ဝင်ငွေခွန်စည်းမျဉ်းများ နှင့်စပ်လျဉ်းသည့် ပြဌာန်းချက်များ


Domestic Regulations
sr. Rules measures mode remarks
၆ (က) နှင့် အခွန်ဆိုင်ရာစီမံအုပ် ချုပ်မှု ဥပဒေ ပုဒ်မ ၂၇ နှင့် ၃၀ (က)

(က) အခွန်ပေးဆောင်ထိုက်သူတစ်ဦးသည် မိမိ၏ လုပ်ငန်းကိုရပ်စဲလျှင် လုပ်ငန်းရပ်စဲသည့် နေ့အထိ အခွန်စည်းကြပ်ရန်ရှိသော ကာလအတွက် ဝင်ငွေကြေညာလွှာကို လုပ်ငန်းရပ်စဲသည့်နေ့မှ တစ်လအတွင်း မြို့နယ် အခွန်ဦးစီးဌာနမှူးထံ ပေးပို့ရမည်။

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၂၇

(က) အခွန်ထမ်း၏ အခွန်ပေးဆောင်ရန် တာဝန် အပေါ် စည်းကြပ်မှုကို ဤ ဥပဒေတွင် လည်းကောင်း၊ အခွန်ဥပဒေတစ်ရပ်ရပ် တွင် လည်းကောင်း သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်။    

(ခ) ညွှန်ကြားရေးမှူးချုပ်က ဆောင်ရွက် သည့် စည်းကြပ်မှုကို အခွန်ကြေညာလွှာ တွင်ပါရှိသော သတင်းအချက်အလက် များနှင့် ညွှန်ကြားရေးမှူးချုပ်က ရရှိနိုင်သော အခြားသက်ဆိုင်ရာ သတင်းအချက် အလက်များပေါ်တွင် အခြေပြု၍ ဆောင် ရွက်နိုင်သည်။    

(ဂ) အခွန်ထမ်းတစ်ဦးက အခွန်ကြေညာလွှာ ကိုသတ်မှတ်ထားသည့်အတိုင်း တင်သွင်း ရန် ပျက်ကွက်ခြင်း သို့မဟုတ် ပြည့်စုံ အောင်ဆောင်ရွက်ခြင်းမရှိပါက ညွှန်ကြား ရေးမှူးချုပ်သည် ယင်းနှင့်ပတ်သက်သည့် ရရှိနိုင်သည့် သတင်းအချက်အလက် အ ထောက်အထားများအပေါ်တွင် အခြေခံ လျက် ပေးဆောင်ရမည့် အခွန်ပမာဏ ကို စည်းကြပ်မှုပြုလုပ်နိုင်သည်။   

(ဃ) ညွှန်ကြားရေးမှူးချုပ်သည် အခွန်ထမ်း တင်သွင်းသည့် အခွန်ကြေညာလွှာပါ အချက်အလက်များကို အခြေမခံဘဲ အခြားသတင်း အချက်အလက်ပေါ်တွင် အလုံးစုံသော်လည်းကောင်း၊ တစ်စိတ် တစ်ဒေသသော်လည်းကောင်း အခြေခံ ၍ စည်းကြပ်မှုပြုပါက အခြေခံအဖြစ် အသုံးပြုခဲ့သည့် သတင်းအချက် အလက် ၏ သဘောသဘာဝကို ဖော်ပြရမည်။ 

(င) အခွန်ဥပဒေတစ်ရပ်ရပ်အရ အခွန်ထမ်း က ပေးဆောင်ရမည့်အခွန်ပမာဏကို တွက်ချက်တင်သွင်းသော အခွန်ကြေညာ လွှာသည် ညွှန်ကြားရေးမှူးချုပ်က ယင်း ပမာဏဖြင့် စည်းကြပ်မှုပြုသကဲ့သို့   သက်ရောက်မှုရှိစေရမည်။ သို့ရာတွင် ညွှန်ကြားရေးမှူးချုပ်က စည်းကြပ်မှု အသစ် သို့မဟုတ် ပြင်ဆင်စည်းကြပ်မှု ပြု လုပ်ခြင်းအတွက် အဟန့်အတား မဖြစ်စေရ။

(စ) အခွန်ထမ်းသည် အခွန်ဥပဒေ တစ်ရပ်ရပ် အရအခွန်ပေးဆောင်ရမည့်သတ်မှတ်ရက် မတိုင်မီ နိုင်ငံတော်မှ ထွက်ခွာသွားနိုင် သည်ဟု ညွှန်ကြားရေးမှူးချုပ်က အ ထောက်အထားတစ်စုံ တစ်ရာတွေ့ရှိ လျှင် ညွှန်ကြားရေးမှူးချုပ်မှ ယင်းပုဂ္ဂိုလ်အား ပေးအပ်ထားသည့် အကြောင်းကြားစာတွင် ဖော်ပြထားသည့်ရက်စွဲသည် ယင်း အခွန်ကို ပေးဆောင်ရန် သတ်မှတ်သည့်နေ့ ဖြစ်သည်။ 

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၃၀

(က) ညွှန်ကြားရေးမှူးချုပ်သည် အခွန်ဆုံးရှုံးမှု မရှိစေရေးအတွက် ယင်းနှင့်ပတ်သက် သည့်သတင်းအချက်အလက်များကို အခြေခံ၍ အခွန်ပေးဆောင်ရန် ပုံမှန်သတ်မှတ်ထားသည့် ကာလမတိုင်မီ စည်းကြပ်မှုပြု လုပ်နိုင်သည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း (အခွန်ဆိုင်ရာစီမံအုပ် ချုပ်မှုဥပဒေ ပုဒ်မ ၂၇ နှင့် ၃၀ (က) တို့အရ ဆောင်ရွက်ရမည်ဖြစ်ပါသည်။)

ပြည်ထောင်စုအစိုးရအဖွဲ့၏ စီမံကိန်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနသည် နိုင်ငံခြားငွေရရှိသူ တစ်ဦးဦး သို့မဟုတ် တစ်မျိုးမျိုးနှင့် စပ်လျဉ်း၍ အခွန်ကို နိုင်ငံခြားငွေဖြင့် ပေးဆောင်စေရန် သတ်မှတ်နိုင်သည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း

ဆိုင်ရာဝင်ငွေနှစ်အတွင်း အခွန်ထမ်း၏ရငွေ သို့မဟုတ် ကုန်ကျစရိတ် များတွင် ကျပ်ငွေဖြင့်သာမက နိုင်ငံခြားငွေဖြင့်လည်းပါဝင်ပါက သို့မဟုတ် နိုင်ငံခြားငွေဖြင့်သာ ရရှိခြင်းဖြစ်ပါက ယင်း၏စုစုပေါင်း ဝင်ငွေ နှင့် ပေးဆောင်ရန် အခွန်နှင့်စပ်လျဉ်း၍-

(က) နိုင်ငံခြားငွေဖြင့် ရငွေနှင့်ကုန်ကျစရိတ်ငွေတို့ကို သတ်မှတ်ထား သော ငွေလဲလှယ်နှုန်းဖြင့် ကျပ်ငွေသို့ဖလှယ်၍ တန်ဖိုးသင့်ရမည်။ ယင်းသို့ဖလှယ်ပြီး ပမာဏအသီးသီးကို ကျပ်ငွေသက်သက်ဖြင့် အမှန် ရငွေနှင့် ကျပ်ငွေသက်သက်ဖြင့် အမှန်ကုန်ကျစရိတ် အသီးသီးဖြင့် ပေါင်းခြင်း၊ ရငွေစုစုပေါင်းမှ ကုန်ကျစရိတ်စုစုပေါင်းကို ခုနှိမ်၍ ကျပ်ငွေ ဖြင့် စုစုပေါင်းဝင်ငွေကို သတ်မှတ်ခြင်းပြုရမည့်ပြင် ယင်းအပေါ်ကျသင့် မည့်ကျပ်ငွေဖြင့် အခွန်ကိုလည်း တည်ဆဲပြဋ္ဌာန်းချက်များနှင့်အညီ သတ်မှတ်ရမည်။

(ခ) စည်းမျဉ်းခွဲ (က) ပါအတိုင်း တွက်ချက်ရရှိသည့် ကျပ်ငွေဖြင့် အခွန်ကို ကျပ်ငွေ သက်သက်ဖြင့် ပေးဆောင်စေရန် ပမာဏနှင့် နိုင်ငံခြား ငွေသို့ပြန်လည်ဖလှယ်၍ နိုင်ငံခြားငွေဖြင့် ပေးဆောင်စေရန် ပမာဏဟူ၍ အချိုးခွဲဝေရမည်။ ယင်းသို့ ခွဲဝေရာ၌ ကျပ်ငွေသက်သက်ဖြင့် ရငွေ ပမာဏနှင့် နိုင်ငံခြားငွေဖြင့်အမှန်ရရှိသည်ကို ကျပ်ငွေသို့ ဖလှယ်ထား သည့် ကျပ်ငွေပမာဏ၊ ယင်းနှစ်ရပ်အချိုးအတိုင်း ခွဲဝေရန်ဖြစ်သည်။ ယင်းနောက် ကျပ်ငွေဖြင့် အခွန်အချိုးပမာဏကို ကျပ်ငွေဖြင့် ပေးဆောင် စေရန်ဖြစ်ပြီး နိုင်ငံခြားငွေမှ ဖလှယ်ထားသည့် ကျပ်ငွေဖြင့် အခွန်အချိုး ပမာဏကို နိုင်ငံခြားငွေသို့ ပြန်လည်ဖလှယ် တန်ဖိုးသင့်၍ ယင်းနိုင်ငံခြား ငွေဖြင့် ပေးဆောင်စေရမည်။

(ဂ) အထက်ပါအတိုင်း တွက်ချက်ရာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် က သတ်မှတ်ထားသည့် ငွေလဲလှယ်နှုန်းဖြင့် တွက်ချက်ရမည်။ သက်ဆိုင်ရာရငွေကို ဝင်ငွေနှစ်အတွက် တစ်ကြိမ်တည်းဖြင့် ရရှိခဲ့ခြင်း ဖြစ်ပါက ယင်းငွေရရှိသည့်နေ့၏ ငွေလဲလှယ်နှုန်းဖြင့်လည်းကောင်း၊ တစ်ကြိမ်ထက်ပိုမိုရရှိခဲ့ခြင်းဖြစ်ပါက ထိုသို့ရရှိသည့် နေ့အသီးသီး၏ ငွေလဲလှယ်နှုန်းများကို ပျမ်းမျှခြင်းပြုလုပ်၍ ယင်းပျမ်းမျှနှုန်းဖြင့် လည်းကောင်း နိုင်ငံခြားငွေမှ ကျပ်ငွေသို့၊ ကျပ်ငွေမှ နိုင်ငံခြားငွေသို့ ဖလှယ်တန်ဖိုးသင့်ရမည်။ ကုန်ကျစရိတ်များနှင့် စပ်လျဉ်း၍လည်း အလားတူ ဆောင်ရွက်ရမည်။

(ဃ) စည်းမျဉ်းခွဲ (ခ) အရ တွက်ချက်ရရှိသည့် နိုင်ငံခြားငွေဖြင့် အချိုးကျအခွန်ကို ယင်းနိုင်ငံခြားငွေဖြင့်တောင်းခံ၍ ပြန်အမ်းရန်ရှိလျှင် လည်း ယင်းနိုင်ငံခြားငွေဖြင့်ပင် ပြန်အမ်းရမည်။ ကျပ်ငွေဖြင့် အချိုးကျ အခွန်ကိုလည်း ကျပ်ငွေဖြင့် တောင်းခံ၍ ပြန်အမ်းရန် ရှိလျှင်လည်း ကျပ်ငွေဖြင့်ပင် ပြန်အမ်းရမည်။

(င) ဥပဒေပုဒ်မ ၁၆ အရ ဝင်ငွေနှစ်အတွင်း အခွန်ပေးသွင်းခြင်းကို အခွန်ထမ်းက မိမိပေးဆောင်ရမည်ဟု ခန့်မှန်းသည့်နိုင်ငံခြားငွေဖြင့် အခွန်၊ ကျပ်ငွေဖြင့် အခွန်ပေါ်တွင် အခြေပြု၍ နိုင်ငံခြားငွေ၊ ကျပ်ငွေတို့ ဖြင့် ပေးဆောင်ရမည်။

(စ) ပြည်ထောင်စုအစိုးရအဖွဲ့၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက နိုင်ငံခြားငွေဖြင့် ရရှိသူ တစ်ဦးဦး သို့မဟုတ် တစ်မျိုးမျိုးနှင့်စပ်လျဉ်း၍ နိုင်ငံခြားငွေဖြင့်ပေးဆောင်ရမည့်အခွန်ကို နိုင်ငံခြားငွေဖြင့်ရရှိသည့် ရငွေအပေါ် အခြေပြုသည့် ပုံသေရာခိုင်နှုန်းဖြင့် သတ်မှတ်နိုင်သည်။ ယင်းသို့ သတ်မှတ်ထားပါက စည်းမျဉ်းခွဲ (ခ) အရ တွက်ချက်ရရှိသည့် နိုင်ငံခြားငွေဖြင့်ပေးဆောင်ရန် အခွန်မည်မျှပင်ဖြစ်စေကာမူ ပုံသေ ရာခိုင်နှုန်းအရ ကျသင့်အခွန်ပမာဏကိုသာ အစားထိုးပေးဆောင် စေရမည်။ သို့ရာတွင် ကျပ်ငွေဖြင့် အချိုးကျ အခွန်ပမာဏကိုမူ ကျပ်ငွေ ဖြင့် ပေးဆောင်စေရမည်။

(ဆ) နိုင်ငံခြားငွေဖြင့် ရငွေရရှိသူ၊ ကုန်ကျစရိတ်ရှိသူများအား အခွန် စည်းကြပ်ကောက်ခံခြင်းနှင့် စပ်လျဉ်း၍ ကျန်ကိစ္စရပ်များကို ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။ ညွှန်ကြားရေးမှူးချုပ်သည် ဤစည်းမျဉ်းပါ ပြဋ္ဌာန်းချက်များအရ လက်တွေ့ဆောင်ရွက်ရာတွင် ခက်ခဲသည့်ကိစ္စရပ်များ၊ ထူးခြားသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွက်ချက်နည်းများကိုဖြစ်စေ၊ ဆောင်ရွက်ရန်နည်းစနစ်များကိုဖြစ်စေ ညွှန်ကြားချက်များ ထုတ်ပြန်သတ်မှတ်နိုင်သည်။

(ဇ) ဤစည်းမျဉ်းပါ ပြဋ္ဌာန်းချက်များသည် ပြည်ပနေနိုင်ငံသား၏ ပြည်ပတွင်ရရှိသော ရငွေ သို့မဟုတ် ဝင်ငွေများနှင့် သက်ဆိုင်ခြင်း မရှိစေရ။

(ဈ) စည်းမျဉ်းခွဲ (စ) ပါအတိုင်း ရငွေအပေါ်ပုံသေနှုန်းဖြင့် အခွန် ပေးဆောင်ရန် သတ်မှတ်ထားခြင်းကြောင့် ယင်းသို့ နိုင်ငံခြားငွေဖြင့် ရငွေရရှိသူများသည် ဤစည်းမျဉ်းနှင့် အကျုံးဝင်ခြင်းမရှိဟု မှတ်ယူခြင်း မရှိစေရ။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၉ နှင့် အခွန်ဆိုင်ရာစီမံအုပ် ချုပ်မှုဥပဒေ ပုဒ်မ ၂၇ နှင့် ၃၀

(က) မြို့နယ်အခွန်ဦးစီးဌာနမှူးသည် အခွန်ထမ်းထံမှရရှိသော ဝင်ငွေ ကြေညာလွှာကို အခြေပြု၍လည်းကောင်း၊ ယင်းကြေညာလွှာနှင့်အတူ စာရင်းရှင်းတမ်းများပါရှိလျှင် ယင်းစာရင်းရှင်းတမ်းများကို အခြေပြု၍ လည်းကောင်း ယာယီစည်းကြပ်မှုကို ပြုလုပ်နိုင်သည်။ ယာယီစည်းကြပ် မှုအရ ကျသင့်သည့်အခွန်ငွေမှ ဥပဒေပုဒ်မ ၁၆ အရ ပေးဆောင်ပြီးသည့်ငွေကို ခုနှိမ်ပေးရမည်။

(ခ) ယာယီစည်းကြပ်မှုအရ အခွန်ထမ်းပေးဆောင်ရမည့်အခွန်ကို ဥပဒေပုဒ်မ ၅၃ ပါ နည်းလမ်းများ အတိုင်းတောင်းခံရမည်။ ယင်းအခွန် ကို အခွန်ထမ်းကပေးဆောင်ရန် ပျက်ကွက်လျှင် ဥပဒေပုဒ်မ ၃၉ နှင့် ပုဒ်မ ၄၀ တွင် ပြဋ္ဌာန်းထားသည့်အတိုင်း အရ ကောက်ခံနိုင်သည်။

(ဂ) ဤစည်းမျဉ်းအရ ယာယီစည်းကြပ်မှု ပြုလုပ်သည့်ကိစ္စတွင် ပုံမှန် စည်းကြပ်မှုကို ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောလျင်စွာ ပြုလုပ်ရမည်။

(ဃ) ဤစည်းမျဉ်းအရ ပြုလုပ်သည့် ယာယီစည်းကြပ်မှုနှင့်စပ်လျဉ်း၍ အယူခံဝင်ခွင့် မရှိစေရ။

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၂၇

(က) အခွန်ထမ်း၏ အခွန်ပေးဆောင်ရန် တာဝန်အပေါ် စည်းကြပ်မှု ကို ဤဥပဒေတွင်လည်းကောင်း၊ အခွန် ဥပဒေတစ် ရပ်ရပ်တွင် လည်းကောင်း သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်။    

(ခ) ညွှန်ကြားရေးမှူးချုပ်က ဆောင်ရွက် သည့် စည်းကြပ်မှုကို အခွန်ကြေညာလွှာ တွင်ပါရှိသော သတင်းအချက်အလက် များနှင့် ညွှန်ကြားရေးမှူးချုပ်က ရရှိနိုင်သော အခြားသက်ဆိုင်ရာ သတင်း အချက် အလက်များပေါ်တွင် အခြေပြု၍ ဆောင် ရွက်နိုင်သည်။    

(ဂ) အခွန်ထမ်းတစ်ဦးက အခွန်ကြေညာလွှာကို သတ်မှတ်ထား သည့်အတိုင်း တင် သွင်းရန်ပျက်ကွက်ခြင်း သို့မဟုတ် ပြည့်စုံ အောင် ဆောင်ရွက်ခြင်းမရှိပါက ညွှန်ကြားရေးမှူးချုပ်သည် ယင်းနှင့် ပတ်သက်သည့် ရရှိနိုင်သည့်သတင်းအချက်အလက် အထောက် အထားများ အပေါ်တွင် အခြေခံလျက် ပေးဆောင်ရမည့် အခွန် ပမာဏကို စည်းကြပ်မှုပြု လုပ်နိုင်သည်။   

(ဃ) ညွှန်ကြားရေးမှူးချုပ်သည် အခွန်ထမ်း တင်သွင်းသည့် အခွန် ကြေညာလွှာပါ အချက်အလက်များကို အခြေမခံဘဲ အခြား သတင်း အချက်အလက်ပေါ် တွင် အလုံးစုံသော်လည်းကောင်း၊ တစ် စိတ်တစ်ဒေသသော်လည်းကောင်း အခြေခံ၍ စည်းကြပ်မှု ပြုပါက အခြေခံအဖြစ်အသုံးပြုခဲ့သည့် သတင်းအချက် အလက်၏ သဘောသဘာဝကို ဖော်ပြ ရမည်။ 

(င) အခွန်ဥပဒေတစ်ရပ်ရပ်အရ အခွန်ထမ်း က ပေးဆောင်ရမည့် အခွန်ပမာဏကို တွက်ချက်တင်သွင်းသော အခွန်ကြေ ညာလွှာ သည် ညွှန်ကြားရေးမှူးချုပ်က ယင်းပမာဏဖြင့် စည်းကြပ်မှုပြု သကဲ့သို့ သက်ရောက်မှုရှိစေရမည်။ သို့ရာတွင် ညွှန်ကြားရေး မှူးချုပ်က စည်းကြပ်မှု အသစ် သို့မဟုတ် ပြင်ဆင်စည်းကြပ်မှု ပြုလုပ်ခြင်းအတွက် အဟန့်အတား မဖြစ်စေရ။

(စ) အခွန်ထမ်းသည် အခွန်ဥပဒေ တစ်ရပ် ရပ်အရအခွန်ပေးဆောင် ရမည့် သတ်မှတ် ရက်မတိုင်မီနိုင်ငံတော်မှထွက်ခွာသွားနိုင် သည်ဟု ညွှန်ကြားရေးမှူးချုပ်က အ ထောက်အထားတစ်စုံ တစ်ရာတွေ့ရှိ လျှင် ညွှန်ကြားရေးမှူးချုပ်မှ ယင်းပုဂ္ဂိုလ်အား ပေးအပ်ထား သည့် အကြောင်းကြားစာ တွင် ဖော်ပြထားသည့်ရက်စွဲသည် ယင်း အခွန်ကို ပေးဆောင်ရန် သတ်မှတ်သည့် နေ့ ဖြစ်သည်။ 

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၃၀

(က) ညွှန်ကြားရေးမှူးချုပ်သည် အခွန်ဆုံးရှုံးမှု မရှိစေရေးအတွက် ယင်းနှင့်ပတ်သက် သည့်သတင်းအချက်အလက်များကို အခြေခံ၍ အခွန်ပေးဆောင်ရန် ပုံမှန်သတ်မှတ် ထားသည့် ကာလမတိုင်မီ စည်းကြပ်မှုပြု လုပ်နိုင်သည်။ 

(ခ) အခွန်ထမ်းသည် အခန်း (၆) တွင် ဖော်ပြထားသည့် အယူခံ ပိုင်ခွင့်အပြင် ဤပုဒ်မ အရကြိုတင်စည်းကြပ်မှုအပေါ် အောက်ပါ အကြောင်းတစ်ရပ်ရပ် ပေါ်ပေါက်လျှင် အခွန် အယူခံခုံအဖွဲ့သို့ အယူခံတင်သွင်းနိုင်သည် -

(၁) ပမာဏများလွန်းခြင်း၊

(၂) ကြိုတင်စည်းကြပ်မှုတစ်ရပ်မပေါ် ပေါက်ကြောင်း ဖော်ပြနေသည့် ခိုင်လုံသော အခြေအနေရှိခြင်း။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း (အခွန်ဆိုင်ရာစီမံအုပ် ချုပ်မှုဥပဒေ ပုဒ်မ ၂၇ နှင့် ၃၀ အရ ဆောင်ရွက်ရမည်ဖြစ်ပါသည်။)
၁၀ (က)

(က) ဥပဒေပါကိစ္စရပ်များအလို့ငှာ ဥပဒေအရ အခွန်ထမ်းကိုယ်တိုင် ဆောင်ရွက်ရန်လိုအပ်သည့် ကိစ္စမှတစ်ပါး အောက်ပါပုဂ္ဂိုလ်တို့သည် အခွန်ထမ်း၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက် ခွင့်ရှိစေရမည်-

(၁) အခွန်ထမ်းက စာဖြင့် ကိုယ်စားလှယ်ခန့်အပ်သော ယင်း၏ဆွေမျိုး တော်စပ်သူ သို့မဟုတ် ယင်း၏ အမြဲတမ်းဝန်ထမ်း၊

(၂) တရားရုံးတစ်ခုခုတွင် ဆောင်ရွက်ခွင့်ရှိသည့် ရှေ့နေ၊

(၃) မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေအရ အသိအမှတ်ပြုခြင်းခံရ သော စာရင်းကိုင် သို့မဟုတ် စာရင်းစစ်၊

(၄) အောက်ပါအရည်အချင်းတစ်ခုခုနှင့် ပြည့်စုံသည့်ဝင်ငွေခွန် ရှေ့ဆောင်-

(ကက) မြန်မာနိုင်ငံ၏ တက္ကသိုလ်တစ်ခုခု သို့မဟုတ် ပြည်ထောင်စု အစိုးရက အသိအမှတ်ပြုသော နိုင်ငံခြားတက္ကသိုလ်တစ်ခုခုမှ ဝါဏိဇ္ဇဝိဇ္ဇာ ဘွဲ့ ဖြစ်စေ၊ စာရင်းအင်းပညာ သို့မဟုတ် အခွန်ဘဏ္ဍာပညာ အဓိကဖြင့် အောင်မြင်သော ဘောဂဗေဒဝိဇ္ဇာဘွဲ့ဖြစ်စေ၊ ယင်းဘွဲ့တို့အောက် မနိမ့်သော အလားတူဘွဲ့ ဖြစ်စေရရှိသူ၊

(ခခ) ပြည်တွင်းအခွန်များဦးစီးဌာန သို့မဟုတ် ယင်းဦးစီးဌာနက ဆက်ခံသော အခွန်ဌာနတစ်ခုခု၌ လုပ်သက်အနည်းဆုံး ၅ နှစ်ရှိ၍ ဤကိစ္စ အတွက် ညွှန်ကြားရေးမှူးချုပ်က သတ်မှတ်သည့် အရည်အချင်း နှင့် ပြည့်စုံသူ သို့မဟုတ် ဤအပိုဒ်တွင် ဖော်ပြသော လုပ်သက်နှင့်စပ်လျဉ်း၍ ဤကိစ္စအတွက် ညွှန်ကြားရေးမှူးချုပ်က လုံလောက်သော အကြောင်းရှိ၍ လျှော့ပေါ့ပေးခြင်းခံရသူ။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၀ (ခ)

(ခ) ဤစည်းမျဉ်းအရ ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ခွင့်ရှိသူတို့တွင် အောက်ပါတို့မပါဝင်စေရ-

(၁) အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတစ်ခုခုမှ ထုတ်ပယ်ခြင်း၊ ထုတ်ပစ်ခြင်းခံရသည့် ဝန်ထမ်း၊

(၂) စာရိတ္တနှင့်စပ်လျဉ်း၍ ချို့ယွင်းမှုတစ်ခုခုကြောင့် ညွှန်ကြားရေးမှူး ချုပ်က ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခွင့်မရှိကြောင်း အမိန့်ချမှတ်ထားခြင်း ခံရသူ။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၀ (ဂ)

(ဂ) မည်သူမဆို စာရိတ္တနှင့်စပ်လျဉ်း၍ ချို့ယွင်းမှု တစ်ခုခုရှိလျှင် ထိုသူ ကို ဤကိစ္စအတွက် အခွန်ထမ်း၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခွင့်မရှိကြောင်း ညွှန်ကြားရေးမှူးချုပ်က အမိန့်ချမှတ်နိုင်သည်။ သို့ရာတွင် ထိုသို့အမိန့်ချမှတ်ခြင်း မပြုမီသက်ဆိုင်သူအား ဖြေရှင်းခွင့်ပေးရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁ (က)

(က) မြို့နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် ပြည်ထောင်စုနယ်မြေအခွန် ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီး ဌာနမှူး သို့မဟုတ် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး ဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဌာနမှူး သည် တာဝန် ပေးအပ်ခြင်း ခံရသည့်ဒေသအတွင်း၌ တည်ရှိသော စီးပွားရေးနှင့် အသက်မွေးဝမ်း ကျောင်းပညာလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဥပဒေပါ ကိစ္စအလို့ငှာ ဆောင် ရွက်ပိုင်ခွင့်ရှိရမည်။ သို့ရာတွင် အခွန်ထမ်းတစ်ဦး၏ လုပ်ငန်းသည် ဒေသတစ်ခုထက်ပိုပြီး ကွဲပြားတည်ရှိလျှင် အဓိက လုပ်ငန်းတည်ရှိရာ ဒေသနှင့်ဆိုင်သော မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး သို့မဟုတ် ကုမ္ပဏီများ ဆိုင်ရာအခွန်ရုံး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးက ဆောင်ရွက်ရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁ (ခ)

(ခ) ပစ္စည်းခေါင်းစဉ်မှ ဝင်ငွေအတွက် ပစ္စည်းတည်ရှိရာ ဒေသနှင့် ဆိုင်သည့် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး သို့မဟုတ် အလယ်အလတ်အခွန် ထမ်းများဆိုင်ရာအခွန်ရုံး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးကလည်းကောင်း၊ လစာခေါင်းစဉ်မှ ဝင်ငွေအတွက် လစာရရှိသောအလုပ် ခွင်တည်ရှိရာဒေသနှင့်ဆိုင်သည့် မြို့နယ်အခွန်ဦးစီးဌာမှူးရုံးက လည်း ကောင်း ဆောင်ရွက်ရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၀ ၁၁ (ဂ)

(ဂ) အခွန်ထမ်းတစ်ဦး၌ ဝင်ငွေရလမ်းတစ်ခုထက်ပိုမိုရှိလျှင် အဓိက ဝင်ငွေရလမ်း တည်ရှိရာ ဒေသနှင့်ဆိုင်သည့် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး သို့မဟုတ် အလယ်အလတ် အခွန်ထမ်း များဆိုင်ရာအခွန်ရုံး သို့မဟုတ် အခွန်ထမ်းကြီးများ ဆိုင်ရာအခွန်ရုံးက ဆောင်ရွက်ရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁ ၁၁ (ဃ)

(ဃ) ဤစည်းမျဉ်းခွဲ (က)၊ (ခ) နှင့် (ဂ) တို့အရ လက်တွေ့ ဆောင်ရွက်ရာ၌ ခက်ခဲသည့်ကိစ္စများတွင် အခွန်ထမ်းနေထိုင်ရာဒေသ နှင့်ဆိုင်သည့် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး သို့မဟုတ် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ရုံး သို့မဟုတ် အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးကဆောင်ရွက်ရမည်။ အခြားကိစ္စရပ်များအတွက် ညွှန်ကြားရေးမှူးချုပ်က သတ်မှတ်ပေးသည့် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး သို့မဟုတ် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး သို့မဟုတ် ဝင်ငွေခွန်ဥပဒေပုဒ်မ ၇ အရ အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ဖွဲ့စည်းပေးထားသည့် အဖွဲ့ရုံးက ဆောင်ရွက်ရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၂ ၁၁ (င)

(င) စည်းကြပ်ရာဒေသနှင့် စပ်လျဉ်း၍ အငြင်းပွားလျှင် ဤကိစ္စအတွက် ညွှန်ကြားရေးမှူးချုပ်၏ အဆုံးအဖြတ်သည် အပြီးသတ် အတည်ဖြစ်ရမည်။ သို့ရာတွင် ထိုသို့ဆုံးဖြတ်ခြင်းမပြုမီ အခွန်ထမ်းအား ပြောရေးဆိုခွင့် ပေးရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၃ ၁၁ (စ)

(စ) စည်းမျဉ်းခွဲ (က)၊ (ခ)၊ (ဂ)၊ (ဃ) နှင့် (င)တို့တွင် မည်သို့ပင် ပါရှိစေကာမူ မည်သည့်လုပ်ငန်း သို့မဟုတ် အခွန်ထမ်းနှင့်စပ်လျဉ်း၍မဆို ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန် ဦးစီးဌာနမှူး သို့မဟုတ် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဌာနမှူးသည် စည်းကြပ်မှုအမိန့်ချမှတ်ခြင်းနှင့် အယူခံအမိန့်ချမှတ်ခြင်း မဟုတ်သော ဥပဒေပါ အခြားကိစ္စရပ်များအားလုံးကို ဆောင်ရွက်ပိုင်ခွင့် ရှိစေရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၄ ၁၂ (က)

(က) မြန်မာနိုင်ငံမှ ပြည်ပသို့ ခေတ္တဖြစ်စေ၊ အပြီးအပိုင်ဖြစ်စေ ထွက်ခွာ သွားလိုသူသည် အခွန် ပေးဆောင်ရန်တာဝန်မရှိကြောင်း သို့မဟုတ် တာဝန်ရှိသည့်အခွန်ကို ပေးဆောင်ရန် ကျေနပ်လောက်အောင် စီမံပြီး ဖြစ်ကြောင်းထောက်ခံစာထုတ်ပေးရန် သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီး ဌာနမှူးထံ စာဖြင့်လျှောက်ထားရမည်။ ထောက်ခံစာထုတ်ပေးရန် လျှောက်ထားသူသည် ဝင်ငွေခွန်ဥပဒေအရ တစ်ကြိမ်တစ်ခါမျှ အခွန် စည်းကြပ်ခြင်း မခံရဖူးသူဖြစ်လျှင် ဥပဒေအရ စည်းကြပ်မှုဖွင့်လှစ် ဆောင်ရွက်နိုင်သည့် ဝင်ငွေနှစ်များ အတွင်း ထိုသူ၌ စည်းကြပ်နိုင်သည့် ဝင်ငွေ ရှိ၊ မရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးက စိစစ်ရမည်။ မည်သည့်နှစ် အတွက်မဆို အခွန်စည်းကြပ်ရန် အကြောင်းရှိကြောင်းတွေ့ရှိလျှင် ထိုသူ အား ယင်းနှစ် သို့မဟုတ် နှစ်များအတွက် စည်းကြပ်မှုကို ပြုလုပ်ရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၅ ၁၂ (ခ)

(ခ) ထောက်ခံစာထုတ်ပေးရန် လျှောက်ထားသူအား အခွန်စည်းကြပ် ရန်ရှိလျှင် စည်းကြပ်မှုများကို ပြီးပြတ်အောင်ဆောင်ရွက်ရမည်။ ဝင်ငွေ ကြေညာလွှာတင်သွင်းထားခြင်း မရှိသေးသော စည်းကြပ်မှုများ ရှိလျှင် အခွန်ထမ်းအား ဥပဒေပုဒ်မ ၁၇၊ ပုဒ်မခွဲ (ခ) အရ ဖြစ်စေ၊ ပုဒ်မ ၂၁ အရဖြစ်စေဆိုင်ရာ အကြောင်းကြားစာကို အတည်ပြု၍ ခုနစ်ရက်အောက် မနည်းသော ကာလအတွင်း ဝင်ငွေကြေညာလွှာ သို့မဟုတ် ကြေညာလွှာများကို တင်သွင်းစေနိုင်သည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၆ ၁၂ (ဂ)

(ဂ) နှစ်ပြည့်ဖြစ်သော နောက်ဆုံးဝင်ငွေနှစ်ကုန်ဆုံးသည့်နေ့၏ နောက်တစ်နေ့မှ အခွန်ထမ်း မြန်မာနိုင်ငံမှ ထွက်ခွာသွားမည်ဟု ခန့်မှန်းသည့်နေ့ အထိ ကာလအပိုင်းအခြားအတွက် အခွန်ထမ်း၏ စုစုပေါင်းဝင်ငွေ ကိုခန့်မှန်းသတ်မှတ်၍ လက်ရှိဘဏ္ဍာရေးနှစ်အတွက် သတ်မှတ်ထားသည့်နှုန်းဖြင့် စည်းကြပ်ရမည်။ အခွန်ထမ်းမြန်မာနိုင်ငံမှ ထွက်ခွာသွားမည်ဟု ခန့်မှန်းသည့်နေ့သည် လက်ရှိဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့် နေ့ထက်ကျော်လွန်မည်ဖြစ်ပါက လက်ရှိဘဏ္ဍာရေးနှစ်အတွက်စည်းကြပ်မှုအပြင် ယင်းနှစ်ကုန်ဆုံးပြီး နောက်တစ်နေ့မှ အခွန်ထမ်းမြန်မာနိုင်ငံမှ ထွက်ခွာသွားမည်ဟု ခန့်မှန်းသည့်နေ့အထိ ကာလအပိုင်းအခြား အတွက်ပါ ခွဲခြားပြီးသီးခြားစည်းကြပ်မှုများ ပြုလုပ်ရမည်။ ယင်းသို့ စည်းကြပ်ရာတွင် လက်ရှိ ဘဏ္ဍာရေးနှစ်အတွက် သတ်မှတ်ထားသည့် နှုန်းဖြင့် အခွန်ငွေကိုတွက်ချက်ရမည်။ ထိုသို့စည်းကြပ်နိုင်ရန် အခွန်ထမ်းအား ဥပဒေပုဒ်မ ၁၇၊ ပုဒ်မခွဲ (ခ) အရအကြောင်းကြားစာကို အတည်ပြု၍ ခုနစ်ရက်အောက် မနည်းသောကာလအတွင်း ဝင်ငွေကြေညာလွှာကို တင်သွင်းစေနိုင်သည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၇ ၁၂ (ဆ)

(ဆ) အောက်ဖော်ပြပါ ပုဂ္ဂိုလ်တို့သည် မြန်မာနိုင်ငံမှ ပြည်ပသို့ ထွက်ခွာလိုလျှင် ဥပဒေပုဒ်မ ၃၈၊ ပုဒ်မခွဲ (က) တွင်ပြဋ္ဌာန်းထားသည့် သက်သေခံလက်မှတ်ကို ရယူရန် မလိုအပ်စေရ-

(၁) အသက် ၁၈ နှစ်မပြည့်သေးသူများ၊

(၂) တောက်လျှောက် လက်မှတ်ကိုင်ဆောင်၍ ခရီးစဉ်အရသာ ဖြတ်သန်းသွားလာသောခရီးသည်များ နှင့် ပြည်ပမှအပြန်လက်မှတ် ပါရှိပြီး ပြည်တွင်းတွင် ရက်ပေါင်းကိုးဆယ်ထက် မပိုဘဲနေထိုင်သည့် ခရီးသည်များ၊

(၃) နိုင်ငံခြားတိုင်းပြည်များမှ မြန်မာနိုင်ငံသို့ လာရောက်တာဝန်ထမ်း ဆောင်နေသည့်သံတမန်များ၊ သံတမန်အဆင့်ဝင် ပုဂ္ဂိုလ်များနှင့် ယင်းတို့၏ မိသားစုများ၊

(၄) အထက်ပါသံတမန်များ၏ အချိန်ပြည့်အမှုထမ်းများနှင့် ယင်းတို့၏ မိသားစုများဖြစ်ပြီး မိမိတို့ ကိုယ်စားပြုသော တိုင်းပြည်၏ နိုင်ငံသားဖြစ်၍ မြန်မာနိုင်ငံတွင် အခြားအကျိုးစီးပွားဖြစ်ထွန်းစေသည့် လုပ်ငန်းဆောင်တာကို ဆောင်ရွက်ခြင်းမပြုသူများ၊

(၅) နိုင်ငံခြားတိုင်းပြည် အစိုးရတို့၏ လုပ်ငန်းဆောင်တာများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသို့ ရောက်ရှိလာကြသော အဆိုပါအစိုးရတို့၏ ဝန်ထမ်းများ၊ ကိုယ်စားလှယ်များနှင့် ယင်းတို့၏ မိသားစုများ၊

(၆) မြန်မာနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရဖြစ်စေ၊ ကုလသမဂ္ဂ ဆိုင်ရာလုပ်ငန်းတာဝန်များ ဆောင်ရွက်ရန်ဖြစ်စေ မြန်မာနိုင်ငံသို့ လာရောက်ကြသော ပုဂ္ဂိုလ်များ၊ ဝန်ထမ်းများနှင့် ယင်းတို့၏ မိသားစုများ၊

(၇) မြန်မာနိုင်ငံမှထွက်ခွာသွားရန် ပြည်နှင်ဒဏ်အမိန့်ပေးခြင်း ခံရသူများ။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၈ ၁၄ (က)

(က) ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (က) တို့အရ ဝင်ငွေခွန်နုတ်ယူရာတွင် နုတ်ယူသော နှစ်အတွက် စည်းကြပ်မှုများနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းထား သည့်ဝင်ငွေခွန်နှုန်းများဖြင့် တွက်ချက်နုတ်ယူရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၉ ၁၄ (ဃ)

(ဃ) ဥပဒေပုဒ်မ ၁၈ အရ လစာနှစ်ချုပ်စာရင်းပေးပို့ရမည့်သူများမှာ အောက်ပါတို့ဖြစ်သည်-

(၁) နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်း၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်း၊ ဌာနဖြစ်လျှင် ဆိုင်ရာရုံး၏ အကြီးအကဲ၊

(၂) တစ်ဦးတစ်ယောက်ပိုင် လုပ်ငန်းဖြစ်လျှင် ယင်းလုပ်ငန်း၏ ပိုင်ရှင်၊

(၃) ပုဂ္ဂိုလ်စုဖြစ်လျှင် ယင်းပုဂ္ဂိုလ်စု၏ အုပ်ချုပ်မှုကို တာဝန်ယူသော ပုဂ္ဂိုလ်စုဝင်၊

(၄) သမဝါယမအသင်းဖြစ်လျှင် ယင်းအသင်း၏ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊

(၅) ကုမ္ပဏီဖြစ်လျှင် ယင်းကုမ္ပဏီ၏ အထွေထွေမန်နေဂျာ၊ အထွေထွေမန်နေဂျာ ခန့်ထားခြင်းမရှိက မန်နေဂျာ။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၀ ၁၄-က (က)

(က) လစာခေါင်းစဉ်နှင့် အကျုံးဝင်သော ဝင်ငွေတစ်ရပ်ရပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဥပဒေပုဒ်မ ၁၆-က၊ ပုဒ်မခွဲ (က) အရ သတ်မှတ်သော ဝင်ငွေအမျိုးအစားတစ်ရပ်ရပ်မှအပ ကျန် ဝင်ငွေခေါင်းစဉ် ပါဝင်ငွေအမျိုးအစားများနှင့်စပ်လျဉ်း၍ အခွန်ထမ်းသည် ဝင်ငွေနှစ် အတွင်း မိမိရရှိသည့် စုစုပေါင်း ဝင်ငွေကို ခန့်မှန်းတွက်၍ ယင်းအပေါ် ပြည်ထောင်စု ၏အခွန်အကောက်ဥပဒေပါ အခွန်နှုန်းဖြင့် ကျသင့်သည့် အခွန်ကို သုံးလတစ်ကြိမ် အရစ်ဖြင့် သက်ဆိုင်ရာ သုံးလမကုန်မီ ငွေသွင်း ချလန်ဖြင့် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီး ဌာနမှူးရုံး၏ ဘဏ်ငွေစာရင်းသို့ ကြိုတင်ပေးသွင်းရမည်။

သို့ရာတွင် အခြေပစ္စည်းမှ မြတ်စွန်းငွေနှင့်စပ်လျဉ်း၍ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပါ သတ်မှတ်အခွန်နှုန်းဖြင့် ကျသင့်မည့် အခွန်ငွေကို ခန့်မှန်းတွက်ချက်၍ အခြေပစ္စည်းကိုရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း ပြုသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ငွေသွင်း ချလန်ဖြင့် မြို့နယ်အခွန်ဦးစီး ဌာနမှူးရုံး၏ ဘဏ်ငွေစာရင်းသို့ ကြိုတင်ပေးသွင်းရမည်။

နည်းလမ်း ၃ နှင့် ၄ ပြည်တွင်းစည်းမျဉ်း စည်းကမ်း