲနေထိုင်ခွင့်လက်မှတ်ရရှိသူသည်-

(က) မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တည်ဆဲဥပဒေ များကိုလည်းကောင်း၊ သက်ဆိုင်ရာ နိုင်ငံ အသီးသီး၏ ဥပဒေများကိုလည်းကောင်း လေးစားလိုက်နာ၍ ကောင်းမွန်စွာ နေထိုင်ရမည်။

(ခ) မြန်မာနိုင်ငံအတွင်း ရရှိသည့် ဝင်ငွေအပေါ် တည်ဆဲ အခွန်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အခွန် ပေးဆောင် ရမည်။

(ဂ) အမြဲနေထိုင်ခွင့်သက်တမ်း ငါးနှစ်အတွင်း မြန်မာနိုင်ငံ ပြင်ပတွင် တစ်နှစ်နှင့်အထက် တစ်ဆက်တည်း နေထိုင်လိုပါက ခိုင်လုံသောအကြောင်းပြချက် တင်ပြ၍ ခွင့်ပြုချက် ရယူရမည်။

(ဃ) အမြဲနေထိုင်ခွင့်ရရှိသူ အိမ်ထောင်စုလူဦးရေစာရင်း ရရှိရေးအတွက် အခြေချနေထိုင်မည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရှိ သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးတွင် နည်းဥပဒေ ၁၈ နှင့်အညီ လျှောက်ထားနေထိုင်ရမည်။

(င) အမြဲနေထိုင်ခွင့်လက်မှတ်ကို ပျက်စီးခြင်း၊ ပျောက်ဆုံး ခြင်းမရှိစေရန် စနစ်တကျ ကိုင်ဆောင်ထိန်းသိမ်းရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၀ ၃၅

အမြဲနေထိုင်ခွင့်လက်မှတ်ရရှိသူသည်-

(က) အမြဲနေထိုင်ခွင့်လက်မှတ်ကို မည်သူ့ကိုမျှ လွှဲပြောင်း ခြင်း၊ အပ်နှံခြင်း၊ ကိုင်ဆောင် အသုံးပြုရန် ခွင့်ပြုခြင်း မပြုရ။

(ခ) အမြဲနေထိုင်ခွင့်လက်မှတ်ပေါ်တွင် ဖော်ပြထားသော အချက်များကို နည်းဥပဒေ ၂၂ အရမှတစ်ပါး ပြုပြင် ပြောင်းလဲခြင်း၊ တစ်စုံတစ်ရာပြင်ဆင်ရေးသားခြင်းနှင့် ဖြည့်စွက်ခြင်း မပြုရ။

(ဂ) စစ်ဆေးရေးအရာရှိက ယင်း၏တာဝန်ဝတ္တရားအရ အမြဲနေထိုင်ခွင့်လက်မှတ်နှင့် အခြားလိုအပ်ချက်များ၊ စာရွက် စာတမ်း အထောက်အထားများကို စစ်ဆေးရန် တောင်းဆို သည့်အခါတွင် ငြင်းဆိုခြင်းမပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၁ ၃၆

အမြဲနေထိုင်ခွင့်လက်မှတ်ရရှိသူသည်-

(က) လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ်အဖြစ်သော် လည်းကောင်း၊ ပြည်သူမှ ရွေးချယ်တင်မြှောက်သော ကိုယ်စား လှယ်အဖြစ်သော်လည်းကောင်း ရွေးချယ်ခံပိုင်ခွင့်မရှိစေရ။

(ခ) မဲဆန္ဒနယ်မြေများတွင် လွှတ်တော်တစ်ရပ်ရပ်အတွက် ဆန္ဒမဲပေးပိုင်ခွင့် မရှိစေရ။

(ဂ) နိုင်ငံတော်အစိုးရ၏ လုပ်ငန်းများတွင် နိုင်ငံတော် ဘဏ္ဍာငွေ ရယူခံစားသည့် အမြဲတမ်းဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ခွင့် မရှိစေရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၂ ၃၇

အမြဲနေထိုင်ခွင့်လက်မှတ်ရရှိသူသည် အောက်ပါအကြောင်း တစ်ရပ်ရပ်ပေါ်ပေါက်ပါက အမြဲနေထိုင်ခွင့်ကို ရုပ်သိမ်းခြင်း ခံရမည်-

(က) အကောင်အထည်ဖော်ရေးဗဟိုကော်မတီက နိုင်ငံတော် အကျိုးငှာ အခါအားလျော်စွာ ထုတ်ပြန် သည့် တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊

(ခ) နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးပါတီအဖွဲ့အစည်း များတွင် ပါဝင်ခြင်း၊ လှုပ်ရှားခြင်း၊ ဆောင်ရွက် ခြင်း သို့မဟုတ် ထောက်ပံ့ကူညီခြင်း၊

(ဂ) လူမျိုးရေး၊ ဘာသာရေးသွေးကွဲစေရန်ဆောင်ရွက်ခြင်း၊ လှုပ်ရှားခြင်း သို့မဟုတ် ထောက်ပံ့ ကူညီခြင်း၊

(ဃ) မူလလျှောက်ထားချက်တွင်ပါဝင်သည့် အချက်အလက် များမမှန်ကန်ကြောင်း၊ လိမ်လည်ဖော်ပြကြောင်း၊ အတုပြု လုပ်ကြောင်း သို့မဟုတ် တစ်နည်းနည်းဖြင့် တရားမဝင် ဖန်တီးကြောင်း တွေ့ရှိခြင်း၊

(င) အမြဲနေထိုင်ခွင့်လျှောက်ထားရန် ရည်ရွယ်၍ လက်ထပ် ခြင်းဖြစ်သည်ဟု စိစစ်တွေ့ရှိခြင်း၊

(စ) မြန်မာဓလေ့ထုံးတမ်းဥပဒေ၊ ဗုဒ္ဓဘာသာဝင်မဟုတ် သည့် မြန်မာနိုင်ငံသားများ၏ လက်ထပ်ထိမ်းမြားခြင်းနှင့် သက်ဆိုင်သည့် တည်ဆဲဥပဒေများ၊ ညွှန်ကြားချက်များနှင့် အညီ မြန်မာနိုင်ငံသားနှင့် လက်ထပ်ထားသော နိုင်ငံခြားသား ဇနီး သို့မဟုတ် ခင်ပွန်းအတွက် အမြဲနေထိုင်ခွင့်ပြုချက် ရရှိပြီးနောက် မြန်မာနိုင်ငံသား ဇနီး သို့မဟုတ် ခင်ပွန်းသည် နိုင်ငံသားအဖြစ်မှ  ရပ်စဲခံရခြင်း သို့မဟုတ် ရုပ်သိမ်း ခံရခြင်း၊ တရားဝင် ဇနီး သို့မဟုတ် ခင်ပွန်းအဖြစ်မှ ကွာရှင်းပြတ်စဲခြင်း၊ အမြဲနေထိုင်ခွင့်ရရှိသူသည် နောက်အိမ်ထောင်ပြုခြင်း၊

(ဆ) မြန်မာဓလေ့ထုံးတမ်းဥပဒေ၊ ဗုဒ္ဓဘာသာဝင်မဟုတ် သည့် မြန်မာနိုင်ငံသားများ၏ လက်ထပ်ထိမ်းမြားခြင်းများနှင့် သက်ဆိုင်သည့် တည်ဆဲဥပဒေများ၊ ညွှန်ကြားချက်များ နှင့်အညီ မြန်မာနိုင်ငံသား နှင့် လက်ထပ်ထားသော နိုင်ငံခြား သား ဇနီး သို့မဟုတ် ခင်ပွန်းတို့မှ မွေးဖွားသော သို့မဟုတ် မွေးစားသော အသက် ၁၈ နှစ်အောက် တရားဝင် သားသမီး များအတွက် အမြဲနေထိုင်ခွင့်လက်မှတ်ရရှိပြီးနောက် မြန်မာ နိုင်ငံသား မိခင် သို့မဟုတ် ဖခင်သည် နိုင်ငံသားအဖြစ်မှ ရပ်စဲခံရခြင်း  သို့မဟုတ် ရုပ်သိမ်း ခံရခြင်း၊ ၎င်းသားသမီးသည် တရားဝင် သားသမီးအဖြစ်မှ စွန့်လွှတ်ခံရခြင်း၊

(ဇ) ကျွမ်းကျင်ပညာရှင် သို့မဟုတ် ရင်းနှီးမြှုပ်နှံသူဖြစ်ပါက အမြဲနေထိုင်ခွင့်ပြုပြီး သုံးနှစ် အတွင်း မူလလုပ်ကိုင်ခဲ့သော လုပ်ငန်းအား အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၏ ခွင့်ပြုချက်မရဘဲ ပြောင်းလဲလုပ်ကိုင်ခြင်း၊

(ဈ) နည်းဥပဒေ ၃၀ အရ အမြဲနေထိုင်ခွင့်လက်မှတ် တစ်နှစ်သက်တမ်းကုန်ဆုံးပြီးနောက် ရက်ပေါင်း ၁၈၀ ပြည့် သည့်နေ့အထိ သက်တမ်းအတည်ပြု မှတ်ပုံတင်ရန် ပျက်ကွက်ခြင်း၊

(ည) အမြဲနေထိုင်ခွင့်ဆိုင်ရာ တားမြစ်ချက်များ၊ ကန့်သတ် ချက်များကို ချိုးဖောက်ခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၃ ၃၈

အမြဲနေထိုင်ခွင့်လက်မှတ်ရရှိသူသည် အောက်ပါအကြောင်း တစ်ရပ်ရပ်ပေါ်ပေါက်ပါကခွင့်ပြုထား သော အမြဲနေထိုင်ခွင့်ကို ပယ်ဖျက်ခြင်းခံရမည်-

(က) အမြဲနေထိုင်ခွင့်လက်မှတ်ရရှိသူ သေဆုံးခြင်း၊

(ခ) ပြစ်မှုတစ်ရပ်ရပ် ကျူးလွန်သဖြင့် တည်ဆဲဥပဒေအရ ပြစ်ဒဏ်စီရင်ခြင်း ခံရပြီးနောက် ပြည်နှင်ဒဏ် ပေးခံရခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၄ ၄၂

အမြဲနေထိုင်ခွင့်လျှောက်ထားသူသည် အမြဲနေထိုင်ခွင့် လက်မှတ်မရရှိသေးမီကာလအထိ တည်ဆဲ ဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်အညီ ကာလကန့်သတ်ချက်ဖြင့် ဆက်လက်နေခွင့် သက်တမ်း တိုးမြှင့်နေထိုင်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၅ ၄၃

ကျွမ်းကျင်ပညာရှင် သို့မဟုတ် ရင်းနှီးမြှုပ်နှံ၍ စီးပွားရေး လုပ်ကိုင်သူသည် မိမိလုပ်ကိုင်သော လုပ်ငန်းကို အမြဲနေ ထိုင်ခွင့်ရရှိပြီး သုံးနှစ်အတွင်းပြောင်းလဲလိုပါက သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ထောက်ခံချက်နှင့်အတူ အကောင်အထည်ဖော် ရေး ဗဟိုကော်မတီသို့ တင်ပြခွင့်ပြုချက် ရယူရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း