ဝင်ငွေခွန်နည်းဥပဒေများ နှင့်စပ်လျဉ်းသည့် ပြဌာန်းချက်များ


Domestic Regulations
sr. Rules measures mode remarks
၃ (က)

(က) ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၂) (ခခ) ပါအိမ်ထောင်ဖက်ဆိုရာတွင် ဝင်ငွေနှစ်အတွင်း မည်သည့်အချိန်၌မဆို မိမိနှင့်အတူနေသည့် သို့မဟုတ် မိမိကစရိတ် ထောက်ပံ့ထားရသည့် အိမ်ထောင် ဖက်တစ်ဦးတည်းကို ဆိုလိုခြင်းဖြစ်သည်။ သို့ရာတွင် ယင်းအိမ်ထောင်ဖက်သည် မိမိကိုယ်တိုင် ထိုဝင်ငွေနှစ်အတွင်း ဝင်ငွေခွန်ထိုက်သင့်သည့် ဝင်ငွေမရရှိသူဖြစ်ရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃ (ခ)

(ခ) ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၂) (ခခ) ပါ သားသမီးဆိုရာတွင် ဝင်ငွေနှစ်အတွင်း မည်သည့်အချိန်၌မဆို မိမိကထောက်ပံ့ထားရသည့် အောက်ပါအချက်အလက်များ အားလုံးနှင့် ညီညွတ် သောသားသမီးအရင်း၊ လင်ပါ၊ မယားပါသား သမီးနှင့် ဥပဒေ တစ်ခုခုနှင့်အညီ မွေးစားသည့် သားသမီးတို့ကို ဆိုခြင်းဖြစ်သည်-

(၁) အိမ်ထောင်မရှိခြင်း၊

(၂) ဝင်ငွေခွန်ထိုက်သင့်သည့် ဝင်ငွေမရရှိခြင်း၊

(၃) အသက် ၁၈ နှစ်မပြည့်သေးခြင်း သို့မဟုတ် အသက် ၁၈ နှစ်ပြည့်ပြီးသော်လည်း ပညာသင်ကြားလျက်ရှိခြင်း။

ရှင်းလင်းချက်။ ။ ပညာသင်ကြားလျက်ရှိခြင်းဆိုရာတွင် စာသင်ကျောင်း၊ တက္ကသိုလ်၊ ကောလိပ် သို့မဟုတ် အခြားပညာသင်ကြားရေးဌာနတစ်ခုခုတွင် အချိန်ပြည့်ပညာသင်ကြားလျက်ရှိခြင်း သို့မဟုတ် အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းတွင် အရည်အချင်း ပြည့်စုံရေး အတွက် အလုပ်သင်စည်းကမ်းအရ အလုပ်သင်လျက်ရှိခြင်းတို့ပါဝင်သည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃ (ဂ)

(ဂ) ဥပဒေပုဒ်မ ၆ ပါသက်သာခွင့်များခွင့်ပြုရာတွင် ဝင်ငွေရလမ်း တစ်ခုထက်ပိုမိုရှိလျှင် ဝင်ငွေခွန်နှုန်း အနည်းဆုံးဖြစ်သည့် ဝင်ငွေမှ စတင်၍ ဝင်ငွေခွန်နှုန်းများရာသို့ အဆင့်ဆင့် ခုနှိမ်ပေးရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၃ (ဃ)

(ဃ) ဥပဒေပုဒ်မ ၆ ပါ သားသမီးအတွက် သက်သာခွင့်များ ခွင့်ပြုခြင်းနှင့် စပ်လျဉ်း၍ အခွန်ထမ်း၏ အိမ်ထောင်ဖက်သည် ထိုဝင်ငွေနှစ်အတွင်း ဝင်ငွေခွန်ထိုက်သင့်သည့် ဝင်ငွေတစ်ရပ်ရပ်ရရှိသူ ဖြစ်ပါက အခွန်ထမ်း သို့မဟုတ် ယင်း၏ အိမ်ထောင်ဖက် တစ်ဖက်တည်းတွင်သာ နုတ်ပယ်ရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၅(က)

(က) မည်သူမဆို အခြေပစ္စည်းတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းပြုလုပ်သည့် နှစ်တစ်နှစ်အတွင်း အခြေပစ္စည်း၏ တန်ဖိုးစုစုပေါင်းသည် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ သတ်မှတ်သည့် ဝင်ငွေခွန် မစည်းကြပ်ထိုက်သော တန်ဖိုးထက် ပိုမိုသည့် အပြင် မြတ်စွန်းငွေလည်းရှိပါက ဝင်ငွေကြေညာလွှာကို မြို့နယ်အခွန် ဦးစီးဌာနမှူးထံ သက်ဆိုင် ရာ အခြေပစ္စည်းရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းပြုသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ပေးပို့ရမည်။

ရှင်းလင်းချက်။ ။ အခြေပစ္စည်းရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းပြုသည့်နေ့ဆိုသည်မှာ ယင်း ပစ္စည်းကို ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်း ဖြင့် လွှဲပြောင်းခြင်းပြုသော စာချုပ်ချုပ် ဆိုသည့်နေ့နှင့် ယင်းပစ္စည်း ကို လက်ရောက် လွှဲပြောင်းပေးသည့် နေ့တို့အနက် စောရာနေ့ကို ဆိုသည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

မိမိမည်ကဲ့သို့ ရရှိခဲ့သည်ကို အတိအကျမဖြေရှင်းနိုင်သည့် မရွှေ့ပြောင်း နိုင်သောပစ္စည်း သို့မဟုတ် ငွေ အပါအဝင်ဖြစ်သော ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ သက်ဆိုင်သူအား ဥပဒေပုဒ်မ ၁၄ အရဝင်ငွေသတ်မှတ် စည်းကြပ်ရာတွင် အဆိုပါပစ္စည်း သို့မဟုတ် ငွေပေါ်ထွက်သောနှစ်သည် ယင်းပစ္စည်းတန်ဖိုး သို့မဟုတ် ငွေနှင့် စပ်လျဉ်းသည့်ဝင်ငွေနှစ်ဖြစ်သည်ဟု မှတ်ယူရမည်။ ထိုငွေကိုလည်းကောင်း၊ ထိုပစ္စည်းတန်ဖိုးနှင့် ယင်းပစ္စည်းရယူရာတွင် ကုန်ကျသည့်ငွေ အားလုံးကိုလည်းကောင်း အဆိုပါနှစ်အတွက် ဝင်ငွေအဖြစ် သတ်မှတ် စည်းကြပ်ရမည်။

ရှင်းလင်းချက်။ ။ ပေါ်ထွက်သောနှစ်ဆိုသည်မှာ-

(က) ပစ္စည်းဖြစ်ပါက ဝယ်ယူရရှိခြင်းဖြစ်လျှင် ဝယ်ယူရရှိသောနှစ်ဖြစ် ပြီး တည်ဆောက်ယူခြင်းဖြစ်လျှင် နှစ်ချင်းပြီးစီးပါက ယင်းနှစ်ကိုဆို သည်။ သို့သော် တည်ဆောက်ဆဲဖြစ်လျှင် တည်ဆောက်ဆဲဖြစ်သော ဆိုင်ရာနှစ်များကိုဆိုသည်။

(ခ) ငွေဖြစ်ပါက ယင်းငွေရှိကြောင်းတွေ့ရှိသောနှစ် သို့မဟုတ် ယင်းငွေ ရရှိခဲ့ကြောင်း အထောက်အထား ရှိသောနှစ်တို့အနက် စောရာနှစ်ကို ဆိုသည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

ဥပဒေပုဒ်မ ၂၉ အရဝင်ငွေတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ဝင်ငွေနှစ်အတွင်း စည်းကြပ်မှုပြုလုပ်နိုင်ကြောင်း အမိန့်ထုတ်ပြန်သည့်ကိစ္စ၌ သီးခြားသတ် မှတ်ထားခြင်းမရှိလျှင် မြို့နယ်အခွန်ဦးစီးဌာနမှူး သည် စည်းကြပ်မှုကို အောက်ပါအတိုင်းဆောင်ရွက်နိုင်သည်-

(က) ဝင်ငွေတစ်ရပ်ရပ်ရရှိသူအား သက်ဆိုင်ရာဝင်ငွေနှစ်အတွင်း ယင်း ရရှိသည့်ဝင်ငွေကိုခန့်မှန်း၍ ဝင်ငွေကြေညာလွှာပေးပို့ရန် အကြောင်း ကြားနိုင်သည်။ ယင်းအကြောင်းကြားစာကို ဥပဒေပုဒ်မ ၁၇၊ ပုဒ်မခွဲ (ခ) အရ ပေးပို့သည့်စာဖြစ်ဘိသကဲ့သို့ မှတ်ယူရမည်။

(ခ) နည်းဥပဒေခွဲ (က) အရဝင်ငွေကြေညာလွှာ ပေးပို့ပြီးသူ သို့မဟုတ် အကြောင်းကြားစာ ပေးပို့ခြင်းခံရသူ ထိုနှစ်အတွင်း ယင်းရရှိမည့် ဝင်ငွေနှင့်စပ်လျဉ်း၍ အခြေခံအထောက် အထားများလာရောက်ပြသရန် သို့မဟုတ် ပြသစေရန်ထိုသူအား အကြောင်းကြားနိုင်သည်။ ထိုအကြောင်း ကြားစာသည် ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (ခ) အရပေးပို့သည့်စာ ဖြစ်ဘိ သကဲ့သို့ မှတ်ယူရမည်။

(ဂ) နည်းဥပဒေခွဲ (ခ) အရပေးပို့သော အကြောင်းကြားစာတွင် ဖော်ပြထားသည့်နေ့ သို့မဟုတ် ထိုနေ့ နောက်ပိုင်း ဆောလျင်နိုင်သမျှ ဆောလျင်စွာ မြို့နယ်အခွန်ဦးစီးဌာနမှူးသည် အခွန်ထမ်းကပြသသော အခြေခံအထောက်အထားများကိုလည်းကောင်း၊ လိုအပ်သော အခြား အချက်အလက်များကိုလည်းကောင်း ရယူစစ်ဆေးကြားနာပြီးနောက် အခွန်ထမ်း၏ အဆိုပါ ဝင်ငွေအားရနိုင်သမျှ အထောက် အထားများကို အခြေပြု၍ ဝင်ငွေခွန်စည်းကြပ်ရမည်။ ထိုသို့ စည်းကြပ်ရာတွင် ယင်း စည်းကြပ်နှစ် နှင့် သက်ဆိုင်သော နှုန်းများဖြင့် အခွန်တွက်ချက် တောင်းခံရမည်။

သို့ရာတွင် နည်းဥပဒေခွဲ (က) သို့မဟုတ် (ခ) အရပေးပို့သော စာပါ အချက်အလက်များကို လိုက်နာရန် ပျက်ကွက်လျှင်ရနိုင်သမျှသော အထောက်အထားများကို ရယူ၍ ယင်းတို့ကို အခြေပြုပြီးစည်းကြပ်နိုင် သည်။

(ဃ) ဝင်ငွေအမျိုးအစားတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ဤနည်းဥပဒေအရ သီးခြားစည်းကြပ်မှု ပြုလုပ်ခြင်းသည် ယင်းဝင်ငွေအတွက် ကြိုတင် စည်းကြပ်ခြင်းသာဖြစ်သည်ဟု မှတ်ယူပြီး ယင်းဝင်ငွေအပါအဝင်ဖြစ်သော အခွန်ထမ်း၏စုစုပေါင်း ဝင်ငွေအပေါ်စည်းကြပ်မှုကို ဥပဒေပြဋ္ဌာန်းချက် များနှင့်အညီ ထပ်မံပြုလုပ်ရမည်။ စည်းကြပ်မှုထပ်မံပြုလုပ်သောအခါ ကြိုတင်စည်းကြပ်မှုတွင် ပေးဆောင်ခဲ့သောအခွန်ကို ခုနှိမ်ပေးရမည်။

(င) ဤနည်းဥပဒေအရပြုလုပ်သော ကြိုတင်စည်းကြပ်မှုတွင် ချမှတ်ထားသော ဆုံးဖြတ်ချက်များကို နည်းဥပဒေခွဲ (ဃ) ပါအတိုင်း စည်းကြပ်မှုထပ်မံပြုလုပ်ရာ၌ လိုအပ်သလို ပြုပြင် ပြောင်းလဲနိုင်သည်။

(စ) ဤနည်းဥပဒေအရ ဝင်ငွေနှစ်အတွင်း စည်းကြပ်မှုမပြီးပြတ်လျှင် ဥပဒေပုဒ်မ ၂၉ နှင့် အကျုံးမဝင် ဘိသကဲ့သို့ သက်ဆိုင်ရာ အခွန်ထမ်းအား ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စည်းကြပ်မှုပြုလုပ်နိုင်သည်။

ရှင်းလင်းချက်။ ။ ဤနည်းဥပဒေပါ မြို့နယ်အခွန်ဦးစီးဌာနမှူး၏ လုပ်ပိုင်ခွင့်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနသည် လိုအပ်ပါက ဥပဒေ ပုဒ်မ ၇ အရအမိန့်ကြော်ငြာစာ ထုတ်ပြန်၍ တစ်ဦးတစ်ယောက်ကိုလည်း ပေးအပ်နိုင်သည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၉ (ခ)

(ခ)(၁) မည်သည့် ဝင်ငွေနှစ်အတွက်မဆို ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (ဎ) အရ ပြည်ပနေ နိုင်ငံသားတစ်ဦး၏ ဝင်ငွေတွင် ပြည်တွင်းစုစုပေါင်း ဝင်ငွေနှင့် ပြည်ပစုစုပေါင်း ဝင်ငွေတို့ ပါဝင်သည်။

(၂) ပြည်ပနေနိုင်ငံသားတစ်ဦး၏ ပြည်တွင်းစုစုပေါင်း ဝင်ငွေသည် မြန်မာနိုင်ငံတွင် အဆိုပါနှစ်အတွင်း ထိုသူရရှိသည့် ဝင်ငွေအားလုံး ဖြစ်သည်။

(၃) ပြည်ပနေ နိုင်ငံသားတစ်ဦး၏ ပြည်ပစုစုပေါင်း ဝင်ငွေသည် မြန်မာနိုင်ငံပြင်ပတွင် အဆိုပါနှစ်အတွင်း ထိုသူရရှိသည့် ဝင်ငွေအားလုံး ဖြစ်သည်။ သို့ရာတွင် ပြည်ပနေ နိုင်ငံသားတစ်ဦး၏ စုစုပေါင်းဝင်ငွေတွင် ဥပဒေတစ်ရပ်ရပ်အရ ကင်းလွတ်ခွင့်ရ သောဝင်ငွေ မပါဝင်စေရ။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၉ (ဂ)

(ဂ) ပြည်ပနေ နိုင်ငံသားတစ်ဦးအား ဝင်ငွေခွန်စည်းကြပ်ရာတွင် ထိုသူ၏ပြည်တွင်း စုစုပေါင်း ဝင်ငွေနှင့် ပြည်ပစုစုပေါင်းဝင်ငွေတို့ကို သီးခြားစီ တွက်ချက်သတ်မှတ်ရမည်။ ထို့ပြင် အဆိုပါသတ်မှတ်ချက်များ ကို မူတည်၍ ထိုသူပေးဆောင်ရမည့် ပြည်တွင်း စုစုပေါင်းဝင်ငွေအပေါ် ဝင်ငွေခွန်နှင့် ပြည်ပစုစုပေါင်း ဝင်ငွေအပေါ် ဝင်ငွေခွန်တို့ကို တသီးတခြားစီ တွက်ချက်ဆုံးဖြတ်ရမည်။ ထိုသူက ပေးဆောင်ရန်တာဝန်ရှိ သည့် ဝင်ငွေခွန်သည် ထိုအခွန်နှစ်ရပ်ပေါင်းဖြစ်သည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၀ ၉ (င)

(င) (၁) ပြည်ပနေ နိုင်ငံသားတစ်ဦး၏ ပြည်ပစုစုပေါင်း ဝင်ငွေကို တွက်ချက်သည့်အခါ ဥပဒေပုဒ်မ ၈ တွင်ဖော်ပြထားသည့် ဝင်ငွေခေါင်းစဉ် များအလိုက် တွက်ချက်ရမည့်ပြင် ထိုသို့ တွက်ချက်ရာတွင် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီသာ ဖြစ်ရမည်။ သို့ရာတွင် ဥပဒေပုဒ်မ ၆ ပါ သက်သာခွင့်များသည် ပြည်ပနေ နိုင်ငံသားတစ်ဦး၏ ပြည်ပစုစုပေါင်း ဝင်ငွေ တွက်ချက်ရာတွင် အကျုံးမဝင်စေရ။

(၂) ပြည်ပနေ နိုင်ငံသားတစ်ဦး၏ ပြည်ပစုစုပေါင်း ဝင်ငွေအပေါ်တွင် အဆိုပါ ပြည်ပနေနိုင်ငံသားက ပေးဆောင်ရမည့်ဝင်ငွေခွန်နှုန်းများကို ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီသာ ဖြစ်ရမည်။ 

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁ ၉ (စ)

(စ) ပြည်ပနေ နိုင်ငံသားတစ်ဦးသည် မည်သည့် ဝင်ငွေနှစ်အတွက်မဆို ထိုနှစ်အတွက် မြန်မာနိုင်ငံပြင်ပ၌ ဝင်ငွေတစ်ရပ်ရပ်ရရှိလျှင် ယင်း၏ ပြည်ပစုစုပေါင်းဝင်ငွေကို ခန့်မှန်း၍ ယင်းအပေါ်ကျသင့်သည့် ဝင်ငွေ ခွန်ကို အဆိုပါဝင်ငွေနှစ်အတွင်း၌ပင် ဤကိစ္စအတွက် ပြည်ထောင်စု အစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက တာဝန်လွှဲအပ်ခြင်း ခံရသူက သတ်မှတ်ပေးသည့် နည်းလမ်းများအတိုင်းပေးဆောင်ရမည်။ ထိုသို့ပေးဆောင်ရာတွင် ထိုသူသည် မိမိအတွက်အလျဉ်းသင့်သလို သက်ဆိုင်ရာဝင်ငွေနှစ် မလွန်စေဘဲ အရစ်ကျအကြိမ်ကြိမ်ခွဲ၍ ပေးဆောင်နိုင်သည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၂ ၉ (ဇ) (၁)

(ဇ) (၁) ပြည်ပနေနိုင်ငံသားတစ်ဦးသည် ဝင်ငွေနှစ်အတွင်း မြန်မာ နိုင်ငံပြင်ပ၌ ဝင်ငွေရရှိလျှင် ထိုဝင်ငွေ ရရှိသည့်နှစ်ကုန်ဆုံးပြီး သုံးလအတွင်း မိမိ၏ ပြည်ပစုစုပေါင်း ဝင်ငွေအတွက် ဝင်ငွေကြေညာလွှာကို ပြည်ထောင်စုအစိုးရအဖွဲ့၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်လွှဲအပ်ခြင်းခံရသူက သတ်မှတ်ထားသည့်အတိုင်း မြို့နယ်အခွန်ဦးစီး ဌာနမှူးထံ ပေးပို့ရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၃ ၉ (ဋ)

(ဋ) ပြည်ပစုစုပေါင်း ဝင်ငွေပေါ်တွင် ပေးဆောင်ရန်ရှိသည့် ဝင်ငွေခွန်ကို ပေးဆောင်ရန် တာဝန်ရှိသည့် အခွန်ထမ်းက ထိုစုစုပေါင်းဝင်ငွေတွင် ပါဝင်သည့် ပြည်ပဝင်ငွေ တစ်ရပ်ရပ်မှ ရရှိသော နိုင်ငံခြားငွေဖြင့်သာ ပေးဆောင်ရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၄ ၉ (ဌ) အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေ ပုဒ်မ ၄၃

(ဌ) တစ်ဦးတစ်ယောက်သောသူအပေါ် နည်းဥပဒေခွဲ (ဈ) အရ ဝင်ငွေခွန်စည်းကြပ်မှုပြုရာတွင် ထိုသူကပြန်အမ်းငွေရရန်ရှိလျှင် ထိုပြန် အမ်းငွေကို ထိုသူကနည်းဥပဒေခွဲ (စ) အရ ပေးဆောင်ရန်ရှိသော ဝင်ငွေ ခွန်မှခုနှိမ်ရမည်။

သို့ရာတွင် အဆိုပါဝင်ငွေခွန် စည်းကြပ်မှုပြုလုပ်ပြီးနောက် တစ်နှစ် ကာလအတွင်း ထိုသူတွင် ပြည်ပဝင်ငွေမရှိတော့သည့် အကြောင်းကြောင့် နည်းဥပဒေခွဲ (စ) အရ ပေးဆောင်ရန်ငွေ တစ်စုံတစ်ရာမရှိလျှင် ထိုသူ ရရန်ရှိသည့် ပြန်အမ်းငွေကို ပေးသွင်းခဲ့ သည့် ငွေကြေးအမျိုးအစားဖြင့် ပြန်အမ်းရမည်။

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၃  

(က) အခွန်ထမ်း ပေးဆောင်ထားသည့် အခွန် ပမာဏသည် စည်းကြပ်သည့်ပမာဏ သို့မဟုတ် ပေး ဆောင်ရန်တာဝန်ရှိသည့် ပမာဏထက် ကျော်လွန်နေ လျှင် ယင်းပိုငွေကို ညွှန်ကြားရေးမှူးချုပ်က ပြန်အမ်း ရမည်။ ယင်းသို့ပြန်အမ်းရာတွင် - 

(၁) အခွန်ထမ်းပေးဆောင်ရမည့် ဤဥပဒေ နှင့် သက်ဆိုင်သည့် စည်းကြပ်ပြီးသည့် အခွန်၊ အတိုး သို့မဟုတ် ဒဏ်ကြေးငွေ များကို ခုနှိမ်ရမည်။ 

(၂) ထို့အပြင် ကျန်ရှိသည့် ပြန်အမ်းငွေ ပမာဏမှ လာမည့် ၁၂ လအတွင်း အခွန် ထမ်းပေးဆောင်ရမည့် အခွန်တာဝန်ကို ကြိုတင်ခွန်ပမာဏအဖြစ် ခုနှိမ်ရမည်။

(ခ) ပုဒ်မခွဲ (က) နှင့် မဆန့်ကျင်စေဘဲ ပြန်အမ်း ရန်ရှိသည့် ပမာဏအားလုံးကို အခွန်ထမ်းအား ပြန်အမ်းရမည်။

(ဂ) ဤပုဒ်မအရ ပြန်အမ်းငွေ သို့မဟုတ် ခုနှိမ် ခွင့်ကို စည်းကြပ်မှုနှင့်စပ်လျဉ်းသည့် သက်ဆိုင် ရာအခွန်ကာလကုန်ဆုံးပြီး ခြောက်နှစ်အတွင်း အခွန်ထမ်းက လျှောက်ထား တောင်းခံခြင်း သို့မဟုတ် ယင်းကာလအတွင်း ညွှန်ကြား ရေးမှူးချုပ်က တွေ့ရှိဆောင်ရွက်ခြင်း ဖြစ်မှသာ ခွင့်ပြုနိုင်သည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း (အခွန်ဆိုင်ရာစီမံအုပ် ချုပ်မှုဥပဒေ ပုဒ်မ ၄၃ အရ ဆောင်ရွက်ရမည်ဖြစ်ပါသည်။)
၁၅ ၉ (ဍ)

(ဍ) နိုင်ငံသားတစ်ဦးက မြန်မာနိုင်ငံမှမထွက်ခွာမီ ဤနည်းဥပဒေအရ ပြည်ပစုစုပေါင်း ဝင်ငွေအပေါ်  ပေးဆောင်ရန်ရှိသည့် ဝင်ငွေခွန်ကို ကောက်ခံရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့၏ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက တာဝန်လွှဲအပ်ခြင်းခံရသူသည် သင့်လျော်မည့်အစီအစဉ်များ ပြုလုပ်ပိုင်ခွင့်ရှိစေရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၆ ၉ (ဎ) (၁)

(ဎ) (၁) ဤနည်းဥပဒေများနှင့် သက်ဆိုင်သူတစ်ဦးသည် ဤနည်း ဥပဒေနှင့်အညီ ဝင်ငွေခွန်ကိုပေး ဆောင်ခြင်းမပြုလျှင် ထိုသူအား ဥပဒေပုဒ်မ ၃၉ နှင့်အကျုံးဝင်သော ပျက်ကွက်သူဟု မှတ်ယူရမည်။

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၅ 

(ဂ) အခွန်ထမ်းသည် ညွှန်ကြားရေးမှူးချုပ်ထံမှ ဤပုဒ်မအရ အကြောင်းကြားစာကို လက်ခံ ရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အခွန် ပေးဆောင်ရန် ပျက်ကွက်ပါက မပေးဆောင် သည့်အခွန်ကို မပြေကျန်ငွေအဖြစ် လည်း ကောင်း၊ ယင်းအခွန်ထမ်းအား ပျက်ကွက်သူ အဖြစ်လည်းကောင်း သတ်မှတ်ရမည်။

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၅၂

ညွှန်ကြားရေးမှူးချုပ်သည် ပုဒ်မ ၄၅ အရ ပျက်ကွက် သူအဖြစ် သတ်မှတ်ခြင်းခံရသူအပေါ် ဤအခန်းပါ မည်သည့်နည်းလမ်းကိုမဆို ကျင့်သုံး၍ အရကောက်ခံနိုင်သည်။ 

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၅၃

(က) အခွန်ထမ်းကို ပျက်ကွက်သူဟုသတ်မှတ်သည့် နေ့ရက်မှစတင်၍ခြောက်နှစ်အတွင်းဤ အခန်း ပါ ဥပဒေကြောင်းအရ အရကောက်ခံမှု နည်းလမ်းများကို စတင်ဆောင်ရွက်ရမည်။

(ခ)  ပုဒ်မခွဲ (က) နှင့်မဆန့်ကျင်စေဘဲ မပေးဆောင် ရသေးသော အခွန်၊ အတိုးသို့မဟုတ် ဒဏ်ကြေး ငွေကို အရကောက်ခံရန် ဤဥပဒေအရ ဆောင်ရွက်ချက်တစ်ခုခုအပေါ် ကာလစည်း ကမ်းသတ်နှင့်ပတ်သက်သည့် မည်သည့်ဥပဒေ ပြဋ္ဌာန်းချက်ကမျှ ဟန့်တားမှု သို့မဟုတ် သက်ရောက်မှုမရှိစေရ။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း (အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၅ (ဂ) ၊ ၅၂ နှင့် ၅၃ တို့အရ ဆောင်ရွက်ရမည်ဖြစ်ပါသည်။)
၁၇ ၉ (ဏ)

(ဏ) ဤနည်းဥပဒေအရ ပြည်ပစုစုပေါင်းဝင်ငွေနှင့် ယင်းဝင်ငွေအပေါ် အခွန်သတ်မှတ်သည့်အခါ သက်ဆိုင်ရာ နိုင်ငံခြားငွေနှင့်ညီမျှသော ကျပ်ငွေ ဖြင့်သတ်မှတ်ရမည်ဖြစ်ပြီး ထိုနိုင်ငံခြားငွေနှင့် ညီမျှသောကျပ်ငွေ တွက်ချက်ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီဖြစ်သော ငွေလဲလှယ်နှုန်းများအတိုင်း တွက်ချက်ရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၈ ၁၀

ဥပဒေပုဒ်မ ၂၆ အရရရှိသော ပြည်ပနေနိုင်ငံခြားသား၏ ဝင်ငွေကို အတိအကျ မသိနိုင်ဟု မြို့နယ်အခွန်ဦးစီးဌာနမှူးက ထင်မြင်ယူဆလျှင် ထိုအခွန်ထမ်း အပေါ် ဝင်ငွေခွန်စည်းကြပ်ရန်ဝင်ငွေကို အောက်ပါ နည်းလမ်းတစ်ခုခုဖြင့် မြို့နယ်အခွန်ဦးစီးဌာနမှူးက တွက်ချက်သတ်မှတ်နိုင်သည်-

(က) ဥပဒေပုဒ်မ ၂၆ အရထိုသူ၏ အကြမ်းရငွေအပေါ်  မြို့နယ်အခွန် ဦးစီးဌာနမှူးက သင့်လျော်သည်ဟု ယူဆသော ရာခိုင်နှုန်းဖြင့် တွက်ချက်ခြင်း၊

(ခ) ပြည်တွင်းဝင်ငွေကို အောက်ပါပုံသေနည်းဖြင့် တွက်ချက်ခြင်း၊

ပြည်တွင်းဝင်ငွေ=(ပြည်တွင်းရငွေ/ပြည်တွင်းပြည်ပရငွေ)× ပြည်တွင်းပြည်ပ စုစုပေါင်း ဝင်ငွေ

မှတ်ချက်။ နည်းဥပဒေခွဲ (ခ) ပါပြည်တွင်းပြည်ပ စုစုပေါင်းဝင်ငွေ ဆိုသည်မှာ ဥပဒေပြဋ္ဌာန်းချက်များ နှင့် အညီတွက်ချက်ရရှိသော စုစုပေါင်းဝင်ငွေကို ဆို သည်။

(ဂ) နည်းဥပဒေခွဲ (က) နှင့် (ခ) တို့အရ ဝင်ငွေတွက်ချက်ရန် လက်တွေ့ အားဖြင့်မဖြစ်နိုင်လျှင် ဤကိစ္စအတွက် ပြည်ထောင်စုအစိုးရ အဖွဲ့၏ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက တာဝန်လွှဲအပ်ခြင်းခံရသူက သင့်လျော် သည်ဟုမှတ်ယူသော အခြားနည်းလမ်းတစ်ခုခုဖြင့် တွက်ချက်ခြင်း။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၉ ၁၁ (က)

(က) ပြည်ပနေ နိုင်ငံခြားသားပိုင် သို့မဟုတ် ယင်းကစင်းလုံးငှားသော ပင်လယ်ကူးသင်္ဘောသည် မြန်မာနိုင်ငံဆိပ်ကမ်းသို့ ဆိုက်ရောက်ပြီး ပြန်လည်ထွက်ခွာလျှင် ထိုသို့ဝင်ထွက် သွားလာသော တစ်ခေါက်ချင်းမှ ဝင်ငွေအတွက် ဝင်ငွေခွန် ထမ်းဆောင်ရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၀ ၁၁ (ခ)

(ခ) အဆိုပါသင်္ဘောက မြန်မာနိုင်ငံဆိပ်ကမ်းမှ ခရီးသည်ပို့ဆောင်ခနှင့် တိရစ္ဆာန် သို့မဟုတ် အခြားကုန် ပစ္စည်းသယ်ဆောင်ခ ရရှိငွေအားလုံး၏ ငါးရာခိုင်နှုန်းသည် ဝင်ငွေခွန်စည်းကြပ် ရန် ဝင်ငွေဖြစ်သည်ဟု မှတ်ယူရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၁ ၁၁ (ဂ)

(ဂ) နည်းဥပဒေခွဲ (ခ) ပါအတိုင်း မှတ်ယူရရှိသော ဝင်ငွေအပေါ် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေအရ သတ်မှတ်ထားသည့် ပြည်ပနေ နိုင်ငံခြားသားနှင့်ဆိုင်သော ဝင်ငွေခွန်နှုန်းများဖြင့် ဝင်ငွေခွန် စည်းကြပ်ရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၂ ၁၁ (ဃ)

(ဃ) မြန်မာနိုင်ငံ ဆိပ်ကမ်းမှ ဤနည်းဥပဒေနှင့်အကျုံးဝင်သော သင်္ဘောမထွက်ခွာမီ သက်ဆိုင်ရာ သင်္ဘောရေယာဉ်မှူးသည် နည်း ဥပဒေခွဲ (ခ) ပါအတိုင်း ဝင်ငွေကို ခန့်မှန်း၍ ဝင်ငွေကြေညာလွှာ ပေးပို့ ရမည်။ ထိုသို့ ပေးပို့သည့်အခါ ယင်းဝင်ငွေကြေညာလွှာတွင် ဖော်ပြ သောဝင်ငွေအပေါ် ဝင်ငွေခွန်ကို သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီး ဌာနမှူးက ယာယီစည်းကြပ်ကောက်ခံရမည်။

သို့ရာတွင် သက်ဆိုင်ရာသင်္ဘောပိုင်ရှင် သို့မဟုတ် စင်းလုံးငှားသူအတွက် မြန်မာနိုင်ငံအတွင်း၌ ကိုယ်စားလှယ်ရှိလျှင် ဤနည်းဥပဒေခွဲအရ သင်္ဘောမထွက်ခွာမီ ဝင်ငွေ ကြေညာခြင်းနှင့် အခွန်ပေးဆောင်ခြင်း တို့ကို ယင်းကိုယ်စားလှယ်က ပြုလုပ်နိုင်သည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၃ ၁၁ (င)

(င) မြန်မာနိုင်ငံဆိပ်ကမ်းမှ သက်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောထွက်ခွာရန် အဆင်သင့် ဖြစ်သောအခါတွင် ထိုသင်္ဘောရေယာဉ်မှူးက အဆိုပါဆိပ်ကမ်းမှ အမှန်ရငွေအရ နည်းဥပဒေခွဲ (ခ) ပါအတိုင်း ဝင်ငွေတွက်ချက်၍ ဝင်ငွေ ကြေညာလွှာအသစ်ပေးပို့ရမည်။ ထိုသို့ ပေးပို့ရာတွင် အထောက်အထား စာရွက်စာတမ်းများပါပူးတွဲပေးပို့ရမည်။ ယင်းတို့ကို သက်ဆိုင်ရာ မြို့နယ် အခွန်ဦးစီးဌာနမှူးက စိစစ်၍ ဝင်ငွေခွန် စည်းကြပ်ရမည်။

သို့ရာတွင် မြန်မာနိုင်ငံအတွင်း အဆိုပါသင်္ဘောအတွက် ကိုယ်စားလှယ်ရှိလျှင် ဤနည်းဥပဒေခွဲအရ ဝင်ငွေကြေညာလွှာအသစ်ကို ယင်းကိုယ်စားလှယ်က သက်ဆိုင်ရာသင်္ဘော မြန်မာနိုင်ငံဆိပ်ကမ်းမှ ထွက်ခွာပြီး ခုနစ်ရက်အတွင်း ပေးပို့နိုင်သည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၄ ၁၁ (စ)

(စ) မြန်မာနိုင်ငံအတွင်း သက်ဆိုင်ရာသင်္ဘောပိုင်ရှင် သို့မဟုတ် စင်းလုံး ငှားသူ၌ကိုယ်စားလှယ်မရှိလျှင် နည်းဥပဒေခွဲ (င) ပါအတိုင်း စည်းကြပ်မှု ပြုလုပ်၍ အခွန်အကြေ အလည်ပေးဆောင်ပြီးပါက အဆိုပါ သင်္ဘောမြန်မာ နိုင်ငံဆိပ်ကမ်းမှ ထွက်ခွာခွင့်ပြုနိုင်ကြောင်း ပင်လယ်ကူးသင်္ဘောများ ဆိပ်ကမ်းမှထွက်ခွာခွင့် လက်မှတ်ထုတ်ပေးပိုင်ခွင့်ရှိသူအား အဆိုပါ ထွက်ခွာ ခွင့်ပြုနိုင်ရန် သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနမှူးက အကြောင်းကြား စာပေးပို့ရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၅ ၁၁ (ဆ)

(ဆ) မြန်မာနိုင်ငံအတွင်း သက်ဆိုင်ရာသင်္ဘောပိုင်ရှင် သို့မဟုတ် စင်းလုံး ငှားသူ၌ ကိုယ်စားလှယ်ရှိလျှင် နည်းဥပဒေခွဲ (ဃ) ပါအတိုင်း ယာယီ စည်းကြပ်မှုပြုလုပ်ပြီး အခွန်အကြေ အလည်ပေးဆောင်ပါက အဆိုပါ သင်္ဘောအား မြန်မာနိုင်ငံဆိပ်ကမ်းမှ ထွက်ခွာခွင့်ပြုရန် အကြောင်းကြားစာ ကို နည်းဥပဒေခွဲ (စ) ပါအတိုင်း ပေးပို့နိုင်သည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း